ပန၊ ကား။
(ဝစီကမ္မဒွါရ-ကထာမှတစ်ပါး မနောကမ္မဒွါရ-ကထာ ကား။)
မနောကမ္မဒွါရကထာယံ၊ ၌။
(မနော၌ အပေါင်း အာဓာရ၊ အစိတ် အာဓေယ် အဖြစ်ဖြင့် စပ်။)
ကာမာဝစရာဒိဝသေန၊ ကာမာဝစရ-အစရှိသည်တို့၏ အပြားအားဖြင့်။
(စတုဗ္ဗိဓော၌-သရူပက္ချာ ဝိသေသန-စပ်။)
စတုဗ္ဗိဓော၊ သော။
မနော၊ စိတ် သည်။
မနော နာမ၊ မန-မည်၏ ။
တတ္ထ၊ ထို ၄-ပါးသောစိတ်တို့တွင်။
ကာမာဝစရော၊ ကာမာဝစရစိတ်သည်။
စတုပညာသဝိဓော၊ ၅၄-ပါး အပြားရှိသည်။
ဟောတိ။ ပ။
လောကုတ္တရော၊ သည်။
အဋ္ဌဝိဓော၊ ၈-ပါး အပြားရှိသည်။
(ဟောတိ။)
ဣတိ၊ သို့။
သဗ္ဗောပိ၊ အလုံးစုံသောစိတ်သည်လည်း။
ဧကူန နဝုတိဝိဓော၊ တစ်ခုယုတ်ကိုးဆယ် အပြားရှိသည်။
ဟောတိ။
တတ္ထ၊ ထိုတစ်ခုယုတ်ကိုးဆယ်သော စိတ်တို့တွင်။
အယံ နာမ မနော၊ ဤမည်သော စိတ်သည်။
မနောဒွါရံ၊ မနောဒွါရသည်။
န ဟောတိ၊ မဖြစ်။
ဣတိ၊ သို့။
န ဝတ္တဗ္ဗော၊ မဆိုထိုက်။
ယထာ ဟိ အယံ နာမ စေတနာ။ ။ ပဋ္ဌာန်း သဟဇာတကမ္မပစ္စည်း၌ စေတနာ ဟူသမျှကို (ဒွိပဉ္စဝိညာဥ်နှင့်ယှဥ်သော စေတနာပင် ဖြစ်စေကာမူ) ကမ္မပစ္စည်းအဖြစ်ဖြင့် ဟောတော်မူသကဲ့သို့၊ ထို့အတူ မန-ဟူသမျှကိုလည်း မနောဒွါရဟု ဆိုရသည်။ ဆက်ဦးအံ့- "အယံ နာမ စေတနာ" စသော စကားသည် ဥပမာနလည်း ဟုတ်၏ ။ ထိုမနောဒွါရရှိသော ဒွါရဝန္တ တရားကို ပြသောစကားလည်း ဟုတ်၏ ။ ထို့ကြောင့် မန-ဟူသမျှကို "မနောဒွါရ"ဟု ဆိုရာ၌ ထို မနနှင့်ယှဥ်သော စေတနာဟူသမျှကိုလည်း မနောကံဟု ဆို၍ ထိုကံ၏ဖြစ်ကြောင်း (ထိုကံအား သဟဇာတသတ္တိဖြင့် ကျေးဇူးပြုသော) မနဟူသမျှကိုလည်း "မနောကမ္မဒွါရ"ဟု အပြန်အလှန်ခေါ်ဆိုရသည်ဟု မှတ်ပါ။
မှတ်ချက်။ ။ ဤစကားသည် အများသုံးဖြစ်သော အဘိဇ္ဈာ အနဘိဇ္ဈာ-စသော မနောကံ၊ ထိုနှင့်ယှဥ်သော စိတ်-ဟူသော မနောကမ္မဒွါရကို ပြသောစကားမဟုတ်။ အများသုံးကိုကား "ဣဒံ မနေတ္ထ သန္နိဋ္ဌာနံ"ဟု နောက်၌ ဆိုလတ္တံ့။ ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။
