Issues
選擇版本
နိဿယ
မြန်မာဘာသာ
AI-汉译-Nissaya
簡體中文
Abhidhānappadīpikāṭīkā

4. Abyayavaggavaṇṇanā

作者: နိဿယ @ IAPT

(ယခုအခါ၌ အဗျယဝဂ် အဘွင့်ဋီကာကို ပြုစီရင် လိုသော ဆရာသည် စိရဿမာဒယော၊ စသည်ကိုမိန့်)။ စိရဿမာဒယော၊ စိရဿံစကုန်သော။ စတ္တာရော၊ လေးပုဒ်တို့သည်။ စိရတ္ထကာ၊ ကြာမြင့်စါာဟူသော အနက်ကို ဟောကုန်၏။
စိရာယစိရာစ၊ စိရာယသဒ္ဒါ၊ စိရာသဒ္ဒါတို့သည်လည်း။ အတြ၊ ဤကြာမြင့်စါာ ဟောနိပါတ်ပရိယာယ်၌။ အတ္ထိ၊ ရှိကုန်၏။ (ထည့်ပါ။ စာအစောင်စောင်၌ ပင်စိရာယစိရာတတြ၊ ဟူ၍ ချည်းရှိကြ၏။ တုလုဇပဌမက္ခရာစ၌အာဒီဃနှင့် တကွစာတြဟူ၍ သာရှိလိုသည်။သို့မှ အနက်သဘောလျော်မည်ထင်သည်)။
သဟာဒယောပိ၊ သဟစသည်လည်းဖြစ်ကုန်သော။ စတ္တာရော၊ လေးပုဒ်တို့သည်။ သဟတ္ထာ၊ တကွဟူသော အနက်ကို ဟောကုန်၏။
ပုနပ္ပုနံအာဒယော၊ ပုနပ္ပုနံ စကုန်သော။ ပဉ္စ၊ ငါးပုဒ်တို့သည်။ ပုနပ္ပုနတ္ထာ၊ အဘန်တလဲလဲ ဟူသော အနက်ကို ဟောကုန်၏။
ဝိနာဒယော၊ ဝိနာစကုန်သော။ ပဉ္စ၊ ငါးပုဒ်တို့သည်။ ဝဇ္ဇနတ္ထာ၊ ကြဉ်ခြင်းအနက်ရှိကုန်၏။
ဗလဝံ၊ ဗလဝံ သဒ္ဒါသည်၎င်း။ သုဋ္ဌု၊ သုဋ္ဌု သဒ္ဒါသည်၎င်း။ အတိဝ၊ သည်၎င်း။ ကိမုတ၊ သည်၎င်း။ သု၊ သည်၎င်း။ ဧတေဆ၊ ဤခြောက်ပုဒ်တို့သည်။ အတိသယတ္ထေ၊ လွန်ကဲခြင်းအနက်၌။ သိယုံ၊ ကုန်၏။
ပသံသာယဉ္စ၊ ချီးမွမ်းခြင်း၌လည်း။ သုဋ္ဌု၊ သုဋ္ဌုသဒ္ဒါသည်ဖြစ်၏။
ပဉှေပိ၊ အမေး၌လည်း။ ကိမုတ၊ ကိမုတသဒ္ဒါသည်ဖြစ်၏။
အာဟော၊ အာဟောသဒ္ဒါသည်၎င်း။ ကိံ၊ ကိံ သဒ္ဒါသည်၎င်း။ ကိမု၊ ကိမုသဒ္ဒါသည်၎င်း။ ဥဒါဟု၊ ဥဒါဟု သဒ္ဒါသည်၎င်း။ ကိမုတ၊ ကိမုတ သဒ္ဒါသည်၎င်း။ ဥဒ၊ ဥဒသဒ္ဒါသည်၎င်း။ ဧတေဆ၊ ဤခြောက်ပုဒ်တို့သည်။ ဝိကပ္ပေဝိတက္ကေ၊ အထူး ကြံခြင်းနှိုက်။ သိယုံ၊ ကုန်၏။
တတြ၊ ထိုခြောက်ပုဒ်တို့တွင်။ အာဟောသဒ္ဒေါ၊ အာဟောသဒ္ဒါသည်။ ဒီဃာဒိ၊ အစ၌ ဒီဃပြု။ ဝါ၊ အစဒီဃရှိ၏။ ဟိ၊ မှန်၏။
ဒိဋ္ဌော၊ ဒိဋ္ဌသဒ္ဒါသည်၎င်း။ အာဟော၊ သည်၎င်း။ ဥဒါဟုစ၊ သည်၎င်း။ ဝိကပ္ပတ္ထေပိ၊ ဝိကပ္ပ အနက်၌၎င်း။ ဝိဘာဝနေ၊ ထင်စွာပြခြင်း၌၎င်း။ သိယုံ၊ ကုန်၏။ ဣတိ၊ သို့။ ဘာဂုရိ၊ ဘာဂုရိဆရာမိန့်၏။ (ဥဒါဟရုဏ်ကို ပြအံ့ငှာ ခါဏုဒယ၊ စသည်ကိုမိန့်)။
အယံ၊ ဤမည်းနက်ကြုတ်ကြုတ်၊ ငုတ်ရရုတ်သည်။ ခါဏု၊ သစ်ငုတ် လေလော။ အာဟော၊ သို့မဟုတ် မူကား။ ပုရိသော၊ ယောင်္ကျားလေလော။ ဣတိ၊ ဤကားဥဒါဟရုဏ်။ (ထည့်ပါ)။
ရုဒ္ဒေါတု၊ ရုဒ္ဒဆရာကား။ ရဿာဒိ၊ အစရဿရှိသည်ကို။ ဣဿရေပိ၊ အစိုးရခြင်း၌၌၎င်း။ အဓိကေပိ၊ လွန်ခြင်း၌၎င်း။ ဝိကပ္ပေ၊ အထူးကြံ့ခြင်း၌၎င်း။ ဝိမှယေဝိ၊ အံ့ဩဘွယ်၌၎င်း။ အဟော၊ အဟောသဒ္ဒါသည်။ သိယာ၊ ၏။ ဣတိ၊ သို့။ အာဟ၊ ၏။
ကိမုသဒ္ဒေါ၊ သည်။ ရဿန္တော၊ ရဿ အဆုံးရှိ၏။
အယံ၊ ဤသည်ကား။ ကိမု၊ အသို့နည်း။ ခါဏု၊ သစ်ငုတ်လေလော။ ကိမု၊ အသို့နည်း။ ပုရိသော၊ ယောင်္ကျားလေလော။
ဥဒသဒ္ဒေါ၊ သည်။ ရဿာဒိ၊ ရဿ အစရှိ၏။
အယံ၊ ဤသည်ကား။ ဓုမော၊ အခိုးလေလော။ ဥဒ၊ သို့မဟုတ်မူကား။ ကာပေါတံ၊ ခိုအပေါင်းလေလော။ ဣတိ၊ ဤကား ဥဒါဟရုဏ်။ (ကာပေါတံ၌ ပစ္စည်းကို ညွှန်းလိုရကား သမူဟတ္ထေဏောကိုမိန့်)။ သမူဟတ္ထေ၊ ၌။ ဏော၊ သက်။
ကိဉ္စသဒ္ဒေါပိ၊ ကိဉ္စသဒ္ဒါသည်လည်း။ ဝိကပ္ပေ၊ ၌ဖြစ်၏။
ကိမုတသဒ္ဒေါ၊ သည်။ အတိသယေ၊ လွန်ကဲခြင်း၌ဖြစ်၏။ ဣတိ၊ သို့။ ဝုတ္တော၊ ၏။
ဘော၊ ဘောသဒ္ဒါသည်၎င်း။ အရေ၊ သည်၎င်း။ အမ္ဘော၊ သည်၎င်း။ ဟမ္ဘော၊ သည်၎င်း။ ရေ၊ သည်၎င်း။ ဇေ၊ သည်၎င်း။ အင်္ဂ၊ သည်၎င်း။ အာဝုသော၊ သည်၎င်း။ ဟေ၊ သည်၎င်း။ ဟရေ၊ သည်၎င်း။ ဧတေဒသ၊ ထိုဆယ်ပုဒ်တို့သည်။ အဝှါနေ၊ ခေါ်ဝေါ်ခြင်း၌ဖြစ်ကုန်၏။
ဟံဟောသဒ္ဒါပိ၊ ဟံသဒ္ဒါ၊ ဟောသဒ္ဒါတို့သည် လည်း။ အတြ၊ ဤအဝှါနတ္ထဇောတကနိပါတ်၌။ သန္တိ၊ ရှိကုန်၏။ (ထည့်ပါ)။
ကထံ၊ ကထံသဒ္ဒါသည်၎င်း။ ကိံသု၊ သည်၎င်း။ နနု၊ သည်၎င်း။ ကစ္စိနု၊ သည်၎င်း။ ကိံ၊ သည်၎င်း။ ဧတေပဉ္စ၊ ဤငါးပုဒ်တို့သည်။ သမာနတ္ထာ၊ ပုစ္ဆာအနက်အားဖြင့် တူသော အနက်ရှိကုန်၏။
အဓုနာ၊ ၎င်း။ ဧတရဟိ၊ ၎င်း။ ဣဒါနိ၊ ၎င်း။ သမ္ပတိစ၊ ၎င်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးပုဒ်တို့သည်။ ဣဒါနီတျတ္ထေ၊ ဣဒါနိဟူသော သဒ္ဒါ၏ အနက်၌ဖြစ်ကုန်၏။ ဝါ၊ ယခုအခါဟူသော အနက်၌ ဖြစ်ကုန်၏။
အညဒတ္ထု၊ သည်၎င်း။ တဂ္ဃ၊ သည်၎င်း။ သသက္ကံ၊ သည်၎င်း။ အဒ္ဓါ၊ သည်၎င်း။ ကာမံ၊ သည်၎င်း။ ဇာတု၊ သည်၎င်း။ ဝေ၊ သည်၎င်း။ ဟဝေ၊ သည်၎င်း။ ဧတေအဋ္ဌ၊ ဤရှစ်ပုဒ်တို့သည်။ ဧကံသေဧကံသတ္ထေ၊ စင်စစ်ဟူသော အနက်၌ဖြစ်ကုန်၏။
ယာဝတာဒယော၊ ယာဝတာအစရှိကုန်သော။ သတ္တ၊ ခုနစ်ပုဒ်တို့သည်။ ပရိစ္ဆေဒတ္ထဝါစကား၊ ပိုင်းခြားခြင်း အနက်ကို ဟောကုန်၏။
တတြ၊ ထိုခုနစ်ပုဒ်တို့တွင်။ ယာဝတာယာဝါတိဒွေ၊ ယာဝတာ၊ ယာဝဟူကုန်သော ဤနှစ်ပုဒ်တို့သည်။ အနိယမပရိစ္ဆေဒတ္ထဝါစကာ၊ မမှတ်သော အားဖြင့် ပိုင်းခြားခြင်းအနက်ကို ဟောကုန်၏။
တာဝတာတာဝဧတ္တာဝတာတိ၊ ဟူကုန်သော ဤသုံးပုဒ်တို့သည်။ နိယမပရိစ္ဆေဒတ္ထဝါစကာ၊ မှတ်သောအားဖြင့် ပိုင်းခြားခြင်းအနက်ကို ဟောကုန်၏။
ကိတ္တာဝတာကီဝေတိ၊ ဝဟူကုန်သော ဤနှစ်ပုဒ်တို့သည်။ ပရိစ္ဆေဒ ပုစ္ဆနတ္တဝါစကာ၊ ပိုင်းခြားခြင်း၌ မေးခြင်းအနက်ကို ဟောကုန်၏။
ယထာ၊ ယထာသဒ္ဒါသည်၎င်း။ တထာ၊ ၎င်း။ ယထေဝ၊ ၎င်း။ ဧဝံ၊ ၎င်း။ ယထာနာမ၊ ၎င်း။ ယထာဟိ၊ ၎င်း။ သေယျထာပိ၊ ၎င်း။ ဧဝမေဝံ၊ ၎င်း။ တထဝ၊ ၎င်း။ ယထာပိ၊ ၎င်း။ ဧဝံပိ၊ ၎င်း။ သေယျထာပိနာမ၊ ၎င်း။ ယထရိဝ၊ ၎င်း။ ယထာစ၊ ၎င်း။ ဝိယ၊ ၎င်း။ တထရိဝ၊ တထရိဝသဒ္ဒါ၎င်း။ ဣစ္စေတေသတ္တရဿ၊ ဤတဆဲ့ခုနစ်ပုဒ်တို့သည်။ ပဋိဘာဂတ္ထေသဒိသတ္ထေ၊ အထူဟူသော အနက်၌။ ဘဝန္တိ၊ ကုန်၏။
သံ၊ သံသဒ္ဒါ၎င်း။ သာမံ၊ ၎င်း။ သယဉ္စ၊ ၎င်း။ ဣတိ၊ သို့။ တယော၊ သုံးပုဒ်တို့သည်။ သယမိစ္စတ္ထေ၊ သယံသဒ္ဒါ၏ အနက်၌။ ဘဝန္တိ၊ ကုန်၏။
အာမ၊ သည်၎င်း။ သာဟု၊ သည်၎င်း။ လဟု၊ သည်၎င်း။ ဩပါယိကံ၊ သည်၎င်း။ ပတိရူပံ၊ သည်၎င်း။ သာဓု၊ သည်၎င်း။ ဧဝံ၊ သည်၎င်း။ ဧတေသတ္တ၊ ဤခုနစ်ပုဒ်တို့သည်။ သမ္ပဋိစ္ဆနတ္ထေ၊ ဝန်ခံခြင်းအနက်၌။ ဘဝန္တိ၊ ကုန်၏။
အာမန္တာပိ၊ အာမန္တာသဒ္ဒါသည်လည်း။ အတြ၊ ဤဝန်ခံခြင်းအနက်ကို ဟောသောပရိယာယ်၌ရှိ၏။
ယမာဒယော၊ ယံအစရှိကုန်သော။ ဆ၊ ခြောက်ပုဒ်တို့သည်။ ကာရဏတ္ထေ၊ အကြောင်းဟူသော အနက်၌။ သိယုံ၊ ကုန်၏။
စနသဒ္ဒေါ၊ ၎င်း။ စိသဒ္ဒေါစ၊ ၎င်း။ ဣတိ၊ သို့။ ဒွေ၊ နှစ်ပုဒ်တို့သည်။ အသာကလျေအသကလတ္ထေ၊ အလုံးစုံမဟုတ်သော အနက်၌။ ဝါ၊ အစိတ်ဟူသောအနက်၌။ ဘဝန္တိ၊ ကုန်၏။
ကဒါစန၊ ရံခါ။ ကဒါစိ၊ ရံခါ။ ဣတျာဒိပယော ဂေါ၊ ဤသို့ စသည်ကား ပြယုဂ်တည်း။
မုဓာသဒ္ဒေါ၊ မုဓာသဒ္ဒါသည်။ နိပ္ဖလေဖလရဟိတေ၊ အကျိုးမှကင်းသည်၌။ ဘဝတိ၊ ၏။ နိပ္ပယောဇနေ၊ အကျိုးမရှိသည်၌။ ဣတိအတ္ထော၊ ဤကားအနက်။
အမူလေပိစ၊ အရင်းမရှိသည်၌လည်း။ မုဓာ၊ မုဓာသဒ္ဒါသည်ဖြစ်၏။
ဇာတုသဒ္ဒေါ၊ သည်။ ဧကံသေပိ၊ စင်စစ်ဟူသော အနက်၌လည်း။ ဘဝတိ၊ ၏။
သဗ္ဗတော၊ ၎င်း။ သမန္တတော၊ ၎င်း။ ပရိတော၊ ၎င်း။ သမန္တာစ၊ ၎င်း။ ဣတိ၊ သို့။ စတ္တာရော၊ လေးပုဒ်တိုသည်။ တုလျတ္ထာ၊ တူသော အနက်ရှိကုန်၏။
န၊ ၎င်း။ အ၊ ၎င်း။ နော၊ ၎င်း။ မာ၊ ၎င်း။ အလံ၊ ၎င်း။ နဟိ၊ ၎င်း။ ဣစ္စေတေဆ၊ ဤခြောက်ပုဒ်တို့သည်။ နိသေဓေ၊ မြစ်ခြင်း၌။ ဘဝန္တိ၊ ကုန်၏။
