Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Bhikkhu Bodhi
English
(DN) Sīlakkhandhavaggapāḷi
(DN) Sīlakkhandhavaggapāḷi

Khattiyaseṭṭhabhāvo

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အထခေါ၊ ၌။ (လုလင်ငယ်တို့ကို နားလည်စေပြီးရာ ထိုအခါ၌။) ဘဂဝါ, အမ္ဗဋ္ဌ၊ သော။ မာဏဝံ၊ ကို။ အာမန္တေသိ၊ မိန့်တော်မူပြီ။ (ကိံ၊ နည်း။)
အမ္ဗဋ္ဌ၊ ဋ္ဌ။ တံ၊ ထိုမေးတော်မူအပ်လတံ့သော စကားကို။ ကိံ မညသိ၊ အဘယ်သို့မှတ်ထင်သနည်း။ ဣဓ၊ ဤလောက၌။ ခတ္တိယကုမာရော၊ ခတ္တိယဇာတ်ရှိသော သတို့သားသည်။ ဗြာဟ္မဏကညာယ၊ ပုဏ္ဏေးမ သတို့သမီးနှင့်။ သဒ္ဓိံ၊ တကွ။ သဝါသံ၊ အတူနေခြင်းကို။ ဝါ၊ ပေါင်းဖေါ်ခြင်းကို။ ကပ္ပေယျ၊ ပြုရာ၏။ တေသံ၊ ထိုခတ္တိယသတို့သား, ဗြာဟ္မဏ သတို့သမီးတို့၏။ သံဝါသံ၊ ပေါင်းဖော်ခြင်းကို။ အန္ဓာယ၊ စွဲ၍။ ပုတ္တော၊ သည်။ ဇာယေထ၊ ပေါက်ဖွားရာ၏။
ခတ္တိယကုမာရေန၊ ခတ္တိယသတို့သားကြောင့်။ ဗြာဟ္မဏကညာယ၊ ဗြာဟ္မဏသတို့သမီး၏။ ယော သော ပုတ္တော၊ အကြင်သားသည်။ ဥပ္ပန္နော၊ ဖြစ်ပြီ။ သော၊ ထိုသတို့သားသည်။ ဗြာဟ္မဏေသု၊ ပုဏ္ဏားတို့၌။ အာသနံဝါ၊ မြတ်သောနေရာကိုလည်းကောင်း။ ဥဒကံဝါ၊ မြတ်သောရေကိုလည်းကောင်း။ လဘေထ အပိနု၊ ရနိုင်ရာသလော။ ဣတိ၊ ဤသို့မေးတော်မူပြီ။
ဘော ဂေါတမ၊ အရှင်ဂေါတမ။ (သော၊ သည်။ ဗြာဟ္မဏေသု၊ တို့၌။ အာသနံဝါ၊ မြတ်သောနေရာကိုလည်းကောင်း။ ဥဒကံဝါ၊ မြတ်သောရေကိုလည်းကောင်း။) လဘေထ၊ ရနိုင်ရာပါ၏။ (ဣတိ၊ ဤသို့လျှောက်ပြီ။) [အကြွင်းအကျန် အစွန်အဖျားမဟုတ်သည်ကို "မြတ်" ဟုဆိုသည်။]
