Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇī-aṭṭhakathā
Dhammasaṅgaṇī-aṭṭhakathā

ဒုတိယစိတ္တံ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဒုတိယစိတ္တံ
ဒုတိယစိတ္တေ၊ ဒုတိယ အကုသိုလ်စိတ်၌။ သင်္ခါရေနာတိ ပဒံ၊ သသင်္ခါရေနဟူသောပုဒ်သည်။ ဝိသေသံ၊ ပထမစိတ်မှ ထူး၏။
တမ္ပိ၊ ထို သသင်္ခါရေနပုဒ်သည်လည်း။ ဟေဋ္ဌာ၊ အောက်ကုသလနိဒ္ဒေသ၌။ ဝုတ္တတ္ထမေဝ၊ ဖွင့်ဆိုအပ်ပြီးသော အနက်ရှိသည်သာ။
ပန၊ ဆက်။ ဣဒံ စိတ္တံ၊ ဤဒုတိယ အကုသိုလ်စိတ်သည်။ ဆသု၊ သော။ အာရမဏေသု၊ တို့၌။ သောမနဿိတဿ၊ ဖြစ်သော သောမနဿရှိသည်ဖြစ်၍။ (ပရာမသန္တဿ၌စပ်၊) လောဘံ၊ လောဘကို။ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။ သတ္တော သတ္တောတိ အာဒိနာ၊ သတ္တော သတ္တောအစရှိသော။ နယေန၊ နည်းဖြင့်။ (သတ္တဝါဟု မှတ်ထင်သော မိစ္ဆအယူဖြင့်၊) ပရာမသန္တဿ၊ မှားသောအားဖြင့် သုံးသပ်သော ပုဂ္ဂိုလ်၏ သန္တာန်၌။ ကိဉ္စာပိ ဥပ္ပဇ္ဇတိ၊ အကယ်၍လည်းဖြစ်ပါပေ၏။ [ပဌမစိတ်တုန်းကကဲ့သို့ဖြစ်ပါပေသည်-ဟူလို၊ ဤ "ကိဉ္စာပိပ၊ပေ၊ ဥပ္ပဇ္ဇတိ" ဝါကျဖြင့် ပဌမစိတ်နှင့် တူကြောင်းကိုပြသည်၊ ဤသို့ တူနေရာမှ ထူးကြောင်းကို ပြလိုသောကြောင့် "တထာပိ" စသည်မိန့်၊ ] တထာပိ၊ ထိုသို့ဖြစ်ပါသော်လည်း။ သသင်္ခါရိကတ္တာ၊ သသင်္ခါရိက၏အဖြစ်ကြောင့်။ သမ္ပယောဂေန၊ ပယောဂနှင့် တကွဖြစ်သော အာရုံမနသိကာရ စသော အကြောင်းအပေါင်းကြောင့်။ သဥပါယေန၊ ဥပါယနှင့် တကွဖြစ်သောအာရုံမနသိကာရ စသော အကြောင်းအပေါင်းကြောင့်။ ဥပ္ပဇ္ဇနတော၊ ဖြစ်ခြင်းကြောင့်။ [သသင်္ခါရိကတ္တာကို ထပ်၍ဖွင့်သည်၊(ဣဒံ လဗ္ဘတိ၌ လှမ်းစပ်။) ] ယဒါ၊ အကြင်အခါ၌။ ကုလပုတ္တော၊ အမျိုးသားသည်။ မိစ္ဆာဒိဋ္ဌိကဿ၊ မိစ္ဆာအယူရှိသော။ ကုလဿ၊ အမျိုး၏။ ကုမာရိကံ၊ သတို့သမီးကို။ ပတ္ထေတိ၊ တောင့်တ၏။
တေစ၊ ထိုသမီးရှင်တို့သည်လည်း။ တုမှေ၊ တို့သည်။ အညဒိဋ္ဌိကာ၊ ငါတို့အယူမှ တစ်ပါးသော အယူရှိသူတို့တည်း။ ဣတိ၊ ဤသို့ပြော၍။ ကုမာရိကံ၊ ကို။ န ဒေန္တိ၊ မပေးကြကုန်။
အထ၊ ထိုအခါ၌။ အညေ၊ အခြားကုန်သော။ ဉာတကာ၊ ဆွေမျိုးတို့သည်။ တုမှေ၊ သင်တို့သည်။ ယံ၊ အကြင်အမှုကို။ (မိမိတို့ အယူနှင့်ဆိုင်သောအမှုကို၊) ကရောထ၊ ပြုကုန်၏။ တမေဝ၊ ထိုအမှုကိုပင်။ အယံ၊ ဤသတို့သားသည်။ ကရိဿတိ၊ ပြုပါလိမ့်မည်။ ဣတိ၊ ဤသို့ပြော၍။ ဒါပေန္တိ၊ ပေးစာကြကုန်၏။
သော၊ ထိုအမျိုးသားသည်။ တေဟိ၊ ထိုမိစ္ဆာအယူရှိသော အမျိုးတို့နှင့်။ သဒ္ဓိံ,တိတ္ထိယေ၊ တိတ္ထိတို့သို့။ ဥပသင်္ကမတိ၊ ချဉ်းကပ်၏။
အာဒိတောဝ၊ အစ၌သာလျှင်။ ဝေမတိကော၊ ယုံမှားခြင်းရှိသည်။ ဟောတိ၊ ၏။
