[စာမျက်နှာ (၁၂၁) သတ္တကနိပါတ်စာပိုဒ် (၅၂) ဒါနမဟပ္ဖလသုတ်လည်းကြည့်]။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။
ဘိက္ခူ၊ ရဟန်းတို့သည်။
ဘိက္ခုံ၊ ရဟန်းတပါးကို။
အာပတ္တိယာ၊ အာပတ်ဖြင့်။
စောဒေန္တိ၊ စွပ်စွဲ စောဒနာကြကုန်၏။
သော ဘိက္ခု၊ ထိုရဟန်းသည်။ [ပဋိစရတိ၌စပ်]။
ဝါ၊ ထိုရဟန်းကို။ [စောဒိယမာနော၌စပ်]။
ဘိက္ခူဟိ၊ အခြားရဟန်းတို့က။
အာပတ္တိယာ၊ အာပတ်ဖြင့်။
စောဒိယမာနော၊ စောဒနာအပ်လသော်။
အညေန၊ အခြားသောအကြောင်းဖြင့်။
ဝါ၊ အခြားသော စကားဖြင့်။ (စုဒိတကဖြစ်သော မိမိကို အခြေအမြစ်မရှိဘဲ စွပ်စွဲစောဒနာသည် အဖြစ်ကို ဖော်ပြသော အကြောင်းယုတ္တိဖြင့်။
ဝါ၊ စုဒိတကဖြစ်သော....ကို ဖော်ပြသောစကားဖြင့်)။
အညံ၊ အခြားသော အကြောင်းကို။
ဝါ၊ အခြားသော စကားကို။ (စောဒကပုဂ္ဂိုလ်က စုဒိတကဖြစ်သော မိမိ၏အပြစ်ကို ထင်ရှားဖော်ပြသောအကြောင်းကို။
ဝါ၊ ....ကို ထင်ရှားဖော်ပြသော စောဒနာစကားကို)
**ပဋိစရတိ**၊ ဖုံးကွယ်ခြင်းအားဖြင့် ဖြစ်၏။အညေနညံ ပဋိစရတိ။ ။ အညေနညံ ၌ လက်သည်းကွင်းအနက်မှာ ဋီကာအဖွင့်ကို တိုက်ရိုက် တိတိကျကျ ပြန်ဆိုထားအပ်သော အနက်ဖြစ်၏။ ပဋိစရတိ၌ ပတိသဒ္ဒါသည် ပဋိစ္ဆာဒန (ဖုံးကွယ်ခြင်း) အနက်ကို ဟော၍ စရဓာတ်သည် ပဝတ္တနအနက်ကို ဟော၏။ ထို့ကြောင့် "ပဋိစရတိ- ဖုံးကွယ်သော အားဖြင့် ဖြစ်၏"ဟု ဋီကာအတိုင်း အနက်ပေးထားသည်။ (တနည်း) စရဓာတ်ကိုယ်တိုင်ပင် ပဋိစ္ဆာဒနအနက်ကို ဟောသည်ဟုလည်း ဖွင့်၏။ သို့ဖြစ်လျှင် ပတိဥပသာရမှာ ဓာတွတ္ထာနုတတ္တကမျှသာ ဖြစ်တော့၏။ ဤဝါကျ၌-
စောဒကပုဂ္ဂိုလ်သည် စုဒိတကပုဂ္ဂိုလ်၏အပြစ်ကို အကြောင်းပြချက် ခိုင်လုံစွာ ဖော်ပြပြောဆို၏။ စောဒနာ၏။ စွဲချက်တင်၏။ စောဒကပုဂ္ဂိုလ်၏ ထိုအကြောင်းပြချက်ကို (သို့မဟုတ်) စောဒကပုဂ္ဂိုလ်၏ ထိုစောဒနာစကားကို "အညံ"ဟု ဆို၏။ စုဒိတကပုဂ္ဂိုလ်ကား စောဒကပုဂ္ဂိုလ်၏ ထိုအပြစ်တင် စောဒနာမှု (စွဲချက်တင်မှု)ကို အခြေအမြစ်မရှိကြောင်း ယုတ္တိပြ၍ ပဋိစရတိ- ဖုံးကွယ်၏။ စုဒိတက၏ထိုအကြောင်းယုတ္တိကို(သို့မဟုတ် ထိုစုဒိတကစကားကို) အညေနဟု ဆိုသည်။ ဤ၌ အညဝါဒက သိက္ခာပုဒ် ပါဠိအဋ္ဌကထာအတိုင်း အညေနညပဋိစရဏ ပြုလုပ်ပုံမှာ-
"ငါ့ရှင် .....အသင် အာပတ်သင့်တယ်"ဟု စောဒနာသောအခါ "ကော အာပန္တော- အဘယ်သူ သင့်သလဲ"ဟု ပြန်မေး၏။ "အာပတ်သင့်တဲ့သူဟာ အသင်ပဲ"ဟု ပြောသောအခါ "အဟံ ကိံ အာပန္နော- တပည့်တော်မှာ အဘယ်အာပတ်သင့်တာလဲ"ဟု မေးမြန်း၏။ ပါစိတ်အာပတ်သင့်သည်။ (သို့မဟုတ်) ဒုက္ကဋိအာပတ်သင့်သည်ဟု ပြောသောအခါ "ကိသ္မိံ အာပန္နော- ဘာ့ကြောင့် သင့်တာလဲ"ဟု ဆိုပြန်လေ၏။ ဤသို့ စသည်ဖြင့် ဖုံးကွယ်၏။ နောက်ထပ် ဖုံးကွယ်ပုံ နမူနာတခုကား-
