Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Aṭṭhakanipātapāḷi
Aṭṭhakanipātapāḷi

3. Assājānīyasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ အဋ္ဌဟိ၊ ရှစ်ပါးကုန်သော။ အင်္ဂေဟိ၊ ဂုဏ်အင်္ဂါတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ရညော၊ ဘုရင်မင်း၏။ ဘဒ္ဒေါ၊ ကောင်းသော။ အဿာဇာနီယော၊ မြင်းအာဇာနည်သည်။ ဝါ၊ အကြောင်းဟုတ်သည် အကြောင်းမဟုတ်သည်ကိုသိသော မြင်းလိမ္မာသည်။ ရာဇာရဟော၊ မင်းအားထိုက်တန်သည်။ ရာဇဘောဂ္ဂေါ၊ မင်း၏အသုံးအဆောင်သည်။ ဝါ၊ မင်း၏အသုံးတော်ခံသည်။ ဟောတိ၊ ဖြစ်၏။ ရညော၊ မင်း၏။ အင်္ဂန္တေဝ၊ ခြေ လက် အင်္ဂါအစိတ်အပိုင်းနှင့် တူ၏ဟူ၍သာလျှင်။ ဝါ၊ စစ်မက်အင်္ဂါဟူ၍သာလျှင်။ သင်္ခံ၊ ခေါ်ဆိုအပ်သည်အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။
ကတမေဟိ၊ အဘယ်မည်ကုန်သော။ အဋ္ဌဟိ၊ ကုန်သော။ (အင်္ဂေဟိ၊ တို့နှင့်။ သမန္နာဂတော၊ သော။ ရညော၊ ၏။ ဘဒ္ဒေါ၊ သော။ အဿာဇာနီယော၊ သည်။ ရာဇာရဟော၊ သည်။ ရာဇဘောဂ္ဂေါ၊ သည်။ ဟောတိ၊ ဖြစ်သနည်း။ ရညော၊ ၏။ အင်္ဂန္တေဝ၊ လျှင်။ သင်္ခံ၊ သို့။ ဂစ္ဆတိ၊ ရောက်သနည်းဟူမူ)။
ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤသတ္တလောက၌။ ရညော၊ ၏။ ဘဒ္ဒေါ၊ သော။ အဿာဇာနီယော၊ သည်။ မာတိတော စ၊ အမိဘက်မှလည်းကောင်း။ ပိတိတော စ၊ အဖဘက်မှလည်းကောင်း။ ဥဘတော၊ နှစ်ဘက်လုံးတို့မှ။ သုဇာတော၊ (မျိုးရိုးသန့်စင်) ကောင်းစွာ ဖွားမြင်သည်။ ဝါ၊ မျိုးကွဲမစပ် သန့်ရှင်းသော ဇာတ်ရှိသည်။ ဟောတိ၊ ၏။
ယဿံ ဒိသာယံ၊ အကြင်အရပ်၌။ (အကြင်သိန္ဓုမြစ်ကမ်းအရပ်၌)။ အညေ၊ အခြားကုန်သော။ ဘဒ္ဒါ၊ ကောင်းကုန်သော။ အဿာဇာနီယာပိ၊ မြင်းအာဇာနည်တို့သည်လည်း။ ဇာယန္တိ၊ ပေါက်ဖွားကုန်၏။ တဿံ ဒိသာယံ၊ (သိန္ဓုမြစ်ကမ်းဖြစ်သော) ထိုအရပ်၌ပင်။ ဇာတော၊ ပေါက်ဖွားသည်။ ဟောတိ၊ ၏။