စေ၊ စေသဒ္ဒါ၎င်း။ သစေ၊ သဒ္ဒါ၎င်း။ ယဒိ၊ ၎င်း။ ဣတိ၊ သို့။ တယော၊ သုံးပုဒ်တို့သည်။ ယဒျတ္ထေ၊ ယဒိအနက်၌။ ဝါ၊ အကယ်၍ ဟူသော အနက်၌။ ဘဝန္တိ၊ ကုန်၏။
သဒ္ဓံသဒ္ဒေါ၊ သည်။ အနုကူလတ္ထေ၊ လျော်သော အနက်၌။ ဘဝတိ၊ ၏။
ရတ္တံ၊ ရတ္တံသဒ္ဒါသည်၎င်း။ ဒေါသောစ၊ သည်၎င်း။ ရဇနီယမိစ္စတ္ထေ၊ တပ်စွန်းခြင်းဟူသော အနက်၌။ ဘဝတိ၊ ၏။
ဒိဝါသဒ္ဒေါ၊ သည်။ အဟေမဟနီတျတ္ထေ၊ အဟနိသဒ္ဒါ၏ အနက်၌။ ဝါ၊ ရက်၌ ဟူသော အနက်၌။ ဘဝတိ၊ ၏။
ဤသံ၊ သည်၎င်း။ ကိဉ္စိ၊ သည်၎င်း။ မနံ၊ သည်၎င်း။ ဣစ္စတေ၊ ဤသဒ္ဒါတို့သည်။ အပ္ပတ္ထေ၊ အနည်းငယ်ဟူသော အနက်၌။ ဘဝတိ၊ ၏။
အတက္ကိတေအဝိတက္ကိတေ၊ မကြံသည်၌။
ဗလက္ကာရေတု၊ အနိုင်အထက်မူခြင်း ၌ကး။ သာဟသံ၊ သာသဟသဒ္ဒါသည်ဖြစ်၏။ (အာကာရန္တနိဂ္ဂဟိတန္တအထူးတည်း)။
အဂ္ဂတော၊ အဂ္ဂတောသဒ္ဒါသည်၎င်း။ ပုရတောစ၊ ပုရတောသဒ္ဒါသည်၎င်း။ ပုရေဣစ္စတ္ထေ၊ ပုရေဟူသော သဒ္ဒါ၏ အနက်၌ ဖြစ်၏။ ဝါ၊ ရှေးဟူသော အနက်၌ဖြစ်၏။
ပေစ္စ အမုတြသဒ္ဒါ၊ ပေစ္စသဒ္ဒါ၊ အမုတြသဒ္ဒါတို့သည်။ ဘဝန္တရေ၊ ဘဝအထူး၌။ ဝါ၊ တမလွန်၌။ ဘဝတိ၊ ၏။ (ထည့်သည်)။
အာဟောစ၊ ၎င်း။ ဟိစ၊ ၎င်း။ ဣတိ၊ သို့။ ဧတေ၊ ထိုသဒ္ဒါတို့သည်။ ဝိမှယေ၊ အံ့ဩဘွယ်၌။ ဘဝေ၊ ၏။
ဝိကပ္ပေပိ၊ အထူးကြံခြင်း၌လည်း။ အာဟော၊ အာဟောသဒ္ဒါသည်ဖြစ်၏။
သမ္မောဒေပိ၊ ဝမ်းမြောက်ခြင်း၌လည်း။ ဟိ၊ ဟိသဒ္ဒါသည်ဖြစ်၏။
တုဏှီ သဒ္ဒေါ၊ သည်။ မောနေအဘာသနေ၊ စကားမပြောခြင်း၌ဖြစ်၏။
အာဝိ၊ အာဝိသဒ္ဒါသည်၎င်း။ ပါတုစ၊ ပါတုသဒ္ဒါသည်၎င်း။ ပါကဋတ္ထေ၊ ထင်ရှားခြင်းအနက်၌ဖြစ်၏။
သဇ္ဇုသပဒိသဒ္ဒါ၊ သဇ္ဇုသဒ္ဒါ၊ သပဒိသဒ္ဒါတို့သည်။ တခင်္ဏေတျတ္ထေ၊ ထိုခဏ၌ဟူသော အနက်၌ဖြစ်ကုန်၏။
သုဒံ၊ သုဒံ သဒ္ဒါသည်၎င်း။ ခေါ၊ သည်၎င်း။ အဿု၊ သည်၎င်း။ ယဂ္ဃေ၊ သည်၎င်း။ ဝေ၊ သည်၎င်း။ ဟာဒယောဟကာရာဒယောစ၊ တို့သည်၎င်း။ ပဒပူရဏေ၊ ပုဒ်ပြည့်ကာမျှ၌။ သိယုံ၊ ကုန်၏။
အန္တရေန၊ အန္တရေန သဒ္ဒါသည်၎င်း။ အန္တရာ၊ သည်၎င်း။ အန္တောစ၊ သည်၎င်း။ ဧတေ၊ ထိုသဒ္ဒါတို့သည်။ အဗ္ဘန္တရေဣစ္စတ္ထေ၊ အဗ္ဘန္တရေဟူသော ပုဒ်၏ အနက်၌။ ဝါ၊ အတွင်း၌ ဟူသော အနက်၌။ သိယုံ၊ ကုန်၏။
အဝဿံ၊ သည်၎င်း။ နူနစ၊ သည်၎င်း။ နိစ္ဆယတ္ထေ၊ ဆုံးဖြတ်ခြင်းအနက်၌ဖြစ်၏။
သံသဒ္ဒေါ၊ သည်၎င်း။ ဒိဋ္ဌာသဒ္ဒေါ၊ သည်၎င်း။ အာနန္ဒတ္ထေ၊ အလွန်ှစ်သက်ခြင်းအနက်၌ဖြစ်၏။
ဥပဇော၊ ဥပဇသဒ္ဒါသည်၎င်း။ သမံပိ၊ သည်၎င်း။ အတြ၊ ဤအလွန်နှစ်သက်ခြင်း ဟော ပရိယာယ်၌ရှိ၏။
ကာမပ္ပဝေဒနေဣစ္ဆာယအက္ခာနေ၊ အလိုကို ကြားခြင်း၌။ (ထိုကို ဘွင့်လိုရကား ကစ္စိစသည်ကိုမိန့်)။ ကစ္စိ၊ အသို့နည်း။ တေ၊ ငါသည်။ ဣဒံ၊ ဤအသက်ရှင်ခြင်းကို။ အဘိမတံ၊ အလိုရှိအပ်၏။ ဣစ္စတ္ထေ၊ ဤသို့ သော အနက်၌။
ဥဿူယောပဂမေဿူယာပုဗ္ဗကေဥပဂမေ၊ ငြူစူခြင်းရှေးမရှိသော ငြူစူခြင်း ကင်းသော အနက်၌။
ကာမာ၊ ကာမာသဒ္ဒါသည်။ အကာမာနုမတိယံ၊ အလိုကို စူးစမ်းခြင်း၌၎င်း။ (အသဒ္ဒါကား တဗ္ဘာဝ)။
ဥဿူယောပဂမေပိစ၊ ငြူစူခြင်းမှ ကင်းခြင်း၌ ၎င်း။
ဥဿူယောပဂမာနုဉာဏေပိ၊ ငြူစူခြင်းမှ ကင်းခြင်းကို အခွင့်ပြုခြင်း၌၎င်း။ ဘဝေ၊ ၏။ အယံအတ္ထော၊ သည်။ ဒိဿတေ၊ ထင်၏။ ဣတိရုဒ္ဒေါ၊ ဤကား ရုဒ္ဒကျမ်းတည်း။
ယတတ္တမိတိ၊ ယထတ္တံ ဟူသည်ကား။ သစ္စံ၊ ဟုတ်မှန်သော သဘောတည်း။
တထဿ၊ ဟုတ်မှန်သော သဘောကို။ အနတိက္ကမော၊ မလွန်ကျူးခြင်းတည်း။ ယထာတထံ၊ ဟုတ်မှန်သော သဘောကို မလွန်ကျူးခြင်း။ ယထာတ္ထေ၊ ယထာအနက်၌။ အဗျယီဘာဝေါ၊ အဗျယီဘာဝသမာသ်တည်း။
အယံတထသဒ္ဒေါ၊ ဤတထသဒ္ဒါသည်။ ဘူတပရိယာယော၊ ဘူတပရိယာယ်တည်း။
သဒါသဒ္ဒေါ၊ သည်၎င်း။ သနသဒ္ဒေါ၊ သည်၎င်း။ ဣတိ၊ ဤသဒ္ဒါနှစ်ခုတို့သည်။ နိစ္စေ၊ အမြဲဟူသော အနက်၌ဖြစ်ကုန်၏။
သနံသဒ္ဒေါပိ၊ သည်လည်း။ အတြ၊ ဤအမြဲဟော ပရိယာယ်၌ရှိ၏။
ပါယော၊ သည်၎င်း။ ဗာဟုလျဉ္စ၊ သည်၎င်း။ သမာ၊ တူသော အနက်ရှိကုန်၏။
ပဉ္စကံ၊ နိပါတ်ငါးခု အပေါင်းသည်။ ဗာဟျေ၊ အပ၌ဖြစ်၏။
သဏိကံ သဒ္ဒေါ၊ သည်။ အသီဃေ၊ နှေးသည်၌ဖြစ်၏။
သမ္မာသုဋ္ဌု တိဒွေ၊ သမ္မာ၊ သုဋ္ဌု ဟူကုန်သော သဒ္ဒါနှစ်ခုတို့သည်။ အဘိဓာနာနိ၊ အနက်ကို ဟောကုန်သော သဒ္ဒါတို့တည်း။
သာယံ၊ သာယံ သဒ္ဒါသည်။ သာယေသာယနေ၊ ညချမ်း၌ဖြစ်၏။
အတြဟေတိ၊ ဟူသည်ကား။ ဣမသ္မိံ အဟနိ၊ ဤရက်၌။ အဇ္ဇသဒ္ဒေါ၊ အဇ္ဇသဒ္ဒါသည်ဖြစ်၏။
ယတထာဒယော၊ ယတ္ထစကုန်သော။ တယော၊ သုံးပုဒ်တို့သည်။ အနိယမဋ္ဌာနာဒိဝါစကာ၊ အနိယမအားဖြင့် အရပ်တည်ရာ စသည်ကို ဟောကုန်၏။
တတ္ထာဒယော၊ တတ္ထစသည်တို့သည်။ နိယမဋ္ဌာနာဒိဝါစကာ၊ နိယမအားဖြင့် အရပ်တည်ရာစသည်ကို ဟောကုန်၏။
သမ္မုခါ၊ သမ္မုခါ သဒ္ဒါသည်၎င်း။ အာဝိစ၊ သည်၎င်း။ ပါတုစ၊ သည်၎င်း။ သမာနတ္တာ၊ တူသော အနက်ရှိကုန်၏။
အပ္ပေဝါဒယော၊ အပ္ပေဝစကုန်သော။ တယော၊ သုံးပုဒ်တို့သည်။ သံသယတ္ထမှိ၊ ယုံမှားခြင်း အနက်၌ဖြစ်ကုန်၏။
ဣတိဣတ္ထံ ဧဝံ သဒ္ဒါ၊ ဣတိသဒ္ဒါ၊ ဣတ္ထံသဒ္ဒါ၊ ဧဝံသဒ္ဒါ တို့သည်။ နိဒဿနေ၊ ညွှန်းခြင်း၌။ ဝတ္တန္တိ၊ ကုန်၏။
ကထဉ္စိသဒ္ဒေါ၊ ကထဉ္စိသဒ္ဒါသည်။ ကိစ္ဆတ္ထေ၊ ငြိုငြင်ခြင်းအနက်၌ဖြစ်၏။
ခိန္နတာ၊ ပင်ပန်းသော သူ၏ အဖြစ်သည်။ ခေဒေါ၊ ခေဒမည်၏။
ပစ္စက္ခေ၊ မျက်မှောက်၌။ သစ္ဆိသဒ္ဒေါ၊ သစ္ဆိသဒ္ဒါသည်ဖြစ်၏။
ထိရေ၊ မြဲမြံသည်၌၎င်း။ အဝဓာရဏေစ၊ မြစ်ခြင်း၌၎င်း။ ဓုဝံ၊ ဓုဝသဒ္ဒါသည်ဖြစ်၏။
တိရောတိယံသဒ္ဒါ၊ တိရောသဒ္ဒါ၊ တိရယံသဒ္ဒါတို့သည်။ သမာ၊ တူသောအနက်ရှိကုန်၏။
ဒုဋ္ဌုကုသဒ္ဒါ၊ ဒုဋ္ဌုသဒ္ဒါ ကုသဒ္ဒါတို့သည်။ ကုစ္ဆာယံ၊ စက်ဆုပ်ခြင်း၌ဖြစ်ကုန်၏။
အာသိသတ္ထမှိ၊ တောင့်တခြင်း အနက်၌။ သုဝတ္ထိ၊ သုဝတ္ထိသဒ္ဒါသည်ဖြစ်၏။
မိသဒ္ဒေါ၊ သည်။ နိန္ဒာယံ၊ ကဲ့ရဲ့ခြင်း၌ဖြစ်၏။
ကုဟိဉ္စနာဒယော၊ ကုဟိဉ္စနံသဒ္ဒါစကုန်သော။ သတ္တ၊ ခုနစ်ပုဒ်တို့သည်။ ကုဟိဉ္စနာဒယော၊ ကုဟိဉ္စ နံသဒ္ဒါစကုန်သော။ သတ္တ၊ ခုနစ်ပုဒ်တို့သည်။ ဌာနာဒိပုစ္ဆနတ္ထာ၊ ဌာနစသည်ကို မေးခြင်း အနက်ရှိကုန်၏။
ဣဟ၊ သည်၎င်း။ ဣဓ၊ သည်၎င်း။ အတြ၊ သည်၎င်း။ ဧတ္ထ၊ သည်၎င်း။ အတ္ထ၊ သည်၎င်း။ ဧတေ၊ ထိုသဒ္ဒါတို့သည်။ ဩကာသတ္ထာဒိဝါစကာ၊ တည်ရာဟူသော အနက်စသည်ကို ဟောကုန်၏။
သဗ္ဗသ္မိံ၊ အလုံးစုံသော ။ ကာလာဒိကေ၊ ကာလစသည်၌။ သဗ္ဗတ္ထာဒိဒွယံ၊ သဗ္ဗတ္ထစသော သဒ္ဒါနှစ်ခု အပေါင်းသည်။ ဘဝေ၊ ၏။
ကသ္မိံ၊ အဘယ်မည်သော။ ကာလေ၊ အခါ၌။ ကဒါ၊ အဘယ်အခါ၌။
ကသ္မိံ၊ အဘယ်မည်သော။ ကာလေ၊ အခါ၌။ ကုဒါစနံ၊ အဘယ်အခါ၌။
ကသ္မိံ၊ အဘယ်မည်သော။ ကာလေ၊ အခါ၌။ ကုဒါစနံ၊ အဘယ်မည်သော အခါ၌။ (ဤ၌ ဝိလတျန္တာဒိပတိရူပက အဗျယဝဏ္ဏနာဟုရှိကြ၏။ နောက်မှ ဆရာတို့ ထည့်ကြသော ပါဌ်တည်း။ စာဟောင်းများ၌မရှိ)။ ဝိဘတျန္တနာမသရာချာတပတိရူပကေ၊ ဝိဘတျန္တပတိရူပက၊ နာမပဘိရူပက၊ သရပတိရူပက၊ အာချာတ ပတိရူပကဖြစ်ကုန်သော။ အဗျယေ၊ အဗျယတို့ကို။ ဒဿေတွာ၊ ပြပြီး၍။ တဒညဘာဝေ၊ ထိုဝိဘတျန္တပတိရူပကစသည်မှတပါးဖြစ်၍ ဖြစ်ကုန်သော အဗျယတို့ကို။ ဒဿေတုံ၊ ပြအံ့ငှာ။ အာဒိကမ္မေဣစ္စာဒိံ၊ အာဒိကမ္မေစသည်ကို။ အာဟ၊ ၏။
တတြ၊ ထိုဝိဘတျန္တ စသည်တို့တွင်။ ယံဝိဘတျန္တ ပတိရူပကံ၊ အကြင်ဝိဘတျန္တပတိရူပကအဗျယပုဒ်သည်။ အတ္ထိ၊ ၏။ တံ၊ ထိုဝိဘတျန္တပတိရူပက အဗျယပုဒ်သည်။ (ထည့်၍ သမ္ဗန်သည်)။ ယထာ၊ အတီနည်းဟူမူကား။
