Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇī-aṭṭhakathā
Dhammasaṅgaṇī-aṭṭhakathā

လောကပါလဒုကဝဏ္ဏနာ လောကပါလဒုကအဖွင့် [လောကပါလ-ဒုက်ကို ဖွင့်ပြလိုသောကြောင့် "ဟိရောတ္တပ္ပာနိပိ" ဟု မိန့် သည်။]

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

လောကပါလဒုကဝဏ္ဏနာ

လောကပါလဒုကအဖွင့်

[လောကပါလ-ဒုက်ကို ဖွင့်ပြလိုသောကြောင့် "ဟိရောတ္တပ္ပာနိပိ" ဟု မိန့် သည်။]

ဟိရောတ္တပ္ပာနိပိ၊ ဟိရီသြတ္တပ္ပတို့ကိုလည်း။ ဟေဋ္ဌာ၊ ၌။ ဗလဝသေန၊ ဖြင့်။ ဂဟိတာနိ၊ ကုန်ပြီ။ ["ဟိရိဗလ သြတ္တပ္ပဗလ" အဖြစ်ဖြင့် ယူခဲ့သည်-ဟူလို။] ဣဓ၊ ဤနေရာ၌။ လောကပါလဝသေန၊ လောကပါလ၏ အဖြစ်ဖြင့်။ (ဂဟိတာနိ။)
ဟိ၊ မှန်။ လောကံ၊ သတ္တလောကကို။ ဒွေ၊ ကုန်သော။ ဣမေ ဓမ္မာ၊ ဤဟိရီသြတ္တပ္ပတရားတို့သည်။ ပါလယန္တိ၊ စောင့်ရှောက်တတ်ကုန်၏။
ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။
ဒွေ မေ။ ပ။ ဒါရာတိဝါတိ၊ ဟူ၍။ အာဟ။ [ဘိက္ခဝေ၊ တို့။ ဒွေ၊ ကုန်သော။ သုက္ကာ၊ ဖြူစင်ကုန်သော။ ဣမေ ဓမ္မာ၊ တို့သည်။ လောကံ၊ ကို။ ပါလေန္တိ၊ စောင့်ရှောက်ကုန်၏။ ဒွေ၊ ၂-ပါး တို့သည်။
ကတမေ၊ အဘယ်တို့နည်း။
ဟိရီ စ၊ လည်းကောင်း။ သြတ္တပ္ပဉ္စ၊ လည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ ဒွေ သုက္ကာ။ ဣမေ ဓမ္မာ၊ တို့သည်။ ("ပါလေန္တိ၊ ဘိက္ခဝေ ဒွေ သုက္ကာ ဓမ္မာ လောကံ"ဟု ရှိသည်ကား ပါဌ်ပိုတည်း။) လောကံ၊ ကို။
သစေ န ပါလေယျုံ၊ အကယ်၍ မစောင့် ရှောက်ကုန်အံ့။ (ဧဝံ သတိ။) ဣဓ၊ ဤ လောက၌။ မာတာတိ ဝါ၊ အမိဟူ၍ လည်းကောင်း။ မာတုစ္ဆာတိ ဝါ၊ မိကြီး မိထွေးဟူ၍လည်းကောင်း။ မာတုလာနီတိ ဝါ၊ ဦးရီး ဦးလေး၏ မယားဟူ၍လည်းကောင်း။ အာစရိယ ဘရိယာတိ ဝါ၊ ဆရာကတော်ဟူလည်းကောင်း။ ဂရူနံ၊ သိက္ခာတင်ပေးသော ပုဏ္ဏားဆရာကြီးတို့၏။ ဒါရာတိ ဝါ၊ ဆရာကတော်တို့ ဟူ၍လည်းကောင်း။ န ပညာယျေထ၊ မထင်ရှားတော့ရာ။
အဇေဠက။ ပ။ သိင်္ဂါလာ၊ ဆိတ်,သိုး, ကြက်, ဝက်, အိမ်ခွေး, တောခွေးတို့သည်။ (သမ္ဘေဒံ၊ ရောစပ်ခြင်းသို့။ အာဂစ္ဆန္တိ) ယထာ၊ ရောက်ကုန်သကဲ့သို့။ (တထာ။) လောကော၊ သတ္တလောကသည်။ သမ္ဘေဒံ၊ သို့။ အာဂမိဿတိ၊ ရောက်တော့လတ္တံ့။ (အဂမိဿ၊ ရောက်ရာ၏။"ဟုလည်း မူကွဲရှိ၏။ အဖေဆိတ် အမေဆိတ်နှင့် သားဆိတ် သမီးဆိတ်တို့ မေထုန်မှီဝဲသောအားဖြင့် ရောစပ်ကြသကဲ့သို့၊ ထို့အတူ အဖေ နှင့်သမီးစသည်တို့ မေထုန်မှီဝဲသောအားဖြင့် ရောစပ်ကြလိမ့်မည်ဟူလို။)
ဘိက္ခဝေ၊ တို့။ စ ခေါ၊ အနွယ ကား။ ယသ္မာ၊ ကြောင့်။ ပ။ ပါလေန္တိ၊ တသ္မာ၊ ထိုသို့ ဤတရား ၂-ပါး၏ လောကကို စောင့်ရှောက်ခြင်းကြောင့်။ မာတာတိ ဝါ၊ ဟူ၍လည်းကောင်း။ ပ။ ဒါရာတိ ဝါ၊ ဟူ၍လည်းကောင်း။ ပညာယတိ၊ ထင်ရှား၏။- (ဒုက-အင်္ဂုတ္တိုရ်၊ ကမ္မကရဏ-ဝဂ်။)]