အယံ နာမ စေတနာ၊ ဤမည်သော စေတနာသည်။
ကမ္မံ၊ သည်။
န ဟောတိ၊ မဟုတ်။
ဣတိ၊ သို့။
န ဝတ္တဗ္ဗာယထာ၊ မဆိုထိုက်သကဲ့သို့တည်း။
ဟိ၊ မှန်၏ ။
အန္တမသော၊ အားဖြင့်။
ပဉ္စဝိညာဏသမ္ပယုတ္တာပိ၊ ပဉ္စဝိညာဥ်နှင့် ယှဥ်သည်လည်းဖြစ်သော။
စေတနာ၊ ကို။
(တစ်နည်း) ပဉ္စဝိညာဏသမ္ပယုတ္တာပိ စေတနာ၊ ပဉ္စဝိညာဥ်နှင့် ယှဥ်သော စေတနာကိုသော်မှလည်း။
မဟာပကရဏေ၊ မဋ္ဌာန်းကျမ်းကြီး၌။
ကမ္မံတွေဝ၊ ကံဟူ၍ပင်။
နိဒ္ဒိဋ္ဌာ၊ ညွှန်ပြတော်မူအပ်ပြီ။
[အန္တမ သော-စသော ဤဝါကျကား- စေတနာဟူသမျှကံမည်ကြောင်းကို ထောက်ခံသော ဒဠှီကရဏ အပိုဝါကျတည်း။
ဥပမာနဝါကျတွင်း၌ တိုက်ရိုက်ပါဝင်သော ဝါကျမဟုတ်။]
ဧဝမေဝ၊ ဤအတူသာ လျှင်။
အယံ နာမ မနော၊ သည်။
မနောဒွါရံ။
န ဟောတိ၊ မဟုတ်။
ဣတိ၊ သို့၊
န ဝတ္တဗ္ဗော၊ မဆိုထိုက်။
ဧတ္ထ၊ အယံ နာမ စေတနာ ကမ္မံ န ဟောတီတိ န ဝတ္တဗ္ဗာ-ဟူသော ဤစကားရပ်၌။
["ဧတ္ထ မနောဒွါရာဝိကာရေ၊ ဤမနောဒွါရ အရာ၌" ဟု ယောဇနာဖွင့်၏ ။
စဥ်စားပါလေ။]
(ဌတွာ၊ တန့်ရပ်၍။
စောဒကော၊ စောဒက ပုဂ္ဂိုလ်သည်။)
အာဟ၊ ဆိုပြီ။
(ကိံ၊ နည်း။)
ဧတံ ကမ္မံ နာမ၊ ဤ ကံမည်သည်။
ကိံ၊ အဘယ်ကို။
ကရောတိ၊ ပြုသနည်း။
ဣတိ၊ သို့။
အာဟ၊ ဆိုပြီ။
(ဧတံ ကမ္မံ နာမ၊ မည်သည်။)
အာယူဟတိ၊ ပေါင်းစုမိအောင် ပြု၏ ။
အဘိသင်္ခရောတိ၊ ပြုစီမံ ၏ ။
ပိဏ္ဍံ၊ အပေါင်းကို။
ကရောတိ၊ ၏ ။
စေတေတိ၊ စေ့ဆော်၏ ။
ကပ္ပေတိ၊ စီမံပြုလုပ်၏ ။
ပကပ္ပေတိ၊ စီမံပြုလုပ်၏ ။
(ဣတိ၊ သို့။
အာဟ၊ ပြီ။)
ဧဝံ သန္တေ၊ ဣသို့ ဖြစ်လတ်သော်။
(ကမ္မစေတနာက အာယူဟန အဘိသင်္ခရဏ-စသည်ကို ပြုလတ်သော်။)
ပဉ္စဝိဉာဏစေတနာ၊ ဒွိပဉ္စဝိဉာဥ်၌ယှဥ်သော စေတနာသည်။
ကိံ၊ ကို။
အာယူဟတိ၊ ပေါင်းစုမိအောင် ပြုသနည်း။
အဘိသင်္ခရောတိ၊ နည်း။
