အဇ္ဈတ္တန္တိ(ဧတ္ထ)၊ ၌။
နိယကဇ္ဈတ္တံ၊ မိမိကို မှီ၍ဖြ်စသော အဇ္ဈတ္တကို။
အဓိပ္ပေတံ၊ ၏။
["အဇ္ဈတ္တံ၊ မိမိသန္တာန်၌" ဟူလို။ အဇ္ဈတ္တအပြားကို အဋ္ဌသာလိနီ မာတိကာအဖွင့်၌ ကြည့်ပါ။ နိယတဇ္ဈတ္တံဖြင့် ဂေါစရဇ္ဈတ္တစသည်ကို ကန့်သည်။]
တသ္မာ၊ ကြောင့်။
အဇ္ဈတ္တံ ကာယေတိ၊ အဇ္ဈတ္တံကာယေဟူသော ပါဌ်၏။
အတ္တနော၊ မိမိ၏။
ကာယေ၊ ရူပကာယ၌။
ဣတိ အတ္ထော၊ နက်။
တတ္ထ၊ ထို အဇ္ဈတ္တံ ကာယေ ဟူသော ပါဌ်၌။
ကာယေတိ၊ ကား။
ရူပကာယေ၊ ရုပ်အပေါင်း၌။
ဟိ၊ မှန်။
ဣဓ၊ ဤ ကာယေ ကာယာနုပဿီဟူသော ပါဌ်၌။
ရူပကာယော၊ ကို။
(ရူပကာယဿ၊ ၏)။
[ဟိတ် ၏ သမ္ဗန်။]
အင်္ဂပစ္စင်္ဂါနိ၊ အင်္ဂါကြီးငယ်ဖြစ်ကုန်သော။
(ဓမ္မာနံစ၊ ရုပ်တရားတို့၏၎င်း။)
ကေသာဒီနံ၊ ဆံ အစရှိကုန်သော။
ဓမ္မာနံ စ၊ တို့၏၎င်း။
သမူဟဋ္ဌေန၊ အပေါင်း၏ အဖြစ်ဟူသော အနက်ကြောင့်။
ဟတ္ထိ ။ပေ။၊
ဒယောဝိယ၊ ဆင်အပေါင်း, မြင်းအပေါင်း,ရထား အပေါင်း အစရှိသည်တို့ကဲ့သို့။
ကာယောတိ၊ ဟူ၍။
အဓိပ္ပေတော၊ ၏။
[ဆရာတို့ကား "သမူဟဋ္ဌေန" ဟူသော အဖြေကို ကြည့်၍
"ဟိ (ကသ္မာ)၊ ကြောင့် ။ပေ။
အဓိပ္ပေတော၊ နည်း" ဟု ပေးကြသေး၏။]
ကာယော။ ။ ရူပကာယဟူသည် အင်္ဂါကြီးငယ်ဟူသော ရုပ်တရားတို့၏ အပေါင်းကေသာ လောမာစသော ရုပ်တရားတို့၏ အပေါင်းတည်း၊ ထို့ကြောင့် "ရူပကာယော ဟိ" စသည်ကို မိန့်သည် ဤနည်း၌ ကာယသဒ္ဒါသည် ကမုဟ အနက်ကို ဟောသော အနိပ္ပန္နရုဠှီသဒ္ဒါဖြစ်၍ ဝိဂြိုလ်မပြုရ။
စ၊ သည်သာမကသေး။
သမူဟဋ္ဌေန၊ ကြောင့်။
(ကာယောတိ၊ ဟူ၍။
အဓိပ္ပေတော) ယထာ၊ ကဲ့သို့။
ဧဝံ၊ တူ။
ကုစ္ဆိတာနံ၊ စက်ဆုပ်အပ်ကုန်သာ အရာဝတ္ထုတို့၏။
အာယဋ္ဌေန၊ ဖြစ်ခဲ့ရာ၏အဖြစ်ဟူသော အနက်ကြောင့်။
(ကာယောတိ အဓိပ္ပေတော)၊
ဟိ၊ မှန်။
ကုစ္ဆိတာနံ၊ ကုန်သော။
ပရမဇေဂုစ္ဆာနံ၊ အလွန်စက်ဆုပ်ဘွယ်ကောင်းကုန်သော အရာဝတ္ထုတို့၏။
သော၊ ထို ရူပကာယသည်။
အာယော၊ ဖြစ်ခဲ့ရာတည်း။
ဣတိပိ၊ လည်း။
ကာယော၊ မည်၏။
အာယောတိ၊ ကား။
