ဥပါဒါဘာဇနီယကထာ
အမုဉ္စိတွာ၊ မလွှတ်မူ၍။ [ဥပ၏အဓိပ္ပါယ်၊ ] တာနိ၊ ထိုမဟာဘုတ်တို့ကို။ နိဿာယ၊ မှီ၍။ ပဝတ္တတိ၊ ဣတိ အတ္ထော၊
ပန၊ အထူးကား။ ဧတ္ထ၊ ဤသောတာယတနာဒိ နိဒ္ဒေသတို့၌။ ဝိသေသမတ္တံ၊ ပုဒ်အထူးမျှကို။ ဧဝံ၊ ဤဆိုအပ်လတ္တံ့ သောနည်းဖြင့်။ ဝေဒိတဗ္ဗံ၊ (ယံ ရူပံ- သည်၊) သုဏာတိ၊ ကြားတတ်၏။ (သောတဝိညာဉ်၏ မှီရာအဖြစ်ဖြင့် ကြားတတ်၏၊) ဣတိ၊ ကြောင့်။ (တံ ရူပံ- သည်၊) သောတံ၊ သောတမည်၏။
တံ၊ ထိုသောတပသာဒသည်။ သသမ္ဘာရသောတ ဗိလဿ၊ အဆောက်အဦနှင့်တကွဖြစ်သောနားတွင်း၏။ (နားခလောက်တွင်းဝ၏၊) အန္တော၊ အတွင်း၌။ တနု၊ ပေ၊ စိတေ၊ နုနယ်နီမြန်းသောအမွေးတို့သည် စီအပ်သော။ (စီ၍ပေါက်ရာဖြစ်သော၊) အင်္ဂုလိဝေဓကသဏ္ဌာနေ၊ လက်စွပ်ကွင်းသဏ္ဌာန်ရှိသော။ ပဒေသေ၊ အရပ်၌။ ဝုတ္တပ္ပကာရာဟိ၊ သော။ ဓါတူ ဟိ၊ ဓာတ်ကြီး ၄-ပါးတို့သည်။
ကတူပကာရံ၊ ပြုအပ်ပြီးသော လျော်သော ကျေဇူးရှိသည် ဥတုစိတ္တာဟာရေဟိ၊ တို့သည်။ ဥပတ္ထမ္ဘိယမာနံ၊ ထောက်ပံ့အပ်သည်။ အာယုနာ၊ ဇီဝိတိန္ဒြေဟူသော အသက်သည်။ အနုပါလိယမာနံ၊ အစဉ်မပြတ်,စောင့်ရှောက်အပ်သည်။ ဝဏ္ဏာဒီဟိ၊ ဝဏ္ဏစသည်တို့သည်။ (ဝဏ္ဏ,ဂန္ဓ,ရသ,ဩဇာ,သမ္ဘဝ,သဏ္ဌာနတို့သည်၊) ပရိဝုတံ၊ ခြံရံအပ်သည်။ (ဟုတွာ) သောတဝိညာဏာဒီနံ၊ တို့၏။ ယထာရဟံ၊ စွာ။ ဝတ္ထုဒွါရဘာဝံ သာဓယမာနံ တိဋ္ဌတိ၊ ၏။
(သမာနေ) ပိ၊ ဖြစ်ပါသော်လည်း ။ ရူပရသာဒယော၊ ရူပါရုံအစရှိသည် တို့သည်။ အညမညံ၊ အချင်းချင်း ။ ဝိသဒိသာ၊ မတူကုန်သည်။ ဟောန္တိယထာ၊ သကဲ့သို့။ ဧဝံ၊ တူ။ အညသ္မိံ၊ ကံမှတစ်ပါးသော။ ဝိသေသကာရဏေ၊ ထူးသောအကြောင်းရှိသည်။ အဝိဇ္ဇမာနေပိ၊ မရှိပါသော်လည်း။ စက္ခုပသာဒယော၊ စက္ခုပသာဒ အစရှိသည်တို့သည်။ (အညမညံ ဝိသဒိသာဟောန္တိ) ဣတိဧဝံ၊ ဤအနက် အဓိပ္ပါယ်ကို။ ဂဟေတဗ္ဗံ၊ ယူထိုက်၏။ ဝါ၊ ယူပါ လေ။
စ၊ ဆက်။ ဧဝံ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။ ကမ္မဝိသေသတော၊ ကံ၏ထူးသည်၏အဖြစ်ကြောင့်။ ဝိသေသဝန္တေသု၊ သဘောလက္ခဏာအားဖြင့် အထူးရှိကုန်သော။ ဧတေသု၊ ဤ ၅-ပါးသော ပသာဒရုပ်တို့တွင်။ စက္ခုသောတာနိ၊ စက္ခုပသာဒ သောတပသာဒတို့သည်။ အသမ္ပတ္တဝိသယဂ္ဂါဟကာနိ၊ မိမိထံမှောက်သို့မရောက်သော အာရုံကိုယူတတ်ကုန်၏။ (ကသ္မာ- နည်း၊) အတ္တနော၊ ၏။ (မိမိဟူသောစက္ခု,သောတပသာဒ၏၊) နိဿယံ၊ မှီရာ မဟာဘုတ်ကို။ အနလ္လီနနိဿယေ ဧဝ၊ ``ဧဝံ၊ ပေ၊ ဂါဟကာနိ။ ။[ အသမ္ပတ္တ ဝိသယဂ္ဂါဟကရုပ်,သမ္ပတ္တဝိသယဂ္ဂါဟက ရုပ်တို့ကိုပြလို၍" ဧဝံ" စသည်မိန့်။] သင်္ဂြိုဟ်ကျမ်း၌စက္ခုစသော ပသာဒရုပ် များကို ဂေါစရဂ္ဂါဟကဟုဆိုခြင်းသည် ဤအဋ္ဌကထာကို မှီး၍ဆိုခြင်းတည်း၊ စက္ခု ဝိညာဉ်က ရူပါရုံကိုယူရာ၌စက္ခုပသာဒကိုမှီ၍ယူရသောကြောင့် စက္ခုပသာဒကိုပင် ဌာနျူပစာရအားဖြင့် "ဂေါစရဂ္ဂါဟက- အာရုံကိုယူတတ်သောရုပ်"ဟု ဆိုရသည်၊ သောတပသာဒ စသည်တို့၌လည်းနည်းတူ၊ ထိုသို့အာရုံကိုယူရာ၌စက္ခုသောတ တို့သည် အသမ္ပတ္တဂ္ဂါဟက,ဃာန ဇိဝှါ ကာယတို့ကား သမ္ပတ္တဂ္ဂါဟကတို့တည်း။
