Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Nidānavaggo
(SN)Nidānavaggo

ဟီနာဓိမုတ္တိကသုတ်

Author: sāsanāre-သာသနာရေး @ IAPT

ဟီနာဓိမုတ္တိကသုတ်

၉၈။ (သာဝတ္ထိယံ ဝိဟရတိ) ဘိက္ခဝေ၊ တို့။ သတ္တာ၊ သတ္တဝါတို့သည်။ ဓာတုသော၊ ဓာတ်အားဖြင့်။ (ပါဠိ၌ ဓာတုသောဝ ဟု ရှိ၏ ။ သီ ဣ မူရှိတိုင်းပေးလိုက်သည်။ ) သံသန္ဒန္တိ၊ တစ်ပေါင်းတည်း ဖြစ်ကုန်၏ ။ သမေန္တိ၊ တစ်သားတည်းအဖြစ်သို့ ရောက်ကုန်၏ ။
ဟီနာဓိမုတ္တိကာ၊ ယုတ်သောနှလုံးသွင်းရှိသူတို့သည်။ ဟီနာဓိမုတ္တိကေဟိ၊ ယုတ်‌သောနှလုံးသွင်း ရှိသူတို့နှင့်။ သဒ္ဓိံ၊ တကွ။ သံသန္ဒန္တိ၊ တစ်ပေါင်းတည်းဖြစ်ကုန်၏ ။ သမေန္တိ၊ တစ်သားတည်းအဖြစ်သို့ရောက်ကုန်၏ ။
ကလျာဏာဓိမုတ္တိကာ၊ ကောင်းသော နှလုံးသွင်းရှိသူတို့သည်။ ကလျာဏာဓိမုတ္တိကေဟိ၊ ကောင်းသောနှလုံးသွင်း ရှိသူတို့နှင့်။ သဒ္ဓိံ၊ တကွ။ သံသန္ဒန္တိ၊ ကုန်၏ ။ သမေန္တိ၊ ကုန်၏ ။
ဘိက္ခဝေ၊ တို့။ အတီတမ္ပိ အဒ္ဓါနံ၊ အတိတ်ကာလ၌လည်း။ သတ္တာ၊ တို့သည်။ ဓာတုသောဝ၊ ဓာတ်အားဖြင့်သာ။ သံသန္ဒိံ သု၊ တစ်ပေါင်းတည်း ဖြစ်ကုန်ပြီ။ သမိံ သု၊ တစ်သားတည်းအဖြစ်သို့ ရောက်ကုန်ပြီ။ (အကြွင်းမထူး။ )
ဘိက္ခဝေ၊ တို့။ အနာဂတမ္ပိ အဒ္ဓါနံ၊ အနာဂတ်ကာလ၌လည်း။ သတ္တာ၊ တို့သည်။ ဓာတုသောဝ၊ ဓာတ်အားဖြင့်သာ။ သံသန္ဒိဿန္တိ၊ တစ်ပေါင်းတည်းအဖြစ်သို့ ရောက်ကုန်လတ္တံ့။ သမေဿန္တိ၊ တစ်သားတည်းအဖြစ်သို့ ရောက်ကုန်လတ္တံ့။ (အကြွင်းမထူး။ )
ဘိက္ခဝေ၊ တို့။ ဧတရဟိပိ ခေါ၊ ယခုအခါ၌လည်း။ ပစ္စုပ္ပန္နံ အဒ္ဓါနံ၊ ပစ္စုပ္ပန်ကာလ၌ (ပစ္စုပ္ပုန္နံ-အဒ္ဓါနံဖြင့် ပစ္စုပ္ပန် တစ်ခေတ်လုံးကို ရည်ရွယ်သည်၊ အရာကျယ်သည်။ ဧတရဟိဖြင့် လောလောဆယ် မျက်မှောက်အချိန်အခါကိုသာ ရည်ရွယ်သည်၊ အရာကျဉ်းသည်။ တစ်နည်း။ ပစ္စုပ္ပန္နံ အဒ္ဓါနံကား သာမညကာလ၊ ဧတရဟိကား ဝိသေသကာလ။ ဝေရဉ္ဇာယံ ဝိဟရတိ နဠေရုပုစိမန္ဒမူလေဟု သာမညာဓာရ ဝိသေသာဓာရ ၂-မျိုး ရှိသကဲ့သို့တည်း။ မ-၂-၁၁၂-၌ ယေပိ ဟိ‌ ကေစိ ရာဟုလ ဧတရဟိ ဟုသာ ရှိ၏ ။ ပစ္စုပ္ပန္နမဒ္ဓါနံ မပါ။ )။ သတ္တာ၊ တို့သည်။ ဓာတုသောဝ၊ ဓာတ်အားဖြင့်သာ။ (အကြွင်းမထူး။ )