သံသုဒ္ဓ ဂဟဏိကော။ ။ဂဗ္ဘံ ဂဏှာတိ ဓာရေတီတိ ဂဟဏီ−ကိုယ်ဝန်ကို ယူတတ်သော အမိဝမ်းတိုက် (သားအိမ်)၊ သံသုဒ္ဓါ+ဂဟဏီ ယဿာတိ သံသုဒ္ဓဂဟဏိကော−စင်ကြယ်သော အမိဝမ်းတိုက်ရှိသူ၊ စင်ကြယ်ဟူသည် အခြားယောက်ျားတို့ သွားလာမှု မရှိခြင်းတည်း၊ [သံသုဒ္ဓါတိ အနညပုရိသသာဓာရဏာတိ အတ္ထော၊− သီလက္ခန် ဋီ−သစ်]။ သံသုဒ္ဓဂဟဏိကော ဟူသောပါဌ်ဖြင့် မာတိတော ပိတိတောအရ မွေးစားသော မိဘမဟုတ်, အမရင်း အဘရင်း ဖြစ်ကြောင်းကိုပြသည်။
ယာဝ၊ပေ၊ပရိဝဋ္ဋာ။ ။ပရိဝဋ္ဋတိ−အဆက်ဆက်လည်တတ်၏၊ ဣတိ ပရိဝဋ္ဋော၊ ဆွေ ၇−ဆက် မျိုး၇−ဆက်တိုင်အောင်လည်တတ်သည်−ဟူလို၊ ယာဝနှင့်ယှဉ်သောကြောင့်၊ အပါဒါန်မှည့်၍ ပဉ္စမီဝိဘတ် သက်ရသည်၊ ဤပုဒ်ကို သံသုဒ္ဓဂဟဏိကောနှင့်လည်း တွဲနိုင်၏၊ ဆွေ ၇−ဆက် မျိုး ၇−ဆက်တိုင်အောင် စင်ကြယ်သော အမိဝမ်းတိုက်ရှိသည်−ဟူလို၊ နောက်၌ လာမည့် အက္ခိတ္တော အနုပက္ကုဋ္ဌော ဇာတိဝါဒေနနှင့်လည်း တွဲနိုင်သည်၊ ကာကောလောကန နည်းတည်း။[ဧဝံ ယာဝ သတ္တမော ပုရိသော၊ တာဝ သံသုဒ္ဓဂဟဏိကော၊ အထဝါ အက္ခိတ္တော အနုပကုဋ္ဌော ဇာတိဝါဒေနာတိ၊−သီလက္ခန်သောဏဒဏ္ဍသုတ္တ အဋ္ဌကထာ။]
အက္ခိတ္တော၊ပေ၊ဇာတိဝါဒေန။ ။အက္ခိတ္တောကို ''အပနေထ ဧတံ, ကိံ ဣမိ နာတိ ဧဝံ အက္ခိတ္တော''ဟုလည်းကောင်း, ''န အက္ကောသံဝါ နိန္ဒံဝါ လဒ္ဓပုဗ္ဗော''ဟု လည်းကောင်း, ထို အဋ္ဌကထာဖွင့်၏၊ ဇာတိဝါဒေနကား အက္ခိတ္တ အနုပက္ကဋ္ဌု၏ အကြောင်းတည်း၊ အမျိုးဇာတ်နှင့်စပ်သော စကားကြောင့် မင်္ဂလာကိစ္စတို့၌ အပယ်လည်း မခံခဲ့ရ၊ တစ်ယောက်တစ်ခွန်း စကားများကြရာဝယ် အမျိုးဇာတ်နှင့်စပ်၍ ''ဟဲ့−စဏ္ဍာလမျိုး''စသည်ဖြင့်လည်း အဆဲလည်း မခံခဲ့ရ−ဟူလို။[ဇာတိဝါဒေနာတိ ဣဒံ ဟေတုမှိ ကရဏဝစနံ၊−သီလက္ခန်ဋီကာသစ်၊...အက္ခိတ္တော၌ ခိပဓာတ်ပစ္စည်း၊ ''ခိပိယိတ္ထာတိ ခိတ္တော၊ န+ခိတ္တော အက္ခိတ္တော''ဟုပြု၊ အနုပက္ကုဋ္ဌော၌ ဥပရှေးရှိသော ကုသဓာတ်၊ ကုသ အက္ကောသေ၊ ဥပက္ကောသီယိတ္ထာတိ ဥပက္ကုဋ္ဌော၊န+ဥပက္ကု ဋ္ဌော အနုပက္ကုဋ္ဌော။] ဝါ၊ အဆဲလည်းမခံရသော။ အဘိရူပေါ၊ သူတစ်ပါးထက်လွန်ကဲသောဆင်းရှိသော။ ဝါ၊ အလွန်အဆင်းလှပသော။ ဒဿနီယော၊ ကြည့်ရှုအပ်ကြည့်ရှုထိုက်သော။ ဝါ၊ ရှုချင်စဖွယ် တင့်တယ်သော။ ပါသာဒိကေ၊ စိတ်ကြည်လင်ခြင်းကို ဖြစ်စေတတ်သော။ (အလွန်ကြည်ညိုစရာကောင်းသော)။ ပရမာယ၊ လွန်မြတ်သော။ ဝဏ္ဏပေါက္ခရတာယ၊ အဆင်း၏ ကောင်းသည်၏အဖြစ်နှင့်။ (တစ်နည်း) ဝဏ္ဏပေါက္ခရတာယ၊ လှပသော အဆင်း ကောင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ သုမေဓောနာမ၊ သုမေဓမည်သော။ ဗြဟ္မာဏော၊ ပုဏ္ဏားသည်။ ပဋိဝသတိ၊ နေ၏။
ပရမာယ၊ပေ၊တာယ။ ။''ပေါက္ခရံ ပဒုမေဒေဟေ, ဝဇ္ဇဘဏ္ဍမုခေပိစ၊ သုန္ဒရတ္တေစ သလိလေ၊ မာတင်္ဂကရကောဋိယံ''ဟူသော အဘိဓာန်လာ အနက်တို့တွင် ပေါက္ခရသဒ္ဒါသည် သုန္ဒရတ္ထအနက်ဟော၏၊ ဝဏ္ဏဿ−အဆင်း၏၊ ပေါက္ခရတာ− ကောင်းသည်၏ အဖြစ်တည်း၊ ဝဏ္ဏပေါက္ခရတာ−ဖြစ် (တစ်နည်း) သရီရအနက်ဟောဟု ယူ၍ ''ဝဏ္ဏဉ္စ+ပေါက္ခရဉ္စ ဝဏ္ဏပေါက္ခရာနိ၊ တေသံ+ဘာဝေါ ဝဏ္ဏပေါက္ခရတာ−အဆင်းကိုယ်တို့၏အဖြစ်'' ဟုလည်း သိလက္ခန် သောဏဒန္တ သုတ်အဋ္ဌကထာ ဖွင့်၏၊ ''လှသော အဆင်း, ကောင်းသော လက်ခြေ စသော ကိုယ်၏ ပြည့်စုံခြင်း'' ဟူလို။ အကံသု၊ ပြုကြကုန်ပြီ။
အာယပေါတ္ထကံ။ ။အာယ−၌၊ အာပုဗ္ဗ+ဣဓာတ်+အပစ္စည်းတည်း၊ အာယတိ−ဝင်လာတတ်၏၊ ဣတိ အာယော−တိုးပွားအဖြစ်ဖြင့်လည်းကောင်း, လယ်စုယာစုအဖြစ်ဖြင့်လည်းကောင်း, ဝင်လာတတ်သောဥစ္စာဟူသမျှကို ''အာယ''ဟုခေါ်သည်၊ ထိုအတိုးအပွားတို့ကို မှတ်သားကြောင်းဖြစ်သော စာရင်းစာအုပ်သည် ''အာယပေါတ္ထက'' မည်၏။
ယာဝ ကုလပရိဝဋ္ဋာ။ ။ယာဝသည် အဘိဝိဓိအပါဒါန် မရိယာဒအပါဒါန် ၂−မျိုးကို ထွန်းပြ၏၊ မရိယာဒအပါဒါန်ဆိုလျှင် ၇−ဆက်မြောက် ဆွေမျိုးက အပြင်သို့ရောက်နေစရာရှိ၏၊ ဥပမာ ''ယာဝပဗ္ဗတာ ခေတ္တံ−တောင်တိုင်အောင် လယ်တောတည်၏''ဟူရာ၌ ပဗ္ဗတသည် လယ်တောကို ပိုင်းခြားသော မရိယာဒဖြစ်၍ လယ်တောပြင်ဘက် ရောက်နေသကဲ့သို့တည်း၊ အဘိဝိဓိအပါဒါန်ကား မိမိအပေါ်သို့ ပြန့်စေသည်၊ ဤ၌လည်း ၇−ဆက်မြောက် ဆွေမျိုးကို လွှမ်း၍သွားသောကြောင့် ယာဝသည် အဘိဝိဓိအပါဒါန်ကို ထွန်းပြ၏၊ ထို့ကြောင့် ရှေးနိဿယများ၌ ''သတ္တမာ သတ္တမံ−သော၊ ကုလပရိဝဋ္ဋာ−ကို၊ ယာဝအန္တော ကတွာ− အတွင်းပြု၍''ဟု အဓိပ္ပာယ် အနက်ပေးကြသည်။ ဣတိ၊ သို့။ အာဟ၊ ပြောပြီ။ [ပဋိပဇ္ဇဟိ၌ ပဒဓာတ်သည် ပတိဥပသာရ ရှေးရှိသောကြောင့် ပဋိဂ္ဂဟဏအနက်ကို ဟော၏။]
အမှာ။ ။၄−အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံမှာ နောက်ဘုရားအဆူဆူတို့၏ တစ်ဆူပြီးဆစ်ဆူ ပွင့်တော်မူပုံကိုပြခန်း၌ ထင်ရှားလတ္တံ့၊ ''ဣတော ဤအမရာဝတီနေပြည်တည်ရာ အခါမှ၊ ဥဒ္ဓံ−အနာဂတ်ဖြစ်သော အထက်သို့၊ အာရောဟနဝသေန−ဖြင့်၊ကပ္ပေစ သတသဟဿေ−တို့ကိုလည်းကောင်း၊ စတုရောစ အသင်္ခယ−တို့ကိုလည်းကောင်း၊ အတိက္ကမိတွာ−၍''ဟုလည်းပေးကြသေး၏, မကောင်း။
ဒဿနေယျံ။ ။ဒဿနံ အရဟတီတိ ဒဿနေယျံ၊ အရဟတိအနက်၌ ဏေယျပစ္စည်းသက် ''ကောင်းစွာ ဝေဖန်အပ်သည်ဖြစ်၍ ဆန်းကြယ်သော တန်ဆောင်း, ပြအိုး, မြို့ရိုး, တံတား, ရင်းတား, ပစ္စင်, ကျုံးမြောင်း, လမ်းကြီးလမ်းငယ် အသွယ်သွယ်တို့ကြောင့် ရှုချင်စဖွယ် တင့်တယ်၏ဟု ဂဏ္ဌိ၌ ဆိုသည်။
မနောရမံ။ ။ရမတိ ဧတ္ထာတိ ရမံ၊မနသော+ရမံ မနောရမံ−''ကုန်ကျင်းမထင် သန့်စင် ညီညွတ်သော မြေအပြင်ရှိခြင်း အရိပ်ကောင်း ရေကောင်းတို့နှင့် ပြည့်စုံခြင်း, အစာအာဟာရ ရလွယ်ခြင်း, အဆောက်အအုံတို့ တင့်တယ်ခြင်းတို့ကြောင့် လာလာသမျှ လူအားလုံးတို့၏ စိတ်နှလုံးကို ရွှင်ပြုံမွေ့လျော်စေနိုင်သည်''ဟူလို။
ဒသဟိ သဒ္ဒေဟိ။ ။အသံ(၁၀)မျိုးဟူသည် ဟတ္ထိသဒ္ဒ, အဿသဒ္ဒ, ရထသဒ္ဒ, ဘေရီသဒ္ဒ, သင်္ခသဒ္ဒ, မုဒိင်္ဂသဒ္ဒ, ဝီဏသဒ္ဒ, ဂီတသဒ္ဒ, သမ္မတာဠသဒ္ဒ, ခါဒထပိဝထဟု ကြွေးကြော်အပ်သော သဒ္ဒတို့တည်း။ ဟောတိ၊ ၏။ ဟတ္ထိသဒ္ဒံ၊ ဆင်တို့၏ အသံဖြင့်လည်းကောင်း။ အဿသဒ္ဒံ၊ မြင်းတို့အသံဖြင့်လည်းကောင်း။ ဘေရိသင်္ခရထာန(ဘေရိသင်္ခရထာနံ)၊ စည်ကြီး, ခရုသင်း, ရထားတို့၏။ (သဒ္ဒေဟိစ၊ အသံတို့ဖြင့်လည်းကောင်း)။ အဝိဝိတ္တံ၊ မကင်းဆိတ်သည်။ ဟောတိ၊ ။ (တစ်နည်း) နဂရံ၊ သည်။ ဟတ္ထိသဒ္ဒံ၊ ဆင်တို့၏ အသံရှိသည်လည်းကောင်း။ အဿသဒ္ဒံ၊ မြင်းတို့၏ အသံရှိသည်လည်းကောင်း။ ဘေရိသင်္ခရထာန(ဘေရိသင်္ခရထာနံ)၊ တို့၏။ သဒ္ဒဝန္တံ၊ အသံရှိသည်လည်းကောင်း။ ဟောတိ၊ ၏။ ခါဒထ၊ ခဲစားလည်း ခဲစားလှည့်ကြပါကုန်။ ပိဝထစေဝ၊ သောက်လည်း သောက်လှည့်ကြပါကုန်။ (ဣတိ၊ သို့)။ အန္နပါနေန၊ စားဖွယ် သောက်ဖွယ်ဖြင့်။ ဃောသိတံ၊ ကြွေးကြော်အပ်ရာသည်။ ဝါ၊ ကြွေးကြော်အပ်ရာသည်။ ဟောတိ၊ ။
နဂရံ၊ သည်။
သဗ္ဗင်္ဂသမ္ပန္နံ၊ ဥယျာဉ် ရေကန် အစရှိသော အလုံးစုံသော မြို့၏ အင်္ဂါနှင့်ပြည့်စုံ၏။
သဗ္ဗကာမမုပါဂတံ၊ အလုံးစုံအလိုရှိအပ်သော ကာမဂုဏ် အာရုံတို့နှင့် ပြည့်စုံ၏။ဟတ္ထိသဒ္ဒံ။ ။အသံ ၁၀−မျိုးရှိသော်လည်း ၆−မျိုးမျှကိုသာ နိဒဿနည်းအားဖြင့် ညွှန်ပြလိုသောကြောင့် ဟတ္ထိသဒ္ဒံ စသည်မိန့်၊ ဤဟတ္ထိသဒ္ဒံစသည်၌ ဒသဟိနှင့် ဝိဘတ်တူရမည်ဖြစ်သောကြောင့် စုဏ္ဏိယဖြစ်လျှင် ''ဟတ္ထိသဒ္ဒေ'' စသည်ဖြင့် ရှိရသည်၊ ဤနေရာ၌ကား ဂါထာဖြစ်၍ ဒုတိယဝိဘတ်ဖြင့်ထားသော်လည်း ထိုဒုတိယဝိဘတ်ကို ကရိုဏ်းအနက်၌ သက်စေရသည်။ [ဟတ္ထိသဒ္ဒန္တိ ကရဏတ္ထေ ဥပယောဂေါ ဒဋ္ဌဗ္ဗော−ဋီကာ။]
ဘေရိသင်္ခရထာန။ ။ဘေရိသင်္ခရထာန၌ ဆန်းကြောင့်နိဂ္ဂဟိတ်ချေထားသည်၊ ''ဘေရိသင်္ခရထာနံ''ဟု ဆိုလိုသည်၊ ''သဒ္ဒေဟိ''ဟု ထည့်ပေးပြီးလျှင် အဝိဝိတ္တံ၌စပ်၊ တစ်နည်း− ဃောသိတံ၌စပ်။ [ဘေရီသင်္ခရထာနဉ္စ သဒ္ဒေဟိ အဝိဝိတ္တန္တိဝါ ဃောသိတန္တိဝါ ယောဇေတဗ္ဗံ၊−ဋီကာ]။
တစ်နည်း။ ။ဟတ္ထိသဒ္ဒေါ ဧတ္ထာတိ ဟတ္ထိသဒ္ဒံ''ဟု အဿတ္ထိတဒွိတ်ကြံ၍ ''ဆင်တို့၏အသံရှိ၏''ဟုလည်းဖွင့်သေး၏၊ အဿသဒ္ဒံ၌လည်း နည်းတူ၊ [ဟတ္ထိသဒ္ဒဝန္တံဝါ ဟတ္ထိသဒ္ဒဝန္တံ နဂရံ−ဋီကာ]။
ခါဒထ ပိဝထစေဝ။ ။''ခါဒထ ပိဝထစေဝါတိ''ဟု ဆိုလိုလျက် သိလောက်သောကြောင့် ဣသိသဒ္ဒါ မထည့်ဘဲ ''ခါဒထ ပိဝထစေဝ''ဟု ထားသည်၊ [ခါဒထပိဝထစေဝါတိ ဣတိသဒ္ဒေါ ဉာတတ္ထတ္တာ အပ္ပယုတ္တော ဒဋ္ဌဗ္ဗော၊−ဋီကာ။] ခါဒထနေရာ၌ ''အသ္နာထ''ဟုလည်း ဋီကာပါဌ်ရှိ၏၊''အသ−ဘက္ခနေ''ဟူသော ဓာတ်+ကိယာဒိ နာ ပစ္စည်းသက်၍ ''အသ္နာထ−စားလှည့်ကြပါကုန်''ဟု အနက်ပေး၊ အသ္နာထ ပိဝထဟူသော အသံသည် စျေးသည်တို့၏ စျေးခေါ်သံတည်း၊ ထို့ကြောင့် ဃောသိတံဟုဆိုသည်၊ ဃောသိတံ−ကြွေးကြော် ဟစ်ခေါ်အပ်ရာသည်၊ ဟောတိ−၏၊ ''ဃောသေန္တိ ဧတ္ထာတိ ဃောသိတံ''ဟု ပြု, တ ပစ္စည်းကို အဓိကရဏသာဓနအနက်၌ သက်စေ။ သတ္တရတနသမ္ပန္နံ၊ ရွှေ ငွေ စသား ၇−ပါးသော ရတနာတို့နှင့် ပြည့်စုံ၏။
(သုဝဏ္ဏံ ရဇတံ မုတ္တာ, မဏိ ဝေဠုရိယာနိစ, ဝဇိရဉ္စ ပဝါဠန္တိ, သတ္တာဟု ရတနာနိမေ။)
[ထိုမြို့ကို စကြာမင်း၏မြို့ဟုယူဆ၍ ''သတ္တရတနသမ္ပန္နံ− ဆင် မြင်း စသောရတနာ ၇−ပါးနှင့် ပြည့်စုံ၏''ဟုလည်း ပေးကြသေး၏]။
နာနာဇနသမာကုသလံ၊ အမျိုးမျိုးသောသူတို့ဖြင့် ရောပြွမ်း၏။
(''ယခုခေတ် တရုတ်, ကုလားစသော လူမျိုးစုံတို့ဖြင့် ရောပြွမ်းသကဲ့သို့တည်း)။
ဒေဝနဂရံဝ၊ နတ်မြို့ကဲ့သို့။ သမိဒ္ဓံ၊ ပြည့်စုံကြွယ်ဝ၏။ ပုညကမ္မိနံ၊ ဘုန်းရှင်ကံရှင် သမ္ဘာရှင်တို့၏။ အာဝါသံ၊ အမြဲနေရာသည်။ ဟောတိ၊ ဖြစ်၏။
ပဟူတဓန ဓညဝါ။ ။''ပဟူတံ+ဓနဓညံ ပဟူတဓနဓညံ''ဟု ရှေးဦးစွာသမာသ်တွဲ၊ ထိုနောက်မှ ''ပဟူတဓနဓညံ+ယဿာတိ ပဟူတဓနဓညဝါ''ဟု အဿတ္ထိပြု၊ ဝန္တုပစ္စည်း၊ ''ပဟ− သတ္တိယံ''ဟူသော ဓာတ်နောင် တ ပစ္စည်းသက်၊ ဥ−လာ၍လည်းကောင်း၊ ပပုဗ္ဗ+ဟူဓာတ်နောင်+တပစ္စည်းသက်, ဥုကို ရဿပြု၍လည်းကောင်း, ပဟုတဟု အဘိဓာန်ဋီကာ၌ ဆိုသတတ်၊ သို့သော် သက္ကတ၌ ''ပြုဘူတ''ဟု ရှိ၏၊ ဘကို ဟုပြုလျှင် ''ပဟူတ''ဟုပါဠိ၌ဖြစ်၏၊ ထို့ကြောင့် သက္ကတ ကိုမှီး၍ ဥုဒီဃနှင့် ရှိသင့်သည်။
အဇ္ဈာယကော။ ။အဓိပုဗ္ဗ+ဏွုပစ္စည်းဖြင့် ဣတိကို ဧပြု၊ ဧကို အာယပြု၍ ''အဇ္ဈာ ယကော''ဟုပြီး၏၊ ''တယော ဝေဒေ အဇ္ဈယတီတိ အဇ္ဈာယကော''ဟု ပြု၊ ''သူတော်ကောင်း ဘုန်းတော်ကြီးများသည် ပိဋကတ်တော်တို့ကို ရွက်အံသရဇ္ဈာယ်၍ နေတတ်ကြသကဲ့သို့ ဒေဝ ၃−ကျမ်းတို့ကို ရွတ်အံ့သရဇ္ဈာယ်၍ နေတတ်သူ''ဟူလို။