ကာလေ၊ အခါသည်။ ဂစ္ဆန္တေ ဂစ္ဆန္တေ၊ သွားလသော် သွားလသော်။ (တရွေ့ရွေ့ကုန်လသော်၊) ဧတေသံ၊ ဤသူတို့၏။ ကြိယာ၊ အမူအရာသည်။ မနာပါ၊ စိတ်ကို တိုးပွါးစေတတ်၏။ (မြတ်နိုးဖွယ်ကောင်း၏၊) ဣတိ၊ ဤသို့တွေး၍။ လဒ္ဓိံ၊ အယူကို။ ရောစေတိ၊ နှစ်သက်၏။ ဒိဋ္ဌိံ၊ မိစ္ဆာအယူကို။ ဂဏှာတိ၊ ယူ၏။ ဧဝရူပေ၊ ဤသို့သဘောရှိသော။ ကာလေ၊ အခါ။ ဣဒံ၊ ဤဒုတိယအကုသိုလ်စိတ်ကို။ လဗ္ဘတိ၊ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ။
ပန၊ ဆက်။ ဧတ္ထ၊ ဤဒုတိယအကုသိုလ်စိတ်၌။ ယေဝါပနကေသု၊ ယေဝါပနကတရားတို့၌။ ထိနမိဒ္ဓံ၊ သည်။ အဓိကံ၊ ပဌမအကုသိုလ်စိတ်ထက် ပိုလွန်၏။
တတ္ထ၊ ထို ထီန မိဒ္ဓ ၂-ပါးတို့တွင်။ ထိနနတာ၊ အားစွမ်းမထုတ် တွန့်ဆုတ်သောစိတ်၏ဖြစ်ကြောင်းဖြစ်ရာသည်။ ထိနံ၊ ထိန မည်၏။
မိဒ္ဓနတာ၊ သတ္တိ အစွမ်း,အားကုန်ခန်းသဖြင့် ပင်ပန်းသော စေတသိက်အပေါင်း၏ ဖြစ်ကြောင်းဖြစ်ရာသည်။ မိဒ္ဓံ၊ မည်၏။
အနုဿဟ သံဟနနတာ၊ အားတက်သရောမရှိ,တွန့်ဆုတ်သည်၏အဖြစ် သည်လည်းကောင်း။ (ထိနနတာ၏ အဖွင့်၊) အသတ္တိဝိဃာတတာစ၊ သတ္တိမရှိသည်ဖြစ်၍ ပင်ပန်းသည်၏ အဖြစ်သည်လည်းကောင်းတည်း။ (မိဒ္ဓနတာ၏အဖွင့်၊) ဣတိအတ္ထော၊ ဤကား အနက်။
ထိနဉ္စ၊ ထိနလည်း။ မိဒ္ဓဉ္စ၊ မိဒ္ဓလည်း။ ထိနမိဒ္ဓံ၊ ထိနမိဒ္ဓ။
တတ္ထ၊ ထို ထိနမိဒ္ဓ ၂-ပါးတို့တွင်။ ထိနံ၊ ထိနသည်။ အနုဿာဟလက္ခဏံ၊ အားတက်သရော မရှိခြင်းလက္ခဏာရှိ၏။ ဝီရိယ ဝိနောဒနရသံ၊ ဝီရိယကို ပယ်ရှားခြင်းကိစ္စရှိ၏။ [ဝီရိယရှိသူကိုလည်း ထိနသမားက မုန်းသည်၊ ] သံသီဒနပစ္စုပဋ္ဌာနံ၊ ထိုထိုကိစ္စ၌ ဆုတ်နစ်တတ်သောတရားဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။
မိဒ္ဓံ၊ သည်။ အကမ္မညတာလက္ခဏံ၊ ထိုအမှု၌ မခံ့သည်၏ အဖြစ်ဟူသော လက္ခဏာရှိ၏။ ဩနဟနရသံ၊ သမ္ပယုတ္တတရားတို့ကို လေးတွဲ့တွဲ့ဖြစ်အောင် ဖွဲ့ထားခြင်းကိစ္စရှိ၏။ [ရှေးနိဿယ၌ "ဩဒဟနရသံ" ဟုရှိ၏။] လီနဘာဝ ပစ္စုပဋ္ဌာနံ၊ တွန့်ဆုတ်သည်၏အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။ ဝါ၊ တစ်နည်း။ ပစလာယိကာနိဒ္ဒါ ပစ္စုပဋ္ဌာနံ၊ မျက်တောင်တလှုပ်လှုပ်ရှိအောင် အိပ်ငိုက်ခြင်းအကျိုးကိုဖြစ်စေတတ်၏။ (ဖလပစ္စုပဋ္ဌာန်းတည်း၊)
ဥဘယံပိ၊ ထိနမိဒ္ဓ ၂-ပါးစုံသည်တည်း။ အရတိ တန္ဒိ ဝိဇမ္ဘိတာဒီသု၊ ကုသိုလ်တရားတို့၌ မမွေ့လျော်ခြင်း, ပျင်းရိခြင်း,ကိုယ်လက် ဆန့်တန်းခြင်းရှိသူ၏အဖြစ် အစရှိသည်တို့၌။ အယောနိသောမနသိကာရပဒဋ္ဌာနံ၊ အယောနိသော မနသိကာရလျှင် နီးစွာသောအကြောင်းရှိ၏။ ဣတိ၊ အပြီးတည်း။ ဒုတိယစိတ္တံ၊ သည်။ နိဋ္ဌိတံ၊ ပြီ။