ဥပ္ပတ္တိဒေသော၊ ဖြစ်ရာအရပ်တည်း။
တတြ၊ ထို ကုစ္ဆိတာနံ အာယောဟူသော ပါဌ်၌။
အယံ၊ ဤဆိုအပ်လတ္တံ့ကား။
ဝစနတ္ထော၊ တည်း။
တတော၊ ထိုကိုယ်မှ။
အာယန္တိ၊ ဖြစ်ပေါ်လာကုန်၏။
ဣတိ၊ ထိုသို့ ဖြစ်ပေါ်လာခဲ့ရာ၏ အဖြစ်ကြောင့်။
(သော၊ ထို ကိုယ်သည်)။
အာယော၊ အာယ မည်၏။
ကေ၊ အဘယ်တို့သည်။
အာယန္တိ၊ ကုန်သနည်း။
ဣတိ၊ ဤကားအမေးတည်း။
ကုစ္ဆိတာ၊ စက်ဆုပ်အပ်ကုန်သော။
ကေသာဒယော၊ ဆံ အစရှိသော ကောဋ္ဌာသ တို့သည်။
(အာယန္တိ၊ ကုန်၏)။
ဣတိ၊ သို့။
ကုစ္ဆိတာနံ၊ ကုန်သော။
ကေသာဒီနံ၊ တို့၏။
အာယော၊ ဖြစ်ခဲ့ရာတည်း။
ဣတိ၊ ကြောင့်။
ကာယော၊ မည်၏။
ကာယာနုပဿီတိ၊ ကား။
ကာယာနုပဿနသီလော၊ ကာယကို အဖန်ဖန် ရှုခြင်းအလေ့ရှိသည်။
ဝါ၊ တနည်း။
ကာယံ၊ ကို။
အနုပဿမာနော၊ အဖန်ဖန် ရှုတတ်သည်။
(ဟုတွာ, ဝိဟရတိ)၊
စ၊ ဆက်။
ကာယေတိ၊ ဟူ၍။
ဝတွာပိ၊ ဟောတော်မူပြီး၍လည်း။
ပုန၊ တဖန်။
ကာယာနုပဿီတိ၊ ကာယာနုပဿီဟူ၍။
ဒုတိယံ၊ နှစ်ခုမြောက်ဖြစ်သော။
ကာယဂ္ဂဟဏံ၊ ကာယသဒ္ဒါကို။
အသမ္မိဿတော၊ ဝေဒနာ စသည်တို့နှင့် မရောသော အားဖြင့်။ကုစ္ဆိတာနံ အာယော။ ။ ဤ ဒုတိယနည်း၌ကား "ကု+အာယ" ဟ ပုဒ်ခွဲ၍ ကုသည် ကုစ္ဆိတ အနက်ဟော နိပါတ်ပုဒ်တည်း။ အာယကိုကား အဋ္ဌကထာအတိုင်း အပါဒါနသာဓနဝိဂြိုလ် ပြုပါ၊ ဣဓာတ်( ဧဓာတ်, အယဓာတ်) ဏပစ္စည်း၊ ကုစ္ဆိတာနံ+ အာယော ကာယော၊ ဤအလို ကာယသဒ္ဒါသည် နိပ္ဖန္နပါဋိပဒိကပုဒ်တည်း၊ ကေသာ လောကာမှစ၍ ကျင်ကြီးကျင်ငယ်တိုင်အောင် မစင်မကြယ် ရွံစဖွယ် ဟူသမျှသည် "သုဘ" ဟု ထင်နေရသော ဤကာယမှချည်း ထွက်ပေါ်ခါကြသောကြောင့် ဤကာယကြီးသည် စက်ဆုပ်ဖွယ်တို့၏ ဖြစ်ရာတည်း။
ကာယာနုပဿီ။ ။ "အနုပဿနသီလော" ဟူသော ပဌမနည်းဖြင့် ဏီပစ္စည်း၏ တဿီလအနက်ကို ပြသည်။ ထိုသို့ ပြသဖြင့် ကာယာနုပဿနာ၌ အလေ့အလာရနေသော ယောဂီ ပုဂ္ဂိုလ်ဟု သိစေသည်။ "အနုပဿတိ သီလေနာတိ အနုပဿီ ၊ကာယံ အနုပဿီ ကာယာနုပဿီ" ဟု ပြုပါ၊ ဒုတိယနည်းဖြင့် ဏီ ပစ္စည်း၏ တဿီလတ္ထမပါသောကတ္တားအနက်ကို