ဧကံ၊ တစ်ပါးသော။
သမယံ၊ အခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဘောဂနဂရေ၊ ဘောဂမည်သောမြို့၌။
အာနန္ဒစေတိယေ၊ အာနန္ဒစေတီ၌။
ဝါ၊ အာနန္ဒစေတိယကျောင်းတိုက်၌။
ဝါ၊ အာနန္ဒ မည်သော နတ်ဘီလူး၏ စေတီဘုန်းနန်း နတ်ကွန်းဝယ် ဆောက်လုပ်အပ်သောကျောင်း တိုက်၌။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
တတြ ခေါ၊ ထိုအခါ၌။
( ဘောဂမြို့ အာနန္ဒ စေတီ၌ မြတ်စွာဘုရား
သီတင်းသုံးနေတော်မူရာ ထိုအခါ၌)။
ပ။
ဘိက္ခဝေ၊ တို့။
စတ္တာရော၊ လေးပါးကုန်သော။
ဣမေ မဟာပဒေသေ၁။**မဟာပဒေသပုဒ်အဖွင့်နှစ်နည်း**။ ။ မဟာပဒေသပုဒ်ကို (၁) မဟာသြကာသ၊ တရားတော်ကို တည်တံ့ခိုင်မြဲစေသော မြတ်သောဌာန (မြတ်သောတရားတော်၏ တည်ရာဌာန)ဟုလည်းကောင်း, (၂) မဟာကာရဏ= မြတ်သောအကြောင်းတရားဟုလည်းကောင်း နှစ်နည်းဖွင့်ပြ၏။ ထိုနှစ်နည်းတို့တွင်–
(၁) တပည့်တော်သည် မြတ်စွာဘုရား အထံတော်မှ ဤတရားတော်ကိုသင်ယူခဲ့ပါသည်။ ဤတရားတော်သည် ဘုရားဟော ဓမ္မဝိနယအစစ် ဖြစ်ပါသည် စသည်ဖြင့် ရဟန်းတစ်ပါးပါးက ပြောဆိုလာချေ သော် ဘုရားဟော ဓမ္မဝိနယအစစ်ဟုတ်, မဟုတ် (ပိဋကသုံးပုံ၌ ပါ, မပါ) သိရအောင် ထိုရဟန်းပြောသမျှကို သုတ် အဘိဓမ္မာ ဝိနည်းဟူသော ပိဋကသုံးပုံ၌ ထည့်သွင်းမှု (သြတရဏ)၊ ပိဋကသုံးပုံနှင့် နှီး နှောတိုက်ဆိုင်မှု (သံသန္ဒန)ကိစ္စများကို ပြုလုပ်၏။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့်ဘုရားဟော ဟဟုတ်သည်, မဟုတ်သည်ကို ယုံမှားသံသယကင်းရှင်းစွာ ဆုံးဖြတ်ချက်ချကာ တရားတော်ကို တည်တံ့ခိုင်မြဲ စေရ၏။
ထိုကဲ့သို့ တရားတော်ကို တည်တံ့ခိုင်မြဲစေသော သြတရဏ, သံသန္ဒနပြုလုပ်မှုကို မဟာပဒေသ ( မြတ်သောတရားတော်၏တည်ရာဌာန) ဟု ခေါ်၏၊ ဤပဌမနည်း၌ ပဒေသသဒ္ဒါသည် တည်ရာ (ဩကာသ) အနက်ကို ဟော၏၊ မဟန္တာ ပဒေသာ မဟာပဒေသာ၊ မဟန္တာ၊ မြတ်ကုန်သော၊ ပဒေသာ= တရားတည်ရာဌာန (တရားတော်ကို တည်တံ့ ခိုင်မြဲစေသောဌာန) တို့တည်း။
