Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Aṭṭhakanipātapāḷi
Aṭṭhakanipātapāḷi

7. Paṭhamabalasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ဗလာနိ၊ ခွန်အားတို့သည်။ ဣမာနိ အဋ္ဌ၊ ဤရှစ်မျိုးတို့တည်း။
အဋ္ဌ၊ ရှစ်မျိုးတို့ဟူသည်။ ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
ဘိက္ခဝေ၊ တို့။ ဒါရကာ၊ သူငယ်တို့သည်။ ရုဏ္ဏဗလာ၊ ငိုကြွေးခြင်းဟူသော ခွန်အားရှိကုန်၏။ မာတုဂါမာ၊ မိန်းမတို့သည်။ ကောဓဗလာ၊ အမျက်ဒေါသဟူသော ခွန်အားရှိကုန်၏။ စောရာ၊ သူခိုးဓားပြတို့သည်။ အာဝုဓဗလာ၊ လက်နက်ဟူသော ခွန်အားရှိကုန်၏။ ရာဇာနော၊ ဘုရင်မင်းတို့သည်။ ဣဿရိယဗလာ၊ အစိုးရသည် အဖြစ်ဟူသော ခွန်အားရှိကုန်၏။ ဝါ၊ စိုးမိုးအုပ်ချုပ်သူ၏ဖြစ်ကြောင်း ဘုရင့်ရာထူးဌာနန္တရဟူသော ခွန်အားရှိကုန်၏။ ဗာလာ၊ လူမိုက်တို့သည်။ ဥဇ္ဈတ္တိဗလာ၊ ကဲ့ရဲ့ခြင်းဟူသော ခွန်အားရှိကုန်၏။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ နိဇ္ဈတ္တိဗလာ၊ (အကြောင်းနည်းလမ်း ဟုတ်သည်, မဟုတ်သည်ကို)တွေးကြံကြည့်ရှုခြင်းဟူသော ခွန်အားရှိကုန်၏။ ဗဟုဿုတာ၊ များသောအကြားအမြင်ရှိသူတို့သည်။ ပဋိသင်္ခါနဗလာ၊ အဖန်ဖန်ဆင်ခြင်စဉ်းစားခြင်းဟူသော ခွန်အားရှိကုန်၏။ သမဏဗြာဟ္မဏာ၊ ရဟန်း သူတော်ကောင်းတို့သည်။ ခန္တိဗလာ၊ သည်းခံခြင်းဟူသော ခွန်အားရှိကုန်၏။ ဘိက္ခဝေ၊ တို့။ ဗလာနိ၊ တို့သည်။ ဣမာနိ အဋ္ဌ၊ တို့တည်း။ ဣတိ(အဝေါစ)
သတ္တမံ။