ဘန္တေ၊ မြတ်စွာဘုရား။
အဟံ၊ ဒကာတော်သည်။
ဧကံ၊ တစ်ပါးသော။
သမယံ၊ အခါ၌။
ယေန၊ အကြင်အရပ်၌။
ပူရဏော ကဿပေါ၊ ပူရဏကဿပသည်။
(အတ္ထိ၊ ရှိပါ၏။)
တေန၊ ပူရဏကဿပရှိရာထိုအရပ်သို့။
ဥပသင်္ကမိံ၊ သွားပါပြီ။
ဥပသင်္ကမိတွာ၊ သွားပြီး၍။
ပူရဏေန ကဿပေန၊ နှင့်။
သဒ္ဓိံ၊ အတူ။
သမ္မောဒိံ၊ ခမနီယ,စသည်သဘော,မေးမြန်းပြောလျက်,ရောနှောမိပါပြီ။
[ဤအနက်ပေးပုံကို ပါရာဇိကဏ်,ဝေရဉ္ဇကဏ္ဍ အဋ္ဌကထာနှင့် ဘာသာဋီကာကို ကြည့်ပါ၊ရှေးက "အညီအမျှ ဝမ်းမြောက်ဝမ်းသာပြောဆိုပါ၏"ဟု ပေးရိုးရှိသည်။]
သမ္မောဒနီယံ၊ ဝမ်းမြောက်ခြင်းကိုဖြစ်စေတတ်သော။
သာရဏီယံ၊ မပြတ်မလတ်အမှတ်ရထိုက်သော။
ကထံ၊ စကားကို။
ဝီတိသာရေတွာ၊ ပြီးဆုံးစေပြီး၍။
ဧကမန္တံ၊ ၌။
နိသီဒိံ၊ ထိုင်နေပါပြီ။
ဘန္တေ၊ ရား။
ဧကမန္တံ၊ ၌။
နိသိန္နော၊ သော။
အဟံ၊ သည်။
ပူရဏံ ကဿပံ၊ ကို။
ဧတံ၊ ဤစကားကို။
အဝေါစံ၊ မေးမြန်းပြောဆိုပါပြီ။
(ကိံ၊ အဘယ်သို့မေးမြန်းပြောဆိုသနည်း။)
ဘော ကဿပ၊ အရှင်ကဿပ။
ဣမာနိ ပုထုသိပ္ပါယတနာနိ၊ ဤများစွာသော အတတ်တို့သည်။
(တစ်နည်း)
ဣမာနိ ပုထုသိပ္ပါယတနာနိ၊ ဤများစွာသောအသက်မွေးခြင်း၏အကြောင်းဖြစ်သောအတတ်တို့သည်။
(တစ်နည်း)
ဣမာနိ ပုထုသိပ္ပါယတနာနိ၊ ဤများစွာသောအသက်မွေးခြင်း၏မှီရာဖြစ်သောအတတ်တို့သည်။
(သန္တိ၊ ရှိပါကုန်၏။)
သေယျထိဒံ၊ ထိုအတတ်သည်တို့ဟူသည်အဘယ်နည်း။
(တစ်နည်း)
ဣဒံ (ဣမေ)၊ ဤအတတ်သည်တို့ဟူသည်။
သေယျထာ(ကတမေ)၊ အဘယ်တို့နည်း။
ဟတ္ထာရောဟာ၊ ဆင်ကိုစီးတတ် စီးစေတတ်သောဆင်စီးသူရဲကောင်း,ဆင်ကိုသင်ပြတတ် ဆင်စီးအတတ်ကို သင်ပြတတ်သောဆင်ဆရာ ဆင်ဆေးဆရာ,ဆင်ထိန်းဆရာတို့လည်းကောင်း။
အဿာရောဟာ၊ မြင်းကိုစီးတတ် စီးစေတတ်သော မြင်းစီးသူရဲကောင်း,မြင်းကို သင်ပြတတ် မြင်းစီးအတတ်ကို သင်ပြတတ်သော မြင်းဆရာ,မြင်းဆေးဆရာ,မြင်းထိန်းတို့လည်းကောင်း။
ပေ။
ပတိဋ္ဌာပေန္တိယထာ၊ တည်စေကြကုန်သကဲ့သို့။
[ဤပတိဋ္ဌာပေန္တိ ယထာတိုင်အောင် ရှေ့အတိုင်း အနက်ပေးပါ။]
ဘော ကဿပ၊ အရှင်ကဿပ။
ဧဝမေဝ၊ သာလျှင်။