"ငါ့ရှင်ရဲ့ အိပ်ထဲမှာ ငွေတကျပ်မြင်တဉ်၊ ဒီလို ငွေကိုင်တာဟာ မသင့်လျော်ဘူး"ဟု စောဒနာသောအခါ "အင်း ဟုတ်ပါတယ်၊ ငါ့ရှင်မြင်တာ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒါ ငွေမဟုတ်ဘူး။ ခဲပြားပါ"ဟု ဖုံးကွယ်၏။ ဝါ၊ ဖုံးကွယ်၏။ ဗဟိဒ္ဓါ၊ အပြင်အပမှ။ ကထံ၊ အခြားသော အာဂန္တုက စကားအသစ်ကို။ **အပနာမေတိ**၊ ဆောင်ယူသွတ်သွင်း၏။ဗဟိဒ္ဓါ ကထံ အပနာမေတိ။ ။ ဤဝါကျကို ဤသုတ်အဋ္ဌကထာဖွင့်သည့်အတိုင်း အနက်ပေးထားသည်။ တိကနိပါတ် စာပိုဒ်(၆၅) သရဘသုတ်, စာပိုဒ်(၆၈) ကထာဝတ္ထုသုတ်အဖွင့်များနှင့် အဓိပ္ပာယ်တူသော်လည်း အနက်ပေးပုံ အနည်းငယ် ကွဲပြားခြားနား၏။ ဤနေရာ၌ ဆက်လက်၍ ဤသုတ်ဋီကာနှင့် ခုဒ္ဒကတတ္ထုဝိဘင်းအဋ္ဌကထာ (၄၉၃) အဖွင့်များကို ယူ၍ ပြရသော်-
"ငါ့ရှင်မှာ ဤမည်သော အာပတ်သင့်တယ်နော်" ဟု မေးသောအခါ "တပည့်တော်ပါဋလိပုတ်မြို့ သွားခဲ့ပါတယ်"ဟု ရှောင်လွှဲဖြေဆို၏၊ "မဟုတ်ဘူးလေ ပါဋလိပုတ်မြို့ သွားတာကို မေးနေတာမဟုတ်ဘူး။ ငါ့ရှင် အာပတ်သင့်တာကို မေးနေတာ"ဟု ထပ်မေးသောအခါ "ရာဇဂြိုဟ်မြို့ကို သွားပါတယ်"ဟု ဆိုပြန်လေ၏။ "ရာဇဂြိုဟ်မြို့သွားသွား၊ ပုဏ္ဏားအိမ်သွားသွာ၊ ငါ့ရှင်မှာ အဲ့ဒီအာပတ်သင့်ပါသလား"ဟု ဆက်လက်မေးသောအခါ "ရာဇဂြိုဟ်မြို့ထဲက ဝက်သားဟင်း ရခဲ့ပါတယ်" ဤသို့ စသည်ဖြင့် နားထိုင်းသောသူနှင့် စကားပြောရသကဲ့သို့ မေးသည်ကို မဖြေဘဲ အခြားသော မစပ်မဆိုင်စကားများကို ဆောင်ယူသွတ်သွင်း ပြောဆိုသည်ကို "ဗဟိဒ္ဓါ ကထံ အပနာမေတိ"ဟု ဆိုလို၏။ ကောပဉ္စ၊ အားနည်းသော အမျက်ဒေါသကိုလည်းကောင်း။ ဒေါသဉ္စ၊ အားကြီးသော အမျက်ဒေါသကိုလည်းကောင်း။ အပ္ပစ္စယဉ္စ၊ ပီတိသောမနဿ မဖြစ်ကြောင်း မနှစ်သက်မှု ဒေါမနဿကိုလည်းကောင်း။ [န ပစ္စေတိ ပီတသောမနဿံ ဧတေနာတိ အပ္ပစ္စယော] ပါတုကရောတိ၊ ထင်ရှားဖော်ပြမှု ပြု၏။
စောဒကပုဂ္ဂိုလ်သည် စုဒိတကပုဂ္ဂိုလ်၏အပြစ်ကို အကြောင်းပြချက် ခိုင်လုံစွာ ဖော်ပြပြောဆို၏။ စောဒနာ၏။ စွဲချက်တင်၏။ စောဒကပုဂ္ဂိုလ်၏ ထိုအကြောင်းပြချက်ကို (သို့မဟုတ်) စောဒကပုဂ္ဂိုလ်၏ ထိုစောဒနာစကားကို "အညံ"ဟု ဆို၏။ စုဒိတကပုဂ္ဂိုလ်ကား စောဒကပုဂ္ဂိုလ်၏ ထိုအပြစ်တင် စောဒနာမှု (စွဲချက်တင်မှု)ကို အခြေအမြစ်မရှိကြောင်း ယုတ္တိပြ၍ ပဋိစရတိ- ဖုံးကွယ်၏။ စုဒိတက၏ထိုအကြောင်းယုတ္တိကို(သို့မဟုတ် ထိုစုဒိတကစကားကို) အညေနဟု ဆိုသည်။ ဤ၌ အညဝါဒက သိက္ခာပုဒ် ပါဠိအဋ္ဌကထာအတိုင်း အညေနညပဋိစရဏ ပြုလုပ်ပုံမှာ-
"ငါ့ရှင် .....အသင် အာပတ်သင့်တယ်"ဟု စောဒနာသောအခါ "ကော အာပန္တော- အဘယ်သူ သင့်သလဲ"ဟု ပြန်မေး၏။ "အာပတ်သင့်တဲ့သူဟာ အသင်ပဲ"ဟု ပြောသောအခါ "အဟံ ကိံ အာပန္နော- တပည့်တော်မှာ အဘယ်အာပတ်သင့်တာလဲ"ဟု မေးမြန်း၏။ ပါစိတ်အာပတ်သင့်သည်။ (သို့မဟုတ်) ဒုက္ကဋိအာပတ်သင့်သည်ဟု ပြောသောအခါ "ကိသ္မိံ အာပန္နော- ဘာ့ကြောင့် သင့်တာလဲ"ဟု ဆိုပြန်လေ၏။ ဤသို့ စသည်ဖြင့် ဖုံးကွယ်၏။ နောက်ထပ် ဖုံးကွယ်ပုံ နမူနာတခုကား-
"ငါ့ရှင်ရဲ့ အိပ်ထဲမှာ ငွေတကျပ်မြင်တဉ်၊ ဒီလို ငွေကိုင်တာဟာ မသင့်လျော်ဘူး"ဟု စောဒနာသောအခါ "အင်း ဟုတ်ပါတယ်၊ ငါ့ရှင်မြင်တာ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒါ ငွေမဟုတ်ဘူး။ ခဲပြားပါ"ဟု ဖုံးကွယ်၏။ ဝါ၊ ဖုံးကွယ်၏။ ဗဟိဒ္ဓါ၊ အပြင်အပမှ။ ကထံ၊ အခြားသော အာဂန္တုက စကားအသစ်ကို။ **အပနာမေတိ**၊ ဆောင်ယူသွတ်သွင်း၏။ဗဟိဒ္ဓါ ကထံ အပနာမေတိ။ ။ ဤဝါကျကို ဤသုတ်အဋ္ဌကထာဖွင့်သည့်အတိုင်း အနက်ပေးထားသည်။ တိကနိပါတ် စာပိုဒ်(၆၅) သရဘသုတ်, စာပိုဒ်(၆၈) ကထာဝတ္ထုသုတ်အဖွင့်များနှင့် အဓိပ္ပာယ်တူသော်လည်း အနက်ပေးပုံ အနည်းငယ် ကွဲပြားခြားနား၏။ ဤနေရာ၌ ဆက်လက်၍ ဤသုတ်ဋီကာနှင့် ခုဒ္ဒကတတ္ထုဝိဘင်းအဋ္ဌကထာ (၄၉၃) အဖွင့်များကို ယူ၍ ပြရသော်-