အသမ္ပတ္တ၊ ပေ၊ ဂါဟကာနိ။ ။ သမ္ပပုဏာတိ- စက္ခု စသည်တို့၏ မှီရာ မဟာဘုတ်တို့သို့ ကောင်းစွာရောက်၏၊ ဣတိသမ္ပတ္တော(ဝိသယော)၊ န+သမ္ပတ္ထော အသမ္ပတ္တော(ဝိသယော)၊ အသမ္ပတ္တဝိသယံ+ဂါဟကာနိ အသမ္ပတ္တ ဝိသယဂ္ဂါဟကာနိ၊ ဤ၌ အမ္ပတ္တ,အသမ္ပတ္တသဒ္ဒါသည် ရူပါရုံစသည်တို့၏ လာခြင်း မလာခြင်း အဓိပ္ပါယ်ကို မပြ၊ မဟာဘုတ် အဆက်ဆက်အားဖြင့်လာသည်ဖြစ်စေ,မလာသည်ဖြစ်စေ ပသာဒ၏ မှီရာမဟာဘုတ်သို့ ထိမိသောအားဖြင့် ရောက်ခြင်း,မရောက်ခြင်း အဓိပ္ပါယ်ကိုသာပြသည်။
အနလ္လီ၊ ပေ၊ ဝိသလေ။ ။ အနလ္လီနော+နိသယော ယဿာတိ အနလ္လီနနိဿယော၊ ယဿ-အကြင် ရူပ သဒ္ဒအာရုံ၏၊ အနလ္လီနော- စက္ခု သောတတို့၏ မှီရာမဟာဘုတ်တို့သို့ မငြိကပ် မထိမစပ်သော +နိဿယော-မှီရာ မဟာဘုတ်သည်၊ အတ္ထိ,ဣတိ အနလ္လီနနိဿယော \`\`မငြိကပ်သော မှီရာမဟာဘုတ် ရှိသည်သာလျှင် ဖြစ်သော။
ဝိသယေ၊ ရူပါရုံ,သဒ္ဒါရုံ၌။ ဝိညာ ဏဟေတုတ္တာ၊ စက္ခုဝိညာဉ် သောတဝိညာဉ်ဖြစ်ခြင်း၏ အကြောင်း၏အဖြစ်ကြောင့်တည်း။
ပန၊ အနွကယား။ ရူပ၊ ပေ၊ယေဝ၊ ဆန်းကြယ်သော အဆင်း,ပန်း,အနွယ်အစရှိသောဆန်းကြယ်သောအာရုံတို့၌သာ။ အဘိရမတိ၊
(ဒူရေ- ၌၊ ဝါ- က၊ သဒ္ဒေါ-တည်း၊ ဣတိ-သို့၊ ဇာနနံ -သည်၊)
ဩရိမတီရေ၊ ဤဘက်ကမ်း၌။ ဝါ၊ က။ (သဒ္ဒေါ-တည်း၊) ဣတိ၊ သို့။ တထာ တထာ၊ ထိုထိုအခြင်းအရာ အားဖြင့်။ ဇာနနာကာရော၊ သိပုံအခြင်းအရာသည်။ ဟောတိ၊ ၏။
အပိစ၊ သည်သာမကသေး။ နေသံ၊ ထိုစက္ခုပသာဒ အစရှိသည်တို့၏။ အသမ္မိဿတာယ၊ မရောနှောကုန်သည်အဖြစ်၌။ အယံ ဥပမာပိ၊ ကိုလည်း။ [ပိဖြင့်ကုက္ကရစသောဥပမာကိုပေါင်း၊ ] ဝေဒိတဗ္ဗာ၊ သိထိုက်သေး၏။ ဟိ၊ ချဲ့။ ပဉ္စဝဏ္ဏာနံ၊ ၅-မျိုးအပြားရှိကုန်သော။ ဥဿာပိတာနံ၊ စိုက်ထူအပ်ကုန်သော။ ဓဇာနံ၊ အလံတို့၏။ ဆာယာ၊ အရိပသည်။ ဧကာဗဒ္ဓါဝိယ၊ တစ်စပ်တည်းစပ်သကဲ့သို့။ ကိဉ္စာပိ ဟောတိ၊ ပန၊ ထိုသို့ပင်ဖြစ်ပါသော်လည်း။ တဿတဿ၊ ထိုထိုအလံ၏။ (ဆာယာ-သည်၊) အညမညံ၊ အချင်းချင်း။ အသမ္မိဿာဝ၊ မရောနှောသည်သာလျှင်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့လည်းကောင်း။ စ၊ သည်သာမကသေး။ ပဉ္စဝဏ္ဏေန၊ ၅-မျိုးအပြားရှိကုန်သော။ ကပ္ပါသေန၊ ဝါချည်ဖြင့်။ ဝဋ္ဋိံ၊ မီးစာကို။ ကတွာ,ဒီပေ၊ ဆီမီးကို။ ဇာလိတေ၊ တောက်စေအပ်သော်။ (ညှိထွန်းအပ်သော်၊) ဇာလာ၊ မီးလျှံသည်။ ဧကာဗဒ္ဓါဝိယ၊ ကဲ့သို့။ ကိဉ္စာပိ ဟောတိ၊ ပန၊ ထိုသို့ပင်ဖြစ်ပါသော်လည်း။ တဿတဿ၊ ထိုထိုဝါဂွမ်း၏။ အံသုနော၊ ချည်မျှင်၏။ ပါဋိယက္ကာ၊ အသီးအခြားတစ်မျိုးစီဖြစ်သော။ ဇာလာ၊ မီးအလျှံသည်။ အသမ္မိဿာဧဝ၊ မရောနှောသည်သာလျှင်။ ဟောတိ ယထာ၊ ဧဝမေဝ၊ တူပင်။ ဣမိနာပဉ္စာယတနာနိ၊ ဤ ၅-ပါးသော အာယတနတို့သည်။ ဧကသ္မိံ အတ္တဘာဝေ၊ တစ်ခုသော အတ္တဘော၌။ (ခန္ဓာကိုယ် တစ်ကိုယ်တည်း၌၊) သမောသဋာနိ၊ ပေါင်းစုကုန်သည်။ ကိဉ္စာပိဟောန္တိ၊ ပန၊ ထိုသို့ပင်ဖြစ်ပါကုန်သော်လည်း။ အညမညံ,အသမ္မိဿာနေဝ၊ သည်သာ။ (ဟောန္တိ)။ ``ပဉ္စဝဏ္ဏာနံ ခဇာနံ။ ။"ပဉ္စပ္ပကာရာပဉ္စဝဏ္ဏာ"ဟု ဋီကာဖွင့်၏၊ ဝဏ္ဏသဒ္ဒါသည် အဆင်းအနက်ဟောမဟုတ်,ပကာရအနက်ဟောဟု သိစေလိုသည်၊ [ဥပမာ-"ပဉ္စဝဏ္ဏာယပီတိယာ-၅-မျိုးအပြားရှိသော ပီတိဖြင့်" ဟူရာ၌ကဲ့သို့တည်း။] အလံ ၅-ခုကို ပူးတွဲ၍စိုက်ထူထားရာ၌ အရိပ် ၅-မျိုးတို့သည် တစ်စပ်တည်း တစ်ခုတည်းကဲ့သို့ဖြစ်နေ၏၊ သို့သော်ထိုထိုအလံ၏ ထိုထိုအရိပ်သည်အချင်းချင်း မရောသကဲ့သို့ ထို့အတူစက္ခုစသော အာယတနတို့သည် မိမိဆိုင်ရာ လက္ခဏာအားဖြင့် မရောကြပါ- ဟူလို။
ယထာစ ပဉ္စဝဏ္ဏေန။ ။ ပဌမ ဥပမာ၌ အလံ ၅-ခုဖြစ်၍ " စက္ခု စသော အာယတန ၅-မျိုးနှင့်တူသော်လည်း အတ္တဘောတစ်ခုတည်းနှင့် မတူရသေးရကား ဥပမာတစ်နည်းပြပြန်သည်၊ ဤ၌လည်း ဝဏ္ဏသဒ္ဒါသည် ပကာရအနက်ဟောပင် တည်း၊ ၅-မျိုးပြားသော ဝါဂွမ်းဖြင့်မီးစာကျစ်၍ မီးထွန်းထားရာ၌ ထိုဝါဂွမ်း ချည်မျှင်၏ မီးလျှံသည် မရောနှောကြသကဲ့သို့- ဟူလို၊
မှုကွဲ။ ။ စာအုပ်တို့၌ ဆာယာ ဧကာဗဒ္ဓါဝိယ ဟောတိ၊ ဇာလာ၊ ပေ၊ ဟောတိ" ဟု ဧကဝုစ်ကြိယာကိုတွေ့ရ၏၊ အရိပ်အများ- မီးလျှံအများဖြစ်သောကြောင့် "ဟောန္တိ" ဟု ဗဟုဝုစ်ရှိသင့်မည်ထင်သည်၊ ပါဋိယေက္ကာ ပါဋိယက္ကာ"ဟုလည်း နောက်ပြင်စာအုပ်တို့၌ တွေ့ရ၏၊ ပါဠိယေက္ကာပုဒ်က"အသီးအသီး" အနက်ကို ဟောနိုင်သောကြောင့် ထိုပုဒ်သာ ရှိသင့်မည်ထင်သည်။ \`\`
ဝေဠုရိယံ၊ ကြောင်မျက်ရွဲကို။ ထပေတွာ၊ ၍။ သေသော၊ ဇောတိရသာဒိ၊ ဇောတိရသ်ကျောက် အစရှိသော။ အနေကပ္ပဘေဒေါ၊ တစ်ပါးမက များသောအပြား ``"လဗိမာန်" ဟူရာ၌ ဘခုအခါ လောကဓာတ်ဆရာတို့ ရောက်အောင်ကြိုးစားရာဖြစ်သော ကျောက်တောင်ကျောက်ထုကြီးကို ဆိုလိုသည်မဟုတ်၊ ထိုကျောက်အထု၌ကံအားလျော်စွာတည်နေသောဘုံဗိမာန် " လဗိမာန်" ဟု ဆိုလိုသည်၊ ထိုဘုံဗိမာန်ကိုကားဗိမာန်ရှင်တို့က တမင်္ဂလာမြင်အောင် မပြလျှင် ထိုလောကဓာတ်ဆရာတို့ ကျောက်အထုကြီးသို့ရောက်သော်လည်းတွေ့ရ မြင်ရမည်းမဟုတ်ပါ၊ ယခု လူပြည်မှာရှိနေသော ရုက္ခစိုးတို့၏ ဘုံကိုလည်းကောင်း,ရုက္ခစိုးနတ်တို့ကိုလည်းကောင်း လူကို မတွေ့မမြင်နိုင်သကဲ့သို့သာ ဖြစ်ပါလိမ့်မည်။``
``အာဒါသမဏ္ဍလံ။ ။ရှေးခေတ်က ယခု မှန်မျိုးမရှိ၊ လူ၏အရိပ်ကိုကြည့်ဖို့ရာ ကြေးပြားကိုသာကြည့်ရ၏၊ ထို့ကြောင့် " ကံသမယံ" ဟုဆို့သည်၊အာဒိဿတိ ဧတ္ထာတိ အာဒါသော၊ ဧတ္ထ- ဤကြေးမုံမှန်ဝိုင်း၌၊ အာဒိဿတိ- လူ၏အရိပ် စသည်ကို ညွန်ပြအပ်၏၊ ဣတိ အာဒါသော၊ အာဒါသဿ- ကြေးမုံမှန်၏+မဏ္ဍလံ- အဝန်း အဝိုင်းတည်း၊အာဒါသမဏ္ဍလံ- ကြေးမုံမှန်ဝိုင်း။ ``ရှိသောကျောက်သည်။
မဏီတိ၊ မဏိမည်၏။
