Issues
Select Version
云台教理组
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇī-aṭṭhakathā
Dhammasaṅgaṇī-aṭṭhakathā

ပဿဒ္ဓါဒိယုဂလဝဏ္ဏနာ ပဿဒ္ဓါဒိယုဂလအဖွင့် [လောကပါလတရားတို့ကို ဖွင့်ပြပြီး၍၊ ပဿဒ္ဓါဒိယုဂလ တရားတို့ကို ဖွင့်ပြလိုသောကြောင့် "ကာယဿပဿမ္ဘနံ" စသည်မိန့်။]

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ပဿဒ္ဓါဒိယုဂလဝဏ္ဏနာ

ပဿဒ္ဓါဒိယုဂလအဖွင့်

[လောကပါလတရားတို့ကို ဖွင့်ပြပြီး၍၊ ပဿဒ္ဓါဒိယုဂလ တရားတို့ကို ဖွင့်ပြလိုသောကြောင့် "ကာယဿပဿမ္ဘနံ" စသည်မိန့်။]

ကာယဿ၊ စေတသိက်အပေါင်း၏။ ပဿမ္ဘနံ၊ ကိလေသာ အပူဝေး၍ ငြိမ်းအေးခြင်းတည်း။ ကာယပဿဒ္ဓိ၊ စေတသိက် အပေါင်း၏ ငြိမ်းအေးခြင်း။
စိတ္တဿ၊ ၏။ ပဿမ္ဘနံ၊ တည်း။ စိတ္တပဿဒ္ဓိ။
စ၊ ဆက်။ ဧတ္ထ၊ ဤ ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိဟူသောပါဌ်၌။ ကာယောတိ၊ ကာယော ဟူသည်ကား။ ဝေဒနာဒယော၊ ဝေဒနာ အစရှိကုန်သော။ တယော၊ ကုန်သော။ ခန္ဓာ၊ ခန္ဓာတို့တည်း။
ပန၊ ဆက်။ (တစ်နည်း) ပန၊ ပဒတ္ထမှတစ်ပါး လက္ခဏာဒျတ္ထကား။ ဥဘောပိ၊ ၂-ပါးလည်း ဖြစ်ကုန်သော။ ဧတာ ကာယစိတ္တပဿဒ္ဓိယော၊ တို့သည်။ [ "ကာယစိတ္တပဿဒ္ဓိယော" ကား နောက်မှထည့်ပါဌ်ဖြစ်ဟန်တူ၏။] ဧကတော၊ တစ်ပေါင်းတည်း။ ကတွာ၊ ၍။ [ "ကာယ စိတ္တ ၂-ပါးစုံကို တစ်ပေါင်းတည်းပြု၍-ဟူလို။ "ဧကတောဟုတွာ" ဟု ရှိလျှင် သာ၍ကောင်းသည်။] ကာယ။ ပ။ လက္ခဏာ၊ စေတသိက်အပေါင်း စိတ်တို့၏ ပူလောင်ကြောင်းဖြစ်သော ဥဒ္ဓစ္စပြဋ္ဌာန်းသော ကိလေသာအပူတို့၏ ငြိမ်းအေးခြင်း လက္ခဏာရှိကုန်၏။ ကာယစိတ္တဒရထ နိမ္မဒ္ဒနရသာ၊ စေတသိက်အပေါင်းတို့၏ ပူလောင်ကြောင်းဖြစ်သော ကိလေသာတို့ကို နှိမ်နင်းခြင်းကိစ္စရှိကုန်၏။ ကာယစိတ္တာနံ၊ စေတသိက်အပေါင်းစိတ်တို့၏။ အပရိပ္ဖန္ဒသီတိဘာဝပစ္စုပဋ္ဌာနာ၊ မတုန်လှုပ်ကုန်သည်၏အဖြစ် ငြိမ်းအေးကုန်သည်၏အဖြစ်ဖြင့် ယောဂီတို့။ပ။ ထင်လာကုန်၏ ။ ကာယစိတ္တပဒဋ္ဌာနာ၊ စေတသိက်အပေါင်း စိတ်ဟူသော နီးစွာသော အကြောင်းရှိကုန်၏။