ပန၊ ထိုမှတပါး။ အဿ၊ ထိုမြင်းအာဇာနည်အား။ အလ္လံ ဝါ၊ စိုသောမြက်သော်လည်းဖြစ်သော။ သုက္ခံ ဝါ၊ ခြောက်သောမြက်သော်လည်းဖြစ်သော။ ယံ ဘောဇနံ၊ အကြင်စားဖွယ်ကို။ ဒေန္တိ၊ ပေးကြကုန်၏။ (သော၊ ထိုမြင်းအာဇာနည်သည်)။ တံ၊ ထိုစားဖွယ်ကို။ (မြက်ခြောက် မြက်စို ထိုထိုပေးသမျှစားဖွယ်ကို)။ အဝိကိရန္တော၊ ဖရိုဖရဲမဖြန့်ကြဲဘဲ။ သက္ကစ္စံယေဝ၊ (မညည်းမတွား) လေးလေးစားစားသာလျှင်။ ပရိဘုဉ္ဇတိ၊ စား၏။
ဥစ္စာရံ ဝါ၊ ကျင်ကြီးကိုလည်းကောင်း။ ပဿာဝံ ဝါ၊ ကျင်ငယ်ကိုလည်းကောင်း။ အဘိနိသီဒိတုံ ဝါ၊ ဖိ၍ထိုင်ခြင်းငှာလည်းကောင်း။ အဘိနိပဇ္ဇိတုံ ဝါ၊ ဖိ၍အိပ်ခြင်းငှာ လည်းကောင်း။ ဇေဂုစ္ဆီ၊ စက်ဆုပ်လေ့ရှိသည်။ ဟောတိ၊ ၏။
သောရတော၊ သန့်ရှင်းစင်ကြယ်တင့်တယ်သော အကျင့်၌ ပျော့်မွေ့သည်။ ဝါ၊ အကျင့်ကောင်းသည်။ သုခသံဝါသော၊ (အခြားသောမြင်းတို့နှင့်) ချမ်းသာစွာ အတူတကွ နေထိုင်ခြင်းရှိသည်။ ဟောတိ၊ ၏။ အညေ၊ အခြားကုန်သော။ အဿေ၊ မြင်းတို့ကို။ န စ ဥဗ္ဗေဇေတာ၊ ထိတ်လန့်စေတတ်သည်လည်းမဟုတ်။ (ကန်ကျောက်ခြင်း ကိုက်ခြင်း ခိုက်ရန်ဖြစ်ပွားခြင်းအားဖြင့် ထိတ်လန့်စေတတ်သည်လည်းမဟုတ်)။
ပန၊ ထိုမှတပါး။ အဿ၊ ထိုမြင်းအာဇာနည်၏။ **ယာနိ သာဌေယျာနိ**၊ အကြင်စဉ်းလဲသည်၏ အဖြစ်တို့သည်လည်းကောင်း။သာဌေယျာနိ ကူဋေယျာနိ။ ။ သဌဿ ဘာဝေါ သာဌေယျံ- စဉ်းလဲသော မြင်းအာဇာနည်၏အဖြစ်။ ဝါ- မြင်းအာဇာနည်၏ စဉ်းလဲခြင်းသဘော။ ကူဋဿ ဘာဝေါ ကူဋေယျံ- မြင်းအာဇာနည်၏ ကောက်ကျစ်သည်၏အဖြစ်။ ဝါ- ကောက်ကျစ်ခြင်းသဘော။ ဤသို့စသည်ဖြင့် ဝစနတ္ထပြု။
ဤသာဌေယျ စသော လေးပုဒ်တို့ဖြင့် အာဇာနည်မြင်းကို ယဉ်ကျေးအောင် မသင်ပြရသေးသည်အဖြစ်ကို ပြသည်ဟု အဋ္ဌကထာမိန့်၏။ ထို့ကြောင့် လိမ်မာအောင် မသင်ပြရသေးသည်ဖြစ်၍ ရိုင်းစိုင်းခြင်း သဘောကို သာဌေယျစသည် ခေါ်သည်ဟုသိရ၏။ ပရမတ္ထသဘာဝတရားကို ကောက်ပြရလျှင်ကား ကာယုဇုကတာ စိတ္တုဇုကတာတို့၏ ဆန့်ကျင်ဘက်ဖြစ်သော လောဘသဟဂုတ် စိတ္တုပ္ပါဒ်၏ ဖြစ်ပုံ အခြင်းအရာထူးတို့ကို သာဌေယျ ကူဋေယျ ဇိမှေယျ ဝင်္ကေယျ ခေါ်သည်ဟု ဋီကာမိန့်၏။
ထိုလေးပုဒ်တို့တွင် သဌဟူသည် အဘယ်နည်း။ ကူဋ ဇိမှ ဝင်္ကတို့ဟူသည်လည်း အဘယ်နည်းဆိုသည်ကို ခွဲခြားပြသင့်၏။ ထို့ကြောင့် မဇ္ဈိမပဏ္ဏာသ ကန္ဒရကသုတ် အဋ္ဌကထာ(၅)နှင့် ယင်း၏ဋီကာ (၄)တို့ကို ရောနှော ပေါင်းစပ်၍ ဖွင့်ပြထားသော ဤသုတ်ဋီကာမှ အကျဉ်းချုပ် ကောက်နုတ်ပြအံ့-
