Issues
Select Version
Bhikkhu Sujato
English
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Bhikkhu Bodhi
English
玛欣德尊者
中文
(DN) Sīlakkhandhavaggapāḷi
(DN) Sīlakkhandhavaggapāḷi

Satisampajaññaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

["ဣန္ဒြိယေသု ဂုတ္တဒွါရော" ဟူသော အကျဉ်းမာတိကာပုဒ်၏ အကျယ်ကို ဟောပြတော်မူပြီး၍ "သတိသမ္ပဇညေန သမန္နာဂတော" ဟူသော အကျဉ်းမာတိကာပုဒ်၏ အကျယ်ကို ဟောပြတော်မူလိုသောကြောင့် "ကထဉ္စ၊ ပေ၊ သတိသမ္ပဇညေန" အစရှိသော ပါဠိတော်ကို မိန့်တော်မူသည်။] မဟာရာဇ၊ ဇာ။ ကထဉ္ဇ၊ အဘယ်သို့လျှင်။ ဝါ၊ အဘယ်နည်းဖြင့်။ ဘိက္ခု၊ သည်။ သတိသမ္ပဇညေန၊ သတိသမ္ပဇညနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ နည်း။
မဟာရာဇ၊ ဇာ။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ သည်။ အဘိက္ကန္တေ၊ ရှေ့သို့သွားခြင်း၌ လည်းကောင်း။ ဝါ၊ ရှေ့တိုးခြင်း၌လည်းကောင်း။ ပဋိက္ကန္တေ၊ နောက်ဆုတ်ခြင်း၌ လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာအပြားအားဖြင့်သိတတ်သောဉာဏ်ဖြင့် ရှေ့သွားမှု နောက်ဆုတ်မှုကို ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သောဉာဏ်ကို အသုံးပြုလေ့ရှိသည်။ ဟောတိ၊ ၏။ အာလောကိတေ၊ ရှေးရှုကြည့်ခြင်း၌လည်းကောင်း။ ဝါ၊ ရှေ့ကို ကြည့်ခြင်း၌လည်းကောင်း။ ဝိလောကိတေ၊ ရှေးရှုမဟုတ်သော ဘေးစောင်းအရပ်ကို ကြည့်ခြင်း၌လည်းကောင်း။ ဝါ၊ စောင်း၍ကြည့်ခြင်း၌လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သောဉာဏ်ဖြင့် ရှေးရှုကြည့်မှု စောင်း၍ကြည့်မှုကို ပြုလေ့ရှိသည်။ ဝါ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သောဉာဏ်ကို အသုံးပြုလေ့ရှိသည်။ ဟောတိ။ သမဉ္ဆိတေ (သမိဉ္ဇိတေ)၊ အဆစ်ရှိသော လက်ခြေတို့ကို ကွေးခြင်း၌လည်းကောင်း။ ပသာရိတေ၊ အဆစ်ရှိသော လက်ခြေတို့ကို ဆန့်တန်းခြင်း၌လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သောဉာဏ်ဖြင့် ကွေးမှုဆန့်မှုကို ပြုလေ့ရှိသည်။ ဝါ၊ သည်။ ဟောတိ။ သံဃာဋိပတ္တစီဝရဓာရဏေ၊ သင်္ကန်းကြီး, ဧကသီ, သင်းပိုင်, သပိတ်တို့ကို ဝတ်ရုံသုံးစွဲခြင်းဟူသောဆောင်ခြင်း၌။ သမ္ပဇာနကာရီ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သောဉာဏ်ဖြင့် ဝတ်ရုံသုံးစွဲမှုကိုပြုလေ့ရှိသည်။ ဝါ၊ သည်။ ဟောတိ၊ ၏။ အသိတေ၊ စားဖွယ်ဟူသမျှကို စားခြင်း၌လည်းကောင်း။ ပီတေ၊ သောက်ဖွယ်ဟူသမျှကို သောက်ခြင်း၌လည်းကောင်း။ ခါယိတေ၊ ခဲဖွယ်ဟူသမျှကို ခဲခြင်း၌လည်းကောင်း။ သာယိတေ၊ သာယာဖွယ်ဟူသမျှကို သာယာခြင်း၌လည်းကောင်း။ ဝါ၊ လျှက်ခြင်း၌လည်းကောင်း။ သမ္ပဇာနကာရီ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သောဉာဏ်ဖြင့် စားမှု သောက်မှု ခဲမှု သာယာမှုကို ပြုလေ့ရှိသည်။ ဝါ၊ သည်။ ဟောတိ။ ဥစ္စာရပဿာဝကမ္မ၊ ကျင်ကြီးစွန့်မူ ကျင်ငယ်စွန့်မှု၌။ သမ္ပဇာနကာရီ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သောဉာဏ်ဖြင့် ကျင်ကြီးစွန့်မှ, ကျင်ငယ်စွန့်မှုကို ပြုလေ့ရှိသည်။ ဝါ၊ သည်။ ဟောတိ။ ဂတေ၊ သွားခြင်း၌လည်းကောင်း။ ဌိတေ၊ ရပ်ခြင်း၌လည်းကောင်း။ နိသိန္နေ၊ ထိုင်ခြင်း၌လည်းကောင်း။ သုတ္တေ၊ အိပ်ခြင်း၌လည်းကောင်း။ (အိပ်ခါနီး၌လည်းကောင်း။) ဇာဂရိတေ၊ နိုးခြင်း၌လည်းကောင်း။ ဘာသိတေ၊ ပြောဆိုခြင်း၌လည်းကောင်း။ တုဏှိဘာဝေ၊ ဆိတ်ဆိတ်ဖြစ်ခြင်း၌လည်းကောင်း။ သမ္ပဇာနကာရိ၊ ကောင်းစွာအပြားအားဖြင့် သိတတ်သော ဉာဏ်ဖြင့် သွားမှု ရပ်မှု ထိုင်မှု အိပ်မှု နိုးမှု ပြောဆိုမှု ဆိတ်ဆိတ်ဖြစ်မှုကို ပြုလေ့ရှိသည်။ ဝါ၊ သည်။ ဟောတိ။
မဟာရာဇ၊ ဇာ။ ဧဝံ ခေါ၊ လျှင်။ ဝါ၊ ဖြင့်။ ဘိက္ခု သတိသမ္ပဇညေန သမန္နာဂတော ဟောတိ။