**မန္တဓရော**။ ။မန္တနှင့် ဝေဒသည် ပရိယာယ်တည်း၊ ''ဝေဒေါ မန္တော သုတိတ္တိယံ''အဘိဓာန်၊ မန္တေ ဓာရေတီတိမန္တဓရော− ဝေဒ၃−ပုံတို့ကို စာအုပ်ကြည့်၍ ရွတ်အံနေရုံသာမက အာဂုံနှုတ်တတ်လည်း ဆောင်ရွက်မှတ်သားနိုင်သည်၊ ဟု လို။
တိဏ္ဏံ ဝေဒါနံ ပါရဂူ။ ။သာမက, ဣရု, ယဇုတို့ကို ဝေဒ ၃−ပုံဟုခေါ်၏၊ ပါရဂူနှင့် ပါရသဒ္ဒါသည် ဟိုမှာဘက်ကမ်းကို ဟော၏၊ ကျမ်းဂန်တို့၏အစသည် ဤဘက်ကမ်းနှင့်တူ၏၊ အဆုံးကား ဟိုဘက်ကမ်းနှင့်တူသည်၊ ထို့ကြောင့် ''ပါရံ ဝိယာတိ ပါရံ''ဟု ကျမ်းပြု၍ ကျမ်းဂန်၏ အဆုံးဟု ကြံ၊ ''ပါရံ+ဂစ္ဆတီတိပါရဂူ−ဝေဒ ၃−ကျမ်းတို့ကို အဆုံးတိုင်ရောက် တတ်မြောက်တတ်သည်'' ဟူလို။ ဣတိဟာသေစ၊ ဣတိဟာသ အမည်ရသော ပုရာဏ်ကျမ်း၌လည်းကောင်း။ သဓမ္မေ၊ မိမိဟူသော ဗြဟ္မာဏတို့၏ ဥစ္စာဖြစ်သော ၃−ဖြာဗေဒင် ယဇ်ပူဇော်ပုံ အစီအရင် စသည်ကိုပြသော တရား၌လည်းကောင်း။ ပါရမိံ၊ တစ်ဘက်ကမ်းခတ်, အပြီးအဆုံးကို သိတတ်သောဉာဏ်သို့။ ဂတော၊ ရောက်သော။ သုမေဓောနာမ၊ သုမေဓာမည်သော။ ဗြာဟ္မာဏော၊ ပုဏ္ဏားသည်။ (''ပဋိဝသတိ၊ နေ၏''ဟု ကြိယာထည့်ပါ။) [ဗုဒ္ဓဝင်ပါဠိတော်ကို ရှင်သာရိပုတ္တရာအား ဟောတော်မူသောကြောင့် ရှေးနိဿယများ၌ ရှင်သာရိပုတ္တရာကို အာလုပ်အဖြစ်ဖြင့်ထည့်၍ ပေးထားသည်]။
လက္ခဏေ။ ။''လက္ခဏေတိ ဣတ္ထိလက္ခဏေ ပုရိသလက္ခဏေစ''ဟု ဋီကာဖွင့်၏၊ မိန်းမ ယောက်ျားစသူတို့၏ လက္ခဏာကိုပြသောကျမ်းကိုလည်း ဌာနျူပစာရအားဖြင့် ''လက္ခဏ''ဟု ခေါ်သည်၊ ထို့ကြောင့် ''လက္ခဏ'' အရ ကျန်းဂန်တိုင်အောင်ယူပါ။
ဣတိဟာသေစ။ ။''ဣတ္ထိဟာသော ပုရာဝုတ္တ−ပ္ပဗန္ဓော ဘာရတာဒိကော''ဟူသော အဘိဓာန်နှင့်အညီ ဘာရတမင်းတို့၏စစ်ထိုးပုံကိုပြသောကျမ်း, ဒသဂီရိဘီလူးက သီတာမိဖုရားကို ဆောင်ယူသွားပုံကိုပြသော ကျမ်း, ဤသို့ ရှေးစကားကြီးများကိုပြသော ပုရဏ်ကျမ်းကို ''ဣတိဟာသကျမ်း''ဟုခေါ်သည်။ [''ဣတိဟာသ'' ခေါ်ရခြင်း အကြောင်းကို သီလက္ခန်− အမ္ဗဋ္ဌသုတ်အဋ္ဌကထာ၌ ရှုပါ။]
သဓမ္မေ။ ။[''သဓမ္မေတိ အတ္တနော တေဝိဇ္ဇဓမ္မေစ, ယညဝိဓိ အာဒိကေစ''−ဋီကာ။]သဿ−ဗြာဟ္မဏဟူသော မိမိ၏၊ ဓမ္မော−ဝေဒ ၃−ပုံဟူသော တရားသဘောယဇ်ပူဇော်ပုံ အစီအရင် အစရှိသည်ကိုပြသော တရားသဘောတည်း၊ သဓမ္မော−သဘော။ [သဓမ္မေ၌ သန္တ၏ကာရိယ(သ) မဟုတ်သောကြောင့် ''သဒ္ဓမ္မေ''ဟု ဒ၌ ဒွေဘော်ရှိရ။]
ပါရမိံဂတော။ ။ပါရံ+မာတိ ဇာနာတီတိ ပါရမီ−တစ်ဘက်ကမ်းခပ် သိတတ်သောဉာဏ်၊ ဝါ−အဆုံးတိုင်အောင် သိတတ်သောဉာဏ်၊ ပါရသဒ္ဒူပပဒ, မာဓာတ်, အပစ္စည်း, ဣတ္ထိဇောတက ဤပစ္စည်း။ စိန္တေသိံ၊ ကြံစည်ပြီ။ (ကိံ၊ အဘယ်သို့ကြံစည်သနည်း)။ [ကုသလစ္ဆေဒဘယာကျမှ ကိံအမေးကို ပြန်၍အုပ်လတ္တံ့]။ ပုနဗ္ဘဝေါနာမ၊ တစ်ဖန် ဘဝမည်သည်။ ဝါ၊ ဘဝသစ်၌ ပဋိသန္ဓေတည်နေရခြင်းမည်သည်။ ဒုက္ခော၊ ဆင်းရဲကြောင်းတည်း။ သရီရဿ၊ ရရှိပြန်ရာ ကိုယ်ခန္ဓာ၏။ ဘေဒနံစ၊ ပေါက်ကွဲ့ချို့ယွင်း သေရခြင်းသည်လည်း။ (ဒုက္ခံ၊ ဆင်းရဲကြောင်းတည်း)။ သမ္မောဟမရဏံ၊ တွေတွေဝေဝေသေရခြင်းသည်။ ဒုက္ခံ၊ တည်း။ ဇရာယ၊ ဇရာ၏။ အဘိမဒ္ဒနံ၊ လွှမ်းမိုးနှိပ်စက်ခံရခြင်းသည်။ (ဒုက္ခံ၊ တည်း)။
သရီရဿစ ဘေဒနံ။ ။ဇာတိကို စတည်မိသည်နှင့်တပြိုင်နက် ရုပ်နာမ် ခန္ဓာ ၂−ဖြာ အပေါင်းဖြစ်သော ကိုယ်သည် ထင်ရှားဖြစ်လာ၏၊ ထိုကိုယ်က သေကျေ ပျက်စီးခြင်းလျှင် အဆုံးရှိ၏၊ ထိုသေကျေပျက်စီးရခြင်းသည်လည်း ဆင်းရဲကြောင်းဖြစ်သည်။ [ကာယဿ ဘေဒါ ပရံမရဏာဟူသော ပါဠိ၌ ဘေဒါနှင့်မရဏသည် အရတူဖြစ်သောကြောင့် ဤ၌ ဘေဒနံကိုလည်း သေခြင်းတိုင်အောင် အနက်ပေးလိုက်သည်၊ ကာယဿနှင့် သရီရကား ပရိယာယ်တည်း၊ ဤမှနောက်၌ ''သမ္မောဟမရဏံ ဒုက္ခံ, ဇရာယအဘိမဒ္ဒံနံ''သည် ဗုဒ္ဓဝင်ပါဠိတော်ရင်း၌မပါ၊ နောက်ဆရာတို့ ထည့်အပ်သော ထည့်ပါဌ်ဟု ဆိုကြသည်။]
သမ္မောဟမရဏံ ဒုက္ခံ။ ။သေခါနီး၌ အချို့ပုဂ္ဂိုလ်များသည် အချိန်တော်တော်ကြာကြာ မေ့၍ဿ တွေဝေနေတတိ၏၊ ထိုသို့ တွေဝေနေလျှင် ကံကစ်ချသလိုဖြစ်ရတော့်မည်ဖြစ်၍ ဆင်းရဲကြောင်း အမှန်ဖြစ်သည်။ [ယံနုနသည် ပရိဝိကတ္တနတ္ထနိပါတ်ပုဒ်တည်း၊ ယနေ့ဖွားခါစ ခန္ဓာကိုယ်ပင်ဖြစ်သော်လည်း ပုပ်ခြင်းသဘောရှိသောကြောင့် ပုတိကာယဟုခေါ်သည်၊ ဥပမာ−ကျင်ငယ်သည်ထွက်ခါစဖြစ်၍ မပုပ်သေးသော်လည်း ''ပုတ္တမုတ္တ'' အမည်ရသကဲ့သို့ တည်း။]
သော မဂေါ။ ။မဂ္ဂသဒ္ဒါသည် ဥပါယအနက်ဟောဟုပင် ဖွင့်ကြ၏၊ တံတံ ကိစ္စံဟိတံဝါ နိပ္ဖာ ဒေတုကာမေဟိ မဂ္ဂီယတိ ဂဝေသီယတီတိ မဂ္ဂေါ(ဥပါယော)−ထိုထိုကိစ္စကို (တစ်နည်း) ထိုထို အစီးအပွားကို ပြီးစေလိုသူတို့သည် ရှာမှီးအပ်သောကြောင့် အကြောင်း ဥပါယနည်းလမ်းကိုမဂ္ဂဟု ခေါ်၏၊ (သဒ္ဒနီတိ)၊ ဤသို့ ဥပါယအနက်ဆိုရသော်လည်း လမ်းခရီးအနက်ဟောသာထင်သည်၊ မှန်၏၊−မဂ္ဂင်ရှစ်ပါးသည် နိဗ္ဗာန်ရောက်ကြောင်းလမ်းနှင့်တူ၏၊ (''ဥဇုကောနာမ သောမဂ္ဂေါ''− ဒေဝပုတ္တသံယုတ်)၊ ဘုရားအလောင်းတော်လည်း ဤလမ်းကိုပင် ရည်ရွယ်၍ ''အတ္ထိ ဟေဟိတိ သော မဂ္ဂေါ, န သော သက္ကာ နဟေတုယေ'' ကြံစည်တော်မူမည်ထင်သည်။ တိဝိဓဂ္ဂိ၊ ဇရာ, ဗျာဓိ, မရဏအားဖြင့် ၃−ပါးအပြားရှိသော မီးသည်။ [လက္ခဏဝန္တ သတ္တမီအနက်၌ ပဌမာဝိဘတ်သက်၊ (တစ်နည်း) သတ္တမီဝိဘတ် အကျေကြံ]။ ဝိဇ္ဇန္တေ၊ ရှိလသော်။ နိဗ္ဗာနံ၊ မီး ၃−ပါး၏ ငြိမ်းရာအမှန်, အေးနိဗ္ဗာန်ကို။ ဣစ္ဆိတဗ္ဗကံ၊ အလိုရှိထိုက်၏။ (မချွတ်ဧကန် အမှန်ရှိ၏ဟု မှတ်ထိုက်၏)။ [နိဗ္ဗာတိဧတ္ထာတိ နိဗ္ဗာနံ]။
ဓမ္မိကောနာမ။ ။ဓမ္မံ စရတီတိ ဓမ္မိကော−တရားကျင့်သောာ ပုဂ္ဂိုလ်၊ ဤနေရာ၌ တရားကျင့်သောပုဂ္ဂိုလ်၏ တည်ရာတောင်ကိုလည်း ဌာနျူပစာရအားဖြင့် ''ဓမ္မိ''ကဟုခေါ်ရသည်၊ ပဗ္ဗံ ယသ္မိံ အတ္ထီတိ ပဗ္ဗတော−အဆစ်အဆစ်ရှိသော တောင်။
အဿမော။ ။အာ (သမန္တတော)ထက်ဝန်းကျင်မှ၊ ကာယစိတ္တ ပီဠာ သင်္ခါတာ ပရိဿယာ− ကိုယ်စိတ်တို့ကို နှိပ်စက်ခြင်းဟု ဆိုအပ်ကုန်သော ဘေးရန်တို့သည်၊ သမန္တိ ဧတ္ထာတိ အဿမော−ငြိမ်းအေးရာဖြစ်သောကြောင့် အဿမ မည်၏၊ ဤ ကျောင်းသင်္ခမ်းသို့ ရောက်လျှင် ကိုယ်စိတ်နှပါးလုံး ငြိမ်းအေးသည် −ဟူလို၊ ဤအဿမဟူသော နာမည်သည် ကျောင်းဝိုင်းတစ်ဝိုင်းလုံး၏ နာမည်ဖြစ်သည်၊ ''ပဏ္ဏသာလာ''ဟူသော အမည်ကား ကျောင်းသင်္ခမ်းကလေး တစ်ကျောင်း၏ နာမည်တည်း။
အဋ္ဌဂ္ဂုဏ သမူပေတံ။ ။နောက်အကျယ်အဖွင့်၌ ''ယထာ တသ္မိံ အဿမေ ဝသန္တေ သက္ကာ ဟောန္တိ ဣမာနိ အဌသမဏသုခါနိ ဝိန္ဒိတုံ၊ဧဝံ အဋ္ဌဂ္ဂုဏ သမူပေတံ တံ အဿမံ မာပေသိ''ဟု ဖွ့င်လတ္တံ့ဖြစ်သောကြောင့် အရှင်ဗုဒ္ဓဃောသ၏အလိုအားဖြင့် အဋ္ဌဂ္ဂုဏ သမူပေတံသည် အဿမံ၏ဂုဏ်ပုဒ်တည်း၊ ဤအယူကို ဗုဒ္ဓဝင်အဋ္ဌကထာက ပယ်ကြောင်းကို အကျယ် အဖွင့်ပြအံ့၊ ဆန်းကိုငဲ့၍ အဋ္ဌဂ္ဂုဏဟု ဒွေဘော်ဖြင့်လည်းကောင်း, သုမုပေတံကိုလည်း ယဂိုဏ်းဖြစ်အောင် ''သမူပေတံ''ဟု လည်းကောင်း ရှိရသည်။ အဘိညဗလံ၊ အဘိညာဉ်သမာပတ်ကို ဖြစ်စေဖို့ရာ ဝိပဿနာစွမ်းအားကို။ အာဟရိံ၊ ဆောင်ခဲ့ပြီ။
ပဝတ္တဖလံ။ ။ပဝတ္တံ−မိမိက မဆွတ်မခူးရဘဲဖြစ်သော+ဖလံ−သစ်သီးတည်း၊ ပဝတ္တဖလံ−သီး၊ မိမိက မသတ်ရဘဲ စျေး၌ရောင်းဖို့ရန် ဖြစ်နှင့်ပြီးသော အသားကို ပဝတ္တမံသဟု ခေါ်သကဲ့သို့တည်း၊ ဗုဒ္ဓဝင်အဋ္ဌကထာ၌ ''ပဝတ္တဖလန္တိ−သယမေဝ ပတိတဖလံ''ဟု ဖွင့်၏၊ အဓိပ္ပာယ်ဖွင့်တည်း၊ ထိုအဖွင့်လိုက်၍ ရှေးက ''အလိုလို ကြွေကျသောသစ်သီး''ဟု ပေးကြ၏၊ ထိုပဝတ္တဖလ၏ အနေကဂုဏ သမ္ပန္နကို ဗုဒ္ဓဝင်အဋ္ဌကထာ၌ ဤသို့ ဆိုထား၏။ ပဝတ္တဖလသန္တုဋ္ဌော, အပရာယတ္တဇီဝကော၊ ပဟီနာဟာရလောလုပ္ပေါ, ဟောတိ စာတုဒ္ဒိသော မုနိ။ ဇဟတိ ရသတဏှဉ္စ, အာဇီဝေါ တဿ သုဇ္ဈတိ၊ တသ္မာ ဟိ နာတိ အညေယျ, ပဝတ္တဖလ ဘောဇနံ။
ဓနဓည ပရိဂ္ဂဟာဘာဝေါ။ ။ဥစ္စာစပါးတို့ကို ''ငါ့ဥစ္စာ''ဟု သိမ်းပိုက်ထားမှု မရှိခြင်း၊ ထိုသို့မရှိသည့်အတွက် သိမ်းဆည်းရသောဒုက္ခ, ကြောင့်ကြရသောဒုက္ခတို့မှ ကင်းခြင်းသည် သမဏသုခ တစ်မျိုးပင်တည်း၊ ဇာတ်တော်၌လည်း ''န တေသံ ကောဋ္ဌေ ဩပေန္တိ, နကုမ္ဘိံ နကဋ္ဌောပိယံ + ထိုသမဏတို့သည် ကျီ (ဂိုဒေါင်) ထဲ၌လည်း သိမ်းဆည်း၍မထားကြ, အိုးထဲ၌လည်း သိမ်းဆည်း၍မထားကြ, တောင်းထဲ၌လည်း သိမ်းဆည်း၍ မထားကြကုန်''ဟု မိန့်သည်။ နိဗ္ဗုတပိဏ္ဍဘုဉ္ဇနဘာဝေါ၊ ငြိမ်းအေးသောဆွမ်းကို စားရခြင်းရှိသည်၏ အဖြစ်လည်းကောင်း။ ရဋ္ဌံ၊ တိုင်းပြည်ကို။ ဝါ၊ တိုင်းသူ ပြည်သားကို။ ပီဋ္ဌေတွာ၊ ညှစ်၍။ ဓနသာရံဝါ၊ ဥစ္စာနှစ်ကို သော်လည်းကောင်း။ သီသကဟာပဏာဒီနိဝါ၊ သလွဲမြည်း, ငွေအသပြာအစရှိသည်တို့ကို သော်လည်းကောင်း။ ရာဇကုလေသု၊ မင်းမျိုးတို့သည်။ ဂဏှန္တေသု၊ ယူကုန်လသော်။ (သယံ၊ မိမိတို့မှာ)။ ရဋ္ဌပီဠန ကိလေသာဘာဝေါ၊ တိုင်းသူပြည်သားကို ညှစ်ခြင်းကြောင့်ဖြစ် သောပူပန်ရခြင်း၏ မရှိခြင်းလည်းကောင်း။အနဝဇ္ဇပိဏ္ဍပရိယေသနဘာဝေါ။ ။ကုလဒူသနအနေသနအပြစ်, ပစ္စဝက္ခဏာ မဆင်ခြင်ဘဲသုံးဆောင်ခြင်းဟူသော အပြစ်မှကင်းသော ဆွမ်း (အာဟာရ)ကို ''အနဝဇ္ဇပိဏ္ဍ''ဟုဆို၏၊ ဇာတ်ပါဠိတော်၌လည်း ''အနဝဇ္ဇပိဏ္ဍော ဘောတ္တဗ္ဗော''ဟု ဟောတော်မူ၍ ''အနေသနံ ပန ပဟာယ မိစ္ဆာဇီဝံ ဝဇ္ဇေတွာ ဓမ္မေန သမေန ဥပ္ပါဒိတော, ပဋိသင်္ခါယောနိသော၊ပေ၊ပစ္စဝေက္ခိတွာ ပရိဘုတ္တောဝ အနဝဇ္ဇပိဏ္ဍောနာမ''ဟု ဖွင့်သည်။
နိဗ္ဗုတ ပိဏ္ဍဘုဉ္ဇနဘာဝေါ။ ။ဆွမ်းအပေါ်၌ သာယာနှစ်သက်ခြင်းမရှိအောင် ပစ္စဝေက္ခဏာဆင်ခြင်လျှင် တဏှာတည်းဟူသော မီးသည် ငြိမ်းအေး၏၊ အာမဏိက တဏှာ၏ ငြိမ်းအေးခြင်းကို အာရုံဆွမ်းပေါ်၌တင်စား၍ ဖလူပစာရ (ဌာနျူပစာရ) အားဖြင့် ဆွမ်းကိုလည်း ''နိဗ္ဗုတပိဏ္ဍ''ဟု ခေါ်ရသည်၊ နိဗ္ဗုတပိဏ္ဍအစစ်ဖြစ်အောင်ကား ရဟန္တာပုဂ္ဂိုလ်သာ တတ်နိုင်သည်၊ ထို့ကြောင့် ဇာတိကအဋ္ဌကထာ၌ ''နိဗ္ဗုတောတိပုထုဇ္ဇန ဘိက္ခုနာ ဓမ္မေန ဥပ္ပန္နပိဏ္ဍောပိ ပစ္စဝေက္ခိတွာ ပရိဘုဉ္ဇမာနော နိဗ္ဗုတပိဏ္ဍောနာမ၊ ဧကန္တတော ပန ခီဏာသဝဿ ပိဏ္ဍောဝ နိဗ္ဗုတပိဏ္ဍောနာမ''ဟုဖွင့်သည်။
ရဋ္ဌံ၊ပေ၊ရာဇကုလေသု။ ။[ဗုဒ္ဓဝံသ အဋ္ဌကထာ၌ ''ရာဇပုရိသေသု''ဟု ရှိ၏၊] မင်းခစား (မင်းမူထမ်း) တို့သည် တိုင်းသူပြည်သားတို့ကို ညှစ်၍ (နှိပ်စက်၍) အခွန်အတုတ်ကိုယူကြကုန်၏၊ ထိုသို့ ယူသောအခါ အခွန်ပေးရသူတို့သည် စိတ်ပင်ပန်း စိတ်ညစ်ခြင်းဟူသော ကိလေသဖြစ်ကြရ၏။ [ဤသုခနှင့် တိုက်ရိုက် သက်ဆိုင်သော သမဏတဒြကား ဇာတ်တော်၌မပါ]။
ရဋ္ဌပိဠနကိလေသာဘာဝေါ။ ။ရသေ့ရဟန်းဖြစ်သော သမဏတို့မှာ အခွန်အတုတ်ပေးစရာမရှိရကား (တိုင်းသူပြည်သား၏ အခွန်အတုတ်ကို ညစ်ယူမှုဟူသော) ထို ရဋ္ဌပီဠနကြောင့် စိတ်ညစ်ဖြင်းမရှိကြ၊ [ရှေးနိဿယ၌ ''ဂဏှန္တေ သု−ဂဏှန္တာနံ, ရာဇကုလေသု ရာဇကုလာနံ''ဟု ပြင်၍ အနက်ပေးပြီးလျှင် ပီဠန၌ စပ်ကြ၏၊ ထိုသို့ ပြင်ဖွယ်မလိုပါ၊ ''ရာဇကုလတို့က အခွန်အတုတ်ကို နှိပ်စက်၍ ယူကုန်လသော် (ယူကြရာအခါ၌) သမဏတို့မှာ ညှစ်၍ ယူခြင်းကြောင့်ဖြစ်သော ''ပူပန်မှု မဖြစ်ရ''ဟု လက္ခဏာအနက်အတိုင်းပင် အဓိပ္ပာယ်ရနိုင်ပါသည်။]
