ဧဝံ၊ သို့။
ဝုတ္တေ၊ သော်။
အစေလော ကဿပေါ ဘဂဝန္တံ ဧတဒဝေါစ၊
(ကိံ)၊
အာဝုသော ဂေါတမ၊ ငါ့ရှင်ဂေါတမ။
ဣမေ တပေါပက္ကမာပိ၊ ဤဆိုအပ်လတံ့သော အားထုတ်အပ်သော အကျင့်တို့သည်လည်း။
ဧတေသံ, သမဏဗြာဟ္မဏာနံ၊ ဤ သမဏ ဗြာဟ္မဏတို့၏။
သာမညသင်္ခါတာစ၊ သမဏတို့၏ ဖြစ်ကြောင်းအလုပ်ဟု ဆိုအပ်ကုန်သည်လည်းကောင်း။
ဗြာဟ္မဏသင်္ခါတာစ၊ ဗြာဟ္မဏတို့၏ ဖြစ်ကြောင်းအလုပ်ဟု ဆိုအပ်ကုန်သည်လည်းကောင်း။
(ဟောန္တိ၊ န်၏)။
အစေလကော၊ အဝတ်မဆည်းအချည်းနှီးသော တက္ကဒွန်းသည်။
မုတ္တာစာရော၊ လောကီလူတို့ ကျင့်ရိုးအကျင့်မှ စွန့်လွှတ်အပ်သော အကျင့်ရှိသည်။
ဟောတိ၊ ၏။
["မတ်တတ်ရပ်၍ ချီးယို သေးပေါက်မှု စားမှုသောက်မှု ကို ပြသည်" ဟူလို။]
ဟတ္ထာပလေခနော၊ ထမင်းစားပြီးသော် လက်ကို လျှာဖြင့် ခြစ်ခတ် လျက်တတ်သည်။
(တစ်နည်း) ဟတ္ထာပလေခနော၊ ကျင့်ကြီးစွန့်ပြီးသော်လက်ဖြင့်ခြတ်ခတ်သုတ်တတ်သည်။
(ဟောတိ)၊
န ဧဟိ ဘဒ္ဒန္တိကော၊ အရှင်ဘုရား ဆွမ်းလောင်းလို၍ လာပါဦးဟု လျှောကအပ်သော် မလာတတ်သည်။
(ဟောတိ)၊
[(တစ်နည်း)
ဧဟိဘဒ္ဒန္တိကော၊ အရှင်ဘုရား ဆွမ်းလောင်းလို၍လာပါဦးဟု လျှောက်အပ်သော်လာတတ်သည်။
န(ဟောတိ)၊ အဖြစ်။....... ဤသို့လည်း ပေးနိုင်ပါသည်၊ နောက်၌လည်း နည်းတူ။]
န တိဋ္ဌဘဒ္ဒန္တိကော၊ အရှင်ဘုရား မလာလိုလျှင် ရပ်တော်မူပါဦးဟု လျှောက်အပ်သော် မရပ်တတ်သည်။
(ဟောတိ)၊
အဘိဟဋံ၊ မိမိမရောက်မီ ရှေးရှုဆောင်အပ်ပြီးသော ဆွမ်းကို။
န (သာဒိယတိ)၊ မသာယာ။
[သာဒိယတိ လိုက်ပေးသည်။]
ဥဒ္ဒိဿကတံ၊ မိမိကိုရည်စူး၍ ပြုအပ်သော ဆွမ်းကို။
န (သာဒိယတိ)၊
နိမန္တနံ၊ ပင့်ဖိတ်ကြောင်းဆွမ်းကို။
န သာဒိယတိ၊
သော၊ ထို အစေလကသည်။
ကုမ္ဘိမုခါ၊ အိုးနှုတ်ခမ်းဝမှ။
(ဥဒ္ဓရိတွာ၊ ထုတ်ဆောင်၍။
ဒိယျမာနံ၊ ပေးလှူအပ်သော ဆွမ်းကို)။
န ပဋိဂ္ဂဏှာတိ၊ မခံယူ။
ကဠောပိမုခါ၊ ထမင်းအိုး ထမင်းတောင်းဝမှ။
(ဥဒ္ဓရိတွာ ဒိယျမာနံ) န ပဋိဂ္ဂဏှာတိ၊ ဧဠကံ၊ တံခါးခုံကို။
အန္တရံ၊ အကြားကို။