ပြသည်။ ထိုသို့ ပြသဖြင့် ကာယာနုပဿနာ၌ အလေ့အလာ မရစေ ကာမူ ထိုကဲ့သို့ ရှုတတ်သည်ဟု ပြသည်။ "အနုပဿတီတိ အနုပဿီ၊ ကာယံ အနုပဿီကာယာနုပဿီ" ဟု ပြုပါ။ ဝဝတ္ထာန ဃာနိဝိနိဗ္ဘောဂါဒိဒဿနတ္ထံ၊ ပိုင်းခြား သတ်မှတ်ခြင်း, တခဲနက်ကို အသီးအသီးခွဲခြားဝေဘန်ခြင်း အစရှိသည်ကို ပြခြင်းအကျိုးငှာ။ ကတံ၊ ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ၏။
ကာယာနုပဿီ။ ။ "အနုပဿနသီလော" ဟူသော ပဌမနည်းဖြင့် ဏီပစ္စည်း၏ တဿီလအနက်ကို ပြသည်။ ထိုသို့ ပြသဖြင့် ကာယာနုပဿနာ၌ အလေ့အလာရနေသော ယောဂီ ပုဂ္ဂိုလ်ဟု သိစေသည်။ "အနုပဿတိ သီလေနာတိ အနုပဿီ ၊ကာယံ အနုပဿီ ကာယာနုပဿီ" ဟု ပြုပါ၊ ဒုတိယနည်းဖြင့် ဏီ ပစ္စည်း၏ တဿီလတ္ထမပါသောကတ္တားအနက်ကို ပြသည်။ ထိုသို့ ပြသဖြင့် ကာယာနုပဿနာ၌ အလေ့အလာ မရစေ ကာမူ ထိုကဲ့သို့ ရှုတတ်သည်ဟု ပြသည်။ "အနုပဿတီတိ အနုပဿီ၊ ကာယံ အနုပဿီကာယာနုပဿီ" ဟု ပြုပါ။ ဝဝတ္ထာန ဃာနိဝိနိဗ္ဘောဂါဒိဒဿနတ္ထံ၊ ပိုင်းခြား သတ်မှတ်ခြင်း, တခဲနက်ကို အသီးအသီးခွဲခြားဝေဘန်ခြင်း အစရှိသည်ကို ပြခြင်းအကျိုးငှာ။ ကတံ၊ ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ၏။
တေန၊ ကြောင့်။
ကာယေ၊ ရူပကာယ၌။
ဝေဒနာနုပဿီ၊ ဝေဒနာကို အဖန်ဖန် ရှုလေ့ရှိသည်။
(ဟုတွာဝါ၊ ရှိသော်၎င်း)။
စိတ္တဓမ္မာနုပဿီ၊ စိတ္တကို အဖန်ဖန်ရှုလေ့ရှိ, ဓမ္မကို အဖန်ဖန် ရှုလေ့ရှိသည်။
(ဟုတွာ) ဝါ၊ ၍သော်၎င်း။
န (ဝိဟရတိ)၊ နေသည်မဟုတ်။
အထခေါ၊ ကား။
ကာယေ၊ ၌။
ကာယာနုပဿီယေဝ၊ ကာယ ကိုအဖန်ဖန် ရှုလေ့ရှိသည်သာလျှင်။
ဝါ၊ ကာယကို အဖန်ဖန် ရှုတတ်သည်သာ လျှင်။
(ဟုတွာ, ဝိဟရတိ)၊
ဣတိ၊ သို့။
(ဒဿိတံ ဟောတိ ၌စပ်)။
ကာယ သင်္ခါတေ၊ ကာယဟု ဆိုအပ်သော။
ဝတ္ထုသ္မိံ၊ စိတ်၏ တည်ရာ ဖြစ်သော ဝတ္ထု၌။
(ဝါ၊ အာရုံဖြစ်သော တည်ရာ၌။)
ကာယာနုပဿနာကာရဿေဝ၊ ကာယကို အဖန်ဖန်ရှုခြင်းဟူသော အခြင်းအရာကိုသာ။
ဒဿနေန၊ ပြခြင်းအားဖြင့်။