စိရဿံစိရံစိရေနိစ္စာဒိ၊ စိရဿံ၊ စိရံ၊ စိရေနဤသို့ စသည်တည်း။
ယံနာမပတိရူပကံ၊ အကြင်နာ မပတိရူပက အဗျယပုဒ်သည်။ အတ္ထိ၊ ၏။ တံ၊ သည်။ ယထာ၊ ကား။
အာမသာဟုလဟုဩပါလိကမိစ္စာဒိ၊ အာမ၊ သာဟု၊ လ၊ ဟုဩပါယိကံဤသို့ စသည်တည်း။
ယံသရပတိရူပကံ၊ အကြင်သရပတိရူပက ပုဒ်သည်။ အတ္ထိ၊ ၏။ တံ၊ ထိုသရပတိရူပကအဗျယပုဒ်သည်။ ယထာ၊ ကား။
အဣစ္စာဒိ၊ အဤသို့ စသည်တည်း။
ယံအာချာတပတိရူပကံ၊ အကြင် အာချာတ ပတိရူပက အဗျယပုဒ်သည်။ အတ္ထိ၊ ၏။ တံ၊ သည်။ ယထာ၊ ကား။
အတ္ထိဣစ္စာဒိ၊ အတ္ထိဤသို့ စသည်တည်း။
သမ္ဘဝေါပဘဝေါ၊ အကြောင်း။
ဥတိဏ္ဏေပဝုဍ္ဎေဝဍ္ဎနေ၊ ပွါးခြင်း၌။
တိသ၊ သည်။ ပီနနေ၊ နှစ်သက်ခြင်း၌ဖြစ်၏။ တိ၊ သက်။ တိတ္တိ၊ မည်၏။
နိယောဂေနိယောဇနေ၊ တိုက်တွန်းခြင်း၌။
အဂ္ဂေဥတ္တမေ၊ အမြတ်၌။
တပ္ပရေတပ္ပဓာနေ၊ ထိုထိုဝတ္ထုပြဓာန်းခြင်း၌။
သင်္ဂေလဂ္ဂေ၊ ကပ်ငြိခြင်း၌။
ပကာရေသဒိသေ၊ အတူ၌။ ဝါ၊ ကား။ ဘေဒေ၊ အပြား၌။
အန္တောဘာဝေပက္ခိတ္တေ၊ ထည့်သွင်းခြင်း၌။
ဝိယောဂေပဝါသေ၊ ကွေကင်းခြင်း၌။
အဝယဝေပဒေသေ၊ အစိတ်၌။
မိတိယံ ဝီရိယေပဓာနေ၊ လုံ့လ၌။
ဧတေစအတ္ထာ၊ ထိုအနက် တို့သည်လည်း။ ဓာတုသံယောဂတ္ထာဝါ၊ ဓာတ်နှင့်ယှဉ်သော အနက်ရှိကုန်သည်လည်း။ ဘဝန္တိ၊ ကုန်၏။ နာမသံယောဂတ္ထာဝါ၊ နာမ်နှင့်ယှဉ်သော အနက်ရှိကုန်သည်လည်း။ ဘဝန္တိ၊ ကုန်၏။
အသံယောဂဿ၊ ဓာတ်နှင့်မယှဉ်သော။ နာမပဒဿပန၊ နာမ်ပုဒ်၏ ကား။ အတ္ထော၊ အနက်ကို။ (ဝုတ္တောမှစပ်)။ ပေါ၊ ပသဒ္ဒါသည်။ ပရမတ္ထသ္မိံ၊ မြတ်သော အနက်၌။ သိယာ၊ ၏။ ပါ၊ ပါသဒ္ဒါသည်။ ပါတုဝါတေသု၊ ထင်ရှားဖြစ်ခြင်း၊ လေတို့၌။ ဘဝေ၊ ၏။ ဣတိ၊ သို့။ ဧကက္ခရကောသေ၊ သက္ကတ ဧကက္ခရကောသ၌။ ဝုတ္တော၊ ဆိုအပ်၏။
ဝိက္ကမော ပဓါနံ၊ ပြဓာန်းခြင်းတည်း။
နျာသေနိက္ခိတ္တေ၊ ထားခြင်း၌။
မောက္ခေါနိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။
ရာသိမှိနိကရေ၊ အစု၌။
ဂေဟေနိလယေ၊ အိမ်၌။
အာဒေသေအာစိက္ခနေ၊ ကြားခြင်း၌။
ဥပမာယံသန္တိဘေ၊ အတူ၌။
အစ္စယောအတိက္ကမော၊ လွန်ခြင်းတည်း။
သာမိပျေသမီပဘာဝေ၊ နီးသည်၏ အဖြစ်၌။
ဥပရတိဥပသ မော၊ ငြိမ်းခြင်းတည်ဂ။
နီဟရဏံ အပနယနံ၊ ပယ်ခြင်းတည်း။
အာဟရဏံ ဂဟဏံ၊ ယူခြင်းတည်း။
ဥဒ္ဓင်္ဂမေဥယျာနေ၊ အထက်သို့ တက်ခြင်း၌။
ဝိယောဂေဥပ္ပါသိတေ၊ မယှဉ်ခြင်း၌။
အတ္ထလာဘေ၊ သရပ်ကို ရခြင်း၌။ ဥပ္ပတ္တိ၊ ဖြစ်ခြင်း။ ဣတိ၊ ရုဏ်။
ဗဟလတ္တေမဟာဗဟလတ္တေ၊ အလွန်ထူးထဲခြင်း၌။
ဒက္ခဂ္ဂတာသူတိ၊ ဟူသည်ကား။ ဒက္ခဘာဝေစ၊ လိမ္မာသည်၏ အဖြစ်၌၎င်း။ အဂ္ဂဘာဝေစ၊ မြတ်သည်၏ အဖြစ်၌၎င်း။
သတ္တိယံ၊ သတ္တိ၌၎င်း။ မောက္ခေနိဗ္ဗာနေစ၊ နိဗ္ဗာန်၌၎င်း။
ဒုစ၊ ဒုသဒ္ဒါသည်လည်း။ အဘာဝေ၊ မရှိခြင်း၌။ ဒုဿီလော၊ သီလမရှိသသူ။ ဒုပ္ပညော၊ ပညာမရှိသသူ။ ဣတိ၊ ဤကားဥဒါဟရုဏ်။ (ထည့်ပါ)။
အသမိဒ္ဓိယံ၊ မပြည့်စုံခြင်း၌။ ဒုဗ္ဘိက္ခံ၊ ငတ်မွတ်ခြင်း။ ဣတိ၊ ရုဏ်။
အနန္ဒနံ အမောဒနံ၊ ဝမ်းမမြောက်ခြင်းတည်း။
သမန္တတ္တ သမိဒ္ဓီသူတိ၊ ဟူသည်ကား။ သမန္တဘာဝေ၊ ထက်ဝန်းကျင် အဖြစ်၌။ သမိဒ္ဓိယဉ္စ၊ ပြည့်စုံခြင်း၌၎င်း။
သင်္ဂတေသဟိတေ၊ ပေါင်းခြင်း၌၎င်း။
ဝိဓာနေကရဏေ၊ စီရင်ခြင်း၌၎င်း။
ပဘဝေါသမ္ဘဝေါ၊ အကြောင်းတည်း။
ပုနပ္ပနကြိယာပုနပ္ပုနကရဏံ၊ အဘန်တလဲလဲပြုခြင်း။
အတြ၊ ဤအရာ၌။ အဓိမတ္တံ၊ လွန်သော အနက်သည်။ အတိသယော၊ မည်၏။
ဘုသတ္ထောသမန္တတ္ထော၊ ထက်ဝန်းကျင် အနက်တည်း။ တေန၊ ထိုကြောင့်။ သမန္တပရိယာယော၊ သမန္တသဒ္ဒါ၏ ပရိယာယ်ဖြစ်သော။ ဘုသသဒ္ဒေါပိ၊ ဘုသသဒ္ဒါသည်လည်း။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗော၊ ၏။
ဣဿရိယောပဘူတိ၊ အစိုးရခြင်းတည်း။
အစ္စယေအတိက္ကမေ၊ လွန်ကျူးခြင်း၌။
ကလဟေဝိဂ္ဂဟေ၊ ငြင်းခုံခြင်း၌။
ဘာသေကထနေ၊ ဆိုခြင်း၌။ ဘာသာယာတိဝိ၊ ဟူ၍လည်း။ ပါဌော၊ ပါဌ်ရှိ၏။
ကုစ္ဆနေကုစ္ဆာယံ၊ စက်ဆုပ်ခြင်း၌။
အနဘိမုခတ္ထေ၊ မျက်ကွယ်အနက်၌။ ဝိမုခေါ၊ မျက်ကွယ်။ ဣတိ၊ ရုဏ်။
မောဟော၊ မိုက်ခြင်း၌။ ဝိမတိ၊ ယုံမှားသည်။
ဣတိ၊ ရုဏ်။ ပဓာနေ၊ ပြဓာန်းသည်၌။ ဝိသိဋ္ဌော၊ ထူးသည်။ ဣတိ၊ ရုဏ်။
ဒက္ခတာဆေကတာ၊ လိမ်မာသည်၏ အဖြစ်တည်း။
ခေဒေပရိဿမေ၊ ပင်ပန်းခြင်း၌။
ဇာနနေအဝဂတေ၊ သိခြင်း၌။
အဓောဘာဂေအဝံသိရေ၊ အောက်သို့ မျက်နှာမူသည်၌။
အနိစ္ဆယေအနိဏ္ဏယေ၊ အဆုံးဖြတ်ခြင်း၌။
ပရိဘဝေ အဝညာတေ၊ မထေမဲ့မြင်ပြင်ခြင်း၌။
ဒေသောစ၊ အရပ်၎င်း။ ဗျာပနဉ္စ၊ နှံ့ခြင်း၎င်း။ ဟာနိစ၊ ယုတ်ခြင်း၎င်း။ ဣတိဒွန္ဒေါ၊ ဤကားဒွန်။
ဝစော ကြိယာယံဝစနကြိယာယံ၊ ဆိုခြင်းကြိယာ၌။
ထေယျေစောရိယေ၊ ခိုးခြင်း၌။
အညာဏေစ၊ မသိခြင်း၌၎င်း။ ပတ္တိအာဒိကေစ၊ ရောက်ခြင်း စသည်၌၎င်း။
ပစ္ဆာတ္ထေ၊ နောက်ဟူသော အနက်၌။ အနုစရော၊ နောက်လိုက်။
ဣတိ၊ ရုဏ်။ ဘုသတ္ထေ၊ ထက်ဝန်းကျင်၌။ အနုဂ္ဂတော၊ ကျော်စောသည်။ ဣတိ၊ ဤကားဥဒါဟရုဏ်။
သဒိသေ၊ သဒိသ အနက်၌။ အနုရူပေါ၊ လျော်သည်။
ဣတိ၊ ရုဏ်။ အနုဝတ္တိယံ၊ အစဉ်ဖြစ်ခြင်း၌။ အနွေတိ၊ အစဉ်တစိုက်လိုက်၏။ ဣတိ၊ ရုဏ်။
ဟီနေ၊ အယုတ်နှိုက်။ သာရိပုတ္တံ၊ သာရိပုတ္တရာအောက်။ ပညဝန္တော၊ ပညာရှိကုန်သော သူတို့သည်။ အနု၊ ယုတ်ကုန်၏။ ဣတိ၊ ရုဏ်။
တတီယတ္ထေ၊ တတီယာအနက်နှိုက်။ ဗာရာဏသီ၊ ဗာရာဏသီပြည်သည်။
နဒိံ၊ မြစ်နှင့်။ အနွသိတာ၊ တကွစပ်၏။ ဒေသေ၊ အရပ်၌၎င်း။ လက္ခဏေ၊ အမှတ်၌၎င်း။ ဝိစ္ဆာယံ၊ ဝိစ္ဆာ၌၎င်း။ ဣတ္ထမ္ဘူတေ၊ ဣတ္ထမ္ဘူတအနက်၌၎င်း။ ဘာဂါဒိကေစ၊ ဘာဂ စသည်၌၎င်း။ အနု၊ အနုသဒ္ဒါသည်ဖြစ်၏။
လက္ခဏေ၊ လက္ခဏ၌။ စန္ဒေါ၊ လသည်။ ရုက္ခံ၊ သစ်ပင်၌။ အနုဝိဇ္ဇောတတေ၊ အစဉ်မပြတ် တောက်ပ၏။ ဣတိ၊ ဤကား ဥဒါဟရုဏ်။
ဝိစ္ဆာယံ၊ နှိုက်။ ရုက္ခံ ရုက္ခံ၊ သစ်ပင်တိုင်းသစ်ပင်တိုင်း၌။ အနုတိဋ္ဌတိ၊ အစဉ်မပြတ်သည်၏။
ဣတ္ထမ္ဘူတေ၊ နှီုက်။ ဒေဝဒတ္တော၊ နတ်ပေးသည်။ မာတရံ၊ အမိနှိုက်။ အနုသာဓု၊ အလွန်ကောင်း၏။
ဘာဂေ၊ နှိုက်။ ဧတ္ထ၊ ဤအရာနှိုက်။ မံ၊ ငါ၏။ ယံအနု၊ အကြင်အဘို့အစုသည်။ သိယာ၊ ၏။ တံ၊ ကို။ ဒီယတု၊ ပေးလော့။ (သမ္ဗန်)။ ဣတိ၊ ဤကား ဥဒါဟရုဏ်။
အာလိင်္ဂေန၊ လည်ဘက်ခြင်းနှိုက်။ ပရိသဇ္ဇတိ၊ လည်ဘက်နမ်းရှုပ်၏။ ဣတိ၊ ရုဏ်။
ဒေါသက္ခာနေ၊ အပြစ်ကို ဆိုရာနှိုက်။ ပရိဘာသေတွာ၊ ဆဲရေးရေရွတ်၍။
ဣတိ၊ ရုဏ်။ နိဝါသနေ၊ ဝတ်ရုံခြင်း၌။ ဝတ္ထံ၊ အဝတ်ကို။ ပရိဒဟေတွာ၊ ဝတ်ရုံ၍။
အဝညောပရိဘာဝေါ၊ မထေမဲ့မူခြင်းတည်း။
အာဓာရေဘာဇနေ၊ တည်ရာ၌။ (ဘေဒနေဟု အချို့ရှိကြ၏။ အာဒါနေဟုတတီယက္ခရာနှင့် စာကိုယ်ပါဌ် ရှိမူသင့်၏)။ သောကေ၊ စိုးရိမ်ခြင် နှိုက်၎င်း။ ဗျာပနေ၊ နှုံ့ခြင်း နှိုက်၎င်း။
တတွေသဘာဂေ၊ သဘောနှိုက်၎င်း။
လက္ခဏာဒေါလက္ခဏဝိစ္ဆာဣတ္ထမ္ဘူတဘာဂေ၊ လက္ခဏအနက်၊ ဝိစ္ဆာအနက်၊ ဣတ္ထမ္ဘူတအနက်၊ သာဂအနက်၌ ၎င်း။
ဝိသိဋ္ဌေ၊ ဝိသိဋ္ဌအနက်၌။ အဘိဓမ္မော၊ ထူးလွန်သော တရား။
ဥဒ္ဓံကမ္မေ၊ အထက်သို့ တက်ခြင်း၌၎င်း။ သာရုပ္ပေ၊ လျောပတ်ခြင်း၌၎င်း။ ဗုဒ္ဓိယံ၊ သိခြင်း၌၎င်း။ ပူဇာယံ၊ ပူဇော်ခြင်း၌၎င်း။ အဓိကေ၊ လွန်ခြင်း၌၎င်း။ ဘဝေ၊ ၏။ (ထည့်ပါ)။
ကုလေ၊ အမျိုးကောင်းဟူသော အနက်၌။ အဘိဇနော၊ အမျိုးမြတ်သော သူ။
အသစ္စေ၊ မမှန်သော အနက်၎င်း။ လက္ခဏာဒိမှိစတုဗ္ဗိဓေ၊ လက္ခဏ၊ ဝိစ္ဆာ၊ ဣတ္ထမ္ဘူတ၊ ဘာဂအားဖြင့် လေးပါးအပြားရှိသော အနက်၌။