ဥပ၊ ပေ၊ နိစ္ဆန္ဒရာဂဘာဝေါ။ ။ခင်မင်တွယ်တာလောက်သော အဆောက်အအုံ မရှိသောကြောင့်, ရှိစေကာမူ တပ်မက်မှု မရှိသောကြောင့် အဆောက်အအုံတို့၌ ဆန္ဒရာဂမရှိခြင်း။ [''သင်္ဂေါ ယဿ နဝိဇ္ဇတိ''ဟူသော ပါဠိတော်ကို ဖွင့်သောဇာတ် အဋ္ဌကထာ၌ကား ''ယဿဂါမနိဂမာဒီသု စရန္တဿ ရာဂသင်္ဂါဒီသု (ကပ်ငြိတွယ်တာတတ်သော ရာဂအစရှိသည်တို့တွင်) ဧကောပိ သင်္ဂေါ နတ္ထိ''ဟု အဆောက်အအုံ၌သာမက ဒါယကာ ဒါယိကာမတို့၌ မတွယ်တာခြင်းကိုလည်း ဖွင့်သည်။] ဥပကရဏေသု၊ မိမိအဆောက်အအုံ တို့၌။ နိစ္ဆရာဂဘာဝေါ၊ တပ်မက်တတ်သော ဆန္ဒရာဂ၏ မရှိခြင်းလည်းကောင်း။ စောရဝိ လောပေ၊ သူပုန်ဓားပြလုယက်ရာအခါ၌။ နိဗ္ဘယဘာဝေါ၊ ဘေးမရှိသည်၏ အဖြစ်လည်းကောင်း။ ရာဇ ရာဇမဟာမတ္တေဟိ၊ မင်း မင်း၏ အမတ်ကြီးတို့နှင့်။ အသမသဋ္ဌဘာဝေါ၊ ရောနှောရခြင်းမရှိသည်၏ အဖြစ်လည်းကောင်း။ စတူသုဒိသာသု၊ အရ် ၄−မျက်နှာတို့၌။ အပ္ပဋိဟတဘာဝေါ၊ မပိတ်ပင်မဆီးတားအပ်သည်၏ အဖြစ်လည်းကောင်း။ (အပိတ်အပင်မရှိ သွားလာ နိုင်သည်၏ အဖြစ်လည်းကောင်း)။ ဣတိ၊ ဤသို့။ ဣမာနိအဋ္ဌ၊ ဤရှစ်ပါးတို့တည်း။
**ရာဇ၊ပေ၊ အသံ သဋ္ဌဘာဝေါ၊ မင်းနှင့်လည်းကောင်း၊ မင်း၏ အမတ်တို့နှင့်လည်းကောင်း၊ရောနှောနေသူတို့သည် လာဘ်ကို လိုလားသူတွေများ၏၊ ''ရောနှော''ဟူရာ၌လည်း ဆရာဒကာများဖြစ်ရုံမျှမက, သဟသောကီ သဟနန္ဒီသုခိတေ သုခိတော−မိမိ၏ ဒါယကာ မင်းအမတ်တို့ ရာထူးကျလျှင် ဝမ်းနည်းခြင်း, ရာထူးတက်လျှင် ဝမ်းသာခြင်း, သူတို့ချမ်းသာလျှင် မိမိလည်းချမ်းသာခြင်း, သူတို့ဆင်းရဲလျှင် မိမိလည်း ဆင်းရဲခြင်းအားဖြင့် အေးအတူပူအမျှဖြစ်ခြင်းတည်း၊ ဂုဏ်လာဘ်ကို မမက်မောသူတို့မှာ ထိုသို့ ရောနှော စရာမရှိတော့, သာမန်ဆရာဒကာအဖြစ်မျှလောက်၌သာ တန့်ရပ်နေပေလိမ့်မည်။
အပ္ပဋိဟတဘာဝေါ။ ။[နပဋိဟညတေ−မပိတ်ပင်အပ် မဆီးတားအပ်၊ ဣတိ အပ္ပဋိဟတော။] အရပ် ၄−မျက်နှာသို့ မေတ္တာဘာဝနာ ဖြန့်သောအခါ (ရန်သူဟု မရှိသောကြောင့်) အပိတ်အပင်အဆီးမတားမရှိ ပျံ့နှံ့စေခြင်းကို ''စာတုဒ္ဒိသော'' ပုဒ်၌ ဖွင့်လေ့ရှိကြ၏၊ ဤကား−''ရသေ့ရဟန်းတို့၏ ပရိက္ခရာ ရှစ်ပါးမျှကို ကိုယ်၌ ဝတ်ဆင် ကိုင်ယူ၍ သွားသော ကြောင့် လမ်းမှ လုယူမည့်သူကိုလည်း မကြောက်ရ, အခွန်အကောက်ကိုလည်း မပေးရသဖြင့် လွတ်လွတ်လပ်လပ် သွားလာနိုင်ခြင်းကို ဆိုလိုသည်။ [''ပတ္တစီဝရမာဒါယ သောတ္ထိံ ဂစ္ဆတိ သုဗ္ဗတော''ကို ဖွင့်သော ပါဠိတော်၏ ဇာတ်အဋ္ဌကထာ၌ ဤအဓိပ္ပာယ်ကိုပင် ဖွင့်ပြသည်။] တသ္မိံ အဿမေ၊ ထိုကျောင်းသင်္ခမ်း၌။ ဝသန္တေန၊ နေသောပုဂ္ဂိုလ်သည်။ (ဝိန္ဒိတုံ၌ အဝုတ္တကတ္တားစပ်)။ အဋ္ဌ၊ ကုန်သော။ ဣမာနိသမ ဏသုခါနိ၊ ဤသမဏသုခ တို့ကို။ ဝိန္ဒိတုံ၊ ရခြင်းငှာ။ သက္ကာ၊ တတ်ကောင်းသည်။ ဟောတိ၊ ။ ဧဝံ၊ ဤသမဏသုခတို့ကို ရနိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။ အဋ္ဌဂ္ဂုဏသမူပေတံ၊ စုံသော။ တံ အဿမံ၊ ထိုကျောင်းသင်္ခမ်းကို။ မာပေသိံ၊ ဖန်ဆင်းပြီ။ ဣတိ၊ ဤအနက်သည်။ ဝါ၊ ကို။ ဝုတ္တံ၊ ဆိုအပ်သည်။ ဝါ၊ သည်။ ဟောတိ၊ ၏။
စိစစ်ခြင်း။ ။''စင်္ကမံ တတ္ထ မာပေသိံ''ဟု စင်္ကြံနှင့်စပ်သောစကားကို ဟောတော်မူပြီးမှ ရှေ့ဂါထာ၌ ဟောတော်မူအပ်ခဲ့သော အဿမ၏ဂုဏ်ကို ဤဂါထာ၌ မဟောတန်ရာ၊ ထို့ပြင် ''အဋ္ဌုဂ္ဂုဏ''အရ ထုတ်ပြရာ၌လည်း အဿမ၏ဂုဏ် အဖြစ်ဖြင့် မပြနိုင်ဘဲသမဏ၏ သုခဂုဏ်အဖြစ် ကို သာပြနိုင်၏၊ ထို့ကြောင့် ''အဋ္ဌဂ္ဂုဏ သမူပေတံ''ကို အဿမံနှင့်တွဲစပ်သော အရှင်ဗုဒ္ဓဃောသ အဖွင့်ကို ပယ်၍ ပါဠိတော်များ၌ အဘိညာဉ်ရှေ့ဝယ် တွေ့နေကျဖြစ်သော ''ပရိသုဒ္ဓ''စသော ရှစ်ပါးကိုသာ အရှင်ဖွင့်ပြပေသည်။
အနိစ္စတော ဒုက္ခတော။ ။သာသနာပကာလ၌ အတ္တစွဲလမ်းချက်က ခိုင်မြဲလှသောကြောင့် အနတ္တဝိပဿနာ မရှိ၊ ဘုရားအလောင်းတော်များပင် ဖြစ်သော်လည်း အနိစ္စဒုက္ခဟုသာ ဝိပဿနာရှုနိုင်၏၊ ထို့ကြောင့် အနတ္တလက္ခဏမပါဘဲ ''အနိစ္စတော ဒုက္ခတော''ဟု ဆိုသည်။
အဘိညာဗလံ။ ။ဤပုဒ်ကို ''အဘိညာနဉ္စ သမာပတ္တီနဉ္စ၊ပေ၊ဝိပဿနာဗလံ''ဟု ဖွင့်၏၊ အကျိုးအဘိညာဉ်ကို ပြသဖြင့် အကြောင်း ဈာန်သမာပတ်ကိုလည်း ဖလူပစာရအားဖြင့် ပြပြီးဖြစ်၍ ''အဘိညာနဉ္စ သမာပတ္တီနဉ္စ''ဟုဖွင့်သည်၊ ဗလံအရကိုလည်း ဝိပဿနာ အားအစွမ်း ကိုယူစေလိုသောကြောင့် ''ထာမပ္ပတ္တံ ဝိပဿနာဗလံ''ဟု ဖွင့်သည်၊ ''အဘိညာတ္ထာယ ဗလံ အဘိညာဗလံ''ဟုပြု။ ဒုက္ခတော၊ ဒုက္ခအားဖြင့်လည်းကောင်း။ ဝိပဿနံ၊ ဝိပဿနာကို။ အာရဘိတွာ၊ အားထုတ်၍။ ထာမပ္ပတ္တံ၊ အားစွမ်းသို့ရောက်သော။ ဝိပဿနာ ဗလံ၊ ဝိပဿနာ အားအစွမ်းကို။ အာဟရိံ၊ ဆောင်ခဲ့ပြီ။
မှတ်ချက်။ ။ ဤဗုဒ္ဓဝင်အဋ္ဌကထာဖွင့်ပုံသည် ''သော သမာဟိတေ စိတ္တေ၊ ပေ၊ ပုဗ္ဗေ နိဝါသာနဿတိဉာဏာယစိတ္တံ အဘိနိန္နာနေသိံ (အဘိနီဟရိ) ဟုသော ပါဠိတော်စာသွားနှင့်လျော်၏၊ ဤအဋ္ဌာသာလိနီ ဖွင့်ပုံမှာ ပါဠိတော်စာသွားအတိုင်း မကျချေ၊ အဘိညာဉ်ကို ရဖို့ရန် ဝိပဿနာအားအစွမ်းကို ဆောင်သည်ဟူသော စကားလည်း စဉ်းစားဖွယ်ကောင်းလှ၏၊ ဘာ့ကြောင့်နည်း− အဘိညာဉ်တက်ရာ၌ ဝိပဿနာမဖက် သမထသက်သက်ဖြင့် တက်နိုင်သောကြောင့်တည်း၊ ထို့ကြောင့် ''အဋ္ဌဂ္ဂုဏသမူပေတံ'' မှစ၍ ''အဘိညာဗလမာဟရိံ'' တိုင်အောင် အဋ္ဌသာလိနီ ဖွင့်ပြပုံကို ဗုဒ္ဓဝံသအဋ္ဌကထာ ဆရာ အရှင်မဟာဗုဒ္ဓဒတ္တက မနှစ်သက်ချေ။
အနုပုဗ္ဗီကထာ။ ။ပုဗ္ဗာယ−ရှေ့စကားအား၊ အနုရူပံ−လျော်သည်တည်း၊ အနုပုဗ္ဗံ− ေ ရှ့စကားအားလျော်သည်၊ အဗျယီ ဘောသမာသ်၊ အနုပုဗ္ဗံ ပဝတ္တာ အာနုပုဗ္ဗီ၊−ပဝတ္တတဒ္ဓိတ်၊ ရှေ့စကားအားလျော်စွာ ဖြစ်သောစကား၊ ရှေးက ပြောရိုးအတိုင်း ဆက်၍ဆက်၍ လျော်စွာ ဖြစ်သောစကား၊ ဤကဲ့သို့ပုဒ်ကြံလျှင် ဝပတ္တအနက်၌ ဏ ပစ္စည်းသက်၍ ဣတ္ထိဇောတကဤပစ္စည်းသက်ပြီးလျှင် ''အာနုပုဗ္ဗီ'' ဟုရှိသင့်၏၊ သို့သော် စာအများ၌ အနုပုဗ္ဗီဟုချည်း ရှိသည်၊ ''အနုပုဗ္ဗကထာ''ဟု ရှိရာ၌ကား ''ပုဗ္ဗာယ အနုရူပါ အနုပုဗ္ဗာ''ဟု တပ္ပုရိသ်သမာသ်ပြု၍ ''အနုပုဗ္ဗာ''ဟုပင် ပါဌ်မှန်ရှိသင့်၏၊ ထို့နောက်မှ ''အနုပုဗ္ဗာစ+သာ+ကထာစာတိ အနုပုဗ္ဗကထာ'' ဟုပြု။ ကုဋိလေဏစင်္ကမာဒိပ္ပဋိမဏ္ဍိတံ၊ ကျောင်းငယ်, လိုဏ် စင်္ကြံ အစရဟိသော အဆောင်အအုံတို့ဖြင့် တန်တာဆင်အပ်သော။ [ကုဋိဟူသည် ဝစ္စကုဋိမဟုတ်, ကျောင်းကုဋ်ကလေးတည်း]။ ပုပ္ဖူပဂဖပကလူရုက္ခသဉ္ဆန္နံ၊ အပွင့်သို့ ကပ်ရောက်ကုန်အသီးသို့ကပ်ရောက်ကုန်သော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သော။ ဝါ၊ အပွင့်ပွင့်ကုန် အသီးသီးကုန်သော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သော။ ရမဏီယံ၊ မွေ့လျော် သင့်မွေ့လျော်ထိုက်သော။ ဝါ၊ မွေ့လျော်ဖွယ်ကောင်းသော။ မဓုရသလိလာ သယံ၊ ချိုမြိန်သောရေ၏ တည်ရာရေကန်ရှိသော။ [အဿမံ၊ ၌စပ်]။ အပဂတဝါဠမိဂ ဘီသနက သကုဏံ၊ ကင်းသော ရဲရင့်သော ခြင်္သေ့ သစ် ကျားစသော သားကောင်အပေါင်း, ချောက်လှန့်တတ်သော ငှက်အပေါင်းတို့မှကင်းသော။ ပဝိဝေကက္ခမံ၊ အပေါင်းအဖော်တို့မှ ကင်းဆိတ်ခြင်း၌ခဲ့သော။ (ကာယဝိဝေက ရလောက်သော)။ [ကမ္မနိသာဓု ကမ္မညံကဲ့သို့ ''ပဝိဝေကေခမော ပဝိဝေကက္ခမော''ဟု ပြု]။ အဿမံ၊ ကျောင်းသင်္ခမ်းကို။ မာပေတွာ၊ ဖန်ဆင်းပြီး၍ လည်းကောင်း။ [ဂတေ ၌စပ်]။ အလင်္ကတစင်္ကမဿ၊ တန်ဆာဆင်အပ်ပြီးသော စင်္ကြံ၏။ ဥဘောသု၊ နှစ်ဖက် ကုန်သော။ အန္တေသု၊ အစွန်အဖျားတို့၌။ အာလမ္ဗနဖကလံ၊ မှီရာပျဉ်ချပ်ကို။ ဝါ၊ တံကဲမှီပျဉ်ချပ်ကို။ [ထိုင်သောအခါမှီ၍ ထိုင်စရာဖြစ်သောပျဉ်ချပ်ကို ရှေးက ''တိကံ'' ဟုခေါ်ကြသည်]။ သံဝိဓာယ၊ စီရင်ပြီး၍လည်းကောင်း။ နိသီဒနတ္ထာယ၊ ထိုင်ခြင်း အကျိုးငှာ။ စင်္ကမဝေမဇ္ဈေ၊ စင်္ကြံ အလယ်၌။ သမတလံ၊ ညီညွတ်သော အပြင်ရှိ သော။ မုဂ္ဂဝဏ္ဏသိလံ၊ ပဲနောက်အဆင်းရှိသော ကျောက်ဖျာကို။ မာပေတွာ၊ ဖန်ဆင်းပြီး၍လည်းကောင်း။ အန္တောပဏ္ဏသာလာယံ၊ သစ်ရွက်တို့ဖြင့်မိုးအပ်သော ကျောင်းအတွင်း၌။ ဇဋာ၊ပေ၊ကုဏ္ဍိကာဒိကေ၊ ဆံကျစ်ဝန်း, လျှော်တေသင်္ကန်း ၃−ချောင်းထောက်, ကယား အစရှိကုန်သော။မဓုရ သလိလာသယံ။ ။မဓုရံ+သလိလံ မဓုရသလိလံ−ချိုမြိန်သောရေ၊ မဓုရသလိသဿ+ အာသယော−တည်ရာ ရေကန်သည်၊ အသ္မိံ−ဤအဿမ၌၊ အတ္ထိ, ဣတိ မဓုရသလိလာ သယော။
အပဂတဝါဠမိ ဂဘီသနကသကုဏံ။ ။ဝါဠ−ရဲရင့်သော+မိဂ−ခြင်္သေ့, သစ်, ကျား စသော သားကောင်၊ ဝါဠာစ+တေ+မိဂါစာတိ ဝါလမိဂါ၊ ''ဘိသိ'' ဟုဣကာရန္တ ဓာတ်ဖြစ်သောကြောင့် နိဂ္ဂဟိတ်လာ၍ ''ဘိံ သ''ဟု သဒ္ဒနီတိဆို၏၊ သို့သော် သက္ကတ၌ ဘီဓာတ်ကို ဘီသပြုသောကြောင့် ''ဘီသ''ဟုဆရာတို့ရေးတော်မူကြသည်၊ ဘီသယန္တိ−ကြောက်စေတတ် (ချောက်တတ်)ကုန်၏၊ ဣတိ ဘီသနာ, သွတ္ထ၌ က ပစ္စည်းသက်၍ ''ဘီသနကာ''ဟု ဖြစ်၏၊ ဘီသနကာစ−တေ+သကုနာ (ဏ) စာတိ ဘီသနကသကုဏာ၊ဝါဠမိဂါစ+ဘီသနကသကုဏာ စ ဝါဠမိဂဘီသနကသကုဏာ၊ အပဂတာ+ ဝါဠမိဂဘီသနကသကုနာ ယသ္မာတိ အပဂတဝါဠ၊ ပေ၊ သကုဏော (အဿမော)။ [သကုဏော−၌ သကဓာတ် ဥနပစ္စည်'ဖြင့် သကုနဟုလည်းရှိ၏၊ န ကို ဏ ပြု၍ သကုဏဟုလည်းရှိ၏၊ ''အာကာသေ ဂန္တုံ သက္ကောန္တီတိ (ကောင်းကင်၌ ပျံနိုင်သောကြောင့် သကုဏာ'']။ တာပသပရိက္ခာရေ၊ ရသေ့တို့၏ ပရိက္ခရာတို့ လည်းကောင်း။ မဏ္ဍပေ၊ မဏ္ဍပ်၌။ ပါနီယဃဋပါနီယသင်္ခပါနီယသရာဝါနိ၊ သောက်ရေအိုး, သောက်ရေခရုသင်း, သောက်ရေခွက်တို့လည်းကောင်း။ အဂ္ဂိသာ လာယံ၊ မီးတည်းကုပ်၌။ အင်္ဂါရကပလ္လဒါရုအာဒီနိ၊ မီးအိုးကင်း, ထင်းအစရှိသည် တို့လည်းကောင်း။ ဣတိ ဧဝံ၊ ဤသို့။ ယံ ယံ၊ အကြင် အကြင် အသုံးအဆောင်သည်။ ပဗ္ဗဇိတာနံ၊ ရသေ့တို့အား။ ဥပကာရာယ၊ လျော်သောကျေးဇူးကို ပြုခြင်းငှာ။ သံဝတ္တိတိ၊ ဖြစ်၏။ တံတံ၊ ထိုထိုအသုံးအဆောင်ကို။ သဗ္ဗံ၊ အလုံးစုံ အကုန်အစင်။ မာပေတွာ၊ ဖန်ဆင်းပြီး၍လည်းကောင်း။ ပဏ္ဏသာလာယ၊ သစ်ရွက်မိုးကျောင်း၏။ ဘိတ္တိယံ၊ နံရံ၌။ ယေကေစိ၊ အမှတ်မရှိ အလုံးစုံကုန်သော။ ပဗ္ဗဇိတုကာမော၊ ရသေ့ပြုလိုသူတို့သည်။ ဣမေပရိက္ခာရေ၊ ဤပရိက္ခရာတို့ကို။ ဂဟေတွာ၊ ယူ၍။ ပဗ္ဗဇန္တု၊ ရသေ့ပြုကြပါကုန်။ ဣတိ၊ ဤသို့။ အက္ခရာနိ၊ အက္ခရာတို့ကို။ ဆိန္ဒိတွာ၊ ဖြတ်ထွင်း၍။ ဒေဝလောကမေဝ၊ နတ်ပြည်သို့သာ။ ဂတေ၊ ပြန်သွားလသော်။ သုမေဓပဏ္ဍိတော၊ သုမေဓာသုခမိန်သည်။ ဟိမဝန္တပါဒေ၊ ဟိမဝန္တာတောင်ခြေ၌။ ဂိရိကန္ဒရာနုသာရေန၊ တောင်ကြို ချောက်ကြား လျှောက်သွားသဖြင့်။ [ဂိရိ၊ တောင်။ ကန္ဒရ၊ ချောက်။ ကေန+ဒရီယတေတိ ကန္ဒရော၊ ရေသည် ဖောက်ခွဲအပ်သောချောက်၊ ‘’ချောင်’’ဟု လည်းခေါ်ကြ၏။ အတ္တနော၊ မိမိ၏။ နိဝါသနာနုရူပံ၊ နေခြင်းအား လျောက်ပတ်သော။ ဖာသုကဋ္ဌာနံ၊ ချမ်းသာလောက်သောအရပ်ကို။ ဩလောကေန္တော၊ ကြည့်ရှုရှာဖွေလသော်။ နဒီနိဝတ္တနေ၊ မြစ်ရေ၏ ဆုတ်နစ်ရာအရပ် ဆုတ်နစ်ပြီး အခြားတစ်နေရာသို့ ဆက်၍ စီးသွားသောကြောင့် ‘’မြစ်ကွေ့’’ဟုခေါ်သည်။] ဝိသုကမ္မနိမိတံ၊ ဝိသကြုံနတ်သားသည် ဖန်ဆင်းအပ်သော။ သက္ကဒတ္တိယံ၊ သိကြားမင်းသည် ပေးအပ်သော။ ရမဏီယံ၊ မွေ့လျော်အပ်မွေ့ လျော်ထိုက်သော။တိဒဏ္ဍ။ ။တေဒဏ္ဍိကောတိ ကုဏ္ဍီကတ္ထပနတ္ထာယ (ရေကရားကို တင်ထားဖို့ရာ) တိဒဏ္ဍကံ ဂဟေတွာ စရန္တော.....တိက, တိရိဝစ္ဆဇာတကဋ္ဌထာ၊ ဤအလိုရေကရားတင်ဖို့ရာ ၃−ချောင်းထောက် ခုံကလေးကို တိဒဏ္ဍ’’ဟုယူပါ၊ တယော+ဒဏ္ဍာ ယဿာတိ တိဒဏ္ဍံ (ပီဌံ)။ [ဝါးတောင်ဝှေး၏ အဖျား၌ အလံကလေး ၃−ခုတပ်ထားသောကြောင့် ဝါးတောင်ဝှေးကို ဖတိဒဏ္ဍ’’ဟု ဆိုရသောနည်း အခွ ၃−ခုပါသော တောင်ဝှေးကို ‘’တိဒဏ္ဍ’’ ခေါ်သောနည်း, စလွယ် ၃−သွယ်ကို ‘’တိဒဏ္ဍ’’ ခေါ်သောနည်းများကို ဤ၌ မလိုအပ်။]
