Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Catukkanipātapāḷi
Catukkanipātapāḷi

8. Duccaritasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ဝစီဒုစ္စရိတာနိ၊ ဝစီဒုစ္စရိတ်တို့သည်။ ဝါ၊ ဝစီဒွါရဖြင့် မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ် စေတနာတို့သည်။ ဣမာနိ စတ္တာရိ၊ ဤလေးမျိုးတို့တည်း။ ပ။
မုသာဝါဒေါ၊ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းလည်းကောင်း။ ဝါ၊ မဟုတ်မမှန်သော စကားကိုပြောဆိုကြောင်း စေတနာလည်း ကောင်း။ [ တိကနိပါတ် စာပိုဒ်(၇၁)နှင့်(၁၁၈) သုတ်၊ ဒုတိယအကြိမ်ရိုက်နှိပ် သော ပထမတွဲနိဿယ၊ နှာ-၄၇၇၊၄၇၈၊၅၇၉လည်းကြည့်။] ပိသုဏာ၊ ညီညွတ်နေသူတို့ကို စိတ်ဝမ်းကွဲပြားစေတတ်သော။ ဝါစာ၊ ကုန်းတိုက်စကားလည်းကောင်း။ ဝါ၊ ကုန်းတိုက်စကား၏ အကြောင်းရင်းစေတနာ လည်းကောင်း။ ဖရုသာ၊ ကြမ်းတမ်းသော။ ဝါစာ၊ စကားလည်းကောင်း။ ဝါ၊ စကား၏အကြောင်းရင်းစေတနာလည်းကောင်း။ သမ္ဖပ္ပလာပေါ၊ စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော အနက် အဓိပ္ပာယ်ကင်းမဲ့သော အကြောင်းအရာကို ပြောဆိုကြောင်း စေတနာလည်းကောင်းတည်း။ [ ဤစတုက္ကနိပါတ်စာပိုဒ် (၅၄)ဒုတိယသံဝါသသုတ်လည်းကြည့်]။ ပ။
အဋ္ဌမံ။