(ကတွာ၊ ပြု၍။
ဒိယျမာနံ၊ ကို)။
န(ပဋိဂ္ဂဏှာတိ)၊
ဒဏ္ဍံ၊ ဒုတ်ကို။
အန္တရံ၊ ကို။
(ကတွာ ဒိယျမာနံ)၊
န(ပဋိဂ္ဂဂဏှာတိ)၊
မုသလံ၊ ကျည်ပွေ့ကို။
အန္တရံ (ကတွာ ဒိယျမာနံ) န (ပဋိဂ္ဂဏှာတိ)၊
ဒိန္နံ၊ ၂ ယောက်တို့သည်။
ဘုဉ္ဇမာနာနံ၊ စားနေကုန်စဉ်။
(ဧကသ္မိံ၊ တစ်ယောက်သည်။
ဥဋ္ဌာယ၊ ထ၍။
ဒေန္တေ၊ ပေးလှူလသော်။)
န (ပဋိဂ္ဂဏှာတိ)၊
ဂဗ္ဘိနိယာ၊ ကိုယ်ဝန်ရှိသော မိန်းမသည်။
(ဒေန္တိယာ၊ ပေးလှူလသော်)။
န (ပဋိဂ္ဂဏှာတိ)၊
ပါယမာနာယ၊ နို့တိုက်ဆဲ မိန်းမသည်။
(ဒေန္တိယာ၊ သော်)။
န (ပဋိဂ္ဂဏှာတိ)၊
ပုရိသန္တရဂတာယ၊ ယောင်္ကျား တစ်ပါးသွားလာအပ်ဆဲမိန်းမသည်။
(ဒေန္တိယာ) န (ပဋိဂ္ဂဏှာတိ)၊
သံကိတ္တီသု၊ ကြွေးကြော်စုပေါင်း၍ ချက်ပြန်အပ်သော ထမင်းတို့၌။
(ဒိယျမာနံ) န (ပဋိဂ္ဂဏှာတိ)၊
ယတ္ထ၊ အကြင်အရပ်၌။
သာ၊ ခွေးသည်။
ဥပဋ္ဌိတော၊ ထင်းကို မျှော်၍ အနီး၌ တည်နေသည်။
ဟောတိ၊ ၏။
(တတ္ထ၊ ထိုအရပ်၌။
တဿ၊ ထိုခွေးအား။
အဒတွာ၊ မပေးမူ၍။
အာဟဋံ၊ ဆောင်ယူအပ်သော ဆွမ်းကို)။
န (ပဋိဂ္ဂဏှာတိ)၊
ယတ္ထ၊ ၌။
မက္ခိကာ၊ ယင်တို့သည်။
သဏ္ဍသဏ္ဍစာရီနိ၊ အစုအစုပြု၍ လှည့်လည်ကြကုန်သည်။
(ဟောန္တိ၊ န်၏။
တတ္ထ၊ ၌။
ဒိယျမာနံ၊ ကို။)
န (ပဋိဂ္ဂဏှာတိ)၊
မစ္ဆံ၊ ငါးကို။
န (ပဋိဂ္ဂဏှာတိ)၊
မံသံ၊ အသားကို။
န (ပဋိဂ္ဂဏှာတိ)၊
သုရံ၊ သေရည်ကို။
န (ဝိပတိ)၊ မသောက်။
မေရယံ၊ အရက်ကို။
န (ပိဝတိ)၊
ထုသောဒကံ၊ သုဝီရတိုင်း၌ ဖြစ်သော ဆန်ပုန်းရည်ကို။
န (ပိဝတိ)၊ မသောက်။
[အစားအသောက် အလှူခံမှု နှင့် စပ်သော အကျင့်တို့ကို လျှောက်သည်။]
သော၊ ထိုအစေလကသည်။
ဧကာဂါရိကော၊ တစ်အိမ်၌ ဆွမ်းရပ်လေ့ရှိသည်။
(ဟုတွာ၊ ၍)။
ဧကာလောပိကော ဝါ၊ ဆွမ်းတစ်လုတ်သာ ရှိသည်သော်လည်း။
(ဆွမ်းတစ်လုတ်ဖြင့်သာ မျှတသည်သော်လည်း)။
ဟောတိ၊
ဒွါဂါရိကော၊ သည်။
(ဟုတွာ)၊
ဒွါလောပိကော ဝါ၊ သည်သော်လည်း။
ဟောတိ၊
သတ္တာဂါရိကော၊ သည်။
(ဟုတွာ)၊
သတ္တာလောပိကော ဝါ၊ သည်သော်လည်း။
ဟောတိ၊
ဧကိဿာ၊ တစ်ချောင်းသော။