(၂) ဒုတိယနည်း၌ မဟာပဒေသ၊ မဟာကာရဏ ( မြတ်သော အကြောင်းတရား) ဟူသည် ပြခဲ့သော သြတရဏ, သံသန္ဒနပြုလုပ်ခြင်းပင်တည်း၊ ထိုသြတရဏ, သံသန္ဒနပြုလုပ်ခြင်းသည်ပင် ဘုရားဟော ဓမ္မဝိနယအစစ် ဟုတ်, မဟုတ် ဆုံးဖြတ်ရာ၌ မြတ်သော အကြောင်း (ခိုင်လုံသောအကြောင်း) ဖြစ်၏ဟု ဆိုလို၏။
ဤနည်း၌ “ မဟာ+ အပဒေသ ” ဟု ပုဒ်ဖြတ်၊ အပဒိသီယန္တိ၊ ညွှန်ပြပြောဆိုအပ်ကုန်၏၊ဣတိ= ထို့ကြောင့်၊ အပဒေသာ=အပဒေသတို့ မည်၏၊ ဤသို့ ဝစနတ္ထပြု၍ (၁) ဘုရား၊ (၂) သံဃာ၊ (၃) သမ္ဗဟုလ ထေရ၊ (၄) ဧကထေရဟူ၍ညွှန်ပြအပ်သော ဆရာလေးဦးကို အပဒေသဟုခေါ်၏။ ထို့နောက် “ မဟန္တာ အပဒေသာ ဧတေသံ (ကာရဏာ နံ)တိ မဟာပဒေသာ ” ဟု ဝစနတ္ထပြု၍ “ မြတ်သောညွှန်ပြအပ်သော ဆရာလေးဦးရှိသော အကြောင်း တရား ” ဟု ဝိဂြိုဟ်နက်ပြန်ဆိုပါ။
ဝစနတ္ထနှစ်မျိုးရှိသောကြောင့် ပဌမနည်း , ဒုတိယနည်းဟု ခွဲခြားရှင်းလင်း နေရသော်လည်း ထိုနည်းနှစ်လုံး၌ပင် သြတရဏ , သံသန ပြုလုပ်မှုကိုချည်းမဟာပဒေသဟု ခေါ်၏၊ သို့ဖြစ်လျှင် အဘယ်နည်း ဖြင့် မဟာပဒေသလေးမျိုး ဖြစ်နိုင်မည်နည်းဟု မေးဖွယ်ရှိ၏၊ အဖြေကား–
ဤဓမ္မဝိနယကို ဘုရားထံမှ သင်ယူခဲ့ပါသည်၊ သံဃာထံမှ သင်ယူခဲ့ပါသည်၊ သမ္ဗဟုလထေရတို့ထံမှ သင်ယူခဲ့ပါသည်၊ ဧကထေရထံမှ သင်ယူခဲ့ပါသည် ဟူ၍ ညွှန်ပြပြောဆိုအပ်သော ဆရာလေးဦး ရှိ သောကြောင့် သြတရဏ , သံသန္ဒနတည်းဟူသော မဟာပဒေသ လည်း လေးမျိုးပင်ရှိသည်ဟု ဖြေဆိုရာ၏။ ၊ ဤမဟာပဒေသတို့ကို။ ဝါ၊ ဤမြတ်သော တရားဌာနတို့ကို။ ( အဟံ၊ ငါသည်။) ဒေသေဿာမိ၊ ဟောတော်မူအံ့။ တံ၊ ထို မဟာပဒေသ တရားကို။ ( တုမှေ၊ သင်တို့သည်။) သာဓုကံ၊ ကောင်းစွာ။ သုဏာထ၊ နာယူကြကုန်လော။ [ ဒုကနိပါတ်စာပိုဒ် (၁၇)လည်းကြည့်။] မနသိ၊ စိတ်နှလုံး၌။ ကရောထ၊ သွင်းပိုက်ထားကြကုန်လော။ ဘာသိဿာမိ၊ ငါဟောတော်မူမည်။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ။)

ဘန္တေ၊ အရှင်ဘုရား။
ဧဝံ၊ ကောင်းပါပြီ။
[ တနည်း– ဧဝံ ဘန္တေ၊ ကောင်းပါပြီ အရှင်ဘုရား။]