(၁) တနေရာရာ၌ ရပ်လိုသောအခါ လူတို့အတွက် ဘေးအန္တရာယ်ရှိသောနေရာ၌ ရပ်မည်။ (ဘေးအန္တရာယ်ရှိသော နေရာအရပ်၌ရပ်မှ သင့်လျော်မည်)ဟု စိတ်မမွေးမြူဘဲ နဂိုစိတ်ရင်းအတိုင်း ရပ်လိုသောနေရာ၌သာ ရပ်သောအာဇာနည်မြင်းသည် သဌမည်၏။
(၂)ထို့ပြင် ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကို အောက်သို့ချလိုသောအခါ၌လည်း လူတို့အတွက် အန္တရာယ်ရှိသောနေရာ၌ချအံ့ဟု သဘောမထားဘဲ ချလိုသောအရပ်၌ချသော အာဇာနည်မြင်းသည် ကူဋ မည်၏။
(၃) ရံခါ ဝဲဘက်လမ်းကဖြစ်စေ၊ ရံခါ ယာဘက်လမ်း၊ ရံခါ အဖြောင့်လမ်းကဖြစ်စေ သွားလိုလသော် လူတို့အတွက် အန္တရာယ်ရှိသောလမ်းက သွားမည်ဟု သဘောမထားဘဲ သူ၏ နဂိုစိတ်ရင်းအတိုင်း သွားလိုသောလမ်းကသွားသော အာဇာနည်မြင်းသည်လည်းကောင်း ထို့ပြင် ကျင်ကြီး ကျင်ငယ် စွန့်လိုသောအခါ တံမြက်စည်းလှည်းထား၍ သပ်ရပ်ပြောင်စင်နေသဖြင့် လူသူအများ ကျက်စား ပျော်မွေ့ဖွယ်ကောင်းသော အရပ်၌ မစွန့်သင့်။ အကွယ်အကာရှိသည့် တနေရာသို့သွား၍စွန့်မှသာ သင့်လျော်မည်ဟူသော စိတ်ကို မမွေးမြူဘဲ ထိုပြောင်စင်သပ်ရပ်သောနေရာ၌ပင် ကျင်ကြီး ကျင်ငယ်စွန့်သော အာဇာနည်မြင်းသည်လည်းကောင်း ဇိမှ မည်၏။
(၄) တနေရာရာ၌ သွားနေစဉ် လမ်းပေါ်မှ ဘေးဘက်သို့ဆင်း၍ ရပ်နားခြင်း, ရပ်နားပြီးနောက် တဖန် လမ်းပေါ်သို့တက်ခြင်းကိစ္စတို့ကို ပြုလုပ်သောအခါ လူတို့အတွက် ဘေးအန္တရာယ်ရှိသောနေရာ၌ မပြုလုပ်ဘဲ မိမိပြုလုပ်လိုသောနေရာ၌သာ ဆင်းမှု ရပ်နားမှု တက်မှုပြုလုပ်သော အာဇာနည်မြင်းသည် ဝင်္ကမည်၏။ ကောင်းစွာ မသင်ပြရသေး၍ မယဉ်ကျေးသေးသော အာဇာနည်မြင်းသည် ထိုသာဌေယျ စသော သဘော(၄)မျိုးတို့ကို ရထားထိန်းအား မကွယ်မဝှက်ဘဲ ပင်ကိုယ်စိတ်ရင်းအတိုင်း ဖော်ပြ၏။
ယာနိ ကူဋေယျာနိ၊ အကြင်ကောက်ကျစ်သည်၏ အဖြစ်တို့သည်လည်းကောင်း။ ယာနိ ဇိမှေယျာနိ၊ အကြင်မဖြောင့်မတ်သည် အဖြစ်တို့သည်လည်းကောင်း။ ယာနိ ဝင်္ကေယျာနိ၊ အကြင်ကောက်ကွေးသည်၏ အဖြစ်တို့သည်လည်းကောင်း။ ဟောန္တိ၊ ရှိကုန်၏။ (သော၊ ထိုအာဇာနည်မြင်းသည်)။ တာနိ၊ ထိုစဉ်းလဲ, ကောက်ကျစ်, မဖြောင့်မတ်, ကောက်ကွေးသည်အဖြစ်တို့ကို။ ယထာဘူတံ၊ အဖြစ်မှန်အတိုင်း။ သာရထိဿ၊ ရထားထိန်းအား။ အာဝိကတ္တာ၊ (ဖုံးကွယ်မထား) ထင်ရှားဖော်ပြတတ်သည်။ ဟောတိ၊ ၏။
