Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Aṭṭhakanipātapāḷi
Aṭṭhakanipātapāḷi

6. Anuruddhasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဧကံ၊ သော။ သမယံ၊ ၌။ ဘဂဝါ၊ သည်။ ကောသမ္ဗိယံ၊ ကောသမ္ဗီမြို့အနီး၌။ ဃောသိတာရာမေ၊ ဃောသိတကျောင်းတိုက်၌။ ဝါ၊ ဃောသိတသူဌေး၏ အာရာမ်၌။ ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။ အာယသ္မာ အနုရုဒ္ဓေါ၊ အရှင်အနုရုဒ္ဓါသည်။ ဒိဝါဝိဟာရံ၊ နေ့ပိုင်းအချိန်၌ သီးသန့်နေရာအရပ်သို့။ ဝါ၊ နေ့သန့်ရာအရပ်သို့။ ဂတော၊ ကြွရောက်လျက်။ ပဋိသလ္လီနော၊ တပါးတည်း ကိန်းအောင်းတော်မူသည်။ ဝါ၊ အာရုံများစွာ, စိတ်ကိုခွာ၍, ကောင်းစွာသန့်စင်, စိတ်ကြည်လင်ကြောင်း, ကိန်းအောင်းတော်မူသည်။ ဟောတိ၊ ဖြစ်၏။ [စတုက္ကနိပါတ်စာပိုဒ် (၂၁) ဥရုဝေလသုတ်၊ ဒုတိယအကြိမ်ရိုက် ဒုတိယတွဲနိဿယစာမျက်နှာ (၅၀၊ ၅၁)လည်းကြည့်]။
အထ ခေါ၊ ထိုအခါ၌။ သမ္ဗဟုလာ၊ များစွာကုန်သော။ မနာပကာယိကာ၊ မနာပကာယိကာမည်ကုန်သော။ ဝါ၊ စိတ်ကြိုက်ရုပ်သွင်ကို ဖန်ဆင်း၍ ပျော်မွေ့သော နတ်အပေါင်း၌ဖြစ်ကုန်သော။ ဒေဝတာ၊ နိမ္မာနရတိ နတ်သမီးတို့သည်။ [ပဉ္စကနိပါတ် စာပိုဒ်(၃၃) ဥဂ္ဂဟသုတ်လည်းကြည့်ပါ]။ ယေန၊ အကြင်အရပ်၌။ အာယသ္မာ အနုရုဒ္ဓေါ၊ သည်။ (အတ္ထိ၊ ရှိ၏)။ တေန၊ ထိုအရပ်၌။ ဝါ၊ သို့။ ဥပသင်္ကမိံသု၊ ရောက်လာကြကုန်ပြီ။
ဥပသင်္ကမိတွာ၊ ရောက်လာကြပြီး၍။ အာယသ္မန္တံ အနုရုဒ္ဓံ၊ အရှင်အနုရုဒ္ဓါကို။ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုးကြပြီး၍။ ဧကမန္တံ၊ တခုသောအရပ်၌။ အဋ္ဌံသု၊ ရပ်နေကြကုန်ပြီ။
ဧကမန္တံ၊ ၌။ ဌိတာ၊ ရပ်နေကြကုန်သော။ တာ ဒေဝတာ၊ ထို (နိမ္မာနရတိ) နတ်သမီးတို့သည်။ အာယသ္မန္တံ အနုရုဒ္ဓံ၊ အရှင်အနုရုဒ္ဓါကို။ ဧတံ၊ ဤစကားကို။ အဝေါစုံ၊ လျှောက်ကြကုန်ပြီ။ (ကိန္တိ၊ သို့။ အဝေါစုံ၊ နည်းဟူမူ)။
ဘန္တေ အနုရုဒ္ဓ၊ အရှင်အနုရုဒ္ဓါ။ မယံ မနာပကာယိကာ နာမ၊ တပည့်တော်မတို့ မနာပကာယိကာမည်ကုန်သော။ ဒေဝတာ၊ နတ်သမီးတို့သည်။ တီသု၊ သုံးမျိုးကုန်သော။ ဌာနေသု၊ အကြောင်းအရာဌာနတို့၌။ ဣဿရိယံ၊ စိုးမိုးအုပ်စီးနိုင်သည်အဖြစ်ကို။ ကာရေမ၊ ပြုစေနိုင်ပါကုန်၏။ ဝသံ၊ မိမိအလိုသို့။ ဝတ္တေမ၊ လိုက်စေနိုင်ပါကုန်၏။