မုဒိင်္ဂ၊ ပေ၊ သဒ္ဒါ။ ။ ["မုဒိင်္ဂ- မရိုးစည်, ဒိုးပတ်"ဟု အဘိဓာန်နိဿယသစ်၌ ပေး၏၊ "မရိုးစည်စသည်လျှင် အကြောင်းရှိသော အသံ"ဟူရာ၌ "မရိုးစည်ကြောင့်ဖြစ်သော အသံ- မရိုးစည်တီးသံ"စသည်ဖြင့် ဆိုလိုသည်။
ဝုတ္တာဝသေသာနံ။ ။ ပြအပ်ပြီးသော ဘေရီစသည်တို့ကိုလည်း, တီးအပ်သောတူရိယာများ ဖြစ်သောကြောင့် ဝါဒိတသဒ္ဒါက ဟောနိုင်၏။ သို့သော် ပါရီသေသနည်းအားဖြင့် ဆိုအပ်ပြီးသော တူရိယာတို့မှ ကြွင်းသမျှကိုသာ ဝါဒိတအရ ယူစေလိုသောကြောင့် "ဝုတ္တာ၊ ပေ၊ ဝါဒိတသဒ္ဒေါ"ဟု ဖွင့်သည်။ [ဘေရီသဒ္ဒါ ဒီနဉ္စ၊ ပေ၊ အာဟ- ဋီကာ။]
သမ္မသဒ္ဒေါ။ ။ သရဓာတ်သည် အသံပြုခြင်းအနက်ကိုလည်း ဟော၏၊ "သာရီယတေ- အသံပြုစေအပ်၏။ ဝါ- တီးအပ်၏၊ ဣတိ သမ္မံ"ဟု ကြံ၊ သရဓာတ်, ရမ္မပစ္စည်း၊ တီးအပ်သော အရာဝတ္ထုအားလုံးကို ရသော်လည်း ကြေးနောင်, ကြေးမောင်းနှင့်, သစ်သားချပ်တို့ကိုသာ ယူစေလို၍ "ကံသတာလ, ကဋ္ဌတာလ သဒ္ဒေါ"ဟု ဖွင့်သည်၊ "တာဠီယတေ-တီးခတ်အပ်၏၊ ဣတိတာဠော၊ ကံသောယေဝ- ကြေးနောင်, ကြေး မောင်းသည်ပင်+ တာဠော ကံသတာဠော, ကဋ္ဌံယေဝ+ တာဠံ ကဋ္ဌတာဠံ"၊ [တာဠော၌ ဍိဓာတ်, ဏပစ္စည်း, ဍကို ဠကြီးဖြင့် ရှိစေ။] ကံသတာလ ကဋ္ဌတာလသဒ္ဒေါ၊ တီးအပ်သော ကြေးမောင်း၏အသံ, တီးအပ်သော သစ်သားချပ်၏ အသံတည်း၊
အမနုဿသဒ္ဒေါ။ ။ အခြားနေရာ၌ အမနုဿဟုလာလျှင် အသဒ္ဒါသည် သဒိသအနက်ဟောဖြစ်၍ လူနှင့်တူသော နတ်တို့ကိုလည်းကောင်း, ဘီလူးတို့ကိုလည်းကောင်း ယူရ၏၊ ဤ၌ကား အသဒ္ဒေါသည် အညအနက်ဟောဖြစ်၍ လူမှတစ်ပါး, အခြားသော သက်ရှိသက်မဲ့အားလုံးကို ယူရ၏၊ ထို့ကြောင့် အမနုဿသဒ္ဒါဖြင့် လူ၏အသံမှတပါး, အခြားအသံအားလုံးကို ယူနိုင်၏။ ထို့ကြောင့်ပင် မနုဿသဒ္ဒ, အမနုဿသဒ္ဒ ဤနှစ်ပုဒ်ဖြင့် "အသံအားလုံးကို သိမ်းကျုံးထား၏"ဟု ဆိုသည်။
အသိဒ္ဓ ဒုဿိဒ္ဓါနံ။ ။ သိဒဓာတ်သည် ပါက (ချက်, ပြုတ်, ပေါင်းခြင်း)အနက်ကို ဟော၏။ တပစ္စည်း [သိဇ္ဈိတ္ထ- ပြုတ်အပ်, ရေနွေးဖြင့် ဖြောအပ်ပြီ။ ဣတိ သိဒ္ဓေါ (ဍာကော၊) န+သိဒ္ဓေါ အသိဒ္ဓေါ၊ ဒုဋ္ဌု+သိဒ္ဓေါ ဒုဿိဒ္ဓေါ။]
ဝိဿဂန္ဓော။ ။ စိမ်းစိုသော အနံ့ကိုလည်းကောင်း, ညှီစော် အနံ့ကိုလည်းကောင်း, ဝိဿသဒ္ဒါက ဟောသော်လည်း စိမ်းစိုသောအနံ့ကို အာမကဂန္ဓဖြင့် ယူပြီးဖြစ်၍, ညှီစော်အနံ့ကိုသာ ဤနေရာ၌ ယူပါ၊ "မစ္ဆာနံ+ သကလိကာ မစ္ဆ သကာလိကာ"ဟု ပြု၏။ ထို့ကြောင့် မစ္ဆသကလိကာသည် တစ်ပုဒ်တည်းသာတည်း။ ငါးတို့၏အကြေး, အရေအခွံကို သကလိကဟု ဆိုဟန်တူသည်။ ပူတိမံသ- အသားပုပ်ကား ထင်ရှားပြီ။ သံကိလိဋ္ဌသပ္ပိ- ညစ်နွမ်းသော ထောပတ်ဟူသည် တစ်စုံတစ်ခုရော၍ဖြစ်စေ, အလွန်ကြာ၍ဖြစ်စေ, ညစ်ပေသော ထောပတ်တည်း။ [ရှေးနိဿယ၌ "မစ္ဆသကလိကာ- ငါး, ယောက်သွား"ဟု ပေး၏။]
