ဣဒါနိ၊ ပညတ္ထာနုယောဂကို ဟောတော်မူပြီးရာ ယခုအခါ၌။ ဂတိပရိဝတ္တန မုခေန၊ ဂတိ၏ ပြောင်းလွဲမှု အဦးပြုသဖြင့်။ စုတိ ပဋိသန္ဓိ အနုယောဂေါ၊ စုတိ ပဋိသန္ဓေကို မေးစိစစ်ခြင်းသည်။ ဟောတိ၊ ၏။ ဝါ၊ လတ္တံ့။
[ဤအဖွင့်ကို ကြည့်၍ "ဂတိယာ၊ ပြောင်းလွဲသော ဂတိအားဖြင့်။ အနုယောဂေါ၊ စုတိ ပဋိသန္ဓေကို မေးစိစစ်ခြင်းတည်း။ ဂတိအနုယောဂေါ၊ခြင်း" ဟု ဝစနတ္ထ ပြုပါ။]
တတ္ထ၊ ထိုသော ပုဂ္ဂလော အစရှိသော ပါဠိရပ်၌။ သောတိ၊ သော ဟူသော ပုဒ်၏။ သော ယေဝ၊ ထိုပုဂ္ဂိုလ်သည်ပင်။ (သန္ဓာဝတိ၊ လော, ၌စပ်။) ဣတိအတ္ထော၊ နက်။
[ သဗ္ဗပဒံ သာဝဓာရဏံ နှင့်အညီ သောကို ဧဝ ထည့်၍ "သောယေဝ"ဟုဖွင့်သည်။]
ပုန၊ တဖန်။ စတ္တာရောပိ၊ လည်းဖြစ်ကုန်သော။ ပဉှေ၊ တို့ကို။ ဧကတော၊ တပေါင်းတည်း။ (ကတွာ)၊ ပုဋ္ဌော၊ မေးအပ်သော ပရဝါဒီသည်။ (ပဋိက္ခိပိတွာ အာဟ၊ တို့၌စပ်။) စတုန္နမ္ပိ၊ လည်းဖြစ်ကုန်သော။ ဒိဋ္ဌီနံ၊ တို့၏။ ဝါ၊ တို့မှ။ ဘယေန၊ ကြောက်ခြင်းကြောင့်။ ပဋိက္ခိပိတွာ၊ ၍။ ပုန အဿ၊ ထို ပရဝါဒီ၏။ (လဒ္ဓိ၊ ၌စပ်။) ယာနိ သုတ္တာနိ၊ တို့ကို။ နိဿာယ၊ ၍။ လဒ္ဓိ၊ သည်။ ဥပ္ပန္နာ၊ ဖြစ်ပြီ။ တာနိ (သုတ္တာနိ)၊ တို့ကို။ ဒဿေန္တော၊ ပြလိုသည်၏ အဖြစ်ကြောင့်။ တေန ဟိ ပုဂ္ဂလော သန္ဓာဝတီတိ အာဒိံ၊ ကို။ အာဟ၊ ပြီ။
["ဒဿေန္တော။ ပေ။ အာဟ" ကို ဋီကာ၌ အပြစ် ပြထားသည်။]
**၁။ သွေဝါတိ နိယာမေတွာ**။ ။ (ပါဠိတော်ဝယ် ပုဒ်ရေ ၇၆-၌) အာမန္တာ ဟုဝန်ခံပြီးသောအခါ "သွေဝ" ဟု ဧဝသဒ္ဒါဖြင့် ခိုင်မြဲစေ၍ "သွေဝ ပုဂ္ဂလောသန္မာဝတိ။ ပေ။ ဣမံ လောကံ" ဟု မေးသောအခါ "န ဟေဝံ ဝတ္တဗ္ဗေ" ဟုပယ်၏။ [ဤ ပဋိက္ခိပိတွာကို ပဋိဇာနာတိ ၌စပ်။] (ဆဋ္ဌမူ၌ နိယာမေတွာ ဟုရှိသည်။)
ပဋိက္ခိပိတွာ၊ ပယ်ပြီး၍။
(ပဋိဇာနာတိ၊ ၌စပ်။)
ပုန၊ တဖန်။
ဒဠှံ၊ ခိုင်မြဲသည်ကို။
