တနည်း။ ။“နာမတောတိ ဥဒယဗ္ဗယဝန္တတာယ လဒ္ဓနာမတော”ဟု ဋီကာ ဒုတိယ တနည်း ဖွင့်၏။ ဖြစ်ခြင်း ပျက်ခြင်းသည် အမြဲ နှိပ်စက်အပ်သောကြောင့် သင်္ခါရတရား ဟူသမျှသည် ဒုက္ခအမည် ရနိုင်ချည်းတည်း။ [သဗ္ဗေ သင်္ခါရာ ဒုက္ခာ၊–ဓမ္မပဒ၊] ဤသို့ ရအပ်သောနာမည်သည် သင်္ခါရအားလုံးနှင့် ဆက်ဆံသောကြောင့် သာမညနာမည်တည်း။ ထို့ကြောင့် ဒေါသမူဌေး ဒုက္ခသဟဂုတ် ကာယဝိညာဏ်၌ရှိသော ဒုက္ခဝေဒနာရအောင် “ဒုက္ခမေဝ + ဒုက္ခ”ဟု ရှေးဒုက္ခတခုဖြင့် ဝိသေသနပြု၍ “ဒုက္ခဒုက္ခ”ဟု ဆိုရသည်။[အထခေါ သဘာဝတော ဒုက္ခံ ဘူတမေဝေဒံ ဒုက္ခတိ ပုရိမေန ဒုက္ခသဒ္ဒေန ပစ္ဆိမံ ဝိသေသိတံ။- ဋီကား]
ဝိပရိဏာမေန။ ။သုခဝေဒနာသည် သူ၏ဘဘာဝအတိုင်းအားဖြင့် ချမ်းသာ၏၊ သို့သော် ထိုသုခသဘော ပြောင်းလွှဲပျက်စီးသောအခါ (ထိုဝေဒနာရှင်မှာ) စိတ်ဆင်းရဲမှု ဒုက္ခဖြစ်ရ၏၊ ထို့ကြောင့် ထို ဝိပရိဏာမသည် ဒုက္ခဖြစ်ခြင်း၏အကြောင်း ဖြစ်ရကား သုခကိုပင် “ဝိပရိဏာမဒုက္ခ”ဟု တင်စား၍ ခေါ်ရသည်။ ဤသို့ ဖောက်ပြန်သောအခါ ဒုက္ခဖြစ်ရမည့်အရေးကို မြှော်တွေးမိသော သူတော်ကောင်းတို့သည် သာယာဘွယ် ကောင်းခိုက်၌ဖြစ်သော သုခကိုပင် မသာယာနိုင်ကြတော့ပေ။ [ ဝိပရိဏာမဝန္တတာယ သုခံ အနိဋ္ဌမေဝ ဟောတီတိ ဒုက္ခံ နာမ ဇာတံ။’ဋီကာ။]
ဒုက္ခသစ္စပရိယာပန္နတ္တေန။ ။စာအုပ်တို့၌ ဤအတိုင်း ပါဠိရှိသော်လည်း မဂ် စိတ္တုပ္ပါဒ် ဖိုလ်စိတ္တုပ္ပါဒ်တို့သည် ဒုက္ခသစ္စာ၌ တိုက်ရိုက် အကျုံးမဝင်နိုင်။ ပရိယာယ် အားဖြင့်သာ ဒုက္ခသစ္စာမည်နိုင်၏။ ထို့ကြောင့် “ဒုက္ခသစ္စပရိယာယတ္တေန” ဟုပါဌ် ရှိလျှင် ကောင်းမည်ထင်သည်။ မှန်၏’“စတုသစ္စဝိနိမုတ္တော ဉေယျော နာမ နတ္ထိ ဟူသော စကားရပ်၌ မဂ်စိတ္တုပ္ပါဒ် ၂၉, ဖိုလ်စိတ္တုပ္ပါဒ် ၃၇-ခုတို့သည် ပရိယာယ်အားဖြင့် ဒုက္ခသစ္စာ၌ အကျုံးဝင်ကြရသည်။ ဤ၌ကား မဂ္ဂင်ရှစ်ပါးပါ သင်္ခါရဒုက္ခဖြစ်သောကြောင့် “ဒုက္ခသစ္စာ”ဟု ပရိယာယ်အားဖြင့် ဆိုထားသည်။ ဇာနိတဗ္ဗတော၊ ကြောင့်၎င်း။ ဥပက္ကမဿ၊ ညှဉ်းဆဲနှိပ်စက်မှု လုံ့လ၏။ ပါကဋဘာဝတောစ၊ ကြောင့်၎င်း။ အပ္ပဋိစ္ဆန္နဒုက္ခံ နာမ၊ မည်၏။ ဝါ၊ မဖုံးကွယ်အပ်သော ဒုက္ခမည်၏။ ပါကဋဒုက္ခန္တိပိ၊ ဟူ၍လည်း. ဝါ၊ ထင်ရှားသော ဒုက္ခ ဟူ၍လည်း။ ဝုစ္စတိ၊
သဘာဝပစ္စတ္တံ။ ။အဋ္ဌသာလိနီ ကာမာဝစရ ကုသလပဒနိဒ္ဒေသ၌ “ဖုသနက- ဝသေန ဖာ” ဟု ဆိုပြီးလျှင် , “ဣဒံ ( ဖာ ဟူသော ဤပုဒ်သည် ) ဖဿဿ သဘာဝဒီပနတော သဘာဝပဒံ နာမ”ဟု ရှိခဲ့၏။ “သဘာဝပဒံ၊ သဘောကိုပြသော ပုဒ်တည်း”ဟုလည်း အနက်ပေးရ၏။ ထို ့အတူ “ဇာယမာနကဝသေန ဇာတိ” ၌လည်း ဇာတိသည် ဇာတိ၏သဘောကို ပြသောကြောင့် သဘာဝပဒပင် ဖြစ်၏။ ထို ့ကြောင့် “သဘာဝပစ္စတ္တံ ”ဟု ရှိရာ၌ “သဘာဝပဒံ”ဟု ရှိလျှင် အဋ္ဌသာလိနီအဖွင့်များနှင့် တထပ်ထည်းဖြစ်၏။ ဤ၌ “ပစ္စတ္တံ”ဟု ရှိသောကြောင့် ပါဌ်ရှိအတိုင်း အနက်ပေးလိုက် ပါသည်။ ရှေးနိဿယများ၌ “သဘာဝပစ္စတ္တံ၊ သဘောဖြစ်သော ပုဒ်သာတည်း”ဟု၎င်း, “သဘောအားဖြင့် မျက်မှောက်ဖြစ်သောပုဒ်တည်း”ဟု၎င်း အနက်ပေးကြသည်။ ယုတ္တာ၊ ယှဉ်စပ်တော်မူအပ်ပြီ။ (တနည်း) ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။
ဣမမာဟ ဇာတိန္တိ၊ ဟူသော။ ဧတံ၊ ဤဂါထာစကားကို။ (ပဏ္ဍိတေဟိ၊ တို့သည်)။ ဝုစ္စတိ၊ အပ်၏။ သတ္တော၊ သတ္တဝါသည်။ နရကေသု၊ နရက်တို့၌။ ဝါ၊ ငရဲတို့၌။ နော စေ ဇာယေထ၊ အကယ်၍ မဖြစ်အံ့။ (ဧဝံ သတိ၊ ဤသို့ နရက်တို့၌ မဖြစ်လသော်)။ တတ္ထ၊ ထိုငရဲတို့၌။ အဂ္ဂိဒါဟာဒိကံ၊ မီး၏ပူလောင်ခြင်း အစရှိသော။ အပ္ပသယှံ၊ တည်ရာကို။ လဘေထနု၊ ရရာတော့အံ့နည်း။ (န လဘေထဧဝ၊ မရတော့သည်သာ)။ [ဤကား ဋီကာပဌမနည်းတည်း။] (တနည်း) (သောသတ္တော၊ သည်) တတ္ထ၊ တို့၌။ အဂ္ဂိဒါဟာဒိကံ၊ သော။ အပ္ပသယှံ၊ သော။ ဒုက္ခံ၊ ကို။ ကုဟိံ၊ ကို။ ပတိဋ္ဌ(ပတိဋ္ဌန္တော)၊ တည်လျက်။ လဘေထနု၊ ရာရာသေးသနည်း။ (န လဘေထဧဝ၊ သည်သာ)။ [ဤကား ဋီကာ ဒုတိယနည်းတည်း။] ဣတိ၊ ထို့ကြောင့်။ မုနိ၊ သည်။ ဣဓ၊ ဤဒုက္ခသစ္စာအရာ၌။ ဇာတိံ၊ ကို။ ဒုက္ခာတိ၊ ယူ၍။ (ဇာတိပိ ဒုက္ခဟူ၍)။ အာဟ၊ ပြီ။