လိင်္ဂစသည် ပြောင်းပုံ။ ။ ဘဝရုပ်ပြောင်းသောအခါ ဘာဝရုပ်၏ အကျိုးဖြစ်သော လိင်္ဂနိမိတ္တတို့လည်း ပြောင်းကြရ၏။ ကုတ္တအာကပ္ပတို့အား အနီးငယ်ခန့်ကြာပြီးမှ မသိမသာ ပြောင်းကြပေလိမ့်မည်။ ချဲ့ဦးအံ့- ဘာဝရုပ်သည် ကမ္မဇရုပ်ထုံးစံအတိုင်း ဥပါဒ် ဌီ ဘင် ဃဏတိုင်းဖြစ်၍နေရာ လိင်ပြောင်းခါနီးအခါဝယ် အစဉ်အတိုင်းဖြစ်လာသော မူလဘာဝရုပ်သည် အဖြစ်ရပ်၍, အသစ်ဘာဝရုပ်သည် ကံကြောင့်ဆက်၍ဖြစ်၏။ မူလဘာဝရုပ် အဖြစ်ရပ်သည်နှင့်တပြိုင်နက် လိင်္ဂနိမိတ္တတို့နှင့်ဆိုင်သော ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇရုပ်များလည်း အဖြစ်ရပ်၍, အသစ်ဘာဝရုပ်၏ အကျိုးဖြစ်သော လိင်္ဂနိမိတ္တနှင့် ဆိုင်သော ကမ္မဇ စိတ္တဇ ဥတုဇ အာဟာရဇရုပ်များ ဆက်လက်၍ ဖြစ်ကြ၏။ ဤသို့ ရုပ်အပြောင်းအလွဲဖြစ်ခြင်းကို "လိင်ပြန်ခြင်း"ဟု ခေါ်ကြရသည်။ အဘာဝေါ၊ မရှိခြင်းသည်။ အာပဇ္ဇတိ၊ ဖြစ်၏။ (ကသ္မာ အာပဇ္ဇတိ။)
သယံ ။ပေ။ ဝိညာပေတိ။ ဤဝါကျ၌ "သယံ ဝိညာယတီတိ ဝိညတ္တိ"ဟု ကမ္မသာဓ်ကို ပြ၏။ ထို့နောက် "ကာယေန သံဝရော ။ပေ။ ဝိညတ္တိ"ဖြင့် "ကာယောဝ+ ဝိညတ္တိ ကာယဝိညတ္တိ"ဟု ပြ၏။ ဤ၌ ကာယအရ "လက်စသည်တို့လှုပ်ရာတွင် ပါဝင်သောဝိကာရရုပ် (ဝိညတ်)ကို ယူပါ"ဟု သိစေလိုသောကြောင့် "ကာယေန သံဝရော သာဓု"စသော ဓမ္မပဒပါဠိတော်ကို သာဓကပြု၍ "စောပန သင်္ခါတော ကာယောဝ"ဟု ကာယအရကို ကောက်ပြသည်။ ကာယေနအရ ကာယဒွါရဟူသည် ကာယဝိညတ်ပင်တည်း၊ "ကာယဝိညတ္တိ သင်္ခါတေ ကာယဒွါရေ"ကို သတိပြုပါ။ "စောပန သင်္ခါတော ကာယော"အရ လက်စသည် တစ်ခုလုံးကို ရသော်လည်း ထိုကာယတွင် ပါဝင်သောဝိကာရရုပ်ကိုသာ ဧကဒေသျူပစာရအားဖြင့် ယူပါ။ ["စောပန-လှုပ်ရှားသောတရား"ဟူသည် ဝိကာရရုပ်ဟု ခေါ်အပ်သော ဝိညတ်ပင်တည်း။]
အာကာသော။ ။ ကသဓာတ်သည် ဝိလေခဏ (ရေးခြစ်ခြင်း)အနက်ကို ဟော၏။ ကမ္မဇရုပ်ဖြစ်သောကြောင့် "ကဿတိ"ဟု ဆိုသည်၊ လယ်ထွန်ခြင်းအနက်ကို ယူမည် စိုး၍ "နိကဿတိ"ဟု ထပ်ဖွင့်သည်၊ ["ကသိတုံ ။ပေ။ နသက္ကာ"ဖုင့် ကမ္မရုပ်၏အဓိပ္ပါယ်ကို ပြ၏။ ထို့ကြောင့် "ကဿတီတ ကာသော"ဟု ရှေးဦးစွာ ပြု၍, "န+ကာသော အကာသော"ဟု ဖြစ်ပြီးမှ သွတ္ထ၌ ဏပစ္စည်း သက်၍ "အကာသော ယေဝ အာကာသော"ဟု ဖြစ်နိုင်ကြောင်းကို မှတ်ပါ။] ဣတိ၊ ကြောင့်။ သော၊ ထို ကောင်းကင်သည်။ အာကာသော၊ မည်၏။
မှတ်ချက်။ ။ ဤစကားအရ "အာစယ, ဥပစယ သန္တတိတို့သည် အာယတနတို့၏ဖြစ်ခြင်း ဥပါဒ်အားဖြင့် တူကြ၏။ ဥပါဒ်ခြင်း၏တည်ရာ အာယတနချင်းကား မတူကြ"ဟု မှတ်ပါ၊ "အစဆုံးဖြစ်သော အာယတန, ရုပ်မစုံခင်ဖြစ်သော အာယတန, စုံပြီးနောက် ဆက်၍ ကျယ်ပြန့်သော အာယတန"ဟု ကွဲကြသည်-ဟူလို။
အာယတနေန အာစယော။ ။ "အာယတနာနံ"ဟု အာယတနသဒ္ဒါကို မိန့်တော်မူ၏။ ထိုအာယတနသဒ္ဒါဖြင့် အာယတနရုပ်တရားတို့ကို တိုက်ရိုက်ပြသဖြင့် ထို အာယတနတို့၏ ဥပါဒ်ခြင်းဟူသော အာစယကိုလည်း ဌာနျူပစာရအားဖြင့် ပြပြီးဖြစ်တော့သည်၊ ထို့ကြောင့် "အာယတနေန အာစယော ကထိတော"ဟု မိန့်သည်။ [ဥပစယ သန္တတိလည်း ဖြစ်ခြင်းဥပါဒ်ချည်းဖြစ်သောကြောင့် "အာစယော"အရ ဥပစယ သန္တတိကိုပါ ယူပါ။]