ပိဏ္ဍံ၊ ကို။
ကရောတိ၊ နည်း။
စေတေတိ၊ နည်း။
ကပ္ပေတိ၊ နည်း။
ပကပ္ပေတိ၊ နည်း။
ဣတိ၊ ဤကား အမေးတည်း။
[စေတနာတို့တွင် ပဉ္စဝိဉာဏ-စေတနာသည် သတ္တိ အညံ့ဆုံး ဖြစ်သောကြောင့် ထိုစေတနာကို မေးသည်။]
(ပဉ္စဝိဉာဏစေတနာ၊ သည်။)
သဟဇာတဓမ္မေ၊ တကွဖြစ်သော ဖဿ-အစရှိသော တရားတို့ကို။
အာယူဟတိ၊ ၏ ။ ပ။
ပကပ္ပေတိ၊ ၏ ။
ဟိ၊ မှန်၏ ။
သာပိ၊ ထို ပဉ္စဝိဉာဏစေတနာ သော်မှလည်း။
သဟဇာတေ၊ တကွဖြစ်ကုန်သော်။
သမ္ပယုတ္တက္ခန္ဓေ၊ ဖဿ-စသော သမ္ပယုတ်တရား အစုတို့ကို။
အာယူဟတိ။ ။ "အာပုဗ္ဗ+ဦဟ-ဓာတ်"ဟု ကြံကြ၏ ။ ဦဟ-ဓာတ်က အားထုတ်ခြင်းအနက်ကို ဟောသော်လည်း ဓာတူနံ အနေကတ္ထတ္တာနှင့်အညီ ပိဏ္ဍကရဏ- အနက်ကိုလည်းဟောသည်။ အနေကတ္ထတ္တာ ဓာတူနံဦဟနံ ရာသီကရဏံတိ။ -သစ္စဝိဘင်း အနုဋီကာ။ [ကိံ ပိဏ္ဍံ ကရောတီတိ အာယူဟနတ္ထဝသေန ပုစ္ဆတိ။-ဋီကာ။ ဤဋီကာစကားအရ "အာယူဟတိနှင့် ပိဏ္ဍံကရောတိသည် အနက် အဓိပ္ပာယ်တူ၏" ဟု မှတ်ပါ။ ကြွင်းသော မှတ်ဖွယ်ကို ဋီကာအဓိပ္ပာယ်၌ ပြထားပြီ။]
အာယူဟတိ၊ ၏ ။ ပ။
ပကပ္ပေတိ။
ဣတိ၊ ဤကား အမေးတည်း။
[သဟဇာတ-အရ ရုပ်နာမ် ၂မျိုးလုံးနှင့် ဆိုင်ရကား ရုပ်သဟဇာတကို တားမြစ်လို၍ "သမ္ပယုတ္တက္ခန္ဓေ"ဟု မိန့်သည်။]
**ကိံ ဝါ။ ပ။ မနောကမ္မဒွါရံ နာမ**။ ။ စိတ်အားလုံးကို မနောကမ္မဒွါရဟု ဆိုကြောင်းဖြစ်သော ဝါဒကို ပယ်၍ တေဘူမကကုသလာကုသလ-မနကို မနောဒွါရဟု တစ်နည်း ပြလိုသောကြောင့်။ "ကိံ ဝါ" အစရှိသောပါဌ်ကို မိန့်။ ဤနည်း၌ တေဘူမက ကုသိုလ် အကုသိုလ်ကို မနောကမ္မဒွါရဟု ဆိုခြင်းသည် အဘိဇ္ဈာ စသော အကုသိုလ်မနောကံ၊ အနဘိဇ္ဈာ စသော ကုသိုလ်မနောကံတို့၏ ဖြစ်ကြောင်းဖြစ်သောကြောင့် ရိုးရာ ထုံးစံကျ၏ ။ ထို့ကြောင့် "ဣဒံ ပနေတ္ထ သန္နိဋ္ဌာနံ"ဟု မိန့်သည်။ [တေဘူမက ကုသိုလ် အကုသိုလ်ကိုသာ ယူ၍ လောကုတ္တရာမဂ် ကုသိုလ်ကို မယူခြင်းမှာ ထိုမဂ်ကုသိုလ်က ကမ္မက္ခယကရ၊ ကံကို ကုန်ခန်းအောင် (အကျိုးမပေးနိုင်အောင်) ပြုတတ်သော တရားဖြစ်သောကြောင့်တည်း။ ကံ၏ အဖော်သဟဲဖြစ်သော အဝိဇ္ဇာတဏှာကို မဂ်ကသတ်လိုက်လျှင် ကံလည်း အကျိုးမပေးနိုင်သောကြောင့် ကံကို ကုန်ခန်းအောင် ပြုရာရောက်သည်။
ဝါ၊ တစ်နည်း။
ဣမိနာ ဝါရေန၊ ဤဝါရဖြင့်။
("ဣမိနာ ဝါဒေန"ဟု မူကွဲရှိ၏ ။
မနဟူသမျှကို မနောဒွါရဟု ဆိုကြောင်းဖြစ်သော ဤဝါဒဖြင့်။)
ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။
ဟိ၊ မှန်။
သဗ္ဗသင်္ဂါဟကဝသေန၊ အလုံးစုံသော မနကို သိမ်းယူခြင်း၏ အစွမ်းဖြင့်။
ဧတံ၊ ဤ အယံ နာမ မနော မနောဒွါရံ န ဟောတီတိ။
န ဝတ္တဗ္ဗော၊ ဟူသော စကားကို။
ဝုတ္တံ၊ ဆိုအပ်ပြီ။
ပန၊ စင်စစ်ကား။
ဧတ္ထ၊ ဤ မနောကမ္မဒွါရ အရာ၌။
ဣဒံ၊ ဤ ဆိုအပ်လတ္တံ့ကား။
သန္နိဋ္ဌာနံ၊ ဆုံးဖြတ်ကြောင်း စကားတည်း။
တေဘူမကကုသလာ ကုသလော၊ ဘုံ ၃-ပါး၌ဖြစ်သော ကုသိုလ် အကုသိုလ်ဟူသော။
ဧကူနတိံသဝိဓော၊ တစ်ခုယုတ်သုံးဆယ် အပြားရှိသော။
မနော၊ စိတ်သည်။
မနောကမ္မဒွါရံ နာမ၊ မည်၏ ။
ပန၊ ဆက်။
တသ္မိံ မနောဒွါရေ၊ ၌။
သိဒ္ဓါ၊ ထင်ရှားသော။
ယာ စေတနာ၊ သည်။
(အတ္ထိ။)
ယာယ၊ အကြင် စေတနာဖြင့်။
အဘိဇ္ဈာ။ ပ။
ဒဿနာနိ စေဝ၊ အနဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒဿန တို့ကိုလည်းကောင်း။
အနဘိဇ္ဈာ။ ပ။
ဒဿနာနိ စ၊ အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာဒဿနတို့ကိုလည်းကောင်း
ဂဏှာတိ၊ ယူ၏ ။
ဣဒံ၊ ဤ စေတနာသည်။
မနောကမ္မံ နာမ၊ မည်၏ ။
(ဣတိ ဣဒံ၊ ဤ ဆိုအပ်ပြီးကား။
သိန္နိဋ္ဌာနံ၊ တည်း။)
ဣတော၊ ဣဒံ မနောကမ္မံ နာမ-ဟူသော စကားရပ်မှ။
ပရံ။ ပ။
ဝေဒိတဗ္ဗံ။
ဣတိ၊ အပြီးတည်း။
ဣမာနိ၊ သည်တို့ကား။
တီဏိ၊ ကုန်သော။
ကမ္မာဒွါရာနိ နာမ၊ ကမ္မဒွါရတို့ မည်၏ ။
မနောကမ္မဒွါရကထာ နိဋ္ဌိတာ။