Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggapāḷi
(DN) Sīlakkhandhavaggapāḷi

Sīlasamādhipaññāsampadā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဧဝံ ဝုတ္တေ၊ပေ၊ အဝေါစ၊
(ကိံ)၊ ဘော ဂေါတမ၊ မ။ သာ သီလသမ္ပုါ၊ ထိုသီလ၏ ပြည့်စုံခြင်းဟူသည်။ ကတမာပန၊ အဘယ်ပါနည်း။ (သာ) စိတ္တသမ္ပဒါ၊ ထို သမာဓိစိတ်၏ ပြည့်စုံခြင်းဟူသည်။ ကတမာ၊ နည်း။ (သာ) ပညာသမ္ပဒါ၊ ထိုပညာ၏ ပြည့်စုံခြင်းဟူသည်။ ကတမာ၊ နည်း။ ဣတိ၊ ဤသို့ (လျှောက်ပြီ)။ အမှာ။ ။ ဤမှ နောက်ဝယ် "ဣဓ ဘိက္ခဝေ တထာဂတော လောကေ ဥပ္ပဇ္ဇတိ" စသော ဝါကျများကို သာမညဖလသုတ် ပဏီတတရသာမညဖလကထာ၌ လည်း ကောင်း, စူဠသီလ မဇ္ဈိသီလ မဟာသီလတို့ကို ဗြာဟ္မဇာလသုတ် သီလအခန်း၌ လည်းကောင်း, "သသော ခေါ ကဿပ ဘိက္ခု ဧဝံ သီလသမ္ပန္နော န ကုတာစိ ဘယံ" စသော ဝါကျကို သာမညဖလသုတ် မဟာသီလ အဆုံး၌လည်းကောင်း၊ အနက်ပေးခဲ့ပြီ၊ [ဤသီလကို ဤ၌ "သီလသမ္ပဒါ" အဖြစ်ဖြင့် ဟောတော်မူသည်။] ပဌမဈာန်စသော ဈာန် ၄ ပါးကို ဗြဟ္မဇာလသုတ် ဒိဋ္ဌဓမ္မ နိဗ္ဗာနဝါဒကထာ၌ လည်းကောင်း၊ ထို ဈာန် ၄ ပါး၏ ဥပမာနဝါကျတို့ကို သာမညဖလသုတ်ပဌမဇ္ဈာနကထာစသည်၌လည်းကောင်း အနက်ပေးခဲ့ပြီ။ [ဤဈာန် ၄ ပါးကို "စိတ္တသမ္ပဒါ" အဖြစ်ဖြင့် ဟောတော်မူသည်။]ဝိပဿနာ ဉာဏ်မှစ၍ အာသဝက္ခယ ဉာဏ်တိုင်အောင်သော ဉာဏ်ရှစ်ပါးကို သာမညဖလသုတ် ဒိဗ္ဗစက္ခုဉာဏကထာ စသည်တို့၌ အနက်ပေးခဲ့ပြီ။ [ထို ဉာဏ်ရှစ်ပါးကို ဤ၌ "ပညာသမ္ပဒါ" အဖြစ်ဖြင့် ဟောတော်မူသည်။]
ကဿပ၊ ပ။ ဣမာယ သီလသမ္ပဒါယစ၊ ဤသီလ၏ ပြည့်စုံခြင်းထက် လည်းကောင်း။ ဝါ၊ မှလည်းကောင်း။ (ဣမာယ) စိတ္တသမ္ပဒါယ၊ ထက်လည်းကောင်း။ ဝါ၊ မှလည်းကောင်း။ ဣမာယ ပညာသမ္ပဒါယ၊ ထက်လည်းကောင်း။ ဝါ၊ မှလည်းကောင်း။ အညာ၊ အခြားသော။ ဥတ္တရိတရာဝါ၊ သာ၍ လွန်ကဲသည်မူလည်းဖြစ်သော။ ပဏီတတရာဝါ၊ သာ၍ မွန်မြတ်သည်မူလည်းဖြစ်သော။ သီလသမ္ပဒါ၊ သည်လည်းကောင်း။ စိတ္တသမ္ပဒါ၊ သည်လည်းကောင်း။ ပညာသမ္ပဒါ၊ သည်လည်းကောင်း။ နတ္ထိ၊ မရှိတော့။