ဒိဋ္ဌေဝဓမ္မေ၊ ပင်။
သန္ဒိဋ္ဌိကံ၊ သော။
သာမညဖလံ၊ ကို။
ပညပေတုံ၊ ငှာ။
သက္ကာနုခေါ၊ သလော။
ဣတိ(အဝေါစံ၊ မေးမြန်းပြောဆိုပါပြီ။)
ဘန္တေ၊ ရား။
ဧဝံ၊ သို့။
ဝုတ္တေ၊ မေးမြန်းပြောဆိုအပ်သော်။
ပူရဏောကဿပေါ၊ သည်။
မံ၊ ဒကာတော်ကို။
ဧတံ၊ ကို။
အဝေါစ၊ ပြောဆိုပါပြီ။
(ကိံ၊ နည်း။)
မဟာရာဇ၊ ဇာ။
ကရောတော၊ ကိုယ်တိုင်ပြုသော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်ပြုသောပုဂ္ဂိုလ်သည်လည်းကောင်း။
ကာရယတော၊ သူတစ်ပါးကိုပြုစေသော်လည်းကောင်း။
ဝါ၊ သူတစ်ပါးကို အပြုခိုင်းပုဂ္ဂိုလ်သည်လည်းကောင်း။
(ပါပံ နကရီယတိ၌ စပ်။)
ဆိန္ဒတော၊ လက်ခြေ အစရှိသည်တို့ကို ကိုယ်တိုင်ဖြတ်သော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်ဖြတ်သောပုဂ္ဂိုလ်သည်လည်းကောင်း။
ဆေဒါပယတော၊ လက်ခြေအစရှိသည်ကို သူတစ်ပါးကို ဖြတ်စေသော်လည်းကောင်း။
ဝါ၊ သူတစ်ပါးကို အဖြတ်ခိုင်းသောပုဂ္ဂိုလ်သည်လည်းကောင်း။
ပစတော၊ မီးဖြင့် မြှိုက်သကဲ့သို့ကိုယ်တိုင်နှိပ်စက်သော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်နှိပ်စက်သော ပုဂ္ဂိုလ်သည်လည်းကောင်း။
ပါစာပယတော၊ မီးဖြင့်မြှိုက်စေသကဲ့သို့သူတစ်ပါးကိုနှိပ်စက်စေသော်လည်းကောင်း။
ဝါ၊ သူတစ်ပါးကိုနှိပ်စက်ခိုင်းသောပုဂ္ဂိုလ်သည်လည်းကောင်း။
သောစယတော၊ သူ့ဥစ္စာကိုဆောင်ယူခြင်းအစရှိသည်ဖြင့်ကိုယ်တိုင်ဝမ်းနည်းစေသော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်ဝမ်းနည်းအောင် ပြုသောပုဂ္ဂိုလ်သည်လည်းကောင်း။
သောစာပယတော၊ သူ့ဥစ္စာကိုဆောင်ယူခြင်းအစရှိသည်ဖြင့် သူတစ်ပါးကိုဝမ်းနည်းပစေဟု စေခိုင်းသော်လည်းကောင်း။
ဝါ၊ ဝမ်းနည်းပစေဟုစေခိုင်းသောပုဂ္ဂိုလ်သည်လည်းကောင်း။
[ကာရိတ်နှစ်ချက်၊ရှေးက
"သောစ၊ စိုးရိမ်" ဟုပေးကြ၏။]
ကိလမတော၊ အစာအငတ်ခံခြင်းအစရှိသည်ဖြင့်ကိုယ်တိုင်ပင်ပန်းခံသော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်အပင်ပန်းခံသောပုဂ္ဂိုလ်သည်လည်းကောင်း။