အသမ္မိဿတော၊ အားဖြင့်။
ဝဝတ္ထာနံ၊ အသီးအသီး ပိုင်းခြား၍ တည်ခြင်းသည်။
ဝါ၊ ကို။
ဒဿိတံ၊ ပြတော်မူအပ်သည်။
ဟောတိ၊ ၏။
[ဝဝတ္ထာနဒဿန အကျယ်မှတပါး ဃနဝိနိဗ္ဘောဂဒဿနအကျယ်ကို ပြလို၍ "တထာ" စသည်မိန့်။]
တထာ၊ ထိုမှတပါး။
ကာယေ၊ ၌။
အင်္ဂပစ္စင်္ဂဝိနိမုတ္တ ဧကဓမ္မာနုပဿီ၊ အင်္ဂါကြီးငယ်တို့မှလွတ်သော တမျိးသော တရားကို အဖန်ဖန်ရှုလေ့ရှိသည်။
(ဟုတွာ)၊
န (ဝိဟရတိ)၊
ကေသာလောမာဒိဝိနိမုတ္တ ဣတ္ထိပုရိသာ နုပဿီ၊ ဆံပင် မွေးညှင်း အစရှိသော ကောဋ္ဌာသတို့မှ လွတ်သော မိန်းမ ယောင်္ကျားကို အဖန်ဖန်ရှုလေ့ရှိသည်။
(ဟုတွာ) ပိ၊ ၌လည်း။
န (ဝိဟရတိ)၊
စ၊ ဆက်။
ဧတ္ထ၊ ဤ ရူပကာယ၌။
ကေသာလောမာဒိကေ၊ ဆံပင် မွေးညှင်း အစရှိသော။
ဘူတုပါဒါယသမုဟ သင်္ခါတော၊ ဘူတရုပ်, ဥပါဒါရုပ်တို့၏ အပေါင်းဟု ဆိုအပ်သော။
ယောပိ ကာယော၊ အကြင် အပေါင်းသည်လည်း။
(အတ္ထိ)၊
တတ္ထာပိ၊ ထိုအပေါင်း၌လည်း။
ဘူတုပါဒါယ ဝိနိမုတ္တဧကဓမ္မာနုပဿီ၊ ဘူတရုပ်, ဥပါဒါရုပ်တို့မှလွတ်သော တမျိုးသော တရားကို အဖန်ဖန် ရှုလေ့ရှိသည်။
(ဟုတွာ) န (ဝိဟရတိ)၊ နေသည်မဟုတ်။
ဝဝတ္ထာန ဃနဝိနိဗ္ဘောဂါဒိ။ ။ ကာယနှင့်ဝေဒနာ အစရှိသည်တို့ကို ဝိ (ဝိသုံ) အသီးအသီး+ အဝ- အဝိစ္ဆိန္ဒိတွာ၊ ပိုင်းခြား၍ ။ဌာနံ၊ တည်ခြင်း။ ဝဝတ္ထာနဒဿန အသီးအသီး မရောယှက်အောင် ပိုင်းခြား၍ တည်ပုံကို ပြခြင်း။ သမူဟဃန စသော အားဖြင့် ကာယနှင့် ဝေဒနာစသည်ကို ပေါင်းစည်းလုံးထွေး၍နေခြင်းကို "ဃန" ဟု ခေါ်၏။ ထိုသို့ တခဲနက် တပေါင်းတည်းတည်ရာမှ ကာယတခြား, ဝေဒနာတခြားစသည်ဖြင့် ခွဲခြားမှုကို ပြခြင်းကို "ဃနဝိနိဗ္ဘောဂဒဿန" ဟု ဆိုသည်။ အာဒိ၏ အနက်ကို နောက်၌ ပြလိမ့်မည်။
အထခေါ၊ အဟုတ်ကား။
ရထသမ္ဘာရာနုပဿကော ဝိယ၊ ရထား၏ အဆောက်အဦကို အဖန်ဖန်ရှုသော ယောင်္ကျားသည်ကဲ့သို့။
အင်္ဂပစ္စင်္ဂသမူဟာနုပဿီ၊ အင်္ဂါကြီးငယ်တို့၏ အပေါင်းကို အဖန်ဖန်ရှုလေ့ရှိသည်။
(ဟုတွာ, ဝိဟရ တိ)၊
