ဣဒါနိ၊ ပဋိစ္စသမုပ္ပါဒဝိဘင်းကို ဟောတော်မူပြီးရာ ယခုအခါ၌။
တဒနန္တရေ၊ ထို ပဋိစ္စသမုပ္ပါဒဝိဘင်း၏ အခြားမဲ့၌။
(ဝုတ္တေ၊ သော)။
သတိပဋ္ဌာနဝိဘင်္ဂေ၊ ၌။
[စတ္တာရော၌ အပေါင်း အာဓာရ, အာဓေယ်စပ်။]
စတ္တာရောတိ၊ စတ္တာရောဟူသော ဤသဒ္ဒါသည်။
ဂဏနပရိစ္ဆေဒေါ၊ ဂဏန်းဖြင့် သတိပဋ္ဌာန်တို့ကို ပိုင်းခြားကြောင်း သဒ္ဒါတည်း။
တေန၊ ထို စတ္တာရောဟူသော သဒ္ဒါဖြင့်။
(ဒီပေတိ ၌စပ်)။
(သတိပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့သည်)။
တတော၊ ထို လေးပါးမှ။
ဟေဋ္ဌာ၊ အောက်၌။
န (ဟောန္တိ)၊ မရှိကုန်။
(တတော၊ မှ)။
ဥဒ္ဓံ၊ အထက်၌။
န (ဟောန္တိ)၊
ဣတိ၊ သို့။
သတိပဋ္ဌာနပရိစ္ဆေဒံ၊ သတိပဋ္ဌာန်တို့၏ အပိုင်းအခြားကို။
ဒီပေတိ၊ ပြ၏။
သတိပဋ္ဌာနာတိ ဧတ္ထ၊ ဟူသော ဤပုဒ်၌။
(သံဝဏ္ဏေတဗ္ဗဘာဝေန၊ ဖွင့်သင့် ဖွင့်ထိုက်သော အနက်၏ အဖြစ်ဖြင့်။
လဗ္ဘမာနာ၊ ရထိုက်ကုန်သော)။
သတိပဋ္ဌာနာ၊ တို့သည်။
တယော၊ တို့တည်း။
သတိဂေါစရောပိ၊ သတိ၏ ကျက်စားရာ အာရုံသည်လည်း။
(သတိပဋ္ဌာနံ၊ မည်၏)။
တိဓာ၊ သုံးပါးအပြားအားဖြင့်။
ပဋိပန္နေသု၊ ကျင့်ကုန်သော။
သာဝကေသု၊ တို့၌။
သတ္ထုနော၊ ဆရာဖြစ်သော မြတ်စွာဘုရား၏။
ပဋိဃာနုနယ ဝီတိဝတ္တတာပိ၊ မုန်းခြင်း ဒေါသ, ချစ်ခင်း လောဘ ကို လွန်မြောက်တော်မူသည်၏ အဖြစ်သည်လည်း။
(သတိပဋ္ဌာနံ၊ ၏)။
သတိပိ၊ သတိသည်လည်း။
(သတိပဋ္ဌာနံ၊ ၏)။
[ဤကား တယော အရ သုံးပါး သရုပ်တည်း၊ ယောဇနာ၌ ဣတိ ထည့်၍ တယောကို ပြန်လှည့်၏၊။ "သတိပဋ္ဌာနာ၊ တို့သည်။ ပေ။ သတိပိ၊ သတိ၎င်း။ ဣတိ၊ ဤသို့။ တယော၊ တို့တည်း" ဟု ပေးပါ။]
ဟိ၊ ချဲ့။
ဘိက္ခဝေ၊ တို့။
စတုန္နံ၊ ကုန်သော။
သတိပဋ္ဌာနာနံ၊ တို့၏။