ကာယစိတ္တာနံ၊ တို့၏။ အဝူပသမ။ ပ။ ဘူတာ၊ မငြိမ်သက်ကုန်သည်၏အဖြစ်ကို ပြုတတ်သော ဥဒ္ဓစ္စပြဋ္ဌာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်၍ဖြစ်ကုန်၏။ ဝါ၊ မငြိမ်သက်ကုန်သည်၏အဖြစ်ကို ပြုတတ်သော ဥဒ္ဓစ္စ အစရှိသော ကိလေသာတို့၏ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်ကုန်၏။ ဣတိ၊ သို့။ ဒဋ္ဌဗ္ဗာ၊ ကုန်၏။ [ အာဒိသဒ္ဒသည် ပဓာနအနက်၊ ကောဋိ(အစွန်းအစ)အနက် ၂-မျိုးကို ဟော၏။ နောက်လည်း နည်းတူ။]
ကာယဿ၊ ၏။ လဟုဘာဝေါ၊ လျင်မြန် ပေါ့ပါးသည်၏ အဖြစ်တည်း။ ကာယလဟုတာ၊ အဖြစ်။
စိတ္တဿ၊ ၏။ လဟုဘာဝေါ၊ တည်း။ စိတ္တလဟုတာ၊ အဖြစ်။
တာ၊ ထိုကာယလဟုတာ စိတ္တလဟုတာတို့သည်။ ကာယ။ ပ။ လက္ခဏာ၊ စေတသိက်အပေါင်းစိတ်တို့၏ လေးလံကုန်သည်၏ ဖြစ်ကြောင်းဖြစ်ရာ ထိနမိဒ္ဓ ပြဋ္ဌာန်းသော ကိလေသာတို့၏ ငြိမ်းအေးခြင်း လက္ခဏာရှိကုန်၏။ ကာယ။ ပ။ ရသာ၊ စေတသိက်အပေါင်း စိတ်တို့၏ လေးလံကုန်သည်၏ ဖြစ်ကြောင်းဖြစ်ရာ ထိနမိဒ္ဓပြဋ္ဌာန်းသော ကိလေသာတို့ကို နှိမ်နင်းခြင်းကိစ္စရှိကုန်၏။ ကာယစိတ္တာနံ၊ တို့၏။ အဒန္ဓတာပစ္စုပဋ္ဌာနာ၊ မနုံ့နှေးကုန်သည်၏ အဖြစ်ဖြင့် ယောဂီတို့။ ပ။ ကုန်၏။ ကာယစိတ္တပဒဋ္ဌာနာ၊ ကုန်၏။
ကာယစိတ္တာနံ၊ တို့၏ ။ ဂရုဘာဝ။ ပ။ ဘူတာ၊ လေးလံကုန်သည်၏ အဖြစ်ကို ပြုတတ်သော ထိန မိဒ္ဓ ပြဋ္ဌာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်၍ဖြစ်ကုန်၏။
ကာယဿ၊ ၏။ မုဒုဘာဝေါ၊ နူးညံ့သည်၏ အဖြစ်တည်း။ ကာယမုဒုတာ၊ အဖြစ်။ ပ။