[ရှေး၌ ပြခဲ့သော အင်္ဂပစ္စအင်္ဂါနံ ဓမ္မာနံ သမူဟဋ္ဌေနကို ရည်ရွယ်သည်။]
နဂရာဝယဝါနုပဿကောဝိယ၊ မြို့၏ အစိတ်အပိုင်းဖြစ်သော ပြာသာဒ်စသည်ကို အဖန်ဖန်ရှုသော ယောင်္ကျားသည်ကဲ့သို့။
ကေသာလောမာဒိသမူဟာနုပဿီ၊ ဆံပင်, မွေးညှင်း အစရှိသည်တို့၏ အပေါင်းကို အဖန်ဖန်ရှုလေ့ရှိသည်။
(ဟုတွာ, ဝိဟရတိ)၊
[ရှေ့၌ ပြခဲ့သော "ကေသာဒီနဉ္စ ဓမ္မာနံ သမူဟဋ္ဌေန" ကိုရည်ရွယ်သည်။]
ကဒလိက္ခန္ဓ ပတ္တာဋ္ဋိဝိနိဘုဉ္ဇကော ဝိယ၊ ငှက်ပျောတုံး၏ ရွက်လုံးတို့ကိုအသီးအသီး ခွဲခြားသောယောင်္ကျားသည်ကဲ့သို့၎င်း။
ရိတ္တမုဋ္ဌိ ဝိနိဝေဌကော ဝိယစ၊ အချည်းနှီးသော လက်ဆုပ်ကို ဖြေသော ယောင်္ကျားသည်ကဲ့သို့၎င်း။
ဘူတုပါဒါယသမူဟနာပဿီယေဝ၊ ဘူတရုပ်, ဥပါဒါရုပ်တို့၏ အပေါင်းကို အဖန်ဖန် ရှုလေ့ရှိသည်သာလျှင်။
(ဟုတွာ, ဝိဟရတိ)၊
ဣတိ၊ သို့။
နာနပ္ပကာရတော၊ အမျိးမျိုးသော အပြားအားဖြင့်။
သမူဟဝသေန၊ အပေါင်း၏အဖြစ်ဖြင့်။
ကာယသင်္ခါတဿ၊ ကာယဟု ဆိုအပ်သော။
ဝတ္ထုနော၊ တည်ရာကို။
ဒဿနေန၊ ပြတော်မူခြင်းအားဖြင့် ။
ဃနဝိနိဗ္ဘောဂေါ၊ တခဲနက်ကို အသီးအသီးခွဲစိတ်ဝေဘန်ခြင်းသည်။
ဝါ၊ ကို။
ဒဿိတော, ဟောတိ၊
ဟိ၊ မှန်။
ဧတ္ထ၊ ဤ ရူပကာယ၌။
ယထာဝုတ္တသမူဟဝိနိမုတ္တော၊ အကြင် အကြင် ဆိုအပ်ပြီးသော အင်္ဂါကြီးငယ်တို့၏ အပေါင်းမှလွတ်သော။
ကာယောဝါ၊ ကိုယ်ကို၎င်း။
(ယထာဝုတ္တသမူဟဝိနိမုတ္တော၊ အကြင်အကြင်ဆိုအပ်ပြီးသော ကေသ လောမစသည်တို့၏ အပေါင်းမှ လွတ်သော။)
ဣတ္ထီဝါ၊ မိန်းမကို ၎င်း။
ပုရိသော၊ ယောင်္ကျားကို၎င်း။
(ယထာ ဝုတ္တသမုဟဝိနိမုတ္တော၊ အကြင်အကြင် ဆိုအပ်ပြီးသော ဘူတရုပ် ဥပါဒါရုပ်တို့၏ အပေါင်းမှလွတ်သော)။
အညော၊ အခြားသော။
ကောစိ၊ တစုံတခုသော။
ဓမ္မောဝါ၊ တရားကို၎င်း။
နဒိဿတိ၊ မတွေ့မမြင်အပ်။
ပန၊ ထိုသို့ပင်မတွေ့မြင်အပ်ပါသော်လည်း။
ယထာ ဝုတ္တဓမ္မဿ မူဟပတ္တေယေဝ၊ အကြင်အကြင် ဆိုအပ်ပြီးသော တရားအပေါင်းမျှ၌ သာ။