ဣတိ၊ ဤသို့။
တေ ဘိက္ခူ၊ ထိုစည်းဝေးနေသော တရားနာရဟန်းတို့သည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
(ဝစနံ၊ စကားတော်ကို။)
ပစ္စဿောသုံ၊ ကုန်ပြီ ။
ပ။
ဘိက္ခဝေ၊ တို့။
စတ္တာရော၊ ကုန်သော။
မဟာပဒေသာ၊ မဟာပဒေသတို့ဟူသည်။
ကတမေ၊ အဘယ်တို့နည်းဟူမူ။
ဘိက္ခဝေ၊ တို့။
ဣဓ၊ ဤသာသနာတော်၌။
ဘိက္ခု၊ ရဟန်းသည်။
ဧဝံ၊ ဤသို့။
ဝဒေယျ၊ ပြောဆိုငြားအံ့။
(ကိန္တိ၊ အဘယ်သို့။
ဝဒေယျ၊ ပြောဆိုရာသနည်းဟူမူ။)
အာဝုသော၊ ငါ့ရှင်။
မေ၊ တပည့်တော်သည်။
ဧတံ၊ ဤတရားတော်ကို။
ဘဂဝတော၊ မြတ်စွာဘုရား၏။
သမ္မုခါ၊ အထံတော်မှောက်၌။
သုတံ၊ နာယူမှတ်သားအပ်ခဲ့ပါပြီ။
သမ္မုခါ၊ ၌။
ပဋိဂ္ဂဟိတံ၊ သင်ယူအပ်ခဲ့ပါပြီ။
အယံ၊ ဤကား။
ဓမ္မော
၁။ဓမ္မ, ဝိနယ, သတ္ထုသာသန။ ။ ဧဝံ ယော ပရိယတ္တိဓမ္မော။ပ။ ဧကံသတော ဧသော ဓမ္မော၊ ဧသော ဝိနယော သမ္မဒေဝ အပါယာဒီသု အပတန ဝသေန ဓာရဏတော ကိလေသာနံ ဝိနယနတောစ၊ သတ္ထု သမ္မာသမ္ဗုဒ္ဓဿ ဩဝါဒါနုသိဋ္ဌိဘာဝတော ဧတံ သတ္ထုသာသန– ဟူသော ဒီ၊ မဟာဝဂ္ဂဋီကာ (၁၆၇)နှင့် ဤသုတ်ဋီကာအတိုင်း အနက်ပြန်ဆိုသည်။ ဓမ္မ, ဝိနယ, သတ္ထုသာသနဟူသော သုံးပုဒ်လုံးအရ
ပရိယတ္တိဓမ္မကိုချည်း ယူရသည်။
၊ ( အပါယ်စသည်၌မကျအောင် ကောင်းစွာဆောင်ထားတတ်သော) ဘုရားဟော ပရိယတ္တိတရားတော်ပါတည်း။
[အပါယာဒီသု အပတနဝသေန ဓာရေတီတိ ဓမ္မော။]
အယံ၊ ဤကား။
ဝိနယော၊ (ကိလေသာတို့ကို ပယ် ရှားကြောင်း) ဘုရားဟောပရိ
ယတ္တိတရားတော်ပါတည်း။
[ကိလေသေ ဝိနေတိ ဧတေနာတိ ဝိနယော။]
ဣဒံ၊ ဤကား။
သတ္ထုသာသနံ၊ မြတ်စွာဘုရား၏ အဆုံးအမတရားတော်ပါတည်း။”
ဣတိ၊ ဤသို့။
(ဝဒေယျ၊ ပြောဆိုငြားအံ့။)
ဘိက္ခဝေ၊ တို့။
တဿ ဘိက္ခုနော၊ ထိုရဟန်းသည်။
ဘာသိတံ၊ ပြောဆိုအပ်သောစကားကို။
(တုမှေဟိ၊ သင်တို့သည်။)
နေဝ အဘိနန္ဒိတဗ္ဗံ၊ နှစ်သက်ကြည်ဖြူ , ရုတ်တရက် မနာယူသင့်။
ဝါ၊ ရုတ်တရက် လက်မခံသင့်။
န ပဋိက္ကောသိတဗ္ဗံ၊ ရုတ်တရက် မပယ်မြစ်သင့်။
အနဘိနန္ဒိတွာ၊ နှစ်သက် ကြည်ဖြူ, ရုတ်တရက် မနာယူမှု၍။