တာ၊ ထို ကာယမုဒုတာ စိတ္တမုဒုတာတို့သည်။ ကာယ။ ပ။ လက္ခဏာ၊ စေတသိက်အပေါင်း စိတ်တို့၏ ခက်ထန်ကုန်သည်၏ အဖြစ်၏ ငြိမ်းအေးခြင်း။ ပ။ ကုန်၏။ ကာယစိတ္တ။ ပ။ နိမ္မဒ္ဒနရသာ၊ စေတသိက်အပေါင်း စိတ်တို့၏ ခက်ထန်ကုန်သည်၏။ ဖြစ်ကြောင်းဖြစ်ရာ ဒိဋ္ဌိမာန ပြဋ္ဌာန်းသော ကိလေသာတို့ကို နှိမ်နင်းခြင်းကိစ္စရှိကုန်၏။ အပ္ပဋိဃာတပစ္စုပဋ္ဌာနာ၊ မထိပါးတတ်သော တရားဟု ယောဂီတို့။ ပ။ ကုန်၏။
ကာယစိတ္တာနံ၊ တို့၏။ ထဒ္ဓ။ ပ။ ဘူတာ၊ ခက်ထန်ကုန်သည်၏အဖြစ်ကို ပြုတတ်သော ဒိဋ္ဌိ မာန ပြဋ္ဌာန်းသော - ကိလေသာတို့၏ ဆန့်ကျင်ဘက်။ ပ။ ကုန်၏။ ဣတိ ဒဋ္ဌဗ္ဗာ။
ကာယဿ၊ ၏။ ကမ္မညဘာဝေါ၊ ကောင်းသောအမှု၌ ခံ့သည်၏အဖြစ်တည်း။ ကာယကမ္မညတာ၊ ဖြစ်။
စိတ္တဿ၊ ၏။ ကမ္မညဘာဝေါ၊ တည်း။ စိတ္တကမ္မညတာ။
တာ၊ ထို ကာယကမ္မညတာ စိတ္တကမ္မညတာတို့သည်။ ကာယ။ ပ။ လက္ခဏာ၊ စေတသိက်အပေါင်း စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ကုန်သည်၏ ဖြစ်ကြောင်းဖြစ်ရာ ဥဒ္ဓစ္စ-စသည်မှ ကြွင်းသော နီဝရဏတို့၏ ငြိမ်းအေးခြင်း။ ပ။ ကုန်၏။ ကာယစိတ္တာနံ၊ တို့၏။ အကမ္မည။ ပ။ ရသာ၊ ကောင်းသောအမှု၌ မခံ့ကုန်သည်၏ ဖြစ်ကြောင်းဖြစ်ရာ, ဥဒ္ဓစ္စ- စသည်မှ ကြွင်းသော နီဝရဏတို့ကို နှိမ်နင်းခြင်းကိစ္စ ရှိကုန်၏။ ကာယစိတ္တာနံ၊ တို့၏။ အာရမ္မဏ။ ပ။ ပဋ္ဌာနာ၊ အာရုံပြုခြင်း၏ ပြည့်စုံကြောင်းတရားဟုယောဂီတို့။ ပ။ ကုန်၏။ ကာယစိတ္တပဒဋ္ဌာနာ၊ ကုန်၏။
ကာယစိတ္တာနံ၊ တို့၏။ အကမ္မည။ ပ။ ဘူတာ၊ ကောင်းသောအမှု၌ မခံ့ကုန်သည်၏ အဖြစ်ကို ပြုတတ်သော ဥဒ္ဓစ္စ စသည်မှ ကြွင်းသော နီဝရဏတို့၏ ဆန့်ကျင်ဘက် ဖြစ်၍ဖြစ်ကုန်၏။ ဣတိ ဒဋ္ဌဗ္ဗာ။ [ရှေး၌ ဥဒ္ဓစ္စဖြင့် ကုက္ကုစ္စကိုပါယူ။ ကာမစ္ဆန္ဒ- စသည်ကို"အဝသေသနီဝရဏ"ဟု ဆိုသည်။]
တာ၊ ထို ကာယကမ္မညတာ စိတ္တကမ္မညတာတို့သည်။ ပသာဒနီယဝတ္ထုသု၊ ကြည်ညိုဖွယ်ဝတ္ထုတို့၌။ ပသာဒါဝဟာ၊ ကြည်ညိုခြင်းကိုဆောင်တတ်ကုန်၏ ။ သုဝဏ္ဏဝိသုဒ္ဓိ ဝိယ၊ အလွန် သန့်ရှင်းစင်ကြယ်သော ရွှေကဲ့သို့။ ဟိတကြိယာသု၊ စီးပွားကို ပြုခြင်းတို့၌။ ဝိနိယောဂက္ခမဘာဝါဝဟာ၊ ယှဉ်စပ်သုံးစွဲမှု၌ ခံ့သည်၏အဖြစ်ကို ဆောင်တတ်ကုန်၏။ ဣတိ ဒဋ္ဌဗ္ဗာ။ [လှော်ပြီး ဦးပြီးသော ရွှေသည် ပုတီး နားတောင်းစသော တန်ဆာပြုမှုတို့၌ သုံးစွဲခြင်းငှာ သင့်လျော်သကဲ့သို့၊ ကောင်း သောကိစ္စတို့၌ စိတ် စေတသိက်များကို ယှဉ်စပ်သုံးစွဲခြင်းငှာ သင့်လျော်အောင် ရွက်ဆောင်တတ်ကြသည်-ဟူလို။]
ကာယဿံ၊ ၏။ ပါဂုညဘာဝေါ၊ ပြွမ်းတီးလေ့လာ မကျင်နာသည်၏အဖြစ် တည်း။ ကာယပါဂုညတာ၊ အဖြစ်။
စိတ္တဿ၊ ၏။ ပါဂုညဘာဝေါ၊ တည်း။ စိတ္တပါဂုညတာ။
တာ၊ ထို ကာယပါဂုညတာ စိတ္တပါဂုညတာတို့သည်။ ကာယစိတ္တာနံ၊ တို့၏။ အဂေလည ဘာဝလက္ခဏာ၊ မကျင်နာကုန်သည်၏ အဖြစ်ဟူသော လက္ခဏာရှိကုန်၏။ ကာယ။ ပ။ ရသာ၊ စေတသိက်အပေါင်း စိတ်တို့၏ ကျင်နာကုန်သည်၏ အဖြစ်ကို နှိမ်နင်းခြင်းကိစ္စရှိကုန်၏။ နိရာဒီနဝ ပစ္စုပဋ္ဌာနာ၊ အပြစ်မရှိသောတရားဟု ယောဂီတို့။ ပ။ ကုန်၏။ ကာယစိတ္တ ပဒဋ္ဌာနာ၊ ကုန်၏။
ကာယ။ပ။ ဘူတာ၊ စေတသိက်အပေါင်း စိတ်တို့၏ ကျင်နာကုန်သည်၏ အဖြစ်ကိုပြုတတ်သော အဿဒ္ဓိယ ပြဋ္ဌာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်ကုန်၏။ ဣတိဒဋ္ဌဗ္ဗာ။
ကာယဿ၊ ၏။ ဥဇုကဘာဝေါ၊ ဖြောင့်မတ်သည်၏ အဖြစ်တည်း။ ကာယု ဇုကတာ၊ အဖြစ်။
စိတ္တဿ၊ ၏။ ဥဇုကဘာဝေါ၊ တည်း။ စိတ္တုဇုကတာ။
တာ၊ ထို ကာယုဇုကတာ စိတ္တုဇုကတာတို့သည်။ ကာယစိတ္တာနံ၊ တို့၏။ အဇ္ဇဝလက္ခဏာ၊ ဖြောင့်မတ်ကုန်သည်၏ အဖြစ်ဟူသောလက္ခဏာ ရှိကုန်၏။ ကာယ၊ ပ။ ရသာ၊ စေတသိက်အပေါင်း စိတ်တို့၏ ကောက်ကျစ်ကုန်သည်၏ အဖြစ်ကို နှိမ်နင်းခြင်း ကိစ္စရှိကုန်၏။ အဇိမှတာပစ္စုပဋ္ဌာနာ၊ မကောက်ကျစ်ကုန်သည်၏ အဖြစ်ဖြင့် ယောဂီ တို့။ ပ။ ထင်လာကုန်၏။ ကာယစိတ္တ ပဒဋ္ဌာနာ၊ ကုန်၏။