ကတွာ၊ ၍။
တထေဝ၊ ထိုရှေးအတိုင်းပင်။
ပုဋ္ဌော၊ မေးအပ်သော ပရဝါဒီသည်။
(ပဋိဇာနာတိ၊ ၌စပ်။)
ယသ္မာ၊ ကြောင့်။
သောပုဂ္ဂလောဝ၊ ထိုပုဂ္ဂိုလ်ပင်တည်း။
အညော၊ တမျိုးတခြားသော။
ဘာဝေါ၊ အနက်သဘောသည်။
န၊ မဟုတ်။
သော တတောစုတော ဣဓူပ ပန္နောတိ အာဒိ သုတ္တမ္ပိ၊ အစရှိသောသုတ်သည်လည်း။
အတ္ထိ၊
တသ္မာ၊ ကြောင့်။
ပဋိဇာနာတိ၊ ၏။အထ၊ ဝန်ခံပြီးရာ ထိုအခါမှ နောက်၌။
အဿ၊ ထိုပရဝါဒီ၏။
(ဝစနံ၊ ၌စပ်။)
သကဝါဒီ၊ သည်။
ဒေဝ မနုဿုပပတ္တီနံ၊ နတ်အဖြစ် ဟူသော ဥပပတ္တိ, လူအဖြစ်ဟူသော ဥပပတ္တိတို့၏။
နာနတ္တတော၊ ထူးကုန်သည်၏ အဖြစ်ကြောင့်။
ဝစနံ၊ စကားကို။
မိစ္ဆာတိ၊ မှားယွင်း၏ဟူ၍။
ပကာသေန္တော၊ ထင်ရှားပြလိုသည်၏အဖြစ်ကြောင့်။
မနုဿောဟုတွာတိအာဒိံ၊ ကို။
အာဟ၊ ပြီ။
၁။ပုန ဒဠှံ ကတွာ။ ပေ ။ ပဋိဇာနာတိ။ ။ထိုသို့ ပယ်ပြီးသောအခါ (ပုဒ်ရေ ၇၇-၌) –"သွေဝ ပုဂ္ဂလော ။ ပေ ။ ဣမံ လောကံ”ဟု ရှေးအတိုင်းပင် ထပ်မံ ၍မေး၏။ ဤသို့ နောက်တခါ ထပ်၍ မေးသောကြောင့် “ပုန ဒဠှံ ကတွာ”ဟု ဆို သည်။ ထိုသို့ မေးသောအခါ “အာမန္တာ”ဟု ဝန်ခံသည်။
၂။ ယသ္မာ သော ပုဂ္ဂလောဝ ။ ပေ ။ အတ္ထိ။ ။ထိုသို့ ဝန်ခံရာ၌ ပရဝါဒီ ဘက်က အကြောင်းပြချက်မှာ-တဘဝမှ တဘဝသို့ သွားသော ပုဂ္ဂိုလ်သည် ထိုပုဂ္ဂိုလ် တမျိုးတည်းပင်ဖြစ်၏။ နအညော ဘာဝေါ-ထို ပုဂ္ဂိုလ်မှ အခြားသော သဘာဝ တမျိုးမဟုတ်။ ထို့ပြင်-"သော တတော စုတော ဣရူပပန္နော”ဟူသော ပါဠိတော် လည်းရှိ၏။ ထိုသို့သော ယုတ္တိ, သာဓက ၂-ဌာနကို ထောက်၍ အာမန္တာဟု ပရဝါဒီ ဝန်ခံသည်။
၃။ ပုန ပုဋ္ဌော ။ ပေ ။ မနုဿော ဟုတွာ။ ။( ပုဒ်ရေ ၇၇-တုန်းက ) မေးအပ်ပြီးသော "သွေဝ မနုဿာ, သော ဒေဝေါ”ဟူသော ထို ပြဿနာကိုပင် (၇၈) ၌ ထပ်၍ သကဝါဒီ မေးသောကြောင့် “ပုန ပုဋ္ဌော”ဟု ဆို၏။ ပရဝါဒီ က “အာမန္တာ”ဝန်ခံသောအခါ-ဒေဝ အဖြစ်နှင့် မနူဿ အဖြစ်က မတူသောကြောင့် ပရဝါဒီ၏စကား၌ “အမှား”ပြလို၍ “မနုဿော ဟုတွာ ဒေဝေါ ဟောတိ”စသည် ဖြင့်နှိပ်ပြီးလျှင် မိစ္ဆာဟု အပြစ်ပြသည်။