"ငါ့ရှင်မှာ ဤမည်သော အာပတ်သင့်တယ်နော်" ဟု မေးသောအခါ "တပည့်တော်ပါဋလိပုတ်မြို့ သွားခဲ့ပါတယ်"ဟု ရှောင်လွှဲဖြေဆို၏၊ "မဟုတ်ဘူးလေ ပါဋလိပုတ်မြို့ သွားတာကို မေးနေတာမဟုတ်ဘူး။ ငါ့ရှင် အာပတ်သင့်တာကို မေးနေတာ"ဟု ထပ်မေးသောအခါ "ရာဇဂြိုဟ်မြို့ကို သွားပါတယ်"ဟု ဆိုပြန်လေ၏။ "ရာဇဂြိုဟ်မြို့သွားသွား၊ ပုဏ္ဏားအိမ်သွားသွာ၊ ငါ့ရှင်မှာ အဲ့ဒီအာပတ်သင့်ပါသလား"ဟု ဆက်လက်မေးသောအခါ "ရာဇဂြိုဟ်မြို့ထဲက ဝက်သားဟင်း ရခဲ့ပါတယ်" ဤသို့ စသည်ဖြင့် နားထိုင်းသောသူနှင့် စကားပြောရသကဲ့သို့ မေးသည်ကို မဖြေဘဲ အခြားသော မစပ်မဆိုင်စကားများကို ဆောင်ယူသွတ်သွင်း ပြောဆိုသည်ကို "ဗဟိဒ္ဓါ ကထံ အပနာမေတိ"ဟု ဆိုလို၏။ ကောပဉ္စ၊ အားနည်းသော အမျက်ဒေါသကိုလည်းကောင်း။ ဒေါသဉ္စ၊ အားကြီးသော အမျက်ဒေါသကိုလည်းကောင်း။ အပ္ပစ္စယဉ္စ၊ ပီတိသောမနဿ မဖြစ်ကြောင်း မနှစ်သက်မှု ဒေါမနဿကိုလည်းကောင်း။ [န ပစ္စေတိ ပီတသောမနဿံ ဧတေနာတိ အပ္ပစ္စယော] ပါတုကရောတိ၊ ထင်ရှားဖော်ပြမှု ပြု၏။
အထ ခေါ၊ ထိုအခါ၌။
(ထိုရဟန်းက အညေနညပဋိစရဏ စသည်ကို ပြုလုပ်ရာ ထိုအခါ၌)
ဘဂဝါ၊ သည်။
ဘိက္ခူ၊ ရဟန်းတို့ကို။
အာမန္တေသိ၊ မိန့်ကြားတော်မူပြီ။
(ကိန္တိ၊ အဘယ်သို့။
အာမန္တောသိ၊ မိန့်ကြားတော်မူသနည်းဟူမူ)
ဘိက္ခဝေ၊ ,တို့။
ဧတံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ (အညေနညပဋိစရဏ စသည်ပြုသော ထိုပုဂ္ဂိုလ်ကို)
နိဒ္ဓမထ၊ ကြဉ်ဖယ်ထုတ်ကြကုန်လော။ (အာမိသသမ္ဘောဂ, ဓမ္မသမ္ဘောဂ စသည်မလုပ် ကြည်ဖယ်ထုတ်ကြကုန်လော)
ဘိက္ခဝေ၊ တို့။
ဧတံ ပုဂ္ဂလံ၊ ကို။
နိဒ္ဒမထ၊ လော။
ဘိက္ခဝေ၊ တို့။
ဧသော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
အပနေယျော၊ ကြဉ်ဖယ်ထုတ်ထိုက်သော ပုဂ္ဂိုလ်ပေတည်း။
ဝိသောဓိတေန၊ သုတ်သင်ဖယ်ရှားဖွယ်ရာဖြစ်သော၊ (အာပတ်အညစ်အကြေး ရောထွေးယှက်တင် သုတ်သင်ဖယ်ရှားစရာ အမှိုက်သရိုက်ကဲ့သို့ ဖြစ်နေသော)
တေန ပရပုတ္တေန၊ ထိုပြင်ပစိမ်းကား သူတပါး၏သားဖြင့်။ (ငါဘုရားစကား နားမထောင်ခြင်းကြောင့် ငါဘုရားမှတပါး တခြား သူစိမ်ကား၏ သားဖြင့်)
ဝေါ၊ သင်တို့အား။
ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ [ထို့နောက် ဘိက္ခဝေနှင့် "ယာဝဿ ဘိက္ခူ အာပတ္တိံ န ပဿန္တိ" ဝါကျကို အနက်ပေးအံ့]
ဘိက္ခဝေ၊ တို့။
ယာဝ၊ အကြင်မျှလောက်ကာလပတ်လုံး။
ဘိက္ခူ၊ ရဟန်းတို့သည်။
အဿ၊ ထိုရဟန်း၏။
အာပတ္တိံ၊ အာပတ်ကို။
န ပဿန္တိ၊ မမြင်ကြ(မသိကြ)ကုန်သေး။
(တာဝ၊ ထိုမသိမမြင်ကြသေးသမျှ ကာလပတ်လုံး)
အညေသံ၊ အခြားကုန်သော။
ဘဒ္ဒကာနံ၊ (အကျင့်သီလအားဖြင့်) ကောင်းကုန်သော။
ဘိက္ခူနံ၊ ရဟန်းတို့၏။
အဘိက္ကန္တံ သေယျထာပိ၊ ရှေ့သို့ သွားခြင်းကဲ့သို့လည်းကောင်း။