ကာယစိတ္တာနံ၊ တို့၏။ ကုဋိလ။ ပ။ ဘူတာ၊ ကောက်ကျစ်ကုန်သည်၏ အဖြစ်ကို ပြုတတ်သော မာယာသာဌေယျပြဋ္ဌာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက်ဖြစ်၍- ဖြစ်ကုန်၏။ ဣတိ ဒဋ္ဌဗ္ဗာ။ [ ဤ ကာယပဿဒ္ဓိ-စသည်တို့၏ အဓိပ္ပာယ်ကို သင်္ဂြိုဟ် ဘာသာ ဋီကာ၌ အပြည့်အစုံပြထားပြီ။]
(ယာ ဓမ္မဇာတိ။) သရတိ၊ ဘုရား အစရှိသော အာရုံကို အမှတ်ရတတ်၏။ ဣတိ၊ ကြောင့်။ (သာ ဓမ္မဇာတိ။) သတိ၊ မည်၏။ (ယံဓမ္မဇာတံ။)
သမ္ပဇာနာတိ၊ ထက်ဝန်းကျင် - အပြားတို့ဖြင့် သိတတ်၏။ ဣတိ၊ ထိုသို့ ထက်ဝန်းကျင်အပြားတို့ဖြင့် သိတတ်သည်၏ အဖြစ်ကြောင့်။ (တံ ဓမ္မဇာတံ။) သမ္ပဇညံ ၁။ သမ္ပဇညံ။ ။ သံကို "သမန္တ တော"ဟု လည်းကောင်း၊ ပကို "ပကာရေဟိ" ဟုလည်းကောင်း ဖွင့်သည်။ သိသင့်သမျှ အာရုံအားလုံးကို အမျိုးမျိုးအဖုံဖုံ စုံအောင် သိနိုင်သည် ဟူလို၊ တရားကိုယ်မှာ ပညာပင်တည်း။ "ဇာနာတိ"ဟု ကတ္တုသာဇ် ဝစနတ္ထပြုသောကြောင့် သံ-ရှေးပ-ရှေးရှိသော ဉာဓာတ်၊ ကိယာဒိ-နာပစ္စည်းဖြင့် "သမ္ပဇာန"ဟု ဖြစ်ပြီးနောက် ကိတ်ဏျပစ္စည်း သက်၍ နျကို ဉ ပြု၊ ဒွေဘော်လာပြီးလျှင် ဇာ၌ ရဿပြု၊ ဏျပစ္စည်းကို ကတ္တားဟော"ဟု ကြံပါ။ အခြားနေရာ၌ကား သတော သမ္ပဇာနော စသည်ဖြင့် သမ္ပဇာနပုဒ်က ပုဂ္ဂိုလ်ကို ဟော၍ "သမ္ပဇာနဿ+ဘာဝေါ သမ္ပဇညံ"ဟု ပြုရသည်။ ဋီကာ၌ "သမံ သမန္တ တော ပကာရေဟိ ဇာနနံ သမ္ပဇညံ"ဟု ဘာဝသာဓန တစ်နည်းပြထား၏။ ၊ သမ္ပဇညမည်၏။ သမန္တ တော၊ ထက်ဝန်းကျင်၌ ။ ပကာရေဟိ၊ အပြားတို့ဖြင့်။ ဇာနာတိ၊ သိတတ်၏။ ဣတိ အတ္ထော၊ နက်။
ပန၊ ဆက်။ သာတ္ထကသမ္ပဇညံ၊ သာတ္ထကသမ္ပဇည လည်းကောင်း။ သပ္ပာယသမ္ပဇညံ၊ လည်းကောင်း။ ဂေါစရသမ္ပဇညံ၊ လည်းကောင်း။ အသမ္မောဟသမ္ပဇညံ၊ လည်းကောင်း။ ဣတိ၊ သို့။ စတုန္နံ၊ ကုန်သော။ ဣမေသံ၊ ဤ သမ္ပဇညတို့၏။ ဝသေန၊ ဖြင့်။ အဿ၊ ထို သမ္ပဇည၏။ ဘေဒေါ၊ အပြားကို။ ဝေဒိတဗ္ဗော။ [သမ္ပဇည ၄-ပါးတို့၏ သဘောကို ဋီကာ၌ ရှုပါ။ ထိုထက်အကျယ်ကို သီလက္ခန်အဋ္ဌကထာ သာမညဖလသုတ်အဖွင့်၌ ရှုပါ။]