ကိလမာပယတော၊ အစာအငတ်ခံခြင်းအစရှိသည်ဖြင့် သူတစ်ပါးကို ပင်ပန်းခံစေသော်လည်းကောင်း။
ဝါ၊ သူတစ်ပါးကိုအပင်ပန်းခိုင်းသောပုဂ္ဂိုလ်သည်လည်းကောင်း။
[ဥပုသ်စောင့်ခြင်းစသည်ကို ရည်ရွယ်ဟန်တူသည်။]
ဖန္ဒတော၊ ကိုယ်တိုင်တုန်လှုပ်သော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်တုန်လှုပ်သော ပုဂ္ဂိုလ်သည်လည်းကောင်း။
ဖန္ဒာပယတော၊ သူတစ်ပါးကို တုန်လှုပ်စေသော်လည်းကောင်း။
ဝါ၊ သူတစ်ပါးကို တုန်လှုပ်ခိုင်းသောပုဂ္ဂိုလ်သည်လည်းကောင်း။
ပါဏံ၊ သတ္တဝါကို။
အတိပါတယတော၊ ကိုယ်တိုင်လျှင်စွာ ကျစေ,သူတစ်ပါးကိုလျှင်စွာကျပစေဟု စေခိုင်းသော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်သတ်သောပုဂ္ဂိုလ်,သူတစ်ပါးကို အသတ်ခိုင်းသော ပုဂ္ဂိုလ်သည်လည်းကောင်း။
အဒိန္နံ၊ ဥစ္စာရှင်တို့မပေးအပ်သောဥစ္စာကို။
အာဒိယတော၊ ကိုယ်တိုင်ယူ,သူတစ်ပါးကိုယူစေသော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်ယူသောပုဂ္ဂိုလ်,သူတစ်ပါးကိုအယူခိုင်းသောပုဂ္ဂိုလ်သည်လည်းကောင်း။
သန္ဓိံ၊ အစပ်ရှိသောအိမ်၏နံရံကို။
ဆိန္ဒတော၊ ကိုယ်တိုင်ဖောက်ဖြတ် သူတစ်ပါးကိုဖောက်ဖြတ်စေသော်လည်းကောင်း။
ဝါ၊ ပုဂ္ဂိုလ်သည်လည်းကောင်း။
နိလ္လောပံ၊ အကြွင်းမရှိအောင်လု၍။
ဟရတော၊ ကိုယ်တိုင်ဆောင်ယူ,သူတစ်ပါးကိုဆောင်ယူစေသော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်ဆောင်ယူသောပုဂ္ဂိုလ်,သူတစ်ပါးကိုဆောင်ယူခိုင်းသောပုဂ္ဂိုလ်သည်လည်းကောင်း။
ဧကာဂါရိကံ၊ တစ်အိမ်၌ဝိုင်း၍ လုယူခြင်းကို။
ဝါ၊ ဓားမြတိုက်ခြင်းကို။
ကရောတော၊ ကိုယ်တိုင်ပြု,သူတစ်ပါးကိုပြုစေသော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်ပြုသောပုဂ္ဂိုလ်,သူတစ်ပါးကို အပြုခိုင်းသောပုဂ္ဂိုလ်သည်လည်းကောင်း။
ပရိပန္တေ၊ လမ်းခရီး၌။
တိဋ္ဌတော၊ လာသမျှလူတို့ကိုလုယူဖို့ရန် ကိုယ်တိုင်တည်, သူတစ်ပါးကို တည်စေသော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်တည်သောပုဂ္ဂိုလ်,သူတစ်ပါးကိုအတည်ခိုင်းသောပုဂ္ဂိုလ်သည်လည်းကောင်း။