၈၂။ ခတ္တိယောတိအာဒီနိ၊ အစရှိသော ပါဠိရပ်တို့ကို။ ဇာတိဝသေနစေဝ၊ အမျိုးဇာတ်၏ အစွမ်းဖြင့်၎င်း။ အင်္ဂဝေကလ္လာဒိဝသေနစ၊ အင်္ဂါကြီးငယ်တို့၏ ချို့တဲ့ကုန်သည်၏အဖြစ် အစရှိသည်တို့၏ အစွမ်းဖြင့်၎င်း။
(သကဝါဒိနာ၊ သည်။ (တနည်း) အာယသ္မတာ မောဂ္ဂလိပုတ္တတိဿတ္ထေရေန၊ သည်။) ဝုတ္တာနိ၊ အပ်ကုန်ပြီ။
၈၇-၈၈။ ပုန၊ တဖန်။
န ဝတ္တဗ္ဗန္တိ၊ န ဝတ္တဗ္ဗံ သွေဝ ပုဂ္ဂလော သန္ဓာဝတိ အစရှိသည် ဟူ၍။
ပရဝါဒိနာ၊ သည်။
ပုဋ္ဌော၊ မေးအပ်သည်။
(သမာနော)၊
ဣဓဋ္ဌကဿ၊ ဤ ဘဝ၌ တည်သော ပုဂ္ဂိုလ်၏။
ဥပပတ္တိဝသေန၊ ပဋိသန္ဓေနေခြင်း၏ အစွမ်းဖြင့်။
ပရလောကဿ၊ တမလွန် လောကသို့။
ဂမနာဘာဝတော၊ သွားနိုင်ခြင်း၏မရှိခြင်းကြောင့်။
ပဋိညာ၊ သည်။
သကဝါဒိဿ၊ ၏ဝန်ခံခြင်းတည်း။
၁။ တတ္ထ ။ ပေ။ န ဘဝိဿတီတိ အတ္ထော။ ။ပုဂ္ဂိုလ်တ ယောက် တည်း သည်ပင် လူဖြစ်လိုက် နတ်ဖြစ်လိုက်အားဖြင့် ရုပ်ပြောင်း ရုပ်လွှဲဖြစ်လျှင် သေခြင်းပင် ရှိတော့မည်မဟုတ်-ဟူလို။
၂။ ခတ္တိယောတိ အာဒီနိ ။ ပေ ။ ဝုတ္တာနီ။ ။၈၁-၌ "အတ္ထိ ကောစိ ခတ္တိယော ဟုတွာ” မှ စ၍ ၈၅ ၌ “အတ္တိ ကောစိ သုဒ္ဓေါ” စသည် တိုင် အောင် ရည်ရွယ်၍“ဇာတိဝသေန စေဝ”ဟု၎င်း၊၈၆ ၌“ဟတ္ထစ္ဆိန္နော ဟတ္ထစ္ဆိန္နောဝ ဟောတိ”မှစ၍ “မဟိံသောဝ ဟောတိ”တိုင်အောင် ရည်ရွယ်၍ “အင်္ဂဝေကလ္လာ ဒိဝသေနစ”ဟု၎င်း ဆိုသည်။ ဝေကလ္လာဒိ၌ အာဒိဖြင့် “ကုဋ္ဌိယော ဂဏ္ဍိယော” စသော အနာရောဂါရှိခြင်းကို၎င်း, "ဩဋ္ဌော ဂေါဏော" စသော တိရစ္ဆာနဂတိ ကို၎င်းယူပါ။