သက္ကဒတ္တိယံ။ ။သိကြားမင်းစေခိုင်း၍ ဝိသကြုံနတ်သား ဖန်ဆင်း၍ ပေးအပ်သည်ကိုပင် ‘’သက္ကဒတ္တိယ ‘’ဟု ဆိုသည်၊ ဒီယတေတိ ဒိန္နော၊ ဘဒ္ဒနီတိ၌ ‘’နိစ္စံ သက္ကာဒိတော ဒတ္တိယော’’ဟု တည်၍ ဒိန္နကို ဒတ္တိယဟု ပြသည်။ ဝါ၊ မွေ့လျော် ဖွယ်ကောင်းသော။ အဿမံ၊ ကျောင်းသင်္ခမ်းကို။ ဒိသွာ၊ မြင်ရ၍။ စင်္ကမကောဋိံ၊ စင်္ကြံအစွန်သို့။ ဂန္တွာ၊ သွားပြီး၍။ ပဒဝလဉ္ဇံ၊ ခြေရာကို။ အပဿန္တော၊ မမြင်ရသည်။ (ဟုတွာ၊ ။ ဓုဝံ၊ မချွတ်ဧကန်။ ပဗ္ဗဇိတွာ၊ ရသေ့ရဟန်းတို့သည်။ ဓုရဂါမေ၊ ပဓာနဖြစ်သောရွာ၌။ ဝါ၊ အဦးဖြစ်သောရွာ၌။ [ပဓာနေသန္တ ကေဓုရော၊− အဘိဓာန်။] ဘိက္ခံ၊ ဆွမ်းကို။ ပရိ ယေသိတွာ၊ ရှာမှီး၍။ ကိလန္တရူပါ၊ ပင်ပန်းသူ၏ အဖြစ်ဟူသော သဘောရှိကုန်သည်။ (ဟုတွာ)။ [ကိလန္တ ရူပါ၌ဘာဝပဓာန ဘာဝလောပကြံ၊ သို့မှရူပနှင့် အရတူနိုင်သည်။] အာဂန္တာ၊ ပြန်လာ၍။ ပဏ္ဏသာလာယံ၊ သစ်ရွက်မိုးကျောင်းသို့။ ပဝိသိတွာ၊ ဝင်၍။ နိသိန္နေ၊ ထိုင်နေကုန်သည်။ ဘဝိဿ၊ ဖြစ်ကုန်လတ္တံ့။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံစည်တွေး တော၍။ ထောကံ၊ အတန်ငယ်သို့။ ဝါ၊ တစ်ခဏလောက်။ အာဂမေတွာ၊ ဆိုင်းငံ့ပြီး၍။ အတိဝိယ၊ အလွန်သာလျှင်။ [ဝိယသဒ္ဒါ ဧဝအနက်ဟော။ စိရာယန္တိ၊ ကြာမြင့်ကုန်၏။ [စီရံပုဒ်နောင် ဘူဓာတ်အနက်၌ အာယပစ္စည်း သက်ထားသော နာမဓာတ်တည်း။] ‘’ဇာနိဿာမိ၊ အံ့။ ဝါ၊ သိအောင်ပြုအံ့။ ဣတိ၊ ဤသို့ကြံ၍။ ပဏ္ဏသာလကုဋိဒွါရံ၊ သစ်ရွက်မိုးကျောင်းငယ်၏တံခါးကို။ ဝိဝရိတွာ၊ ဖွင့်ပြီး၍။ အန္တော၊ အတွင်းသို့။ ပဝိသိတွာ၊ ဝင်၍။ ဣတောစ၊ ဤမှလည်းကောင်း။ ဣတောစ၊ ဟိုမှလည်းကောင်း။ (တစ်နည်း) ဣတောစိတောစ၊ ဟိုဟိုဒီဒီလည်း။ ဩလောကေန္တော၊ ကြည့်လသော်။ မဟာဘိတ္တိယံ၊ နံရံကြီး၌။ အက္ခရာနိ၊ အက္ခရာတို့ကို။ ဝါစေတွာ၊ တိုးတိုးဆိုစေ၍။ ဝါ၊ ဖတ်၍။ ဧတေ၊ ဤပရိက္ခရာတို့သည်။ မယှံ၊ ငါဖို့။ ကပ္ပိယပရိက္ခာရာ၊ အပ်စပ်သောပရိက္ခရာတို့တည်း။ (ဣတိ၊ ဤသို့ဆုံးဖြတ်၍)။ ဣမေ၊ ဤပရိက္ခရာတို့ကို။ ဂဟေတွာ၊ ယူ၍။ ပဗ္ဗဇိဿာမိ၊ ရသေ့ရဟန်းပြုတော့အံ့။ ဣတိ၊ ဤသို့ကြံ၍။ အတ္တနော၊ မိမိသည်။ နိဝတ္ထပါရုတံ၊ ဝတ်အပ် ခြုံအပ်သော။ သာဋကယုဂံ၊ လူဝတ်အစုံကို။ ပဇဟိ၊ ပယ်စွန့်ပြီ။ [‘’သုမေဓမဏ္ဍိတော’’ဟု ကတ္တားရှိသောကြောင့် ‘’ပဇဟိ’’ ဟုပါဌ်မှန်ရှိရသည်။]
ဟီရံ ဟီရံ။ ။ဟီရံ ဟီရံကို အဝယဝံ အဝယဝံဟု ယောဇနာဖွင့်၏၊ ဟိဓာတ်+ရက် ပစ္စည်းဖြင့် ဒီဃပြု၍ ‘’ဟီရံ’’ဟု ဖြစ်သတတ်၊ ဟိနောတိ ပဝတ္တတိ−အစိတ်စိတ် ဖြစ်တတ်၏၊ ဣတိဟီရံ။ (နိဒ္ဒိဋ္ဌော၊ ညွှန်ပြအပ်သော)။ ဧကော၊ တစ်ပါးသော။ အာနိသံသော၊ အကျိုးတည်း။ (ဝါကစီရံ၊ ကို)။ သဟတ္ထာ၊ မိမိလက်ဖြင့်။ ဝါ၊ ကိုယ်တိုင်။ ကာတုံ၊ ပြုခြင်းငှာ။ သက္ကာ၊ တတ် ကောင်း၏။ ဣတိ အယံ၊ ဤကိုယ်တိုင်ပြုနိုင်သည်၏ အဖြစ်သည်။ ဒုတိယော၊ နှစ်ခုမြောက်သော။ အာနိသံသော၊ တည်း။ (ဝါကစီရံ၊ သည်)။ ပရိဘောဂေန၊ သုံးစွဲခြင်းကြောင့်။ သဏိကံ၊ ဖြေးဖြေး။ ကိလိဿတိ၊ ညစ်နွမ်း၏။ ဓောဝိယမာနေပိ၊ ဖွပ်လျှော်အပ်သော်လည်း။ ပပဉ္စော၊ ကိစ္စလုပ်ငန်းကို ချဲ့ထွင်ခြင်းသည်။ ဝါ၊ ကြာမြင့် ခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိ အယံ၊ ဤသုံးစွဲခြင်းကြောင့် တဖြည်းဖြည်း ညစ်နွမ်းသည်၏ အဖြစ်သည်။ တတိယော၊ ၃ခုမြောက်သော။ အာနိသံသော၊ တည်း။ (ဝါကစီရေ၊ သည်)။ ပရိဘောဂေန၊ သုံးစွဲခြင်းကြောင့်။ ဇိဏ္ဏေပိ၊ ဆွေးမြည့်ပါသော်လည်း။ သိဗ္ဗိတဗ္ဗာ ဘာ ဝေါ၊ ချုပ်ထိုက်သည်၏အဖြစ်၏ မရှိခြင်းသည်။ (အပ်ချုပ်ဖွယ်မလိုခြင်းသည်)။ စတုတ္ထော၊ ၄−ခုမြောက်သော။ အာနိသံသော၊ တည်း။ ပုန၊ တစ်ဖန်။ ပရိယေသန္တဿ၊ ရှာမှီးသော ရသေ့ ရဟန်း၏။ သုခေန၊ လွယ်ကူသဖြင့်။ ကရဏဘာဝေါ၊ ပြုအပ်သည်၏အဖြစ်သည်။ ပဉ္စမော၊ ၅−ခုမြောက်သော။ အာနိသံသော၊ တည်း။ တာပသပဗ္ဗဇ္ဇာယ၊ ရသေ့အဖြစ်ဟူသော ပဗ္ဗဇ္ဇာအား။ သာရုပ္ပဘာဝေါ၊ လျောက်ပတ်သည်၏အဖြစ်သည်။ ဆဋ္ဌော၊ ၆−ခုမြောက်သော။ အာနိသံသော၊ တည်း။ ပစ္စိတ္ထိကာနံ၊ တို့၏။ နိရုပဘောဂဘာဝေါ၊ အသုံးအဆောင် မဟုတ်သည်၏အဖြစ်သည်။ သတ္တမော၊ ၇−ခုမြောက်သော။ အာနိသံသော၊ တည်း။ ပရိဘုဉ္ဇန္တဿ၊ သုံးစွဲသော ရသေ့ရဟန်း၏။ ဝိဘူသနဋ္ဌာနာဘာဝေါ၊ တန်ဆာ၏ အဖြစ်၌တည်ခြင်း၏ မရှိခြင်းသည်။ အဋ္ဌမော၊ ရှစ်ခုမြောက်သော။ အာနိသံသော၊ တည်း။ ဓာရဏေ၊ သွားလေရာရာဆောင်ယူခြင်း၌။ သလ္လဟုကဘာဝေါ၊ ပေါ့ပါးသည်၏အဖြစ်သည်။ နဝမော၊ ၉−ခုမြောက်သော။ အာနိသံသော၊ တည်း။ စီဝရပစ္စယေ၊ သင်္ကန်းဟူသော ပစ္စည်း၌။ အပ္ပိစ္ဆဘာဝေါ၊ နည်းသော အလိုရှိသူ၏ အဖြစ်သည်။ ဒသမော၊ ၁၀−ခုမြောက်သော။ အာနိသံသော၊ တည်း။ ဝါကုပ္ပတ္တိယာ၊ လျှော်မှ ဖြစ်ခြင်းကြောင့်။ ဓမ္မိကအနဝဇ္ဇဘာဝေါ၊ တရားနှင့် လျော်သည်၏အဖြစ်, အပြစ်မရှိသည်၏ အဖြစ်သည်။ ဧကာဒသမော၊ ၁၁− ခုမြောက်သော။ အာနိသံသော၊ တည်း။ ဝါကစီရေ၊ လျှော်တေသင်္ကန်းသည်။ နဋ္ဌေပိ၊ ပျောက်ပျက်ပါသော်လည်း။ အနပေက္ခဘာဝေါ၊ ငဲ့ကွက်ခြင်းမရှိသည်၏ အဖြစ်သည်။ ဒွါဒသမော၊ ၁၂−ခုမြောက်သော။ အာနိသံသော၊ တည်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ရှေးအနက်။ ။ ရှေးက‘’သခုရံ−ခြေသည်းမြွာနှင့်တကွဖြစ်သော၊အဇိနစမ္မံ−သစ်နက်ရေကို’’ဟုလည်း တစ်နည်းပေးကြသေး၏၊ ‘’ခုရံကိုလည်း ခွာနှင့်တူသော ခြေသည်းမြွာကို သဒိသူပစာရအားဖြင့် ဟော၏’’ဟု ယူကြ၏၊ ဂဏ္ဌိ၌ကား ‘’သစ်နက်’’ဆိုသော်လည်း ‘’တကယ်နက်သော သားကောင်မဟုတ်, သားကောင်တစ်မျိုး၏ နာမည်သာ’’ဟုဆို၍ ‘’သခုရံ−ခွာနှင့်တကွဖြစ်သော’’ဟုသာ ပေးစေလိုသည်။ ဩလဂ္ဂေတွာ၊ တွဲရရွဲချိတ်၍။ ခါရိကာဇံ၊ ရသေ့ပရိက္ခရာဝန်တို့ ဖြင့် ပြည့်သောထမ်းပိုးကို။ အံသေ၊ ပခုံး၌။ ကတွာ၊ ပြု၍။ (ထမ်း၍)။ ဒက္ခိဏေန ဟတ္ထေန၊ လကျော်လက်ဖြင့်။ ကတ္တရဒဏ္ဍံ၊ တောင်ဝှေးကို။ ဂဟေတွာ၊ ကိုင်၍။ ပဏ္ဏ သာလတော၊ သစ်ရွက်မိုးကျောင်းမှ။ နိက္ခမိတွာ၊ ထွက်၍။ သဋ္ဌိဟတ္ထေ၊ အတောင် ခြောက်ဆယ်ရှိသော။ မဟာစင်္ကမေ၊ စင်္ကြံမ၌။ [ဘေး ၂ ဖက်က စင်္ကြံ မြှောင်ကို တားမြစ်လို၍ ‘’မဟာ’’ဟု ဝိသေသနထည့်သည်။] အပရာပရံ၊ ထိုမှဤမှ။ ဝါ၊ ခေါက်တုံခေါက်ပြန်။ စင်္ကမန္တော၊ စင်္ကြံသွားလျက်။ အတ္တနော၊ မိမိ၏။ ဝေသံ၊ ရသေ့အသွင်ကို။ ဩလောကေတွာ၊ ကြည့်၍။ မယှံ၊ ငါ၏။ မနောရထော၊ စိတ်၏ အလိုသည်။ မတ္ထကံ၊ အထွတ်အထိပ်သို့။ ပတ္တော၊ ရောက်ပေပြီတကား။ မေ၊ ငါ၏။ ပဗ္ဗဇ္ဇာ၊ ရသေ့အဖြစ်သည်။ သောဘတိဝတ၊ တင့်တယ်ပေစွတကား။ အယံပဗ္ဗဇ္ဇာနာမ၊ ဤရသေ့အဖြစ်မည်သည်ကို။ ဗုဒ္ဓပစ္စေက ဗုဒ္ဓါဒီဟိ၊ ဘုရား, ပစ္စေကဗုဒ္ဓါ အစရှိကုန်သော။ သဗ္ဗေဟိပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။ ဓီရပုရိသေဟိ၊ ပညာရှိယောက်ျားတို့သည်။ ဝဏ္ဏိတာ၊ ချီးမွမ်းအပ်ပြီ။ ထောမိတာ၊ ထောမနာအပ်ပြီ။ မေ၊ ငါသည်။ ဂိဟိဗန္ဓနံ၊ လူတို့၏ အနှောင်အဖွဲ့ကို။ ပဟီနံ၊ ပယ်အပ်ပေပြီ။ နေက္ခမ္မံ၊ လူ့ဘောင်မှ ထွက်မြောက်ကြောင်း ရသေ့အဖြစ်သို့။ [‘’နေက္ခမ္မံ ပဌမဇ္ဈာနေ, ပဗ္ဗဇ္ဇာယံ’’စသော အဘိဓာန်လာ ၅ နက်တို့တွင် ဣ၌နေက္ခမ္မသဒ္ဒါသည် ပဗ္ဗဇ္ဇာယ အနက်ဟော။] နက္ခန္တော၊ ထွက်ပြီးသည်။ အသ္မိ၊ ဖြစ်၏။ မေ၊ ငါသည်။ ဥတ္တမပဗ္ဗဇ္ဇာ၊ မြတ်သောရသေ့အဖြစ်ကို။ လဒ္ဓါ၊ ရအပ်ပြီ။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကရိဿာမိ၊ ပြုတော့အံ့။ အဂ္ဂဖလသုခံ၊ မြတ်သောဖိုလ်ချမ်းသာကို။ လဘိဿာမိ၊ ရတော့အံ့။ ဣတိ၊ ဤသို့ကြံ၍။ ဥဿာဟဇာတော၊ ဖြစ်သောအားတက်သရော်ရှိသည်။ (ဟုတွာ)။ ခါရိကာဇံ၊ ရသေ့ပရိက္ခရာဝန်တို့ဖြင့် ပြည့်သောထမ်းပိုးကို။ ဩတာရေတွာ၊ ချ၍။ [ပခုံးပေါ်မှချ၍။] စင်္ကမဝေမဇ္ဈေ၊ စင်္ကြံအလယ်၌။ မုဂ္ဂဝဏ္ဏသိလာပဋ္ဋေ၊ ပဲနောက်အဆင်းရှိသော ကျောက်ဖျာ၌။ သုဝဏ္ဏ ပဋိမာဝိယ၊ ရွှေအဆင်းတုတော်ကဲ့သို့။ နိသိန္နော၊ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေလျက်။ ဒိဝသဘာဂံ၊ နေ့အဖို့ကို။ ဝီတိနာမေတွာ၊ လွန်စေပြီး၍။ သာယနှသမယံ၊ ညနေချမ်းအချိန်၌။ ပဏ္ဏသာလံ၊ သစ်ရွက်မိုးကျောင်းသို့။ ပဝိသိတွာ၊ ဝင်ပြီး၍။ ဝိရလ မဉ္စကပဿေ၊ ခပ်ကျဲကျဲ ခက်အပ်သော ညောင်စောင်းငယ်၏ဘေး၌။ ဝိရလမဉ္စက။ ။ကြိမ်နွယ်တို့ဖြင့် ကျိုးတိုးကျဲတဲ ဖွဲ့ကြက်ထားအပ်သောကြောင့် ဝိရလ (ဝိရဠ) ဟုဆိုဟန်တူသည်၊ ‘’ဝိရလံ−ကျိုးတိုးကျဲတဲ+ ဝီတံ−ရက်အပ် ဖွဲ့ကြက်အပ်သော+ မဉ္စကံ ဝိရဠမဉ္စကံ’’ဟုပြု၊ ‘’ဝီတမဉ္စက’’ဟုလည်း မူကွဲရှိ၏၊ ‘’ကြိမ်နွယ်တို့ဖြင့် ဖွဲ့ကြက်အပ်သော ညောင်စောင်း’’ဟုပင် အနက်ထွက်၏။ [စာအုပ်တို့၌ ‘’ဗိရလဟုလည်းရှိ၏၊ အဘိဓာန်၌ မရှိ။] ကဋ္ဌတ္ထရိကာယ၊ သစ်သားအခင်း၌။ နိပန္နော၊ လျောင်းလျက်။ သရီရံ၊ ကိုယ်ကို။ ဥတုံ၊ အငွေ့ကို။ ဂါဟာပေတွာ၊ ယူစေ၍။ ဗလဝပစ္စူသေ၊ အားရှိသော မိုးသောက် အချိန်၌။ (‘’ပစ္ဆိမယာမ်၌’’ဟု ယောဇနာဖွင့်၏)။ ပဗုဇ္ဈိတွာ၊ နိုး၍။ အတ္တနော၊ မိမိ၏။ အာဂမနံ၊ တောထွက်၍ လာခဲ့ပုံကို။ အာဝဇ္ဇေသိ၊ ဆင်ခြင်ပြီ။ (ကိံ၊ အဘယ်သို့ဆင်ခြင်သနည်း)။ အဟံ၊ ငါသည်။ ဃရာဝါသေ၊ အိမ်ဟူသောအာဝါသ၌။ ဝါ၊ အိမ်ရာတည်ထောင်လူဘောင်၌။ အာဒီနဝံ၊ အပြစ်ကို။ ဒိသွာ၊ မြင်၍။ အမိတဘောဂံ၊ မနှိုင်းယှဉ်အပ်သော စည်းစိမ်ကို လည်းကောင်း။ အနန္တ ယသံ၊ အဆုံးအပိုင်းအခြားမရှိသော အခြွေအရံကို လည်းကောင်း။ ပဟာယ၊ ပယ်စွန့်၍။ အရညံ၊ တောသို့။ ပဝိသိတွာ၊ ဝင်၍။ နေက္ခမ္မံ၊ နိဗ္ဗာန်ချမ်းသာကို။ [ဤနေရာ၌ကား ‘’နေက္ခမ္မသဒ္ဒါသည် နိဗ္ဗာန်အနက်ဟော’’ ဟုယောဇနာဆို၏။] ဂဝေသန္တော၊ ရှာမှီးလိုသည်။ ဟုတွာ၊ ၍။ ပဗ္ဗဇ္ဇိတော၊ ရသေ့အဖြစ်သို့ ကပ်ရောက်ခဲ့ပြီ။ ဒါနိ၊ ယခုအခါ၌။ ဣတော၊ ဤနေ့မှ။ ပဋ္ဌာယ၊ စ၍။ ပမာဒစာရံ၊ မေ့မေ့လျော့လျော့လှည့်လည်ခြင်းကို။ စရိတုံ၊ လှည့်လည်ခြင်းငှာ။ န ဝဋ္ဋတိ၊ မသင့်။ [စာရံနှင့် စရိတုံသည်အရတူသောကြောင့် အဘေဒဘေဒူပစာကြံ။] ဟိ၊ မှန်၏။ ပဝိဝေကံ၊ အပေါင်းအဖော် ကိလေသာတို့မှ ကင်းဆိတ်ခြင်းကို။ ပဟာယ၊ ပယ်စွန့်၍။ ဝိစရန္တံ၊ လှည့်လည်သူကို။ မိစ္ဆာဝိတက္က မက္ခိကာ၊ မိစ္ဆာဝိတက်တည်းဟူသော မှက် ခြင်တို့သည်။ ခါဒန္တိ၊ ခဲစားကုန်၏။ [ဝိဝေကရဖို့ အားမထုတ်သူမှာ ကိလေသာ တိုးနေသည်ဟူလို။] ဣဒါနိ၊ ယခုအခါ၌။ မယာ၊ ငါသည်။ ပဝိဝေကံ၊ အပေါင်းအဖော်ကိလေသာတို့မှ ကင်းဆိတ်ခြင်းကို။ အနုဗြူဟေတုံ၊ အဖန်ဖန် တိုးပွားစေခြင်းငှာ။ ဝဋ္ဋတိ၊ သင့်၏။ ဟိ၊ မှန်။ အဟံ၊ ငါသည်။ ဃရာဝါသံ၊ အိမ်ဟူသော အာဝါသကို။ ဝါ၊ အိမ်ရာတည်ထောင်လူ၏ဘောင်ကို။ ပလိဗောဓတော၊ နှောင့်ယှက်တတ်သော ဘေးရန်၏အဖြစ်ဖြင့်။ကဋ္ဌတ္ထရိကာယ။ ။ကဋ္ဌ+အတ္ထရိကာ၊ အာပုဗ္ဗ ထရဓာတ်၊ ဏျပစ္စည်း, ဣ အာဂုံဟုကြံ၊ အတ္ထရီယတေ−ခင်းအပ်၏၊ ဣတိ အတ္ထိရိယာ၊ ယကို ကပြု၊ ဝုဒ္ဓိပြု၍ ‘’တ္ထာ’’ဟု ရှိလျှင်ကောင်း၏၊ အခြားနေရာ၌ အပစ္စည်းဖြင့် ‘’အတ္ထရ’’ဟုသာ တွေ့ရ၏၊ ထို့ကြောင့် ‘’ ‘’အတ္ထရိယတေတိ အတ္ထရော၊ အတ္ထရောယေဝ အတ္ထရိကာ’’ဟု သော်လည်း ကြံပါ၊ ကဋ္ဌေန+ကထာ+အတ္ထရိကာ ကဋ္ဌတ္ထရိကာ−သစ်သားဖြင့် ပြုအပ်သော အခင်း၊ (သစ်သားပျဉ်ချပ်)၊ ညောင်စောင်းဘေး၌ထားအပ်သော ထိုအခင်းပေါ်၌သာ လဲလျောင်းသည်၊ ညောင်စောင်းပေါ်၌မ အိပ်−ဟူလို၊ [ယော ဇနာ၌ ‘’ကဋ္ဌာဧဝ အတ္ထရိကာ ကဋ္ဌတ္ထရိကာ’’ဟုပြု၍ ‘’အတ္ထရိတ ပဒရကဋ္ဌသ္မိံ−ခင်းအပ်သော ပျဉ်ချပ်သစ်သား၌’’ ဟု အနက်ဖွင့်၏။]
