အထခေါ၊ သောတာပန်ဖြစ်ပြီးရာ ထိုအခါ၌။
ပေါက္ခရသာတိ၊ သော။
ဗြာဟ္မဏော၊ သည်။
ဒိဋ္ဌဓမ္မော၊ မြင်အပ်ပြီးသော သစ္စာ ၄ ပါးတရားရှိသည်။
ပတ္တဓမ္မော၊ ရောက်အပ်ပြီးသော သစ္စာ ၄ ပါးတရားရှိသည်။
ဝိဒိတဓမ္မော၊ သိအပ်ပြီးသော သစ္စာ ၄ ပါးတရားရှိသည်။
ပရိယောဂါဠှဓမ္မော၊ ထက်ဝန်းကျင် သက်ဝင်အပ်ပြီးသော သစ္စာ ၄ ပါးတရားရှိသည်။
တိဏ္ဏဝိစိကိစ္ဆော၊ လွန်မြောက်အပ်ပြီးသော ဝိစိကိစ္ဆာရှိသည်။
ဝါ၊ ဝိစိကိစ္ဆာကို လွန်မြောက်ပြီးသည်။
ဝိဂတကထံကထော၊ ကင်းသော အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်းဟု ပြောဆိုကြောင်း ဝိစိကိစ္ဆာ ရှိသည်။ (အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်းဟု ပြောဆိုကြောင်းဝိစိကိစ္ဆာမှ ကင်းသည်။)
["ကင်းသော သို့လောသို့လော တွေးတောယုံမှားခြင်းရှိသည်။
ဝါ၊ သို့လော သို့လော တွေးတောယုံမှားခြင်း ဝိစိကိစ္ဆာမှ ကင်းသည်"ဟုလည်း ပေးကြ၏]
သတ္ထု သာသနေ၊ မြတ်စွာဘုရား၏ ဆုံးမကြောင်းဖြစ်သောသာသနာတော်၌။
ဝေသာ ရဇ္ဇပ္ပတ္တော၊ ကင်းသော ရွံ့ရှားခြင်းရှိသူ၏ အဖြစ်သို့ရောက်သည်။
ဝါ၊ ရွံ့ရှားခြင်းကင်း, ရဲတင်းသူ၏အဖြစ်သို့ရောက်သည်။
အပရပ္ပစ္စယော၊ မိမိမှတစ်ပါး အခြားသူဟူသော ယုံကြည်စရာမလိုသည်။
(ဟုတွာ၊ ၍။)
ဘဂဝန္တံ ဧတံ အဝေါစ။
(ကိံ)။
ဘော ဂေါတမ၊ မ။
အဘိက္ကန္တံ၊ အလွန်ကောင်းပါပေစွ။
ဘော ဂေါတမ၊ မ။
အဘိက္ကန္တံ၊ စွ။
[ဤပုဒ်၌ အနက်မျိုးမျိုး ပေးပုံကို သာမညဖလသုတ်, အဇာတသတ္တု ဥပါသကတ္တ ပဋိဝေဒနကထာ၌ ပြခဲ့ပြီ။]
ဘော ဂေါတမ၊ မ။
သေယျထာပိ၊ ကား။
နိကုဇ္ဇိတံ၊ တစ်စုံတစ်ယောက်, မှောက်ထားအပ်သော အိုးခွက်ကို။
ဝါ၊ အလို အလျောက်, မှောက်နေသော အိုးခွက်ကို။
ဥက္ကုဇ္ဇေယျ သေယျထာပိဝါ၊ လှန်ပြလိုက်သကဲ့သို့လည်းကောင်း။
ပဋိစ္ဆန္နံ၊ မြက် သစ်ရွက် အစရှိသည်တို့ဖြင့်ဖုံးလွှမ်းအပ်သော အရာဝတ္ထုကို။
ဝိဝရေယျ သေယျထာပိဝါ၊ ဖွင့်ပြလိုက်သကဲ့သို့လည်းကောင်း။
မူဠှဿ၊ အရပ်မျက်နှာတို့၌ တွေဝေနေသူအား။
ဝါ၊ မျက်စိလည် လမ်းမှားနေသူအား။
မဂ္ဂံ၊ လမ်းဖြောင့် လမ်းမှန်ကို။
အာစိက္ခေယျ သေယျထာပိဝါ၊ ပြောပြလိုက်သကဲ့သို့လည်းကောင်း။
စက္ခုမန္တော၊ ကောင်းသော မျက်စိရှိသူတို့သည်။
ရူပါနိ၊ ရူပါရုံတို့ကို။
ဒက္ခိန္တိ၊ မြင်နိုင်ကုန်လတံ့။
ဣတိ၊ ဤသို့ နှလုံးသွင်း၍။
အန္ဓကာရေ၊ အမိုက်မှောင်၌။ (၁၄ လဆုတ်, မိုးတိမ်အုပ်သည့်, တောရှုပ်သန်းခေါင်, အမိုက်မှောင်၌။)
တေလ ပဇ္ဇောတံ၊ ဆီမီးတန်ဆောင်ကို။
ဓာရေယျ သေယျထာပိဝါ၊ ညှိထွန်းဆောင်ပြသကဲ့သို့လည်းကောင်း။
ဧဝမေဝံ၊ ဤအတူ။
ဘောတာ ဂေါတမေန၊ အရှင်ဂေါတမသည်။