အဓိကေ၊ လွန်ခြင်း၌၎င်း။ ဣဿရေ၊ အစိုးရခြင်း၌၎င်း။ ပါဌေဥစ္စာရဏေ၊ ရွတ်ခြင်း၌၎င်း။ အဓိဋ္ဌာနေ၊ ဆောက်တည်ခြင်း၌၎င်း။ ပါပုဏနေ၊ ရောက်ခြင်း၌၎င်း။ နိစ္ဆယေ၊ ဆုံးဖြတ်ခြင်း၌၎င်း။ ဥပရိဘာဂါဒိကေ၊ အထက်အဘို့ စသည်၌၎င်း။ ဘဋနေဘတ္တိယံ၊ ခစားခြင်း၌၎င်း။ ဝိသေသနေစ၊ အထူး၌၎င်း။ အဓိ၊ အဓိသဒ္ဒါသည်ဖြစ်၏။
ဝါမာဒါနေဣတိပါဌေ၊ ဝါမာဒါနေဟူသော ပါဌ်၌။ ဝါမေပဋိလောမေ၊ ပြန်ခြင်း၌။ အာဒါနေဂဟဏေ၊ ယူခြင်း၌။ ဣတိ၊ ဤသို့ အနက်ပေး။ (ဝါစာဒါနေဟုရှိသော ပါဌ်၌ အနက်ထင်လွယ်ပြီးဖြစ်၍ ဥဒါဟရုဏ်ကိုသာ ထုတ်လိုတော့ရကား ဝါစာဒါနေ စသည်ကိုမိန့်)။
ဝါစာဒါနေ၊ စကားတုံ့ပေးခြင်း၌။ ပစ္စဿောသိ၊ ဝန်ခံ၏။
ပတိနိမိမှိ ပတိဋ္ဌာယံ၊ တည်ခြင်း၌။ မုချေသဒိသေ၊ အတူ၌။ ဗုဒ္ဓသ္မာ၊ ရှင်တော်ဘုရားမှ။ ပတိ၊ အစားပြု၍။
တေမာသံ၊ ဝါတွင်းသုံးလပတ်လုံး။ ဘိက္ခူ၊ ရဟန်းတို့ကို။ အာလပတိ၊ ခေါ်တော်မူ၏။ (သမ္ဗန်)။ ပတိဗာဓေနိဝတ္တနေ၊ နစ်ခြင်း၌။
ပဋိစ္စတ္ထေပဋိစ္စာတိပဒဿအတ္ထေ၊ ပဋိစ္စဟူသော ပုဒ်၏ အနက်၌။ ဝါ၊ စွဲ၍ ဟူသော အနက်၌။
လက္ခဏာဒိကေ စတုဗ္ဗိဓေ၊ လက္ခဏာ၊ ဝိစ္ဆာ၊ ဣတ္ထမ္ဘူတ၊ ဘာဂအားဖြင့် လေးပါးအပြားရှိသောအနက်၌။
သမီပေ အာဒိကေမ္မ၊ အစဖြစ်သော အမှု၌။ မရိယာဒေ၊ အပိုင်းအခြား၌။ ဥဒ္ဓကမ္မနိ၊ အထက်သို့ တက်ခြင်း၌၎င်း။ ဣစ္ဆာယံ၊ အလို၌၎င်း။ ဗန္ဓနေ၊ ဘွဲ့ခြင်း၌၎င်း။ အဘိဝိမိမှိစ၊ အဘိဝိဓိအနက် ၌၎င်း။ အာ၊ အာသဒ္ဒါသည်ဖြစ်၏။
ကိစ္ဆေ၊ ငြိငြင်ခြင်း၌၎င်း။ ဤသတ္ထေ၊ အနည်းငယ်ဟူသော အနက်၌၎င်း။ နိဝတ္တိယဉ္စ၊ နစ်ခြင်း၌၎င်း။ အပ္ပသာဒေ၊ မကြည်ညိုခြင်း၌၎င်း။ အာသိသနေ၊ တောင့်တခြင်း၌၎င်း။ အသိမှိခဂ္ဂေ၊ သန်လျက်၌၎င်း။ သရဏေဝါကျသရဏေ၊ စကားကို အောက်မေ့ခြင်း၌၎င်း။' အာ၊ အာသဒ္ဒါသည်ဖြစ်၏။ ဧဝံ၊ ဤသို့။ အနုဿရံ အနုဿရန္တော၊ အောက်မေ့လျက်။ ဣတိ၊ ဤကား ဥဒါဟရုဏ်။ (ထည့်ပါ)။
ပတိဋ္ဌာယံ၊ တည်ရာ၌၎င်း။ ဝိမှယာဒီသုစ၊ ဝိမှယ စကုန်သော အနက်တို့၌၎င်း။ အာ၊ အာသဒ္ဒါသည်ဖြစ်၏။
ဘူတဘာဝေ၊ အတိတ်၌။ အတီတော၊ အတိတ်။ ဣတိ၊ ရုဏ်။
သမ္ဘာဝနေ၊ ချီးမြှောက်ြင်း၌။ ဒိဗ္ဗေသု၊ နတ်၌ဖြစ်ကုန်သော။ ကာမေသုအပိ၊ ကာမဂုဏ်တို့၌ စဉ်လျက်။ ရတိံ၊ မွေ့လျော်ခြင်းကို။ သော၊ ထိုသူသည်။ နာမိဂစ္ဆတိ၊ မရတုံသေး၏ရှင့်။
သမ္ဘာဝနမဓိကတ္ထဝစနေန၊ သမ္ဘာဝနံ ဟူသော လွန်သော အနက်ရှိသော သဒ္ဒါဖြင့်။ အညတြ၊ တပါးကုန်သော အရာတို့၌ဖြစ်၏။ သတ္တိယာ၊ အစွမ်း၌။ အဝိဃာတော၊ မပင်ပန်း။
ဣတိ၊ ရုဏ်။ သံဝရဏေ၊ ပိမ်ပင်ခြင်း၌။ အပိဓာနံ၊ အပိမ်။ (ဒန္တဇစတုတ္ထက္ခရာနှင် အပိမ်ဟူ၍ရေးသော ဘတ်ရွတ်ရမည်)။
ဣတိ၊ ရုဏ်။ အပဂတေ၊ ကင်းသည်၌။ အပေတော၊ ကင်းသ်ည။
ဣတိ၊ ရုဏ်။ ဥပပတ္တိယံ ယုတ္တိယံ၊ အသင့်၌။ ဥပေက္ခာ၊ သုခဒုက္ခအဘို့သို့ မကျဘဲ အသင့်အားဖြင့် ရှုခြင်း။
ဣတိ၊ ရုဏ်။ အဓိကျေ၊ လွန်သည်၏ အဖြစ်၌။ ဒေါဏော၊ စိတ်သည်။
ဥပခါရိယံ၊ တို့ထက်လွန်၏။ ဣတိ၊ ဤကား ဥဒါဟရုဏ်။ ပုဗ္ဗကမ္မနိ၊ ရှေးဖြစ်သော အမှု၌။ ဗုဒ္ဓေါပက္ကမံ၊ ဘုရားမြတ်စွာအားထုတ်ခြင်းသည်ကား။ ကိလေသစ္ဆေဒေါ၊ ကိလေသာဖြတ်ခြင်းတည်း။
ဂယှာကာရေ၊ ယူသော အခြင်းအရာ၌။ ပစ္စုပဋ္ဌာနံ၊ ထင်သော အခြင်းအရာ။ ဣတိ၊ ဤကား ဥဒါဟရုဏ်။
ဥပရိတ္တေဥပရိဘာဝေ၊ အထက်အဖြစ်၌။ ဥပပန္နော၊ အထက်သို့ ရောက်၏။ ဝါ၊ ပြည့်စုံ၏။
ဣတိ၊ ရုဏ်။ အနသနေ၊ ညစာမစားခြင်း၌။ ဥပဝါသော၊ သီတင်းသုံးခြင်း။
ဣတိ၊ ရုဏ်။ ဥပဒေသေ၊ ညွှန်းခြင်း၌။ ဧဝံ၊ သို့။ တေ၊ သင်အား။ ဝါ၊ သင်သ်။ အဘိက္ကမိတဗ္ဗံ၊ ရှေ့သို့ဘက်အပ်၏။ ဧဝံ၊ သို့။ တေ၊ သင်အား။ ဝါ၊ သင်သည်။ ပဋိက္ကမိတဗ္ဗံ၊ နောက်သို့ ဆုတ်အပ်၏။
ဝစန ပဋိဂ္ဂါဟေ၊ စကားကိုခံခြင်း၌။ ဧဝံ၊ သို့။ ဟောတု၊ ဖြစ်စေသတည်း။
ဣတိ၊ ဤကား ဥဒါဟရုဏ်။ ဣမမတ္ထေဣဒံ သဒ္ဒဿ အတ္ထေ၊ ဣဒံ သဒ္ဒါ၏ အနက်၌။
သမုစ္စယေ ကေဝလသမုစ္စယေ၊ သက်သက်သော သမုစ္စည်း၌။
စီဝရံ၊ ကို၎င်း။ ပိဏ္ဍပါတဉ္စ၊ ကို၎င်း။ ပစ္စယံ၊ ဆေးပစ္စည်းကို၎င်း။ သယနာသနံ၊ အိပ်ရာနေရာကို၎င်း။
ဥဇုဘူတေသု၊ ဖြောင့်စွာဖြစ်၍ ဖြစ်ကုန်သော အရိယာ ပုဂ္ဂိုလ်တို့၌။ ဝိပ္ပသန္နေန၊ ကြည်ညိုစွာသော။ စေတသာ၊ စိတ်ဖြင့်။ အဒါသိ၊ လှူ၏။
သမာဟာရေ၊ သမာဟာရအနက်၌။ စက္ခုစ၊ လည်း။ သောတဉ္စ၊ လည်း။ စက္ခုသောတံ၊ နား။
ဣတိ၊ ရုဏ်။ ဧကံ၊ တခုသော အနက်ကို။ ပဓာနဘာဝေန၊ ပြဓာန်းသည်၏ အဖြစ်ဖြင့်။ ဝတွာ၊ ဆို၍။ ဣတရဿ၊ ဤမှတပါးသော အနက်ကို။ အပ္ပဓာနဘာဝေန၊ မပြဓာန်းသည်၏ အဖြစ်ဖြင့်။ ဝစနံ၊ ဆိုခြင်းသည်။ အနွာစယော၊ မည်၏။ တသ္မိံ၊ ထိုအနွာစယ၌။
သီလံ၊ သီလကို။ ရက္ခာဟိ၊ စောင့်လော့။ ဒါနဉ္စ၊ အလှူကိုလည်း။ ဒေဟိ၊ ပေးလော့။
ဣတိ၊ ရုဏ်။ ဣတရီတရေ၊ ဣတရီတရယောဂ၌။ သမဏောစ၊ ရဟန်းလည်း။ ဗြဟ္မဏောစ၊ ပုဏ္ဏားလည်း။ သမဏဗြဟ္မဏာ၊ တို့။
တတြ၊ ထိုအနက်တို့တွင်။ ကေဝလသမုစ္စယောစ၊ သက်သက်သော သမုစ္စည်းသည်၎င်း။ အနွာစယသမုစ္စယောစ၊ အနွာစယသမုစ္စည်းသည်၎င်း။ သမာသေ၊ ၌။ နတ္ထိ၊ မရှိ။ ဣတရဒွယံ၊ သမာဟာရ ဣတရီတနှစ်ခုအပေါင်းသည်။ သမာသေယေဝ၊ ၌သာလျှင်။ အတ္ထိ၊ ၏။
တုလျော၊ တူသော အနက်သည်။ ပကာရော၊ မည်၏။ စ၊ တနည်းကား။ ဘေဒေါ၊ အပြားသည်။ ပကာရော၊ မည်၏။
ပဒတ္ထဿ၊ ပုဒ်အနက်၏။ ဝိပလ္လာသေ၊ ဘောက်ပြန်ခြင်း၌။ (သဒ္ဒါလျှင် ပုဒ်၏ အနက်ရှိရာ၌ဟူလို)။ အယံ၊ ဤသူသည်။ ဂေါတိ၊ ဂေါဟူ၍။ အာဟ၊ ဆို၏။ တနည်းကား။ ဂေါတိအဘံ၊ ဂေါဟူသော ဤသဒ္ဒါသည်။ အတ္ထံ၊ နွားဒြဗ်ဟူသော အနက်ကို။ အာဟ၊ ဟော၏။ ဣတိ၊ ဤကား ဥဒါဟရုဏ်။ (အချို့စာများ၌ဂေါတိဟူ၍ သာရှိ၏။ မသင့်။ ဂေါတိအယမာဟာတိဟုလိုသည်)။
သမာပနေဣစ္ဆိ တဿပဒဿပရိသမာပနေ၊ အလိုရှိအပ်သော ပုဒ်ကို ပြီးစေခြင်း၌။
ပဇ္ဇံ၊ တဂါထာလုံးသည်။ ဝါသဒ္ဒဿ၊ ဝါသဒ္ဒါ၏။ အတ္ထေ၊ ၌။ ဝတ္တတိ၊ ၏။
ဝဝတ္ထိတဝိဘာသာယံ၊ ဝဝတ္ထိတဝိဘာသာ၌။ အသရူပါ၊ တူသော သုတိမရှိသော ရှေးသရမှ။ ပရော၊ နောက်သရသည်။ လောပံ၊ ကျေခြင်းသို့။ ပပ္ပေါတိ၊ ရောက်၏။ ဣတိ၊ ရုဏ်။
ဝိအဝပုဗ္ဗော၊ ဝိရှေးအဝရှေးရှိသော။ ဌာ၊ သည်။ ဂတိနိဝတ္တိယံ၊ လားခြင်းမှ နစ်ခြင်း ၌ဖြစ်၏။ တော၊ သက်။ ဌာတိဿ၊ ဌာဓာတ်ကို။ ထော၊ ပြု။ အသရူပဒွိတ္တဉ္စ၊ လည်းပြု။
ဝဝတ္ထိတာနိယမိတာ၊ မှတ်အပ်သော။ ဝိဘာသာ၊ ဝိဘာသာသဒ္ဒါတည်း။ ဝဝတ္ထိတဝီဘာသာ၊ မှတ်အပ်သော ဝိဘာသာသဒ္ဒါ။
ဝါဝဿဂ္ဂေတိ၊ ဝါဝဿဂ္ဂေဟူသည်ကား။ ဝိအဝပုဗ္ဗော၊ ဝိရှေးအဝရှေးရှိသော။ သဇ၊ သည်။ ဝိဿဇ္ဇနာလိင်္ဂနနိမ္မာနေသု၊ စီရင်ခြင်း၊ လည်ဘက်ခြင်၊ ဘန်ဆင်းခြင်းတို့၌ဖြစ်၏။
ဘူသနေ အလင်္ကာရေ၊ တန်းဆာဆင်ခြင်း၌။
ဝါရဏေနိဝါရဏေ၊ မြစ်ခြင်း၌။
ပရိယတ္တိပရိယာပုဏနတာ၊ သင်ကြားသည်၏ အဖြစ်တည်း။ ယုတ္တတ္ထေပိ၊ အသင့်ဟူသော အနက်၌လည်း။ အလံ၊ အလံသဒ္ဒါသည်ဖြစ်၏။
အထောအထသဒ္ဒါ၊ အထောသဒ္ဒါ၊ အထသဒ္ဒါတို့သည်။ အနန္တရာဒီသု၊ အနန္တရ စကုန်သော။ (အာဒိဖြင့်ကား အစဟူသော အနက်၊ မေးခြင်း အနက်၊ ပုဒ်ပြည့် ကာမျှအနက်များကိုယူ)။ စတူသု၊ လေးပါးကုန်သော။ အတ္ထေသု၊ အနက်တို့၌။ သိယုံ၊ ကုန်၏။
ပသံသာဒီသု၊ ပသံသ စကုန်သော။ (အာဒိဖြင့် ကဲ့ရဲ့ခြင်း အနက်၊ မှတ်ခြင်း အနက်ကို ယူ)။ တီသု၊ သုံးပါးကုန်သော။ အတ္ထေသု၊ တို့၌။ သိယုံ၊ ကုန်၏။ (ထည့်ပါ။ တနည်း၊ လိုက်)။
သွီကာရေပဋိညာဏေ၊ ဝန်ခံခြင်း၌။