နံ၊ ထိုသတို့သားကို။ ဗြာဟ္မဏာ၊ တို့သည်။ သဒ္ဓေဝါ၊ ကုဗ္ဘီးထမင်းကျွေးပွဲ၌ လည်းကောင်း။ ဝါ၊ မသာထမင်းကျွေး၌လည်းကောင်း။ ["ကုမ္ဘီးထမင်း, ကုတ်ဟီးထမင်း" ဟု အမျိုးမျိုး ရေးကြ၏။ ထိုထမင်းကျွေးရသောကောင်းမှုကြောင့် သုဂတိဘဝစသည်ကို မတောင့်တဘဲ သေလွန်သူတို့ စားရသောက်ရစေလိုသော ယုံကြည်ချက်သဒ္ဓါသက်သက်ဖြင့် ပြုအပ်သောကြောင့် "သဒ္ဓ" ဟု ခေါ်သည်။] ထာလိ ပါကေဝါ၊ အိုးကြီးအိုးငယ်တို့ဝယ် ချက်အပ်သော မင်္ဂလာထမင်းကျွေးပွဲ စသည်၌လည်းကောင်း။ ယညေဝါ၊ ယဇ်ပူဇော်ကြောင်းဖြစ်သော ထမင်းကျွေးပွဲ၌လည်းကောင်း။ ပါဟုနေဝါ၊ ဧည့်သည်ထမင်းကျွေးပွဲ၌လည်းကောင်း။ ဝါ၊ လက်ဆောင်ထမင်းကျွေးပွဲ၌လည်းကောင်း။ ဘောဇေယျုံ အပိနု၊ စားစေကုန်ရာသလော။ ဝါ၊ ကျွေးကုန်ရာသလော။ ဣတိ၊ ဤသို့မေးတော်မူပြီ။
ဘော ဂေါတမ၊ မ။ (နံ ဗြာဟ္မဏာသန္ဓေဝါ ထာလိပါကေဝါ ယညေဝါ ပါဟုနေဝါ။) ဘောဇေယျုံ၊ စားစေကုန်ရာပါ၏။ ဝါ၊ ကျွေးကုန်ရာပါ၏။ (ဣတိ၊ ပြီ။)
နံ၊ ကို။ ဗြာဟ္မဏာ၊ တို့သည်။ မန္တေ၊ ဝေဒကျမ်းဂန် မန္တန်တို့ကို။ ဝါစေယျံဝါ အပိနု၊ ပို့ချမှုလည်း ပို့ချကုန်ရာသလော။ နော ဝါစေယျံဝါ အပိနု၊ မပို့ချမှုလည်း မပို့ချကုန်ရာသလော။ ဣတိ၊ ပြီ။
ဘော ဂေါတမ၊ မ။ (နံ ဗြာဟ္မ ဏာ မန္တေ။) ဝါစေယျံ၊ ပို့ချကုန်ရာပါ၏။ (ဣတိ၊ ပြီ)။
အဿ၊ ခတ္တိယသတို့သားကြောင့် ဗြာဟ္မဏသတို့သမီး၌ ပေါက်ဖွားသောထိုသားကို။ ဣတ္ထီသု၊ ဗြာဟ္မဏသတို့သမီးတို့၌။ အာဝဋံဝါ၊ တားမြစ်ခြင်းသည်သော် လည်း။ အဿ အပိနု၊ ဖြစ်ရာသလော။ အနာဝဋံဝါ၊ မတားမြစ်ခြင်းသည်သော်လည်း။ အဿ အပိနု၊ လော။ ဣတိ၊ ပြီ။
ဘော ဂေါတမ၊ မ။ (ဣတ္ထီသု၊ တို့၌။) အနာဝဋံ၊ မတားမြစ်ခြင်းသည်။ အဿ၊ ဖြစ်ရာပါ၏။ (ဣတိ၊ ပြီ။)
နံ၊ ကို။ ခတ္တိယာ၊ မင်းမျိုးတို့သည်။ ဝါ၊ မင်းမျိုးတို့က။ ခတ္တိယာဘိသေကေန၊ ခတ္တိယအဘိသိက်ဖြင့်။ အဘိသိဉ္စေယျုံ အပိနု၊ ဘိသိက်သွန်းကုန်ရာအံ့လော။ ဣတိ၊ ပြီ။