စ၊ ဆက်။ တေသံ၊ ထိုသတိသမ္ပဇညတို့၏။ လက္ခဏာ ဒီနိ၊ တို့ကို။ သတိန္ဒြိယပညိန္ဒြိယေသု၊ တို့၌။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသောနည်းဖြင့်သာ။ ဝေဒိတဗ္ဗာနိ၊ ကုန်၏။
ဣတိ၊ ဤသို့လျှင်။ ဟေဋ္ဌာ၊ ၌။ ဝုတ္တမေဝ၊ ဟောတော်မူအပ်ပြီးသည်သာလျှင် ဖြစ်သော။ တံ ဓမ္မဒွယံ၊ ထို သတိ ပညာတရားနှစ်ပါးအပေါင်းကို။ ပုန၊ တစ်ဖန်။ ဣမသ္မိံ ဌာနေ၊ ဤအရာ၌။ ဥပကာရဝသေန၊ လျော်သော ကျေးဇူးကို ပြုတတ်သည်၏ အစွမ်းဖြင့်။ ဂဟိတံ၊ ယူတော်မူအပ်ပြီ။ [ ဤတရား ၂-ပါးသည် ကမ္မဋ္ဌာန်း အားထုတ်သော ယောဂီတိုင်းအား ကျေးဇူးများသောကြောင့် ထပ်၍ ယူအပ်သည်-ဟူလို။]
(ယော သဘာဝေါ။) ကာမစ္ဆန္ဒာဒယော၊ အစရှိကုန်သော။ ပစ္စနီကဓမ္မေ၊ ဆန့်ကျင်ဘက်တရားတို့ကို။ သမေတိ၊ ငြိမ်းစေတတ်၏။ ဣတိ၊ ထိုသို့ ကာမစ္ဆန္ဒ အစရှိသော ဆန့်ကျင်ဘက်တရားတို့ကို ငြိမ်းစေတတ်သည်၏ အဖြစ်ကြောင့်။ (သော သဘာဝေါ။) သမထော၊ မည်၏။ (ယာ ဓမ္မဇာတိ။)
အနိစ္စာဒိဝသေန၊ အနိစ္စ-အစရှိသည်တို့၏ အစွမ်းဖြင့်။ ဝိဝိဓေဟိ၊ အထူးထူး အပြားပြားကုန်သော။ အာကာရေဟိ၊ တို့ဖြင့်။ [ အနိစ္စ, ဒုက္ခ, အန အနတ္တကိုပင် "ဝိဝိဓအာကာရ"ဟု ဆိုသည်။] ဓမ္မေ၊ တေဘူ မကတရားတို့ကို။ ပဿတိ၊ ရှုတတ်၏။ ဣတိ၊ ထိုသို့ အနိစ္စ-အစ ရှိသောအထူးထူး အပြားပြားသော အခြင်းအရာတို့ဖြင့် တေဘူမကတရားတို့ကို ရှုတတ်သည်၏အဖြစ်ကြောင့်။ (သာ ဓမ္မဇာတိ။) ဝိပဿနာ၊ မည်၏။
ဧသာ၊ ဤ ဝိပဿနာသည်။ အတ္ထတော၊ အနက်တရားကိုယ်အားဖြင့်။ ပညာဝ၊ ပညာပင်တည်း။
ဒွိန္နံ၊ ကုန်သော။ ဣမေသမ္ပိ၊ ဤ သမထ ဝိပဿနာတရားတို့၏လည်း။ လက္ခဏာ ဒီနိ၊ တို့ကို။ ဟေဋ္ဌာ၊ ၌။ ဝုတ္တာနေဝ၊ ဆိုအပ်ကုန်ပြီးသည်သာ။
