ဒုဝိဓံ အာလမ္ဗနံ။ ။ "ပစ္စယာလမ္ဗန" ဟူသည် အာရမ္မဏ ပစ္စည်းဟု ခေါ်အပ်သော ပစ္စည်းတည်း၊ ဩလုဗ္ဘာလမ္ဗနကား ပြအပ်ပြီးသော ထောက်မှီအပ်, ဆွဲမှီအပ်သော အာလမ္ဗနတည်း၊ ထို ၂-မျိုးတွင် "သာလမ္ဗနမေဝ" ဟူသော ပါဌ်အရာ၌ အာလမ္ဗနနှင့် အနက်တူသော ဩလုဗ္ဘ အာလမ္ဗနသာ ပဓာနဖြစ်၏။
ပစ္စယာလမ္ဗနမ္ပိ။ ။ "ပဉ္စဝိညာဏ်တို့သည် ရူပါရုံစသော အာရုံကို ဆွဲမှိရသောကြောင့် သာလမ္ဗနဖြစ်ကြသည်"ဟူလို၊ သို့သော် ရူပါရုံ စသည်တို့က အာလမ္ဗန ပစ္စည်းလည်းတပ်သောကြောင့် "ပစ္စယာလမ္ဗနလည်း ရနိုင်ပါ၏" ဟု ဆိုသည်။
အမှာ။ ။ စာအုပ်တို့၌ "သာရမ္မဏမေဝ" စသည်ဖြင့် ရှိသော်လည်း ထိုပါဠိနှင့် ဤအဖွင့်သည် မလျော်ပါ၊ ရှေးနိဿယ၌ကား သာရမ္မဏ စသော ပါဌ်အတိုင်းပင် အဓိပ္ပါယ်တမျိုးရေးထား၏၊ အမှန်အားဖြင့် သက္ကတ အဘိဓာန်၌ အာရမ္မဏ (အာရမဏ) ပါဌ်မရှိ၊ အာလမ္ဗနပါဌ်သာရှိ၏၊ ပါဠိ၌ကား "စက္ခုံခေါ မာဂဏ္ဍိယ ရူပါရာမံ" စသော ပါဠိတော်ကို ထောက်၍ "အာရမဏ" ပါဌ်ကိုသာ သုံးစွဲနေပါသည်၊ ပဋ္ဌာန်း အဋ္ဌကထာ အာရမ္မဏ ပစ္စည်းဝယ် ဥပမာ ပြပုံ၌လည်း တောင်ဝှေး ကြိုးတန်းကို ပြသောကြောင့် အာလမ္ဗနပါဌ်နှင့်သာ လျော်ပါသည်၊ နေရာတိုင်း သတိပြုပါ။
မှတ်ချက်။ ။ "အဘိနိပါတမတ္တံ" ကို "အာပါတဂတာ"ဟု အဋ္ဌကထာ၌ ဖွင့်သောကြောင့်၎င်း, အဘိနိပါတနှင့် အာပါတသည် "ပတ"ဓာတ်ချင်းတူသောကြောင့်၎င်း, "အာပါထဂတာနိ"ဟု မရှိရ, "အာပါတဂတာနိ" ဟုသာ ရှိရမည်၊ "အာပါတံ အာဂစ္ဆန္တိ"စသည်တို့၌လည်း "ဤပတဓာတ်ပင်တည်း" ဟု မှတ်ပါ။
န သမာဒိယတိ။ ။ ပဉ္စဒွါရိက ဇောတို့သည် ကုသိုလ် အကုသိုလ် ဇောများလည်းဖြစ်နိုင်၏၊ ဤ "နသမာဒိယတိ" ကား မဖြစ်နိုင်ခြင်းကို မဆိုလို, သီလ ဆောက်တည်သကဲ့သို့ "ဤကုသိုလ်ကို ပြုအံ့, ဤ အကုသိုလ်ကိုပြုအံ့" ဟု စိတ်ဖြင့် မဆောက်တည်နိုင်ခြင်းကိုသာ ဆိုလိုသည်။ [တထာ ကာယသုစရိတာဒိကုသလကမ္မံ ကရောမီတိ(ပြုအံ့ဟူ၍)။ ပေ။ သမာဒါနံ ပဉ္စဒွါရိကဇဝနေန နဟောတိ၊-ဋီကာ။]
