Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Catukkanipātapāḷi
Catukkanipātapāḷi

2. Javasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ စတူဟိ၊ လေးပါးကုန်သော။ အ‌င်္ဂေဟိ၊ ဂုဏ်အင်္ဂါတို့နှင့်။ ဝါ၊ အကြောင်းတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ရညော၊ မင်း၏။ ဘဒြော၊ ကောင်းသော။ အဿာဇာနီယော၊ မြင်းအာဇာနည်သည်။ ဝါ၊ အကြောင်းဟုတ်သည်, အကြောင်းမဟုတ်သည်ကို သိသော မြင်းလိမ္မာသည်။ ရာဇာရဟော၊ မင်းအားထိုက်တန်သည်။ ရာဇဘော‌ဂ္ဂေါ၊ မင်း၏ အသုံးအဆောင်သည်။ ဝါ၊ မင်း၏ အသုံးတော်ခံသည်။ ဟောတိ၊ ၏။ ရညော၊ မင်း၏။ အင်္ဂန္တေ ဝ၊ ခြေလက်အင်္ဂါ အစိတ်အပိုင်းနှင့်တူ၏ဟူ၍သာလျှင်။ ဝါ၊ စစ်မက်အင်္ဂါဟူ၍သာလျှင်။ သင်္ခံ၊ ထည့်သွင်း ရေတွက်အပ်သည် အဖြစ်သို့။ ဝါ၊ ခေါ်ဆိုအပ်သည် အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။
ကတမေဟိ စတူဟိ၊ အဘယ် လေးပါးသော ဂုဏ်အင်္ဂါတိုနှင့်နည်း။
အဇ္ဇဝေန၊ ဖြောင့်မတ်သည် အဖြစ်နှင့်လည်းကောင်း။ ဇဝေန၊ ခြေ၏ လျင်မြန်မှုအရှိန်အဟုန်နှင့် လည်းကောင်း။ ခန္တိယာ၊ သည်းခံခြင်းနှင့် လည်းကောင်း။ ဝါ၊ ခံနိုင်ရည်ရှိခြင်းနှင့် လည်းကောင်း။ သောရစ္စေန၊ သန့်ရှင်းစင်ကြယ်တင့်တယ်သော လုပ်ငန်း၌ မွေ့လျော်သူ၏ဖြစ်ကြောင်း အကျင့်သီလနှင့်လည်းကောင်းတည်း။ ဘိက္ခဝေ၊ တို့။ စတူဟိ၊ ကုန်သော။ ဣမေဟိ အင်္ဂေဟိ၊ ဤဂုဏ်အင်္ဂါတို နှင့်။ ပ။
ဘိက္ခဝေ၊ တို့။ ဧဝမေဝံ၊ ဤအတူပင်။ စတူဟိ၊ ကုန်သော။ ဓမ္မေဟိ၊ တရားတို့နှင့်။ သမန္နာဂတော၊ သော။ ဘိက္ခု၊ ရဟန်းသည်။ အာဟုနေယျော၊ လေးစားကြည်ဖြူ, အဝေးမှပင် ဆောင်ယူ၍ ပေးလှူအပ်သော ပစ္စည်းဝတ္ထုကိုခံယူတော်မူထိုက်သည် လည်းကောင်း။ ပ။ လောကဿ၊ သတ္တဝါအပေါင်း၏။ အနုတ္တရံ၊ မိမိထက် သာလွန်ထူးမြတ်သောသူ မရှိသော။ ဝါ၊ ထူးကဲသာလွန်မြင့်မြတ်ဆုံးဖြစ်သော။ ပုညက္ခေတ္တံ၊ ကုသိုလ်ကောင်းမှု မျိုးစေ့စု၏ ကြီးထုမြင့်မားဖွံ့ထွား ပေါက်ရောက်ရာ လယ်ယာမြေကောင်းအတူ ဖြစ်တော်မူသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။
ကတမေဟိ စတူဟိ၊ အဘယ်လေးပါးသောတရားတို့နှင့် နည်းဟူမူ။
အဇ္ဇဝေန၊ နှင့်လည်းကောင်း။ ဇဝေန၊ ဉာဏ်လျင်မြန်မှုအရှိန်အဟုန်နှင့်လည်းကောင်း။ ခန္တိယာ၊ လည်းကောင်း။ သောရစ္စေန၊ သန့်ရှင်းစင်ကြယ် တင့်တယ်သော သုစရိတ်တို့၌ မွေ့လျော်သူ၏ဖြစ်ကြောင်း အကျင့်သီလနှင့်လည်းကောင်းတည်း။ ပ။
ဒုတိယံ။