ဘန္တေ အနုရုဒ္ဓ၊ ဒ္ဓါ။ မယံ၊ တပည့်တော်မတို့သည်။ ယာဒိသကံ၊ အကြင်ကဲ့သို့ တွေ့မြင်အပ်သော။ ဝဏ္ဏံ၊ အဆင်းကို။ အာကင်္ခါမ၊ (ရခြင်းငှာ) အလိုရှိကုန်အံ့။ တာဒိသကံ၊ ထိုကဲ့သို့ တွေ့မြင်အပ်သော။ ဝဏ္ဏံ၊ ကို။ ဌာနသော၊ တခဏချင်းအားဖြင့်သာလျှင်။ ပဋိလဘာမ၊ ရကြပါကုန်၏။
ယာဒိသကံ၊ သော။ သရံ၊ အသံကို။ (စကားသံ, သီချင်းသံ, အဆင်တန်ဆာ၏ အသံကို) အာကင်္ခါမ၊ အံ့။ပ။
သုခံ၊ ချမ်းသာကို။ပ။
ဒေဝတာ၊ တို့သည်။ တီသု၊ ကုန်သော။ ဣမေသု ဌာနေသု၊ ဤအကြောင်းအရာဌာနတို့၌။ ဣဿရိယံ၊ ကို။ ကာရေမ၊ ကုန်၏။ ဝသံ၊ သို့။ ဝတ္တေမ၊ ကုန်၏။ ဣတိ၊ သို့။ (အဝေါစုံ၊ လျှောက်ကုန်ပြီ)။
အထ ခေါ၊ ၌။ အာယသ္မတော အနုရုဒ္ဓဿ၊ အရှင်အနုရုဒ္ဓါမှာ။ ဧတံ၊ ဤသို့စဉ်းစားမိခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ (ကိန္တိ၊ အဘယ်သို့။ အဟောသိ၊ နည်းဟူမူ)။
ဣမာ ဒေဝတာ၊ ဤနတ်သမီးတို့သည်။ သဗ္ဗာဝ၊ အားလုံးတို့သည်ပင်။ နီလာ၊ ညိုကုန်သည်။ နီလဝဏ္ဏာ၊ ညိုသောအဆင်းရှိကုန်သည်။ နီလဝတ္ထာ၊ ညိုသောအဝတ် ရှိကုန်သည်။ နီလာလင်္ကာရာ၊ ညိုသောအဆင်တန်ဆာရှိကုန်သည်။ အဿု၊ ဖြစ်ပါကုန်မူကား။ အဟော ဝတ၊ ဪ ကောင်းလေစွာ့တကား။ ဣတိ၊ ဤသို့ စဉ်းစားမိခြင်းသည်။ (အဟောသိ၊ ပြီ)။
အထ ခေါ၊ စဉ်းစားမိရာ ထိုအခါ၌။ တာ ဒေဝတာ၊ ထိုနတ်သမီးတို့သည်။ အာယသ္မတော အနုရုဒ္ဓဿ၊ ၏။ စိတ္တံ၊ စိတ်ကို။ အညာယ၊ သိကြကုန်၍။ သဗ္ဗာဝ၊ အားလုံးတို့သည်ပင်။ နီလာ။ပ။ နီလာလင်္ကာရာ၊ ကုန်သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
အထ ခေါ၊ ယင်းသို့ဖြစ်ရာ ထိုအခါ၌။ပ။
ပီတာ၊ ရွှေဝါဖြစ်ကုန်သည်။ ပီတဝဏ္ဏာ၊ ရွှေဝါအဆင်းရှိကုန်သည်။ပ။ ပီတာလင်္ကာရာ၊ ရွှေဝါရောင်အဆင်တန်ဆာရှိကုန်သည်။ အဿု၊ မူကား။ အဟော ဝတ၊ ကား။ ဣတိ၊ ဤသို့ စဉ်းစားမိခြင်းသည်။ (အဟောသိ)။ပ။ သဗ္ဗာဝ၊ ပင်။ လောဟိတကာ၊ နီကုန်သည်။ လောဟိတကဝဏ္ဏာ၊ နီသောအဆင်းရှိကုန်သည်။ပ။ လောဟိတကာလင်္ကာရာ၊ ကုန်သည်။ အဿု၊ ကား။ အဟော ဝတ၊ ကား။ပ။ သဗ္ဗာဝ၊ ပင်။ ဩဒါတာ၊ ဖြူကုန်သည်။ ဩဒါတဝဏ္ဏာ၊ ဖြူသောအဆင်းရှိကုန်သည်။ပ။ ဩဒါတာလင်္ကာရာ၊ ရှိကုန်သည်။ အဿု၊ ကား။ အဟော ဝတ၊ ကား။ ဣတိ၊ သည်။ (အဟောသိ)