သမုဒယဉ္စ၊ ကြွင်းသော အကြောင်းနှင့် ပေါင်းမိလသော် ဖြစ်ကြောင်းကို၎င်း။
အတ္ထင်္ဂမဉ္စ၊ ချုပ်ရာကို၎င်း။
ဒေသေဿာမိ၊ ဟောတော်မူအံ့။
တံ၊ ထိုဒေသနာတော်ကို။
သုဏာထ၊ နာကြကုန်။
၊ပေ၊၊
ဘိက္ခဝေ၊ တို့။
ကာယဿ၊ ကိုယ်၏။
သမုဒယော၊ သည်။
ကောစ၊ အဘယ်နည်း။
အာဟာရသမုဒယာ၊ ကြွင်းသော အကြောင်းနှင့် ပေါင်းမိလသော် အာဟာရ၏ ဖြစ်ခြင်းကြောင့်။
ကာယဿ၊ ၏။
သမုဒယော၊ သည်။
ဟောတိ၊ ၏။
ဣတိ အာဒီသု၊ ဤသို့ အစရှိသော ပါဠိရပ်တို့၌။
သတိဂေါစရော၊ ကို။
သတိပဋ္ဌာနံတိ၊ ဟူ၍။
ဝုစ္စတိ၊ ၏။
[သတိပဋ္ဌာနသံယုတ်, အမတဝဂ်, သမုဒယသုတ်။]
တထာ၊ တူ။
ကာယော၊ ကိုယ်သည်။
ဥပဋ္ဌာနံ၊ သတိ၏ တည်ရာ၏ အဖြစ်ကြောင့် ဥပဋ္ဌာန မည်၏။
နော သတိ၊ သတိမမည်။
သတိ၊ သည်။
ဥပဋ္ဌာနဉ္စေဝ၊ နောက်နောက်သတိ၏ တည်ရာ၏ အဖြစ်ကြောင့် ဥပဋ္ဌာနလည်း မည်၏။
သတိစ၊ လည်း မည်၏။
ဣတိ အာဒီသု၊ တို့၌။
(သတိဂေါစရော၊ ကို။
သတိပဋ္ဌာနံတိ၊ ဟူ၍။
ဝုစ္စတိ၊ )
[ပဋိသမ္ဘိဒါမဂ် ပါဠိတော်, ပညာဝဂ်, သတိ ပဋ္ဌာန ကထာ။]
တသ၊ ထို သတိဂေါစရာကို အရကောက်ရသော သတိပဋ္ဌာနသဒ္ဒါ၏။
အတ္ထော၊ အနက်ကား။
အသ္မိံ၊ ဤအာရုံ၌။
(သတိ၊ သည်)။
ပတိဋ္ဌာတိ၊ တည်၏။
ဣတိ၊ ကြောင့်။
(တံ၊ ထို အာရုံသည်)။
ပဋ္ဌာနံ၊ ၏။
ကာ၊ အဘယ်တရားသည်။
ပတိဋ္ဌာတိ၊ တည်သနည်း။
(ဣတိ၊ ဤကား အမေးတည်း။)
သတိ၊ သည်။
ပတိဋ္ဌာတိ၊ ၏။
(ဣတိ၊ ဤကား အဖြေတည်း)။
သတိယာ၊ ၏။
ပဋ္ဌာနံ၊ တည်ရာအာရုံတည်း။
သတိပဋ္ဌာနံ၊ သတိ၏ တည်ရာအာရုံ။
ဝါ၊ တနည်း။
ပဓာနံ၊ ပြဋ္ဌာန်းသော။
ဌာနံ၊ တည်ရာတည်း။
ဣတိ, ပဋ္ဌာနံ၊ ၏။
ဟတ္ထိဋ္ဌာန အဿဋ္ဌာနာဒီနိ၊ ဆင်၏တည်ရာအရပ်, မြင်း၏တည်ရာအရပ် အစရှိသည်တို့တွင်။
(ဟတ္ထိအဿာဒီနံ၊ ဆင်မင်း အစရှိသည်တို့၏။
