Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Catukkanipātapāḷi
Catukkanipātapāḷi

10. Potaliyasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

အထ ခေါ၊ ထိုအခါ၌။ ပေါတလိယော၊ ပေါတလိယမည် သော။ ပရိဗ္ဗာဇကော၊ ပရိဗိုဇ်သည်။ ပ။ [စာပိုဒ် ၃၅-ဝဿကာရသုတ် ကြည့်။]
ဧကမန္တံ၊ ၌။ နိသိန္နံ၊ ထိုင်နေပြီးသော။ ပေါတလိယံ၊ ပေါတလိယ မည်သော။ ပရိဗ္ဗာဇကံ၊ ကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဧတံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူပြီ။ ( ကိန္တိ၊ အဘယ်သို့။ အဝေါစ၊ မိန့်တော်မူသနည်းဟူမူ။) ပ။
ပေါတလိယ၊ ပေါတလိယ။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ အဝဏ္ဏာရဟဿ၊ ကဲ့ရဲ့ဖွယ်အပြစ်ကို ပြောဆိုထိုက်သောသူ၏။ ဝါ၊ ကဲ့ရဲ့ထိုက်သောသူ၏။ အဝဏ္ဏံ၊ ကဲ့ရဲ့ ဖွယ်အပြစ်ကို။ ဘူတံ၊ ထင်ရှားရှိသည်ကို။ တစ္ဆံ၊ ဟုတ်မှန်သည်ကို၁။**ဘူတံ တစ္ဆံပုဒ်တို့၏အနက်**။ ။ အဝဏ္ဏံနှင့် ဝဏ္ဏံတို့မှာ ပကတိကံဖြစ်၍ ဘူတံနှင့် တစ္ဆံတို့မှာ ဝိက တိကံဖြစ်ကြ၏။ ဤနေရာ၌ ဘာသိတာ၌ ကြိယာဝိသေသနစပ်ဖို့အတွက် “ဘူတံ၊ ထင်ရှားရှိသည့်အတိုင်း၊ တစ္ဆံ= ဟုတ်မှန်သည့်အတိုင်း”ဟု အနက်ပေးလျှင် (ဟုတ်မှန်သည့်အတိုင်း ပြောသည်၊ မဟုတ်မမှန်ကား မပြောဟုလည်းကောင်း, ဟုတ် မှန်သည့်အတိုင်း မပြော၊ မဟုတ်မမှန်ကားပြော၏ ဟုလည်းကောင်း) ဤသို့ ပြောင်းပြန် အဓိပ္ပာယ်ယူစရာ ဖြစ်လာနိုင်၏။ သို့ဖြစ်လျှင် ဘာမျှမပြောဘဲနေသော တတိယပုဂ္ဂိုလ် ရှိတော့မည် မဟုတ်။
တဖန် ထိုဘူတံ တစ္ဆံတို့ကို ဝဏ္ဏာရဟဿ အဝဏ္ဏာရဟဿပုဒ်တို့၌ကြိယာဝိသေသနစပ်၍ အနက်ပေးလျှင် အဓိပ္ပာယ်ကား ကောင်းပါ၏။ သို့သော်အစပ်ဝေးသည့်အပြင် ပုဂ္ဂလညတ် ပါဠိတော် ၁၅၇– ၌ ထိုဝဏ္ဏာရဟဿ စသောနှစ်ပုဒ်မပါသော ဝါကျများလည်း ရှိသေး၏။ ထို့ကြောင့် ဘူတံ တစ္ဆံတို့ကို ကြိယာဝိသေသန အနက် မပြန်ဆိုတော့ပါ။