အထ ခေ၊ ါ၌။ပ။ ဩဒါတာလင်္ကာရာ အဟေသုံ၊ ကုန်ပြီ။
အထ ခေါ၊ ၌။ တာ ဒေဝတာ၊ တို့သည်။ ဧကာ စ၊ တယောက်သည်လည်း။ ဂါယိ၊ သီချင်းဆိုပြီ။ ဧကာ စ၊ လည်း။ နစ္စိ၊ ကပြီ။ ဧကာ စ၊ လည်း။ အစ္ဆရံ၊ လက်ဝါးပြင်ကို။ ဝါ၊ လက်ခုပ်ကို။ ဝါဒေသိ၊ မြည်စေပြီ။ ဝါ၊ တီးပြီ။
သေယျထာပိ နာမ၊ ဥပမာပြရလျှင်ကား။ သုဝိနီတဿ၊ ကောင်းစွာတီးမှုတ်အပ်သော၊ (ဆွဲငင်ခြင်း, လျော့လျော့ပြုခြင်း စသည်တို့ဖြင့် ကောင်းစွာတီးမှုတ်အပ်သော) သုပ္ပဋိပတာဠိတဿ၊ ကောင်းစွာ အထပ်ထပ်တီးခေါက်အပ်သော။ (မတင်းလွန်း, မလျော့လွန်း၍ အလယ်အလတ် အသံပမာဏ၌ တည်သည်အဖြစ်ကို သိခြင်းငှာ ကောင်းစွာ အထပ်ထပ် တီးခေါက်အပ်သော) ကုသလေဟိ၊ (တီးခြင်းငှာ) ကျွမ်းကျင်သူတို့သည်။ သုသမန္နာဟတဿ၊ ကောင်းစွာတီးမှုတ်အပ်သော။ **ပဉ္စင်္ဂိကဿ**၊ ငါးမျိုးသော အစိတ်အပိုင်းအင်္ဂါရှိသော။ပဉ္စင်္ဂီကဿ တူရိယဿ။ ။ အင်္ဂါငါးပါးရှိသော တူရိယာ-ဟု ဆိုရာ၌ အင်္ဂါငါးပါးဟူသည် အာတတ, ဝိတတ, အာတတဝိတတ, သုသိရ, ဃနဟူသော ငါးမျိုးတည်း။ ထိုငါးမျိုးတို့တွင်-
(၁) မျက်နှာဝ တဖက်ကိုသာ သားရေဖြင့်ပိတ်၍ ကြက်အပ်သောကြောင့် ဧကတလ (မျက်နှာပြင် တဖက်သာရှိသော) တူရိယာသည် အာတတမည်၏။ ကုမ္ဘထူဏ (အိုးစည်)၊ ဒဒ္ဒရိ(စည်ပုပ်) ‌စသော တဖက်ပိတ်တူရိယာကို ဆိုလို၏။ (၂) ဥဘယတလ (မျက်နှာပြင် နှစ်ဖက်ရှိသော) တူရိယာသည် ဝိတတမည်၏။ ဘေရီ(စည်ကြီး)၊ မုဒိင်္ဂ (မုရိုးစည်)စသော တူရိယာများတည်း။ (၃) အားလုံးစုံ သားရေပိတ်၍ ကြက်အပ်သော တူရိယာသည် အာတတ ဝိတတမည်၏။ စတုရဿမ္ဗဏ(လေးထောင့်ရှိသော အမ္ဗဏမည်သောစည်)၊ ပဏဝ(ထက်စည်) စသော လေးဘက်ပိတ်တူရိယာများတည်း။ (၄) နှဲ, ပလွေ, ခရုသင်း စသော တူရိယာသည် သုသိရမည်၏။ (၅)ခွက်ခွင်း (လင်းကွင်း), မောင်း, ကြေးနောင်, ဝါးပတ္တလား, ဝါးလက်ခုပ်စသည်သည် ဃနမည်၏။
ထိုဃနမည်သော တူရိယာကို ဖွင့်ပြရာဝယ် ဤသုတ်ဋီကာနှင့် မူလပဏ္ဏာသဋီကာ၊ ဒု(၂၂၀)စသည်တို့၌ သမ္မတာဠ (ဒဏ္ဍမယတာဠ)- သစ်သားဖြင့် ပြုလုပ်အပ်သော တူရိယာ (ဝါးပတ္တလား, ဝါးလက်ခုပ်စသည်)။ ကံသတာဠ- ကြေးဖြင့် ပြုလုပ်အပ်သောတူရိယာ (မောင်း, ကြေးနောင်, လင်းကွင်းစသည်)။ သိလာသကာကတာဠ- ကျောက်,သံပြားတို့ဖြင့် တီးခေါက်အပ်သော တူရိယာဟု ပြထားသည်။ အဋ္ဌသာလိနီ (၃၅၆)၌လည်း "သမ္မသဒ္ဒေါတိ ကံသတာဠ ကဋ္ဌတာဠသဒ္ဒေါ"ဟု ဖွင့်၏။ ထို၌ ကဋ္ဌတာလသည် သမ္မတာဠနှင့် အတူတူပင် ဖြစ်ရာ၏။ ဤသုတ်ဋီကာ၌ "သိလာယ အယောပတ္တေန စ ဝါဒနတာဠံ သိလာသလာကတာဠံ"ဟူ၍ မူလပဏ္ဏာသဋီကာအတိုင်း ပါဌ်မှန်ရှိစေရမည်။
တူရိယဿ၊ တူရိယာ၏။ သဒ္ဒေါ၊ အသံသည်။ ဝဂ္ဂု စ၊ သာယာနာပျော်ဖွယ်ကောင်းသည် လည်းကောင်း။ ရဇနီယော စ၊ စွဲမက်စေနိုင်သည်လည်းကောင်း။ ကမနီယော စ၊ နှစ်သက်ဖွယ်သည်လည်းကောင်း။ ပေမနီယော စ၊ ချစ်ခင်မှုကို ဖြစ်စေသည်လည်းကောင်း။ မဒနီယော စ၊ မာန်တက်ယစ်မူးစေတတ်သည်လည်းကောင်း။ ဟောတိ သေယျထာပိ၊ ဖြစ်သကဲ့သို့။
ဧဝမေဝံ၊ ဤအတူပင်။ တာသံ ဒေဝတာနံ၊ ထိုနတ်သမီးတို့၏။ အလင်္ကာရာနံ၊ တန်ဆာတို့၏။ သဒ္ဒေါ၊ သည်။ ဝဂ္ဂု စ၊ လည်းကောင်း။ပ။ မဒနီယော စ၊ ကောင်း။ ဟောတိ၊ ၏။
အထ ခေါ၊ (နတ်သမီးတို့က သီဆိုကပြ တီးမှုတ်ကြရာ)ထိုအခါ၌။ အာယသ္မာ အနုရုဒ္ဓေါ၊ သည်။ ဣန္ဒြိယာနိ၊ ဣန္ဒြေတို့ကို။ ဝါ၊ မျက်လွှာတို့ကို။ ဩက္ခိပိ၊ အောက်သို့ချပြီ။
အထ ခေါ၊ ထိုအခါ၌။ တာ ဒေဝတာ၊ တို့သည်။ "အယျော အနုရုဒ္ဓေါ၊ အရှင်အနုရုဒ္ဓါသည်။ န သာဒိယတိ၊ မသာယာ။ ဣတိ၊ ဤသို့ သိကြသောကြောင့်။ တတ္ထေဝ၊ ထိုနေရာ၌ပင်။ အန္တရဓါယိံသု၊ ကွယ်ပျောက်ကြကုန်ပြီ။
အထ ခေါ၊ ၌။ အာယသ္မာ အနုရုဒ္ဓေါ၊ သည်။ သာယနှသမယံ၊ ညနေချမ်းအခါ၌။ ပဋိသလ္လာနာ၊ တပါးတည်း ကိန်းအောင်းတော်မူရာမှ။ ဝါ၊ အာရုံများစွာ, စိတ်ကိုခွာလျက်, ငြိမ်သက်ကိန်းဝပ်, ဖလသမာပတ်မှ၊ ဝုဋ္ဌိတော၊ ထတော်မူပြီးသည်။ (ဟုတွာ၊ ဖြစ်၍)။ပ။
ဘန္တေ၊ မြတ်စွာဘုရား၊ ဣဓ၊ ဤအရပ်၌။ အဟံ၊ တပည့်တော်သည်၊ ဒိဝါဝိဟာရံ၊ သို့။ ဂတော၊ ရောက်လျက်။ ပဋိသလ္လီနော၊ သည်။ ဟောမိ၊ ဖြစ်ပါ၏။
အထ ခေါ၊ ၌။ပ။ ယေန၊ ၌။ အဟံ၊ တပည့်တော်သည်။ (အသ္မိ၊ ရှိ၏)။ပ။
ဘန္တေ၊ ရား။ ဧကမန္တံ၊ ၌။ ဌိတာ၊ ရပ်နေကြကုန်သော။ တာ ဒေဝတာ၊ တို့သည်။ မံ၊ တပည့်တော်ကို။ပ။
ဘန္တေ၊ ရား။ တဿ မယှံ၊ ထိုတပည့်တော်၏။ ဝါ၊ ထိုတပည့်တော်မှာ။ ဧတံ၊ ဤသို့ စဉ်းစားမိခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ (ကိန္တိ၊ သို့။ အဟောသိ)။ပ။