၃။ ပုန ဝတ္တဗ္ဗန္တိ ။ ပေ ။ ပဋိညာ။ ။ ၈၆-တုန်းက “သွေဝ ပုဂ္ဂလော သန္ဓာဝတိ" စ သော ပြဿနာကိုပင် ပရဝါဒီက “န ဝတ္တဗ္ဗံ”ဟု ထည့်၍ မေးသော ကြောင့် “ပုန-နောက်ထပ်”ဟု ဆိုသည်။ ပရဝါဒီက “ထို ပုဂ္ဂိုလ် တယောက်တည်း သည်ပင် ဤ လောကမှ နောက်လောကသို့၎င်း, နောက်လောကမှ ဤ လောကသို့၎င်း ပြေးသွား၏ဟု မဆိုထိုက်ပါသလော”ဟု မေးရာ၌ “ဤ လောက၌ တည်ဆဲ ပုဂ္ဂိုလ် သည် ပဋိသန္ဓေ၏အစွမ်းဖြင့် နောက်လောကသို့ မသွားနိူင်သောကြောင့် "အာမန္တာ” ဟု သကဝါဒီ ဝန်ခံသည်။
ပုန၊ သောတာပန္နဿ၊ သောတာပန် ပုဂ္ဂိုလ်၏။ ဘဝန္တရေပိ၊ ဘဝတပါး၌လည်း။ သောတာပန္နဘာဝါဝိဇဟနတော၊ သောတာပန်၏ အဖြစ်ကို မစွန့်ခြင်းကြောင့်။ ဒုတိယပဋိညာပိ၊ နှစ်ကြိမ်မြောက်ဝန်ခံခြင်းသည်လည်း။ တဿဝ၊ ထိုသကဝါဒီ၏ပင်။ (ပဋိညာ၊ သည်။ ဟောတိ၊ )ပုန၊
ဒဠှံ၊ ကို။
ကတွာ၊ ၍။
အနုယုတ္တော၊ မေးစိစစ်အပ်သောပရဝါဒီသည်။
သွေဝ ပုဂ္ဂလော သန္ဓာဝတီတိ၊ ဟူသော။
လဒ္ဓိယာ၊ မိမိအယူအားဖြင့်။
အနုဇာနာတိ၊ အာမန္တာ ဟု ခွင့်ပြု၏။
၁။ န သောတာပန္နဿ။ ။တဿေဝ။ ။"ထိုပုဂ္ဂိုလ် တယောက်တည်း သည်ပင် တဘဝမှ တဘဝသို့ ပြေးသွား၏ဟု မဆိုထိုက်သလော”ဟု မေးရာ၌ “အာမန္တာ၊ အိမ်း မဆိုထိုက်”ဟူသော အဖြေကို မကျေနပ်သောကြောင့် “လူ့ဘဝက သောတာပန်သည် နောက်ဘဝသို့ ရောက်လျှင်လည်း သောတာပန်ပင် ဖြစ်သည်မဟုတ် လော”ဟု ပရဝါဒီက စစ်ဆေးသောအခါ “အာမန္တာ”ဟု သကဝါဒီ ဝန်ခံသည်။
၂။ အနညော အဝိဂတော။ ။ပါဠိတော်ဝယ် ရှေ့ပြဿနာမှ“သွေဝ ပုဂ္ဂလော”ကို လိုက်စေ၍ ထိုပုဂ္ဂိုလ်သည်ပင် “အနညော-အခြားသူ မဟုတ်သည်” ဟူရာ၌ အလုံးစုံအခြင်းအရာအားဖြင့် တထပ်တည်းတူသည်”ဟု ဆိုလို၏။“အဝိဂတော၊ မကင်းသည်” ဟူရာ၌လည်း"နဂိုရှိနေသောအခြင်းအရာတို့တွင် တစုံတခုသော အခြင်း အရာအားဖြင့် မကင်း"ဟု ဆိုလိုသည်။
