Issues
Select Version
IATP法句经实践组 一校
中文
IATP实践组
中文
Maung Tin
English
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇī-aṭṭhakathā
Dhammasaṅgaṇī-aṭṭhakathā

ဆဋ္ဌ-စသည်မဟာကုသိုလ်စိတ်

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဆဋ္ဌ-စသည်မဟာကုသိုလ်စိတ်
ဆဋ္ဌ သတ္တမ အဋ္ဌမာနိ၊ ဆဋ္ဌစိတ်, သတ္တမစိတ်, အဋ္ဌမစိတ်တို့ကို။ ဒုတိယ တတိယ စတုတ္ထေသု၊ ဒုတိယ, တတိယ, စတုတ္ထစိတ်တို့၌။ ဝုတ္တနယေနေဝ၊ ဖွင့်ဆိုအပ်ပြီးသော နည်းဖြင့်သာ။ ဝေဒိဗ္ဗာနိ၊ ကုန်၏။
ဟိ၊ မှန်။ ကေဝလံ၊ ကြွင်းသော အစီအရင်မဖက် သက်သက်။ ဣမေသု၊ ဤဆဋ္ဌ, သတ္တမ,အဋ္ဌမစိတ်တို့၌။ ဝေဒနာ ပရိဝတ္တနဉ္စေဝ၊ ဝေဒနာကို လဲလှယ်ခြင်းသည်လည်းကောင်း။ သီတိပရိဟာနဉ္စ၊ ပီတိ၏ ယုတ်လျော့ခြင်းသည်လည်းကောင်း။ ဟောတိ၊ ၏။
သေသံ၊ ကြွင်းသော အစီအရင်ကို။ ဥပ္ပတ္တိနယေန၊ စိတ်ဖြစ်ပုံနည်းနှင့်။ သဒ္ဓိံ။ တာဒိသမေဝ၊ ထို ဒုတိယ တတိယ စတုတ္ထစိတ်တို့၌ ဆိုအပ်ပြီးသော အစီအရင်ကဲ့သို့ ရှုအပ်သည်သာ။
ဟိ၊ မှန်။ ကရုဏာ ၁။ ကရုဏာ။ ပ။ အနုညာတာဧဝ။ ။ "တေသံ တာဒိသမေ၀" ဟူသော စကားကို ခိုင်မြဲစေလို၍ "ကရုဏာ။ ပ။ အနုညာတာဧဝ" ဟုမိန့်သည်။ ဥပေက္ခာသဟဂုတ်စိတ်များဖြစ်သောကြောင့် ကရုဏာ မုဒိတာတို့ မယှဉ်နိုင်ဟု ထင်မှတ်ဖွယ်ရှိ၏။ ထိုသို့ ထင်မှတ်ဖွယ်ရှိသည့်အတိုင်းပင် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၌ "ဥပေက္ခာသဟဂတေသု ပနေတ္ထကရုဏာ မုဒိတာန သန္တိတိ ကေစိ ဝဒန္တိ"ဟု ကေစိဝါဒ လာသည်။ ထိုသို့ ကေစိဆရာတို့က ဥပေက္ခာသဟဂုတ်စိတ်၌ ကရုဏာ မုဒိတာတို့ မယှဉ်နိုင်ဟု ဆိုသော်လည်း မဟာအဋ္ဌကထာ၌ ယှဉ်နိုင်ကြောင်းကို ခွင့်ပြုထားသည်-ဟူလို။ [ ကေစိဝါဒ၏ အဓိပ္ပာယ်နှင့်တကွ ပယ်ရှားချက်ကို သင်္ဂြိုဟ်ဘာသာ ဋီကာ၌ ပြထားပြီ၊ မူလဋီကာကိုလည်း ရှုပါ။] မုဒိတာ ပရိကမ္မကာလေပိ၊ ကရုဏာ မုဒိတာ ပရိကံပြုရာ အခါ၌လည်း။ ဣမေသံ၊ ဤဥပေက္ခာသဟဂုတ် စိတ်တို့၏။ ဥပ္ပတ္တိ၊ ဖြစ်ပုံကို။ မဟာအဋ္ဌတထာယံ၊ ၌။ အနုညာတာ ဧဝ၊ ခွင့်ပြုအပ်သည်သာ။
ဣမာနိ အဋ္ဌ၊ ဤ ရှစ်ပါးသောစိတ်တို့သည်။ ကာမာဝစရ ကုသလစိတ္တာနိ နာမ၊ တို့မည်၏။