[နိရယဇာတိဒုက္ခကို ပြပြီး၍ တိရစ္ဆာနဇာတိဒုက္ခကို ပြလိုသောကြောင့် "ဒုက္ခံ တိရစ္ဆေသု" စသည်ကို မိန့်။] တိရစ္ဆေသု၊ တိရစ္ဆာတို့၌။ ကသာပတောဒဒဏ္ဍာဘိဃာတာဒိဘဝံ၊ ကြိမ်ဖြင့် ရိုက်ခြင်း, နှင့်တံဖြင့် ထိုးဆွခြင်း, တုတ်ဖြင့် ရိုက်ခြင်း အစရှီသည်တို့ကြောင့်ဖြစ်သော။ အနေကံ၊ တပါးမက များစွာသော။ ယံ ဒုက္ခံ၊ သည်။ (အတ္ထိ)၊ တတ္ထ၊ ထို တိရစ္ဆာန်တို့၌။ တံ ဒုက္ခံ၊ သည်။ ဇာတိံ၊ ကို။ ဝိနာ၊ ကြဉ်၍။ (တနည်း) ဇာတိံ ဝိနာ၊ ဇာတိ မပါဘဲ။ ကထံ၊ အဘယ်နည်းဖြင့်။ ဘဝေယျ၊ ဖြစ်ရာအံ့နည်း။ (န ဘဝေယျဧဝ၊ မဖြစ်ရာတော့သည်သာ)။ တတောပိ၊ ထို့ကြောင့်လည်း။ တဟိံ၊ ထိုတိရစ္ဆာန်တို့တွင်။ ဇာတိ၊ သည်။ ဒုက္ခ၊ ဆင်းရဲကြောင်းတည်း။
[တိရစ္ဆာနဇာတိဒုက္ခကို ပြပြီး၍ ပေတဇာတိဒုက္ခကို ပြလိုသောကြောင့် ပေတေသု ဒုက္ခံ စသည်ကိုမိန့်။] ပေတေသု ပန၊ ပြိတ္တာတို့၌ကား။ ခုပ္ပိပါသဝါတာတပါဒိပ္ပဘဝံ၊ ထမင်းဆာခြင်း , ရေငတ်ခြင်း, လေပူ နေပူ အစရှိသည်တို့လျှင် ဖြစ်ရာ အစအမွန်ရှိသော။ ဝိစိတ္တံ၊ ထူးထွေဆန်းပြားသော။ ဒုက္ခံ၊ သည်။ (အတ္ထိ)၊ တတ္ထ၊ ထို ပြိတ္တာတို့၌။ ယသ္မာ၊ ကြောင့်။ အဇာတဿ၊ မဖြစ်သော သတ္တဝါ၏။ (တံ ဒုက္ခံ၊ သည်)။ န အတ္ထိ၊ မရှိတော့။ တသ္မာပိ၊ ကြောင့်လည်း။ မုနိ၊ သည်။ ဇာတိံ၊ ကို။ ဒုက္ခံ၊ ဟူ၍။ အာဟ၊ ပြီ။
[ပေတဇာကို ဒုက္ခကို ပြပြီး၍ လောကန္တရ, ပိတ္တာအသုရတို့၏ ဇာတိဒုက္ခကို ပြလိုသောကြောင့် "တိဗ္ဗန္ဓကာရေစ" စသည်ကို မိန့်။] တိဗ္ဗန္ဓကာရေ၊ အလွန်မှောင်နေသော။ အသယှသီတေ၊ သည်းမခံနိုင်လောက်အောင် အေးသော။ လောကန္တရေစ၊ ကမ္ဘာလောက ၃ ခုတို့၏ အကြား၌ဖြစ်သော လောကန္တရိက် ငရဲ၌၎င်း။ အသုရေသုစ၊ ပြိတ္တာ အသုရာတို့၌၎င်း။ ယံ ဒုက္ခံ၊ သည်။ (အတ္ထိ)၊ တတ္ထ ထ၊ ို လောကန္တရိုက်ငရဲ ပြိတ္တာအသုရာတို့၌။ ဇာတိ၊ သည်။ နစဿ (နစေ အဿ)၊ အကယ်၍ မရှိအံ့။ (ဧဝံ သတိ၊ သော်)။ ယတော၊ ကြောင့်။ တံ (ဒုက္ခံ)၊ သည်။ န ဘဝေ၊ မဖြစ်တော့။ တတောပိ၊ ကြောင့်လည်း။ အယံ ဇာတိ၊ သည်။ ဒုက္ခာ၊ တည်း။