အနေကပရိယာယေန၊ တစ်ပါးမက များစွာသောအကြောင်းဖြင့်။
ဝါ၊ ပရိယာယ်အမျိုးမျိုးဖြင့်။
ဓမ္မော၊ တရားတော်ကို။
ပကာသိတော၊ ထင်ရှားပြတော်မူအပ်ပါပေပြီ။
ဘောဂေါတမ။
သပုတ္တော၊ သားသမီးနှင့်တကွဖြစ်သော။
သဘရိယော၊ ဇနီးနှင့်တကွဖြစ်သော။
သပရိသော၊ ပရိသတ်နှင့်တကွဖြစ်သော။
သာမစ္စော၊ အမတ်တို့နှင့်တကွဖြစ်သော။
ဧသာဟံ [ဧသော+အဟံ]၊ ထိုဒကာတော်သည်။
ဘဝန္တံ ဂေါတမံ၊ အရှင်ဂေါတမကိုလည်းကောင်း။
ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။
ဘိက္ခုသံဃဉ္စ၊ ရဟန်းသံဃာတော်ကိုလည်းကောင်း။
သရဏံ၊ ကိုးကွယ်ရာဟူ၍။
ဂစ္ဆာမိ၊ ဆည်းကပ်ပါ၏။
ဝါ၊ ဉာဏ်ဖြင့်သိမှတ်ပါ၏။
ဘဝံဂေါတမော၊ သည်။
မံ၊ ကို။
အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍။
ပါဏုပေတံ၊ အသက်တို့ဖြင့် ဆည်းကပ်တတ်သော။
သရဏံ ကိုးကွယ်ရာဟူ၍။
ဂတံ၊ ဆည်းကပ်သော။
ဥပါသကံ၊ ဥပါသကာဟူ၍။
ဓာရေတု၊ စိတ်၌ ဆောင်တော်မူပါ။
ဝါ၊ မှတ်တော်မူပါ။
ဘဝံ ဂေါတမော၊ သည်။
ဥက္ကဋ္ဌာယ၊ ဥက္ကဋ္ဌာမြို့၌။
အညာနိ၊ အခြားကုန်သော။
ဥပါသကကုလာနိ၊ ဥပါသကအမျိုးတို့သို့။
ဝါ၊ ဥပါသကာအိမ်တို့သို့။
ဥပသင်္ကမတိယထာ၊ ကြွတော်မူသကဲ့သို့။
ဧဝမေဝ၊ သာလျှင်။
ဘဝံ ဂေါတမော၊ သည်။
ပေါက္ခရသာတိကုလံ၊ ပေါက္ခရသာတိအမျိုးသို့။
ဝါ၊ ပေါက္ခရသာတိအိမ်သို့။
ဥပသင်္ကမတု၊ ကြွတော်မူပါ။
တတ္ထ၊ ထိုသို့ကြွလာရာ၌။
ယေ တေမာဏဝကာဝါ၊ အကြင်လုလင်ပျိုတို့သည်လည်းကောင်း။
(ယာတာ) မာဏဝိကာဝါ၊ အကြင် လုလင်ပျိုမတို့သည်လည်းကောင်း။
ဘဝန္တံ ဂေါတမံ၊ ကို။
အဘိဝါဒေဿန္တိဝါ၊ ရှိခိုးမူလည်း ရှိခိုးပါကုန်လတံ့။
ပစ္စုဋ္ဌိဿန္တိဝါ၊ ခရီးဦးကြိုဆိုမူလည်း ကြိုဆိုပါကုန်လတံ့။
အာသနံဝါ၊ နေရာကို သော်လည်းကောင်း။
ဥဒကံဝါ၊ ရေကိုသော်လည်းကောင်း။
ဒဿန္တိဝါ၊ လှူမူလည်း လှူပါကုန်လတံ့။
စိတ္တံ၊ စိတ်ကို။
ပသာဒေဿန္တိဝါ၊ ကြည်ညိုစေမူလည်း ကြည်ညိုစေပါကုန်လတံ့။
တေသံ၊ ထိုလုလင်ပျို လုလင်ပျိုမတို့၏။
တံ၊ ထိုသို့ရှိခိုးခြင်း, ခရီးဦးကြိုဆိုခြင်း, နေရာ ရေတို့ကို ပေးလှူခြင်း, ကြည်ညိုခြင်းသည်။
ဒီဃရတ္တံ၊ ရှည်စွာသော ညဉ့်ပတ်လုံး။
ဟိတာယ၊ စီးပွားအလို့ငှာ။
သုခါယ၊ ချမ်းသာခြင်းငှာ။
ဘဝိဿတိ၊ ဖြစ်ပါလတံ့။
ဣတိ၊ ဤသို့လျှောက်ပြီ။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ကလျာဏံ၊ ကောင်းသော စကားကို။
ဝုစ္စတိ၊ လျှောက်ထားအပ်ပေ၏။
ဣတိ၊ ဤသို့မိန့်တော်မူပြီ။
(ဣတိ၊ ဤအမ္ဗဋ္ဌသုတ်အပြီးတည်း။
ဣတိ၊ သို့။
သုတံ၊ နားယူမှတ်သား, ဆောင်ထားအပ်ပါပြီ။) ["ဧဝံ မေ သုတံ" ၌ သုတံကို ပြန်လှည့်သည်။]
တတိယံ၊ ၃ သုတ် မြောက်သော။
အမ္ဗဋ္ဌသုတ္တံ၊ သည်။
နိဋ္ဌိတံ၊ ပြီ။