Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
玛欣德尊者
中文
Bhikkhu Bodhi
English
Bhikkhu Sujato
English
(DN) Sīlakkhandhavaggapāḷi
(DN) Sīlakkhandhavaggapāḷi

Paṭhamajjhānaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

[ဝိဝိစ္စေဝ ကာမေဟိ စသော ဈာန်ခန်းပါဠိတော်များကို ဗြာဟ္မဇာလသုတ် ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒ၌ အဓိပ္ပာယ်နှင့်တကွ အနက်ရေးခဲ့ပြီးဖြစ်သောကြောင့် ဤ၌ ထူးရာကိုသာရေးပါမည်။] သော၊ ထိုရဟန်းသည်။ ကာမေဟိ၊ ဝတ္ထုကိလေသာ, ၂ ဖြာသော ကာမတို့မှ။ ဝိဝိစ္စေဝ၊ ကင်းဆိတ်၍သာလျှင်။ ပေ။ ဝိဟရတိ၊ နေ၏။
သော၊ ထိုရဟန်းသည်။ ဣမမေဝ ကာယံ၊ ကရဇကာယ, နာမခေါ်ဆို, ဤခန္ဓာကိုယ်ကိုပင်။ ဝိဝေကဇေန၊ နီဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်ဖြစ်သော။ ပီတိသုခေန၊ ပီတိသုခဖြင့်။ အဘိသဒ္ဓေတိ၊ စိုစေ၏။ ဝါ၊ စိမ့်စေ၏။ ပရိသဒ္ဓေတိ၊ ထက်ဝန်းကျင် စိုစေ၏။ ဝါ၊ ထက်ဝန်းကျင် စိမ့်စေ၏။ ["အဘိသန္ဒေတိ, ပရိသန္ဒေတိ" ဟု မရှိသင့်ကြောင်းကို အဋ္ဌကထာဤပုဒ်အဖွင့်၌ ပြထားပြီ။] ပရိပူရေတိ၊ ထက်ဝန်းကျင် ပြည့်စေ၏။ ပရိပ္ဖရတိ၊ ထက်ဝန်းကျင် ဖြန့်၏။ အဿ၊ ထိုရဟန်း၏။ သဗ္ဗာဝတော၊ အလုံးစုံသော အဖို့အစုရှိသော။ ကာယဿ၊ ၏။ ဝိဝေကဇေန၊ သော။ ပီတိသုခေန၊ သည်။ အပ္ဖုဋံ၊ မဖြန့်အပ်သော။ ကိဉ္စိ၊ တစ်စုံတစ်ခုသောအရပ်သည်။ န ဟောတိ၊ မရှိတော့။
မဟာရာဇ၊ ဇာ။ သေယျထာပိ၊ ကား။ ဒက္ခော၊ ကျွမ်းကျင်သော။ နှာပကောဝါ၊ ရေချိုးပေးတတ်သော ဆရာသည်သော်လည်းကောင်း။ နှာပကန္တေ ဝါသီဝါ၊ ရေချိုးပေးတတ်သော ဆရာ၏ တပည့်သည်သော်လည်းကောင်း။ [နိုင်ငံခြား၌ အဖိုးအခယူ၍ ရေမျိုးပေးတတ်သူများလည်း ရှိသတတ်။] ကံသထာလေ၊ ကြေးခွက်၌။ ဝါ၊ ကြေးလင်ပန်း၌။ နှာနီယစုဏ္ဏာနိ၊ ရေချိုးဖို့ရာ ဆပ်ပြာမှုန့်တို့ကို။ အာကိရိတွာ၊ လောင်းထည့်၍။ ဥဒကေန၊ ရေဖြင့်။ ပရိပ္ဖောသကံ ပရိပ္ဖောသကံ၊ သင့်တော်ရုံ ဖျန်း၍ ဖျန်း၍။ သန္နေယျ၊ တစ်ပေါင်းတည်း ဆောင်ရာ၏။ ဝါ၊ အခဲလုပ်ရာ၏။ သာယံ (သာ+အယံ) နှာနီယပိဏ္ဍိ၊ ထိုကဲ့သို့သော ဤရေချိုးဆပ်ပြာခဲသည်။ သ္နေဟာနုဂတာ၊ ရေတည်းဟူသောအစေးသည် အစဉ်လိုက်အပ်သည်။ သ္နေဟာပရေတာ၊ ရေတည်းဟူသောအစေးဖြင့် ပတ်ဝန်းကျင်ဖြစ်သည်။ သန္တရဗာဟိရာ၊ အတွင်းအပြင်နှင့် တကွဖြစ်သည်။ (ဟုတွာ။) သ္နေဟေန၊ ရေတည်းဟူသော အစေးသည်။ ဖုဋာ၊ ဖြန့်အပ်သည်။ (ဟောတိ။) စ၊ ထိုသို့ပင်အတွင်းအပြင်နှင့်တကွ ရေတည်းဟူသောအစေးသည် ဖြန့်အပ်ပါသော်လည်း။ န ပုဂ္ဃရဏီ၊ တစ်စက်တစ်စက် ယိုထွက်ခြင်း မရှိသည်။ (ဟောတိ သေယျာထပိ၊ သကဲ့သို့။) မဟာရာဇ၊ ဇာ။ ဧဝမေဝ၊ လျှင်။ ဘိက္ခု၊ သည်။ ဣမမေဝ ကာယံ၊ ကရဇကာယ, နာမခေါ်ဆို, ဤခန္ဓာကိုယ်ကိုပင်။ ဝိဝေကဇေန၊ သော။ ပီတိသုခေန၊ ဖြင့်။ အဘိသဒ္ဓေတိ၊ ၏။ ပေ။ န ဟောတိ။
မဟာရာဇ၊ ဇာ။ သန္ဒိဋ္ဌိကံ၊ ကိုယ်တိုင်ကိုယ်ကြပ်, တွေ့မြင်အပ်သော။ ဣဒမ္ပိ သာမညဖလံ၊ (ပဌမဈာန်တည်းဟူသော) ဤရဟန်းအဖြစ်၏ အကျိုးသည်လည်း။ ပုရိမေဟိ၊ ရှေး၌ဖြစ်ကုန်သော။ သာမညဖလေဟိ၊ ရဟန်းအဖြစ်၏ အကျိုးတို့ထက်။ အဘိက္ကန္တတရဉ္စ၊ သာ၍နှစ်သက်အပ်သည်လည်းကောင်း။ ပဏီတတရဉ္စ၊ သာ၍ မွန်မြတ်သည်လည်းကောင်း။ (ဟောတိ။)