ဘန္တေ၊ ရား။ အထခေါ၊ ၌။ အဟံ၊ တပည့်တော်သည်။ ဣန္ဒြိယာနိ၊ တို့ကို။ ဩက္ခိပိံ၊ ပြီ။ပ။
ဘန္တေ၊ ရား။ ကတိဟိ၊ အဘယ်မျှ ပမာဏရှိကုန်သော။ ဓမ္မေဟိ၊ တရားတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ မာတုဂါမော၊ မိန်းမသည်။ ကာယဿ၊ ၏။ [စာပိုဒ်(၃၃) ဒါနဝတ္ထုသုတ်နှင့် စာပိုဒ်(၁၁) ဝေရဉ္စသုတ်၊ ဤစာအုပ် စာမျက်နှာ(၃၇၅၊ ၃၇၆၊ ၄၇၄)ကြည့်]။ပ။ ဒေဝါနံ၊ နတ်တို့၏။ သဟဗျတံ၊ အတူတကွဖြစ်ဖက် အဖော်သဟဲ၏အဖြစ်သို့။ ဥပပဇ္ဇတိ နုခေါ၊ လားရောက်ပါသနည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မေးမြန်းလျှောက်ထားပြီ)
အနုရုဒ္ဓ၊ ဒ္ဓါ။ အဋ္ဌဟိ၊ ရှစ်ပါးကုန်သော။ ဓမ္မေဟိ၊ တို့နှင့်။ပ။ ဥပပဇ္ဇတိ၊ လားရောက်၏။
ကတမေဟိ၊ အဘယ်မည်ကုန်သော။ အဋ္ဌဟိ၊ ကုန်သော။ (ဓမ္မေဟိ၊ တို့နှင့်။ပ။ ဥပပဇ္ဇတိ၊ လားရောက်သနည်းဟူမူ)
အနုရုဒ္ဓ၊ ဒ္ဓါ။ ဣဓ၊ ဤလောက၌။ မာတုဂါမော၊ မိန်းမသည်။ [ပုဗ္ဗုဋ္ဌာယိနီ စသည်၌ စပ်] မာတာပိတရော၊ သူမ၏ မိဘတို့သည်။ အတ္ထကာမာ၊ အကျိုးကို လိုလားကုန်သည်။ ဟိတေသိနော၊ စီးပွားကို ရှာမှီးလေ့ ရှိကုန်သည်။ အနုကမ္ပကာ၊ ငဲ့ညှာ‌ထောက်ထား, သနားကုန်သည်။ (ဟုတွာ၊ ဖြစ်ကြကုန်၍) အနုကမ္ပံ၊ ငဲ့ညှာထောက်ထား သနားမှုကို။ ဥပါဒါယ၊ အကြောင်းပြု၍။ (တံ၊ ထိုသူမကို) ယဿ ဘတ္တုနော၊ အကြင်လင်ယောကျ်ားအား။ ဒေန္တိ၊ ထိမ်းမြား ပေးအပ်ကြကုန်၏။ တဿ( ဘတ္တုနော)၊ ထိုလင်ယောကျ်ား၏။ ပုဗ္ဗုဋ္ဌာယိနီ၊ (အိမ်နေသူ လူအားလုံးတို့၏) ရှေးဦးစွာ အိပ်ရာမှ ထလေ့ရှိသူမသည်။ ဝါ၊ (လင်ယောကျ်ားကို မြင်သည်နှင့် တပြိုင်နက် မီးခဲကို နင်းမိသည့်ပမာ ကပျာကယာ) ရှေးဦးစွာ ထိုင်နေရာမှ ထပေးလေ့ရှိသူမသည်။ ပစ္ဆာနိပါတိနီ၊ (အိမ်နေသူ လူအားလုံးတို့ အိပ်ပြီးသည့်) နောက်မှသာ အိပ်လေ့ရှိသူမသည်။ ကိင်္ကာရပဋိဿာဝိနီ၊ ဘယ်ဟာ ဘယ်ဟာကို ပြုရမည်နည်းဟု မေးမြန်း၍ ပြုရမည့် ကိစ္စကို နာခံနေသူမသည်။ မနာပစာရိနီ၊ နှစ်သက်မြတ်နိုးဖွယ် အပြုအမူကိုသာ ပြုကျင့် လေ့ရှိသူမသည်။ ပိယဝါဒိနီ၊ ချစ်ဖွယ်စကားကိုသာ ပြောဆိုလေ့ရှိသူမသည်။ ဟောတိ၊ ဖြစ်၏။