ပဋ္ဌာနံ၊ ပြဋ္ဌာန်းသော တည်ရာသည်။
ဟောတိ၊ )
ဝိယ၊ ကဲ့သို့။
(ဧဝံ၊ တူ)။
သတိယာ၊ ၏။
ပဋ္ဌာနံ၊ ပြဋ္ဌာန်းသော တည်ရာသည်။
သတိပဋ္ဌာနံ၊ မည်၏။
[သတိဂေါစရ သတိပဋ္ဌာန၏ ဥဒါဟရုဏ်ကို ပြပြီး၍ ပဋိဃာနုနယဝီတိဝတ္ထတာ သတိပဋ္ဌာန၏ ဥဒါဟရုဏ်ကို ပြလိုသောကြောင့် "တယော သတိပဋ္ဌာနာ" စသည်ကို မိန့်။]
သတိပဋ္ဌာနာ၊ တို့သည်။
တယော၊ တို့တည်း။
အရိယော၊ မြတ်သော မြတ်စွာဘုရားသည်။
ယေ၊ ယင်း သတိပဋ္ဌာန်တို့ကို။
သေဝတိ၊ မှီဝဲတော်မူ၏။
အရိယော၊ သည်။
ယေ၊ တို့ကို။
သေဝမာနော၊ မှီဝဲတော်မူလျက်။
သတ္ထာ၊ ဆရာသည်။
(ဟုတွာ၊ ၍)။
ဂဏံ၊ ဂိုဏ်းကို။
အနုသာသိတုံ၊ သွန်သင်ခြင်းငှာ။
အရဟတိ၊ ထိုက်တန်တော်မူ၏။
[ဥပရိပဏ္ဏာသပါဠိတော်, ဝိဘင်္ဂဝဂ်, သဠာယတန ဝိဘင်္ဂသုတ်။]
ဣတိ ဧတ္ထ၊ ဤ သဠာယတန ဝိဘင်္ဂသုတ်၌။
တိဓာ၊ အားဖြင့်။
ပဋိသန္နေသု၊ ကုန်သော။
သာဝကေသု၊ တို့၌။
(သာဝကတို့အပေါ်၌)။
သတ္ထုနော၊ ၏။
ပဋိဃာနုနယဝီတိဝတ္ထာတာ၊ ကို။
သတိပဋ္ဌာနံတိ၊ ဟူ၍။
ဝုတ္တာ၊ ပြီ။တဿ၊ ထို ပဋိဃာနုနယဝီတိဝတ္တတာကို အရကောက်ရသော သတိပဋ္ဌာန သဒ္ဒါ၏။
အတ္ထော၊ ကား။
ပဋ္ဌာပေတဗ္ဗတော၊ ဖြစ်စေထိုက်သည်၏ အဖြစ်ကြောင့်။
ပဋ္ဌာနံ၊ မည်၏။
[ပပုဗ္ဗ, ဌာဓာတ်, ကာရိတ်ကျေ, ယုပစ္စည်း။]
ပဝတ္တိယိတဗ္ဗတော၊ ဖြစ်စေထိုက်သည်၏ အဖြစ်ကြောင့်။
(ပဋ္ဌာနံ၊ မည်၏)။
ဣတိအတ္ထော၊ နက်။ကေန၊ အဘယ်ဖြင့်။
ပဋ္ဌာပေတဗ္ဗတော၊ ဆရာသည် ဖြစ်စေထိုက်သည်၏ အဖြစ်ကြောင့်။
(ပဋ္ဌာမံ၊ မည်သနည်း။
ဣတိ၊ ဤကား အမေးတည်း)။
သတိ ဓာတိ အာဒီသု။ ။ " ဤ အာဒိသဒ္ဒါသည် ပဋိသမ္ဘိဒါဂမ်၌ လာသော ကျန်သော ပါဠိပဒေသကို ညွှန်ပြခြင်းအနက် ရှိ၏" ဟု ဋီကာဖွင့်၏၊ ထို ကြွင်းသော ပါဠိရပ်ကား- "တာယ သတိယာ တေန ဉာဏေန တံ ကာယံ အနုပဿတိ၊ တေန ဝုစ္စတိ ကာယေ ကာယာနု ပဿနာ သတိပဋ္ဌာနံ တိ" တည်း။သတိယာ၊ သတိဖြင့်။