အာစယေန အာယတနံ။ ။ [ဤအာစယ၌လည်း ဥပစယသန္တတိတို့ ပါဝင်သည်ဟု မှတ်ပါ၊] "အာစယ-ဖြစ်ခြင်း"ဟူရာ၌လည်း ဖြစ်တတ်သော ရုပ်အာယတနတို့ မရှိကြဘဲ "ဖြစ်ခြင်း"ဟု မရှိနိုင်၊ အာစယကို တိုက်ရိုက်ယူသဖြင့် ထို အာစယ၏တည်ရာရုပ်အာယတနကိုလည်း ဌာနျူပစာရအားဖြင့် ယူပြီးဖြစ်တော့၏။ ထို့ကြောင့် "အာစယေန အာယတနံ ကထိတံ"ဟု မိန့်သည်။
အာစယောဝ ကထိတော။ ။ "အာစယော ကထိတော"ကို ဧဝထည့်၍ ထပ်ဖွင့်သော ဝါကျတည်း။ "ယော အာယတနာနံ အာစယော"၌ အာယတနာနံဝယ် အာယတနသဒ္ဒါဖြင့် အာစယကိုသာ ဟောတော်မူလိုရင်းဖြစ်၏။ ဘာ့ကြောင့်နည်း?.... အခန်းက ဥပစယသန္တတိကို ပြရာအခန်းဖြစ်ခြင်း, ထို ဥပစယသန္တတိတို့ကို အာစယဟုလည်း ခေါ်ရခြင်းကြောင့်တည်း။
အာယတနမေဝ ကထိတံ။ ။ "အာယတနံ ကထိတံ"ကိုပင် "အာယတန မေဝ ကထိတံ"ဟု ဧဝသဒ္ဒါထည့်၍ ထပ်ဖွင့်သည်၊ ဆိုလိုရင်းကား.... "အာစယ"ဟူသည် ရုပ်အစစ်မဟုတ်၊ "ရုပ်အာယတနတို့၏ ဥပါဒ်ခြင်း"ဟူသော အမှတ်လက္ခဏာ (လက္ခဏရုပ်)သာတည်း။ "ယော အာယတနာနံ အာစယော"ဟူသော ပါဠိတော်၌ "အာစယသဒ္ဒါဖြင့် ရုပ်အစစ်ဖြစ်သော အာယတနကိုသာ ဟောတော်မူလိုသည်"ဟု ဆိုလိုသည်။ [လက္ခဏံ ဟိ ဥပ္ပာဒေါ, န ရူပရူပန္တိ၊ တေနေဝ အဓိပ္ပာယေနာဟ အာယတန မေဝ ကထိတန္တိ၊-ဋီကာ။]
စတုသန္တတိ ၊ပေ၊ ကထိတာ။ ။ တစ်ဘဝ၌ ကံကြောင့်ဖြစ်သော ရုပ်အစဉ်ကို "ကမ္မသမုဋ္ဌာနသန္တတိ"ဟုခေါ်၏။ ထို့အတူ စိတ် ဥတု အာဟာရကြောင့်ဖြစ်သော ရုပ်အစဉ်ကို "စိတ္တ ၊ပေ၊ အာဟာရသမုဋ္ဌာနသန္တတိ"ဟု ခေါ်သည်။ ထိုရုပ်လေးမျိုးအစဉ်၏ အာစယနှင့် ဥပစယကို ဟောတော်မူလိုရင်းဖြစ်သည်။ ["အာစယ"ဟူရာ၌ ဥပစယကို ဆိုလို၏။ "ဥပစယ"ဟူရာ၌ကား သန္တတိကို ဆိုလို၏။ "အာစယောတိ ဥပစယမာဟ၊ ဥပစယောတိစ သန္တတိ"၊-ဋီကာ၊] ထို့ကြောင့် အာစယဟူသော ဥပစယကိုပင် "နိဗ္ဗတ္တိ"ဟုလည်းကောင်း, ဥပစယဟူသော သန္တတိကိုပင် "ဝဍ္ဎိ"ဟုလည်းကောင်း ထပ်ဖွင့်သည်။
အတ္ထတော ဟိ ၊ပေ၊ အဓိဝစနံ။ ။ ထိုဥပစယသန္တတိနှစ်ပါးစုံသည် တရားကိုယ်အနက်အားဖြင့် ဇာတိရုပ်ပင်တည်း။ [ဤစကားကိုယူ၍ သင်္ဂြိုဟ်ရုပ်ပိုင်း ရူပသမုဒ္ဒေသ၌ "ဇာတိရူပမေဝ ပနေတ္ထ ဥပစယသန္တတိနာမေန ပဝုစ္စတိ"ဟု ဆိုသည်။]
အာကာရေ ၊ပေ၊ ဥဒ္ဒေသဒေသနံ။ ။ ထိုသို့ ဇာတိရုပ်တစ်ခုတည်း၏ အမည်ဖြစ်သော်လည်း ဥပစယဟု ခေါ်အပ်သော ဇာတိရုပ်က တစ်ဘဝ၌ အစဖြစ်ခြင်း ရုပ်မစုံမီ တိုး၍ ဖြစ်ခြင်းဟူသော အခြင်းအရာဖြစ်၍ "သန္တတိ"ဟု ခေါ်အပ်သော ဇာတိရုပ်က တစ်ဘဝ၌ ရထိုက်သမျှရုပ်တွေ စုပေါင်းပြီးနောက် ဆက်သွယ်၍ဖြစ်ခြင်းဟူသော အခြင်းအရာဖြစ်၏။ ဤသို့အခြင်းအရာ ထူးသောကြောင့်လည်းကောင်း, ထိုသို့ နှစ်မျိုးခွဲ၍ ဟောတော်မူမှသာ ဝေနေယျတို့သဘောကျ နားလည်ဖွယ်ရှိသောကြောင့် လည်းကောင်း ဓမ္မသင်္ဂဏိပါဠိတော်၏ ဥဒ္ဒေသ၌ "ဥပစယော-သန္တတိ"ခွဲ၍ အကျဉ်းသရုပ်မျှ ထုတ်ပြတော်မူသည်။ နိဒ္ဒေသေ၊ ၌။ ယော အာယတနာနံ အာစယော၊ သော ရူပဿ ဥပစယော၊ ယော ရူပဿ ဥပစယော၊ သာ ရူပဿ သန္တတီတိ၊ ယော အာယတနာနံ ၊ပေ၊ သန္တတိဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