ပဋိက္ကန္တံ သေယျထာဘိ၊ နောက်သို့ ပြန်လှည့်လာခြင်းကဲ့သို့လည်းကောင်း။
အာလောကိတံ သေယျထာပိ၊ ရှေ့ရှုတူရှု ကြည့်ခြင်းကဲ့သို့လည်းကောင်း။
ဝိလောကိတံ သေယျထာပိ၊ စောင်းငဲ့၍ကြည့်ခြင်းကဲ့သို့လည်းကောင်း။
သမိဉ္ဇိတံ သေယျထာပိ၊ လက်ခြေစသည်တို့ကို ကွေးခြင်းကဲ့သို့လည်းကောင်း။
ပသာရိတံ သေယျထာပိ၊ လက်ခြေစသည်တို့ကို ဆန့်တန်းခြင်းကဲ့သို့လည်းကောင်း။
သံဃာဋိပတ္တစီဝရဏ ဓာရဏံ သေယျထာပိ၊ နှစ်ထပ်သင်္ကန်းကြီးနှင့် သပိတ်သင်္ကန်းတို့ကို ကိုင်ဆောင်ဝတ်ရုံခြင်းကဲ့သို့လည်းကောင်း။
(တထာ၊ ထို့အတူ)
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စဿ၊ အချို့သော။
ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်၏။
အဘိက္ကန္တံ၊ ရှေ့သို့သွားခြင်းသည်လည်းကောင်း။
ပဋိက္ကန္တံ၊ နောက်သို့ပြန်လှည့်လာခြင်းသည်လည်းကောင်း။
အာလောကိတံ၊ သည်လည်းကောင်း။
ဝိလောကိတံ၊ ကောင်း။
သမိဉ္ဇိတံ၊ ကောင်း။
ပသာရိတံ၊ ကောင်း။
သင်္ဃာဋိပတ္တစီဝရဓါရဏံ၊ ကောင်း။
တာဒိသံယေဝ၊ ထိုနည်းမခြား အလားတူပင် တွေ့မြင်အပ်သည်သာလျှင်။ (ရဟန်းကောင်တို့၏ ထိုအဘိက္ကန္တ စသည်မခြား အလားတူပင် တွေ့မြင်အပ်သည်သာလျှင်)
ဟောတိ၊ ဖြစ်၏။
[တံ ဘိက္ခူနံ အဘိက္ကန္တာဒိ ဝိယ ဒိဿတီတိ တာဒိသံ]။
စ ခေါ၊ သို့သော်လည်း။
ယတော၊ အကြင်အခါ၌။
ဘိက္ခူ၊ အခြားရဟန်းတို့သည်။
အဿ၊ ထိုရဟန်း၏။ (ရဟန်းကောင်းတို့၏ အဘိက္ကန္တ စသည်မခြား အလားတူ အမူအရာရှိသော ထိုရဟန်း၏)
အာပတ္တိံ၊ အာပတ်ကို။
ပဿန္တိ၊ တွေ့မြင်ကြကုန်၏။
(တတော၊ ထိုအခါ၌)
တမေနံ၊ ထိုရဟန်းကို။
(ဘိက္ခူ၊ ရဟန်းကောင်းတို့သည်)
ဧဝံ၊ ဤသို့။
ဇာနန္တိ၊ သိကြကုန်၏။
(ကထံ၊ အဘယ်သို့။
ဇာနန္တိ၊ သိကြကုန်သနည်းဟူမူ)
အယံ၊ ဤရဟန်းသည်။
သမဏဒူသီ ဧဝ၊ ရဟန်းဖျက် ရဟန်းဆိုးသာတည်း။ (အခြားရဟန်းတို့ကို ဖျက်ဆီးတတ်သော ဒုဿီလရဟန်းဆိုးသာတည်း။)
သမဏပလာပေါ ဟဝ၊ (အနှစ်သာရ သီလကွာကင်း) ရဟန်းဖွဲအဖျင်းသာတည်း။
သမဏကာရဏ္ဍဝေါ ဧဝ၊ ရဟန်း အမှိုက်သရိုက်သာတည်း။ (ရဟန်းရှင်ယောင် သွင်ဆောင်တုပ ဗာလသမိုက် ရဟန်း အမှိုက်သရိုက်သာတည်း)
ဣတိ၊ ဤသို့။
ဇာနန္တိ၊ သိကြကုန်၏။
တမေနံ၊ ထိုရဟန်းကို။
ဣတိ၊ ဤသို့ သမဏဒူသီ- စသည်ဟူ၍။
ဝိဒိတွာ၊ သိကြကုန်၍။
ဗဟိဒ္ဓါ၊ ရဟန်းကောင်းတို့၏ အပြင်အပ၌။
ဝါ၊ ရဟန်းကောင်းတို့နှင့် မရောမယှက် အပြင်ဘက်ရောက်အောင်။
နာသေန္တိ၊ ဖယ်ထုတ်ဖျက်ဆီးကြကုန်၏။ (အာမိသသမမ္ဘောဂ, ဓမ္မသမ္ဘောဂ စသည်မလုပ် ဖယ်ထုတ်ဖျက်ဆီးကြကုန်၏။
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်၊
တံ၊ ထိုသို့ ဖယ်ထုတ်ဖျက်ဆီးခြင်းသည်။
(ဟောတိ၊ ဖြစ်သနည်းဟူမူ)
(အယံ ဘိက္ခု၊ ဤရဟန်းဖွဲအဖျင်းသည်)
အညေ၊ သူမှတပါး တခြားကုန်သော။
ဘဒ္ဒကေ၊ သီလအကျင့်အားဖြင့် ကောင်းကုန်သော။
ဘိက္ခူ၊ ရဟန်းတို့ကို။
မာ ဒူသေသိ၊ မဖျက်ဆီးနိုင်ပါစေသတည်း။
ဣတိ၊ ဤသို့ မဖျက်ဆီးနိုင်စေလိုခြင်းကြောင့်။
တံ၊ ထိုသို့ ဖယ်ထုတ်ဖျက်ဆီးခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဘိက္ခဝေ၊ တို့။