ဘတ္တု၊ လင်ယောကျ်ား၏။ မာတာတိ ဝါ၊ မိခင်ဟူသည်လည်း ဖြစ်သော။ ပိတာတိ ဝါ၊ ဖခင်ဟူသည်လည်း ဖြစ်သော။ သမဏ ဗြာဟ္မဏာတိဝါ၊ ရဟန်းပုဏ္ဏားတို့ ဟူသည်လည်း ဖြစ်ကုန်သော။ ယေ တေ ဂရုနော၊ အကြင်အလေးဂရုပြုထိုက်သော ပုဂ္ဂိုလ်တို့သည်။ ဟောန္တိ၊ ရှိကုန်၏။ (မာတုဂါမော၊ သည်) တေ ဂရုနော၊ ထိုအလေးဂရုပြုထိုက်သော ပုဂ္ဂိုလ်တို့၏။ သက္ကရောတိ၊ ရိုသေသမှုကောင်းစွာ ပြုစု၏။ ဂရုံကရောတိ၊ အလေးဂရုပြု၏။ မာနေတိ၊ မြတ်နိုး၏။ ပူဇေတိ၊ ပူဇော်၏။ စ၊ ထို့အပြင်။ အဗ္ဘာဂတေ၊ မိမိထံမှောက် ရောက်လာကြကုန်သော။ (တေ ဂရုနော၊ ထိုအလေးဂရုပြုထိုက်သော ပုဂ္ဂိုလ်တို့ကို) အာသနောဒကေန၊ နေရာ, ခြေဆေးရေဖြင့်။ ပဋိပူဇေတိ၊ ပူဇော်၏။
ဘတ္တု၊ ၏။ ဥဏ္ဏာတိ ဝါ၊ သိုးမွေးလုပ်ငန်းဟူသည်လည်း ဖြစ်ကုန်သော။ ကပ္ပါသာတိ ဝါ၊ ဝါချည်လုပ်ငန်းဟူသည်လည်း ဖြစ်ကုန်သော။ အဗ္ဘန္တရာ၊ အိမ်တွင်းရေးရာ ဖြစ်ကုန်သော။ ယေ တေ ကမ္မန္တာ၊ အကြင်လုပ်ငန်းတို့သည်။ (သန္တိ၊ ရှိကုန်၏) (မာတုဂါမော၊ သည်) တတ္ထ၊ (သိုးမွေး ဝါချည်ဆိုင်ရာ) ထိုအိမ်တွင်း လုပ်ငန်းတို့၌။ ဒက္ခာ၊ ကျွမ်းကျင်သည်။ အနလသာ၊ မပျင်းရိသည်။ တတြုပါယာယ၊ (သိုးမွေး ဝါချည်ဆိုင်ရာ) ထိုအိမ်မှုလုပ်ငန်း၌ ပြီးစီးစေနိုင်သော အကြောင်း ဥပါသ်ဖြစ်သော၊ ဝီမံသာယ၊ (ဤအချိန်၌ ဤလုပ်ငန်း ပြုလုပ်သင့်၏ဟု)စူးစမ်းဆင်ခြင်တတ်သော ဉာဏ်ပညာနှင့်၊ သမန္နာဂတာ၊ ပြည့်စုံသည်။ ကာတုံ၊ ကိုယ်တိုင်ပြုလုပ်ခြင်းငှာ။ အလံ၊ စွမ်းနိုင်သည်။ သံဝိဓါတုံ၊ စီမံခန့်ခွဲခြင်းငှာ။ ဝါ၊ သူတပါးတို့ကို စေခိုင်ခြင်းငှာ။ အလံ၊ စွမ်းနိုင်သည်။ ဟောတိ၊ ၏။
ဘတ္တု၊ လင်ယောကျ်ား၏။ အဗ္ဘန္တရော၊ အိမ်တွင်းနေသူဖြစ်သော။ ဒါသာတိ ဝါ၊ ကျွန်းများဟု ဆိုအပ်သူ လူအပေါင်းလည်း ဖြစ်သော။ ပေဿာတိ ဝါ၊ အစေခံများဟု ဆိုအပ်သူ လူအပေါင်းလည်း ဖြစ်သော။ ကမ္မကရာတိ ဝါ၊ အလုပ်သမားများဟု ဆိုအပ်သူ လူအပေါင်းလည်း ဖြစ်သော။ ယော သော အန္တောဇနော၊ အကြင်အတွင်းသူ အတွင်းသား လူအများသည်။ (အတ္ထိ၊ ရှိ၏။) တေသံ၊ ထိုအတွင်းသူ အတွင်းသားတို့၏။ ကတဉ္စ၊ ပြုလုပ်အပ်ပြီးသော လုပ်ငန်းကိုလည်း။ ကတတော၊ ပြုလုပ်အပ်ပြီးသော လုပ်ငန်းအဖြစ်အားဖြင့်။ ဝါ၊ ပြုလုပ်အပ်ပြီး လုပ်ငန်းဟူ၍၊ ဇာနာတိ၊ သိ၏။ ဝါ၊ သိအောင်ဂရုစိုက်၏။ အကတဉ္စ၊ မပြုအပ်သေးသော လုပ်ငန်းကိုလည်း။ အကတတော၊ မပြုအပ်သေးသော