။ ကာလေန၊ ပြောဆိုသင့်ရာအခါ၌။ ဘာသိတာ၊ ပြောဆိုတတ်သည်။ ဟောတိ၊ ဖြစ်၏။ ဝဏ္ဏာရဟဿ၊ ချီးမွမ်းဖွယ်ဂုဏ်ကို ပြောဆိုထိုက်သောသူ၏။ ဝါ၊ ချီးမွမ်းထိုက်သောသူ၏။ ဝဏ္ဏံ စ၊ ဂုဏ်ကိုကား။ ဘူတံ၊ ကို။ တစ္ဆံ၊ ကို။ ကာလေန၊ ၌။ ဘာသိတာ၊ သည်။ နော ဟောတိ၊ မဖြစ်။
ပေါတလိယ၊ ပေါတလိယ။ ပန၊ ထိုမှတစ်ပါး။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ သော။ ပုဂ္ဂလော၊ သည်။ ဝဏ္ဏာရဟဿ၊ ၏။ ဝဏ္ဏံ၊ ကို။ ဘူတံ၊ ကို။ တစ္ဆံ၊ ကို။ ကာလေန၊ ၌။ ဘာသိတာ၊ သည်။ ဟောတိ၊ ၏။ အဝဏ္ဏာ– ရဟဿ၊ ၏။ အဝဏ္ဏံ စ၊ ကဲ့ရဲ့ဖွယ် အပြစ်ကိုကား။ ဘူတံ၊ ကို။ တစ္ဆံ၊ ကို။ ကာလေန၊ ၌။ ဘာသိတာ၊ သည်။ နော ဟောတိ၊ မဖြစ်။
ပေါတလိယ၊ ယ။ ပန၊ ထိုမှတစ်ပါး။ ဣဓ၊ ၌။ ဧကစ္စော၊ သော။ ပုဂ္ဂလော၊ သည်။ အဝဏ္ဏာ– ရဟဿ၊ ၏။ အဝဏ္ဏံ၊ ကိုလည်း။ ဘူတံ၊ ကို။ တစ္ဆံ၊ ကို။ ကာလေန၊ ၌။ ဘာသိတာ၊ သည်။ နေဝ ဟောတိ၊ မဖြစ်။ ဝဏ္ဏာရဟဿ၊ ၏။ ဝဏ္ဏံ စ၊ ကိုလည်း။ ဘူတံ၊ ကို။ တစ္ဆံ၊ ကို။ ကာလေန၊ ၌။ ဘာသိတာ၊ သည်။ နော ဟောတိ၊ မဖြစ်။ ပ။ အဝဏ္ဏာရဟဿ၊ ၏။ အဝဏ္ဏံ စ၊ ကိုလည်း။ ပ။ ဝဏ္ဏာရဟဿ၊ ၏။ ဝဏ္ဏံ စ၊ ကိုလည်း။ ပ။
ပေါတလိယ၊ ယ။ စတုန္နံ၊ လေးယောက်ကုန်သော။ ဣမေသံ ပုဂ္ဂလာနံ၊ ဤပုဂ္ဂိုလ်တို့တွင်။ ကတမော၊ အဘယ်မည်သော။ ပုဂ္ဂလော၊ သည်။ အဘိက္ကန္တ တရော စ၊ သာလွန်ကောင်းမွန်လျက် လည်းကောင်း။ ဝါ၊ မွန်၍လည်းကောင်း။ ပဏီတတရော စ၊ သာလွန် မြင့်မြတ်လျက် လည်းကောင်း။ ဝါ၊ မြတ်၍လည်းကောင်း။ တေ၊ သင့်အား။ ဝါ၊ သင်၏စိတ်၌။ ခမတိ၊ နှစ်သက်ပါသနည်း။ ဝါ၊ နှစ်သက်မှုကို ဖြစ်စေပါသနည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မေးမြန်းတော်မူပြီ)။ [ တိကနိပါတ် စာပိုဒ် ၂၁– သမိဒ္ဓသုတ်လည်းကြည့်။] ပ။
ဘော ဂေါတမ၊ အရှင်ဂေါတမ။ စတုန္နံ၊ ကုန်သော။ ဣမေသံ ပုဂ္ဂလာနံ၊ တို့တွင်။ ယွာယံ ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အဝဏ္ဏာရဟဿ၊ ၏။ အဝဏ္ဏံ၊ ကိုလည်း။ ဘူတံ၊ ကို။ တစ္ဆံ၊ ကို။ ကာလေန၊ ၌။ ဘာသိတာ၊ သည်။ နေဝ ဟောတိ၊ မဖြစ်။ ဝဏ္ဏာရဟဿ၊ ၏။ ဝဏ္ဏံ စ၊ ကိုလည်။ ပ။ နော ဟောတိ၊ မဖြစ်။