ရှေးအယူ။ ။ ထိုသို့ ဆိုရာဝယ် အဋ္ဌသာလိနီ အဋ္ဌကထာ, စိတ္တုပ္ပါဒကဏ္ဍ, မနောကမ္မဒွါရကထာ၌"အယံ နာမ မနော မနောဒွါရံ နဟောတီတိနဝတ္တဗ္ဗော"ဟုဆိုခဲ့၏။ ရှေးရှေးစိတ်သည် နောက်နောက်စိတ်၏ ဖြစ်ကြောင်း ဒွါရဖြစ်သောကြောင့် စိတ်ဟူသမျှကို "မနောဒွါရ"ဟုဆိုလို၏၊ သို့ဖြစ်လျှင် စုတိစိတ်၏ ရှေ့ကဖြစ်သော စိတ်သည် မနောဒွါရဖြစ်၍ ထို စိတ်ကြောင့် ဖြစ်သော စုတိစိတ်ကို "မနောဒွါရိက" ဟု ခေါ်သင့်ရကား စဝနကိစ္စကို မနောဒွါရိကစုတိစိတ်ဖြင့် ပြုသည်ဟု အဋ္ဌကထာဆိုကြောင်းကို ရှေးဆရာတို့ယူကြသည်။
စဉ်းစားဘွယ်။ ။ ထိုသို့ဖြစ်လျှင် ပဉ္စဒွါရိက စိတ်တို့လည်း ရှေးရှေးစိတ်က မန အမည်ရသောကြောင့် မနောဒွါရိက အမည်လည်း ရသင့်ရကား ပဉ္စဒွါရိကတို့ကို မနောဒွါရိကအဖြစ်မှ မပယ်နိုင်သောကြောင့် ထို အယူကို စဉ်းစားသင့်ပါသည်။ မိမိကား "မနောဒွါရိကစိတ်တို့၏ ကိစ္စက များသောကြောင့် စုတိကိစ္စကိုလည်း မနောဒွါရိကစိတ်၏ကိစ္စတွင် သွင်းလိုက်ဟန်တူသည်ဟု" ထင်မိပါသည်။
မှတ်ချက်။ ။ "ကုသလာကုသလဓမ္မ ပဋိဝိဇာနနာဒိ စဝနပရိယောသာနံ" ဟု စုတိကိုအဆုံးသတ် ဆိုထားသော်လည်း "နဥပ္ပဇ္ဇတိ" ဟု ပါဠိတော်၌၎င်း, "နဘဝန္တရေ ဥပ္ပဇ္ဇတိ"ဟု အဋ္ဌကထာ၌၎င်း ဆိုထားသောကြောင့် "စဝန ပရိယောသနံ" ကို "ဥပလက္ခဏ နိဒဿနနည်း" ဟု မှတ်ပါ။
တေန၊ ကြောင့်။ အယံသုပိနော၊ သည်။ ကုသလောပိ၊ ကုသိုလ်စိတ် ရှိသည်လည်း။ ဟောတိ၊ ရှိ၏။ အကုသလောပိ၊ အကုသိုလ်စိတ် ရှိသည်လည်း။ (ဟောတိ၊ ၏။) အဗျာကတောပိ၊ အဗျာကတစိတ်ရှိသည်လည်း။ (ဟောတိ၊ ၏။)
တတ္ထ၊ ထို ကုသိုလ်, အကုသိုလ်, အဗျာကတတို့တွင်။ သုပိနန္တေ၊ အိပ်မက်၌။ စေတိယဝန္ဒနဓမ္မဿဝန ဓမ္မဒေသနာဒီနိ၊ စေတီတော်ကို ရှိခိုးရခြင်း, တရားနာရခြင်း, တရားဟောရခြင်း အစရှိသည်တို့ကို။ ကရောန္တဿ၊ ပြုသောပုဂ္ဂိုလ်၏။ ဝါ၊ ပြုရသည်ဟု မက်သော ပုဂ္ဂိုလ်၏။ (သုပိနော၊ သည်။) ကုသလော၊ ကုသိုလ်စိတ် ရှိသည်။ (ဟောတိ)။ ပါဏာတိပါတာဒီနိ၊ တို့ကို။ ကရောန္တဿ၊ ၏။ (သုပိနော၊ သည်။) အကုသလော၊ သည်။ (ဟောတိ၊ ၏။) ဒွီဟိ၊ ၂-ပါးကုန်သော။ အန္တေဟိ၊ ကုသိုလ် အကုသိုလ် အဘို့တို့မှ။ မုတ္တော၊ လွတ်သော။ (သုပိနော၊ သည်။) အာဝဇ္ဇန တဒါရမ္မဏက္ခဏေ၊ အာဝဇ္ဇန်းခဏ, တဒါရုံ ခဏ၌။ အဗျာကတော၊ အဗျာကတတည်း။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗော၊ ၏။