ဘော ဂေါတမ၊ မ။ ဣဒံ၊ ဤခတ္တိယဘိသိက်သွန်းခြင်းသည်။ နောဟိ၊ မဖြစ်နိုင်ပါ။
တံ၊ ထိုသို့မဖြစ်နိုင်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။
ဘော ဂေါတမ၊ မ။ ဟိ၊ အကြင့်ကြောင့်။ (သော၊ ခတ္တိယသတို့သားကြောင့် ဗြာဟ္မဏသတို့သမီး၌ပေါက်ဖွားသော ထိုသားသည်။) မာတိတော၊ အမိဘက်အားဖြင့်။ အနုပပန္နော၊ ခတ္တိယအဖြစ်သို့ မကပ်ရောက်ပါ။ ဣတိ၊ ထို့ကြောင့်ပါတည်း။ (ဣတိ၊ ဤသို့ဖြေပြီ)။
အမ္ဗဋ္ဌ၊ ဋ္ဌ။ တံ၊ ထိုမိန့်တော်မူအပ်လတံ့သော စကားကို။ ကိံ မညသိ၊ အဘယ်သို့မှတ်ထင်သနည်း။ ဣဓ၊ ဤလောက၌။ ဗြာဟ္မဏကုမာရော၊ ဗြာဟ္မဏသတို့သားသည်။ ခတ္တိယကညာယ၊ ခတ္တိယသတို့သမီးနှင့်။ သဒ္ဓိံ၊ ကွ။ သံဝါသံ၊ ကို။ ကပ္ပေယျ၊ ပြုရာ၏။ တေသံ၊ ထိုဗြာဟ္မဏသတို့သား ခတ္တိယသတို့သမီးတို့၏။ သံဝါသံ၊ ကို။ အနွာယ၊ စွဲ၍။ ပုတ္တော၊ သည်။ ဇာယေထ၊ ရာ၏။
ဗြာဟ္မဏကုမာရေန၊ ကြောင့်။ ခတ္တိယ ကညာယ၊ ၌။ ယောသော ပုတ္တော၊ သည်။ ဥပ္ပန္နော၊ ပြီ။ သော၊ သည်။ ဗြာဟ္မဏေသု၊ တို့၌။ အာသနံဝါ၊ မြတ်သောနေရာကိုလည်းကောင်း။ ဥဒကံဝါ၊ မြတ်သောရေကိုလည်းကောင်း။ လဘေထ အပိနု၊ ရနိုင်ရာသလော။ ဣတိ၊ ဤသို့မေးတော်မူပြီ။
ဘော ဂေါတမ၊ မ။ (သော၊ သည်။ ဗြာဟ္မဏေသု အာသနံဝါ ဥဒကံဝါ။) လဘေထ၊ ရနိုင်ရာပါ၏။ (ဣတိ၊ ဤသို့ဖြေပြီ။)
ပေ။ နံ၊ ကို။ ခတ္တိယာ၊ မင်းမျိုးတို့သည်။ ခတ္တိယာ ဘိသေကေန၊ ခတ္တိယ အဘိသိက်ဖြင့်။ အဘိသိဉ္စေယျုံအပိနု၊ ဘိသိက်သွန်းကုန်ရာအံ့လော။ ဣတိ၊ ပြီ။
ဘော ဂေါတမ၊ မ။ ဣဒံ၊ ဤခတ္တိယဘိသိက်သွန်းခြင်းသည်။ နော ဟိ၊ မဖြစ်နိုင်ပါ။
တံ၊ ထိုသို့မဖြစ်နိုင်ခြင်းသည်။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်နည်း။