သေယျထာပိ၊ ဥပမာပြရသော်ကား။
သမ္ပန္နေ၊ (အသီးအနှံတို့နှင့်) ပြည့်စုံသော။
ယဝကရဏေ၊ မယောစပါးလယ်ခင်း၌။
ယဝဒူသီ၊ မယောအဖျက်ပင်သည်။ (မယောစပါးတို့ကို ဖျက်ဆီးတတ်သော မယောပင်သည်)
ယဝပလာပေါ၊ မယောအဖျင်းပင်သည်။
ယဝကာရဏ္ဍဝေါ၊ မယောအမှိုက်ပင်သည်။
ဇာယေထ၊ ဖြစ်ပေါ်လာရာ၏။ [ယာဝဿ- သို့သွားအံ့]
ယာဝ၊ အကြင်မျှလောက် ကာလပတ်လုံး။
အဿ၊ ထိုမယောအဖျက်ပင်၏။
သီသံ၊ မယောစပါးအနှံသည်။
န နိဗ္ဗတ္တတိ၊ မပေါ်ထွက်သေး။
(တာဝ၊ ထိုမပေါ်ထွက်သေးသမျှ ကာလပတ်လုံး)
အညေသံ၊ အခြားကုန်သော။
ဘဒ္ဒကာနံ၊ ကောင်းမွန်ကုန်သော။
ယဝါနံ၊ မယောပင်တို့၏။
မူလံ သေယျထာပိ၊ အမြစ်ကဲ့သို့။
(တထာ၊ ထို့အတူ)
တဿ၊ ထိုမယောအဖျက်ပင်၏။
မူလံ၊ အမြစ်သည်။
တာဒိသံယေဝ၊ ထိုကောင်းသော မယောပင်၏ အမြစ်ကဲ့သို့ပင် တွေ့မြင်အပ်သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
အညေသံ၊ ကုန်သော။
ဘဒ္ဒကာနံ၊ ကုန်သော။
ယဝါနံ၊ တို့၏။
နာဠံ သေယျထာပိ၊ ရိုးတံကဲ့သို့၊
(တထာ၊ ထို့အတူ)
တဿ၊ ထိုမယောမဖျက်ပင်၏။
နာဠံ၊ ရိုးတံသည်။
တာဒိသံယေတ၊ ထိုကောင်းသော မယောပင်၏ ရိုးတံကဲ့သို့ပင် တွေ့မြင်အပ်သည်သာလျှင်၊
ဟောတိ၊ ၏။
အညေသံ၊ ကုန်သော၊
ဘဒ္ဒကာနံ၊ ကုန်သော။
ယဝါနံ၊ တို့၏။
ပတ္တံ သေယျထာပိ၊ အရွက်ကဲ့သို့။
(တထာ၊ တူ။
တဿ၊ ထိုမယောအဖျက်ပင်၏)
ပတ္တံ၊ အရွက်သည်။
တာဒိသံယေဝ၊ ထိုကောင်းသော မယောပင်၏ အရွက်အသွင် တွေ့မြင်အပ်သည်သာလျှင်။
ဟောတိ၊ ၏။
စခေါ၊ သို့သော်လည်း။
ယတော၊ အကြင်အခါ၌။
အဿ၊ ထိုမယောအဖျက်ပင်၏။
သီသံ၊ အနှံသည်။
နိဗ္ဗတ္တတိ၊ ပေါ်ထွက်လာ၏။
(တတော၊ ထိုအခါ၌)
တမေနံ၊ ထိုမယောအဖျက်ပင်ကို။
(မနုဿာ၊ လူတို့သည်)
ဧဝံ၊ ဤသို့။
ဇာနန္တိ၊ သိကြကုန်၏။
(ကထံ၊ အဘယ်သို့။
ဇာနန္တိ၊ သိကြကုန်သနည်းဟူမူ)
အယံ၊ ဤမယောပင်သည်။
ယဝဒူသီ ဧဝ၊ မယောအဖျက်ပင်သာတည်း။
ယဝ ပလာပေါ ဧဝ၊ မယောအဖျင်းပင်သာတည်း။
ယဝကာရဏ္ဍဝေါ ဧဝ၊ မယောအမှိုက်ပင်သာတည်း။
ဣတိ၊ ဤသို့။
(ဇာနန္တိ၊ သိကြကုန်၏)
(မနုဿာ၊ တို့သည်)
တမေနံ၊ ထိုမယောအဖျက်ပင်ကို။
ဣတိ၊ ဤသို့ အဖျက်ပင်ဟူ၍။
ဝိဒိတွာ၊ သိကြ၍။
သမူလံ၊ အမြစ်နှင့်တကွ တပင်လုံးကို။
ဥပ္ပါဋေတွာ၊ ဆွဲနုတ်၍။
ယဝကရဏဿ၊ မယောလယ်ကွင်း၏။
ဗဟိဒ္ဓါ၊ အပြင်ဘက်၌။
ဆဍ္ဍေန္တိ၊ စွန့်ပစ်ကြကုန်၏။
တံ၊ ထိုသို့ စွန့်ပစ်ခြင်းသည်။
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။
အညေ၊ အခြားကုန်သော။
ဘဒ္ဒကေ၊ ကောင်းကုန်သော။
ယဝေ၊ မယောစပါးတို့ကို။
မာ ဒူသေသိ၊ မဖျက်ဆီးစေသတည်း။
ဣတိ၊ ဤသို့ မဖျက်ဆီးစေလိုခြင်းကြောင့်ပေတည်း။
ဘိက္ခဝေ၊ တို့။
ဧဝမေဝံ၊ ဤအတူပင်။
ယာဝ၊ လုံး။
ဘိက္ခူ၊ အခြားရဟန်းတို့သည်။
အဿ၊ ထိုရဟန်း၏။
အာပတ္တိံ၊ ကို။
န ပဿန္တိ၊ မတွေ့မြင်ကြကုန်သေး။
(တာဝ၊ လုံး)
အညေသံ၊ ကုန်သော။
ဘဒ္ဒကာနံ၊ ကုန်သော။
ဘိက္ခူနံ၊ တို့၏။
အဘိက္ကန္တံ သေယျထာပိ၊ ကဲ့သို့လည်းကောင်း။
ပဋိက္ကန္တံ သေယျထာပိ၊ ကောင်း။ပ။
သင်္ဃာဋိပတ္တစီဝရဓါရဏံ သေယျထာပိ၊ ကောင်း။
(တထာ၊ တူ)
ဣဓ၊ ၌။
ဧကစ္စဿ၊ သော။
ပုဂ္ဂလဿ၊ ၏။
အဘိက္ကန္တံ၊ သည်လည်းကောင်း။
ပဋိက္ကန္တံ၊ ကောင်း။ပ။