(ပဋ္ဌာပေတဗ္ဗတော , ပဋ္ဌာနံ၊ ၏။
ဣတိ၊ ဤကား အဖြေတည်း။)သတိယာ၊ သတိဖြင့်။
ပဋ္ဌာနံ၊ ဆရာသည်ဖြစ်စေထိုက်သော သဘောတည်း။
သတိပဋ္ဌာနံ၊ သဘော။[ပဋိဃာနုနယဝီတိဝတ္တတာ သတိပဋ္ဌာန၏ ဥဒါဟရဏ်ကို ပြပြီး၍ သတိဟူသော သတိပဋ္ဌာန၏ ဥဒါဟရုဏ်ကို ပြလိုသောကြောင့် "စတ္တာရော သတိ ပဋ္ဌာနာ" စသည်ကို မိန့်။]
ပန၊ ကား။
စတ္တာရော၊ ကုန်သော။
သတိပဋ္ဌာနာ၊ တို့သည်။
ဘာဝိတာ၊ မိမိသန္တာန်၌ ဖြစ်စေအပ်ကုန်သည်။
ဗဟုလီကတာ၊ ကြိမ်ဖန်များစွာ အလေ့အလာ ပြုအပ်ကုန်သည်။
(သမာနာ၊ ဖြစ်ကုန်လသော်)။
သတ္တ၊ ကုန်သော။
ဗောဇ္ဈင်္ဂေ၊ တို့ကို။
ပရိပူရေန္တိ၊ ပြည့်စေနိုင်ကုန်၏။
ဣတိ အာဒီသု၊ တို့၌။
(ဥပရိပဏ္ဏာသပါဠိတော်, အနုပဒဝဂ်, အာနာပါနဿတိသုတ်။)
သတိယေဝ၊ သတိကိုသာ။
သတိပဋ္ဌာနံတိ၊ ဟူ၍။
ဝုစ္စတိ၊ ၏။တဿ၊ ထိုသတိကို အရကောက်ရသော သတိပဋ္ဌာနသဒ္ဒါ၏။
အတ္ထော၊ ကား။
ပတိဋ္ဌာတိ၊ အာရုံ၌ စွဲမြဲစွာ တည်တတ်၏။
ဣတိ၊ ကြောင့်။
ပဋ္ဌာနံ၊ မည်၏။
ဥပဋ္ဌာတိ၊ အာရုံ၌ ကပ်၍ တည်တတ်၏။
ဩက္ကန္တိတွာ (ဩက္ကမိတွာ)၊ အာရုံသို့ သက်ဝင်၍။
ပက္ခန္ဒိတွာ၊ အာရုံသို့ ပြေးဝင်၍။
ဝတ္တတိ၊ ဖြစ်တတ်၏။
ဣတိ အတ္ထော၊ နက်။သတိယေဝ၊ သတိသည်ပင်။
ပဋ္ဌာနဋ္ဌေန၊ အာရုံ၌ စွဲမြဲစွာ တည်တတ်သည်၏ အဖြစ်ဟူသော အနက်သဘောကြောင့်။
သတိပဋ္ဌာနံ၊ မည်၏။[ရှေးနည်း၌ ပဋ္ဌာနသဒ္ဒါသည် ကတ္တားအနက်ကို ဟော၏။ ယခုအခါ သတိသဒ္ဒါ, ပဋ္ဌာနသဒ္ဒါတို့၏ ပရမတ္ထသဘာဝကို တိုက်ရိုက် အရကောက်ရသော ဘော အနက်ကို ပြလိုသောကြောင် "အထဝါ" စသည်ကို မိန့်။ ပုန ဘာဝတ္ထေ သတိသဒ္ဒံ ပဋ္ဌာနသဒ္ဒဉ္စ ဝဏ္ဏေန္တော အထဝါတိ အာဒိမာဟ ။ ဋီကာ။]