ဘော ဂေါတမ၊ မ။ ဟိ၊ အကြင့်ကြောင့်။ (သော၊ ဗြာဟ္မဏသတို့သားကြောင့် ခတ္တိယသတို့သမီး၌ ပေါက်ဖွားသော ထိုသားသည်။ ပိတိတော၊ အဖဘက်အားဖြင့်။ အနုပပန္နော၊ ခတ္တိယအဖြစ်သို့ မကပ်ရောက်ပါ။ ဣတိ၊ ထို့ကြောင့်ပါတည်း။ (ဣတိ၊ ပြီ။)
အမ္ဗဋ္ဌ၊ ဋ္ဌ။ ဣတိခေါ၊ ဤသို့လျှင်။ ဣတ္ထိံ၊ ဗြာဟ္မဏမယားဖြစ်သောမိန်းမကို။ ကရိတွာ၊ ရှာမှီး၍။ ဣတ္ထိယာဝါ၊ မိန်းမအားဖြင့်မူလည်း။ ခတ္တိယာဝ၊ ခတ္တိယတို့သည်သာ။ သေဋ္ဌာ၊ မြတ်ကုန်၏။ ဗြာဟ္မဏာ၊ ဗြာဟ္မဏတို့သည်။ ဟီနာ၊ ယုတ်နိမ့်ကုန်သည်။ ပုရိသံ၊ လင်ဖြစ်သော ဗြာဟ္မဏယောက်ျားကို။ ကရိတွာ၊ ရှာမှီး၍။ ပုရိသေနဝါ၊ ယောက်ျားအားဖြင့်မူလည်း။ ခတ္တိယာဝသေဋ္ဌာ, ဗြာဟ္မဏာ ဟီနာ။
အမ္ဗဋ္ဌ၊ ဋ္ဌ။ တံ၊ ကို။ ကိံ မညသိ၊ နည်း။ ဣဓ၊ ဤလောက၌။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။ ဗြာဟ္မဏံ၊ ပုဏ္ဏားတစ်ယောက်ကို။ ကိသ္မိဉ္စိဒေဝ၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော။ ပကရဏေ၊ အကြောင်းကြောင့်။ (ပုဏ္ဏားတို့ မပြုထိုက်သောအမှုကိုပြုခြင်းကြောင့်။) ခုရမုဏ္ဍံ၊ သင်ဓုန်းဖြင့် ဦးခေါင်းတုံးမှုကို။ ကရိတွာ၊ ပြု၍။ ဘဿပုဋေန၊ ပြာထုပ်ဖြင့်။ ဝဓိတွာ၊ ပုတ်ခတ်၍။ [ဦးခေါင်းပေါ်၌ ပြာတွေထင်ပေါ်နေအောင် ပက်ခတ်၍။] ရဋ္ဌာဝါ၊ တိုင်းပြည်မှသော်လည်းကောင်း။ နဂရာဝါ၊ မြို့မှသော်လည်းကောင်း။ ပဗ္ဗာဇေယျုံ၊ နှင်ထုတ်ကုန်ရာ၏။
သော၊ ထိုနှင်ထုတ်ခံရသော ပုဏ္ဏားသည်။ ဗြာဟ္မဏေသု၊ တို့၌။ အာသနံဝါ၊ မြတ်သောနေရာကိုလည်းကောင်း။ ဥဒကံဝါ၊ မြတ်သောရေကိုလည်းကောင်း။ လဘေထ အပိနု၊ ရနိုင်ရာသလော။ ဣတိ၊ ဤသို့မေးတော်မူပြီ။
ဘော ဂေါတမ၊ မ။ ဣဒံ၊ ဤသို့ရနိုင်ခြင်းသည်။ နောဟိ၊ မဖြစ်နိုင်ပါ။ (ဣတိ၊ ဤသို့ဖြေပြီ။)