[လောကုတ္တရ ပြိတ္တာအသုရကာယတို့၏ ဇာတိ ဒုက္ခကို ပြပြီး၍ မာတုဂဗ္ဘဇာတိဒုက္ခကို ပြလိုသောကြောင့် ယဉ္စာပိ စသည်ကိုမိန့်။] ဂူထနရကေ ဝိယ၊ ဘင်ပုပ်ငရဲ၌ကဲ့သို့။ ဝါ၊ ဘင်ပုပ်ငရဲနှင့် တူသော။ မာတုဂဗ္ဘေ၊ အမိဝမ်း၌။ စိရံ၊ ကြာမြင့်စွာ။ ဝသံ (ဝသန္တော)၊ နေရသည်လည်းဖြစ်သော။ အတော၊ ထို အမိဝမ်းမှ။ ဗဟိ၊ ပြင်ဘက်သို့။ နိက္ခမံ (နိက္ခမန္တော) စ၊ ထွက်ရသည်လည်း ဖြစ်သော။ [နိက္ခမဉ္စ နိက္ခမန္တော ။ ယောဇနာ။] သတ္တော၊ သည်။ အတိဃောရံ၊ အလွန်ကြမ်းတမ်းသော ။ ယဉ္စာပိ ဒုက္ခံ၊ သို့လည်း။ ပပ္ပေါတိ၊ ရောက်ရ၏။ ဣဒမ္ပိ၊ ဤဒုက္ခသည်လည်း။ ဇာတိံ၊ ဇာတိကို။ ဝိနာ၊ ၍။ နတ္ထိ၊ မရှိတော့။ ဣတိပိ၊ ကြောင့်လည်း။ အယံ ဇာတိ၊ သည်။ ဒုက္ခာ၊ ဒုက္ခတည်း။ [ဇာတိ ရယန္တိ ဇာတိ အယံ တိ ဆေဒေါ၊ ရကာရော အာဂမော၊ ဟိ သဒ္ဒေါ ယသ္မာ အတ္ထေ ဝတ္တတိ။ ယောဇနာ။]
[ဒုက္ခအားလုံးကို နိဂုံးချုပ်လိုသောကြောင့် ကိံ ဘာသိတေန စသည်ကို မိန့်။] ဗဟုနာ၊ များစွာသော။ ဘာသိတေန၊ ပြောဆိုအပ်သော စကားဖြင့်။ (တနည်း) ဗဟုနာ ဘာသိတေန၊ များစွာ ဆိုခြင်းဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ကုဟိဉ္စိ၊ မည်သည့် အရပ်၌ မဆို။ ဣဓ၊ ဤလောက၌။ ကိဉ္စိ၊ တစုံတခုသော။ ယံ ဒုက္ခံ အပိ၊ သည်လည်း။ အတ္ထိ၊ ဣဒံ၊ ဤဒုက္ခသည်။ ကဒါစိ၊ တရံတခါ။ ဝါ၊ အဘယ်အခါ၌မှ။ ဇာတိဝိရဟေ၊ ဇာတိ၏ ကင်းခြင်းသည်။ (သတိ၊ သော်)။ ယံ၊ အကြင်အကြောင်းကြောင့်။ နနု၊ စင်စစ်ဧကန် အမှန်အားဖြင့်။ နေဝ အတ္ထိ၊ မရှိတော့သည်သာ။ အတော၊ ထို့ကြောင့်။ မဟေသိ (မဟာဣသိ)၊ ဣသိထွတ်တင်ဘုရားရှင်သည်။ သဗ္ဗပဌမံ၊ အလုံးစုံသော ဒုက္ခတို့၏ ရှေးဦးစွာ။ ဣမံ ဇာတိံ၊ ကို။ ဒုက္ခာတိ၊ ဟူ၍။ အာဟ၊ ပြီ။ (ဣတိ၊ အပြီးတည်း)။