သင်္ဃာဋိပတ္တစီဝရဓာရဏံ၊ ကောင်း။
တာဒိသံယေဝ၊ သာလျှင်။
ဟောတိ၊ ၏။
စခေါ၊ သော်လည်း။
ယတော၊ ၌။
ဘိက္ခူ၊ တို့သည်။
အဿ၊ ၏။ပ။
ဘိက္ခဝေ၊ တို့။
သေယျထာပိ၊ ကား။
မဟတော၊ ကြီးစွာသော။
ဓညရာသိဿ၊ စပါးပုံကို။
ဖုဏမာနဿ၊ လှေ့အပ်လွှင့်အပ်လသော်။ (မြင့်သောနေရာ၌ ရပ်၍ လေပြင်းပြင်း၌ လှေ့အပ်လွှင့်အပ်လသော်) [ဖုဏိယမာနဿ-ဟု ဆိုလိုလျက် ယပစ္စည်းကိုချေ၍ "ဖုဏမာနဿ"ဟု ဆိုထားသည်ဟု ကြံရာ၏]
တတ္ထ၊ ထိုစပါးပုံကြီး၌။
ယာနိ တာနိ ဓညာနိ၊ အကြင်စပါးတို့သည်။
ဒဠှာနိ၊ ခိုင်ခံကုန်၏။
သာရဝန္တာနိ၊ အနှစ်အဆန်ရှိကုန်၏။
တာနိ(ဓညာနိ)၊ ထိုစပါးတို့သည်။ (ခိုင်ခံ၍ အနှစ်အဆန်ရှိသော ထိုစပါးတို့သည်)
ဧကမန္တံ၊ တခုသောနေရာ၌။
ပုဉ္ဇံ၊ အစုအပုံသည်။
ဟောတိ၊ ဖြစ်၏။
ယာနိ တာနိ ဓညာနိ၊ အကြင်စပါးတို့သည်။
ဒုဗ္ဗလာနိ၊ အားမရှိကုန်သည်။
ပလာပါနိ၊ ဖွဲအဖျင်းတို့သည်။
(ဟောန္တိ၊ ဖြစ်ကုန်၏)
တာနိ ပန၊ ထိုစပါးဖျင်းတို့ကိုကား။
ဝါတော၊ လေသည်။
ဧကမန္တံ၊ ၌။
အပဝဟတိ၊ လွှင့်ထုတ်လိုက်၏။
တမေနံ၊ ထိုစပါးဖွဲ့အဖျင်းကို။
သာမိကာ၊ ပိုင်ရှင်တို့သည်။
သမ္မဇ္ဇနိံ၊ လွှင့်ထုတ်သုတ်သင်ကြောင်းဖြစ်သော ဗန်းစကား အဝတ်စသည်ကို။
ဂဟေတွာ၊ ယူငင်ကြကုန်၍။
မတ္တာယ၊ အတိုင်းအတာ ပမာဏထက်၊
ဘိယျောသော၊ ပိုလွန်အောင်။
အပသမ္မဇ္ဇန္တိ၊ လွှင့်ထုတ်သုတ်သင်ကြကုန်၏။ (အနှစ်အဆန်ရှိသော စပါးနှင့်တခြားစီဖြစ်အောင် အထပ်ထပ် ဖယ်ထုတ်သုတ်သင်ကြကုန်၏။)
ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။
တံ၊ ထိုစပါးအဖျင်းတို့ကို လွှင့်ထုတ်သုတ်သင်ခြင်းသည်။
(ဟောတိ၊ ဖြစ်သနည်းဟူမူ။)
(ပလာပေါ၊ စပါးအဖျင်းသည်)။
အညေ၊ အခြားကုန်သော။
ဘဒ္ဒကေ၊ ကောင်းကုန်သော။
ဓညေ၊ စပါးတို့ကို။
မာ ဒူသေသိ၊ မဖျက်ဆီးပါစေသတည်း။
ဣတိ၊ ဤသို့ မဖျက်ဆီးစေလိုခြင်းကြောင့်။
(တံ၊ ထိုစပါးအဖျင်းတို့ကို လွှင့်ထုတ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။)။ပ။
ဘိက္ခဝေ၊ တို့။
သေယျထာပိ၊ ကား။
ဥဒပါနပနာဠိယာ၊ ရေတွင်းမှ သွယ်တန်းအပ်သော ရေတံလျှောက်ဖြင့်။
[ဥဒပါန၊ ရေတွင်း+
ပနာဠိ၊ မြောင်း, ပြွန်ချောင်း, ပိုက်လုံး။]
အတ္ထိကော၊ အလိုရျိသော။
ပုရိသော၊ ယောကျ်ားသည်။
တိဏှံ၊ ထက်သော၊
ကုဌာရိံ၊ ပုဆိုန်ကို၊
ဝါ၊ ဓားမကြီးကို၊
အာဒါယ၊ ယူ၍။
ဝနံ၊ တောသို့။
ပဝိသေယျ၊ ဝင်ရာ၏။
သော၊ ထိုယောကျာ်းသည်။
ယံ ယဒေဝ ရုက္ခံ၊ အကြင်အကြင်သစ်ပင်ကို။
ကုဌာရိပါသေန၊ ပုဆိန်အနှောင့်ဖြင့်၊
ဝါ၊ ဓားမအနျောင့်ဖြင့်၊
အာကောဋေယျ၊ ရိုက်နှိက်တီးခေါက်ရာ၏။
တတ္ထ၊ (တီးခေါက်အပ်သမျှသော) ထိုထိုသစ်ပင် အပေါင်းတွင်။
ယာနိ တာနိ ရုက္ခာနိ၊ အကြင် သစ်ပင်တို့သည်။
ဒဠှာနိ၊ ခိုင်ခံ့ကုန်၏။
သာရဝန္တာနိ၊ အနှစ်ရှိကုန်၏။
တာနိ၊ ထိုသစ်ပင်တို့သည်။
ကုဌာရိပါသေန၊ ဖြင့်။
အာကောဋိတာနိ၊ တီးခေါက်အပ်ကုန်လသော်။
ကက္ခဠံ၊ မာကျောသောအသံကို။
ပဋိနဒန္တိ၊ မြည်းဟီး ပေါ်ထွက်စေကုန်၏။
ပန၊ မကောင်းသောသစ်ပင်တို့၏ အသံမည်ကုန်သော။
ယာနိ တာနိ ရုက္ခာနိ၊ တို့သည်။
အန္တောပူတီနိ၊ အတွင်း၌ ပုပ်ဆွေးနေကုန်၏။