ပေ။ အဿ၊ ထိုနှင်ထုတ်ခံရသော ပုဏ္ဏားကို။ ဣတ္ထီသု၊ ဗြာဟ္မဏသတို့သမီးတို့၌။ အာဝဋံ ဝါ၊ တားမြစ်ခြင်းသည်သော်လည်း။ အဿ အပိနု၊ ဖြစ်ရာသလော။ အနာဝဋံ ဝါ၊ မတားမြစ်ခြင်းသည်သော်လည်း။ အဿ အပိနု၊ လော။ ဣတိ၊ ပြီ။
ဘော ဂေါတမ၊ မ။ အာဝဋံ၊ တားမြစ်ခြင်းသည်။ အဿ၊ ဖြစ်ရာ၏။ (ဣတိ၊ ပြီ။)
တံ ကိံ မညသိ အမ္ဗဋ္ဌ။ ဣဓ၊ ၌။ ခတ္တိယာ၊ ခတ္တိယတို့သည်။ ခတ္တိယံ၊ ခတ္တိယတစ်ယောက်ကို။ ကိသ္မိဉ္စိဒေဝ၊ သော။ ပကရဏေ၊ ကြောင့်။ (ခတ္တိယတို့ မပြုထိုက်သော အမှုကိုပြုခြင်းကြောင့်။) ခုရမုဏ္ဍံ၊ ကို။ ကရိတွာ၊ ၍။ ဘဿပုဋေန၊ ဖြင့်။ ဝဓိတွာ၊ ၍။ ရဋ္ဌာ ဝါ၊ မှသော်လည်းကောင်း။ နဂရာ ဝါ၊ မှသော်လည်းကောင်း။ ပဗ္ဗာဇေယျုံ၊ ကုန်ရာ၏။
သော၊ ထိုနှင်ထုတ်ခံရသော ခတ္တိယသည်။ ဗြာဟ္မဏေသု၊ တို့၌။ အာသနံဝါ၊ ကိုသော်လည်းကောင်း။ ဥဒကံဝါ၊ ကိုသော်လည်းကောင်း။ လဘေထ အပိနု၊ သလော။ ဣတိ၊ ပြီ။
ဘော ဂေါတမ၊ မ။ လဘေထ၊ ပါ၏။ (ဣတိ၊ ပြီ။)
ပေ။ အဿ၊ ထိုနှင်ထုတ်ခံရသော ခတ္တိယကို။ ဣတ္ထီသု၊ ဗြာဟ္မဏသတို့သမီးတို့၌။ အာဝဋံဝါ၊ သည်သော်လည်း။ အဿ အပိနု၊ လော။ အနာဝဋံဝါ၊ သည်သော်လည်း။ အဿ အပိနု၊ လော။ ဣတိ၊ ပြီ။
ဘော ဂေါတမ၊ မ။ အနာဝဋံ၊ မတားမြစ်ခြင်းသည်။ အဿ၊ ဖြစ်ရာပါ၏။ (ဣတိ၊ ပြီ။)
အမ္ဗဋ္ဌ၊ ဋ္ဌ။ နံ၊ ထိုခတ္တိယကို။ ခတ္တိယာ၊ တို့သည်။ ခုရမုဏ္ဍံ ကရိတွာ ဘဿပုဋေန ဝဓိတွာ ရဋ္ဌာဝါ နဂရာဝါ, ယဒေဝ ပဗ္ဗာဇေန္တိ၊ အကြင်နှင်ထုတ်ကုန်ရာ၏။ ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော နှင်ထုတ်ခံရခြင်းဖြင့်။ ခတ္တိယော၊ ခတ္တိယသည်။ ပရမဟီနတံ၊ (ခတ္တိယ) တည်း၌ အလွန်အောက်တန်းကျသူ၏အဖြစ်သို့။ ပတ္တော၊ ရောက်သည်။ ဟောတိ၊ ၏။
အမ္ဗဋ္ဌ၊ ဋ္ဌ။ ဣတိ ခေါ၊ လျှင်။ ယဒါ၊ အကြင်အခါ၌။ ခတ္တိယော၊ သည်။ ပရမဟီနတံ၊ သို့။ ပတ္တော ဟောတိ။ တဒါပိ၊ ထိုအခါ၌သော်မှလည်း။ ခတ္တိယာဝ၊ မင်းမျိုးတို့သည်သာလျှင်။ သေဋ္ဌာ၊ မြတ်ကုန်၏။ ဗြာဟ္မဏာ၊ ပုဏ္ဏားမျိုးတို့သည်။ ဟီနာ၊ ယုတ်နိမ့်ကုန်၏။