သရဏဋ္ဌေန၊ အာရုံကို မပြတ်မလပ် အမှတ်ရခြင်းဟူသော အနက်သဘောကြောင့်။
သတိ၊ မည်၏။
ဥပဋ္ဌာနဋ္ဌေန၊ အာရုံ၌ စွဲမြဲစွာတည်ခြင်း အနက်သဘောကြောင့်။
ပဋ္ဌာနံ၊ မည်၏။ဣတိ၊ ဤသို့လျှင်။
သတိစ၊ အာရုံ၌ မပြတ်မလပ် အမှတ်ရခြင်းလည်း ဟုတ်၏။
သာ၊ ထို အာရုံ၌ မပြတ်မလပ် အမှတ်ရခြင်းဟူသည်။
ပဋ္ဌာနဉ္စ၊ အာရုံ၌ စွဲမြဲစွာ တည်ခြင်းလည်းဟုတ်၏။
ဣတိပိ၊ ကြောင့်လည်း။
သတိပဋ္ဌာနံ၊ မည်၏။ဣဒံ၊ ဤ သတိဟူသော သတိပဋ္ဌာန်ကို ။
ဣဓ၊ ဤစတ္တာရော သတိပဋ္ဌာနာဟူသော ပါဌ်ဖြင့်။
အဓိပ္ပေတံ၊ အလိုရှိအပ်၏။
(ဣဒံ၊ ကို။
ဣဓ၊ ၌)။ဩက္ကန္တိတွာ ပက္ခန္ဒိတွာ။ ။ ပက္ခန္ဓနအနက်ကို ဟောရာ၌ ကတိဓာတ်မရှိ ကမုဓာတ်သာရှိသည်။ ထို့ကြောင့် "ဩက္ကန္တိတွာ" ၏ နေရာ၌ "ဩက္ကမိတွာ" ဟု ရှိလျှင် ကောင်း၏။ "မာတုကုစ္ဆိံ ဩက္ကမတိ" စသည်ကဲ့သို့တည်း၊ ဩက္ကန္တိတွာကို ပါဌ်မှန်ဟု ဆိုလျှင် အဝပုဗ္ဗ, ကမုဓာတ်, တ ပစ္စည်ဖြင့် ဩက္ကန္တဟု ပြီးစေပြီးနောက် ကရဓာတ်၏ အနက်၌ ဣပစ္စည်းသက်၍ နာမဓာတ်ဟု ကြံရလိမ့်မည်၊ "ဩက္ကန္တိတွာ၊ သက်ဝင်မှုကို ပြု၍" ဟု ပေးပါ။ယဒိ(အဓိပ္ပေတံ)၊ အကယ်၍ အလိုရှိအပ်သည်ဖြစ်အံ့။
ဧဝံ သတိ၊ သော်။
ကသ္မာ၊ ကြောင့်။
သတိပဋ္ဌာနာတိ၊ ဟူ၍။
ဗဟုဝစနံ၊ ကို။
ကတံ၊ ပြုတော်မူအပ်ပါသနည်း။သတိယာ၊ ၏။
ဗဟုတ္တာ၊ များသည်၏ အဖြစ်ကြောင့်။
(သတိပဋ္ဌာနာတိ, ဗဟုဝစနံ ကတံ၊ ပြီ)။ဟိ၊ မှန်။
အာရမ္မဏဘေဒေန၊ အာရုံတို့၏ အပြားအားဖြင့်။
(ကာယ, ဝေဒနာ, စိတ္တ, ဓမ္မဟူသော အာရုံတို့၏ အပြားအားဖြင့်။)
တာ သတိယော၊ တို့သည်။
ဗဟုကာ၊ များကုန်၏။
[ယောဇနာ၌ "ဗဟုဓာ" ဟုရှိ၏ "ဗဟုဓာ၊ များသော အပြားအားဖြင့်။