ဒတ္တိယာပိ၊ ယောက်မဖြင့်လည်း။
ဝါ၊ ဇွန်းဖြင့်လည်း။
(တစ်ဇွန်းစား ထမင်းဖြင့်လည်း။)
ယာပေတိ၊ မျှတ၏။
ဒွီဟိ၊ န်သော။
ဒတ္တီဟိပိ၊ တို့ဖြင့်လည်း။
ယာပေတိ၊
သတ္တဟိ ဒတ္တီဟိပိ ယာပေတိ၊ ဧကာဟိကမ္ပိ၊ တစ်ရက်ခြားရှိသည်လည်းဖြစ်သော။
အာဟာရံ၊ အာဟာရကို။
အာဟာရေတိ၊ ခံတွင်းသို့ ရှေးရှုဆောင်၏။
ဝါ၊ စား၏။
ဒွီဟိကမ္ပိ ၊ပေ၊ သတ္တာဟိကမ္ပိ အာဟာရံ အာဟာရေတိ၊
ဣတိ ဧဝရူပံ၊ ဤသို့ သဘောရှိသော။
အဒ္ဓမာသိကမ္ပိ၊ တစ်လထက်ဝက် ၁၅ ရက်ခြားရှိသည်လည်းဖြစ်သော။
ဝါ၊ ၁၅ ရက် တစ်ကြိမ်လည်းဖြစ်သော။
ပရိယာယ ဘတ္တဘောဇနာနုယောဂံ၊ အလှည့်အကြိမ်အားဖြင့် ဖြစ်သော ဆွမ်းစားခြင်းကို အားထုတ်ခြင်းကို။
အနုယုတ္တော၊ သည်။
(ဟုတွာ)၊
ဝိဟရတိ၊
[အစာစားမှုနှင့်စပ်သော အကျင့်တို့ကို လျှောက်သည်။]
အာဝုသော ဂေါတမ၊ မ။
ဣမေ တပေါပက္ကမာပိ၊ ဤဆိုအပ်လတံ့သော အားထုတ်အပ်သော အကျင့်တို့သည်လည်း။
ဧတေသံ သမဏဗြာဟ္မဏာနံ၊ တို့၏။
သာမညသင်္ခါတာစ၊ ကုန်သည်လည်းကောင်း။
ဗြာဟ္မညသင်္ခါတာစ၊ ကုန်သည်လည်းကောင်း။
(ဟောန္တိ)၊
(သော၊ ထိုအစေလကသည်။)
သာကဘက္ခေါဝါ၊ ဟင်းရွက်စိမ်းဟူသော အစာရှသည်သော်လည်း။
ဟောတိ၊ ဖြစ်၏။
သမာကဘက္ခေါဝါ၊ လမန်းဆန်ဟူသော အစာရှိသည်သော်လည်း။
ဝါ၊ နတ်ကောက်ဟူသော အစာရှိသည်သော်လည်း။
ဟောတိ၊
[နောက်၌ လည်း ဤသို့ အပြည့်အစုံးပေးပါ။]
နီဝါရ၊ တောစပါး။
ဝါ၊ ကြိတ်ဆန်။
ဒဒ္ဒုလ၊ သားရေအဖတ်။
ဟဋ၊ သစ်စေး။
ဝါ၊ ရေမှော်။
ကဏ၊ ဆန်ကွဲ။
အာစာမ၊ ထမင်းဂျိုး။
ဝါ၊ ကဇီရည်။
ပိညာက၊ နှမ်းမုန့်ညက်။
တိဏ၊ မြက်။
ဂေါမယ၊ နွာချေး။
ဝနမူလဖာဟာရော၊ တော၌ဖြစ်သော သစ်မြစ်, သစ်သီးဟူသော အစာအာဟာရရှိသည်။
ပဝတ္တဖလဘောဇီ၊ မိမိမရောက်ခင်ဖြစ်နှင့် သော သစ်သီးကို စားလေ့ရှိသည်။
ဝါ၊ အလိုလိုကြွေကျသော သစ်သီးကို စားလေ့ရှိသည်။
(ဟုတွာ၊ ၍)။
ယာပေသိ၊ မျှတ၏။
("ပဝတ္တ၊ မိမိမရောက်ခင် သစ်ပင် အောက်၌ဖြစ်နှင့်သော "ဟု သဒ္ဒတ္ထဖြစ်၏၊ ထိုအသီးကိုပင် "အလိုလိုကြွေကျသော အသီး" ဟု ခေါ်သည်။)