မိစ္ဆာဝိတက္ကမက္ခိတာ။ ။ကာမ, ဗျာပါဒ, ဝိဟိံ သာဝိတက်ကို မိစ္ဆာဝိတက်ဟု ဆိုသည်၊ မက္ခိကသဒ္ဒါသည် ‘’မက္ခိကာ ပူတိမိစ္ဆန္တိ’’၌ ယင်ကောင်ကိုဟော၏၊ ‘’မက္ခိကမဓု’’၌ ယင်ပျားကိုဟော၏၊ ‘’ဝမ္မိကေဟိ မက္ခိကာ နိက္ခမိံသု’’ ၌ ပလူကိုဟော၏၊ ဤ၌ကား ‘’ခါဒန္တိ’’ဟု ဆိုသောကြောင့် မှက်−ခြင် အနက်ကိုယူသင့်သည်။ ဒိသွာ၊ မြင်၍။ နိက္ခန္တော၊ ထွက်ခဲ့ပြီ။ [‘’ဃရာဝါသ ပလိဗောဓတော အာဒီနဝံ−ဒိသွာ’’ဟုလည်းရှိ၏, မကောင်း။] အယဉ္စ ပဏ္ဏသာလာ၊ ဤသစ်ရွက်မိုးကျောင်းသည်လည်း။ မနာပါ၊ စိတ်ကို တိုးပွားစေတတ်၏။ ဝါ၊ မြတ်နိုးဖွယ်ကောင်း၏။ ပရိဘဏ္ဍကထာ၊ ပြုအပ်ပြီးသော ပရိဘဏ်ရှိသော။ ဝါ၊ ထက်ဝန်းကျင် အပြေအပြစ် ပြုအပ်ပြီးသော။ ဘူမိ၊ မြေသည်။ ဗေလုဝပက္ကဝဏ္ဏာ၊ ဥသျှစ်သီးမှည့် အဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိ၏။ သေတဘိတ္တိယော၊ ဖြူသောနံရံတို့သည်။ ရဇတဝဏ္ဏာ၊ ငွေအဆင်းရှိ၏။ ဝိရလမဉ္စကော၊ ကျိုးတိုကျဲတဲခက်အပ်သော ညောင်စောင်းငယ်သည်။ ဝိစိတ္တတ္ထရဏဝဏ္ဏော၊ ဆန်းကြယ်သောအခင်း၏ အဆင်းရှိ၏။ ဝသနဋ္ဌာနံ၊ နေရာအရပ်သည်။ နိဝါသဖာသုကံ၊ နေခြင်း၌ ချမ်းသာ၏။ မေ၊ ငါ၏။ ဂေဟသမ္ပဒါ၊ အိမ်၏ပြည့်စုံခြင်းသည်။ ဧတ္တော၊ ဤနေရာ အရပ်ထက်။ အတိရေကတရာဝိယ၊ သာလွန်သကဲ့သို့။ န ပညာယတိ၊ မထင်ရှား။ [‘’လူ့ဘောင်တုန်းကအိမ်သည် ဤနေရာထက်မသာပါ’’ဟူလို။] ဣတိ၊ ဤသို့။ အာဝဇ္ဇေသိ၊ ဆင်ခြင်ပြီ။ (ဣတိ၊ ဤသို့ဆင်ခြင်ပြီး၍)။ ပဏ္ဏသာလာယ၊ သစ်ရွက်မိုးကျောင်း၏။ ဒေါသေ၊ အပြစ်တို့ကို။ ဝိစိနန္တော၊ စူးစမ်းစိစစ်လသော်။ အဋ္ဌဒေါသေ၊ ရှစ်ပါးကုန်သော အပြစ်တို့ကို။ ပဿိ၊ တွေ့မြင်ရပြီ။
ဥပ္ပဇ္ဇန္တေ၊ပေ၊ဒေသနေ။ ။ဥပ္ပဇ္ဇန္တေ ဇာယန္တေကို ‘’ပဋိသန္ဓိဂ္ဂဟဏေ, မာတု ကုစ္ဆိတော နိက္ခမနေ’’ဟု ယုပစ္စည်းဖြင့် ဗုဒ္ဓဝံသ အဋ္ဌကထာဖွင့်၏၊ ထိုသို့ဖွင့်သောကြောင့် အန္တ ပစ္စည်းသည်ဘောဟော မာနပစ္စည်းမှပြန်သော အန္တဟု ဆို၍ ‘’ပဋိသန္ဓေနေတော်မူခြင်း၌’’ဟု ပေးကြ၏၊ မိမိကား ရိုးရာ လက္ခဏာအနက်ပေးလျှင် အာဓာရသဘောလည်း ပါဝင်နိုင်သည်’’ဟု ယူဆ၍လက္ခဏအနက်သာ ပေးလိုက်သည်၊ ဓမ္မဒေသနေ၌ကား တရားဟောခြင်းကို အရကောက်လျှင် ဣတ္ထိလိင်မှ ပုလ္လိင်ပြန်သော လိင်္ဂဝိပလ္လာသ ဟုကြံပါ။ ကာလကို အရကောက်ရာ၌ကား ‘’ဒေသီယတိ ဧတ္ထာတိ ဒေသနော’’ ဟု ပြု။
စတုရော နိမိတ္တေ။ ။’’စတ္တာရိ နိမိတ္တာနိ’’ဟုဆိုသင့်လျက် လိင်္ဂဝိပလ္လာသနည်းအားဖြင့် ‘’စတုရော နိမိတ္တေ’’ ဟု ပုလ္လိင် ဆိုထားသည်၊ နိမိတ်တို့သည် ၄ပါးမက, ၃၂−ပါးရှိ၏၊ သို့သော် နိမိတ်ဖြစ်ရာဌာနက ၄ဌာနသာ ရှိသောကြောင့် ဌာနုပစာရအားဖြင့် ‘’စတုရော’’ဟု ဆိုသတတ်။ အချို့ကား ‘’စတုရော (စတူသု)−၄ဌာနတို့၌‘’ ဟု ဝိဘတ္တိဝိပလ္လာသ ကြံကြ၏၊ တစ်သောင်းသောလောကဓာတ်၏ တုန်လှုပ်ခြင်းစသော နိမိတ် ၃၂−ပါးကို အဋ္ဌသာလိနီဂဏ္ဍိနှင့် ဗုဒ္ဓဝံသအဋ္ဌကထာတို့၌ ရှုပါ။ သောဓေန္တိ၊ သောင်းသောင်းဖြဖြ သုတ်သင်ရှင်းလင်းကြကုန်၏။ [‘’ပစ္စန္တ ဒသ’’ ဟုဆိုသော်လည်း ရပ်ပြစ်ရှစ်ပါးတွင် ပါဝင်သော ပစ္စန္တမဟုတ်၊ မဇ္ဈိမဒေသတွင် အစွန်ကျသောကြောင့် ပစ္စန္တဒေသဟုဆိုသည်။] (မဇ္ဈိမဒေသဿေဝ ဧကပဿေ ပစ္စန္တဒေသသည်တေ ဇနပဒေ၊−ဗုဒ္ဓဝံသ အဋ္ဌကထာ။) ဋီကာ၌ ‘’သောဓေတိဇနော’’ဟု တွေ့ရ၏၊ ထို့ကြောင့် ‘’သောဓေတိ တုဋ္ဌမာနသော’’ဟု ဧကဝုစ်ပြင်ကြ၏၊ ဤသို့ပြင်မှလည်းနောက်၌ ‘’ဝေဒဇာတံ ဇနံ ဒိသွာ’’ဟူသောစကားနှင့်ညီ၏။
**အဉ္ဇသံ ဝဋုမာယနံ။ ။ဤ ၃−ပုဒ်သည် မဂ္ဂသဒ္ဒါ၏ ပရိယာယ်ပုဒ်များတည်း၊ အဉ္ဇဓာတ်, ဝဇဓာတ်, အယဓာတ်တို့သည် ဂတိအနက် ရှိကြ၏၊ ထို့ကြောင့် ‘’အဉ္ဇတိ ဂစ္ဆတိ ဧတေ နာတိ အဉ္ဇသံ၊ (အသပစ္စည်း) ဝဇတိ ဧတေနာတိ ဝဋုမံ (ဇ−ကို ဋပြု၊ ဥပမာပစ္စည်း)၊ အယတိ ဂစ္ဆတိ ဧတေ နာတိ အယနံ’’ ဟုပြု၊ မဂ္ဂသဒ္ဒါ၏ အကြောင်း ဥပါယအနက်ကို ယူမည်စိုး၍ အဉ္ဇသံဟု ဝိသေသနပြု၊ ထိုအဉ္ဇသလည်း ဥဇုကတ္ထ စသည်ကို ဟောရကား [ဝဋုမံ’’ဟုထပ်၍ ဝိသေသနပြု၊ ထိုဝဋုမလည်း ‘’ပရိဝဋုမော− ထက်ဝန်းကျင် လုံးဝိုင်း၏’’ စသည်ဖြင့် ပရိမဏ္ဍလစသော အနက်ကိုဟောရကား ‘’အယန’’ ဟုထပ်၍ ဝိသေသနပြုရသည်−ဟု မဏဒီပကြံသတတ်၊ ဝိသေသန ၆ မျိုးတွင် တဗ္ဘာဝတာ (ထိုသဘောကို ထင်ရှားပြသော) ဝိသေသနတည်း။] (တစ်နည်း) မဟာဇနော၊ များစွာသော လူအပေါင်းသည်။ တုဋ္ဌဟဋ္ဌော၊ နှစ်သက်ရွှင်လန်းသည်။ ပမုဒိတော၊ လွန်စွာဝမ်းမြောက်သည်။ ဝေဒဇာတော၊ ဖြစ်သောနှစ်သက်ခြင်းရှိသည်။ (ဟုတွာ၊ ၍။ မဂ္ဂံ၊ လမ်းကို။ သောဓေတိ၊ သုတ်သင်၏။ တုမှေဟိ၊ သင်တို့သည်)။ ကဿ၊ အဘယ်သူဖို့။ အဉ္ဇသံ၊ အဉ္ဇသမည်သော။ ဝဋုမံ၊ ဝဋုမမည်သော။ အယနံ၊ အယနမည်သော။ မဂ္ဂေါ၊ လမ်းကို။ သော ဓီယတိ၊ သုတ်သင်အပ်ပါသနည်း။ (ဣတိ၊ ဤသို့ မေးပြီ)။
မှတ်ချက်။ နပုလ္လိင် မြဲသောကြောင့် ဒုတိယနည်း၌ မဂ္ဂေါနှင့်တွဲသော်လည်း ‘’အဉ္ဇသံ ဝဋုမံ အယနံ’’ဟု ရှိရသတတ်၊ သို့သော် ထိုထိုနေရာ၌ ‘’ဝါယောဓာတု အဉ္ဇသောဟောတိ’’ဟု လည်းကောင်း ‘’ဧကာယနောယံ ဘိက္ခဝေ မဂ္ဂေါ’’ဟု လည်းကောင်း တွေ့ရသောကြောင့် ထိုအဆိုနှင့်တကွကံဟောဝါကျကိုပါ စဉ်းစားသင့်သည်။
အဒံသု တေ မမော ကာသံ။ ။အဉံ သုမေဓပဏ္ဍိတော် မဟိဒ္ဓိကော မဟာနုဘာဝေါတိ ဇာနမာနော ဒုဗ္ဗိသောဓနံ (အသုတ်သင်ခက်သော) ဥဒကသမ္ဘိန္နံ (ရေနှင့်ရောစပ်သော) အတိဝိယ ဝိသမံ (အလွန်မညီညွတ်သော) ဧကံ ဩကာသံသလ္လက္ခေတွာ၊ပေ၊ အဒံသု။− ဇိနော လင်္ကာရဋီကာ။ ပဝေဒယိံ၊ သိစေပြီ။
နရမရူ။ ။နရသဒ္ဒါသည် ‘’နရနာရီယော’’ဟုရှိရာ၌ လူယောက်ျား အနက်ကိုဟော၏၊ နရုတ္တမော၌ ‘’သတ္တဝါ’’ဟူသော အနက်ကိုဟော၏၊ ဤနေရာ၌ ယောက်ျား မိန်းမနှင့် ဆက်ဆံသော ‘’လူ’’ဟူသော အနက်ကိုဟော၏။ [‘’မရတိ−အသက်အပိုင်းအခြား အတိုင်း သေတတ်၏ ဣတိ မရူ’’ဟု ဝိဂြိုဟ်ပြု၍ နတ်ကိုဟောသည်၊ မရဓာတ်, ဦပစ္စည်း၊ မောဂ္ဂလ္လာန် ၌ကား ‘’ရူကာယေန သဟေဝ မရတိ−ရူပကာယနှင့် အတူသေတတ်၏၊ ဣတိ မရူ’’ဟုဝိဂြိုဟ် ပြုသည်။]
သံသာရသောတံ။ ။ခန္ဓာအာယတနဓာတ်တို့၏ အဆက်မပြတ် ဖြစ်ခြင်းသည် ရေအယဉ်နှင့်တူသောကြောင့် ‘’သံသာရသင်္ခါတော+သောတော သံသာရသောတော’’မည်၏၊ (တစ်နည်း) သံသရာကို ပြုတတ်သော တဏှာရေအယဉ်ကို ‘’သံသာရဿ+ကာရကော+သောတော သံသာရသောတာ’’ဟုဆိုသည်။ [ဗုဒ္ဓဝံသအဋ္ဌကထာ။]
*ဥဂ္ဂတာပနံ။ ။သက္ကတ၌ဥစဓာတ်, ရက်ပစ္စည်းဖြင့်ပြီးသော ဥဂြသဒ္ဒါသည် ပါဠိ၌ ‘’ဥဂ္ဂ’’ဟုဖြစ်၏၊ အနက်များစွာတွင် ‘’ဥတ်ကဋ (တိဗ္ဗ)−ထက်မြက်’’ဟူသော အနက်ကို လည်းဟော၏၊ တာပ၌ တပဓာတ်ကားဘူ, စု, ဒိ ၃ဂိုဏ်း၌ ဒါဟ−ပူလောင်ခြင်းအနက်ကို ဟော၏၊ ကိလေသာကို လောင်မြိုက်တတ်သောအကျင့်ကို ‘’တာပန’’ ဟုဆိုပါ၊ စုရာဒိဏေပစ္စည်း သက်၍ ‘’တာ’’ဟု ဝုဒ္ဓိဖြစ်၏၊ (တစ်နည်း) ဆန်းကြောင့် ဒီဃပြုထား၏၊ ဥဂ္ဂံ+တာပနံ ယဿာတိ ဥဂ္ဂတာပနော။
အဟော (အဟု)။ ။ဂဏ္ဌိ၌ ‘’ဣမဿ တာပသဿ−၏၊ ဣဒံ ကမ္မံ−အသက်ကိုစွန့်၍ ညွန်၌လျောင်းသောဤအမူသည်၊ အဟော အံ့ဖွယ်သာတည်း’’ ဤသို့စသည်ဖြင့် အနက်ယောဇနာ၏၊ ဗုဒ္ဓဝင်အဋ္ဌကထာ၌ ‘’အဟူတိ အဟနိ (ဘုရားဖြစ်ခါနီးရာနေ့၌) အထာတိအတ္ထော’’ဟုတွေ့ရ၏၊ အယမေဝ ဝါပါဌောဟု လည်းဆိုသေး၏၊ ထို့ကြောင့် ရှေးကပင် ‘’အဟော’’ဟုလည်းကောင်း ‘’အဟု’’ ဟုလည်းကောင်း, ‘’အဟနိ’’ ဟုလည်းကောင်းပါဌ် အမျိုးမျိုးရှိဟန်တူသည်၊ မည်သို့ပင်ရှိစေကာမူ ‘’အထ−ထိုအခါ၌’’ဟူသော အနက်ယူစေလို ဟန်တူသည်။ [ဂဏ္ဌိ၌ကား ‘’အဟူတိ အဟောသီတိ အတ္ထော’’ဟု ဗုဒ္ဓဝင် အဋ္ဌကထာရှိကြောင်း ကိုဆိုသေး၏။] ပဒဟိတွာန၊ အားထုတ်၍။ ဒုက္ကရကာရိယံ၊ ခဲယဉ်းစွာပြုအပ်သော အကျင့်ကို။ ကတွာ၊ ပြုကျင့်ပြီး၍။
သုဒ္ဓေါဒနောနာမ။ ။သုဒ္ဓေါဒနမင်း၏ ရာဇာဖြစ်ကြောင်းကိုပါဠိတော်၌ မတွေ့၊ ထို့ကြောင့် ‘’ရာဇာ မဟုတ်’’ဟု ခေတ်လူတို့က ဝေဖန်ကြ၏၊ သုတ်မဟာဝါ−မဟာပဒါနသုတ် ပါဠိတော်၌ ‘’သုဒ္ဓေါဒနောနာမရာဇာပိတာ’’ဟု ဟောတော်မူ၏၊ ဇနပဒကလျာဏီ ထေရီအပဒါန်၌လည်း ‘’ရညော သုဒ္ဓေါဒဿဟံ, ဓီတာ အာသိံ အနိန္ဒိတတာ’’ဟု ရှိ၏၊ ထို့ကြောင့် ပါဠိတော်၌ ‘’ရာဇ’’ဟု အသုံးရှိပုံကို သိပါ။
ယဒိမဿပေ၊ ဣမံ။ ။’’ဝိရဇ္ဈိဿမာတိ ယဒိ န သမ္မာပုဏိဿာမ’’ ဟုဗုဒ္ဓဝင် အဋ္ဌကထာ ဖွင့်၏ ‘’ဤဒီပင်္ကရာ မြတ်စွာဘုရား၏ အဆုံးအမတော်ကို မမှီနိုင်ကုန်အံ့’’ဟုဆိုလို ဟန်တူသည်၊ ဝိရဇ္ဈိဿာမ၏ သဒ္ဒါနက်မှာ ချွတ်ချော်ကြကုန်အံ့, လွှဲကုန်အံ့’’ဟုသာဖြစ်သည်၊ ထို့ကြောင့် သမ္ပာပုဏိဿာမသည် အဓိပ္ပာယ်ဖွင့်သာ ဖြစ်ဟန်တူသည်။ [ဟေဿာမာတိ ဘဝိဿာမ၊ သမ္မုခါတိ သမ္မုခီဘူတာ၊ ဣမံတိ ဣမဿ၊ သာမိအတ္ထေ ဥပယောဂဝစနံ၊ ဗုဒ္ဓဝံသ အဋ္ဌကထာ။]
ဗောဓိသတ္တာနံ။ ။ဗောဓိယံ−အရဟတ္တမဂ်ဉာဏ်, သဗ္ဗညုတဉာဏ်၌၊ သတ္တော အာသတ္တော− ငြိကပ်စွဲလမ်းသော သတ္တဝါတည်း၊ ဗောဓိသတ္တော−သတ္တဝါ၊ တစ်နည်း−ဗုဇ္ဈဿတီတိ ဗောဒိ−မချွတ်ဧကန် သစ္စာ ၄−ပါးကို သိလတ္တံ့သော ပုဂ္ဂိုလ်၊ ဗောဓိစ+သော+သတ္တောစာတိ ဗောဓိသတ္တော။ ယာ (ယာနိ) နိမိတ္တာနိ၊ အကြင် အတိတ်နိမိတ်တို့သည်။ ပဒိဿန္တိ၊ ထင်ရှားကုန်၏။ တာနိ (နိမိတ္တာနိ)၊ ထို အတိတ်နိမိတ်တို့သည်။ အဇ္ဇ၊ ယနေ့။ ပဒိဿရေ၊ ထင်ရှားပါကုန်၏။ (တသ္မာ၊ ကြောင့်။ တွံ့၊ အရှင် သုမေဓာသုခမိန်သည်။ ဓုဝံ၊ မချွတ် ဧကန် အမှန်စင်စစ်။ ဗုဒ္ဓေါ၊ ဘုရားသည်။ ဘဝိဿသိ၊ ဖြစ်ပါလိမ့်မည်။ ဣတိ၊ ဤသို့။ ဇာနာမ၊ သိရပါကုန်၏)။