အဿ၊ ထိုမြင်းအာဇာနည်၏။ တေသံ၊ ထိုစဉ်းလဲ, ကောက်ကျစ်, မဖြောင့်မတ် ကောက်ကွေးသည် အဖြစ်တို့ကို။ သာရထိ၊ ရထားထိန်းသည်။ အဘိနိမ္မဒနာယ၊ ဦးကျိုးမာန်ကင်း နှိမ်နင်းဆုံးမခြင်းငှာ။ ဝါယမတိ၊ ကြိုးစားအားထုတ်၏။
ပန၊ ထိုမှတပါး။ ဝါဟီ၊ (အမိန့်စကားလေးစားနာယူ၍) ဝန်ကို ထမ်းဆောင်တတ်သည်။ ဟောတိ၊ ၏။
အညေ၊ အခြားကုန်သော။ အဿာ၊ မြင်းတို့သည်။ ကာမံ ဝဟန္တု ဝါ၊ အကယ်၍ ထမ်းဆောင်ကြကုန်မူလည်း ထမ်းဆောင်ကြကုန်။ ကာမံ မာ ဝဟန္တု ဝါ၊ အကယ်၍ မထမ်းဆောင်ကြကုန်မူလည်း မထမ်းဆောင်ကြကုန်။ အဟံ၊ ငါသည်။ ဧတ္ထ၊ ဤဝန်ထမ်းခြင်းကိစ္စနှင့် ကြုံတွေ့နေရာအရပ်၌။ ဝဟိဿာမိ၊ ဝန်ထမ်းဆောင်အံ့။ ဣတိ၊ ဤသို့သော။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတိ၊ ဖြစ်စေ၏။
ပန၊ ထိုမှတပါး။ ဂစ္ဆန္တော၊ သွားလသော်။ ဥဇုမဂ္ဂေနေဝ၊ ဖြောင့်မတ်သော လမ်းဖြင့်သာလျှင်။ ဂစ္ဆတိ၊ သွား၏။
ယာဝ ဇီဝိတမရဏပရိယာဒါနာ၊ အသက်သေခြင်းဖြင့် အဆုံးသတ်သည်တိုင်အောင်။ ထာမဝါ၊ ကိုယ်ခွန်အားရှိသည်။ ထာမံ၊ ကိုယ်ခွန်အားကို။ ဥပဒံသေတာ၊ ဖော်ပြတတ်သည်။ ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။ အဋ္ဌဟိ၊ ကုန်သော။ ဣမေဟိ အင်္ဂေဟိ၊ ဤဂုဏ်အင်္ဂါတို့နှင့်။ပ။ သင်္ခံ၊ သို့။ ဂစ္ဆတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဧဝမေဝံ၊ ဤအတူပင်။ အဋ္ဌဟိ၊ ကုန်သော။ ဓမ္မေဟိ၊ တရားတို့နှင့်။ သမန္နာဂတော၊ သော။ ဘိက္ခု၊ ရဟန်းသည်။ အာဟုနေယျော၊ လေးစားကြည်ဖြူ အဝေးမှပင်ဆောင်ယူ၍ ပေးလှူအပ်သော ပစ္စည်းဝတ္ထုကို ခံယူတော်မူထိုက်သည်လည်းကောင်း။ပ။ လောကဿ၊ သတ္တဝါအပေါင်း၏။ အနုတ္တရံ၊ မိမိထက် သာလွန်ထူးမြတ်သောသူမရှိသော။ ဝါ၊ ထူးကဲသာလွန် မြင့်မြတ်ဆုံးဖြစ်သော။ ပုညက္ခေတ္တံ၊ ကုသိုလ်ကောင်းမှု မျိုးစေ့စု၏ ကြီးထုမြင့်မား ဖွံ့ထွားပေါက်ရောက်ရာ လယ်ယာမြေကောင်းအတူ ဖြစ်တော်မူသည်လည်းကောင်း။ ဟောတိ၊ ၏။