ဝါ၊ ရုတ်တရက် လက်မခံမူ၍။
အပ္ပဋိက္ကောသိတွာ၊ ရုတ်တရက် မပယ်မြစ်မူ၍။
တာနိ ပဒဗျဉ္ဇနာနိ၊ ထိုပဒဗျဉ္ဇနတို့ကို။
ဝါ၊ ထိုအက္ခရာပုဒ် ဝါကျအနက်အဓိပ္ပာယ်တို့ကို။၂။ပဒနှင့် ဗျဉ္ဇန အနက်တူ။ ။ ပဒဗျဉ္ဇနပုဒ်ကို မှတ်လွယ်
အောင်နိဿယခန်း၌ အနက်ပေးထား သည်၊ ထို၌ အက္ခရာ, ပုဒ်, ဝါကျစသည်တို့ကိုဗျဉ္ဇနပဒဟုခေါ်၍၊ အကျဉ်းအကျယ်စသော
( သင်္ကာသန, ပကာသန, ဝိဝရဏစသော) အနက် အဓိပ္ပာယ်အမျိုး
မျိုးကို အတ္ထပဒဟု ခေါ်ကြောင်း ရှေးဦးစွာ မှတ်ထားပါ။ ပဇ္ဇတိ
အတ္ထော ဧတေဟီတိ ပဒါနိ– ဟု ဝစနတ္ထပြုလျှင် အနက်အဓိပ္ပာယ်ကို
သိကြောင်းဖြစ်သော ဗျဉ္ဇနပဒကို “ပဒ”ဟု ခေါ်၏။ ထို့အတူ “ အတ္ထံ ဗျဉ္ဇေန္တီတိ ဗျဉ္ဇနာနိ” ဟု ဝစနတ္ထပြုလျှင် အနက်အဓိပ္ပာယ်ကို ထင်ရှား
ဖော်ပြတတ်သော ထိုဗျဉ္ဇနပဒကိုပင် “ဗျဉ္ဇန”ဟု ခေါ်၏။
ထို့နောက် “ ဗျဉ္ဇနပဒေဟိ ပဇ္ဇိတဗ္ဗာနီတိ ပဒါနိ” ဟု ဝစနတ္ထပြုလျှင် ဗျဉ္ဇနပဒတို့ဖြင့် သိနားလည်အပ်သော အနက်အဓိပ္ပာယ် (အတ္ထပဒ) တို့ကို ပဒဟုခေါ်၏၊ ထို့အတူ “ ဗျဉ္ဇနပဒေဟိ ဗျဉ္ဇိတဗ္ဗာနီတိ ဗျဉ္ဇနာနိ” ဟု ဝစနတ္ထပြုလျှင် ဗျဉ္ဇနပဒတို့က ထင်ရှားဖော်ပြအပ်သော ထို အတ္ထပဒတို့ကိုပင် ဗျဉ္ဇနဟုခေါ်၏။
ဤနည်းအားဖြင့် ပဒနှင့် ဗျဉ္ဇနတို့ ဟောနက် အတူတူဖြစ်သော ကြောင့် အဋ္ဌကထာ၌ “ ပဒသင်္ခါတာနီ ဗျဉ္ဇနာနိ” ဟု ကမ္မဓာရယသ မာသ်ဖွင့်ပြသည်၊ ဤပြခဲ့သော စကားများအတိုင်း အက္ခရာ, ပုဒ်, ဝါကျစသော ဗျဉ္ဇနပဒနှင့် အကျဉ်းအကျယ်စသော အနက်အဓိပ္ပာယ်ဟူသော အတ္ထပဒတို့ကို ပဒဟုလည်းခေါ်နိုင်, ဗျဉ္ဇနဟုလည်း ခေါ်နိုင်၏။ သာဓုကံ၊ ကောင်းစွာ။ ဥဂ္ဂဟေတွာ၊ မှတ်ယူပြီး၍။ သုတ္တေ ၁။သုတ္တနှင့် ဝိနယ အနက်တူ။ ။ သုတ္တေတိ တေပိဋကဗုဒ္ဓဝစနေ သြတာရေတဗ္ဗာနိ။ ဝိနယတိ ဧတသ္မိံ ရာဂါဒိဝိနယကာရဏေ (တေပိဋက ဗုဒ္ဓဝစနေ) သံသန္ဒေတဗ္ဗာနီတိ အယမတ္ထော။ အဋ္ဌကထာ။ ၊ သုတ်၌။ ဝါ၊ သစ္စာလေးသွယ် အနက်အဓိပ္ပာယ်ကိုထင်ရှား ဖော်ပြတတ်သော ပိဋကသုံးဖြာ, ဘုရားဟော