ဆုဒ္ဓေါ။ ။ဆုဘဓာတ်သည် ‘’တံတွေး ထွေးခြင်းအနက်ကိုဟော၏’’ဟု ဓာတ်ကျမ်း၌ဆို၏၊သာမံ ဃရာ နိစ္ဆုဘတိ−ကိုယ်တိုင် အိမ်မှထွက်၏’’ဟုလည်း ပုံစံပါရှိ၏၊ ထို ပုံစံသည် ‘’ဆုဒ္ဓါတိ နိက္ခန္တာ’’ဟု ဋီကာဖွင့်နှင့်ညီ၏၊ ဤနေရာ၌လည်း ထွက်သွားခြင်းအနက်ပင်တည်း။ [ဗုဒ္ဓဝံသ အဋ္ဌကထာ၌ကား ‘’ဆုဒ္ဓါတိ သုဆုဒ္ဓါ, သုဝုဒ္ဓါရိတာ၊ နိက္ခန္တာတိ အတ္ထော’’ဟုရှိသည်။]
နိက္ခန္တသယနဿ။ ။[သယန−အိမ်ရာ’’ဟူသည်လည်း ခြင်္သေ့တို့၏ အောင်းရာဂူပင်တည်း၊ ထိုဂူသည် ပတ္တမြားဂူ, ရွှေဂူ, ငွေဂူ, မနောသိလာ− ဆေးဒန်းမြင်းသီလာဂူ, ကျောက်ဂူ အားဖြင့် ၅−မျိုးရှိ၏၊ ထိုကဲ့သို့ ဂူတစ်မျိုးမျိုးမှ ထွက်သောခြင်္သေ့ကို ‘’နိက္ခန္တ သယန’’ဟုဆိုသည်၊ ‘’သယန္တိ ဧတ္ထာတိ သယံ၊ သယနတော+နိက္ခန္တော နိက္ခန္တ သယနော’’ဟု ပြု။
သီဟဿ။ ။ [သဟနာစ ဟနနာစ သီဃဇဝတ္ထာစ သီဟော၊− သုတ္တာနိပါတ် အဋ္ဌကထာ၊] ထို ၃မျိုးတွင် ‘’သဗ္ဗပရိဿယေ သဟတီတိသီဟော’’ဟု ဝိဂြိုဟ်ပြု၍ သဟဓာတ်နောင် အပစ္စည်းသက်, သ၏ အကို ဤပြုလျှင် သီဟဟုပြီး၏၊ သဗ္ဗပရိဿယေ− အလုံးစုံသော ဘေးရန်တို့ကို၊ သဟတိ−လွှမ်းမိုးတတ်၏၊ ဣတိ သီဟော၊ ဟနနာဟူသော ဒုတိယအနက်၌ ‘’ဟိ သတီတိ သီဟော’’ဟုပြု၊ ဟိံ သမှ နိရုတ္တိနည်း အားဖြင့် သီဟ ဖြစ်ရသည်၊ သိံ ဟုဟုလည်း ရေးကြ၏၊ ဟိံသတိ−သတ္တဝါတို့ကို ညှဉ်းဆဲတတ်၏၊ ဣတ သီဟော၊ တတိယနည်း၌ ‘’သံဝိဇ္ဇဟိ−ဤဟာ+ ဧတဿာတိ သီဟော’’ဟုပြု။
ဥဒ္ဓံအဓော ဒသဒိသာ။ ။’’ဥဒ္ဓန္တိ ဒေဝလောကေ၊ အဓောတိ မနုဿလောကေ’’ဟုဗုဒ္ဓဝင် အဋ္ဌကထာဖွင့်၊ တိရိယံကိုလည်း ထည့်၍ဖွင့်၏၊ ဥဒ္ဓံ, အဓော, တိရိယံပေါင်းလျှင် အရပ်ဆယ်မျက်နှာဖြစ်၏၊ ထို့ကြောင့် ‘’ယာဝတာ ဒသဒိသာ’’ဟု ထိုအရပ်ဆယ်မျက်နှာကို ပေါင်း၍ ပြသည်၊ ဗုဒ္ဓဝင်အဋ္ဌကထာ၌ကား ဒသဒိသာကို ‘’ဒသဒိသာကို ‘’ဒသဒိသာသု’’ဟု ဖွင့်၏၊ ဤ၌ ဗုဒ္ဓဝင် အဋ္ဌကထာ အလိုမလိုက်ဘဲ သင့်တော်သလို ရှေးနိဿယကိုမှီ၍ အနက်ပေးထားသည်။ ဗုဒ္ဓကရေ၊ ဘုရားအဖြစ်ကို ပြုတတ်ကုန်သော။ ဓမ္မေ၊ တရားတို့ကို။ ဣတောစိတော၊ ထိုမှဤမှ။ ဝိစိနာမိ၊ စူးစမ်းရှာဖွေအံ့။ (ဣတိ၊ သို့။ စိန္တေသိံ၊ ကြံခဲ့ပြီ)။
ပရမ။ ။ (၁) ပရတိ ပါလေတိ ပူရေတိစာတိ− သူတစ်ပါးကို စောင့်ရှောက်တတ်, သူတစ်ပါးအလိုကို ဖြည့်တတ်သူသည် ‘’ပရမ’’မည်၏၊ ပရဓာတ်, မ ပစ္စည်း။ (၂) ပရံ သတ္တံ အတ္တနိ မုနာကို ဗန္ဓတိ ဂုဏဝိသေသ ယောဂေနာတိ ပရမော−မိမိ၏ ဂုဏ်အထူးနှင့် ယှဉ်သောကြောင့် တစ်ပါးသော သတ္တဝါကို မိမိ၌ ဖွဲ့တတ်သော ပုဂ္ဂိုလ်သည် ‘’ပရမ’’ မည်၏၊ ပရ သဒ္ဒူပပဒ, မုဓာတ်, အပစ္စည်း။ (၃) ပရံ အဓိကတရံ မဇတိ သုဇ္ဈတိ ကိလေသမလတောတိ ပရမော−ကိလေသာအညစ်အကြေးမှ အလွန်အကဲစင်ကြယ်သော ပုဂ္ဂိုလ်သည် ‘’ပရမ’’ မည်၏၊ ပရသဒ္ဒူပပဒ မဇဓာတ်, ကွိပစ္စည်း။ (၄) ပရံ (သေဋ္ဌံ) နိဗ္ဗာနံ မယတိ ဂစ္ဆတီတိ ပရမော−မြတ်သောနိဗ္ဗာန်သို့သွားတတ်သောကြောင့် ‘’ပရမ’’မည်၏၊ ပရ သဒ္ဒူပပဒ မယဓာတ်, ကွိ ပစ္စည်း။ (၅) ပရံ လောကံ ပမာဏဘူတေန ဉာဏဝိသေသေန ဣမံ လောကံဝိယ မုနတိ ပရိစ္ဆိန္ဒတီတိ ပရမော−တမလွန်လောကကို ဤလောကကဲ့သို့ နှိုင်းယှဉ်တတ်သော ဉာဏ်အထူးဖြင့် ပိုင်းခြား၍ သိတတ်သော ပုဂ္ဂိုလ်၊ ပရသဒ္ဒူပပဒမုနဓာတ်, အပစ္စည်း။ (၆) ပရံ အတိဝိယ သီလာဒိဂုဏဂဏံ အတ္တနော သန္တာနေ မိနောတိ ပက္ခိတီတိ ပရမော−အလွန်အကဲအားဖြင့် သီလစသော ဂုဏ်အပေါင်းကို မိမိသန္တာန်၌ ထည့်သွင်းတတ်သော ပုဂ္ဂိုလ်၊ ပရသဒ္ဒူပ ပဒ မိဓာတ်, အ ပစ္စည်း။ (၇) ပရံ(အတ္တဘူတတော ဓမ္မကာယတော အညံ, ပဋိပက္ခံဝါ တဒနတ္ထကရံ ကိလေသစောရဂဏံ) မိနာတိ ဟိ သတီတိ ပရမော−မိမိဟူသော ဓမ္မကာယမှ တစ်ပါးသော၊ (တစ်နည်း−ဆန့်ကျင်ဘက်ဖြစ်သော)ထို ဓမ္မကာယ၏ အကျိုးမဲ့ကို ပြုတတ်သော ကိလေသာခိုးသူအပေါင်းကို ညှည်းဆဲတတ်သောကြောင့် ‘’ပရမ’’မည်၏၊ ပရသဒ္ဒူပပဒ မိဓာတ်, အ ပစ္စည်း။ (၈) ပရမသဒ္ဒါသည် ဥတ္တနတ္တဝါစီ ရုဠီ အနိပ္ဖန္န ပါဋိပဒီက ပုဒ်တည်း၊ ဤအလို ဝိဂြိုဟ်မလုပ်ရ, ဓာတ်ပစ္စည်းလည်း ခွဲဖို့မလို၊ ဤဝိဂ္ဂဟများအရ ဘုရားအလောင်းကို ‘’ပရမ’’ဟု ခေါ်သည်။
ယထာပိ။ ။’’ယထာ တထာ၊ပေ၊ ယထာပိစ’’ဟူသော အဘိဓာန်နှင့်အညီ ယထာပိပုဒ်သည် ယထာ, သေယျထာပိ ပုဒ်တို့နှင့် အနက်တူ ဥပမာ ဇောတက တစ်ပုဒ်သာဟု ယူဆသည်၊ ရှေးနိသယ၌ကား ယထာတစ်ပုဒ်, အပိတစ်ပုဒ်ခွဲ၍ ‘’အပိ−ဖြစ်သင့်ဖြစ်ရာ ဥပမာမည်သည်ကား’’ဟုပေးလေသည်။ (တစ်နည်း)မရဏံ ဥပေတိယထာ၊ အသေခံ သကဲ့သို့။ ဝါလဓိံ၊ မြီးဆံ၏ တည်ရာ မြီးကို။ ဝါ၊ မြီးဆံကို။ န ဝိကောပေတိ ယထာ၊ မပျက်စေသကဲ့သို့။ ဝါ၊ အပျက်မခံသကဲ့သို့။
ဝါလဓိ။ ။ဝါလသဒ္ဒါသည် ‘’ဝါလော ကေသေဿာဒိလောမေ’’ဟူသော အဘိဓာန်နှင့် အညီ ဆံပင်ကိုလည်းကောင်း၊ မြင်းစသည်တို့၏ အမြီးဆံကိုလည်းကောင်း ဟော၏၊ ‘’ဝါလော+ဓိယန္တိ အတြာတိ ဝါလဓိ−မြီးဆံတို့၏ တည်ရာဖြစ်သော အမြီးအဖျားအရပ် ဤနေရာဤကား အမြီးအဖျားအရပ်သာမက မြီးဆံကိုပင် ဝါလဓိဟု ယူကြသည်၊ ထို့ကြောင့် ဗုဒ္ဓဝင် အဋ္ဌကထာ၌ [ဝါလဓိန္တိ ဝါလံ’’ဟု ဖွင်သည်။]
*နေက္ခမ္မဝါရမီ။ ။ နေက္ခမ္မသဒ္ဒါသည် ‘’နေက္ခမ္မံ ပဠမဇ္ဈာနေ, ပဗ္ဗဇ္ဇာယံ ဝိမုတ္တိယံ၊ ဝိပဿနာယံ နိဿေသ−ကုသလမှိစ ဒိဿတိ’’ဟူသော အဘိဓာန်လာ အနက်တို့တွင် ပဗ္ဗဇ္ဇာအနက်ကို ဟော၏၊ နိက္ခမတီတိ နိက္ခမော၊ နိက္ခမတိ−အိမ်ရာတည်ထောင် လူ့ဘောင်မှ ထွက်သွားတတ်၏၊ ဣတိနိက္ခမော၊ နိက္ခမဿ+ကမ္မံ နေက္ခမ္မံ−အိမ်ရာတည်ထောင် လူ့ဘောင်မှ ထွက်မြောက်တတ်သော ပုဂ္ဂိုလ်၏ အလုပ်ဖြစ်သော ရသေ့ ရဟန်းအဖြစ်။ (ဒိသွာန အတ္တာနံ ဩဝဒိ၊ ကိံ)။
ပရိပုစ္ဆံ။ ။ကိံ ဘန္တေ ကုသလံ−ကောင်းသော တရားကား အဘယ်ပါနည်း, ကိံ အကုသလံ−မကောင်းသော တရားကား အဘယ်ပါနည်း, ကိံ သာဝဇ္ဇံ−အပြစ်ရှိသော တရားကား အဘယ်ပါနည်း၊ ဣတိ အာဒိနာ နယေန, တတ္ထ တတ္ထ−ထိုထိုအရပ်၌၊ အဘိညာတေ−ထင်ရှားကုန်သော၊ ပဏ္ဍိတေ ဇနေ ဥပသင်္ကမိတွာ ပရိပုစ္ဆန္တောတိ အတ္ထော−ဗုဒ္ဓဝင် အဋ္ဌကထာ။ ပါရမိံ၊ အပြီးအဆုံးကို သိတတ်သောဉာဏ်သို့။ ဂန္တာ၊ ရောက်၍။ သမ္ဗောဓိံ၊ သို့။ ပါပုဏိဿသိ၊ ရောက် ရလတ္တံ့။ (ဣတိ, အတ္တာနံ, ဩဝဒိ။) [‘’ပညာယ ပါရမိံ’’ဟု ဗုဒ္ဓဝင်အဋ္ဌကထာ ၌ ရှိ၏။]
သုစိမ္ပိ၊ပေ၊နိက္ခေပံ။ ။မိမိအပေါ်၌ ပစ်ချအပ်သော ပန်းနံ့စသည်ကို ‘’သုစိမ္ပိ နိက္ခေပံ’’ဟုဆိုသည်၊ မိမိအပေါ်၌ စွန့်ချအပ်သော ကျင်ကြီးကျင်ငယ် အပုပ်ကောင် စသည်ကို ‘’အသုစိမ္ပိ နိက္ခေပံ’’ဟုဆိုသည်၊ နိက္ခိပီယတေတိ နိက္ခေပေါ’’ဟုပြု။ သမ္မာနဝိမာနက္ခမော၊ မြတ်နိုးခြင်း, မထီမဲ့မြင် ပြုခြင်း၌ ခံနိုင်သည်။ (ဟုတွာ)။ ခန္တိပါရမိတံ၊ ခန္တီပါရမီသို့။ ဂန္တာ၊ ရောက်၍။ သမ္ဗောဓိံပါ ပုဏိဿသိ။ (ဣတိအတ္တာနံ ဩဝဒိ)။ [‘’ခန္တိယာ−၏၊ ပါရမိံ− သို့၊ ဂန္တာ’’ဟုလည်း ပါဌ်ရှိ၏။]
သမ္မာနဝိမာနက္ခမော။ ။သမ္မာနနံ−မြတ်နိုင်းခြင်း၊ သမ္မာနော−မြတ်နိုးခြင်း၊ ဝိသဒ္ဒါသည် ပဋိသေဓ အနက်ဟော၊ ဝိမာနံ ဝိမာနော−မမြတ်နိုးခြင်း၊ မမြတ်နိုးရုံသာမက, မြတ်နိုးခြင်း၏ဆန့်ကျင်ဘက်ဖြစ်သော မထီမဲ့မြင် ပြုခြင်း, မရိုမသေပြုခြင်းကိုယူ။ သမ္မာနနေ အနာဒရကရဏေ ဝုမာနနေ နာဒရကရဏေ၊ အပဒါန် အဋ္ဌကထာ။ [ဤသမ္မာဝိမာနလည်း ပဋိဃဒ္ဒယကဲ့သို့ ၂−ဘက်ပင်တည်း။]
အဒွေဇ္ဈဝစနော။ ။ ရံခါ မှန်သောစကားကိုပြောခြင်း, ရံခါမမှန်သောစကားကိုပြောခြင်း, အချို့သူအား မှန်သောစကားကို ပြောခြင်း, အချို့သူအား မမှန်သောစကားကိုပြောခြင်းသည်’’ ဒွေဇ္ဈဝစန’’မည်၏ ထိုကဲ့သို့ မဟုတ်ဘဲ အမှန်ကိုချည်း ပြောသူကို ‘’အဒွေဇ္ဈဝ စန’’ဟု ဆိုသည်။
ဩသဓီနာမ။ ။ဩသဓိနာမ ဩသဓိတာရကာ၊ ဩသဓဂဟဏေ ဩသဓိ တာရကံ ဥဒိကံ ဒိသွာ ဩသဓံ ဂဏှန္တိ၊ တသ္မာ ဩသဓိရကာတီ ဝုစ္စတိ၊ ဆေးကိုယူရာ အခါ၌ သောကြာကြယ် တက်လာသည်ကိုမြင်မှ ဆေးကိုယူကြ၏၊ ထို့ကြောင့် ထိုကြယ်ကို ‘’ဩသဓိ’’ဟု ခေါ်သတတ်၊ ထိုသောကြာကြယ်သည် ‘’ဆ မာသေ ပုရိမ ဒိသံ ဂစ္ဆတိ, ဆ မာသေ ပစ္ဆိမံ ဒိသံ ဂစ္ဆတိ’’ဟု ဗုဒ္ဓဝင်အဋ္ဌကထာ ဆိုသောကြောင့်၊ ၆−လပတ်လုံး အရှေ့အရပ်၌ သွား၍, ၆−လပတ်လုံး အနောက်အရပ်၌သွား၏၊ ထိုသို့ ၆−လသွားမြဲလမ်းမှ မပြောင်းလွှဲခြင်းကို ‘’န ဝေါက္ကမတိ ဝီထိတော’’ ဟု ဆိုသတတ်။ (ဟုတွာ)။ သမယေ၊ ဆောင်းအခါ၌လည်းကောင်း။ ဥတုဝဿေဝါ၊ မိုးအခါ, နွေအခါ၌လည်းကောင်း။ ဝီထိတော၊ သွားမြဲခရီးလမ်းမှ။ န ဝေါက္ကမတိယထာ၊ မဖဲသွားသကဲ့သို့။ ဝါ၊ လွှဲ၍မသွားသကဲ့သို့။
သစ္စေသု ဝီထိတော။ ။’’ဝစီသစ္စာတို့၌ သွားမြဲလမ်း’’ဟူသည် မြင်အပ်သော အာရုံကို မြင်အပ်သည်ဟု လည်းကောင်း, ကြားအပ်သောအာရုံကို ကြားအပ်သည်ဟုလည်းကောင်း, ဃာန ဇိဝှာ ကာယဝိဉာဏ်တို့ဖြင့် ရောက်၍သိအပ်သော မုတအာရုံကို သိအပ်သည်ဟုလည်းကောင်း, ဒိဋ္ဌ, သုတ, မုတ မဟုတ်သောအာရုံကို မမြင်အပ်, မကြားအပ်, မသိအပ်ဟုလည်းကောင်း ပြောခြင်းတည်း။ [‘’သစ္စဿ ဝီထိနာမ’’ဟု ဋီကာရှိသောကြောင့် ‘’သစ္စာတို့၏’’ဟု တစ်နည်းပေးသည်။]
အဓိဋ္ဌာနေ။ ။အဓိ−စွဲစွဲမြဲမြဲ၊ ဌာနေ−တည်ကြောင်းဖြစ်သောစိတ်၊ကောင်းသော ကုသိုလ်အလုပ်တို့၌ စွဲစွဲမြဲမြဲ တည်တံ့ကြောင်းစိတ်ကို ‘’အဓိဋ္ဌာနပါရမီ’’ဟု ခေါ်သည်၊ ထိုသို့ စွဲစွဲမြဲမြဲတည်တံ့ခြင်းကိုပင် မြေထဲ၌ တိုင်စိုက်၍ အိမ်ဆောက်ထားသကဲ့သို့ ခိုင်မြဲသောကြောင့် ‘’ဆောက်တည်ခြင်း’’ဟု မြန်မာပြန်ကြသည်။ (အဓိဋ္ဌာန်၏ အထွပ်အထိပ်သို့)။ ဂန္တွာ, သမ္ဗောဓိံ ပါပုဏိဿသိ။ (ဣတိ အတ္တာနံ ဩဝဒိ)။
တတုဒ္ဓံ နတ္ထိ။ ။’’ထိုပါရမီ ဆယ်ပါးထက် အလွန်အခြား တရားမရှိ’’ ဟူရာ၌ ‘’မေတ္တာ ကဲ့သို့သတ္တဝါတို့အပေါ်၌ဖြစ်သော ကရုဏာ, မုဒိတာ တရားကောင်း ၂−ပါးကျန်သေးသည် မဟုတ်ပါလော’’ဟု စောဒနာဖွယ်ရှိ၏၊ ကရုဏာဖြင့် သနားသောကြောင့်ပင် ညှဉ်းဆဲခြင်းစသည်ကိုမပြုဘဲ သီလကိုထိန်းရ၏၊ ထို့ကြောင့် ဒါနသီလကိုယူလိုက်လျှင်ပင် ကရုဏာလည်းပါဝင်ပြီးဖြစ်တော့သည်၊ သတ္တဝါတို့ ချမ်းသာနေသည်ကို ဝမ်းမြောက်သော မုဒိတာကား သတ္တဝါတို့အကျိုးကို လိုလားသော မေတ္တာ၏ အခြေအရံအဖြစ်ဖြင့် ပါဝင်ပြီးဖြစ်တော့၏၊ ထို့ကြောင့် ကရုဏာ မုဒိတာတို့ကိုသီးခြား ပါရမီအဖြစ်ဖြင့် ဟောတော်မမူ။
သဘာဝရသ လက္ခဏေ။ ။သဘာဝ၌ ‘’ဘာဝ’’ဟူသည် ပရမတ္ထသဘာဝဟူရာ၌ကဲ့သို့ ထင်ရှားရှိသောသဘောတည်း၊ ရသသဒ္ဒါသည် ‘’ကိစ္စေ သမ္ပတ္တိယံ ရသော’’ ဟုလာသော ကိစ္စအနက်, သမ္ပတ္တိအနက် ၂−မျိုးတွင် ဤနေရာ၌ ကိစ္စအနက်ဟောတည်း၊ ထိုကိစ္စဟူသည်လည်း ဗောဓိဉာဏ်ကို ရင့်သန်စေခြင်းကိစ္စတည်း၊ ဒါနသည် အပြစ်မရှိသောဝတ္ထုကို စွန့်လွှတ်ခြင်း လက္ခဏာရှိ၏၊ သီလသည် သမာဓိ၏တည်ရာ လက္ခဏာရှိ၏၊ ဤသို့ စသော လက္ခဏာကို ‘’လက္ခဏာ’’ဟုခေါ်သည်၊ ‘’သဘာဝ သင်္ခါတေနသရသလက္ခဏေန’’ဟု ဗုဒ္ဓဝံ၌ ဖွင့်သည်၊ [ဋီကာနှင့် မဓု၌ကား ‘’သဘာဝေန+သဟဝတ္တတီတိ သဘာဝေါ’’ဟု ရသ၏ ဝိသေသနအဖြစ်ဖြင့်သာ ဖွင့်၏။] သဘာဝသည် ထိုသရသလက္ခဏ၏ ဝိသေသနတည်း၊ ‘’သဟ+ဘာဝေန ဝတ္တတီတိ သဘာဝံ’’ဟုပြု၊ သဘာဝရသလက္ခဏေ၌ သ္မိံဝိဘတ်ကိုလည်း ကြိယာဝိသေသနအနက်၌ သက်ဟု သိစေလို၍ ‘’တတော’’ဟု ဋီကာဖွင့်၏၊ ဓမ္မတေဇေန၌ ဓမ္မသဒ္ဒါသည် အဘိဓာန်လာအနက်တို့တွက် ဉာဏ်ပညာဟူသော အနက်ကိုဟော၏၊ ‘’ပါရမီတရားတို့ကို သုံးသပ်ဆင်ခြင်သော ဉာဏ်ပညာ၏ တန်ခိုး’’ ဟူလို။ ဓမ္မတေဇေန၊ ဆင်ခြင်သောဉာဏ်၏ တန်ခိုးကြောင့်။ ဒသသဟဿီ၊ တစ်သောင်းအတိုင်းအရှည်ရှိသော။ ဝသုဓာ၊ မြေသည်။ ပကမ္ပထ၊ အပြားအားဖြင့် တုန်လှုပ်ရလေပြီ။ [ပကမ္ပိတ္ထမှ ဣကို အပြု, တ္ထကိုလည်းထပြုထားသည်။]