စတုန္နံ၊ ကုန်သော။ ဣမေသံ ပုဂ္ဂလာနံ၊ တို့တွင်။ အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ ( ကဲ့ရဲ့ထိုက်သူကိုလည်း မကဲ့ရဲ့ ချီးမွမ်းထိုက်သူကိုလည်း မချီးမွမ်းသော ဤပုဂ္ဂိုလ်သည်)။ အဘိက္ကန္တ တရော စ၊ လျက်လည်းကောင်း။ ဝါ၊ ၍လည်းကောင်း။ ပဏီတတရော စ၊ လည်းကောင်း။ မေ၊ အကျွန်ုပ်အား။ ဝါ၊ အကျွန်ုပ်၏စိတ်၌။ ခမတိ၊ နှစ်သက်ပါ၏။ ဝါ၊ နှစ်သက်မှုကို ဖြစ်စေပါ၏။
တံ၊ ထိုသို့နှစ်သက်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်းဟူမူ။
ဘော ဂေါတမ၊ အရှင်ဂေါတမ။ ဟိ(ယသ္မာ)၊ အကြင့်ကြောင့်။ ယဒိဒံ (ယာ အယံ) ဥပေက္ခာ၊ အကြင် လျစ်လျူရှုခြင်းသည်။ (အကြင် ချီးမွမ်းမှု, ကဲ့ရဲ့မှု အလျှင်းမပြုဘဲလျစ်လျူရှုနေခြင်းသည်)။ အတ္ထိ၊ ရှိ၏။ ဧသာ ဥပေက္ခာ၊ ဤလျစ်လျူရှုခြင်းသည်။ အဘိက္ကန္တာ၊ အလွန် နှစ်သက်အပ် ကောင်းမြတ်လှပေ၏။ ဣတိ၊ ထို့ကြောင့်ပါတည်း။ ( ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်ပြီ)။ ပ။ [ အယံ ဣမေသံ စတုန္နံ ပုဂ္ဂလာနံ အဘိက္ကန္တ တရော စ– စသော ဝါကျတို့ကို အနက်ပေးတော့အံ့။ စာ ကြောင်း ၅– ကြောင်းလောက် ကျော်၍ကြည့်လိုက်ပါ]။
စတုန္နံ၊ ကုန်သော။ ဣမေသံ ပုဂ္ဂလာနံ၊ တို့တွင်။ အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။ (ကဲ့ရဲ့ထိုက်သူကိုလည်း ကဲ့ရဲ့၍ ချီးမွမ်းထိုက်သူကိုလည်းချီးမွမ်း သော ဤပုဂ္ဂိုလ်သည်)။ အဘိက္ကန္တတရော စ၊ သာလွန်၍လည်းကောင်းမွန်၏။ ပဏီတတရော စ၊ သာလွန်၍လည်း မြင့်မြတ်၏။
ကိဿဟေတု၊ အဘယ်အကြောင်းကြောင့်။ တံ၊ ထိုသို့ သာလွန်၍ ကောင်းမွန်မြင့်မြတ်သည်အဖြစ်သည်။ (ဟောတိ၊ ဖြစ်သနည်းဟူမူ။)