ဒေသနာတော်၌။ သြတာရေတဗ္ဗာနိ၊ ဉာဏ်ဖြင့် သက်ရောက်ကူးခတ်စေထိုက်ကုန်၏။ ဝါ၊ ထည့်သွင်းသင့်ကုန်၏။ ဝိနယေ၊ ဝိနည်း၌။ ဝါ၊ ရာဂစသည်ကို ပယ်ရှားကြောင်းဖြစ်သော ပိဋကသုံးဖြာ ဘုရား ဟောဒေသနာတော်၌။ သန္ဒဿေတဗ္ဗာနိ၊ နှီးနှောတိုက်ဆိုင်၍ ပြထိုက်ကုန်၏။

တာနိ၊ ထိုပဒဗျဉ္ဇနတို့သည်။
ဝါ၊ တို့ကို။
သုတ္တေ၊ ၌။
သြတာရိယ မာနာနိ၊ ဉာဏ်ဖြင့် သက်ရောက် ကူးခတ်စေအပ်ကုန်လသော်။
ဝါ၊ ထည့်သွင်းအပ်ကုန်လသော်။
ဝိနယေ၊ ၌။
သန္ဒဿိယမာနာနိ၊ နှီးနှောတိုက်ဆိုင်၍ပြအပ်ကုန်လသော်။
သုတ္တေ၊ ၌။
စေ နစေဝ သြတရန္တိ၊ အကယ်၍ မသက်ရောက်
မကူးခတ်ကုန်အံ့။
ဝါ၊ အကယ်၍ မပါဝင်ကုန်အံ့။
ဝိနယေ၊ ၌။
စေ န သန္ဒိဿန္တိ၊ အကယ်၍ မတွေ့မြင်အပ်ကုန်အံ့။
ဝါ၊ မပေါ်ထင်ကုန်အံ့။
(ဧဝံသန္တေသု၊ ဤသို့ ဖြစ်ကုန်လသော်။)
ဧတ္ထ၊ ဤရဟန်း ပြောဆိုအပ်သောဓမ္မဝိနယ၌။
နိဋ္ဌံ၊ ဆုံးဖြတ်ခြင်းသို့။
ဂန္တ ဗ္ဗံ၊ ရောက်ရာ၏။
(ကိန္တိ၊ အဘယ်သို့။
ဂန္တ ဗ္ဗံ၊ ရောက်ရာသနည်းဟူမူ။)
အဒ္ဓါ၊ အမှန်တကယ်ပင်။
ဣဒံ၊ ဤဓမ္မဝိနယသည်။
အရဟတော၊ ကိလေသာတို့မှ ဝေးကွာတော်မူသော။
သမ္မာသမ္ဗုဒ္ဓဿ၊ အမှားမပါ, မှန်စွာပိုင်နိုင်, ကိုယ် တိုင်စတွင်, ကုန်
စင်ခပင်း, ကျန်ကြွင်းမရှိသိမြင်တော်မူသော။
ဘဂဝတော၊ ထိုမြတ်စွာဘုရား၏။
ဝစနံ၊ စကားတော်သည်။
နစေဝ (ဟောတိ)၊ မဟုတ်သည်သာတည်း။
ဣမဿ ဘိက္ခုနော စ၊ ဤရဟန်း၏သာလျှင်။
ဒုဂ္ဂဟိတံ၊ လွဲမှားစွာ သင်ယူအပ်သောစကားသာတည်း။
ဣတိ၊ သို့။
( နိဋ္ဌံ၊ သို့။
ဂန္တဗ္ဗံ၊ ၏။)
ဘိက္ခေဝေ၊ တို့။
( တုမှေ၊ သင်တို့သည်။)
ဣတိ၊ ဤသို့ ဆုံးဖြတ်ချက်ချ၍။
ဧတံ၊ ဤရဟန်း၏ စကားကို။
ဆဍ္ဍေယျာထ၊ ပယ်စွန့်ကြကုန်လော။
ဘိက္ခဝေ၊ တို့။
ပန၊ ထိုမှတစ်ပါး။
ဣဓ၊ ဤသာသနာတော်၌။
ဘိက္ခု၊ သည်။
ပ။
သုတ္တေ စေ၀၊ ၌လည်း။
စေ ဩတရန္တိ၊ အကယ်၍ သက်ရောက်ကူးခတ်ကုန်အံ့။
ဝါ၊ အကယ်၍ ပါဝင်ကုန်အံ့။
ဝိနယေ စ၊ ၌လည်း။
စေ သန္ဒိဿန္တိ၊ အကယ်၍ တွေ့မြင်အပ်ကုန်အံ့။
ဝါ၊ အကယ်၍ ပေါ်ထင်ကုန်အံ့။