ပန၊ ထိုသို့ပင် အောက်၌ဟောတော် မူအပ်ပါကုန်သော်လည်း။ ဣဓ၊ ဤနေရာ၌။ ဧတေ၊ ဤ သမထ ဝိပဿနာတရားတို့ကို။ ယုဂနဒ္ဓဝသေန၁။ ယုဂနဒ္ဓဝသေန။ ။ယုဂေ၊ ထမ်းပိုး၌။ နဒ္ဓာ၊ ဖွဲ့အပ်သော အာဇာနည်မြင်းတို့တည်း။ ယုဂနဒ္ဓာ၊ တို့။ အာဇာနည်မြင်းတို့သည် တစ်စီးကို တစ်စီးက မလွန်ဘဲ အချင်းချင်း ကျေးဇူးပြုကာ အညီအမျှ ထမ်းပိုးကို ထမ်းဆောင်ကြသကဲ့သို့၊ ထို့အတူ သမထဝိပဿနာတရားတို့လည်း ကမ္မဋ္ဌာန်းအာရုံတစ်ခု၌ အချင်းချင်း လွန်တက်၍ မသွားဘဲ အညီအမျှ အာရုံပြုကြရ သည်။ [သမံ ပဝတ္တာတိ အညမညာနတိဝတ္တနေန သမံ။ ပ။ ပဝတ္တာ။ -အနုဋီကာ။] နဒ္ဓာ၌ နဟ-ဗန္ဓနေ ဟူသော ဓာတ်၊ တ-ပစ္စည်း၊ သိနိဟ-မှ သိနိဒ္ဓဖြစ်သကဲ့သို့တည်း။ အချို့စာအုပ်များ၌ "ယုဂနန္ဒာ" ဟု ရှိ၏၊ ထိုပါဌ်၌ နန္ဓဓာတ်လည်း ဖွဲ့ခြင်း အနက်ဟောပင်၊ အ-ပစ္စည်းဟု ကြံပါ။
အနုဋီကာ။ ။ အညမညသဟာယဘာဝူပဂမနေန ယောဂိနော မနောရထဓုရာကဍ္ဎနေ (စိတ်တည်းဟူသော ရထားထမ်းပိုးကို ဆွဲငင်ခြင်း၌) ရထဓုရာကဍ္ဎနေ ဝိယအာဇာနေယျယုဂေ ယုဂလကော ဟုတွာ အညမညာနတိဝတ္တမာနေန နဒ္ဓာ ဗဒ္ဓာ ဝိယာတိ ဝါ ယုဂနဒ္ဓာ၊ ဤသို့လည်းဖွင့်သေး၏။ ဤအလို "ယုဂေါ၊ အစုံသည်(ဟုတွာ။) ဗဒ္ဓါ၊ ဖွဲ့အပ်သော တရားတို့တည်း။ ယုဂနက္ခာ၊ တို့"ဟု ပြုပါ။
၊ အစုံဖွဲ့အပ်သော တရားတို့၏အစွမ်းဖြင့်။ ဂဟိတာ၊ ကုန်ပြီ။
(ယော သဘာဝေါ။) သဟဇာတဓမ္မေ၊ တို့ကို။ ပဂ္ဂဏှာတိ၊ ချီးမြှောက်၏။ ဣတိ၊ ထိုသို့ တကွဖြစ်ဖက်တရားတို့ကို ချီးမြှောက်တတ်သည်၏ အဖြစ်ကြောင့်။ (သော သဘာဝေါ။) ပဂ္ဂါဟော၊ မည်၏။ [တရားကိုယ်မှာ ဝီရိယပင်တည်း။]
ဥဒ္ဓစ္စသင်္ခါတဿ၊ သော။ ဝိက္ခေပဿ၊ သမ္ပယုတ်တရားတို့ကို အထူးထူး အပြားပြား ပစ်လွှင့်တတ်သောတရား၏။ ပဋိပက္ခဘာဝတော၊ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်။ ဝိက္ခေပေါ၊ ဝိက္ခေပသည်။ န၊ မဟုတ်။ ဣတိ၊ ကြောင့်။ အဝိက္ခေပေါ၊ မည်၏။ [အသဒ္ဒါသည် ပဋိပက္ခအနက်ဟော။ တရားကိုယ်မှာ သမာဓိပင်တည်း။]
ဧတေသံပိ၊ ဤ ပဂ္ဂါဟ အဝိက္ခေပတို့၏လည်း။ [ ပိဖြင့်သတိ သမ္ပဇညကို ပေါင်း။] လက္ခဏာဒီနိ၊ တို့ကို။ ဟေဋ္ဌာ။ ဝုတ္တာနေဝ၊ ဆိုအပ်ကုန်ပြီးသည်သာ။