ကတမေဟိ၊ ကုန်သော။ အဋ္ဌဟိ၊ ကုန်သော။ (ဓမ္မေဟိ၊ တို့နှင့်။ သမန္နာဂတော၊ သော။ ဘိက္ခု။ပ။ ပုညက္ခေတ္တံ၊ ကောင်း။ ဟောတိ၊ နည်းဟူမူ)
ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ သည်။ သီလဝါ၊ သည်။ [ဤစာအုပ် စာမျက်နှာ(၂၇၅)သတ္တကနိပါတ် စာပိုဒ်(၇၅) ပဌမဝိနယဓရသုတ်ကြည့်]။ပ။
ပန၊ ထိုမှတပါး။ အဿ၊ ထိုရဟန်းအား။ လူခံ ဝါ၊ ကြမ်းတမ်းသည်သော်လည်းဖြစ်သော။ ပဏီတံဝါ၊ မွန်မြတ်သည်သော်လည်း ဖြစ်သော။ ယံ ဘောဇနံ၊ အကြင်ဘောဇဉ်ကို။ ဒေန္တိ၊ ပေးလှူကြကုန်၏။ တံ၊ ထိုဘောဇဉ်ကို (ကြမ်းတမ်း ကောင်းမြတ် ဆက်ကပ်လှူသမျှ ထိုထိုအာဟာရဘောဇဉ်ကို)။ အဝိဟညမာနော၊ (စိတ်ဆင်းရဲမှု ဒုက္ခဝေဒနာသည်) မနှိပ်စက်အပ်သည်။ ဝါ၊ စိတ်ဓာတ်မနွမ်း မပင်ပန်းသည်။ (ဟုတွာ၊ ဖြစ်၍)။ သက္ကစ္စံယေဝ၊ (မညည်းမတွား) လေးလေးစားစားသာလျှင်။ ပရိဘုဉ္ဇတိ၊ ဘုဉ်းပေး၏။
ကာယဒုစ္စရိတေန၊ ကိုလည်းကောင်း။ပ။ မနောဒုစ္စရိတေန၊ ကောင်း။ [စာပိုဒ်(၁၁)ဝေရဉ္စသုတ် ဤစာအုပ်စာမျက်နှာ (၃၅၅၊၃၅၇)ကြည့်]။ ဇေဂုစ္ဆီ၊ စက်ဆုပ်လေ့ရှိသည်။ ဟောတိ၊ ၏။
အနေကဝိဟိတာနံ၊ ကုန်သော။ပ။ သမာပတ္တိယာ၊ ကို။ ဇေဂုစ္ဆီ၊ သည်။ ဟောတိ၊ ၏။
သောရတော၊ သန့်ရှင်းစင်ကြယ်တင့်တယ်သော သုစရိတ်အမှု၌ ပျော်မွေ့သည်။ သုခသံဝါသော၊ (အခြားသောရဟန်းတို့နှင့်) ချမ်းသာစွာ အတူတကွ‌ နေထိုင်ခြင်းရှိသည်။ ဟောတိ၊ ၏။ အညေ၊ အခြားကုန်သော။ ဘိက္ခူ၊ တို့ကို။ န ဥဗ္ဗေဇေတာ၊ မထိတ်လန့်စေတတ်။ (ခြိမ်းခြောက်ခြင်း ခိုက်ရန်ဖြစ်ပွားခြင်းဖြင့် မထိတ်လန့်စေတတ်)။
ပန၊ ထိုမှတပါး။ အဿ၊ ထိုရဟန်း၏။ ယာနိ သာဌေယျာနိ၊ လည်းကောင်း။ပ။ ယာနိ ဝင်္ကေယျာနိ၊ ကောင်း။ ဟောန္တိ၊ ရှိကုန်၏။ (သော၊ ထိုရဟန်းသည်)။ တာနိ၊ တို့ကို။ ယထာဘူတံ၊ တိုင်း။ သတ္ထရိ ဝါ၊ ဆရာသခင်ဘုရားရှင်၌လည်းကောင်း။ ဝိညူသု၊ ပညာရှိဖြစ်ကုန်သော။ သဗြဟ္မစာရီသု ဝါ၊ သီတင်းသုံးဖော်တို့၌လည်းကောင်း။ အာဝိကတ္တာ၊ သည်။ ဟောတိ၊ ၏။
အဿ၊ ထိုရဟန်း၏။ တေသံ၊ တို့ကို။ သတ္ထာ ဝါ၊ ဆရာသခင် မြတ်စွာဘုရားရှင်သည်သော်လည်းကောင်း။ ဝိညူ၊ ပညာရှိဖြစ်သော။ သဗြဟ္မစာရီ ဝါ၊ သည်သော်လည်းကောင်း။ အဘိနိမ္မဒနာယ၊ ငှာ။ ဝါယမတိ၊ ၏။