အာဒိနာ၊ အာဒိဖြင့်။ ပကာသတ္ထသမ္ဘာဗျာကောဓာဒိ ကေ၊ ထင်စွာပြုခြင်း အနက်၊ ချီးမွမ်းခြင်း၊ မညှည်းဆဲခြင်းစသော။ ဝါ၊ စကုန်သော။ (ဝိဘတ်ပြန်။ သမ္ဘာဝိကောဓာဒိကေဟု ပဒစ္ဆေဒ မူလေ)။ အတ္ထေစ၊ အနက်၌လည်း။ ဝါ၊ တို့၌လည်း။ နာမသဒ္ဒေါ၊ သည်။ သိယာ၊ ဖြစ်ရာ၏။ (ထိုထိုအနက်၌ဖြစ်၏ ဟူသော် မြန်မာပြန်ရာ၌ အသို့ ပြန်ရအံံနည်း စုဒ်ကြောင့် ။အဝဓာရဏ မေဝအတ္ထေ၊ ကိုမိန့်)။
အဝဓာရဏမေဝ၊ အဝဓာရဏသည်သာ။ အတ္ထော၊ အနက်တည်း။ (အဝဓာရဏအနက်ပြန်၍ အဓိပ္ပါယတ္ထကို ထိုက်သည်အားလျော်စွာ ကြံလေဟူလို)။
အနုညာအနုမတိ၊ အခွင့်ပြုခြင်း။
သန္တာနံ အနုနယော၊ အမျက်မထွက် ခြင်။
အာလပနံ သမ္ဗောဓနံ၊ ခေါ်ဝေါ်ခြင်း၊ ။
ဝတသဒ္ဒေါ၊ သည်။ ဇကံသေ၊ စင်စစ်ဟူသော အနက်၌ဖြစ်၏။ ဒယာယံ ကရုဏာယံ၊ သနားခြင်း ၌၎င်း။ ဟာသေပကာသေ၊ ထင်ရှားပြခြင်း၌၎င်း။ ခေဒေပရိဿမေ၊ ပင်ပန်းခြင်း၌၎င်း။ အာလပနေ၊ ခေါ်ဝေါ်ခြင်း၌၎င်း။ ဝိမှယေ အစ္ဆရိယေစ၊ အံ့ဩခြင်း၌၎င်း။ သိယာ၊ ဖြစ်ရာ၏။
ဝါကျာရမ္ဘေ၊ စကားသစ်အထူးဖြင့် အဦးဆိုရာ၌။ တေ၊ သင်အား။ ဟန္ဒ၊ ယခု။ ဝဒါမိ၊ ငါဟော၏။ ဣတိ၊ ရုဏ်။ (ဣတိသဒ္ဒါကား ဤ၌တိုက်ရိုက် ပင်ရှိ၏)။
ဝိသာဒေါခေဒေါ၊ ပင်ပန်းခြင်း။
ယာဝတာဝတူတိယာဝဘာဝသဒ္ဒါ၊ ယာဝ၊ တာဝသဒ္ဒါတို့သည်။ သာကလျေနိရဝသေသေ၊ အကြွင်းမဲ့သည်၌။
ယာဝဒတ္ထံ၊ အကြင်ရွေ့လောက်အလိုရှိသည်ဖြစ်၏။ တာဝဂဟိတံ၊ ထိုရွှေ့လောက်ယူအပ်သည်ဖြစ်၍။
ဣတိ၊ ရုဏ်။ မာနေပမာဏေ၊ နှိုင်းရှည့်ခြင်း၌။
ယာဝ၊ ယာဝသဒ္ဒါကို။ ပမာဏမရိယာဒါဝဓာရဏတ္ထကံ၊ နှိုင်းရှည့်ခြင်း၊ ပိုင်းခြားခြင်း အနက်ရှိ၏ ဟူ၍ ။ မတံ၊ သိအပ်၏။ ဣတိ၊ ဤကား။ ဘာဂုရိ၊ ဘာဂုရိကျမ်းတည်း။
အဝဓာရဏေပရိစ္ဆိန္နေ၊ ပိုင်းခြားခြင်း၌။
ပုရတ္ထာသဒ္ဒေါ၊ ပုရတ္ထာသဒ္ဒါသည်။ ပါစိယံ၊ အရှေ့ဟူသော။ ဒိသာယံ၊ အရပ်၌။ ဣစ္စတ္ထေ၊ ဤသို့သော အနက်၌၎င်း။ ပုရတ္ထေဝက္ခမာနေ၊ ရှေးရှုရှုအပ်သော အနက်၌။ (ဝိအက္ခမာနေဟု ပဒစ္ဆေဒပြု)။ အဂ္ဂတောသမုဒ္ဓေ၊ အဖျားသို့ ဆောင်ခြင်း၌။ ဣစ္စတ္ထေစ၊ ဤသို့ သော အနက်၌၎င်း။ ပဌမေပိအာဒိမှိ၊ အစ၌၎င်း။ ဝတ္တတိ၊ ၏။
ပဗန္ဓေဝါကျရစနာယံ၊ စကားကို စီရင်ခြင်း၌။ ဝါကျပ္ပဗန္ဓေပုရာဏာဒိကေ၊ ရာမ၊ လက္ခဏ၊ သီတာ စသော စကားဟောင်းစသည်၌။
စိရန္တရေအတီတဘူတေ၊ အတိတ်ဖြစ်၍ ဖြစ်သော ကာလ၌။ ဝါ၊ အလွန်၍ အလွန်ကြာမြင့်သည်နှိုက်။ (အတီတသဒ္ဒါဘူတသဒ္ဒါတို့ကား အတိတ်ဟောချည်း။ထိုကြောင့် သဒ္ဒါလွန်ရကား အနက်လွန်ကို ကြံသည်)။
နိကဋေသန္နိဟိတေ၊ နီးသည်၌။
အာဂါမိကေအနာဂတေ၊ အနာဂတ်၌။
ခလုသဒ္ဒေါ၊ သ်ည။ နိသေဓေ၊ မြစ်ခြင်း၌။ ဝါကျာလင်္ကာရေဝါကျဘူတာယံ၊ ဝါကျကို တန်းဆာဆင်ခြင်း၌။ (ပဒပူရဏ၌ဟူလို)။ အဝဓာရဏေဧဝတ္ထေ၊ ဧဝသဒ္ဒါ၏ အနက်၌။ (ဧဝသဒ္ဒါကား များသော အနက်ကို ဟော၏။ ယင်းသို့ ဟောသော်လည်း အဝဓာရဏ အနက်၌သာများ သောအားဖြင့် ဖြင်၏။ ထိုကြောင့် ဧဝတ္ထေ ဟု ဘွင့်ဘိသောပ်)။ ပသိဒ္ဓိယဉ္စ၊ ထင်ခြင်း၌လည်း။ ဝတ္တိ၊ ၏။
အဘိတောသဒ္ဒေါ၊ အဘိတောသဒ္ဒါသည်။ အာသန္နေ၊ အနီး၌၎င်း။ အဘိမုခေ၊ ရှေးရှု၌၎င်း။ ဥဘယတော၊ နှစ်ပါးစုံသော အားဖြင့်။ ဣစ္စတ္ထေ၊ ဤသို့သောအနက်၌၎င်း။ တနည်းကား။ ဥဘယတောဣစ္စတ္ထေ၊ ဥဘယတောဟူသော သဒ္ဒါ၏ အနက်၌၎င်း။ အာဒိနာ၊ ဥဘယတောဒိကေ၌ အာဒိသဒ္ဒါဖြင်။ သီဃေ၊ လျင်မြန်ခြင်းနှိုက်၎င်း။ သာကလျေ၊ အလုံးစုံဟူသော။ (သကလတ္ထ၌ ဏျပစ္စည်းသက်သည်)။ အတ္ထေစ၊ အနက်၌၎င်း။ ဝတ္တတိ၊ ၏။
အာသန္နေ၊ အနီး၌။ အယံနဒီ၊ ဤမြစ်သည်။
အဘိတော၊ နီး၏။ ဣတိ၊ ရုဏ်။ အဘိမုခေ၊ ရှေးရှု၌။ တာဘာ၊ ခမည်းတော်မင်းမြတ်မှ။
အဘိတောဝ၊ ရှေးရှုသာလျှင်။ ဣတိ၊ ရုဏ်။ ဥဘယတော ဣစ္စတ္ထေ၊ ၌။ မဂ္ဂဿ၊ ခရီး၏။
အဘိတော၊ နံပါးနှစ်ဘက်မှ။ ဣတိ၊ ရုဏ်။ သီဃေ၊ ၌။ အဘိတော၊ မြန်စွာ။ အဓိယိတွာ၊ ပြေးလွှား၍။ ဝါ၊ ရောက်၍။ (အဓိရှေးရှိသော ယာဓာတ်)။
သာကလျေ၊ ၌။ အဘိတော၊ အလုံးစုံအားဖြင့်။ ဝနံ၊ တောကို။ ဝါ၊ တောသည်။ ဒဍ္ဎံ၊ မီးလောင်၏။
ယဒျဝိသဒ္ဒတ္ထေ အနုဂ္ဂဟဏ ဂရဟတ္ထေ၊ ချီးမြှောက်ခြင်း၊ ကဲ့ရဲ့ခြင်းအနက်၌။ (ယဒိသဒ္ဒါ၏ အနုဂ္ဂဟဏ္ထ။ အပိသဒ္ဒါ၏ ဂရဟတ္ထအစဉ်အတိုင်းယူလေ။ တပါးသော အနက်များကို ဟောသောလည်း များသောအားဖြင့် ဟောသည်ကို ရည်၍ အနုဂ္ဂဟဏတ္ထ၊ ဂရဟတ္ထကိုသာယူသတည်း။ ကြွင်းသော အရာနှိုက်လည်း နည်းတူသာ)။
ဧကံသတ္ထေ အဝိတထတ္ထေ၊ မချွတ်ယွင်းသော အနက်၌။
အထောပန သဒ္ဒါ၊ အထောသဒ္ဒါ၊ ပနသဒ္ဒါတို့သည်။ ဝိသေသသ္မိံ၊ ဝိသေသဖြစ်သော အနက်၌၎င်း။ ပဒပူရဏတ္ထေစ၊ ၌၎င်း။ သိယုံ၊ ကုန်၏။
ဟိသဒ္ဒေါ၊ သည်။ ကာရဏာဒီသု၊ ကာရဏစကုန်သော။ စတူသု၊ လေးပါးကုန်သော။ အတ္ထေသု၊ တို့၌။ ဝတ္တတိ၊ ၏။
တုသဒ္ဒေါပန၊ သည်ကား။ တတ္ထစတူသုအတ္ထေသု၊ ထိုလေးပါးကုန်သော အနက်တို့တွင်။ မဇ္ဈေ၊ အလယ်၌။ (မဇ္ဈောသဒ္ဒါဖြင့် နိဒ္ဓါရဏအနက်ကို ထင်စေ၏)။ ဟေတုဝဇ္ဇေ၊ ဟေတုသည် ကြဉ်အပ်သော။ တိကေ၊ သုံးပါးအပေါင်းဖြစ်သော။ အတ္ထေ၊ ၌။ ဝတ္တတိ၊ ၏။
ကုသဒ္ဒေါ၊ သည်။ ပါပေ၊ ယုတ်မာသည်၌၎င်း။ ဝါ၊ မကောင်းမှု၌၎င်း။ ဤသတ္ထေ၊ အနည်းဟူသော အနက်၌၎င်း ကုစ္ဆနေဇိဂုစ္ဆာယဉ္စ၊ စက်ဆုပ်ခြင်း၌၎င်း။ ဘဝေ၊ ၏။ (ထည့်ပါ)။
နုကာရော၊ နုအက္ခရာသည်။ သံသယေ၊ ယုံမှားခြင်း၌၎င်း။ ပဉှေစ၊ အမေး၌၎င်း။ ဘဝေ၊ ၏။
နာနာသဒ္ဒေါ၊ သည်။ အနေကတ္ထေ၊ များသော အနက်၌၎င်း။ ဝဇ္ဇနေစ၊ ကြဉ်ခြင်း၌၎င်း။ ဘဝေ၊ ၏။
ကိံ သဒ္ဒေါ၊ သည်။ ပုစ္ဆာယံ၊ အမေး၌၎င်း။ ဇိဂုစ္ဆာယဉ္စ၊ စက်ဆုပ်ခြင်း၌ ၎င်း။ ဘဝေ၊ ၏။ အဗျယော၊ နိပါတ်တည်း။
တိလိင်္ဂေါစ၊ လိင်သုံးပါးလည်းရှိ၏။ နိယမေတု၊ မှတ်ခင်းမြဲခြင်းအနက်၌ကား။ တိလိင်္ဂေါဝ၊ လိင်သုံးပါးရှီသော ပုဒ်သည်သာလျှင်တည်း။
ဝါရိမှိဥဒကေ၊ ရေ၌၎င်း။
မုဒ္ဓနိသီသေစ၊ ဦးခေါင်း၌၎င်း။ ဘဝေ၊ ၏။ ကံ၊ ကံသဒ္ဒါသည်။ သုခေပိ၊ ချမ်းသာ၌လည်းဖြစ်၏။ စ၊ မှန်၏။ နာနာတ္ထသင်္ဂဟေ၊ ၌။
ကသဒ္ဒါ၊ သည်။ ဗြဟ္မတ္တာနိလက္ကေသု၊ ဗြဟ္မာဟူသော အနက်၊ ကိုယ်ဟူသော အနက်၊ လေဟူသော နက်၊ နေဟူသော အနက်တို့၌၎င်း။ သမဏေ၊ ငြိမ်သက်ခြင်းအနက်၌၎င်း။ သဗ္ဗနာမိကေ၊ သဗ္ဗနာမ်၌၎င်း။
ပါဝကေစ၊ မီး၌၎င်း။ မယူရေစ၊ ဥဒေါင်း၌၎င်း။ ဘဝေ၊ ၏။ ကံ၊ ကံ သဒ္ဒါသည်။ သုခသီသဇလေသု၊ ချမ်းသာ၊ ဦးခေါင်း၊ ရေတို့နှိုက်။ ဘဝေ၊ ၏။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ၏။
အမာသဒ္ဒေါ၊ သည်။ သဟတ္ထေ၊ တကွဟူသော အနက်နှိုက်၎င်း။ သမီပတ္ထေစ၊ အနီးဟူသော အနက်၌၎င်း။ ဘဝေ၊ ၏။ အမာဝါသီ၊ လ၊ နေ တို့ အတူသွားရာဖြစ်သော လကွယ်နေ့။ စ၊ ထိုမှတပါးတုံ။ အမာဂတော၊ အနီးသို့ လာ၏ ။ ဣတိ၊ ဤကား ဥဒါဟရုဏ်။ (ထည့်ပါ)။
ပုနသဒ္ဒေါ၊ သည်။ ဘေဒေဝိသေသေ၊ အထူး၌။
အပဌမေ၊ ရှေးဦးစွာမဟုတ်သော အနက်၌။ ပုန၊ တဘန်။ ဒဒါတိ၊ ပေး၏။ (တဘန်ဟူက ရှေးရှိမြဲဖြစ်၍ အပဌမမဟူဘိသောဝ်)။ ဣတိ၊ ဤကား ဥဒါဟရုဏ်။ (ထည့်ပါ)။
ကိရသဒ္ဒေါ၊ သည်။ အနုဿဝေအနုက္ကမေနသဝနေ၊ အစဉ်အားဖြင့် ကြားခြင်း၌၎င်း။ အရုစိယဉ္စ၊ မနှစ်မြို့ခြင်း၌၎င်း။ ဘဝေ၊ ၏။
ဥဒသဒ္ဒေါ၊ သည်။ အပျတ္ထေပဉှေ၊ အမေး၌၎င်း။
ဝိကပ္ပနေအတ္ထန္တရဿဝိညာပနေစ၊ အနက်အထူးကို သိစေခြင်း၌၎င်း။ ဘဝေ၊ ၏။
ပစ္ဆာသဒ္ဒေါ၊ သည်။ ပတီစိယံ၊ အနောက်ဟူသော။ ဒိသာယံ၊ အရပ်၌၎င်း။
စရိမေအနာဂတေကာလေ၊ နောက်အခါ၌၎င်း။
