ဘဝ ဝိဘဝတဏှာ။ ။ဘဝတီတိ ဘဝေါ၊မပြတ်မစဲ အမြဲဖြစ်၏၊ ဤ ဝိဂြိုဟ်အရ မပြတ်မစဲ အမြဲဖြစ်၏ ဟု ယူဆအပ်သော အတ္တကို ၎၏။ ထို အတ္တ၌ဖြစ်သော သဿတ ဒိဋ္ဌိသည် ကာရဏူပစာရအားဖြင့် ဘဝမည်၏။ ထိုသဿတဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာ ကို “ဘဝတဏှာ”ဟု ခေါ်၏။ န ဘဝတီတိ ဝိဘဝေါ၊ မပြတ်မစဲ အမြဲမဖြစ်၊ သေလျှင် ပြတ်၏”ဟု ယူဆအပ်သော အတ္တသည် ဝိဘဝမည်၏။ ထို အတ္တ၌ဖြစ်သော ဥစ္ဆေဒဒိဋ္ဌိ သည် ဝိဘဝဒိဋ္ဌိ မည်၏။ ထို့ကြောင့် ဥစ္ဆေဒဒိဋ္ဌိနှင့် တက္ခဖြစ်သော ရာဂကို “ဝိဘဝ- တဏှာ”ဟု ခေါ်သည်။
စက္ခုံ လောကေတိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။ (ဂူဠှတ္တံ၊ ကို)။ ဟိ (ဥဒ္ဓရိတွာ ဒဿေမိ)၊ အံ့။ လောကသ္မိံ၊ လောက၌။ စက္ခာဒီသု၊ စက္ခု အစရှိသော တရားတို့၌။ မမတ္တေန၊ ငါ့ဥစ္စာ၏ အဖြစ်ဖြင့်။ အဘိနိဝိဋ္ဌာ၊ သက်ဝင်တည်နေကုန်သော။ သတ္တာ၊ တို့သည်။ သမ္ပတ္တိယံ၊ ပြည့်စုံသော မနုဿသောဘဂ္ဂ, ဒေဝတ္တ၌။ ပတိဋ္ဌိတာ၊ တည်ကုန်သည်။ (သမာနာ၊ ဖြစ်ကုန်လသော်)။ အတ္တနော၊ မိမိ၏။ စက္ခုံ၊ စက္ခုဒသက ကလာပ်တခုလုံးကို။ ဝါ၊ မျက်လုံး တခုလုံးကို။ အာဒါသာဒီသု၊ ကြေးမုံ အစရှိသည်တို့၌။ (မှန် အစရှီသည်တို့၌)။ နိမိတ္တဂ္ဂဟဏာနုသာရေန၊ မျက်နှာရိပ်ကို ယူခြင်းကို အစဉ်လိုက်သဖြင့်။ ဝိပ္ပသန္နပဉ္စပသာဒံ၊ အထူးသဖြင့် ကြည်လင်သော ၅ ပါးသော အဆင်းရှိသော ပသာဒရှိ၏ ဟူ၍၎င်း။ သုဝဏ္ဏဝိမာနေ၊ ရွှေဗိမာန်၌။ ဥဂ္ဃါဋိတမဏိသီဟပဉ္ဇရံဝိယ၊ ဖွင့်လှစ်အပ်သော ခြင်္သေ့ ခံသော ပတ္တမြား လေသောက်ပြူတင်းနှင့် တူ၏ ဟူ၍၎င်း။ မညန္တိ၊ ကုန်၏။ ဝိပ္ပသန္နပဉ္စပသာဒံ။ ။ ဝိပ္ပသန္နာ+ပဉ္စပသာဒါ ယဿာတိ ဝိပ္ပသန္နပဉ္စပသာဒံ၊ စက္ခုကို ငဲ့၍ နပုံလိန်ချသည်။ ယောဇနာ၌လည်း နပုံလိန်ပင်တည်း။ သို့သော် "ဝိပ္ပသန္နာနိ+ပဉ္စပသာဒါနိ ယဿ " ဟု ပြုလေသည်။ ပသာဒပုဒ်က ပုံလိန်ဖြစ်သောကြောင့် စဉ်းစားပါ။ ပဉ္စပသာဒဟူရာ၌ နီလ ပီတ လောဟိတ ကဏှ ဩဒါတအားဖြင့် ၅ မျိုးသော အဆင်းရှိသော ပသာဒတည်း။ စက္ခုမှာ ထိုကဲ့သို့ ၅ မျိုးသော ပသာဒရှိ၏ဟု မှတ်ထင်ကြသည်။ ရှေးနိဿယ၌ကား ဝိပ္ပသန္နပဉ္စပသာဒံကို သီဟပဉ္ဇရံ၌ စပ်လေ၏။ ထို သီဟပဉ္ဇရမှာ ပဉ္စ ပသာဒ မဖြစ်နိုင်ပါ။ သောတံ၊ သောတဒသကကလာပ်ကို။ ဝါ၊ နားတခုလုံးကို။ ရဇတပနာဠိကံ ဝိယ၊ ငွေကျည်တောက်နှင့်တူ၏ ဟူ၍၎င်း။ (နားခလောင် ရည်ရွယ်သည်)။ ပါမင်္ဂသုတ္တကံဝိယစ၊ ဆောက်လုံးချည်နှင့် တူ၏ ဟူ၍၎င်း။ ဝါ၊ ဦးညွတ်ချည်ကို ကဲ့သို့၎င်း။ မညန္တိ၊ မှတ်ထင်ကြကုန်၏။ တုင်္ဂနာသာတိ၊ မြင့်ရှည်သော နှာခေါင်းဟူ၍။ လဒ္ဓဝေါဟာရံ၊ ရအပ်သော အခေါ်အဝေါ်ရှိသော။ [လဒ္ဓဝေါဟာရာဟူ၍ ပါဌ်တမျိုးရှိသေး၏။ ထိုအတိုင်း အနက်ယှဉ်စပ်ပုံကို ဋီကာ၌ ကြည့်ပါ။] ဃာနံ၊ ဃာနဒသကကလာပ်ကို။ ဝါ၊ နှာခေါင်းတခုလုံးကို။ ဝဋ္ဋေတွာ၊ လုံး၍။ ဌပိတဟရိတာလဝဋ္ဋိံ ဝိယ၊ ထားအပ်သော ဆေးဒန်းမြင်းသိလာလုံးနှင့် တူ၏ ဟူ၍။ မညန္တိ၊ ဇိဝှံ၊ ဇိဝှါဒသကကလာပ်ကို။ ဝါ၊ လျှာတခုလုံးကို။ ရတ္တကမ္ဗလပဋိလံဝိယ၊ နီမြန်းသော ကမ္ဗလာ အလွှာနှင့်တူ၏ ဟူ၍၎င်း။ [ဤစကားဖြင့် အဆင်း သဏ္ဌာန်ကို ပြသည်။] မုဒုသိနိဒ္ဓမဓုရရသဒံ (ဝိယ)၊ နူးညံ့ညက်ညော ချိုဆိမ့်သော အရသာကို ပေးတတ်၏ဟူ၍၎င်း။ [ဤစကားဖြင့် လျှာ၏ ကိစ္စကို ပြသည်။] မညန္တိ၊ ကုန်၏။ ကာယံ၊ ကာယဒသကကလာပ်ကို။ ဝါ၊ ကိုယ်တခုလုံးကို။ သာလလဋ္ဌိံ ဝိယ၊ အင်ကြင်းပင်လုံးနှင့်တူ၏ ဟူ၍၎င်း။ [ရှေးနိဿယ၌ "ကျွန်းတိုင်ကဲ့သို့၎င်း" ဟု ပေး၏။] သုဝဏ္ဏတောရဏံ ဝိယစ၊ ရွှေတုရိုဏ်တိုင်နှင့် တူ၏ဟူ၍၎င်း။ မညန္တိ၊ ကုန်၏။ မနံ၊ စိတ်ကို။ အညေသံ၊ အခြားသူတို့၏။ မနေန၊ စိတ်နှင့်။ အသဒိသံ၊ မတူဟူ၍၎င်း။ ဥဠာရံ၊ မွန်မြတ်၏ဟူ၍၎င်း။ မညန္တိ၊ ကုန်၏။
[ဒွါရခြောက်ဖုံကို ပြပြီး၍ အာရုံခြောက်ပါးကို ပြလိုသောကြောင့် ရူပံ စသည်ကို မိန့်။] ရူပံ၊ ရူပါရုံကို။ (ပိယရူပ သာတရူပဖြစ်သော ရူပါရုံကို)။ သုဝဏ္ဏကဏိကာရ ပုပ္ဖါဒိဝဏ္ဏံ ဝိယ၊ ရွှေပန်း, မဟာလှေကားပန်း အစရှိသည်တို့၏ အဆင်းနှင့်တူ၏ ဟူ၍။ မညန္တိ၊ သဒ္ဒံ၊ သဒ္ဒါရုံကို။ (ပိယရူပ သာတရူပဖြစ်သော သဒ္ဒါရုံကို)။ မတ္တကရဝီကကောကိလမန္ဒဓမိတ မဏိဝံသနိဂ္ဃေါသံဝိယ၊ ယစ်မူးသောကရဝိက်၏အသံ၊ ဥဩ၏အသံ, သာသာညှင်းညှင်း မှုတ်အပ်သော ပတ္တမြားပြွေ၏ အသံနှင့်တူ၏ ဟူ၍။ မညန္တိ၊ ကုန်၏။ အတ္တနာ၊ မိမိသည်။ ပဋိလဒ္ဓါနိ၊ ရအပ်ကုန်သော။ စတုသမုဋ္ဌာနိက ဂန္ဓာရမ္မဏာဒီနိ၊ ကံ စိတ် ဥတု အာဟာရဟူသော ၄ ပါးသော အကြောင်းရှိသော ဂန္ဓာရုံ အစရှိသည်တို့ကို။ အညဿ၊ ငါမှတပါး အခြားသော။ ကဿ၊ အဘယ်သူ၏ သန္တာန်၌။ ဧဝရူပါနိ၊ ဤသို့ သဘောရှိသော ဂန္ဓ ရသ ဖောဋ္ဌဗ္ဗတို့သည်။ အတ္ထိ၊ ရှိကုန်အံ့နည်း။ ဣတိ၊ သို့။ မညန္တိ၊ ကုန်၏။ [စတုသမုဋ္ဌာနိကဟုဆိုသောကြောင့် ဗဟိဒ္ဓဖြစ်သော ဥတုသမုဋ္ဌာနိက ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာရုံများကိုပါ ယူရသည်။]