ပန၊ ထိုမှတပါး။ သိက္ခိတာ၊ သိက္ခာသုံးပါးကို ဖြည့်ကျင့်တတ်သည်။ ဟောတိ၊ ၏။
အညေ၊ တပါးတခြားကုန်သော။ ဘိက္ခူ၊ တို့သည်။ ကာမံ သိက္ခန္တု ဝါ၊ အကယ်၍ ဖြည့်ကျင့်မှုလည်း ဖြည့်ကျင့်ကြကုန်။ ကာမံ မာ သိက္ခန္တု ဝါ၊ အကယ်၍ မဖြည့်ကျင့်မျုလည်း မဖြည့်ကျင့်ကြကုန်။ ဧတ္ထ၊ (သိက္ခာသုံးဖြာဖြည့်ကျင့်ရာ) ဤမြတ်စွာဘုရား သာသနာတော်၌။ အဟံ၊ သည်။ သိက္ခိဿာမိ၊ ဖြည့်ကျင့်အံ့။ ဣတိ၊ ဤသို့သော။ စိတ္တံ၊ စိတ်ကို။ ဥပ္ပါဒေတိ၊ ဖြစ်စေ၏။
ပန၊ ထိုမှတပါး။ ဂစ္ဆန္တော၊ သွားလသော်။ ဥဇုမဂ္ဂေနေဝ၊ ဖြောင့်မတ်သောလမ်းဖြင့်သာလျှင်။ ဂစ္ဆတိ၊ သွား၏။
တတြ၊ ထို ဥဇုမဂ္ဂေနေဝ ဂစ္ဆတိ- ဟူသော စကား၌။ အယံ၊ ဤပြဆိုအပ်လတ္တံ့သည်ကား။ ဥဇုမဂ္ဂေါ၊ ဖြောင့်မတ်သော လမ်းပေတည်း။ ဣဒံ( အယံ ဥဇုမဂ္ဂေါ)၊ ဤဖြောင့်မတ်သော လမ်းဟူသည်။ သေယျထာ၊ အဘယ်နည်းဟူမူ။ သမ္မာဒိဋ္ဌိ၊ မှန်ကန်သော ဉာဏ်အမြင်လည်းကောင်း။ပ။ သမ္မာသမာဓိ၊ မှန်ကန်သော တည်ကြည်မှုလည်းကောင်းတည်း။ ဝါ၊ မှန်ကန်စွာ စိတ်ကို ကောင်းမွန်တည်တံ့အောင် အာရုံ၌ထားတတ်သော သဘောတရားလည်းကောင်းတည်း။
သရီရေ၊ ခန္ဓာကိုယ်၌။ တစော စ၊ အရေသည်လည်းကောင်း။ နှာရု စ၊ အကြောသည်လည်းကောင်း။ အဋ္ဌိ စ၊ အရိုးသည်လည်းကောင်း။ ကာမံ အဝသိဿတု၊ အကယ်၍ပင် ကြွင်းကျန်တော့စေကာမူ။ မံသလောဟိတံ၊ အသားအသွေးသည်။ ကာမံ ဥပသုဿတု၊ အကယ်၍ပင် ခြောက်ခန်းသွားစေကာမူ။
ယံ တံ(ဂုဏဇာတံ)၊ အကြင်အရဟတ္တမဂ် ဖိုလ် ဂုဏ်ထူးသို့။ ပုရိသထာမေန၊ ယောကျ်ား၏ ဉာဏ်အစွမ်းအားဖြင့်။ ပုရိသဝီရိယေန၊ ယောကျ်ား၏ ဉာဏ်ဝီရိယဖြင့်။ ပုရိသပရက္ကမေန၊ ယောကျ်ား၏ ဉာဏ် လုံ့လဖြင့်။ ပတ္တဗ္ဗံ၊ ရောက်အပ်ရောက်နိုင်၏။ တံ(ဂုဏဇာတံ)၊ ထိုအရဟတ္တမဂ်ဖိုလ် ဂုဏ်ထူးသို့။ အပါပုဏိတွာ၊ မရောက်သေးမူ၍။ ဝီရိယဿ၊ လုံ့လ၏။ သဏ္ဌာနံ၊ ရပ်တန့်ဆုတ်နစ်ခြင်းသည်။ န ဘဝိဿတိ၊ မဖြစ်လတ္တံ့။ ဣတိ၊ ဤသို့ ထက်သန်စွာဖြင့်။ အာရဒ္ဓဝီရိယော၊ အားထုတ်အပ်သော ဝီရိယရျိသည်။ (ဟုတွာ၊ ဖြစ်၍) ဝိဟရတိ၊ နေ၏။ပ။
တတိယံ။