ပေါတလိယ၊ ပေါတလိယ။ ဟိ(ယသ္မာ)၊ ကြောင့်။ တတ္ထ တတ္ထ၊ ထိုထိုအရာဌာန၌။ ( ထိုထိုချီးမွမ်းရာ, ကဲ့ရဲ့ရာဌာန၌)။ ယဒိဒံ (ယာ အယံ) ကာလညုတာ၊ အကြင်အချိန်အခါကို သိသည်အဖြစ်သည်။ ကာလသုတာ၊ အကြင် အချိန်အခါကို သိသည်အဖြစ်သည်။ ဝါ၊ အကြင်အချိန်အခါကိုသိ၍ ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့ခြင်း, ချီးမွမ်းထိုက်သူကို ချီးမွမ်းခြင်းသည်။ (အတ္ထိ၊ ရှိ၏)။ ဧသာ (ကာလညုတာ)၊ ဤအချိန်အခါကို သိသည်အဖြစ်သည်။ ဝါ၊ ခြင်းသည်။ အဘိက္ကန္တာ၊ အလွန် နှစ်သက်အပ် ကောင်းမြတ်လှပေ၏။ ဝါ၊ အလွန်နှစ်သက်အပ် ကောင်းမြတ်လှသော ပညာရှိထုံးတမ်းစဉ်လာပေတည်း။ ဣတိ၊ ထို့ကြောင့်။ ( ထိုသို့ ကာလညုတာသည်အဘိက္ကန္တ ဖြစ်သည်အဖြစ်ကြောင့်)။ တံ၊ ထိုသို့ သာလွန်၍ ကောင်းမွန် မြင့်မြတ်သည်အဖြစ်သည်။ (ထိုသို့ ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့၍ ချီးမွမ်းထိုက်သူကိုချီးမွမ်းသော ပုဂ္ဂိုလ်ကသာလျှင် သာလွန်၍ ကောင်းမွန်မြင့်မြတ်သည် အဖြစ် သည်။) ဟောတိ၊ ဖြစ်၏။ ဣတိ (အဝေါစ။) [ ထို့နောက် ပေါတလိယက ပြန်၍လျှောက်ထားသော စကားများ၌ “အဘိက္ကန္တာဟေသာ။ ပ။ ကာလညုတာ”ဟူသော ဝါကျ၏ အဆုံးတွင်“ဣတိ (အဝေါစ)” ဟူ၍ အဆုံးမသတ်သေးဘဲ “အဘိက္ကန္တံဘောဂေါတမ” စသည်ကို ဆက်၍ အနက်ဆိုရမည်။]
ဘော ဂေါတမ၊ အရှင်ဂေါတမ။ အဘိက္ကန္တံ၊ အလွန် လိုလားနှစ်သက်အပ်ပါပေ၏။ ဝါ၊ အလွန်ကောင်းပါပေ၏။ ဘော ဂေါတမ၊ မ။ အဘိက္ကန္တံ၊ ၏။ ဝါ၊ ၏။ [ ဒုကနိပါတ် စာပိုဒ် (၁၆)သုတ်လည်းကြည့်။]
ဘော ဂေါတမ၊ မ။ နိက္ကုဇ္ဇိတံ၊ (တစ်စုံတစ်ယောက်က) မှောက်၍ထားအပ်သော အိုးခွက်ကို။ ဝါ၊ (အလိုအလျောက်) မှောက်လျက် တည်နေသော အိုးခွက်ကို။ ဥက္ကုဇ္ဇေယျ သေယျထာပိ ဝါ၊ လှန်ပြရာသကဲ့သို့လည်းကောင်း။ ပဋိစ္ဆန္နံ၊ မြက်သစ်ရွက်စသည်တို့ဖြင့် ဖုံးအုပ်ထားအပ်သော အရာဝတ္ထုကို။ ဝိဝရေယျ သေယျထာပိ ဝါ၊ ဖွင့်ဖော်ပြရာသကဲ့သို့လည်းကောင်း။ မူဠှဿ၊ အရပ်မျက်နှာတို့၌ တွေဝေနေသူအား။ ဝါ၊ မျက်စိလည်လမ်းမှားနေသောသူအား။ မဂ္ဂံ၊ လမ်းမှန်ကို။ အာစိက္ခေယျ သေယျထာပိ ဝါ၊ ပြောပြရာသကဲ့သို့ လည်းကောင်း။ စက္ခုမန္တော၊ မျက်စိရှိသောသူတို့သည်။ ရူပါနိ၊ အရောင်အဆင်းတို့ကို။ ဝါ၊ မြင်စရာဟူသမျှတို့ကို။ ဒက္ခန္တိ၊ မြင်ကြရကုန်လိမ့်မည်။ ဣတိ၊ ဤသို့ကြံစည်၍။ အန္ဓကာရေ၊ အမိုက်မှောင်၌။ (တောကြီးမြိုင်အုပ်, လဆုတ်ဆယ်လေး, တိမ်မြှေးဖုံးကာ, သန်းခေါင်ခါဟု, လေးဖြာစုံခိုက်, အမိုက်တိုက်၌)။ တေလပဇ္ဇောတံ၊ ဆီမီးတန်ဆောင် အလင်းရောင်ကို။ ဓာရေယျ သေယျထာပိ ဝါ၊ ညှိထွန်းဆောင်ပြရာသကဲ့သို့လည်း ကောင်း။ ဧဝမေဝံ၊ ဤအတူပင်။ ဘောတာ ဂေါတမေန၊ အရှင်ဂေါတမသည်။ အနေကပရိယာယေန၊ များစွာသောနည်း ပရိယာယ်ဖြင့်။ ဓမ္မာ၊ တရားတော်ကို။ ပကာသိတော၊ ထင်ရှားပြတော်မူအပ်ပါပြီ။
ဧသာဟံ (ဧသော အဟံ)၊ ထိုအကျွန်ုပ်သည်။ ဘဝန္တံ ဂေါတမံ၊ အရှင်ဂေါတမကို။ သရဏံ၊ ကိုးကွယ် အားထားရာဟူ၍။ ( ကိုးကွယ် လည်းလျောင်း ပုန်းအောင်း မှီခိုရာဟူ၍။) [ သရဏံ၊ အပါယ်လေးဖြာ၊ အိုနာသေရေး၊ ပူဆွေးနေ့ည၊ ငိုကြွေးရသည့်၊ ဒုက္ခအဖန်ဖန်၊ ဘေးရန်ပယ်ဖျောက်၊ ချမ်းသာရောက်အောင်၊ စောင့်ရှောက်ကယ်တင်၊ အစဉ်အားထား၊ ကိုးစားမှီခိုရာဟူ၍]။ ဂစ္ဆာမိ၊ (ယုံကြည်လေးမြတ်) ဆည်းကပ်ပါ၏။ ဝါ၊ သဘောပေါက်သိမြင်ပါ၏။ ဓမ္မဉ္စ၊ ဆယ်ပါးသော တရားတော်ကိုလည်းကောင်း။ ဘိက္ခုသံဃဉ္စ၊ ရှစ်ပါးသော အရိယာရဟန်းတော် အပေါင်းကို လည်းကောင်း။ (သရဏံ၊ ၍။ ဂစ္ဆာမိ၊ ၏။ ဝါ၊ ၏။)
အဇ္ဇတံ၊ ယနေ့ကို။ ဝါ၊ ယနေ့၌ဖြစ်သော ကြည်ညိုမှုစသည်ကို။ အဂ္ဂေ၊ အဦးအစကို။ (ကတွာ၊ ပြု၍။) [အဇ္ဇတဂ္ဂေ၊ အဇ္ဇတံ+ အဂ္ဂေ– ဟု ပုဒ်ဖြတ်။ “အဇ္ဇတဂ္ဂေ၊ ယနေ့ကိုအစပြု၍”ဟူလည်း အလွယ်အနက်ဆိုနိုင်၏]။ ပါဏု ပေတံ၊ အသက်တို့ဖြင့် ဆည်းကပ်လျက်။ ဝါ၊ အသက်ထက်ဆုံး ဆည်းကပ်လျက်။ သရဏံ၊ ၍။ ဂတံ၊ သဘောပေါက်သိမြင်သော။ ဥပါသကံ၊ သီတင်းသည် ဒါယကာဟူ၍။ မံ၊ အကျွန်ုပ်ကို။ ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။ ဓာရေတု၊ အသိအမှတ်ပြုတော်မူပါ။ ဣတိ၊ ဤသို့။ ( အဝေါစ၊ လျှောက်ပြီ။)
ဒသမံ။
ပဉ္စမော၊ ငါးခုမြောက်သော။ အသုရဝဂ္ဂေါ၊ အသုရဝဂ်တည်း။ ပ။
ဒုတိယော၊ နှစ်ခုမြောက်သော။ ပဏ္ဏာသကော၊ သုတ်(၅ဝ) အပေါင်းအစုသည်။ သမတ္တော၊ ပြီးပြီ။