အဝဿုတာနိ၊ ရေဖြင့် စွတ်စိုနေကုန်၏။
ကသမ္ဗုဇာတာနိ၊ ဖြစ်သောအမှိုက်သရိုက် ရှိကုန်၏။
တာနိ၊ ထိုသစ်ပင်တို့သည်။ပ။
ဒဒ္ဒရံ၊ ဆွေးမြည့် ကွဲအက်သံကို။
ပဋိနဒန္တိ၊ ကုန်၏။
တမေနံ၊ ထိုမာကျောသော အသံမြည်သော အနှစ်ရှိသစ်ပင်ကို။
မူလေ၊ အရင်း၌။
ဆိန္ဒတိ၊ ဖြတ်၏။
မူလေ၊ ၌။
ဆိန္ဒိတွာ၊ ဖြတ်ပြီး၍။
အဂ္ဂေ၊ အဖျား၌။
ဆိန္ဒတိ၊ ၏။
အဂ္ဂေ၊ ၌။
ဆိန္ဒိတွာ၊ ၍။
အန္တော၊ အတွင်း၌။
သုဝိသောဓိတံ၊ ကောင်းစွာ သုတ်သင်အပ်ပြီးဖြစ်အောင်။
ဝိသောဓေတိ၊ သုတ်သင်၏။ပ။
ဝိသောဓေတွာ၊ သုတ်သင်ပြီး၍၊
ဥဒပါနပနာဠိံ၊ ရေတွင်းမှ သွယ်တန်းသောရေတံလျှောက်ကို။
ယောဇေတိ၊ ပြုလုပ်သုံးစွဲ၏။ [တမေနံ ရုက္ခံ။ပ။ ဥဒပါနပနာဠိံ ယောဇေတိဟူ၍ ရုက္ခံနှင့် ဥဒပါနပနာဠိံ- ဟူသော ကံပုဒ်နှစ်ပုဒ် တွေ့ရ၏။ ထိုတွင် ရုက္ခံသည် ပကတိကံ၊ ဥဒပါနပနာဠိံသည် ဝိကတိကံတည်း။ ကဠံ အင်္ဂါရံ ကရောတိ ဝါကျနှင့် ယှဉ်ကြည့်]။
[ဂါထာ]သံဝါသာ၊ ပေါင်းသင်းဆက်ဆံခြင်းဖြင့်။ [သ္မာဝိဘတ်ကို ကရိုဏ်းအနက်၌သက်။ သို့မဟုတ် နာဝိဘတ်ကို အာပြုဟုသော်လည်းကြံ]။
အယံ၊ ဤသူသည်။
ဝါ၊ ဤမည် ဤမည်သောသူသည်။ [ဝိစ္ဆာ ကြံသည်]။
ပါပိစ္ဆော၊ ယုတ်မာသော အလိုရမ္မက်ရှိသူတည်း။
ကောဓနော၊ စိတ်ဆိုးသူ (ဒေါသကြီးသူ)တည်း။
မက္ခီ၊ သူတပါးဂုဏ်ကျေးဇူးကို ချေဖျက်တတ်သော ဒေါသမူစိတ္တုပ္ပါဒ်ရှိသူတည်း။ [ဆက္ကနိပါတ် စာပိုဒ်(၃၆) ဝိဝါဒမူလသုတ် ဒုတိယအကြိမ်ရိုက် တတိယတွဲ နိဿယ စာမျက်နှာ(၄၉၁) ကြည့်]။
ထမ္ဘီ၊ ဒေါသမာနအစွမ်းဖြင့် ကြိမ်းတမ်းခက်ထန်ခြင်း ရှိသူတည်း။
စ၊ ထို့ပြင်။
ပဠာသီ၊ ကိုယ့်ထက်သာသူ, တန်းတူယှဉ်တု, ဂုဏ်ပြိုင်ပြတတ်သူတည်း။
ဝါ၊ သူတပါးဂုဏ်တို့ကို ကိုက်ဖြတ်ဖျက်ဆီး၍ မိမိဂုဏ်တို့နှင့် ညီမျှအောင် ပြုတတ်သော ဒေါသမူစိတ္တုပ္ပါဒ် ရှိသူတည်း။ [ပဉ္စကနိပါတ် စာပိုဒ်(၈၂) တီတရာဂသုတ်လည်းကြည့်]။
ဣဿုကီ၊ ငြူစူတတ်သူတည်း။
မစ္ဆရီ၊ (အာဝါသ, ကုလစသည်တို့၌) ဝန်တိုသောသဘောရှိသူတည်း။
သဌော၊ စဉ်းလဲကောက်ကျစ်သူတည်း။
ဝါ၊ မိမိ၌ မရှိသောဂုဏ်ကို အရှိလုပ်ကာ လွဲမှားစွာပြောဆိုတတ်သူတည်း။ [ယခင် ဝိဝါဒမူလသုတ်ကြည့်]
ဣတိ၊ ဤသို့၊
(တုမှေ၊ သင်တို့သည်)။
ဝိဇာနာထ၊ သိသင့်သိထိုက်ကုန်၏။
ဝါ၊ သိနိုင်ကုန်၏။
ဝါ၊ သိကြကုန်လော။ [ဝိဇာနာထာတိ ဇာနေယျာထ ဟု ဖွင့်၏။ ထို့ကြောင့် ဇယျာထဝိဘတ်မှ ဧယျကို ချေ၍ ဝိဇာနာထရုပ်ပြီးသည်ဟုလည်းကောင်း, ဧယျာထဝိဘတ်ကိုလည်း အရဟအနက်ဟော။ (ဝါ) သတ္တိအနက်, အာဏတ္တိအနက်ဟောတုလည်းကောင်း ကြံနိုင်၏။]
သော၊ ထိုသူတည်း။ (ပါပိစ္ဆ ကောဓန စသည်ဖြစ်သော ထိုသူသည်)။
ဇနဝတိ၊ လူသူအလယ်၌။
သန္တဝါစော၊ ငြိမ်သက်သိမ်မွေ့သောစကားရှိသည်။
(ဟုတွာ၊ ဖြစ်၍)
သမဏော ဝိယ၊ ရဟန်းစစ်, ရဟန်းကောင်းကဲ့သို့။
ဘာသတိ၊ ပြောဆို၏။
[ဇနာ ဧတသ္မိံ ဂဏေ သန္တီတိ ဇနဝါ (ဇနဝန္တော)၊ လူအများရှိသော လူအပေါင်း။ တသ္မိံ ဇနဝတိ-ဟု ဝိဘတျန္တခံ]
ရဟော၊ ဆိတ်ကွယ်ရာ၌။
ကရဏံ၊ မကောင်းမှု အကုသိုလ်ကို။
ကရောတိ၊ ပြုလုပ်၏။
ပါပဒိဋ္ဌိ၊ ယုတ်မာသောမိစ္ဆာအယူရှိ၏။
အနာဒရော၊ (ဘုရားအစရှိသည်တို့၌) ရိုသေလေးစားခြင်းမရှိ။
စ၊ ထို့ပြင်။
