ဘိက္ခဝေ၊ တို့။
မလာနိ.၊ အညစ်အကြေးတို့သည်။
ဣမာနိ အဋ္ဌ၊ ဤရှစ်မျိုးတို့တည်း။
အဋ္ဌ၊ ရှစ်မျိုးတို့ဟူသည်။
ကတမာနိ၊ အဘယ်တို့နည်းဟူမူ။
ဘိက္ခဝေ၊ တို့။
မန္တာ၊ ရွတ်ဖတ်သင်ယူအပ်သော အတတ်ပညာတို့သည်။
အသဇ္ဈာယမလာ၊ မရွတ်အံ့ မလေ့ကျက်ခြင်းဟူသော (မေ့ပျောက်ကြောင်း) အညစ်အကြေးရှိကုန်၏။
ဝါ၊ မရွတ်အံ့ မလေ့ကျင့်ခြင်းကြောင့် မေ့ပျောက်ပျက်စီးကုန်၏။ [အသဇ္ဈာယော မလံ ဧတေသံ မန္တာနန္တိ အသဇ္ဈာယမလာ= မရွတ်အံ့ခြင်းဟူသော အညစ်အကြေးရှိသော မန္တန် (အတတ်ပညာ)များ]။
ဘိက္ခဝေ၊ တို့။
ဃရာ၊ အိမ်တို့သည်။
အနုဋ္ဌာနမလာ၊ ထကြွလုံ့လ ဝီရိယမရှိခြင်းဟူသော (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။
ဝါ၊ ထကြွလုံ့လဝီရိယဖြင့် မပြုပြင်ခြင်းကြောင့် ပျက်စီးကုန်၏။ [ဟောင်းနွမ်း ဆွေးမြည့်သော နေရာများကို အသစ်တဖန် မပြုပြင်ခြင်း ရေနံမသုတ်ခြင်း စသည်ဖြင့် ထကြွလုံ့လ ဝီရိယဖြင့် မပြုပြင် မစောင့်ရှောက်ခြင်းကြောင့် အိမ်တို့သည် ပျက်စီးကုန်၏ဟု ဆိုလို၏]။
ဘိက္ခဝေ၊ တို့။
ကောသဇ္ဇံ၊ ပျင်းရိခြင်းသည်။
ဝါ၊ ပျင်းရိခြင်းကြောင့် ကိုယ်လက်သုတ်သင် သန့်စင်မှုမပြုခြင်းသည်။
ဝဏ္ဏဿ၊ ကိုယ်အဆင်း၏။
မလံ၊ ညစ်နွမ်းကြောင်းအညစ်အကြေးတည်း။
ဘိက္ခဝေ၊ တို့။
ပမာဒေါ၊ သတိပျောက်ကင်း မေ့လျော့ခြင်းသည်။
ရက္ခတော၊ စီးပွားဥစ္စာ ထိန်းသိမ်း စောင့်ရှောက်သောသူ၏။
မလံ၊ အညစ်အကြေးတည်း။ (ပစ္စည်းဥစ္စာ မြန်စွာပျက်သုဉ်းဆုံးရှုံးကြောင်း အညစ်အကြေးတည်း)။
(တနည်း) ပမာဒေါ၊ ဒွါရခြောက်ပေါက် စောင့်ရှောက်မှုကင်း မေ့လျော့ခြင်းသည်။
ရက္ခတော၊ ကိလေသာတရား မြစ်တားစောင့်ရှောက်သောရဟန်း၏။
မလံ၊ တားမနိုင် ဆီးမရ ပါပလိလေသာ ဝင်ရောက်လာသဖြင့် ဤသာသနာ ကျင့်သိက္ခာမှ မြန်စွာစုတေ ရွေ့လျောစေတတ်သော အညစ်အကြေး ဘေးအန္တရာယ်တည်း။ ဤသို့လည်း ရဟန်းအတွက် သီးသန့် အနက်ဆိုနိုင်၏။