တာ သတိယော၊ တို့ကို။
ဘဂဝတာ ကတာ၊ ကုန်ပြီ" ဟု ပေးပါ။]
ဩဠာရိကာ ။ပေ။ အသဏ္ဌဟနတော။ ။ တိက္ခဖြစ်သော သမထယာနိကပုဂ္ဂိုလ်သည ဩဠာရိကအာရုံဖြစ်သော ကာယကို သိမ်းဆည်းလသော် ထိုအာရုံ၌ မရပ်တန့်ဘဲ ဈာန်မှထသောအခါ သုခုမဖြစ်သော ဝေဒနာကိုလည်း" အနိစ္စ, ဒုက္ခ, အနတ္တ" ဟု ရှု၏။ ထို့ကြောင့် "ဩဠာရိကာရမ္မဏေ အသဏ္ဌဟနတော" ဟု ဆိုသည်။ (အနူနာ, အနဓိကာ၊ စတ္တာရောဝ, သတိပဋ္ဌာနာ, ဝုတ္တာ)။
သ ဘိက္ခူတိ၊ ဟူ၍။ အာဟ၊ ပြီ။
(ယော၊ အကြင် ပုဂ္ဂိုလ်သည်)။ အလင်္ကတော၊ ဆင်ယင်အပ်ပြီးသော အဝတ်တန်ဆာရှိသည်။ (သမာနော) ပိ၊ သော်လည်း။ သန္တော၊ ရာဂ အစရှိသည်တို့၏ ငြိမ်းအေးခြင်းအားဖြင့် ငြိမ်းအေးပြီးသည်။ ဒန္တော၊ ဣန္ဒြေတို့ကို ဆုံးမခြင်းအားဖြင့် ဆုံးမအပ်ပြီးသည်။ ဝါ၊ ယဉ်ကျေးပြီးသည်။ နိယတော၊ မဂ္ဂနိယာမအားဖြင့် မြဲသည်။ ဗြဟ္မစာရီ၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိသည်။ (ဟုတွာ) သဗ္ဗေသု၊ ကုန်သော။ ဘူတေသု၊ သတ္တဝါတိုအပေါ်၌။ ဒဏ္ဍံ၊ ကာယဒဏ္ဍအစရှိသည်တို့ကို။ နိဓာယ၊ ချထား၍။ သမံ၊ ကိုယ်နှုတ်စိတ်တို့ဖြင် ညီမျှသော အကျင့်ကို။ စေ စရေယျ၊ အကျယ်၍ ကျင့်အံ့။ (ဧဝံ သတိ)၊ သော၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည်။ ဗြာဟ္မဏော၊ မကောင်းမှုတို့ကို မျှောပြီး၍ အဖြစ်ကြောင့် ဗြာဟ္မဏလည်းမည်၏။ သော၊ သည်။ သမဏော၊ မကောင်းမှုတို့ကို ငြိမ်းစေပြီး၏ အဖြစ်ကြောင့် သမဏလည်း မည်၏။ သ (သော)၊ သည်။ ဘိက္ခု၊ ကိလေသာ တို့ကို ဖျက်ဆီးပြီး၏ အဖြစ်ကြောင့် ဘိက္ခုလည်းမည်၏။ [သန္တော စသည်တို့၏ အနက်ကို ဋီကာဖွင့် ကြည့်ပါ။ ဓမ္မပဒ, ဒဏ္ဍဝဂ်, သန္တတိမဟာမတ္တဝတ္ထူ။]