၇-ဥပ္ပါဒသုတ်
၁၂၀။ (သာဝတ္ထိယံ ဝိဟရတိ)
ဘိက္ခဝေ၊ တို့။
ပထဝီဓာတုယာ၊ ၏ ။
ယော၊ ဥပ္ပါဒေါ၊ အကြင်ဖြစ်ခြင်းသည်။
ယာဌိတိ၊ အကြင်တည်ခြင်းသည်။
ယာ အဘိနိဗ္ဗတ္တိ၊ အကြင်လွန်စွာဖြစ်ခြင်းသည်
အဘိဗျတ္တံ နိဗ္ဗတ္တိ အဘိနိဗ္ဗတ္တိ၊ မ-ဋီ-၁၊ စာပိုဒ် ၉၃-အလို ပါတုဘာဝေါနှင့် ပရိယာယ်တူတည်း။ ပါတုဘာဝေါနှင့် အနက်ချင်းမထပ်စေရန် လွန်စွာဖြစ်ခြင်းဟုပေးသည်။။
ယော ပါတုဘာဝေါ၊ အကြင်ထင်ရှားစွာဖြစ်ခြင်းသည်။
(အတ္ထိ၊ ၏ ။ )
ဧသော၊ ထိုပထဝီဓာတ်၏ဖြစ်ခြင်း တည်ခြင်း ထင်ရှားဖြစ်ခြင်းသည်။
ဒုက္ခဿ၊ ဆင်းရဲ၏ ။
ဥပ္ပါဒေါ၊ ဖြစ်ခြင်းတည်း။
ရောဂါနံ၊ ရောဂါတို့၏ ။
ဌိတိ၊ တည်ခြင်းတည်း။
ဇရာမရဏဿ၊ အိုခြင်း သေခြင်း၏ ။
ပါတုဘာဝေါ၊ ထင်ရှားဖြစ်ခြင်းတည်း။
(ယော အာပေါဓာတုယာ စသည်မထူး၊ ပေးလေ။ )
ဘိက္ခဝေ၊ တို့။
ပထဝီဓာတုယာ၊ ၏ ။
ယော စ ခေါ နိရောဓော၊ အကြင်ချုပ်ခြင်းသည်။
ယော ဝူပသမော၊ အကြင်ငြိမ်းအေးခြင်းသည်။
ယော အတ္ထင်္ဂမော၊ အကြင်ပျက်စီးခြင်းသို့ ရောက်ခြင်းသည်။
(အတ္ထိ၊ ၏ ။ )
ဧသော၊ ထိုပထဝီဓာတ်ချုပ်ခြင်း ငြိမ်းခြင်းပျက်စီးခြင်းသို့ ရောက်ခြင်းသည်။
ဒုက္ခဿ၊ ဆင်းရဲ၏ ။
နိရောဓော၊ ချုပ်ခြင်းတည်း။
ရောဂါနံ၊ တို့၏ ။
ဝူပသမော၊ ငြိမ်းအေးခြင်းတည်း။
ဇရာမရဏဿ၊ အိုခြင်း သေခြင်း၏ ။
အတ္ထင်္ဂမော၊ ပျက်စီးခြင်းသို့ ရောက်ခြင်းသည်။
(ယော အာပေါ ဓာတုယာ စသည်မထူး၊ ပေးလေ။ )
ဣတိ၊ ဤသို့ မိန့်တော်မူ၏ ။
သတ္တမံ၊ ခုနစ်ခုမြောက်သောသုတ်တည်း။