တနည်း။ ။ "ဇရာယ ပါပုဏိတဗ္ဗံ ဖလမေဝ-ဇရာကြောင့် ရောက်ထိုက်သောအကျိုးသည်ပင်၊ ပကတိ-ပကတိမည်၏"ဟု ဋီကာတစ်နည်းဖွင့်၏။ ဇရာကြောင့် ဇရာရှိသောပုဂ္ဂိုလ်သည် ရောက်ထိုက်သော အာယုသံဟာနိ ဣန္ဒြိယပရိပါကဟူသော အကျိုးသည်ပင် ပကတိမည်၏။ ထိုအကျိုးဟူသော ပကတိအားဖြင့် ဇရာကို ညွှန်ပြသည်-ဟူလို၊ ဤနည်း၌ "ပ-အပြားအားဖြင့်+ကတိ- ပြုအပ်သောအကျိုး"ဟု အနက်မှတ်ပါ။ နှစ်နည်းလုံးပင် အကျိုးဖြင့် အကြောင်းအရာကို ညွှန်ပြသော ဖလူပစာချည်းတည်း။ ကာလာတိက္ကမေ၊ ၌။ ကိစ္စနိဒ္ဒေသာ၊ တို့တည်း။
တတော ၊ပေ၊ ယထာဝုတ္ထေသု။ ။ ရှေ့ဝါကျ၌ ပဓာနဖြစ်သော မဏိ ၊ပေ၊ သူရိယာဒိကို တတာဖြင့်စွဲ၍ အည၏ အပါဒါန်ခံပြီးလျှင်, ထိုမှတစ်ပါးသော ယထာဝုတ္တအရကို "မန္ဒဒသကာဒီသု ပုပ္ဖဖလပလ္လဝါဒီသု"ဟု ဆိုအပ်ပြီးသော ဌာနတို့ကို ယူရသည်၊ ဤသို့လျှင် မန္ဒဒသက ပုပ္ဖဖလ စသည်တို့၌ ဇရာကို "သဝီစိဇရာ"ဟု ဆိုသောကြောင့် ရှေ့အဝီစိဇရာအရတွင် မန္ဒဒသကစသည်တို့ မပါဝင်ရကား ထို ဥပမာကို ဝိသဒိသူပမာ အဖြစ်ဖြင့်သာပြကြောင်း သိသာနိုင်သည်။
မန္ဒဒသကာဒီသု။ ။ မန္ဒဒသက- နုံ့သော နုသော အခိုက်အတန့်ရှိသော ကလေးအရွယ် ဆယ်နှစ်အပေါင်း, ခိဋ္ဋဒသက- မြူးတူးပျော်ပါး ကစားတတ်သူ၏ အခိုက်အတန့်ရှိသော ဆယ်နှစ်အပေါင်း, ဝဏ္ဏဒသက- အဆင်းလှသူ၏ အခိုက်အတန့်ရှိသော ဆယ်နှစ်အပေါင်း, ဗလဒသက- အားကောင်းသူ၏ အခိုက်အတန့်ရှိသောဆယ်နှစ်အပေါင်း၊ ပညာဒသက- ဉာဏ်ပညာအတိုးတက်ဆုံး အခိုက်အတန့်ရှိသော ဆယ်နှစ်အပေါင်း, ဟာနိဒသက- ပညာ,ဗလ, ဝဏ္ဏတို့ ဆုတ်ယုတ်ရာ အခိုက်အတန့်ရှိသော ဆယ်နှစ်အပေါင်း, ပဗ္ဘာရဒသက- ခါးကိုင်းသူ၏ အခိုက်အတန့်ရှိသော ဆယ်နှစ်အပေါင်း, ဝင်္ကဒသက- ကိုင်းရုံမျှမက ကုန်းသူကောက်သူ၏ အခိုက်အတန့်ရှိသော ဆယ်နှစ်အပေါင်း, မောဟဒသက- ကိုးဆယ်တွင်းရောက်သဖြင့် မူးနောက်နောက် မေ့တေ့တေ့ဖြစ်ကာ သူငယ်ပြန်တတ်သူ၏ အခိုက်အတန့်ရှိသော ဆယ်နှစ်အပေါင်း, သယနဒသက- မထနိုင်တော့ဘဲ အိပ်ရာဖျာကပ်ဖြစ်ရသူ၏ အခိုက်အတန့်ရှိသော ဆယ်နှစ်အပေါင်း ဤသို့အားဖြင့် အသက်တစ်ရာကို ဆယ်ပုံခွဲခြားလျှင် အခိုက်အတန့်ဆယ်မျိုးပြားသည်။ အာဒိဖြင့် နောက်ကိုးပါးကို ယူပါ။ [ဝီသတိနိပါတ် စိတ္တသမ္ဘူတဇာတ်။]
မှတ်ချက်။ ။ ကဗဠီကာရောဝယ် "ကရီယတေတိ ကာရော၊ ကဗဠော+ကာရော ကဗဠကာရော"ဟု ဆိုလိုလျက် ဤပစ္စည်း, တစ်နည်း-စ အနုဗန်ရှိသော စီပစ္စည်း သက်ထားသည်။ ထို ပစ္စည်းသည် ဤနေရာ၌ အဗ္ဘူတတဗ္ဘောအနက်ဟောမဟုတ်၊ တပ္ပာကဋီကရဏပုဒ်ကဲ့သို့ သွတ္ထ၌သက်သော ပစ္စည်းသာတည်း။ သို့သော်ရှေးနိဿယ၌ အဗ္ဘူတတဗ္ဘောအနက်ဟု ဆိုလေသည်။ [အဗ္ဘူတ တဗ္ဘော အနက်အဓိပ္ပါယ်ကို ရူပသိဒ္ဓိဘာသာဋီကာ အဗျယီဘောသမာသ်ခန်း၌ ရှုပါ။] ဝါ၊ စားမျိုထိုက်၏။ ဣတိ, ဂလဇ္ဈောဟရဏီယံ၊ မည်၏။