ဗျာထိတမာနသာ။ ။’’ဗျထ−ဒုက္ခဘယစလနေသု’’ဟု ဓာတ်ရှိသော်လည်း ဘီတာဖြင့် ဘယကို ဘန္တာဖြင့် စလနကို ယူပြီးဖြစ်၍ ပါရိသေသနည်းအားဖြင့် ဒုက္ခအနက်ကိုယူ၊ ဗျာထော သဉ္ဇာတော အဿ အတ္ထီတိဗျထိတံ၊ ဗျထိတံ+မာနသံယေသံတိ ဗျထိတမာနသာ။ [‘’ဗျာဓိက’’ဟုရှိသည်ကား ဓာတ်ကျမ်းနှင့် မညီ။]
စက္ခုမံ။ ။’’ပဉ္စဟိ စက္ခူဟိ စက္ခုမ’’ဟု ဗုဒ္ဓဝင်အဋ္ဌကထာဖွင့်၏၊ စက္ခုငါးပါးကား ဗုဒ္ဓ, ဓမ္မ, သမန္တ, ဒိဗ္ဗ, ပညာတည်း၊ ဤသို့ဖွင့်သော်လည်း ထိုအချိန်က ထိုလူတို့သည် ဤစက္ခု ၅−ပါးကို သိနိုင်မည်မဟုတ်သောကြောင့် ‘’ဉာဏ်စက္ခု ရှိတော်မူသော’’ဟု သာမညသာ ပေးလိုက်သည်။
အပတ္တမာနသာ။ ။မာနသဒ္ဒါသည် ရာဂ, စိတ်, အရဟတ္တဖိုလ်ဟူသော အနက်တို့ကိုဟော၏၊ ‘’အန္တ လိက္ခစရော ပါသော, ယွာသံ စရတိ မာနသော’’ဟူသော ဝိနည်းမဟာဝါ ပါဠိတော်၌ မာနသသဒ္ဒါသည် ရာဂဟူသော အနက်ကိုဟော၏၊ [မနသ္မိံ+ဘဝေါ မာနဿော’’ဟု ပြု၊ စိတ်၌ဖြစ်သောရာဂ၊ ‘’စိတ္တံ မနော မနသံ’’ ဤဓမ္မသင်္ဂဏီပါဠိတော်၌ စိတ်ဟူသော အနက်ကိုဟော၏၊ ‘’အပတ္တမာနသော သေခေါ, ကာလံကိရိယာ ဇနေ သုတော’’ဟူသော မာရသံယုတ်၌ အရဟတ္တဖိုလ်ဟူသော အနက်ဟော၏၊ မာနံ+သာတိ သမုစ္ဆိန္ဒတီဟိ မာနသံ၊ အပ္ပတ္တံ+မာနသံ ယေဟီတိ အပ္ပမာနသာ’’ဟုပြု။] (အရဟတ္တဖိုလ်သို့ မရောက်ကြရကုန်သေးသည်ဖြစ်၍)။ သေက္ခာ၊ သေက္ခသာဖြစ်ကုန်သော။ (ဘိက္ခူ၊ ရဟန်းတို့သည်)။ မာနုသံ၊ လူ၌ဖြစ်သော။ ဘဝံ၊ ဘဝကို။ ဇဟန္တိ၊ စွန့်ကြကုန်၏။ တေ၊ ထိုသေက္ခအဖြစ်ဖြင့် လူ့ဘဝကို စွန့်ကြရသော ရဟန်းတို့သည် (တို့ကို)။ ဂရဟိတာ၊ ကဲ့ရဲ့အပ်ကုန်သည်)။ (အကဲ့ရဲ့ ခံရကုန်သည်)။ ဘဝန္တိ၊ ဖြစ်ကုန်၏။ [‘’ရဟန္တာဖြစ်အောင် မကျင့်နိုင်ကောင်းလား’’ဟု အကဲ့ရဲ့ ခံကြရသည်−ဟူလို။]
အမှာ။ ။ဤမှနောက်၌ ဗုဒ္ဓဝင်များကို စာနေကျဉ်းအောင် အချို့ပုဒ်တို့ကို နိဿယ နက်ပေး၍မြန်မာပြန် ရေးသွားပါမည်။
မနုဿတ္ထံ။ ။ဗုဒ္ဓဟူသည် လူဇာတ်ရှိသော ပုဂ္ဂိုလ်ထူးတည်း၊ ထို့ကြောင့် ဗုဒ္ဓအဖြစ်ကို တောင့်တရာ၌ လူသားအဖြစ်ဖြင့်သာ တောင့်တ၍ ပြည့်စုံနိုင်သည်၊ ထို့ပြင် ''မနော+ဥဿန္နံ ဧတေသံတိ မနုဿာ''နှင့်အညီ ထက်မြက်သောစိတ်ရှိသူသာ ဗုဒ္ဓအဖြစ်ကို တောင့်တ၍ ပြည့်ဝနိုင်၏၊ လူ့ဘဝကား နတ်တို့ထက်ပင် သတိလည်းကောင်းသုရဘာဝ(ရဲရင့်သော) သတ္တိလည်းရှိ၍ ထက်မြက်သောစိတ်လည်း ရှိရာ ဘဝတည်း၊ ထို့ကြောင့် နိယတဗျာဒိတ်ရဖို့ အင်္ဂါတွင် မနုဿတ္ထ(လူ့ဘဝ)ကို ထည့်ရသည်၊ ထိုလူ့ဘဝဟူသည်လည်း ဗုဒ္ဓ ပစ္စေကဗုဒ္ဓ အရိယာသာဝကတို့ဖြစ်နိုင်ရာ ဇမ္ဗူဒိပ်၌လည်း လူ့ဘဝတည်း။
အင်္ဂုတ္တိုရ်။ ။တီဟိ ဘိက္ခဝေ ဌာနေဟိ ဇမ္ဗုဒီပိကာ မနုဿာ ဥတ္တရကုရုကေစ မနုဿေ အဓိဂဏှန္တိ ဒေဝေစ တာဝတိံသေ ကတမေဟိ တီဟိ၊ သူရာ သတိမန္တော ဣဓ ဗြဟ္မစရိယ ဝါသော။− နဝကနိပါတ် သတ္တာဝါသဝဂ်။ ပဗ္ဗဇ္ဇာ၊ ရသေ့ရဟန်း၏အဖြစ်လည်းကောင်း။ ဂုဏသမ္ပတ္တိ၊ ဈာန်အဘိညာဉ်ဟူသော ဂုဏ်၏ပြည့်စုံခြင်းလည်းကောင်း။ အဓိကာရောစ၊ မြတ်စွာဘုရားအထံတော်၌ လွန်လွန်ကဲကဲပြုအပ်သော ကောင်းမှုလည်းကောင်း။ ဆန္ဒတာ၊ ဘုရားဖြစ်ဖို့ရန် ထက်သန်သော ဆန္ဒတော်လည်းကောင်း။လိင်္ဂသမ္ပတ္တိ။ ။''လိင်္ဂ''ဟု သာမညဆိုအပ်သော်လည်း သမ္ပတ္တိကိုထောက်၍ ပုရိသလိင်္ဂကိုသာယူရသည်၊ မှန်၏− ထိုပုရိသလိင်္ဂနှင့် ပြည့်စုံသူတို့သာ ဉာဏ်ရည်ဉာဏ်သားနှင့် စိတ်နေစိတ်ထားကြီးမားကြ၏၊ ထို့ကြောင့် စကားမင်းအဖြစ် သိကြားမင်းအဖြစ် ဘုရားအဖြစ် စသော ကြီးကျယ်သောရာထူးတို့သည် ပုရိသလိင်္ဂ ရှိသူနှင့်သာ ထိုက်တန်ရကား ဘုရားဖြစ်ဖို့ရန် ဆုပန်သောအခါလည်း ယောက်ျားမြတ်တို့သာ ပြည့်စုံနိုင်သည်။ [ဤစကားဖြင့် ''မိန်းမသားတို့ ဘုရားမဆုတောင်းထိုက်''ဟု မယူဆရ၊ နိယတဗျာဒိတ်ရသော ဘဝ၌သာ ယောက်ျားဖြစ်နေဖို့လိုသည်။]
ဟေတု။ ။ ဋီကာ၌ ''တိဟေတုက ပဋိသန္ဓိတာ''ဟုဖွင့်၏၊ ''ဟေတု''အရ တိဟိတ် ပဋိသန္ဓေကိုယူစေလိုသည်၊ ဗုဒ္ဓဝံသ အဋ္ဌကထာ၌ကား ''ပုရိသဿာပိ တသ္မိံ အတ္တဘာဝေ အရဟတ္တပ္ပတ္တိယာ ဟေတုသမ္ပန္နဿေဝ ပတ္ထနာ သမိဇ္ဈတိ၊ နော ဣတရဿ''ဟုဆို၏၊ ထိုနိယတဗျာဒိတ် ရမည့်ဘဝ၌ ရဟန္တာဖြစ်နိုင်လောက်သော အကြောင်းပါရမီများရှီနေခြင်းကို ''ဟေတု''ဟု ဆိုလိုသည်၊ ဥပမာ−သုမေဓာရသေ့သည် ထိုဘဝ၌ နိဗ္ဗာန်ကိုယူလိုလျှင် ဒီပင်္ကရာ ဘုရားရှင်၏ သာဝကအဖြစ်ဖြင့် ရာဟန္တာဖြစ်နိုင်လောက်အောင် အကြောင်းပါရမီ စုံညီနေခြင်းကဲ့သို့တည်း။[''ဂုဏသမ္ပတ္တိ'' အရ၌ ပြအပ်လတ္တံ့သော အဘိညာဉ် သမာပတ်ရသူဖြစ်လျှင် တိဟိတ် ပဋိသန္ဓေနေကြောင်းမှာ ယုံမှားဖွယ်မရှိရတော့ကား အဋ္ဌကထာဖွင့်ပုံက သာ၍ သဘာဝကျပေသည်။]
သတ္ထာရဒဿနံ။ ။သက်တော်ထင်ရှား မြတ်စွာဘုရားအထံ၌ ဆုပန်မှသာ ပြည်စုံနိုင် ဗျာဒိတ်လည်း ရနိုင်၏၊ စေတီတော် ဆင်းတုတော် ဗောဓိပင် ပစ္စေကဗုဒ္ဓါ ရဟန္တာစသော ပုဂ္ဂိုလ်များအထံ၌ ဆုပန်လျှင် ဗျာဒိတ်မရနိုင်၊ ဘာ့ကြောင့်နည်း−ပစ္စေကဗုဒ္ဓါ စသည်တို့မှာ ထိုဆုပန်သူ၏ကံကို(မည်သည့် အဆင့်အတန်းရှိသည်ဟု) ခွဲခြားဝေဖန်နိုင်သော ''ကမ္မဝိဘင်္ဂဉာဏ်'' မရှိသောကြောင့်တည်း။ [သတ္ထာရဒဿနံ၌ ရုပ်ပြီးပုံကို ကစ္စည်းသာဘာဋိကာ အညေသွာရတ္တံသုတ်၌ရှုပါ။]
ပဗ္ဗဇ္ဇာ။ ။ဘုရားဖြစ်ရာဘဝ၌ ရဟန်းပြုပြီး၍ ဘုရားဖြစ်ကြရသောကြောင့် ဘုရားဆုပန်ရာ ဘဝ၌လည်း ကံနှင့် ကံ၏အကျိုးကိုယုံကြာ်သော ရသေ့ဘဝ သို့မဟုတ် ရဟန်းဘဝ၌သာ ဆုပြည့်နိုင်၏၊ လူဝတ်ကြောင်ဘဝ စသည်တို့၌ ဆုမပြည့်စုံနိုင်၊ ဘာ့ကြောင့်နည်း၊−လတ္တံ့သော ဂုဏသမ္ပတ္တိမရှိနိုင်သောကြောင့်တည်း။
ဂုဏသမ္ပတ္တိ။ ။ရသေ့ရဟန်းဖြစ်စေကာမူ ဈာန်အဘိညာဉ်ရသူမဟုတ်လျှင် မပြည့်စုံနိုင်သေး၊ဈာန်အဘိညာဉ်ရ၍ ကိလေသာအညစ်အကြေးတို့မှ ဝိက္ခမ္ဘနပဟာန်ဖြင့် ကင်းဝေးနေသူဖြစ်မှသာ နိယတဗျာဒိတ် ရနိုင်သည်။
အဓိကာရော။ ။အဓိ−လွန်လွန်ကဲကဲ၊ ကာရ−ပြုအပ်သောကောင်းမှု၊ သုမေဓာ၏ အသက်ကိုစွန့်လျက် ကိုယ်ကို တံတားခြင်းခြင်းဟူသော ကောင်းမှုကဲ့သို့ ကောင်းမှုကို ပြုသူမှလည်း နိယတဗျာဒိတ်ရနိုင်သည်။ [ဆန္ဒောယေဝ+ဆန္ဒတာ။] (ဣတိ၊ သို့)။ အဋ္ဌဓမ္မ သမောဓာနာ၊ ရှစ်ပါးသော ဂုဏ်တို့၏ ပေါင်းဆုံခြင်းကြောင့်။ အဘိနီဟာရော၊ (စိတ်ကို သဗ္ဗညုတဉာဏ်သို့ ရှေးရှုဆောင်ကြောင်း) ဆုတောင်းမှုသည်။ သမိဇ္ဈတိ၊ ပြည်စုံနိုင်၏။
ဗောဓိယာ နိယထာ။ ။''သစာယံ ဗုဒ္ဓတ္တကာရကေ ဓမ္မေ ပူရေတုံ သက္ကုဏေယျ, အနာဂတေ ဗုဒ္ဓါဘဝယျေ''ဟု ဗျာဒိတ်ပေးတော်မူလျှင် ''ပါရမီဖြည့်နိုင်မှသာ ဗုဒ္ဓဖြစ်စရာရှိ၏''ဟု မိန့်တော်မူရာရောက်သောကြောင့် ထိုဗျာဒိတ်တော်သည် နိယတမဟုတ်၊ ''အယံ အနာဂတေ ဗုဒ္ဓေါ ဘဝိဿတိ''ဟု မိန့်တော်မူအပ်သော ဗျာဒိတ်တော်သာ ''ဗုဒ္ဓဖြစ်လိမ့်မည်''ဟု ဧကန် မိန့်တော်မူသောကြောင့် နိယတဖြစ်သည်။ ထိုသို့ နိယတဗျာဒိတ်ရသော အလောင်းတော်များကို ''ဗောဓိယာ နိယထာ နရာ''ဟု ဆိုသည်။ ဒုဂ္ဂတိံ၊ အပါယ်ဒုဂ္ဂတိ၌။ ဥပ္ပဇ္ဇန္တာပိ၊ ဖြစ်ရပါကုန်သော်လည်း။ နိဇ္ဈာမတဏှာ၊ နိဇ္ဈာမ တဏှိက ပြိတ္တာတို့သည်လည်းကောင်း။ (တစ်ကိုယ်လုံးမီးလောင်အပ်သဖြင့် တပ်မက်ခြင်း တဏှာမရှိသော ပြိတ္တာတို့သည်လည်းကောင်း)။ ခုပ္ပိပါသာ၊ ခုပ္ပိပါသ ပြိတ္တာတို့သည်လည်းကောင်း။ (အမြဲဆာလောင်မွတ်သိပ်နေရသော ပြိတ္တာတို့သည်လည်းကောင်း)။ ကာလကဉ္စိကာ၊ ကာလကဉ္စိက အသုရာတို့သည်လည်းကောင်း။ နဟောန္တိ၊ မဖြစ်ကြရကုန်။
သောတဝေကလ္လတာ။ ။ဝကလဿ+ဘာဝေါ ဝေကလ္လံ၊ သောတဿ+ ဝေကလ္လံ သောတဝေကလ္လံ၊ သောတပသာဒချို့တဲ့သူ၏အဖြစ်၊ သောတပသာဒမရှိခြင်း၊ သောတ− ဝေကလ္လမေဝသောတကလ္လတာ၊ (သွတ္ထအနက် တာပစ္စည်း) ဤသို့ဂဏ္ဍိ၌ဆို၏၊ သို့သော် စက္ခု ဝိကလောပုဒ် ကဲ့သို့ သောတေန+ဝိကလော သောတဝိကလော၊ သောတပသာဒဖြင့် ချို့တဲ့သူ၊ သောတဝိကလဿ+ဘာဝေါ သောတဝေကလ္လံ−သောတပသာဒဖြင့် ချို့သူ၏အဖြစ်၊ ဤသို့ဆိုမှ သဒ္ဒါစည်းကမ်းကျမည်ထင်သည်။
မူဂပက္ခိတာ။ ။စကားမပီသော(အ)သူသည် မူဂ မည်၏၊ ပက္ခသဒ္ဒါသည် လမ်းမသွားနိုင်အောင် ဆွံ့အနေသူကို ဟော၏၊ ပီဌသပ္ပိ၏ ပရိယာယ်တည်း၊ ပီဌသပ္ပိ၌ ''ပီဌေန−လှည်းဘီး တပ်အပ်သောခုံငယ်ဖြင့်၊ သပ္ပတိ−သွားရ၏၊ ဣတိ−ပီဌသပ္ပိ''ဟု ပြုရသကဲ့သို့ ''အက္ခေန−လှည်းဝင်းရိုး လှည်းဘီးတပ်အပ်သော ယဉ်ငယ်ဖြင့်၊ ပရန္တိ−(လှေလှော်သကဲ့သို့ တုတ်ဖြင့်တွန်း၍) သွားရကုန်၏၊ ဣတိ ပက္ခာ၊ပက္ခာယေဝ ပက္ခိကာ''ဟု မဏိဒီပ ပြုသတတ်။
သဗ္ဗတ္ထ သုဒ္ဓဂေါစရာ။ ။''ကာယဒီသု အသုဘသညာဒိဘာဝေန သုဒ္ဓရောဂေါစရာ''ဟု အနုဋီကာဖွင့်၏၊ ''သဗ္ဗတ္ထ−အလုံးစုံသော ကာယ ဝေဒနာ စိတ္တ ဓမ္မတို့၌၊ သုဒ္ဓဂေါစရာ−အသုဘ အနိစ္စ ဒုက္ခဟု ရှုသောအားဖြင့် စင်ကြယ်သောအာရုံရှိကုန်၏''ဟု ပေးပါ၊ သို့သော် ဤအဖွင့်သည် လေးနက်လွန်း၏''ဟု ထင်၏၊ ယောဇနာ၌ ''သဗ္ဗတ္ထ သဗ္ဗေသု ဘဝေသု''ဟုဖွင့်၏၊ ''အလုံးစုံသော ဘဝတို့၌ မိစ္ဆာအယူကို မယူမိအောင် စင်ကြယ်သောအာရုံရှိကြသည်''ဟု ဆိုလိုသည်။
မိစ္ဆာဒိဋ္ဌိ။ ။''နတ္ထိကဒိဋ္ဌိ, အဟေတုကဒိဋ္ဌိ, အကြိယဒိဋ္ဌိ''ဟူသော အယူမှားကြီးများကို မယူ−ဟုလို၊ တစ်ချို့ဘဝ၌ကား သူတို့၏အယူကို စုံစမ်းသောအားဖြင့် နွားတို့၏အကျင့်, ခွေးတို့၏အကျင့်များကိုပါ ယူသေး၏၊ [''အကြိယဒိဋ္ဌိ''ဟူသည် ''ကုသိုလ်ကံ အကုသိုလ်ကံကို ပြုသော်လည်း ပြုအပ်သည်မမည် ပြုအပ်ရာမရောက်''ဟု ယူဆကြောင်းအယူတည်း၊ ဤအကြိယာ၏ပြောင်းပြန် ''ကုသိုလ်ကံဖြစ်စေ အကုသိုလ်ကံဖြစ်စေ ပြုလျှင် ပြုအပ်ရာရောက်၏, နောင်အခါ အကျိုးပေးလိမ့်မည်''ဟု သိမြင်တတ်သော ဉာဏ်ကို ''ကမ္မကိရိယဒဿနာ''ဟု နောင်၌ဆိုသည်။] ဝါ၊ ကမ္မသကတာဉာဏ်ရှိကြကုန်၏။ သဂ္ဂေသု၊ နတ်ပြည်, ဗြဟ္မာ့ပြည်တို့၌။ ဝသမာနာပိ၊ နေရပါကုန်သော်လည်း။ အသညံ၊ အသညသတ်ဘုံ၌။ န ဥပပဇ္ဇရေ၊ မဖြစ်ကြရကုန်။ [အသညံဝယ် ဥပဟူသော ကမ္မဝစနီယနှင့် ယှဉ်သောကြောင့် သတ္တမီအနက်၌ ဒုတိယာဝိဘတ်သက်။]
ဥပပါရမီ။ ။ဥပပါရမီ၌ ဥပသဒ္ဒါသည် ''အနီး''အနက်ကိုဟော၏၊ ပရမတ္ထ ပါရမီလောက် ထိပ်တန်းမရောက်သော်လည်း ကိုယ်အင်္ဂါကိုစွန့်၍ မျက်လုံးကိုလှူခြင်း စသော စေတနာကို ''ဥပပါရမီ''ဟုခေါ်၏၊ ထိုဥပပါရမီ ပရမတ္ထပါရမီ အဖြစ်တို့သို့ မရောက်တတ်ဘဲ ကိုယ်မှ အပြင်ပဖြစ်သော ပစ္စည်း စွန့်လှူခြင်းစေတနာကို ''ပါရမီ''ဟုခေါ်သည်၊ ပါရိသေသနည်းတည်း၊ ပုတ္တဒါရဓနာဒိဥပကဏပရိစ္စာဂေါ ပန ဒါန ပါရမီ, အင်္ဂပရိစ္စာဂေါ ဒါန ဥပပါရမီ, အတ္တနော ဇီဝိတပရိစ္စာဂေါ ဒါန ပရမတ္ထပါရမီ။−စရိယာပိဋက (ပကိဏ္ဏကကထာ)။