လုပ်ငန်း၏ အဖြစ်အားဖြင့်။ ဝါ၊ ဟူ၍။ ဇာနာတိ၊ ၏။ ဂိလာနကာနဉ္စ၊ မကျန်းမာသော ထိုသူတို့၏လည်း။ ဗလာဗလံ၊ အားရှိသည်, အားမရှိသည် အဖြစ်ကို။ ဇာနာတိ၊ ၏။ စ၊ ထို့အပြင်။ အဿ၊ ထိုအတွင်းသူ အတွင်းသား လူအများအား။ ခါဒနီယံ၊ ခဲဖွယ်ကိုလည်းကောင်း။ ဘောဇနီယံ၊ ဘောဇဉ်ကို လည်းကောင်း။ ပစ္စံသေန(ပတိအံသေန)၊ မိမိ မိမိတို့ ကိုယ်စီကိုယ်င ရထိုက်သော ဝေစုဖြင့်။ သံဝိဘဇတိ၊ ခွဲခြမ်းဝေဖန်ပေး၏။
[ထို့နောက် ပဉ္စကနိပါတ်စာပိုဒ်(၃၃) ဥဂ္ဂဟသုတ်အတိုင်း "ယံ ဘတ္တာ"ဟု ပါဌ်ရှိပါစေ] ဘတ္တာ၊ လင်ယောကျ်ားသည်။ ယံ ဓနံ ဝါ၊ အကြင်ဥစ္စာကိုလည်းကောင်း။ ယံ ဓညံ ဝါ၊ အကြင်စပါးကိုလည်းကောင်း။ ယံ ရဇတံ ဝါ၊ အကြင်ငွေကို လည်းကောင်း။ [ပါဠိတော်၌ "ရဇတံ ဝါ"ပါဌ်ကျနေသည်] ယံ ဇာတရူပံ ဝါ၊ အကြင်ရွှေကိုလည်းကောင်း။ အာဟရတိ၊ ဆောင်ယူ၏။ တံ၊ ထိုဆောင်ယူအပ်သော ဥစ္စာစပါးရွှေငွေကို။ အာရက္ခေန၊ စောင့်ရှောက်ခြင်းဖြင့်။ ဂုတ္တိယာ၊ လုံခြုံအောင် ထိန်းသိမ်းခြင်းဖြင့်၊ သမ္ပာဒေတိ၊ ပြည့်စုံစေ၏။ စ၊ ထို့အပြင်။ တတ္ထ၊ ထိုဥစ္စာစပါး ရွှေငွေ၌။ အဓုတ္တီ၊ သေရည်သောက်စား, ယောကျ်ားနှင့်ပျော်, အပျက်အချော် မိန်းမ မဟုတ်သည်။ အထေနီ၊ ခိုးဝှက်သူမ မဟုတ်သည်၊ အသောဏ္ဍီ၊ သေသောက်ကြူးမ မဟုတ်သည်၊ အဝိနာသိကာ၊ ဖျက်ဆီးသူမမဟုတ်သည်။ ဟောတိ၊ ၏။
ပန၊ ထို့အပြင်။ ဥပါသိကာ၊ ရတနာသုံးရပ် ဆည်းကပ်သူမသည်။ ဗုဒ္ဓံ၊ ဘုရားရတနာကို။ သရဏံ၊ အားကိုးအားထားရာဟူ၍။ ဂတာ၊ ဆည်းကပ်သူမသည်။ ဓမ္မံ၊ တရားရတနာကို။ သရဏံ၊ ၍။ ဂတာ၊ သည်။ သံဃံ၊ သံဃာရတနာကို။ သရဏံ၊ ၍။ ဂတာ၊ သည်။ ဟောတိ၊ ၏။
ပန၊ ထို့အပြင်။ သီလဝတီ၊ သီလရှိသည်။ ပါဏာတိပါတာ၊ မှ။ ပဋိဝိရတာ၊ အမြဲအစဉ်ရှောင်ကြဉ်သည်လည်းကောင်း။ အဒိန္နာဒါနာ၊ မှ။ [စာပိုဒ်(၃၉) အဘိသန္ဒသုတ်၊ ဤစာအုပ်စာမျက်နှာ(၄၉၁)ကြည့်] ပဋိဝိရတာ၊ ကောင်း။ပ။ ဟောတိ၊ ၏။
ပန၊ ထိုမှတပါး။ စာဂဝတီ၊ စွန့်ကြဲပေးကမ်းမှု ကုသိုလ်ရှိသည်။ ဟောတိ၊ ဖြစ်၏။
ဝိဂတမလမစ္ဆေရေန၊ သော။ စေတသာ၊ ဖြင့်။ပ။ ဒါနသံဝိဘာဂရတာ၊ လျက်။ အဂါရံ၊ ၌။ အဇ္ဈာဝသတိ၊ နေ၏။ [သတ္တကနိပါတ်စာပိုဒ်(၆) ဤစာအုပ်စာမျက်နှာ (၂၅) ဝိတ္ထတ ဓနသုတ်ကြည့်]