တစ်နည်း။ ။ ဥဒ္ဒေသအစဉ်အားဖြင့် ဖောဋ္ဌဗ္ဗာယတနက ရှေးကျသော်လည်း ဖောဋ္ဌဗ္ဗာ ယတနနိဒ္ဒေသရောက်သောအခါ ဥဒ္ဒေသ၌ ဟောတော်မူအပ်သော အာပေါဓာတ်က ရှေ့၌ဖြစ်ရသောကြောင့် "ပုရိမာ ပန"ဟု ဆိုသည်၊ (တနည်း) မဂ္ဂါဂမန- လမ်းသွားပုံနည်းအားဖြင့် "လွန်ပြီးအတိတ်ဖြစ်သော ဖောဋ္ဌဗ္ဗာယတနကို နောက်ဟုလည်းကောင်း, လာလတ္တံ့ဖြစ်သော အာပေါဓာတ်ကို ရှေ့ဟုလည်းကောင်း ဆိုသည်"ဟု ဋီကာ၌ သုံးနည်းပြ၏။
ပထဝီ ၊ပေ၊ အာဗန္ဓတိ။ ။ "ပထဝီဓာတု ၊ပေ၊ အဖုသိတွာဝ ပတိဋ္ဌာ ဟောတိ"ဝါကျဖြင့် "အာပေါဓာတ်၌ ဖုသိတဗ္ဗ (ထိထိုက်သော) သဘောမရှိ"ဟု ပြ၏။ "အာပေါဓာတု ပန ၊ပေ၊ အာဗန္ဓတိ"ဟူသော ဝါကျဖြင့် "အာပေါဓာတ်၌ ဖုသနက (ထိတတ်သော) သဘောမရှိ"ဟု ပြသည်။ [ဤသို့ ကလာပ်တစ်ခုတည်း၌ ထိ မထိကို စိစစ်၍နေခြင်းကို ဋီကာဆရာ မနှစ်သက်။] ဘာ့ကြောင့်နည်း- ကလာပ်ကွဲရာ၌သာတစ်ကလာပ်နှင့် တစ်ကလာပ် ထိ မထိကို စိစစ်ထိုက်သောကြောင့်တည်း။
နဂိုက အရည်ဖြစ်နေသော ကြံရည်စသည်တို့၏ အခဲဖြစ်၍မာလာခြင်းသည် ပထဝီဓာတ်၏ သတ္တိလွန်ကဲ၍ အာပေါဓာတ်၏ သတ္တိညံ့ခြင်းဟူသော ဘာဝညထတ္တိတည်း။ ဤသို့စသည်ဖြင့် သိပါ။ လက္ခဏာတစ်မျိုးမှ လက်ဃဏာတစ်မျိုးသို့ ပြောင်းလွှဲခြင်းသည် လက္ခဏညထတ္တမည်၏။ လက္ခဏတော+ အညထတ္တံ လက္ခဏညထတ္တံ၊ဓာတ်ကြီးလေးပါးတို့၌ ထို လက္ခဏညထတ္တကား မဖြစ်နိုင်။ ဘာဝညထတ္တသာ ဖြစ်နိုင်သည်၊ [ဘာဝညထတ္တန္တိ ၊ပေ၊ ဩမတ္တာဓိမတ္တတာသင်္ခါတံ ဘာဝညထတ္တံ ယေဝ ဟောတိ၊ ဋီကာ။]
ဘူတာနိ ဥပါဒါယ ပညာယတိ။ ။ [ဝိညတ်ခန်းကို ပြန်ကြည့်ပါ၊ ဝါယောဓာတ် လွန်ကဲသော မဟာဘုတ်တို့၏ ထူးခြားသောအမူအရာကို ကာယဝိညတ်, ပထဝီဓာတ်လွန်ကဲသော မဟာဘုတ်တို့၏ ထူးခြားသောအမူအရာကို ဝစီဝိညတ်ဟု ခေါ်ဆိုအပ်၏။ ထို့ကြောင့် "ဘူတာနိ ဥပါဒါယ ပညာယတိ"ဟု ဆိုသည်။ ထို ဝိညတ်ဒွေး၏ ပရမတ် အစစ်မဟုတ်ကြောင်း, အနိပ္ဖန္နရုပ်ဖြစ်ကြောင်းကိုလည်း သတိပြုပါ။ ထို့ကြောင့် "ဖြစ်၏"ဟု စကားမသုံးဘဲ "ပညာယတိ"ဟု သုံး၍ "ပရမတ္ထတော ၊ပေ၊ စိတ္တသမုဋ္ဌာနံနာမ ဇာတံ"ဟု (ဌာနျူပစာ ကာရဏူပစာကိုပြသော နာမသဒ္ဒါဖြင့်) မိန့်သည်။]
မုနိတွာ ဇာနိတဗ္ဗဋ္ဌေန။ ။ "မု-ဗန္ဓနေ"ဟု ဓာတ်ကျမ်းရှိ၏။ ဃာနပသာဒစသည်နှင့် ဂန္ဓာရုံစသည်တို့သည် အချင်းချင်း ဖွဲ့စပ်ငြိကပ်ခြင်းကို "မုနိတွာ"ဟုဆို၏။ ထိုသို့ ဖွဲ့စပ်ငြိကပ်မှ သိအပ်သိထိုက်သောကြောင့် ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ သုံးပါးကို "မုနိတွာ ဇာနိတဗ္ဗ"ဟုဆိုသည်၊ ဤ ဇာနိတဗ္ဗကို ထောက်၍လည်းကောင်း, ဒိဋ္ဌံစသည်၌ "ဒက္ခိတုံ သက္ကာ"စသည်ဖြင့် သက္ကာထည့်၍ ဖွင့်သောကြောင့်လည်းကောင်း, ဒိဋ္ဌံစသည်၌ (တ) ပစ္စည်းကို အရဟ- သက္ကအနက်ဟောဟု မှတ်ပါ။ မုတံနာမ ဇာတံ။