Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Nidānavaggo
(SN)Nidānavaggo

၁-ဒသဗလသုတ်

Author: sāsanāre-သာသနာရေး @ IAPT

၁-ဒသဗလသုတ်

၂၁။ သာဝတ္ထိယံ၊ ၌။ ဝိဟရတိ၊ ၏ ။ ဘိက္ခဝေ၊ တို့။ ဒသဗလသမန္နာဂတော၊ ဆယ်ပါးကုန်သော ဉာဏ်အားတော်တို့နှင့် ပြည့်စုံ‌တော်မူသော။ စတူဟိ၊ လေးပါးကုန်သော။ ဝေသာရဇ္ဇေဟိ စ၊ မကြောက်မရွံ့ ရဲရင့်သောသူ၏ ဖြစ်ကြောင်း သောမနဿမယဉာဏ်တော်တို့နှင့်လည်း။ သမန္နာဂတော၊ သော။ တထာဂတော၊ မြတ်စွာဘုရားသည်။ အာသဘံ၊ မြတ်သော။ ဌာနံ၊ အရာကို။ (တစ်နည်း- အာသဘံ၊ နွားလားဥသဘ၏ဥစ္စာ (ခိုင်မြဲသည်) နှင့်တူသော။ ဌာနံ၊ ရပ်တည်ခြင်းကို။ ) ပဋိဇာနာတိ၊ ဝန်ခံတော်မူ၏ ။ ပရိသာသု၊ ပရိသတ်တို့၌။ သီဟနာဒံ၊ မြတ်သောကြုံးဝါးသံကို။ ဝါ၊ ခြင်္သေ့ ဟောက်သကဲ့သို့ ရဲရဲတောက်သော အသံတော်ကို။ နဒတိ၊ ကြုံးဝါးတော်မူ၏ ။ ဗြဟ္မစက္ကံ၊ မြတ်သောတရားစက် (ဘီး) ကို။ ပဝတ္တေသိ၊ ဖြစ်စေတော်မူပြီ။ ဝါ၊ လည်စေတော်မူပြီ။ ဣတိ၊ ဤသည်ကား။ ရူပံ၊ ရုပ်တည်း။ ဣတိ၊ ဤသည်ကား။ ရူပဿ၊ ရုပ်၏ ။ သမုဒယော၊ ဖြစ်ကြောင်းသည်။ (ဟောတိ၊ ၏ ။ ) ဣတိ၊ ဤသည်ကား။ ရူပဿ၊ ရုပ်၏ ။ အတ္ထင်္ဂမော၊ ချုပ်ကြောင်း ချုပ်ခြင်းသည်။ (ဟောတိ၊ ၏ ။ ) ဣတိ၊ ဤသည်ကား။ ဝေဒနာ၊ ဝေဒနာတည်း။ ပ။ ဣတိ၊ ဤသည်ကား။ သညာ၊ တည်း။ပ။ ဣတိ၊ ဤသည်ကား။ သင်္ခါရာ၊ တို့တည်း။ ပ။ ဣတိ၊ ဤသည်ကား။ ဝိညာဏံ၊ ဝိညာဏ်တည်း။ ပ။ အတ္ထင်္ဂမော၊ တည်း။ ဣတိ၊ ဤသို့။ အဝိဇ္ဇာပစ္စယာ၊ ကြောင့်။ သင်္ခါရာ၊ တို့သည်။ သမ္ဘဝတိ၊ ကုန်၏ ။ ပ။ နိရော‌‌ဓော၊ ချုပ်ခြင်းသည်။ ဟောတီတိ၊ ၏ဟူသော။ ယဒိဒံ၊ အကြင်အကြောင်း (ဣမသ္မိံ ဣမဿတို့၏ အနိယမ) အကျိုး (ဣဒံတို့၏ နိယမ) သည်။ (အတ္ထိ၊ ၏ ။ )
ဣမသ္မိံ၊ ဤအကြောင်းသည်။ သတိ၊ ရှိသော်။ ဣဒံ၊ ဤအကျိုးသည်။ ဟောတိ၊ ၏ ။ ဣမဿ၊ ဤအကြောင်းသည်။ ဥပ္ပါဒါ၊ ဖြစ်ခြင်းကြောင့်။ ဣဒံ၊ ဤအကျိုးသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏ ။
ဣမသ္မိံ၊ ဤအကြောင်းသည်။ အသတိ၊ မရှိသော်။ ဣဒံ၊ ဤအကျိုးသည်။ န ဟောတိ၊ မဖြစ်။ ဣမဿ၊ ဤအကြောင်းသည်။ နိရောဓာ၊ ချုပ်ခြင်းကြောင့်။ ဣဒံ၊ ဤအကျိုးသည်။ နိရုဇ္ဈတိ၊ ချုပ်၏ ။ ဣတိ၊ ဤသို့ ဝန်ခံကြုံးဝါးလှည့်တော်မူ၏ ။ ဣတိ၊ သို့။ သုတံ၊ ပြီ။
ပဌမံ၊ ပဌမသုတ်တည်း။