အနုရုဒ္ဓ၊ ဒ္ဓါ။ အဋ္ဌဟိ၊ ကုန်သော။ ဣမေဟိ ဓမ္မေဟိ၊ ဤတရားတို့နှင့်။ သမန္နာဂတော၊ သော။ပ။ ဥပပဇ္ဇတိ၊ ၏။ ဣတိ (အဝေါစ၊ မိန့်ပြီ)။
[ဂါထာ] ယော( ဘတ္တာ)၊ အကြင်ယောကျ်ားသည်။ အာတာပိ၊ အပူတပြင်း လွန်မင်းစွာ ကြိုးစားလျက်။ ဥဿုကော၊ ကြောင့်ကြစိုက်လျက်။ နံ၊ ထိုမိမိမယားကို။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ နိစ္စံ၊ အမြဲ။ ဘရတိ၊ မွေးမြူ၏။ ဝါ၊ ကျွေးမွေးစောင့်ရှောက်၏။
သောတ္ထိ(သုဣတ္ထီ)၊ ကောင်းသော မိန်းမသည်။ သဗ္ဗကာမဒံ၊ လိုချင်ရာအားလုံးကို ပေးကမ်းလျက်။ ပေါသံ၊ မွေးမြူသော။ တံ ဘတ္တာရံ၊ ထိုလင်ကို။ န အတိမညတိ၊ ကျော်လွန်၍ မမှတ်ထင်။ ဝါ၊ ကျော်လွန်၍အခြားယောကျ်ားကို မတောင့်တ။ တံ ဘတ္တာရံ၊ ထိုလင်ကို။ ဣဿာဝါဒေန၊ ငြူစူရွဲ့စောင်း မကောင်းပြောခြင်းဖြင့်။ န စာပိ ရောသယေ၊ ဒေါသဖြစ်ပွားမစော်ကားလည်း မစော်ကား။
စ၊ ထို့အပြင်။ ပဏ္ဍိတာ၊ ပညာရှိအမျိုးသမီးသည်။ ဘတ္တု၊ လင်၏။ သဗ္ဗေ၊ အားလုံးကုန်သော။ ဂရုနော၊ အလေးဂရုပြုထိုက်သော မိဘ စသည်တို့ကို။ ပဋိပူဇေတိ၊ ပူဇော်၏။
(ပဏ္ဍိတာ၊ ပညာရှိသော အမျိုးသမီးသည်) ဥဋ္ဌာဟိကာ၊ ထကြွအားထုတ်ပြုလုပ်၏။ အနလသာ၊ မပျင်းရိ။ သင်္ဂဟိတပရိဇ္ဇနာ၊ ချီးမြှောက်အပ်သော နှစ်ဖက်သော ဆွေးမျိုးအသိုင်းအဝိုင်းရှိ၏။ (ချစ်မြတ်နိုးခြင်း လက်ဆောင်ပေးပို့ခြင်း စသည်ဖြင့် မိမိ၏ဆွေမျိုး, လင်ယောကျ်ား၏ဆွေမျိုးတို့ကို ချီးမြှောက်တတ်၏။)
ဘတ္တု၊ လင်၏။ မနာပံ၊ စိတ်နှလုံးကို တိုးပွားစေတတ်သော အပြုအမူကို။ စရတိ၊ ပြုကျင့်၏။ သမ္ဘတံ၊ (ကုန်သွယ်လယ်လုပ်ခြင်းစသည်ဖြင့်) ရှာဖွေဆောင်ယူထားအပ်သော ပစ္စည်းဥစ္စာကို။ အနုရက္ခတိ၊ အစဉ်မပြတ်စောင့်ရှောက်၏။
ယာ နာရီ၊ အကြင်မိန်းမသည်။ ဘတ္တု၊ လင်၏။ ဆန္ဒဝသာနုဂါ၊ ဆန္ဒအလိုအကြိုက်သို့ အစဉ်လိုက်လျက်။ ဧဝံ၊ ဤဟောပြအပ်ခဲ့သည့်အတိုင်း။ ဝတ္တတိ၊ လိုက်နာပြုကျင့်၏။
သာ နာရီ၊ ထိုမိန်းမသည်။ [ဥပပဇ္ဇတိ-၌စပ်] ယတ္ထ၊ အကြင်နတ်ပြည်၌။ မနာပါ နာမ၊ မနာပါမည်ကုန်သော။ ဝါ၊ စိတ်ကြိုက်ဖန်ဆင်းအပ်သော ရုပ်သွင်၌ ပျော်မွေ့ကြကုန်သော။ တေ ‌ဒေဝါ၊ ထိုနိမ္မာနရတိနတ်တို့သည်။ (သန္တိ၊ ရှိကုန်၏။ တတ္ထ၊ ထိုနတ်ပြည်၌) ဥပပဇ္ဇတိ၊ ဖြစ်ရ၏။ ဣတိ(အဝေါစ)
ဆဋ္ဌံ။