[အစာအာဟာရနှင့်စပ်၍ အတ္တိကလမထာနုယောဂ အကျင့်တို့ကို လျှောက်သည်။]
အာဝုသော ဂေါတမ၊ မ။
ဣမေ တပေါပက္ကမာပိ၊ပေ၊ (ဟောန္တိ၊
သော၊ သည်။)
သာဏာနိပိ၊ ပိုက်ဆံလျော်ချည်ဖြင့်ရက်အပ်သော အဝတ်တို့ကိုလည်း။
ဓာရေတိ၊ ဆောင်၏။
ဝါ၊ ဝတ်၏။
မသာဏာနိပိ၊ အခြားချဉ်တို့ဖြင့် ရောနှောအပ်သော ပိုက်ဆံလျော်ချည်ဖြင့် ရက်အပ်သော အဝတ်တို့ကိုလည်း။
ဓာရေတိ၊
ဆဝဒုဿာနိပိ၊ သူသေကောင်မှ စွန့်ပစ်အပ်သော အဝတ်တို့ကိုလည်း။
ဝါ၊ ပြိက်မြက်စသည်တို့ကို ထုံး၍ ပြုအပ်သော ယုတ်ညံ့သော အဝတ်တို့ကိုလည်း။
ဓာရေတိ၊
ပံသုကူလာနိပိ၊ ပံသုကူအဝတ်တို့ကိုလည်း။
ဓာရေတိ၊
တိရီဋာနိပိ၊ သစ်ပင်၏ အခွံဖြစ်သော အဝတ်တို့ကိုလည်း။
ဓာရေတိ၊
အဇိနမ္ပိ၊ သားကောင်၏ အရေကိုလည်း။
ဝါ၊ သစ်နက်ရေကိုလည်း။
ဓာရေတိ၊
အဇိနက္ခိပမ္ပိ၊ အလယ်၌ခွဲအပ်သော သားရေကိုလည်း။
ဝါ၊ အလယ်၌ခွဲအပ်သော သစ်နက်ရေကိုလည်း။
ဓာရေတိ၊
ကုသစီရမ္ပိ၊ သမန်းမြက် အဝတ်ကိုလည်း။
ဓာရေတိ၊
ဝါကစီရမ္ပိ၊ လျှော်တေ အဝတ်ကိုလည်း။
ဓာရေတိ၊
ဖလကစိရမ္ပိ၊ ပျဉ်ချပ်အဝတ်ကိုလည်း။
ဓာရေတိ၊
ကေသလမ္ဗလမ္ပိ၊ လူဆံပင်ဖြင့် ရက်အပ်သော ကမ္ဗလာကိုလည်း။
ဓာရေတိ၊
ဝါဠကမ္ဗလမ္ပိ၊ မြင်းမြီးတို့ဖြင့် ရက်အပ်သော ကမ္ဗလာကိုလည်း။
ဓာရေတိ၊
ဥလူကပက္ခိကမ္ပိ၊ ခင်ပုတ်တောင် ဖြင့် ရက်အပ်သော အဝတ်ကိုလည်း။
ဓာရေတိ၊
[အဝတ်နှင့် စပ်၍ အတ္တကိလမထာနုယောဂ အကျင့်တို့ကို လျှောက်သည်။]
ကေသမဿုလောစကော၊ ထန်းစေ့မှုတ်ဖြင့် ဆံမုတ်ဆိတ်တို့ကို ပယ်နှုတ်တတ်သည်။
(ဟုတွာ) ပိ၊ ဖြစ်၍လည်း။
ကေသမဿုလောစနာနုယောဂံ၊ ထန်းစေ့မှုတ်ဖြင့် ဆံမုတ်ဆိတ်တို့ကို ပယ်နှုတ်ခြငး်ကို အဖန်ဖန် အားထုးတ်မှုကို။
အနုယုတ္တော၊ အဖန်ဖန်အားထုတ်သည်။
ဟောတိ၊
ဥဗ္ဘဋ္ဌကော၊ အထက်၌ တည်နေတတ်သည်။
ဝါ၊ မတ်တတ်ရနေတတ်သည်။
["ဥဗ္ဘဇဏု မဏ္ဍလံ " ၌ကဲ့သို့ ဥဗ္ဘသဒ္ဒါ "ဥဒ္ဓံ" အနက်ဟော။]
(ဟုတွာ) ပိ၊ လည်း။
အာသနပဋိက္ခိတ္တော၊ ပယ်အပ်သော နေရာရှိသည်။
ဝါ၊ ပယ်အပ်သော ထိုင်နေခြင်းရှိသည်။