၃။ ပုန ခဠှံ ကတွာ။ ၈၉-၌ မေးအပ်ပြီးသော ဒုတိယပြဿနာကိုပင် ထပ်၍ မေးသောကြောင့် “ပုန ဒဠှံ ကတွာ”ဟု ဆိုသည်။ ထိုသို့ ထပ်၍ မေး သောအခါ “သွေဝ ပုဂ္ဂလော သန္ဓာဝတိ”ဟူသော သူ့အယူနှင့် လျော်သည်ကို စဉ်း စားမိ၍ ၈၉-၌ ပယ်အပ်ပြီးကိုပင် “အာမန္တာ”ဟု ခွင့်ပြု ပြန်သည်။
ဟိ၊ မှန်။
သော၊ ထို အန္တရာဘဝပုဂ္ဂိုလ်သည်။
၁။ အာကာရာဝိဂမနဒဿနေန။ ။"အာမန္တာ”ဟု ခွင့်ပြု ပြီးသောအခါ "ဟတ္ထစ္ဆိန္နော ဟတ္ထစိနောဝ ဟောတိ ရှေးဘဝ၌ ဟတ္ထစ္ဆိန္န ဖြစ်သူသည် နောက်ဘဝ သို့ ဟတ္ထစ္ဆိန္နအဖြစ်ဖြင့်ပင် ပြေးသွားသလော”စသည်ဖြင့် မေးခြင်းသည်“အဝိဂတော သန္ဓာ ဝတိ”ဟူသော သူ့အယူကို ဖျက်ခြင်းအကျိုးငှါ မေးခြင်းဖြစ်၏။ ထိုသို့ မေးသော အခါ "န ဟေဂံ ဝတ္တဗ္ဗေ”ဟု ပယ်ရှားသောကြောင့် သူ့အယူပျက်လေသည်။ စာအုပ် တို့၌ “အာကာရဝိဂမနဒဿနန”ဟု ရှိသော်လည်း “အာကာရာဝိဂမန(အာဏာရ+ အဝိဂမန) (ဟတ္ထစ္ဆိန္ဒဖြစ်သူ၏ လက်ပြတ်နေခြင်းဟူသော အခြင်းအရာမကင်းပဲ နောက် ဘဝ၌ ဟတ္ထစ္ဆိန္န အဖြစ်ဖြင့် ဖြစ်ပုံကို) ဒဿနေန”ဟု ရှိမှ အဓိပ္ပါယ် မှန်သည်။
၂။ သရူပေါတိ အာဒီသု။ ။သရူပေါ”ကို ဣမိနာ ရူပကာယေန သဒ္ဓိ" ဟု ဖွင့်သည်။ သွေ ပုဂ္ဂလောကို လိုက်စေ၍ “ထို ပုဂ္ဂိုလ်သည်ပင် ဤရူပကာယနှင့်တကွ (ဤရူပကာယ အတိုင်း) တဘဝမှ တဘဝသို့ ပြေးသွားသလော ဟု ပဌမ မေးရာ၌ “န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပယ်သည်။
၃။ ဒုတိယ ။ ပေ။ ပဋိဇာနာတိ။ ။ထိုပြဿနာကိုပင် ဒုတိယထပ်၍ မေးရာ ၌ကား ဝန်ခံ၏။ ဘာ့ကြောင့်နည်း ပရဝါဒီသည် ဤ ဘဝနှင့် နောက်ဘဝ၏အကြား၌ "ကြားဘဝ တမျိုး ရှိသေး၏ဟု အယူ ရှိနေသောကြောင့်တည်း။ ဆက်ဦးအံ့၊ "အချို့ပုဂ္ဂိုလ်သည် သေပြီးနောက် အမိလောင်း၏ သန္ဓေယူနိုင်လောက်ရာ ကာလကို စောင့်ဆိုင်း၍ ကြားဘဝ၌ နေရသေး၏။ အဓိက သန္ဓေယူနိုင်လောက်အောင် အကြောင်းစုံသောအခါ ထို ကြားဘဝ၌ ဖြစ်သော ရုပ်အတိုင်းပင် အမိဝမ်းထဲသို့ ဝင်ရောက်၏။ ဝင်ရောက်ပြီးမှ ထို ရုပ်ပျက်သည်" ဟု အယူရှိသတဲ့။