အမ္ဗဋ္ဌ၊ ဋ္ဌ။ သနင်္ကုမာရေန၊ သနင်္ကုမာရမည်သော။ ဗြဟ္မုနာပိ၊ ဗြဟ္မာသည်လည်း။ ဧသော ဂါထာ၊ ဤဂါထာကို။ ဘာသိတာ၊ ရွတ်ဆိုအပ်ပြီ။ (ကိံ၊ နည်း။) ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ။ ပေ။ ဒေဝ မာနုသေတိ၊ ခတ္တိယော။ ပေ။ ဒေဝမာနုသေဟူ၍။ (ဘာသိတာ၊ ရွတ်ဆိုအပ်ပြီ။)
**ဂါထာနက်** ။ ။ ဇနေတသ္မိံ၊ လူအပေါင်း၌။ ဝါ၊ တွင်။ ယေ၊ အကြင်လူတို့သည်။ ဂေါတ္တပဋိသာရိနော၊ အနွယ်ကို အားကိုးရာဟုပြုကြကုန်၏။ (တေသု၊ အနွယ်ကို အားကိုးရာဟု ပြုကြကုန်သော ထိုလူတို့တွင်။) ခတ္တိယော၊ ခတ္တိယဇာတ်ရှိသူသည်။ သေဋ္ဌော၊ အမြတ်ဆုံးတည်း။ (ယော၊ အကြင်ပုဂ္ဂိုလ်သည်။) ဝိဇ္ဇာစရဏသမ္ပန္နော၊ ဝိဇ္ဇာစရဏနှင့် ပြည့်စုံ၏။ သော၊ ထိုဝိဇ္ဇာစရဏနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည်။ ဒေဝမာနုသေ၊ နတ်လူအပေါင်း၌။ ဝါ၊ တွင်။ သေဋ္ဌော၊ တည်း။
အမ္ဗဋ္ဌ၊ ဋ္ဌ။ သာ ဧသာ ဂါထာ၊ ထိုဂါထာကို။ သနင်္ကုမာရေန၊ သော။ ဗြဟ္မုနာ၊ သည်။ သုဂီတာ၊ ကောင်းစွာသီဆိုအပ်ပြီ။ နော ဒုဂ္ဂီတာ၊ မကောင်းသဖြင့် သီဆိုအပ်သည်မဟုတ်။ [သူသီဆိုတာ အမှန်ဘဲ-ဟူလို။] သုဘာသိတာ၊ ကောင်းစွာရွတ်ဆိုအပ်ပြီ။ နော ဒုဗ္ဗာဘာသိတာ၊ မကောင်းသဖြင့် ရွတ်ဆိုအပ်သည်မဟုတ်။ အတ္ထသဉှိတာ၊ စီးပွားနှင့်စပ်ယှဉ်၏။ နော အနတ္ထသဉှိတာ၊ စီးပွားမဲ့နှင့်မစပ်ယှဉ်။ မယာ၊ ငါဘုရားသည်။ အနုမတာ၊ ခွင့်ပြုတော်မူအပ်ပြီ။
အမ္ဗဋ္ဌ၊ ဋ္ဌ။ ဟိ၊ မှန်၏။ အဟမ္ပိ၊ ငါဘုရားသည်လည်း။
ခတ္တိယော သေဋ္ဌော ဇနေတသ္မိံ။ ပေ။ ဒေဝမာနုသေတိ၊ ဒေဝမာနုသေဟူ၍။ ဧဝံ၊ ဤသို့။ ဝဒါမိ၊ ရွတ်ဆိုတော်မူ၏။
ပဌမော၊ ရှေးဦးစွာသော။ ဘာဏဝါရော၊ ဘာဏဝါရတည်း။