(ဧဝံ သန္တေသု၊ ဤသို့ဖြစ်ကုန်လသော်)။
ပ။
တဿ ဘဂဝတော၊ ၏။
ဝစနံ၊ စကားတော်သည်။
(ဟောတိ၊ ဖြစ်၏။)
ဣမဿ စ ဘိက္ခုနော၊ ဤရဟန်းသည်လည်း။
သုဂ္ဂဟိတံ၊ ကောင်းစွာ သင်ယူထားအပ်ပါပေပြီ။
ဣတိ၊ ဤသို့။
(နိဋ္ဌံ၊ သို့။
ဂန္တဗ္ဗံ၊ ၏။)
ဘိက္ခဝေ၊ တို့။
ပဌမံ၊ ရှေးဦးစွာသော။
ဣဒံ မဟာပဒေသံ၊ ဤမဟာပဒေသကို။
ဓာရေယျာထ၊ စိတ်၌ဆောင်ထား မှတ်သားကြကုန်လော။
ပ။
အသုကသ္မိံ နာမ၊ ထိုမည်သော။
အာဝါသေ၊ ကျောင်းတိုက်၌။
သထေရော၊ ထေရ်ရှင်ဆရာတော်နှင့် တကွဖြစ်သော။
သပါမောက္ခော၊ အကြီးအကဲနှင့်တကွဖြစ်သော။
သံဃော၊ သံဃာသည်။
ဝါ၊ ရဟန်းအပေါင်းသည်။
ဝိဟရတိ၊ နေပါ၏။
မေ၊ တပည့်တော်သည်။
တဿ သံဃဿ၊ ထိုသံဃာ၏။
သမ္မုခါ၊ ၌။
ပ။
တဿ သံဃဿ စ၊ ထိုသံဃာ၏သာလျှင်။
ဒုဂ္ဂဟိတံ၊ တည်း။
ဣတိ (နိဋ္ဌံ ဂန္တဗ္ဗံ)။
ပ။
အသုကသ္မိံ နာမ၊ သော။
အာဝါသေ၊ ၌။
ဗဟုဿုတာ၊ များစွာကြားနာအပ်ပြီးသော ဘုရားစကားတော် ရှိကြကုန်သော။
အာဂတာဂမာ၊ ရှိကုန်သော။
[ စာပိုဒ်(၁၆ဝ) သုဂတဝိနယသုတ်ကြည့်]။
ပ။
မာတိကာ ဓရာ၊ ကိုဆောင်ကုန်သော။
သမ္ဗဟုလာ၊ များစွာ ကုန်သော။
ထေရာ၊ ထေရ်ရှင်ဆရာတော်ဖြစ်ကုန်သော။
ဘိက္ခူ၊ တို့သည်။
ဝိဟရန္တိ၊ နေကြပါကုန်၏။
မေ၊ တပည့်တော်သည်။
တေသံ ထေရာနံ၊ ထိုထေရ်ရှင်ဆရာတော်တို့၏။ သမ္မုခါ။
ပ။
တေသဉ္စ ထေရာနံ၊ ထိုထေရ်ရှင် ဆရာတော်တို့၏
သာလျှင်။
ဒုဂ္ဂဟိတံ၊ တည်း။
ပ။
တေသဉ္စ ထေရာနံ၊ တို့သည်လည်း။
သုဂ္ဂဟိတံ၊ ပြီ။
ပ။
အသုကသ္မိံ နာမ အာဝါသေ၊ ၌။
ဗဟုဿုတော၊ များစွာ ကြားနာအပ်ပြီးသော ဘုရားစကားတော်ရှိသော။
ပ။
မာတိကာဓရော၊ ကိုဆောင်သော။
ဧကော၊ တစ်ပါးသော။
ထေရော၊ ထေရ်ရှင်ဆရာတော်ဖြစ်သော။
ဘိက္ခု၊ ရဟန်းသည်။
ဝိဟရတိ၊ ၏။
မေ၊ သည်။
တဿ ထေရဿ၊ ထိုထေရ်ရှင်ဆရာတော်၏။
ပ။
ဘိက္ခဝေ၊ တို့။
မဟာပဒေသာ၊ တို့သည်။
ဣမေ စတ္တာရော၊ တို့တည်း။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ။)
ဒသမံ၊ ဆယ်ခုမြောက်သုတ်တည်း။
တတိယော၊ သုံးခုမြောက်သော။
သဉ္စေတနိယဝဂ္ဂေါ၊ ဝဂ်တည်း။