တဿ၊ ထိုပရဝါဒီ၏။ လဒ္ဓိယာ၊ အားဖြင့်။ သရူပေါဝ၊ မိမိ၏ ရုပ်နှင့်တကွသာလျှင်။ ဝါ၊ မိမိရူပကာယအတိုင်းသာလျှင်။ (ဟုတွာ)၊ ဂန္တွာ၊ သွား၍။ မာတုကုစ္ဆိံ၊ အမိဝမ်းသို့။၏ ပဝိသတိ၊ ဝင်၏။သဝေဒနောတိအာဒီသု၊ အစရှိသော ပြဿနာတို့၌။
အသညူပပတ္တိံ၊ အသညသတ်ဘုံ၌ ပဋိသန္ဓေနေခြင်းကို။
သန္ဓာယ၊ ၍။
(ပရဝါဒီ၊ သည်။)
၁။ တံ ဇီဝံ တံ သရီရံ။ ။ “ယေန ရူပသင်္ခါတေန သရီရေန”ဟု သရီရ အတွက် အနိယမ ထည့်၍ ဆိုသောကြောင့် တံ ဇီဝံ ၌ တံ ဖြင့် ထိုရုပ်ခန္ဓာ ဟူသော သရီရကို စွဲရသည်။ ထို ရုပ်ခန္ဓာဟူသော သရဲရသည် ဇီဝ (အသက်ကောင်)လော။ "ထို ဇီဝ(အသက်ကောင်) သည် သရီရ လော”ဟု သကဝါဒီ မေးသည်။[ရူပသင်္ခါတေန”ဟူသော ဝိသေသနဖြင့် သတ္တ-အတ္တ ဟု ခေါ်ဆိုအပ်သော သရီရကို တား မြစ်သည်။ ]
၂။ သရီရ နိက္ခေပါ သုတ္တဝိရောဓာ။ ။ “ရုပ် “ရုပ်ခန္ဓာဟူသော သရီရသည် ဇီဝ လော”ဟု မေးသောအခါဇီဝသည် သဿတ(မြဲ)၏။ ရုပ်ခန္ဓာ ဟူသော သရီရကား ဤ ဘဝ၌ ပစ်ချခဲ့ရ၍ မမြဲ။ ထို့ကြောင့်၎င်း “တံဇီဝံ တံသရီရန္တိ အဗျာကတမေတံ မယာ”ဟူသော သုတ်နှင့် ဆန့်ကျင်သောကြောင့်၎င်း ပယ်သည်။
၃။ သဝေဒနာတိ အာဒီသု။ ။ပါဠိတော်၌ “သွေဝ ပုဂ္ဂလော”ကို လိုက် စေ၍ “သရူပေါ”နေရာဝယ် “သဝေဒနော သန္ဓာဝတိ အသ္မာလောကာ"စသည်ဖြင့် ရှိ၏။ ထိုသို့ မေးရာဝယ် “အသညသတ်ဘုံ၌ ဖြစ်ခြင်းကို ရည်ရွယ်၍ “န ဟေဝံ ဝတ္တဗ္ဗေ”ဟု ပရဝါဒီ ပယ်၏။ ထိုသို့ ပယ်ပြီးနောက် “သွေဝ ပုဂ္ဂလော သဝေဒနော” သန္ဓာဝတိ” ဟု ထပ်၍ မေးသောအခါ အသညသတ်ဘုံမှ တပါးသောဘုံ၌ ဖြစ်ခြင်းကို ရည်ရွယ်၍ “အာမန္တာ”ဝန်ခံသည်။ ထို့နောက် တံ၊ ထို ဝေဒနာနှင့်တကွ ဖြစ်သောဇီဝံ၊ လော။ တံ၊ ထို ဇီဝသည်။ သရီရံ၊ လော”ဟု မေးသောအခါ သုတ္တ ဝိရောဓဖြစ်သောကြောင့် ပယ်သည်။ဤသို့ သညာ သင်္ခါရ ဝိညာဏက္ခန္ဓာတို့ကို အပြည့် အစုံ မေး၍ အပြည့်အစုံ ဖြေသည်။ ပါဠိတော်၌ကား ပေယျာလ မြှုပ်ထားသည်။