သီလစသည်။ ။ပုတ္တဒါရဓနစသော ဝတ္ထုတို့၌ မတွယ်တာဘဲ သီလမပျက်အောင် စောင့်ထိန်းခြင်းသည် ''ပါရမီ''မည်၏၊ ကိုယ်အင်္ဂါကို မတွယ်တာဘဲ ကိုယ်အင်္ဂါအပျက်ခံ၍ သီလစောင့်ခြင်းသည် ဥပပါရမီမည်၏၊ အသက်ကိုပင် မတွယ်တာဘဲ အသေခံ၍ သီလစောင့်ခြင်းသည် ပရမတ္ထပါရမီမည်၏၊ နေက္ခမ္မစသည်တို့၌ ၃−မျိုးပြားပုံကို စရိယာ ပီဋက အဋ္ဌကထာကြည့်ရှုပါလေ။ အဿ၊ ထိုဘုရားလောင်း၏။ သင်္ခပါလဇာတကာလေ၊ သင်္ခပါလ နဂါးမင်းဖြစ်ရာအခါ၌။ (ပရမတ္ထပါရမီနာမ ဇာတာ၌ စပ်)။
ဝိဇ္ဈိယန္တော, ကောဋ္ဋိယန္တော။ ။ဤအဋ္ဌကထာ၌ ကမ္မရုပ်တွေ့ရ၏၊ အန္တ ပစ္စည်းလည်း မာနမှပြန်ထားသော အန္တ ဟုဆိုလိုကြသည်၊ ဤပါဌ်ရှိအတိုင်း ''ဘောဇပုတ္တေဟိ''ဟု ကတ္တားလာရလိမ့်မည်၊ ထိုးဖောက်အပ်, ထိုးဆွအပ်သူကား နကုပ္ပါမိ၏ကတ္တားဖြစ်သော ဘုရားအလောင်းတည်း၊ စရိယာပိဋကမူ၌ ဘောဇပုတ္တေနှင့် အရတူ ''သူလေဟိ ဝိနိဝိဇ္ဈန္တေ, ကောဋ္ဋယန္တေ ပိ သတ္တိဟိ''ဟု ရှိ၏၊ ဘောဇပုတ္တေကိုလည်း ကုဓတ္ထဖြစ်သော ကုပဓာတ်၏ အယှဉ်ဖြစ်သောကြောင့် ''ဘောဇပုတ္တာနံ''ဟု သမ္ပဒါန်အနက်ဖွင့်ကြသည်၊ အရညေ မိဂေ ဘုဉ္ဆန္တိ မာရဏတ္ထံ ပါလေန္တီတိ ဘောဇာ၊ ဘုဇပါလန ဗျဝဟရဏေသု'' ဓာတ်နတ်တို့တွင် ပါလနအနက်တည်း၊ ထိုမုဆိုးတို့သည်ပင် အထက်အထက်မုဆိုးတို့၏ သားဖြစ်သောကြောင့် ''ဘောဇနံ+ပုတ္တာ ဘောဇပုတ္တာ''တို့မည်၏၊ တစ်နည်း−''ဘောဇာဧဝ+ပုတ္တာ ဘောဇပုတ္တာ''ဟုပြု။
နမံ၊ပေ၊တဒါ။ ။သသဗိဠရာဒိကော ဘီရူကဇာတိကောပိ ကောစိသတ္တော မံ န ဥတ္တသတိ န ဥဗ္ဗီဇ္ဇတိ၊ အဟံပိ ကဿစိ သီဟဗျဂ္ဃါဒိတိရစ္ဆာနတော ယက္ခာဒိ အမနုဿတော လုဒ္ဒလောဟိတ ပါဏိ မနုဿတော (ကြမ်းတမ်းသော လက်၌ သွေးရှိသော လူမုဆိုးမှလည်း) ဣတိ ကုတောစိပိ နဘယာမိ၊ ဤဂါထာသည် ဧကရာဇဇာတ်တော်က ဂါထာမဟုတ်၊ သုဝဏ္ဏသာမ (သုဝဏ္ဏသျှမ်) ဇာတ်တော်က ဂါထာတည်း၊ ထို သုဝဏ္ဏသျှမ်ဇာတ်တော်၌ မေတ္တာသည် ပရမတ္ထပါရမီ မဟုတ်သေး၊ ဧကရာဇဇာတ်တော်၌ မေတ္တာသည်သာ ပရမတ္ထပါရမီတည်း၊ စရိယာ ပိဋက ဧကရာဇ ဇာတ်တော်ဝယ် ဤသို့ရှိသည်၊− အမစ္စမဏ္ဍလံ ရဇ္ဇံ, ဖီတံ အန္တေပုရံ မမ၊ အစ္ဆိန္ဒိတွာန ဂဟိတံ, ပိယပုတ္တံဝ ပဿဟံ၊ မေတ္တာက မေ သမော နတ္ထိ, ဧသာ မေ မေတ္တာပါရမီ။ မမ−ငါ၏၊ အမစ္စမဏ္ဍလံ−အမတ်ပေါင်းကိုလည်းကောင်း၊ ဖီတံ−စစ်သည်ဗိုလ်ပါ, မြို့ရွာ ဇနပုဒ်တို့ဖြင့် ပြည့်စုံသော၊ ရဇ္ဇံ−တိုင်းပြည်ကိုလည်းကောင်း၊ ဖီတံ−မောင်းမမိဿံ, ခြွေရံများစွာ, တန်ဆာအဆောက်အဦးတို့နှင့်ပြည့်စုံသော၊ အန္တေပုရံ−မြို့တွင်းနန်းတော်ကိုလည်းကောင်း၊ အစ္ဆိန္ဒိတွာန−လုယက်၍၊ ဂတိတံ−ယူသော ရန်သူမင်းကို၊ (''ဂဏှန္တံ'' ရှိလျှင် ကောင်း၏၊) ပိယပုတ္တံဝ−ချစ်အပ်သောသားကဲ့သို့၊ အဟံ−သည်၊ ပဿိံ−ရှုနိုင်ခဲ့ပြီ၊ ''မေတ္တာယ မေ သမော နတ္ထိ''စသည် ပေး။
ဝတ္ထာနိ ကိလိဿန္တိ၊ပေ၊န သဏ္ဌဟတိ။ ။ဤ ၅−ပါးကား တန်ခိုးကြီးသော နတ်များစုတေခါနီး ဖြစ်ရိုးဖြစ်စဉ် ပုဗ္ဗနိမိတ်များတည်း၊ ထို့ကြောင့် ''ဆင်နားပန်းညှိုး, ပုဆိုးနွမ်းပါး, ချိုင်းကြားချွေးယို, ကိုယ်ရောင်ဆင်းပျက်, နန်းထက်မမွေ့ , နတ်ဘုံဟေ့ စုတေ့နိမိတ်ငါး''ဟု ဆရာတို့မိန့်ကြသည်။ သမာဂန္တွာ၊ အညီအညွတ်လာ၍။ မမံ၊ ငါ့ကို။ ပဉ္ဇလီ၊ ချီးမြှောက်အပ်သော လက်အုပ်ရှိကုန်သည်။ (ဟုတွာ)။ ယာစန္တိ၊ တောင်းပန်ကြကုန်၏။ [''ပဂ္ဂဟိ အဉ္စလီ''ဟုဆိုလိုလျက် ဂါထာဖြစ်၍ ဂတိတပုဒ်ချေထားသည်။] (ကိံ၊ အဘယ်သို့ တောင်းပန်ကြကုန်သနည်း)။
ကုလံ။ ။ပဋိရူပဒေသ၌ဖြစ်ရသော်လည်း အမျိုးညံ့နေလျှင် (မိမိကုယ်တိုင်က အရည်အချင်း ပြည့်ဝစေကာမူ) အများ၏ အထင်သေးမှုကို ခံရသေးသောကြောင့် ဗြာဟ္မဏမျိုး, ခတ္တိယမျိုး ၂−မျိုး၌သာ ဘုရားအလောင်းများ ဖြစ်လေ့ရှိ၏၊ ထိုတွင် ဗြဟ္မဏတို့ ဂုဏ်ရှိသောအခါ ဗြဟ္မဏမျိုး၌ဖြစ်၏၊ ခတ္တိယတို့ ဂုဏ်ရှိသောအခါ ခတ္တိယမျိုး၌ဖြစ်၏၊ ထို့ကြောင့် မိမိဖြစ်ရာ ကုသိုလ်ကိုလည်း ကြည့်တော်မူရသည်။
မာတုအာယု။ ။မယ်တော်ဖြစ်မည့်သူသည် သီလသိက္ခာပြည့်ဝ၍ အသက်အားဖြင့် ဘုရားဖွားမြင်ပြီးနောက် ၇−ရက်လောက်သာ အသက်ရှည်မည့်သူဖြစ်ရမည်၊ ဘုရား အလောင်း၏ ကိန်းအောင်းရာဝမ်းတိုက်သည် စေတီအိမ်နှင့်တူ၏၊ အခြားသူများမသုံးထိုက်၊ ဘုရားအလောင်းမယ်တော်ကို အရာချ၍ အခြားသူကိုလည်း အဂ္ဂမဟေသီမမြှောက်ထိုက်၊ ထို့ကြောင့် ဘုရားအလောင်း ဖွားမြင်ပြီးနောက် ၇−ရက်မြောက်၌ နတ်ရွာစံရခြင်းသည် ထုံးစံဖြစ်၏၊ ထို့ကြောင့် မယ်တော်၏ အာယုပ္ပမာဏကိုလည်း ကြည့်ရသည်။ မဟာပဒါနသုတ် အဋ္ဌကထာ။ ဝိလောကေတွာ၊ ကြည့်ရှုပြီး၍။ ကတသန္နိဋ္ဌာနေ၊ (လူ့ပြည်၌ဖြစ်ဖို့ရန်) ပြုအပ်ပြီးသော ဆုံးဖြတ်ခြင်းရှိသည်။ (ဟုတွာ)။ တတော၊ ထိုတုသိတာနတ်ပြည်မှ။ စုတော၊ စုတေသည်။ (သမာနော၊ ဖြစ်လသော်)။ သကျရာဇကုလေ၊ သာကီဝင်မင်းမျိုး၌၊ ပဋိသန္ဓိံ၊ ပဋိသန္ဓေကို။ ဂဟေတွာ၊ ယူ၍။ တတ္ထ၊ ထိုသာကီဝင်မင်းမျိုး၌။ မဟာသမ္ပတ္တိယာ၊ ကြီးစွာသောစည်းစိမ်မှ။ အပရိဟာယမာနော၊ မဟုတ်လျော့ဘဲ။ အနုက္ကမေန၊ အစဉ်အားဖြင့်။ ဘဒြယောဗ္ဗနံ၊ ကောင်းသော ၁၆−နှစ်အရွယ်သို့။ အနုပါပုဏိ၊ အစဉ်ရောက်ပြီ။
တေနေဝ ရတ္တာဝသေသေန၊ ထိုညဉ့်၏ အကြွင်းဖြင့်ပင်။ (သန်းခေါင်လောက်ထွက်တော်မူလာ၍ ကြွင်းသောညဉ့်ပင်)။ တီဏိ၊ ၃−တိုင်းကုန်သော။ မဟာရဇ္ဇာနိ၊ တိုင်းပြည်ကြီးတို့ကို။ (ကပိလဝတ်ပြည်, ဒေဝဒဟပြည်, ကောလိယပြည်တို့ကို)။ အတိက္ကမ္မ၊ လွန်၍။ အနောမာနဒီတီရေ၊ အနောမာမြစ်ကမ်း၌။ ပဗ္ဗဇိတွာ၊ ရဟန်းပြုတော်မူ၍။ အနုက္ကမေန၊ အစဉ်အားဖြင့်။ ရာဇဂဟံ၊ ရာဇဂြိုဟ်မြို့သို့။ ဂန္တွာ၊ ကြွတော်မူ၍။ တတ္ထ၊ ထိုရာဇဂြိုဟ်မြို့၌။ ပိဏ္ဍာယ၊ အဆွမ်းအလို့ငှာ။ စရိတွာ၊ လှည့်လည်တော်မူ၍။ ပဏ္ဍဝပဗ္ဗတပဗ္ဘာရေ၊ ပဏ္ဍဝတောင်ဝှမ်း၌။ နိသိန္နော၊ ထိုင်နေတော်မူသည်။ (သမာနော၊ သော်)။ မဂဓရာဇေန၊ မဂဓမင်းသည်။ (ဗိမ္ဗိသာရမင်းသည်)။ ရဇ္ဇေန၊ တိုင်းနိုင်ငံဖြင့်။ နိမန္တိယမာနော၊ ဖိတ်မန်အပ်သော်။ တံ၊ ထိုမင်းအဖြစ်ကို။ ပဋိက္ခိပိတွာ၊ ပယ်မြစ်၍။ သဗ္ဗညုတံ၊ သဗ္ဗညု၏ အဖြစ်သို့။ ပတွာ၊ ရောက်၍။ [''ဘုရားအဖြစ်သို့ရောက်သောအခါ'' ဟူလို။] တဿ၊ ထိုမဂဓမင်း၏။ (ထိုဗိမ္ဗိသာရမင်း၏)။ ဝိဇိတံ၊ တိုင်းနိုင်ငံသို့။ အာဂမနတ္ထာယ၊ ကြွခြင်းအကျိုးငှာ။ (ကြွလာဖို့ရာ)။ တေန၊ ထိုမဂဓမင်းသည်။ ဂဟိတပဋိညော၊ ယူအပ်ပြီးသော ပဋိညာဏ်ရှိသည်။ (ဟုတွာ)။ အာဠာရဉ္စ၊ အာဠာရရသေ့သို့လည်းကောင်း။ ဥဒကဉ္စ၊ ဥဒကရသေ့သို့လည်းကောင်း။ ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။ တေသံ၊ ထိုရသေ့တို့၏။ သန္တိကေ၊ အထံ၌။ အဓိဂတဝိသေသေန၊ ရအပ်သောတရားထူးဖြင့်။ [တတိယာရုပ္ပဈာန် စတုတ္ထာရုပ္ပဈာန်ဟူသော တရားထူးဖြင့်။] အပရိတုဋ္ဌော၊ မတင်းတိမ်သေးသည်။ (အားမရသေးသည်)။ (ဟုတွာ)။ ဆဗ္ဗဿာနိ၊ ၆−နှစ်ပတ်လုံး။ မဟာပဓာနံ၊ မြတ်သော ကမ္မဋ္ဌာန်းအားထုတ်မှုကို။ ပဒဟိတွာ၊ အားထုတ်ပြီး၍။ ဝိသာခါပုဏ္ဏမဒိဝသေ၊ ကဆုန်လပြည့်နေ့၌။ ပါတောဝ၊ စောစောကပင်။ သေနာနိဂမေ၊ သေနာနိဂုမ်း၌။ သုဇာတာယ၊ သုဇာတာမည်သော သူဋ္ဌေကတော်သည်။ ဒိန္နံ၊ ပေးလှူအပ်သော။ ပါယသံ၊ နို့ဃနာကို။ [ပယသာ+နိဗ္ဗတ္တော ပါယသော။] ပရိဘုဉ္ဇိတွာ၊ ဘုဉ်းပေးပြီး၍။ နေရဉ္ဇရာယ၊ နေရဉ္ဇရာမည်သော။ နဒိယာ၊ မြစ်၌။ သုဝဏ္ဏပါတိံ၊ ရွှေခွက်ကို။ ပဝါဟေတွာ၊ မျောစေ၍။ (မျှော်၍)။ နေရဉ္ဇရာယ၊ နေရဉ္ဇရာမြစ်၏။ တီရေ၊ ကမ်းနား၌၊ မဟာဝနသဏ္ဍေ၊ ကြီးစွာသော တောအုပ်၌။ နာနာသမာပတ္တီဟိ၊ အမျိုးမျိုးသောဈာန်သမာတ်တို့ဖြင့်။ ဒိဝသဘာဂံ၊ နေ့အဖို့ကို။ ဝီတိနာမေတွာ၊ လွန်စေပြီး၍။ သာယနှသမယေ၊ ညနေချမ်းအခါ၌။ သောတ္တိယေန၊ ဝေဒမန္တန်ကို သရဇ္ဈာယ်တတ်သော ပုဏ္ဏားသည်။ [ထိုအချိန်က ထိုပုဏ္ဏားသည် မြက်ရိတ်နေ၏။] ဒိန္နံ၊ ပေးလှူအပ်သော။ အဋ္ဌတိဏမုဋ္ဌိံ၊ မျက်ရှစ်ဆုပ်ကို။ (မြက်ထုံးကလေးရှစ်ထုံးကို)။ ဂဟေတွာ၊ ယူ၍။ ကာဠေန၊ ကာဠမည်သော။ နာဂရာဇေန၊ နဂါးမင်းသည်။ အဘိတ္ထုတဂုဏော၊ ချီးမွမ်းအပ်သောဂုဏ်ရှိသည်။ (ဟုတွာ)။ ဗောဓိမဏ္ဍံ၊ ဗောဓိမဏ္ဍိုင်သို့။ အာရုယှ၊ တက်တော်မူ၍။ တိဏာနိ၊ မြက်တို့ကို။ သန္တရိတွာ၊ ဖြန့်ခင်း၍။ ယာဝ၊ အကြင်မျှလောက်။ မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ အနုပါဒါယ၊ တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော အာရုံကိုမယူမူ၍။ အာသဝေဟိ၊ အာသဝေါတို့မှ။ နဝိမုစ္စိဿတိ၊ မလွတ်လတ္တံံသေး။ တာဝ၊ ထိုအာသဝေါတို့မှ မလွတ်သေးသမျှ။ ဣမံပလ္လင်္ကံ၊ ဤ ထက်ဝယ်တင်ပလ္လင်ကို။ န ဘိန္ဒိဿာမိ၊ မဖျက်တော့အံ့။ ဣတိ၊ ဤသို့။ ပဋိညံ၊ ပဋိညာဉ်ကို။ (ဓိဋ္ဌာန်မှုကို)။ ကတွာ၊ ပြုပြီး၍။ ပါစီနဒိသာဘိမုခေါ၊ အရှေ့အရပ်သို့ ရှေးရှုသောမျက်နှာရှိသည်။ (ဟုတွာ)။ နိသီဒိတွာ၊ ထိုင်၍။ သူရိယေ၊ နေသည်။ အနတ္ထင်္ဂမိတေယဝ၊ မဝင်သေးမီပင်လျှင်။ မာရဗလံ၊ မာရ်မင်း၏စစ်သည်ကို။ ဝိဓမိတွာ၊ ပယ်ဖျောက်၍။ ပဌမယာမေ၊ ပဌမယာမ်၌။ ပုဗ္ဗေနိဝါသဉာဏံ၊ ပုဗ္ဗေနိဝါသဉာဏ်သို့လည်းကောင်း။ [ရှေး၌နေခဲ့ဖူးသော ခန္ဓာအစဉ်ကို သိတတ်သောဉာဏ်သို့လည်းကောင်း။] မဇ္ဈိမယာမေ၊ မဇ္ဈိမယာမ်၌။ စုတူပပါတဉာဏံ၊ စုတူပပါတဉာဏ်သို့လည်းကောင်း။ [သတ္တဝါတို့၏ စုတိပဋိသန္ဓေကို သိတတ်သောဉာဏ်သို့လည်းကောင်း။] ပတွာ၊ ရောက်၍။ ပစ္ဆိမယာမာဝသာနေ၊ ပစ္ဆိမယာမ်၏ အဆုံးအချိန်၌။ သောတ္တိယေန။ ။သုတိ, သုတ္တ ဆန္ဒသဒ္ဒါတို့သည် ''ဒေဝ-ဗေဒ'' အနက်ကိုဟော၏၊ သုတ္တံ−ဝေဒကျမ်းကို(ဗေဒင်ကျမ်းကို)+အဓီတေ−ရွတ်အံ့ သရဇ္ဈာယ်တတ်၏၊ ဣတိ၊ သောတ္တိယော၊ [တမဓီီတေ−စသောသုတ်ဖြင့် ဏိကသက်, ကကို ယပြု၊ သုတ္တ၌ သံယောဂန္တဖြစ်သော်လည်း ''နေန နိဒ္ဒိဋ္ဌံ အနိစ္စံ−အသံယောဂန္တ ဿ၌ အ ဟူသော ပဋိသေဓဖြင့် ညွှန်ပြအပ်ရာဝယ် အစီအရင်မမြဲ''ဟု ပရိဘာသာရှိသောကြောင့် ဝုဒ္ဓိပြု၊ သောတီတိယော ဆန္ဒသော၊−အဘိဓာန်(၄၀၈)။] ''သုဒ္ဒိယေန−မြက်ထမ်းသူဆင်းရဲပုဏ္ဏားသည်''ဟုလည်းကောင်း၊ ''သောတ္ထိယေန− မောင်ချမ်းသာသည်၊ သုဒ္ဓိယေန−မောင်စင်ကြယ်သည်''ဟုလည်းကောင်း ပါဌ်အထွေထွေကြံ၍ အနက်ပေးကြသေးသတတ်။ ဒသဗလစတုဝေသာရဇ္ဇာဒိ သဗ္ဗဗုဒ္ဓဂုဏ ပဋိမဏ္ဍိတံ၊ ဒသဗလဉာဏ်တော်, စတုဝေသာရဇ္ဇဉာဏ်တော်အစရှိသော အလုံးစုံသော ဗုဒ္ဓဂုဏ်တော်တို့ဖြင့် တန်ဆာဆင်အပ်သော။ သဗ္ဗညုတညာဏံ၊ ကို။ ပဋိဝိဇ္ဈန္တောယေဝ၊ ထိုးထွင်းကာသိတော်မူလျက်သာလျှင်။ ဣမံ အဘိဓမ္မနယသမုဒ္ဒံ၊ ဤအဘိဓမ္မာတည်းဟူသော နယ သမုဒ္ဒရာကို။ အဓိဂဉ္ဆိ၊ ရတော်မူပြီ။