(သော၊ ထိုသူသည်။)
သံသပ္ပီ၊ မရပ်မတည် ထိုဤရွေ့လျား လှုပ်ရှားတတ်သည်။
(ဟုတွာ၊ ဖြစ်၍)။
မုသာဝါဒီ၊ မဟုတ်မမှန်သောစကားကို ပြောဆိုတတ်၏။
[တနည်း- စ၊ ထို့ပြင်။
သော၊ ထိုသူသည်။
မုသာဝါီဒီ၊ မဟုတ်မမှန်သောစကားကို ပြောဆိုလျက်။
သံသပ္ပီ၊ မရပ်မတည် ထိုဤရွေ့လျား လှုပ်ရှားတတ်၏။]
တံ၊ ထိုမုသာဝါဒီပုဂ္ဂိုလ်ကို။
ဝါ၊ ထိုမုသာဝါဒီပုဂ္ဂိုလ်၏ ယုတ်မာခြင်းသဘောကို။
ယထာတထံ၊ ဟုတ်မှန်သည့်အတိုင်း။
ဝိဒိတွာ၊ သိကြကုန်၍။
သဗ္ဗေ၊ အားလုံးကုန်သော။
(တုမှေ၊ သင်တို့သည်)။
သမဂ္ဂါ၊ ညီညွတ်ကြကုန်သည်။
ဟုတွာန၊ ဖြစ်ကြကုန်၍။
နံ၊ ထိုမုသာဝါဒီ ပုဂ္ဂိုလ်ကို။
အဘိနိဗ္ဗဇ္ဇယာထ၊ ကြဉ်ဖယ်ထုတ်ကြကုန်လော။ (အာမိသသမ္ဘောဂ, ဓမ္မသမ္ဘောဂ စသည်မလုပ်ကြဉ်ဖယ်ထုတ်ကြကုန်လော)။ [အဘိ+နိ+ဝဇ္ဇီ+အ+ဧယျာထ။ ဝဇ္ဇီ စာဂေ]။
(တုမှေ၊ သင်တို့သည်။)
ကာရဏ္ဍဝံ၊ (သီလပျက်ပြယ်) အမှိုက်သရိုက်သဖွယ် ဖြစ်သူကို။
နိဒ္ဓမထ၊ (အမှိုက်သရိုက်ကို လွှင့်ထုတ်သကဲ့သို့) မှုတ်လွှင့်ဖယ်ထုတ်ကြကုန်လော။
ကသမ္ဗုံ၊ (ကြဉ်ဖယ်ထုတ်အပ်) အမှိုက်ဖတ်သဖွယ် ပုဂ္ဂိုလ်ကို။
အပကဿထ၊ ဆွဲထုတ်ကြကုန်လော။ (ဘုရင်မှူးမတ်, ပရိသတ်ဂုဏ်ကြွယ်, ဗိုလ်ပုံအလယ်မှ, မဖွယ်မရာ, နူနာစွဲငြား, လူညံ့စားကို, ဖယ်ရှားဆွဲထုတ်သကဲ့သို့ ဆွဲထုတ်ကြကုန်လော)။
အဿမဏေ၊ ရဟန်းအစစ်အမှန် မဟုတ်ကြပါဘဲလျက်။
သမဏမာနိနေ၊ (ရဟန်းအသွင်ဆောင်ခြင်းမျှဖြင့်) ရဟန်းအစစ်အမှန်ဟု မှတ်ထင်နေကြကုန်သော။
ပလာပေ၊ (အနှစ်သာရ သီလကွာကင်း) ရဟန်းဖွဲအဖျင်းတို့ကို။
တတော၊ ထိုသံဃာ့အာရာမ်ကျောင်းတိုက်မှ။
ဝါ၊ ထိုရဟန်းပရိသတ်မှ။
ဝါဟေထ၊ လွှင့်ထုတ်ဖယ်ရှားကြကုန်လော။
(တုမှေ၊ သင်တို့သည်။)
ပါပိစ္ဆေ၊ ယုတ်မာသောအလိုရမ္မက်ရှိကုန်သော။
ပါပအာစာရဂေါစရေ၊ ယုတ်မာသောအကျင့်ဟူသော ကျက်စားရာ ရှိကုန်သော။
(ပလာပေ၊ ရဟန်းဖွဲအဖျင်းတို့ကို။)
နိဒ္ဓမိတွာန၊ နှင်ထုတ်ကြပြီး၍။
ပတိဿတာ၊ အချင်းချင်း၏ ဩဝါဒစကားကို လေးစားနာယူကြကုန်သည်။ [ပတိဿတာတိ အညမညံ သဂါရတါ သပ္ပတိဿာ- ဟူ၍ သုတ္တနိပါတ် အဋ္ဌကထာ ဒု-၄၇-၌ ဖွင့်၏။ ထို့ကြောင့် "ပတိဿုဏန္တီတိ ပတိဿတာ"ဟု ဝစနတ္ထပြုသင့်၏။ ပတိဿုတာ-ဟု ဆိုလိုလျက် ဥကို အပြုထားသည်ဟုလည်း ကြံသင့်၏]။
သုဒ္ဓါ၊ အကျင့်သီလအားဖြင့် သန့်ရှင်းစင်ကြယ်ကြကုန်သည်။
(ဟုတွာ၊ ဖြစ်ကြကုန်၍)။
သုဒ္ဓေဟိ၊ အကျင့်သီလ သန့်ရှင်းစင်ကြည်သောရဟန်းတို့နှင့်။
သံဝါသံ၊ (ဥပုသ်ပဝါရဏာစသည်ဖြင့်) အတူတကွ ပေါင်းသင်းဆက်ဆံခြင်းကို။
ကပ္ပယဝှေါ၊ ပြုကြကုန်လော။
တတော၊ ထိုအကျင့်သီလ စင်ကြယ်သူ အချင်းချင်း ပေါင်းသင်းဆက်ဆံခြင်းကြောင့်။
သမဂ္ဂါ၊ ဒိဋ္ဌိသီလတူမျှ ညီညွတ်ကြကုန်သည်။
နိပကာ၊ စဉ်ကာမြင့်လျက် ရင့်ကျက်သော ပညာရှိသူတို့သည်။
(ဟုတွာ၊ ဖြစ်ကြကုန်၍)။
ဒုက္ခဿ၊ ဝဋ်ဒုက္ခအားလုံးကုန်၏။
အန္တံ၊ အဆုံးဖြစ်သော နိဗ္ဗာန်ကို။
ကရိဿထ၊ ကိုယ်တွေ့ဆိုက်ရောက် မျက်မှောက်ပြုကြကုန်လတ္တံ့။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)
ဒသမံ၊ ဆယ်ခုမြောက်သုတ်တည်း။
ပဌမော၊ ရှေးဦးစွာသော။
မေတ္တာဝဂ္ဂေါ၊ မေတ္တာဝဂ်တည်း။