ပဋိက္ခိပတိ၊ ၏။ တဒညံ၊ ထို အသညသတ် ပဋိသန္ဓေမှ တပါးသော။ ဥပပတ္တိံ၊ စတုဝေါကာရ, ပဉ္စဝေါကာရ ပဋိသန္ဓေကို။ သန္ဓာယ၊ ၍။ (ပရဝါဒီ)၊ ပဋိဇာနာတိ၊ ၏။**၁။ အရူပေါတိ အာဒီသု**။ ။ ဤပြဿနာတို့ဝယ် နောက်ဆုံးဖြစ်သော "အညံ ဇီဝံ, အညံသရီရံ" ဟူသော ပြဿနာ၌ "အရူပေါ"ဟု စတည်လျှင် "အညံ-ရုပ်မှတပါးဝေဒနာ စသည်ကို သရီရ"ဟုယူပါ။ "အဝေဒနော"ဟု စတည်လျှင် "အညံ၊ ဝေဒနာမှ တပါး ရုပ်စသည်ကို သရီရ"ဟုယူပါ။
ယံ ၊သရီရံ၊ ကို။
ပဟာယ၊ ၍။
အဝေဒနော၊ ဝေဒနာမရှိသည်။
(ဟုတွာ)၊
သန္ဓာဝတိ၊ ၏။
အဝိညာဏော၊ ဝိညာဉ်မရှိသည်။
(ဟုတွာ)၊
သန္ဓာဝတိ၊ ၏။
ကိံ၊ နည်း။
တေ၊ အသင် ပရဝါဒီ၏။
တံသရီရံ၊ ထို ဝေဒနာ အစရှိသည်ဟု ဆိုအပ်သော သရီရသည်။
အညံ၊ ဇီဝမှ တမျိုးတခြားသော။
ဇီဝံ၊ သည်။
အညံ၊ ဝေဒနာအစရှိသော သရီရမှ တမျိုးတခြားလော။
ဣတိ၊
(သကဝါဒီ)၊
ပုစ္ဆတိ၊ ၏။ဣတရော၊ သကဝါဒီမှ တပါးသော ပရဝါဒီ သည်။ သုတ္တဝိရောဓာ၊ ကြောင့်။ ပဋိက္ခိပတိ၊ ၏။
[ပါဠိတော်နှင့် တိုက်၍ ကြည့်ပါ။ အဓိပ္ပါယ် မခက်တော့။]
**၁။ ရူပံ သန္ဓာဝတိ**။ ။ သကဝါဒီက "ရုပ်သည် ပြေးသွား သလော" ဟု မေးရာ၌ ပရဝါဒီသည် "အဝိဇ္ဇာနီ ဝရဏာနံ သတ္တာနံ သန္ဓာဝတံ" စသော ပါဠိတော်ဝယ်" ပုဂ္ဂိုလ် သတ္တဝါသည် ပြေးသွား၏" ဟူသော စကားတော်ကို ထောက်၍ "ရုပ်သည် ပြေးသွား၏"ဟုမဆိုထိုက်ဟု ပယ်ပြီးလျှင် ထပ်၍ မေးသောအခါ ရုပ်စသည်ကို ကြဉ်၍ ပုဂ္ဂိုလ်ဟု သီးခြားမရှိသောကြောင့် "အာမန္တာ"ဟုဝန်ခံသည်။ပန၊ ဆက်။
အယံ၊ ဤဆိုအပ်လတ္တံ့ကား။
ဂါထာနံ၊ ဂါထာတို့၏။
အတ္ထော၊ အနက်တည်း။
အာယသ္မတော၊ ငါ့ရှင် ပရဝါဒီ၏။
မတေန၊ အလိုအားဖြင့်။