ဘဝေ၊ ၏။ သာမိသဒ္ဒေါတု၊ သာမိသဒ္ဒါသည်ကား။ အဒ္ဓေဘာဂေ၊ ထက်ဝက်သော အဘို့၌၎င်း။ ဇိဂုစ္ဆနေနိန္ဒာယဉ္စ၊ ကဲ့ရဲ့ခြင်း၌၎င်း။ ဘဝေ၊ ၏။
အဒ္ဓေဘာဂေ၊ ထက်ဝက်သော အဘို့၌။ သာမိ၊ သာမိသဒ္ဒါသည်။ ဘဝေ၊ ၏။ ဝုတ္တံ၊ နပုန်းလိင်တည်း။ တဒေဝ၊ ထိုသာမိသဒ္ဒါသည်ပင်။ ဇိဂုစ္ဆနေပိ၊ ကဲ့ရဲ့ခြင်း၌လည်း။ ဘဝေ၊ ၏။ (တဒေဝဖြင့် နပုန်းလိင်ကို ညွှန်းသည်)။
ပါတု၊ ပါတုသဒ္ဒါသည်ကား။ ပကာသေပကာသနိယေ၊ ထင်ရှားခြင်း၌၎င်း။ သမ္ဘဝေဥပ္ပတ္တိယဉ္စ၊ ဖြစ်ခြင်း၌၎င်း။ ဘဝေ၊ ၏။
မိထောသဒ္ဒေါ၊ သည်။ အညောညေ၊ အချင်းချင်းနှိုက်။ ဣစ္စတ္ထေ၊ ဤသို့သော အနက်နှိုက်၎င်း။ ရဟော၊ ဆိတ်ကွယ်ရာ၌။ ဣစ္စတ္ထေ၊ ဤသို့ သော အနက်၌၎င်း။ ဘဝေ၊ ၏။
ဟာသဒ္ဒေါ၊ သည်။ ခေဒေ၊ ပင်ပန်းခြင်း၌၎င်း။ သောကေ၊ စိုးရိမ်ခြင်း၌၎င်း။ ဒုက္ခေစ၊ ဆင်းရဲခြင်း၌၎င်း။ ဘဝေ၊ ၏။
အဟဟံသဒ္ဒေါ၊ သည်။ ခေဒေ၊ ၌၎င်း။ ဝိမှယအဗ္ဘုတေ၊ အံ့ဩခြင်း၌၎င်း။ ဘဝေ၊ ၏။
မိသဒ္ဒေါ၊ သည်။ ဟိင်္သာပနေ၊ ညှဉ်းဆဲခြင်း၌၎င်း။ နိဒ္ဒါယဉ္စ၊ ငိုက်မျည်းခြင်း၌၎င်း။ ဘဝေ၊ ၏။
တိရိယံတိရောသဒ္ဒါ၊ တိရိယံ သဒ္ဒါ၊ တိရောသဒ္ဒါတို့သည်။ ဝိဓာနေ၊ အပိမ်၌။ ဝါ၊ ဘီလာဖြစ်၍ ပိမ်ပင်ခြင်း၌။ ဝတ္တန္တိ၊ ကုန်၏။
တိရိယံကတွာ၊ ဘီလာပြု၍။ ကဏ္ဍင်္ဂတော၊ မြားသည်သွား၏။ ဝါ၊ ထိုမှတပါး။ တီရောကတွာ၊ ဘီလာပြု၍။ ကဏ္ဍင်္ဂတော၊ မြားသည်သွား၏။ (အချို့စာ၌ကား။ တိရိယံ ကတွာ ကဏ္ဍင်္ဂတော၊ တိရောကတွာ ဂတောဟု ရှိကြ၏။ စာကိုယ်နိဿယည်း၌ ဋီကာထက်လွန်၍ တိရောကို သဒ္ဒါပြကတ္တားပြန်၍ တိရိယံကို အနက်ပြအာဓာရကြံခြင်းမသင်။ တိရိယံ ၌ သ္မိံ ဝိဘတ်၏ ကာရိယထင်၍ ကြံဟန်ရှိ၏။ ထိုထိုပါဠိ အဋ္ဌကထာဋီကာတို့၌ ပင် တိရိယံ သဒ္ဒါကား ပဌမန္တသာထင်၏။ ကဏ္ဍင်္ဂတော၌ကား နိဂ္ဂဟိတ်လာသည်)။
သင်္ချာတာ သင်္ချာတတ္ထာနံ၊ သင်္ချာအနက်ရှိကုန်၊ သင်္ချာအနက်မရှိကုန်သော။ (အသင်္ချာန သင်္ခါတတ္ထာနံ၊ ဟု အချို့စာ၌ ရှိကြ၏ မသင့်)။ ဥပသဂ္ဂနိပါတသင်္ခါတာနံ၊ ဥပသာရနိပါတ်ဟု ဆိုအပ်ကုန်သော။ အဗျယာနံ၊ အဗျယတို့တွင်။ ပသိဒ္ဓေ၊ ထင်ကုန်သော။ ပစုရပယောဂေ၊ များသော ပြယုဂ်ရှိကုန်သော။ ဧကစ္စေ၊ အချို့ကုန်သော အဗျယတို့ကို။ ဒဿေတွာ၊ ပြပြိး၍။ တဒညေပိ၊ ထိုမှတပါးကုန်သော အဗျယတို့ကိုလည်း။ သင်္ခေပနယေန၊ အကျဉ်းဖြစ်သော နည်းဖြင့်။ ဒဿေတုံ၊ ပြအံ့ငှာ။ တုနစ္စာဒိံ၊ တုနစသည်ကို။ အာဟ၊ ဆို၏။
စ၊ ဆက်၍ ဆိုပိမ့်။ ဧတ္ထ၊ ဤတုန စသည်၌။ တုနာဒီဟိ၊ တုနစကုန်သော။ ဇ္ဇုပရိယန္တေဟိ၊ ဇ္ဇုအဆုံးရှိကုန်သော။ သဒ္ဒေဟိ၊ သဒ္ဒါတို့ဖြင့်။ တဒန္တာဝ၊ ထိုတုနအစ၊ ဇ္ဇု အဆုံးရှိသော သဒ္ဒါလျှင် အဆုံးရှိကုန်သော ပုဒ်တို့ကို။ ဂဟိတာ၊ ကုန်၏။ (ကာတုနကရဓာတ်နှင့် တကွယူလေဟူလို။ ထိုစကားကို ချဲ့လိုရကား နဟိစသည်ကိုမိန့်)။ ဟိ၊ ငါ့ရှေးစကားမှန်၏။ ကေဝလာနံ၊ သက်သက်ကုန်သော။ ဧတေသံ၊ ထိုတုနအစ၊ ဇ္ဇု အဆုံးရှိကုန်သော သဒ္ဒါတို့၏။ အဗျယဘာဝေါ၊ အဗျယ အဖြစ်သည်။ နသမ္ဘဝတိ၊ မဖြစ်။ (ထိုတုနစ သော ဂါထာ၏ အနက်ကို အသို့မှတ်ရအံ့နည်းစုဒ်ကြောင့်။ တဿတ္ထော စသည်ကိုမိန့်)။
တဿ၊ ထိုတုနစသော ပါဌ်၏။ အတ္ထော၊ အနက်ကား။ (နောက်ဣတ္ထမှာစပ်လေ)။ တုနပစ္စယန္တောစ၊ တုန ပစ္စည်းအဆုံးရှိသော ပုဒ်သည်၎င်း။ တထာ၊ ထိုမှတပါး။ တွာန၊ တွာန၊ တဝေ၊ တွာ၊ တုံ၊ ဓာ၊ သော၊ ထာ၊ က္ခတ္တံ၊ တော၊ ထ၊ တြ၊ ဟိဉ္စနံ၊ ဟိံ၊ ဟံ၊ ဓိ၊ ဟ၊ ယကာရ၊ တောဟိ၊ ဓ၊ ဓုနာ။ ရဟိ၊ ဒါနိ၊ ကိံ သ္မာဝေါ၊ ဒါစနံ၊ ဒါ၊ ဇ္ဇ၊ ထံ၊ ထတ္တံ၊ ဇ္ဈ၊ ဇ္ဇုပစ္စယန္တာစ။ တွာနပစ္စည်း၊တဝေပစ္ဏည်း၊ တွာပစ္ဏည်း၊ တုံပစ္စည်း၊ ဓာပစ္စည်း၊ သော ပစ္စည်း၊ ထာပစ္စည်း၊ က္ခတ္တုံ ပစ္စည်း၊ တောပစ္စည်း၊ ထပစ္စည်း၊ တြ ပစ္စည်း၊ ဟိဉ္စနံ ပစ္စည်း၊ ဟိံ ပစ္စည်း၊ ဟံ ပစ္စည်း၊ ဓိပစ္စည်း၊ ဟပစ္စည်း၊ ယအက္ခရာနောင် ဟိပစ္စည်း၊ ဓပစ္စည်း၊ ဓုနာပစ္စည်း၊ ရဟိပစ္စည်း၊ ဒါနိပစ္စည်း၊ ကိံ သဒ္ဒါနောင်ဝပစ္စည်း၊ ဒါစနံ ပစ္စည်း၊ ဒါပစ္စည်း၊ ဇ္ဇပစ္စည်း။ (တတီယက္ခရာဇ္ဇဒွေဘော်)။ ထံ ပစ္စည်း၊ တတ္ထံပစ္စည်း၊ ဇ္ဈပစ္စည်း။ တတီယက္ခရာ စတုတ္ထက္ခရာ အသဒိသ ဒွေဘော်)။ ဇ္ဇုပစ္စည်းအဆုံးရှိသော သဒ္ဒါတို့သည်၎င်း။ အဗျယီ ဘာဝသမာသောစ၊ အဗျယီဘောသမာသ်သည်၎င်း။ တုနာဒီနံ၊ တုနစကုန်သော ပစ္စည်းတို့သည်။ ယာဒေသောစ၊ ယအပြုသည်၎င်း။ အဗျယံနာမ၊ မည်သည်။ ဘဝေ၊ ၏။ ဣတိ၊ ဤသို့တည်း။
ပယောဂေါ၊ ပြယုဂ်သည်။ ယထာ၊ အတီနည်းဟူမူကား။
ကာတုန၊ ပြု၍။ ကတွာန၊ ပြု၍။ ကာတဝေ၊ ပြုခင်း ငှာ။ ကတွာ၊ ပြု၍။ ကာတုံ၊ ငှာ။ သဗ္ဗဓာ၊ အချင်းခပ်သိမ်း။ သဗ္ဗသော၊ အချင်းခပ်သိမ်း။ စတုက္ခတ္တုံ၊ လေးကြိမ်။ သဗ္ဗတော၊ အလုံးစုံမှ။ သဗ္ဗတ္ထ၊ အလုံးစုံ၌။ သဗ္ဗတြ၊ အလုံးစုံ၌။ ကုဟိဉ္စနံ၊ တရံတဆစ်၌။ ကုဟိံ၊ အဘယ်အရပ်၌။ ကုဟံ၊ အဘယ်အရပ်၌။ သဗ္ဗဓိ၊ အလုံးစုံ၌။ ဣဟ၊ ဤအရပ၌။ ဝါ၊ ဤအခါ၌။ ယဟိ၊ အကြင်အခါ၌။ ဣဓ၊ ဤအရပ်၌။ အဓုနာ၊ ဤအခါ၌။ ဧတရဟိ၊ ယခုအခါ၌။ ဣဒါနိ၊ ယခုအခါ၌။ ကွ၊ အဘယ်အရပ်၌။ ကဒါ၊ အဘယ်အခါ၌။ အဇ္ဇ၊ ယနေ့။ ကထံ၊ အဘယ်သို့ သော အပြား။ အညထတ္တံ၊ တပါးသော အဖြစ်။ ဧကဇ္ဈံ၊ တပေါင်းတည်း။ (ဧကဇ္ဈန္တိ ဧကတြ၊ စသည်ဖြင့်လည်း ရူပသိဒ္ဓိဋီကာဘွင့်၏)။ သဇ္ဇု၊ ယခု။ (ယခုအခါ၌ အဗျယီဘောသမာသ်၏ ဥဒါဟရုဏ်ကို ပြအံ့သော ငှာ ဥပနဂရံ၊ စသည်ကို မိန့်)။ ဥပနဂရံ၊ မြို့၏ အနီးနှိုက်ဖြစ်သော စကား။ အန္တောပါသာဒံ၊ ပြာသာဒ်၏ အတွင်း။ (ယခုအခါ၌ ယာဒေသ၏ ဥဒါဟရုဏ်ကို ပြအံ့သောငှာ အဘိဝန္ဒိယ မိန့်)။ အဘိဝန္ဒိယ၊ ရှိခိုး၍။ ဣစ္စာဒိ၊ ဤသို့ စသည်ကား ဥဒါဟရုဏ်။
ဣဒံ ပန၊ ဤသို့ လတ္တံ့သည်ကား။ သဗ္ဗေသမ္ပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ အဗျယာနံ၊ တို့၏။ သင်္ခေပလက္ခဏံ၊ အကျဉ်အားဖြင့် မှတ်ကြောင်းတည်း။
ယံ၊ အကြင် ပုဒ်သည်။ တီသု၊ သုံးပါးကုန်သော။ လိင်္ဂေသု၊ လိင်တို့၌၎င်း။ ဝါ၊ တို့ကြောင့်၎င်း။ သဗ္ဗာသု၊ ခပ်သိမ်းကုန်သော ။ ဝိဘတ္တီသု၊ ဝိဘတ်တို့၌၎င်း။ ဝါ၊ တို့ကြောင့်၎င်း။
သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ ဝစနေသုစ၊ ဝုစ်တို့၌၎င်း။ ဝါ၊ တို့ကြောင့်၎င်း။ သဒိသံ၊ တူ၏။ နဝေတိ၊ မပျက်။ တံ၊ ထိုပုဒ်သည်။ အဗျယံ၊ မည်၏။ ဣတိ၊ ဤကား အဗျယလက္ခဏာတည်း။
အဗျယဝဂ္ဂဏ္ဏနာ၊ အဗျယဝဂ်အဘွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။
ဣတိ၊ ဤမျှလောက်သော သဒ္ဒနယ၊ အတ္ထနယဖြင့်။ သကလဗျာကရဏမဟာတဣာ သင်္ဂဉာဏစာရိနာ၊ အလုံးစုံသော ဗျကရုဏ်းကျမ်းတည်းဟူသော ကြီးစွာသော တောအုပ်၌ မငြိမရှက်သော ဉာဏ်ဖြင့် ကျက်စားလေ့ရှိသော။ ကဝိကုဉ္ဇရ ကေသရိနာ၊ အလွန်မြတ်သော ပညာရှိသုခမိန်လည်း ဖြစ်ထသော။ ဝါ၊ မြတ်ကုန်သော ကဝိတို့တွင် ခြင်္သေ့မင်း၏ တရထည်လည်း ဖြစ်ထသော။ မီမတာ၊ ပညာရှိသော။ စဘုရင်္ဂဗလေန၊ စတုရင်္ဂဗလမည်သော။ မဟာပစ္စေန၊ အမတ်ကြီး သည်။ ဝါ၊ မြတ်သော အမတ်သည်။ ဝိရိစိတာယံ၊ စီရင်အပ်သော။ အဘိဓာနပ္ပဒီပိတာယ၊ အဘိဓာနပ္ပဒီပိကာမည်သော ကျမ်း၏။ သံဝဏ္ဏနာယံ၊ အဘွင့်ဋီကာ၌။ သာမညကဏ္ဍဝဏ္ဏနာ၊ သာမညကဏ်၏ အဘွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။ (ဤတွင်၊ အဘိဓာနပ္ပဒီပိကာယအတ္ထသံဝဏ္ဏနာသမတ္တာ၊ ဟု အချို့စာ၌ ရှိကြ၏)။ ဤတွင် ရွှေ့ကား ပညာသာမိအမည်ရှိသော မထေရ်သည် စီရင်အပ်သော အဘိဓာနပ္ပ ဒီဝိကာဋီကာကျမ်း၏ နိဿယည်း၌ သာမညကဏ္ဍအဘွင့်ဋီကာကျမ်း၏ နိဿယည်းကား အပြီးအဆုံးသို့ ရောက်ပြီ။