ဟောတိ၊
ဥက္ကုဋိကော၊ ဆောင့်ကြောင့်ထိုင်ခြင်းဟူသော အားထုတ်ကြောင်ကျင့်ကို။
အနုယုတ္တောဟောတီ၊
ကဏ္ၒကာပဿသိကော၊ ဆူးတို့အပေါ်ဝယ် ဖြန့်ကြက်အပ်သော သားရေပေါ်၌ မှီတင်းနေထိုင်ခြင်းရှိသည်။
(ဟုတွာ) ပိ၊ လည်း။
ကဏ္ဋကာပဿယေ၊ ဆူးတို့အထက် မြန့်ကြက်အပ်သော သားရေအခင်းပေါ်၌။
သေယံ၊ အိပ်ခြင်းကို။
ကပ္ပေတိ၊ ပြုၑ။
ဖလကသယျေမ္ပိ၊ ပျဉ် ချပ်ပေါ်၌ အိပ်ခြင်းကိုလည်း ။
ကပ္ပေတိ၊
တဏ္ဍိလသေယျမ္ပိ၊ မြင့်သော ကုန်းမြေအရပ်၌ အိပ်ခြငး်ကိုလည်း။
ကပ္ပေတိ၊
[အိပ်ရာနေရာ၌ စပ်၍ အတ္တကလေမထာနုယာဂအကျင့်ကို လျှောက်သည်။]
ဧကပဿယိကော၊ တစ်ဖက်သော နံတောင်းဖြင့် စောင်း၍ အိပ်ခြင်းရှိသည်။
(ဟုတွာ) ပိ၊ လည်း။
ရဇောဇလ္ဘဓရော၊ မြူမှုန်တည်းဟူသော အညစ်အကြေးကို ဆောင်တတ်သည်။
ဟောတိ၊
အဗ္ဘောကာသိကောပိ၊ လွင်တီးခေါင်၌ နေခြင်း အလေ့ရှိသည်လည်း။
ဟောတိ၊ ။
ယထာသန္တ တိကော(ပိ)၊ အကြင် အကြင်ခင်းထားအပ်သော ပဌမရအပ်သော နေရာ၌ နေခြင်းအလေ့ရှိသည်လည်း။
(ဟောတိ)၊
[စာအုပ်တို့၌ "အဗ္ဘောကာသိကောပိ ဟောတိ ယထာဘန္တတိကော" ၂ ပုဒ်တွဲလျက်ရှိသော်လည်း "အဗ္ဘောကာသိကဓုတင်, ယထာသန္တတိကဓုတင်" ဟု ဓုတင် ၂ မျိုးရှိသောကြောင့် ဤ၌ ၂ မျိုးခွဲ၍ အနက်ပေးလိုက်ပါသည်။]
ဝေကဋိကော၊ ကျင်ကြီးကို စားခြင်းအလေ့ရှိသည်။
(ဟုတွာ ) ပိ၊ လည်း။
ဝိကဋဘောဇနာနုယောဂံ၊ ကျင်ကြီးကို စားခြင်းကို အဖန်ဖန်အားထုတ်မှုကို။
အနုယုတ္တော, ဟောတိ၊
အပါနကော၊ ရေအေးကို သောက်ခြင်းမရှိသည်။
(ဟုတွာ) ပိ၊ လည်း။
အပါနကတ္တံ၊ ရေအေးကို သောက်ခြင်း မရှိသူ၏ အဖြစ်ကို။
အနုယုတ္တော, ဟောတိ၊
သာယတတိယကမ္ပိ၊ ညနေချမ်းဝယ်ရေသို့ သက်ဆင်းခြင်းဟူသော ၃ ကြိမ်မြောက်သော။
ဥဒကောရောဟာနုယောဂံ၊ ရေသို့သက်ဆင်းခြင်းကို အဖန်အဖန်အားထုတ်မှုကို။
အနုယုတ္တော၊ သည်။
(ဟုတွာ)၊
ပိ၊ လည်း။
ဝိဟရတိ၊ နေ၏။
ဣတိ၊ ဤသို့ (လျှောက်ပြီ)။
[မိစ္ဆာဝါယာမ၏ အစွမ်းဖြင့် အားထုတ်အပ်သော အတ္ထကိလမထာနုယောဂအကျင့်ကို လျှောက်သည်။]