ပန၊ ထိုသို့ပင် အောက်၌ ဟောတော်မူအပ်ပြီး ဖြစ်ပါကုန်သော်လည်း။ ဣဓ၊ ဤနေရာ၌။ ဧတံ ဒွယံ၊ ဤ ပဂ္ဂါဟ အဝိက္ခေပ ၂-ပါးအပေါင်းကို။ ဝီရိယသမာဓိယောဇနတ္ထာယ၁။ ဝီရိယသမာဓိယောဇနတ္ထာယ။ ။ သဗ္ဗကုသလဓမ္မေသု လီနုဒ္ဓစ္စာဘာဝေါ ဧတေဟိ ဒွီဟိ သမံ ယုတ္တေဟီတိ ဝီရိယသမာဓိယောဇနတ္ထာယာတိ အာဟ၊ ယောဂဝစနတ္ထာယာတိ အတ္ထော- အလုံးစုံသော ကုသိုလ်တရားတို့၌ တွန့်ဆုတ်ခြင်း၊ ပျံ့လွင့်ခြင်း၏ မရှိမှုသည် အညီအမျှ ယှဉ်ကြကုန်သော ဤ ဝီရိယ သမာဓိ ၂-ပါးတို့ကြောင့် ဖြစ်၏။ ထို့ကြောင့် "ဝီရိယ သမာဓိယောဇနတ္ထာယ"ဟု သင်္ဂဟအဋ္ဌကထာဆရာ ဆိုသည်။- ဋီကာ။ ဤဋီကာ၌ ယောစနတ္ထာယကို "ယောဂဝစနတ္ထာယ' ဟု အဓိပ္ပာယ် ဖွင့်၏။ "ယောဇနတ္ထာယ၊ ယှဉ်စပ်စေရပုံကို ပြဆိုခြင်း အကျိုးငှာ"ဟု ပေးပါ။ ဘုရားရှင်က ယှဉ်စေပုံကိုသာ ပြတော်မူ၏၊ ယှဉ်စေသော ပုဂ္ဂိုလ်ကား ယောဂီပုဂ္ဂိုလ်တည်း။ "ဝီရိယသမာဓိတို့၏ ထိုထိုကုသိုလ်ကိစ္စ၌ အညီအမျှ ယှဉ်ကြရပုံကို ဆိုခြင်း (ယှဉ်စေရသည်ဟု နားလည်စေခြင်း) အကျိုးငှာ ဤ ပဂ္ဂါဟ အဝိက္ခေပ ၂-ပါးကို ထပ်၍ ဘုရားရှင်ယူတော်မူသည်" ဟု အဓိပ္ပာယ်မှတ်ပါ။
မှန်၏၊ ဝီရိယနှင့် သမာဓိလည်း အညီအမျှ ယှဉ်ကြရသော တစ်ပါးကိုတစ်ပါးက မလွန်ရသော တရားပင်တည်း။ "ဝီရိယလွန်တော့ ဥဒ္ဓစ္စ၊ သမာဓိလွန်တော့ ကောသဇ္ဇ"ဟု ရှေး ဆရာတို့ ဆိုရိုးအတိုင်း ဝီရိယလွန်၍ သမာဓိလျော့နေလျှင် ဥဒ္ဓစ္စဖြစ်တတ်၏။ သမာဓိလွန်၍ ဝိရိယလျော့နေလျှင်လည်း ကောသဇ္ဇဖြစ်၍ တွန့်ဆုတ်နေတတ်၏။ ဤတရား၂-ပါးသည် အညီအမျှ ယှဉ်နေမှသာ လိုရာကိစ္စ ပြီးစေနိုင်သည်။ ထို့ကြောင့်"ဝီရိယသမာဓိယောဇနတ္ထာယ၊ ဝီရိယသမာဓိ တို့ကို ယှဉ်စပ်ရပုံကို ပြခြင်းအကျိုးငှာ"ဟု ပေးထားသည်။
၊ ဝီရိယ သမာဓိ တို့ကို ယှဉ်စေရပုံကို ပြခြင်းအကျိုးငှာ။ ဂဟိတံ၊ ထပ်၍ ယူတော်မူအပ်ပြီ။ ဣတိ ဝေဒိတဗ္ဗံ။