ပဒါရံ၊ သူတစ်ပါးမယားကို။
ဂစ္ဆတော၊ သွားသော်လည်းကောင်း။
ဝါ၊ သွားသောပုဂ္ဂိုလ်သည်လည်းကောင်း။
မုသာ၊ ချွတ်ယွင်းဖောက်ပြန် မမှန်သောစကားကို။
ဘဏတော၊ ကိုယ်တိုင်ပြောဆိုင်သူတစ်ပါးကိုပြောဆိုစေသော်လည်းကောင်း။
ဝါ၊ ကိုယ်တိုင်ပြောသောပုဂ္ဂိုလ်,သူတစ်ပါးကိုအပြောခိုင်းသောပုဂ္ဂိုလ်သည်လည်းကောင်း။
ပါပံ၊ မကောင်းမှုကို။
ကရောတော၊ ပြုသော်လည်းကောင်း။
ဝါ၊ ပြုသောပုဂ္ဂိုလ်သည်လည်းကောင်း။
[ရှေ့အားလုံးသောအမှုကိုချုံး၍ပြောသည်။]
န ကရီယတိ၊ မပြုအပ်။
ဝါ၊ ပြုရာမရောက်။
ယော၊ အကြင်သူသည်။
ခုရပရိယန္တေန၊ ပတ်ပတ်လည်အစွန်အဖျား၌ သင်ဓုန်းသွားရှိသော။
ဝါ၊ ပတ်ပတ်လည်အစွန်အဖျား၌သင်ဓုန်းသွားနှင့်တူသောအကွပ်ရှိသော။
စက္ကေန၊ စက်ဘီးဖြင့်။
ဣမိဿာ ပထဝိယာ၊ ဤမြေပြင်၌။
ပါဏေ၊ သတ္တဝါတို့ကို။
ဧကံ မံသခလံ၊ တစ်ခုတည်းသော အသားစုကို။
ဝါ၊ တစ်ခုတည်းသောအသားစုဖြစ်အောင်။
ဧကံ မံသပုဉ္ဇံ၊ တစ်ခုတည်းသောအသားပုံကို။
ဝါ၊ တစ်ခုတည်းသောအသားပုံဖြစ်အောင်။
စေပိ ကရေယျ၊ အကယ်၍မူလည်းပြုစေဦးတော့။
(ဧဝံ သတိပိ၊ ဤသို့ပင်ပြုပါသော်လည်း။)
တတောနိဒါနံ၊ ထိုသို့တစ်ခုတည်းသောအသားစုအသားပုံဖြစ်အောင်ပြုခြင်းဟူသောအကြောင်းကြောင့်။
(တစ်နည်း)
တတောနိဒါနံ၊ ထိုသို့တစ်ခုတည်းသောအသားစု အသားပုံဖြစ်အောင်ပြုခြင်းဟူသောအကြောင်းရှိသော။
ပါပံ၊ မကောင်းမှုသည်။
နတ္ထိ၊ မရှိ။
ပါပဿ၊ မကောင်းမှု၏။
အာဂမော၊ ဖြစ်ပေါ်လာခြင်းသည်။
နတ္ထိ၊ မရှိ။
ဂင်္ဂါယ၊ ဂင်္ဂါဖြစ်၏။
ဒက္ခိဏံ၊ တောင်ဘက်ဖြစ်သော။
တီရံ၊ ကမ်းသို့။
(တစ်နည်း)
ဒက္ခိဏံတီရံ၊ တောင်ဘက်ကမ်းအရပ်သို့။
ဟနန္တော၊ ကိုယ်တိုင်သတ်လျက်လည်းကောင်း။
ဃာတေန္တော၊ သူတစ်ပါးကိုသတ်စေလျက်လည်းကောင်း။
ဆိန္ဒန္တော၊ ကိုယ်တိုင်ဖြတ်လျက်လည်းကောင်း။
ဆေဒါပေန္တော၊ သူတစ်ပါးကိုဖြတ်စေလျက်လည်းကောင်း။
ပစန္တော၊ မီးဖြင့်မြှိုက်သကဲ့သို့ ကိုယ်တိုင်နှိပ်စက်လျက်လည်းကောင်း။