ဘိက္ခဝေ၊ တို့။
ဒုစ္စရိတံ၊ အခြားယောကျ်ားနှင့် ဖောက်ပြား ပျော်ပိုက် ဒုစရိုက်အကုသိုလ်သည်။
ဣတ္ထိယာ၊ မိန်းမ၏။
မလံ၊ (ဒုက္ခရောက်ကြောင်း) အညစ်အကြေး ဘေးအန္တရာယ်တည်း။
ဘိက္ခဝေ၊ တို့။
မစ္ဆေရံ၊ မပေးရက်လို သဝန်တိုခြင်းသည်။
ဒဒတော၊ စွန့်ကြဲ ပေးကမ်းလှူဒါန်းသော သူ၏။
မလံ၊ အညစ်အကြေးတည်း (ကြံတိုင်းမပေါက် လှူမမြောက်သဖြင့် ခုနောက်စိုးစံ နိဗ္ဗာန်လူနတ် သုံးရပ်စီးပွား ဆီးတားညစ်ကြေး ဘေးအန္တရာယ်တည်း)။
ဘိက္ခဝေ၊ တို့။
ပါပကာ၊ ယုတ်မာကုန်သော။
အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့သည်။
အသ္မိံ လောကေ စ၊ ဤယခု ပစ္စုပ္ပန်ဘဝ၌လည်းကောင်း။
ပရမှိ လောကေ စ၊ နောင်တမလွန်ဘဝ၌လည်းကောင်း။
မလာ၊ အညစ်အကြေးတို့တည်း။ (သုခစီးပွား ဆီးတားညစ်ကြေး ဘေးအန္တရာယ်တို့တည်း)။
ဘိက္ခဝေ၊ တို့။
အဝိဇ္ဇာ၊ မောဟအမိုက်တိုက်ဖြစ်သော အဝိဇ္ဇာသည်။ (သစ္စာလေးပါး အစရှိသော ရှစ်ဌာနတို့၌ မသိတတ်သောတရားဖြစ်၍ သံသရာဝဋ်ဒုက္ခ၏ မူရင်းဇာတ်မြစ်ဖြစ်သော ထူထဲသော မောဟ အမိုက်တိုက်ဖြစ်သော အဝိဇ္ဇာသည်)။
တတော မလာ၊ (မိမိမှ ကြွင်းသော) ထိုဆိုအပ်ပြီးသော အကုသိုလ်အညစ်အကြေးအားလုံးထက်။
မလတရံ၊ သာ၍ ဆိုးသွမ်း ညစ်နွမ်းသော အညစ်အကြေးတည်း။
အဝိဇ္ဇာ၊ အဝိဇ္ဇာသည်။
ပရမံ၊ လွန်ကဲဆိုးသွမ်းဆုံးဖြစ်သော။
မလံ၊ အညစ်အကြေးတည်း။
ဘိက္ခဝေ၊ တို့။
မလာနိ၊ တို့သည်။
ဣမာနိ အဋ္ဌ၊ တို့တည်း။
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)။
[ဂါထာ] မန္တာ၊ တို့သည်။
အသဇ္ဈာယမလာ၊ ရှိကုန်၏။ပ။
[မလိတ္ထိယာ- မလံ+ဣတ္ထိယာ-ဟု ပုဒ်ဖြတ်]။
ဒုစ္စရိတံ၊ သည်။
ဣတ္ထိယာ၊ ၏။
မလံ၊ တည်း။ပ။
ပါပကာ၊ ကုန်သော။
ဓမ္မာ၊ အကုသိုလ်တရားတို့သည်။
အသ္မိံ လောကေ စ၊ လည်းကောင်း။
ပရမှိ လောကေ စ၊ ကောင်း။
ဝေ၊ စင်စစ်ဧကန် အမှန်ပင်။
မလာ၊ အညစ်အကြေးမည်ကုန်၏။ပ။
ဣတိ(အဝေါစ) ပဉ္စမံ။