သဂ္ဂကဏ္ဍောတိအာဒိနာ၊ သဂ္ဂကဏ္ဍောဤသို့ စသော ဂါထာပထျာဝတ္ထဖြင့်။ အဘိဓာနပ္ပဒီပိကာယူံ၊ အဘိဓာန်တည်းဟူသော ဆီမီး၌။ ကပါလတေလဝတ္တိသဒိသေန၊ ဆီးမီးခွက်၊ ဆီးမီးစာတို့၌ တူသောာ။ ကဏ္ဍတ္တယေန၊ ကဏ်သုံးခုအပေါင်းနှင့်။ သမင်္ဂိတာ၊ ပြည့်စုံသည်၏ အဖြစ်ကို။ ဒီပိတာ၊ ပြအပ်၏။
တိဒိဝေတိအာဒိနာ၊ တိဒိဝေဤသို့ စသော။ တောဋကေန၊ သဂိုဏ်းလေးခုတို့ဖြင့် တင့်တယ်သော တောဋကဂါထာဖြင့်။ တဿာ၊ ထိုအဘိဓာနပ္ပဒီဝိကာကျမ်း၏ ။ ပယောဇနံ၊ အကျိုးကို။ ကထိတံ၊ ဆိုအပ်၏။
တဿ၊ ထိုတိဒိဝေ စသော ပါဌ်၏။ အတ္ထော၊ ကား။ (နောက်ဣတိနှင့်သမ္ဗန်)။ ကတ္တုဘူတော၊ ကတ္တားဖြစ်၍ ဖြစ်သော။ ယောနရော၊ အကြင်သူသည်။ တိဒိဝေဒေဝလာကေ၊ တာဝတိံသာ နတ်တို့ရွာ၌၎င်း။ ဝါ၊ နတ်ပြည်ခြောက်ထပ်နှိုက်၎င်း။ ဗြဟ္မလောကေ၊ နှိုက်၎င်း။ မဟိယံမနုဿလောကေ၊ လူ့ပြည် နှိုက်၎င်း။ ဘုဇဂါဝသထေ နာဂလောကေစ၊ နဂါးပြည်နှိုက်၎င်း။ ဣတိ၊ သို့။ တီသု၊ သုံးပါးကုန်သော။ ဧတေသုဋ္ဌာနေသု၊ ဤအရပ်တို့နှိုက်။ သန္နိဟိတာနံ၊ တည်ကုန်သော။ သကလတ္တာနံသဗ္ဗေသံ အဘိဓေယျာနံ၊ အလုံးစုံကုန်သော အနက်တို့ကို။ သမဝှယဿ၊ ဟောတတ်သော။ အဘိဓာနဿ၊ အလုံးစုံသော သဒ္ဒါကို။ ဒီပနိယံပကာသနိယံ၊ ပြတတ်သော။ ဣဟအဘိဓာ နပ္ပဒီဝိကာယံ၊ ဤအဘိဓာနပ္ပဒီပိကာကျမ်းနှိုက်။ သဝနဓာရဏာဒိနာ၊ နာခြင်း၊ ဆောင်ခြင်းစသည်ဖြင့်။ ကုသလောဆေကော၊ လိမ္မာသည်။ ဟောတိ၊ ၏။ သန ရော၊ ထိုသူသည်။ မဟာမုနိနောသမ္မာသမ္ဗုဒ္ဓဿ၊ ရှင်တော်ဘုရား၏။ ဝစနေသုတ္တာဘိဓမ္မဝိနယသင်္ခါတေဝစနေ၊ သုတ္တန်၊ အဘိဓမ္မာ၊ ဝိနည်းဟုဆိုအပ်သော စကားတော်၌။ ပဋုဆေကော၊ လိမ္မာသည်။ ဟောတိ၊ ၏။ ပဋုတ္တာယေဝ၊ လိမ္မာသည်၏ ဖြစ်ကြောင့်သာလျှင်။ မတိမာနာမ၊ သုခမိန်မည်သည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့တည်း။
ဣဒါနိ၊ ယခုအခါဝယ်။ ယဿရညော၊ အကြင်မင်း၏။ ဝိဟာရေ၊ ကျောင်း၌။ ဝသိတွာ၊ နေ၍။ အယံဂန္ထော၊ ဤအဘိဓာန ပ္ပဒီပိကာကျမ်းကို။ ရစိတော၊ စီရင်အပ်၏။ တဿ၊ ထိုမင်း၏။ ဂုဏနိဝါသကရဏပ္ပကာရဝိဟာရ ဂုဏနာမာဒီနိ၊ ဂုဏ်၊ကျောင်း၊ လှူဒါန်းဆောက်လုပ်သော အခြင်းအရာ၊ ကျောင်း၏ ဂုဏ်ကျေးဇူး၊ အမည် စသည်တို့ကို။ ဒဿေတွာ၊ ပြပြီး၍။ ဝါ၊ ယခင်ပြ၍။ အတ္တနောစ၊ မိမိ၏လည်း။ နာမဂုဏေ၊ အမည်၊ ဂုဏ်တို့ကို။ ဒဿေတုံ၊ ပြအံ့သော ငှာ။ သတ္တဂါထာ၊ ခုနစ်ဂါထာတို့ကို။ ဝါ၊ ကို။ ဝုတ္တာ၊ ကုန်၏။
ဝါ၊ ၏။ တတြ၊ ထိုဂါထာတို့တွင်။ ဒုတီယာ၊ ဒုတီယဂါထာသည်။ ဘုဇင်္ဂပ္ပယာတံနာမ၊ ယဂိုဏ်းလေးခုတို့ဖြင့် မှတ်အပ်သော ဘုဇင်္ဂပ္ပယာတဂါထာမည်၏။
တာသံ၊ ထိုဂါထာတို့၏။ အယံ၊ ဤဆိုလတ္တံ့သည်ကား။ သသမ္ဗန္ဓာဓိပ္ပါယာ၊ သမ္ဗန်အဓိပ္ပာယ်နှင့်တကွသော။ အတ္ထဝဏ္ဏနာ၊ အနက်အဘွင့်တည်း။ ပရက္ကမဘုဇောနာမ၊ ပရက္ကမဘုဇ အမည်ရှိသော။ ယောဘူပါလောရာဇာ၊ အကြင်မင်းသည်။ ကာရေသိ၊ ပြုစေ၏။ ရက္ခေသိ၊ စောင့်၏။ ဣတိစ၊ ဤသို့လည်း။ ဣမိနာ၊ ဤပုဒ်နှင့်။ သမ္ဗန္ဓော၊ စပ်အပ်၏။
သော၊ ထိုမင်းသည်။ ကိံ ဂုဏော၊ အဘယ်ဂုဏ်ရှိသနည်း။ သောရာဇာ၊ ထိုမင်းသည်။
ဂုဏဘူသနောသဒ္ဓါဒိဂုဏာလင်္ကာရဓရော၊ သဒ္ဓါအစရှိသော ဂုဏ်တည်းဟူသော တန်းဆာကို ဆောင်တတ်၏။
တေဇသီတေဇောယုတ္တော၊ တန်းခိုးနှင့်ယှဉ်၏။
ဇယီအရိဇယေန ယုတ္တော၊ ရန်သူကို အောင်ခြင်းနှင့်ယှဉ်၏။
ကေသရီဝိက္ကမောကေသရိသီဟောဝိယသူရဂုဏယုတ္တော၊ ကေသရာခြင်္သေ့ မင်းကဲ့သို့ ရဲရင့်သော ဂုဏ်နှင့် ယှဉ်၏။ ဝီရိယဝါစ၊ ဝီရိယလည်း ရှိ၏။ တော၊ ထိုမင်းသည်။
ကတ္ထ၊ အဘယ်အရပ်၌။ နိဝါသီ၊ နေလေ့ရှိသနည်း။
သောရာဇာ၊ ထိုမင်းသည်။ လင်္ကာသမာသိ လင်္ကာနာမကေဒီပေ၊ လင်္ကာအမည်ရှိသော သီဟိုဠ် ကျွန်း၌။ နိဝါသန သီလော၊ နေ့လေ့ရှိ၏။
စိရံ စိရကာလံ၊ ရည်မြင့်စွာသော ကာလပတ်လုံး။ ဝိဘိန္နံတိဓာဝိဘိန္နံ၊ သုံးဖြာကွဲသော ။ နိကာယတ္တယသ္မိံ နိကာယတ္တယံ၊ နိကာယ်သုံခု အပေါင်းဟု ဆိုအပ်သော။ (ဝိဘတ်ပြန်သည်)။ ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။ သမ္မာနယေနဟေတုနာ၊ ကောင်းသော အကြောင်းဖြင့်။ သမဂ္ဂေသမဂ္ဂံ၊ ညီညွတ်သည်ကို။ ကာရေသိ၊ ပြုစေ၏။ (ကရောတိကာရေသိဟု အချို့ပြင်မှားကြ၏။ ဘုဇင်္ဂပယာတဂါထာ၏ လက္ခဏာပျက်ရကား မသင့်။ စာကိုယ်များကာရေသိသာ ရှိသည်)။ အယံ၊ ဤပုဒ်သည်။ ကရောတီတိကမ္မိတော၊ ကရဟူသော သကမ္မကဓာတ်နောင်မှ။ (ကရဣတိကမ္မိတော၊ ဟူ၍ ဆိုလိုလျက် တျန္တအား ဖြင့် ညွန်း၍ ဤသို့ ဆိုသည်)။ ကာရိတန္တော၊ ကာရိုက်ပစ္ဏည်းဆုံးသော ပုဒ်တည်း။ တထာ၊ ထိုမှတပါး။ သဒေဟံစအတ္တနောကာယံဣဝ၊ မိမိကိုယ်ကဲ့သို့။ နိစ္စာဒရော၊ မပြတ်ရိုသေခြင်းရှိသည်။ ဟုတွာ၊ ၍။ ဒီဃကာလံ၊ ရှည်စွာသော ကာလပတ်လုံး။ မဟဂ္ဃေဟိ၊ အဘိုးအများထိုက်ကုန်သော ။ ပစ္စယေဟိ၊ ပစ္စည်းတို့ဖြင့်။ တံနိကာယတ္တယံ၊ ထိုနိကယ်သုံးခုအပေါင်းကို။ ဝါ၊ ဇေတဝနဝါသီနိကာယ၊ အဘယဂိရိဝါသီနိကာယ၊ မဟာဝိဟာရဝါသီ နိကာယသုံးပါး အပေါင်းကို။ ရက္ခေသိ၊ စောင့်ရှောက်တော်မူ၏။
တထာ၊ ထိုမှတပါး။ ယေနရညာ၊ အကြင်မင်းသည်။ ကရဏဘူတာယ၊ ကရိုဏ်းဖြစ်၍ ဖြစ်သော။ ကိတ္တိယာအတ္တနောသဒ္ဓါဒိကိတ္တိယာ၊ မိမိ၏ သဒ္ဓါခြင်းစသော ကျောက်စောခြင်းဖြင့်။ ကမ္မဘူတာ၊ ကံဖြစ်၍ဖြစ်သော။ အတ္တနော၊ မိမိ၏။ နိဝါသဋ္ဌာနဘူတာ၊ နေရာဖြစ်၍ဖြစ်သော။ လင်္ကာ၊ သီဟိုဠ်ကျွန်းကို။ သမ္ဗာဓီကတာ သင်္ကဋီကတာ အနောကာသီ ကထာယထာ၊ ကျဉ်းမြောင်း၌ အရာမရှိသည်ကို ပြအပ်၏သို့။ တထာ၊ ထို့အတူ။ ဝိဟာရေဟိ၊ ကျောင်းတို့ဖြင့်၎င်း။ ဂါမေဟိ၊ ရွာတို့ဖြင့်၎င်း။ အာရာမေဟိ၊ အရံတို့ဖြင့်၎င်း။ ခေတ္တေဟိ၊ လယ်တို့ဖြင့်၎င်း။ ဝါပီဟိစ၊ ရေကန်တို့ဖြင့်၎င်း။ လင်္ကာ၊ သီဟိုဠ်ကျွန်းကို။ သမ္ဗာဓီကတာ၊ ကျဉ်းမြောင်း၍ အရာမရှိသည်ကို ပြုအပ်၏။
တထာ၊ ထိုမှတပါး။ ယဿရညော၊ အကြင်မင်း၏။ သဗ္ဗကာမဒဒံ၊ အလုံးစုံသော အလိုကို ပေးတတ်သော။ အညေဟိ၊ သူတပါးတို့နှင့်။ အသာဓာရဏံ၊ မဆက်ဆံသော။ အနုဂ္ဂဟံ၊ ချီးမြောက်ခြင်းကို။ ပတွာပါပုဏနဟေတု၊ ရောက်ခြင်းကြောင့်။ ဝါ၊ ရောက်ခြင်းအကြောင်းကြောင့်။ အဟမ္ပိ၊ ငါသည်လည်း။ ဗုဒ္ဓဂေါစရံပဏ္ဍိတဝိသယံ၊ ပညာရှိသူတို့၏ အရာဖြစ်သော။ ဂန္ထကာရတ္တံ၊ ကျမ်းပြုဆရာ၏ အဖြစ်သို့။ ပတ္တော၊ ရောက်ပေ၏။ တေနရညာ၊ ထိုမင်းသည်။ ကာရိတေ၊ လွှတ်ပူဇော်အပ်သော။ ပါသာဒဂေါပုရာဒိဝိဘူသိတေ၊ ပြာသာဒ်၊ တံခါးမုခ် စသည်တို့ဖြင့် တန်းဆာဆင်အပ်သော။ သဂ္ဂခဏ္ဍဒေဝလောကဿခဏ္ဍသဒိသေ၊ နတ်ပြည်တစိတ်နှင့်တူသော။ သတောယာသယသ္မိံ သာဒုသလိလာသယသမန္နာဂတေ၊ ချိုမြိန်သော ရေတွင်း၊ရေကန် နှင့်ပြည့်စုံထသော။ ပဋိဗိမ္ဗိတေ ဘဂဝတောနိဝါသနဋ္ဌာန ဇေတဝနမဟာဝိဟာရဿ ပဋိဗိမ္ဗဘူတေ၊ မြတ်စွာဘုရား၏ ကိန်းဝပ်တော်မူရာဌာန ဖြစ်သော ဇေတဝန်ကျောင်းတော်ကြီး၏ အတုလည်း ဖြစ်ထသော။ သာဓုသမ္မတေသာဓုဝိဟာရောတိသမ္ပတေ၊ ကောင်းသော ကျောင်းဟူ၍ သမုတ်အပ်ထသော။ ဝါ၊ ကား။ သာဓူဟိ၊ သူတော်ကောင်းတို့သည်။ သမ္မတေ၊ ကောင်း၏ ဟု သမုတ်အပ်ထသော။ သရောဂါယမမူဟမှိ သလိလာသယ ဘိက္ခာစာရယုတ္တဂါမသမူဟသမ္ပန္နာဂတေ၊ ဇာတဿရအိုင်ဆွမ်းခံဝတ်နှင့် ယှဉ်သော ရွာအပေါင်းနှင့်ပြည့်စုံထသော။ မဟာဇေတဝနာချမှိ၊ မဟာဇေတဝန်ဟူ၍ ထင်ရှားသော။ ဝိဟာရေ၊ ကျောင်း၌။ ဝသတာနိဝါသံကုဗ္ဗတာ၊ နေခြင်းကို ပြုသော။ သန္တဝုတ္တိနာ သန္တစာရိနာ၊ ငြိမ်သက်သော အကျင့်ရှိသော။ သဒ္ဓမ္မဋ္ဌိတိကာမေန၊ သူတော်ကောင်းတို့၏ တရား၏ ကြာမြင့်စွာတည်ခြင်း ကို အလိုရှိသော။ မီမတာအတိသယ ဉာဏယုတ္တေန၊ လွန်ကဲသော ဉာဏ်နှင့်ယှဉ်သော။ မောဂ္ဂလာနေန သမ္မာသမ္ဗုဒ္ဓေဿဒုတီယအဂ္ဂသာဝက ဘူတဿ အာယသ္မတော ဣဒ္ဓိမတော မဟာမောဂ္ဂလာ နဿနာမဓေယျေနထေရေန၊ မြတ်စွာဘုရား၏ ဒုတီယ အဂ္ဂသာဝကဖြစ်၍ဖြစ်သော သက်တော်ရှည်သော တန်ခိုးကြီးသော အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်၏ အမည်လျှင် အမည်ရှိသော မထေရ်သည်။ ဧသာအဘိဓာနပ္ပဒီပိတာ၊ ဤဘိဓာန ပ္ပဒီပိကာကျမ်းကို။ ရစိတာ၊ စီရင်အပ်၏။ ဝါ၊ စီရင်အပ်ပြီ။ ဣတိ၊ ဤကား အနက်တည်း။