၁။ ရူပံန သန္ဓာဝတိ။ ။ ဤပြဿနာသည် သကဝါဒီ၏ ပြဿနာပင်တည်း။ “ရုပ်သည် မပြေးသွားသလော”ဟု မေးရာ၌ “န ဟေဝံ ဝတ္တဗ္ဗေ၊ မပြေးသွားဟု မဆိုလို”ဟု ပယ်၏။ ထိုသို့ ပယ်ခြင်းနှင့် လျော်အောင် အဋ္ဌကထာဝယ် "ဣတရော ပုဂ္ဂလေန သန္ဓာဝန္တေန(ပြေးသွားသော ပုဂ္ဂိုလ်အားဖြင့် -ပုဂ္ဂိုလ်နှင့်အတူ) သက္ကာတဿ ဥပါဒါနဘူတေန ရူပေန သန္ဓာဝိတုံတိ သညာယ ပဋိက္ခိပတိ”ဟု သီဟိုဠ်မူ အတိုင်း စာရှိမှ အဓိပ္ပါယ်မှန် ရနိူင်ပါသည်။ “န သက္ကာ”ဟု ရှိသော ပါဌ်မှာ အဖြေ နှင့် မလျော်ပါ။ [ပုဂ္ဂလေ သန္ဓာဝန္တေန န သက္ကာ ။ ပေ ။ သန္ဓာဝိတုံတိ”ဟု ပဋိသေဓ ၂-ချက်ရှိသော ရှေးမူအတိုင်းလည်း အဓိပ္ပါယ်မှန် ရနိူင်ပါသည်။]
၂။ ပုန ပုဋ္ဌော။ ပေ ။ပဋိဇာနာတိ။ “ရူပံ နသန္ဓာဝတိ”ဟူသော ပြဿနာ ကို နိဂ္ဂဟ စသည် ပြုပြီးနောက် ထပ်၍ မေးသောအခါ "အာမန္တာ၊ အိမ်း ရုပ်သည် မပြေးသွားပါ”ဟု ဝန်ခံ၏။ ထိုသို့ ဝန်ခံရာ၌ “သတ္တာနံ သန္ဓာဝတံ”ဟူသော ပါဠိ တော်ဝယ် “သတ္တဝါတို့ ပြေးသွားကုန်လသော်”ဟူသော စတားတော်ကိုထောက်လေ သည်။ “သတ္တဝါ ဟူသော ပုဂ္ဂိုလ်တို့ ပြေးသွားကုန်လသော်”ဟု ဟောတော်မူသဖြင့် ရုပ်ဝေဒနာ စသည်တို့က မပြေးသွား”ဟု အဓိပ္ပါယ်ရသည်ဟု ပရဝါဒီ ယူသည်။
ရုက္ခံ၊ သစ်ပင်ကို။ ဥပါဒါယ၊ ကပ်ယူ၍။ ဝါ၊ စွဲမှီ၍။ ဆာယာ၊ အရိပ်သည်။ (ဟောတိ)ဝိယ၊ ကဲ့သို့၎င်း။ ဣန္ဓနံ၊ ထင်းစသော လောင်စာကို။ ဥပါဒါယ၊ ၍။ ဝါ၊ ၍။ အဂ္ဂိ၊ မီးသည်။ (ဟောတိ)ဝိယ စ၊ ကဲ့သို့၎င်း။ (တထာ၊ တူ။) ယေခန္ဓေ၊ တို့ကို။ ဥပါဒါယ၊ ၍။ ဝါ၊ ၍။ ပုဂ္ဂလော၊ သည်။ (ဟောတိ)၊ကတရာ၊ အဘယ်သို့သော။ (ဥစ္ဆေဒ ဒိဋ္ဌိ၊ သည်။ အာပဇ္ဇတိ၊ ဖြစ်သနည်း။) ပုဒ္ဓေန၊ သည်။ ဝိဝဇ္ဇိတာ၊ ရှောင်ကြဉ်တော် မူအပ်သော။ ယာ အကုသလဒိဋ္ဌိ၊ အကြင်အကုသိုလ်ဖြစ်သော ဒိဋ္ဌိသည်။
(အတ္ထိ၊ သာ၊ ထို အကုသိုလ် ဖြစ်သောဥစ္ဆေဒ ဒိဋ္ဌိသည်။ အာပဇ္ဇတိ၊ ၏။)