ပါစာပေန္တော၊ မီးဖြင့်မြှိုက်စေသကဲ့သို့သူတစ်ပါးကိုနှိပ်စက်စေလျက်လည်းကောင်း။
စေပိ ဂစ္ဆေယျ၊ အကယ်၍မူလည်းသွားစေဦးတော့။
(ဧဝံသတိပိ၊ ဤသို့ပင်သွားပါသော်လည်း။)
တတောနိဒါနံ၊ ထိုသို့သတ်ဖြတ်လျက်ဂင်္ဂါမြစ်၏တောင်ဘက်ကိုသွားခြင်းဟူသောအကြောင်းကြောင့်။
(တစ်နည်း)
တတောနိဒါနံ၊ ထိုသို့သတ်ဖြတ်လျက်ဂင်္ဂါမြစ်၏တောင်ဘက်သို့သွားခြင်းဟူသောအကြောင်းရှိသော။
ပါပံ၊ သည်။
နတ္ထိ၊ မရှိ။
ပါပဿ၊ ၏။
အာဂမော၊ သည်။
နတ္ထိ။
ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏။
ဥတ္တရံ၊ မြောက်ဘက်ဖြစ်သော။
တီရံ၊ ကမ်းသို့။
(တစ်နည်း)
ဥတ္တရံတီရံ၊ မြောက်ဘက်ကမ်းအရပ်သို့။
ဒဒန္တော၊ ကိုယ်တိုင်ပေးလှူသော်လည်းကောင်း။
ဒါပေန္တော၊ သူတစ်ပါးကိုပေးလှူစေလျက်လည်းကောင်း။
ယဇန္တော၊ ကိုယ်တိုင်ယဇ်ပူဇော်လျက်လည်းကောင်း။
ယဇာပေန္တော၊ သူတစ်ပါးကိုယဇ်ပူဇော်စေလျက်လည်းကောင်း။
စေပိ ဂစ္ဆေယျ၊ အကယ်၍မူလည်းသွားစေဦးတော့။
(ဧဝံသတိပိ၊ သော်လည်း။)
တတောနိဒါနံ၊ ပေးလှူပူဇော်လျက် ဂင်္ဂါမြစ်၏မြောက်ဘက်သို့သွားခြင်းဟူသောထိုအကြောင်းကြောင့်။
(တစ်နည်း)
တတောနိဒါနံ၊ ထိုသို့ပေးလှူပူဇော်လျက် ဂင်္ဂါမြစ်၏မြောက်ဘက်သို့သွားခြင်းဟူသောအကြောင်းရှိသော။
ပုညံ၊ ကောင်းမှုသည်။
နတ္ထိ။
ပုညဿ၊ ကောင်းမှု၏။
အာဂမော၊ ဖြစ်ပေါ်ခြင်းသည်။
နတ္ထိ။
ဒါနေန၊ စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းကြောင့်လည်းကောင်း။
ဒမေန၊ စက္ခုစသော ဣန္ဒြေတို့ကိုဆုံးမခြင်းကြောင့်လည်းကောင်း။
ဝါ၊ စက္ခုစသောဣန္ဒြေတို့ကို ဆုံးမကြောင်းဖြစ်သော ဥပုသ်စောင့်သုံးခြင်းကြောင့်လည်းကောင်း။
သံယမေန၊ ဥပုသ်သီလမှတစ်ပါးသောသီလကို စောင့်စည်းခြင်းကြောင့်လည်းကောင်း။
သစ္စဝဇ္ဇေန၊ မှန်ကန်သောစကားကိုပြောဆိုခြင်းကြောင့်လည်းကောင်း။
ပုညံ၊ သည်။
နတ္ထိ။
ပုညဿ၊ ၏။
အာဂမော၊ သည်။
နတ္ထိ။
ဣတိ။
(အဝေါစ)။
ဘန္တေ၊ ရား။
မေ၊ အား။
ဣတ္ထံ၊ ဤသို့။
ဝါ၊ ဤအပြားအားဖြင့်။