(သူတပါး၏ ကိစ္စကို ဆောင်ရွက်ရာညီညာမှိုင်းမပြီး၍။ မိမိကိစ္စကို ဆောင်ရွက်သကဲ့သို့။ စာကိုယ်ဆရာ၏ နိဂုံးကို ပြပြိး၍ မိမိ၏ နိဂုံးကို ပြအံ့ငှာ ယဒတြ၊ စသည်ကိုမိန့်)။ အတြ၊ ဤဋီကာကျမ်း၌။ အဏုပမာဏသမ္ဘဝေါ၊ အဏုမြူခန့်သာဖြစ်သော။
ဒေါသော၊ ဝိရာမေ၊ ဘဂ္ဂရိ စကုန်သော ဒေါသသည်။ ဂုဏီသု၊ ဩဇဂုဏ် စသည်တို့နှင့် ယှဉ်ကုန်သော ပဒ၊ ဝါကျ ပဒတ္ထတို့၌။ ဝီဓိမ္ပိ၊ စီရင်ဘွဲ့စီကုံးခြင်းကိုလည်း။ (ဆန်းကြောင့် နိဂ္ဂိဟိတ်လာသည်။ ဝီဓိမ္ပိဟု ဤဒီဃနှင့် လည်းလိုသည်)။ ဝိဂါဟ တေ၊ ယူအပ်၏။ ဝါ၊ ပြုအပ်၏။
ယထာ၊ ဥပမာ အသို့နည်းဟူမူကား။ ဥဒကေန၊ ရေသည်။ (ထည့်ပါ)။ ဇလဘောဇနမ္ပိ၊ ရေမြှုပ်စသည်ကို၎င်း။ ဇန္တုဝါ၊ အခြေနှစ်ချောင်းရှိသော သတွာကို၎င်း။ (ပါရိသေသနည်းဟုမှတ်)။
စတုပ္ပဒေါဝါပိ၊ အခြေလေးချောင်းရှိသော သတွာကို၎င်း။ အစရော၊ အခြေမဲ့သော သတွာကို၎င်း။ (ထိုစကားကို အန္တမပရိစ္ဆေဒဖြင့် ပြလိုရကား ကဏျကျပိ၊ ကိုမိန့်)။ ကဏကိအပိ၊ ကမျဉ်းမျကိုလည်း။
ဝိဂါဟတေယထာ၊ ယူအပ်သကဲ့သို့တည်း။ (လိုက်စေ။ ဤဂါထာသည် အလွန်ပျက်စီးလျက်ရှိ၏။ ယုတ္တိကိုရှာကြလေကုန်။ ဤဂါထာျားကား ဝံသဋ္ဌ ဂါထာတို့တည်း)။ ယတော၊ အကြင်ကြောင့်။ (ထည့်ပါ)။ အသမ္ပဝေဒိဒဿနာယ၊ ကောင်းစွာမသိကုန်သော သူတို့အားပြခြင်းငှာ။ ဘာသိတေ၊ ဆိုအပ်သည်ရှိသော။
ဂုဏောစ၊ ဂုဏ်၎င်း။ ဒေါသောစ၊ အပြစ်သည်၎င်း။ ဝိဝိဇ္ဇ ရေ၊ ရှိကုန်၏။
တတော၊ ထိုကြောင့်။ ဗုဓာ၊ သုခမိန်တို့သည်။ မေ၊ ငါ၏။ (ဒေါသံဂုဏတံနှင့်စပ်လေ)။ နဝဓာနတာနဝဓာနန္တေန၊ မထေမဲ့ မူသဖြင့်။ ဘဝံ၊ အရှင်တို့သည်။ (ဗဟုဝစနန္တ)။
ဒေါသံ၊ အပြစ်ကို။ ခမန္တု၊ သည်းခံစေကုန်သတည်း။ ဂုဏတံ၊ ဂုဏ်ကို ရသည်၏ အဖြစ်သို့။ ဝါ၊ ဂုဏ်ကို။ နယန္တုဝါ၊ ဆောင်လည်းဆောင်စေကုန်။ တနည်းကား။ ဂုဏတံ၊ ဂုဏ်ရှိကုန်သော ပဒ၊ ဝါကျ ပဒတ္ထတို့၏။ ဒေါသံ၊ အနည်းငယ်မျှသော အပြစ်ကို။ ဝါ၊ အနည်းငယ်မျှသော အပြစ်သို့။ ခမန္တုဝါ၊ သည်းလည်းခံစေကုန်သတည်း။ နယန္တုဝါ၊ ရောက်လည်းမရောက်စေကုန်သတည်း။
သီဟသူရော၊ သီဟသူ အမည်ရှိသော။ သိတကုဉ္ဇရိန္ဒေါ၊ ဆင်ဖြူ တစီးရှင်လည်းဖြစ်ထသော်။ ဝါ၊ ဆင်ဖြူငါးဆီးရှင်လည်းဖြစ်ထသော်။
ဒုဗ္ဗာရနာဂါဒိဇိတော၊ ဆုံးမကံမြစ်နိုင်ခဲသော ဆင်ကြိမ်းစသည်ကို အောင်ထသော။ နရိန္ဒေါ၊ လူတို့ကို အစိုးရထသော။ (မိဂိန္ဒေါ၊ ဟု အချို့ရှိကြ၏။ ဆင်မြင်းရတနာတို့ကို အစိုးရထသော၊ ဟုသမ္ဗန်)။ သုကန္တဘီမာဒိဂုဏောပပန္နော၊ ကောင်းစွာဖြတ်အပ်သော ကြောက်ရွံ့ခြင်းစသော ဂုဏ်နှင့် ပြည့်စုံထသော။ ယောရာဇာဓိရာဇာ၊ အကြင်မင်းထက်မင်းသည်။ တမ္ဗဒီပေ၊ တမ္ဗဒိပ်ဟူစအပ်သော တိုင်း၌. အဟု၊ ဖြစ်ပြီ။
တန္နာမဓေယျော၊ ထိုဘိုးတော်တစီးရှင်သီဟသူမင်း၏ အမည်လျှင် အမည်ရှိထသော။ ဝါ၊ ထိုခမည်းတော်ငါးစီးရှင် သီဟသူမင်း၏ အမည်လျှင် အမည်ရှိထသော။ တဒုပ္ပါဒဇာတော၊ ထိုဘိုးတော်တစီးရှင် သီဟသူမင်း၏ သားတော်ငါးစီးရှင်သီဟသူမင်း၏ သားလည်းဖြစ်ထသော။ (ဥပ္ပါဒသဒ္ဒါဇာတသဒ္ဒါများကား သားဟောတည်း)။
ဝါ၊ ထိုဘိုးတော်တစီးရှင် သီဟသူမင်း၏ အနွယ်၌ဖြစ်သဖြင့် ဖြစ်ထသော။ သဒ္ဓါဒိ ယုတ္တော၊ သဒ္ဓါခြင်းစသည်နှင့် ယှဉ်ထသော။ စတုသေတိဘိန္ဒေါ၊ ဆင်ဖြူလေးစီးရှင်လည်း ဖြစ်ထသော။
နာဂါဒိထာမော၊ ဆင်စသည်တို့၏ အစွမ်းအားလည်းရှိထသော။ (ဆင်ကောင်း မြင်းကောင်းအားရှိသည် ဟူလို။ ထိုစကားမှန်၏။ ထိုမင်းသည် မင်းသားစဉ် ကပင် တိုက်ဆင်ရှစ်ဆယ်၊ မြေင်းခြောက်ရာ။ သူရဲကောင်း တထောင်ရှိ၏)။ အတိဒုပ္ပသေယှာ၊ ရန်သူတို့သည် အလွန်လျှင် မနှိပ်စက်နိုင်ထသော်။
ဥဠာရပညော၊ ပြန့်ပြောကြီးကျယ်သော ပညာလည်းရှိထသော။ ဓိတိမာ၊ တည်ကြည်မြဲမြဲခိုင်ခံသော ဝီရိယ လည်းရှိထသော။ ယဿဿီ၊ အခြံအရံ ဗိုလ်ပါလည်း ရှိထသော။
ယောရာဇာ၊ အကြင်မင်းတရားသည်။ (လိုက်စေဦး)။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုမင်းတရားသည်။ အဟံ၊ ငါ့ကို။ (ပဌမာကံ။ အနုဂ္ဂဟိတောဟူသော ကံဟောကိတ်ဝါစကကိုမျှောက်)။ အစ္စန္တံ၊ စင်စ်။
အနညသာဓာရဏ သင်္ဂဟေန၊ သူတပါးနှင့်မဆက်ဆံ သောချီးမြှောက်ခြင်းဖြင့်။
အနုဂ္ဂဟိတော၊ ချီးမြောက်တော် မူအပ်သည်ဖြစ်၍။ ဝါ၊ ချီးမြှောက်တော်မူအပ်သော။ အဟံ၊ ငါစတုရင်္ဂဗလအမတ်၊ ကျမ်းတတ်က ဝိ၊ ပညာရှိသုခမိန်သည်။ သင်္ခေပတော၊ အကျဉ်းအားဖြင့်။ သောတုဟိတံ၊ စာသင်သားတို့၏ အစီးအပွားဖြစ်သော။ သုဗောဓံ၊ သိလွယ်သော။ ဣမံ ဝိသုဒ္ဓိသံဝဏ္ဏနံ၊ ဤနှင်းမကျ။
မြူမခံ၊ မီးလျှံမခိုး၊ မိုးတိမ်မလွှမ်း၊ မဘမ်းရာဟု၊ လဣန္ဒုသို့။ ရှစ်ခုကိုးမြောက်၊ မရောက်ကင်းဝေး၊ ငြစ်ကြေးမထင်၊ စင်ကြယ်သော အဘိဓာနပ္ပဒီပိကာဋီကာကို။ အကာသိံ၊ ပြုပြင်စီရင်ပြီ။
(ယခုအခါ၌ လိမ်မာဆန်းကြယ်စွာတတ်သော လက်သ္မားသည် အိမ်အမှုကို ပြုလုပ်ပြီးလျှင် လက်အမှုအခကိုခံဘိ၏သို့။ ထိုအတူစတုရင်္ဂဗလအမတ်တည်းဟူသော လက်သ္မားသည် ဤအဘိဓာနပ္ပဒီပိတာ ဋီကာကျမ်းတည်း ဟူသော အိမ်အမှုကို ပြုလုပ်ပြီးလျှင် လက်အမှုအခနှင့် တူသော ဆုကို ပန်လိုရကား။ ရာဇာ၊ စသည်ကိုမိန့်)။ ရာဇာ၊ လူများသနင်း၊ မင်းမြတ်သည်။ ပဇံ၊ သတွာကို။ သပဇံ၊ မိမိရင်နှစ်၊ သားတော်ချင်ကဲ့သို့။ ရက္ခတု၊ စောင့်ရှောက်ပါစေသောဝ်။
ဓမ္မဉ္စ၊ တရားကိုလည်း။ (လောကဉ္စဟု စသဒ္ဒါ၏ သမုစ္စေတဗ္ဗကိုဘော်)။ လောကာဝိ၊ လူတို့သည်လည်း။ (ဓမ္မာဝိဟုဝိသဒ္ဒါ၏ သမုစ္စေတဗ္ဗကိုဘော်)။ သမာစရန္တု၊ ကောင်းစွာကျင့်စေကုန်သောဝ်။ ဝါ၊ ကောင်းစါာစောင့်စေကုန်သော်ဝ်။
သုပကပ္ပိတာ၊ ကောင်းစွာကြံစည်အပ်ကုန်သော။ အတ္ထာစ၊ အကျိုးစီးပွားတို့သည်လည်း။ ပူရေန္တု၊ ပြည့်စေကုန်သောဝ်။
ကာလေန၊ လျောက်ပတ်သော အခါ၌။ ဒေဝေါပိ၊ မိုဃ်းသည်လည်း။ ပဝဿတု၊ ရွာစေသောပ်။ ဣတိ၊ ဤကား နိဂုံးတည်း။ (ယောသီဟသူရော၊ စကုန်သော ဂါထာတို့ကား။ တဂိုဏ်းနှစ်ခု၊ ဇဂိုဏ်း၊ ဂရုနှစ်ခုတို့ဖြင့် မှတ်အပ်သော တဆဲ့တလုံးဘွဲ့ဣန္ဒဝဇိရာဂါထာတုဋ္ဌုဘဆန်းတို့တည်း။ အနုဂ္ဂဟီတောဟုဟီ၌ ဤဒီဃနှင့်ရွတ်။ ပဝဿတူတိနှိုက် ပရိသမာပ နတ္ထဇောတကနိပါတ် ဣတိသဒ္ဒါကို ပါဒန္တဂရု၌ သင်္ဂြိုလ်၍ ယူအပ်၏)။
အဘိဓာနပ္ပဒီပိကာဝဏ္ဏနာ၊ အဘိဓာနပ္ပဒီပိကာ အဘွင့်သည်။ နိဋ္ဌိတာ၊ ပြီးပြီ။