Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Nidānavaggo
(SN)Nidānavaggo

၆-အဋ္ဌင်္ဂိကသုတ်

Author: sāsanāre-သာသနာရေး @ IAPT

၆-အဋ္ဌင်္ဂိကသုတ်

၁၁၂။
မ်ိစ္ဆာသင်္ကပ္ပါ၊ မှားသော ကြံစည်ခြင်းရှိသူတို့သည်။ ပ။ မိစ္ဆာဝါစာ၊ မှားသောစကားရှိသူတို့သည်။ မိစ္ဆာကမ္မန္တာ၊ မှားသောအမှုရှိသူတို့သည်။ မိစ္ဆာအာဇီဝါ၊ မှားသောအသက်မွေးမှုရှိသူတို့သည်။ မိစ္ဆာဝါယာမာ၊ မှားသောလုံ့လရှိသူတို့သည်။ မိစ္ဆာသတိနော၊ မှားသောသတိရှိသူတို့သည်။ မိစ္ဆာသမာဓိနော၊ မှားသော သမာဓိရှိသူတို့သည်။ မိစ္ဆာသမာဓီဟိ၊ မှားသောသမာဓိရှိသူတို့နှင့်။ သဒ္ဓိံ၊ ကွ။ သံသန္ဒန္တိ၊ တစ်ပေါင်းတည်း ဖြစ်ကုန်၏ ။ သမေန္တိ၊ တစ်သားတည်းအဖြစ်သို့ရောက်ကုန်၏ ။ (မိစ္ဆာသင်္ကပ္ပါ၊ ဖောက်ပြန်သောအကြံရှိသူတို့သည် စသည်ဖြင့်လည်းပေးနိုင်၏ ။ )
သမ္မာဒိဋ္ဌိကာ၊ မှန်ကန်သော အယူရှိသူတို့သည်။ သမ္မာဒိဋ္ဌိကေဟိ၊ တို့နှင့်။
သမ္မာသင်္ကပ္ပါ၊ မှန်ကန်သောအကြံရှိသူတို့သည်။ သမ္မာဝါစာ၊ မှန်ကန်သောစကားရှိသူတို့သည်။ သမ္မာကမ္မန္တာ၊ မှန်ကန်သောအမှုရှိသူတို့သည်။ သမ္မာအာဇီဝါ၊ မှန်ကန်သောအသက်မွေးမှုရှိသူတို့သည်။ သမ္မာဝါယာမာ၊ မှန်ကန်သောလုံ့လရှိသူတို့သည်။ သမ္မာသတိနော၊ မှန်ကန်သောသတိရှိသူတို့သည်။ သမ္မာသမာဓိနော၊ မှန်ကန်သော သမာဓိရှိသူတို့သည်။ သမ္မာသမာဓီဟိ၊ တို့နှင့်။ သဒ္ဓိံ၊ ကွ။ သံသန္ဒန္တိ၊ တစ်ပေါင်းတည်းဖြစ်ကုန်၏ ။ သမေန္တိ၊ တစ်သားတည်းအဖြစ်သို့ ရောက်ကုန်၏ ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏ ။ (ထူးရာကိုသာပေးသည်။ )
ဆဋ္ဌံ၊ ခြောက်ခုမြောက်သောသုတ်တည်း။