ပူရဏောကဿပေါ၊ သည်။
ဝါ၊ ကို။
သန္ဒိဋ္ဌိကံ၊ သော။
သာမညဖလံ၊ ကို။
ပုဋ္ဌော၊ မေးအပ်သည်။
သမာနော၊ ဖြစ်ပါလျက်။
အကိရိယံ၊ မပြုအပ်သည်၏အဖြစ်ကို။
ဝါ၊ ပြုရာမရောက်ခြင်းကို။
ဗျာကာသိ၊ ဖြေဆိုပါပြီ။
ဘန္တေ၊ ရား။
သေယျထာပိ၊ ဥပမာမည်သည်ကား။
အမ္ဗံ၊ သရက်ပင်ကို။
ပုဋ္ဌော၊ မေးအပ်သည်။
(သမာနော၊ ဖြစ်ပါလျက်။)
လဗုဇံ၊ တောင်ပိန္နဲပင်ကို။
ဗျာကရေယျ သေယျထာပိဝါ၊ ဖြေဆိုရာသကဲ့သို့လည်းကောင်း။
လဗုဇံ၊ ကို။
ပုဋ္ဌော၊ သည်။
(သမာနော၊ လျက်။)
အမ္ဗံ၊ ကို။
ဗျာကရေယျ သေယျထာပိဝါ၊ လည်းကောင်း။
ဘန္တေ၊ ရား။
ဧဝမေဝ၊ လျှင်။
ပူရဏောကဿပေါ၊ သည်။
သန္ဒိဋ္ဌိကံ၊ သော။
သာမညံ၊ ကို။
ပုဋ္ဌော၊ သည်။
သမာနော၊ လျက်။
အကိရိယံ၊ ကို။
ဝါ၊ ကို။
ဗျာကာသိ၊ ပြီ။
ဘန္တေ၊ ရား။
တဿမယှံ၊ ထိုဒကာတော်၏။
ဧတံ၊ ဤအကြံသည်။
အဟောသိ၊ ဖြစ်ပါပြီ။
(ကိံ၊ နည်း။)
ကထံ ဟိ၊ အဘယ့်ကြောင့်။
မာဒိသော၊ ငါကဲ့သို့ ရှုအပ်သောမင်းသည်။
ဝိဇိတေ၊ နိုင်ငံတော်၌။
ဝသန္တံ၊ နေသော။
သမဏံဝါ၊ ကိုသော်လည်းကောင်း။
ဗြာဟ္မဏံဝါ၊ ကိုသော်လည်းကောင်း။
အပသာဒေတဗ္ဗံ၊ နှင်ထုတ်ထိုက်၏ဟူ၍။
ဝါ၊ ညှင်းဆဲထိုက်၏ဟူ၍။
မညေယျနာမ၊ မှတ်ထင်ရာပါအံ့နည်း။
ဣတိ(ဧတံ အဟောသိ)။
ဘန္တေ၊ ရား။
သော အဟံ၊ ထိုဒကာတော်သည်။
ပူရဏဿကဿပဿ၊ ၏။
ဝါ၊ သည်။
ဘာသိတံ၊ ပြောဆိုအပ်သောစကားကို။
နေဝ အဘိနန္ဒိံ၊ နှစ်သက်လည်း မနှစ်သက်ခဲ့ပါ။
နပ္ပဋိက္ကောသိံ၊ မနှစ်သက်သော်လည်းမတားမြစ်ခဲ့ပါ။
အနဘိနန္ဒိတွာ၊ မနှစ်သက်မူ၍။
အပ္ပက္ကောသိတွာ၊ မနှစ်သက်သော်လည်းမတားမြစ်မူ၍။
အနတ္တမနော၊ မိမိစိတ်မရှိသည်။
ဝါ၊ မနှစ်သက်သည်။
(သမာနော၊ ဖြစ်ပါလျက်။)
အနတ္တမနဝါစံ၊ မိမိစိတ်မရှိသူ၏စကားကို။
ဝါ၊ မနှစ်သက်သူ၏စကားကို။
အနိစ္ဆာရေတွာ၊ မမြွက်ဆိုမူ၍။
တမေဝဝါစံ၊ ထိုစကားကိုပင်။
အနုဂ္ဂဏှန္တော၊ အနှစ်သာရအားဖြင့်လည်းမယူဘဲ။
ဝါ၊ ချီလည်းမချီမြှောက်ဘဲ။
အနိကုဇ္ဇန္တော၊ အနှစ်သာရအားဖြင့် စိတ်နှလုံး၌ မထားဘဲ။
အာသနာ၊ နေရာမှ။
ဥဋ္ဌာယ၊ ထ၍။
ပက္ကမိံ၊ ဖဲခဲ့ပါပြီ။