ဇရာဓမ္မံ၁။ဇရာဓမ္မံ မာ ဇီရိ။ ။ ဇရာဓမ္မံပုဒ်သည် နပုလ္လိင်၊ သို့မဟုတ်
လိင်္ဂ ဝိပလ္လာသဖြစ်သင့်၏၊ ပဉ္စကနိပါတ် စာပိုဒ် (၄၈) အလဗ္ဘနီယဌာနသုတ်၌ “ ဇရာဓမ္မံ ဇီရတိ၊ ဇရာဓမ္မေ ဇိဏ္ဏေ ”ဟူ၍ ဇရာဓမ္မပုဒ်ကို ဇီရတိ, ဇိဏ္ဏေတို့၏ ကတ္တားအဖြစ်ဖြင့် တွေ့ ရ၏၊ ၎င်းသုတ်အဋ္ဌက
ထာ (နှာ၊ ၂၄)၌လည်း “ ဇရာဓမ္မံ မာ ဇီရီတိ ယံ မယှံ ဇရာသဘာဝံ၊ တံ မာ ဇီရတု ”ဟု ဖွင့် ၏။
ထို့ကြောင့် ဇရာဓမ္မံပုဒ်သည် ဇီရိ၏ ကတ္တားဖြစ်ရကား “ ဇရာဓမ္မံမာဇီရိ"သည် ကတ္တားနှင့် ကြိယာတွဲနေသော တဝါကျသီးသန့်ဖြစ်၏၊
ဇရဓာတ်သည် အကမ္မကဓာတ် ဖြစ်သောကြောင့်လည်း ကောင်း,
“ တေသံ ဝိပါကော မာနိဗ္ဗတ္တိ ”ဟူသော နောက်ဝါကျမှ နိဗ္ဗတ္တိကဲ့သို့
ပင် ဇီရိ၌ ကာရိတ်ပစ္စည်း မပါသောကြောင့် လည်းကောင်း ဇရာဓမ္မံပုဒ်သည် မာဇီရိ၏ ကံပုဒ်မဖြစ်နိုင်။
“မာ ဇီရိ၊ မအိုပါစေသတည်း ”၌ (စေ)ဟူသော အနက်ကား ကာရိတ်ပစ္စည်း၏ အာဏတ္တိအနက် မဟုတ်၊ “ ဘဝတု= ဖြစ်ပါစေသတည်း၊ မာ ဇီရတု= မအိုပါစေသတည်း ”၌ကဲ့သို့ ဝိဘတ်၏ အာသိဋ္ဌ(ပတ္ထနာ) အနက်သာတည်း။
၊ ငါ၏ အိုခြင်းသဘောသည်။ မာဇီရိ၊ မအိုပါစေသတည်း။ ဝါ၊ အိုခြင်းသဘော မဖြစ်ပါစေသတည်း။ [အိုခြင်းသဘောမှ တစ်မျိုးတစ်ဖုံပြောင်းလဲ၍ မအိုခြင်းသဘော ဖြစ်သွားပါစေသတည်း ဟူလို။] ဣတိ၊ ဤသို့။ ကောစိ၊ သော။ ပါဋိဘောဂေါ၊ သော။ သမဏော ဝါ၊ သည်လည်းကောင်း။ ပ။ လောကသ္မိံ၊ ၌။ ကောစိ ဝါ၊ သည်လည်းကောင်း။ နတ္ထိ၊ မရှိ။ ဗျာဓိဓမ္မံ၊ ငါ၏ မကျန်းမမာ နာခြင်းသဘောသည်။ မာဗျာဓိယိ၊ မနာ ပါစေသတည်း။ ဝါ၊ နာခြင်းသဘော မဖြစ်ပါစေသတည်း။ ပ။ မရဏဓမ္မံ၊ ငါ၏ သေခြင်းသဘောသည်။ မာ မီယိ၊ မသေပါစေသတည်း။ ဝါ၊ သေခြင်းသဘော မဖြစ်ပါစေသတည်း။ ပ။ ပန၊ ထိုမှတစ်ပါး။ ပုဗ္ဗေ၊ ရှေး၌။ အတ္တနာ၊ မိမိကိုယ်တိုင်။ ကတာနိ၊ ပြုလုပ်အပ်ခဲ့ကုန်သော။ ပါပကာနိ၊ ယုတ်မာကုန်သော။ သံကိလေသိကာနိ၊ ကြည်လင်နေသောစိတ်ကို ညစ်နွမ်းစေတတ်ကုန်သော။ ပေါနောဘဝိကာနိ၊ နောက်ထပ် ဘဝအသစ်ကို ဖြစ်စေတတ်ကုန်သော။ ပ။ [ စာပိုဒ်(၁၀) ယောဂသုတ်ကြည့်။] အာယတိံ၊ ၌။ ဇာတိဇရာမရဏိကာနိ၊ ကုန်သော။ ယာနိ တာနိ ကမ္မာနိ၊ အကြင် အကုသိုလ်ကံတို့ သည်။ (သန္တိ၊ ရှိကုန်၏။) တေသံ၊ ထိုအကုသိုလ်ကံတို့၏။ ဝိပါကော၊ အကျိုးသည်။ မာ နိဗ္ဗတ္တိ၊ မဖြစ်ပါစေသတည်း။ ဣတိ၊ ဤသို့။ ပ။