(အင်္ဂါကြီးငယ်တို့၏ အပေါင်း, ကေသ လောမ စသည်တို့၏အပေါင်း, ဘူတရုပ်ဥပါဒါရုပ်တို့၏ အပေါင်းမျှ၌သာ)။
ယထာဝုတ္တ သမူဟ ဝိနိမုတ္တော။ ။ န ကာယေ အင်္ဂပစ္စင်္ဂဝိနိမုတ္တဧကဓမ္မာနုပဿိကို ကြည့်၍ ယထာ ဝုတ္တသမူဟဝိနိမုတ္တောကိုကာယော ဝါနှင့် တွဲ၍၎င်း, နာပိ ကေသော လောမာဒိဝိနိမုတ္တော ဣတ္ထိပုရိသာနုပဿီကို ကြည့်၍ ယထာဝုတ္တသမူဟဝိနိမုတ္တောကို ဣတ္ထီဝါ ပုရိသော ဝါနှင့် တွဲ၍၎င်း , န ဘူတုပါဒါယဝိနိမုတ္တဧကဓမ္မာနုပဿီကို ကြည့်၍ ယထာဝုတ္တသမူဟဝိနိမုတ္တောကို အညောဝါ ကောဝိ ဓမ္မောနှင့် တွဲ၍၎င်း အနက်ပေးသည်။
တထာ တထာ၊ ထိုထို အခြင်းအရာအားဖြင့်။
(ကာယဟူသော အခြင်းအရာ, ဣတ္ထိ ပုရိသဟူသော အခြင်းအရာ, ဘူတရုပ် ဥပါဒါရုပ်မှတပါး တမျိုးတခြားသော တရားဟူသော အခြင်းအရာအားဖြင့်)။
သတ္တာ၊ သတ္တဝါတို့သည်။
မိစ္ဆာဘိနိဝေသံ၊ မှားသောအားဖြင့် လွှမ်းမိုး၍ စွဲမြဲစွာ နှလုံးသွင်းခြင်းကို။
ဝါ၊ မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းကို။
ကရောန္တိ၊ ပြုကြကုန်၏။
တေန၊ ကြောင့်။
ပေါရာဏာ၊ ရှေး၌ဖြစ်ပေါ် ဆရာတော်တို့သည်။
အာဟု၊ မိန့်တော်မူကြကုန်ပြီ။
(ကိံ၊ ကုန်သနည်း)။
ယံ ပဿတိ န တံ ဒိဋ္ဌံ ။ပေ။ ဗဇ္ဈမာနောန မုစ္စတီတိ၊ ဟူ၍။
အာဟု၊ ကုန်ပြီ။
[လောကော၊ လူအပေါင်းသည်။
ယံ၊ အကြင် မိန်းမ ယောင်္ကျားကို။
ပဿတိ၊ မြင်၏။
တံ၊ ထိုမြင်အပ်သော မိန်းမ ယောင်္ကျားသည်။
ဒိဋ္ဌံ၊ တကယ်မြင်ထိုက်သော ရူပါရုံသည်။
န၊ မဟုတ်။
(တနည်း) ဒိဋ္ဌံ၊ တကယ်မြင်ထိုက်သော ရူပါရုံသည်။
တံ၊ ထိုမြင်အပ်သော မိန်းမ ယောင်္ကျားသည်။
န၊ မဟုတ်။
ယံ၊ အကြင်ရူပါရုံကို။
ဒိဋ္ဌံ၊ တကယ်မြင်အပ်၏။
တံ၊ ထို တကယ် မြင်အပ်သော ရူပါရုံကို။
(လောကော၊ သည်)။
(ပညာ စက္ခုနာ၊ ပညာမျက်စိဖြင့်။
ဘူတတော၊ ဟုတ်မှန်သော အားဖြင့်)။
န ပဿတိ၊ မဖြစ်။
အပဿံ၊ ပညာစက္ခုဖြင့် ဟုတ်မှန်စွာ မမြင်လသော်။
ဝါ၊ သော။
မူဠှော၊ တွေဝေသူကို။
ဗဇ္ဈတေ၊ ရာဂဖြင့် နှောင်ဖွဲ့အပ်၏။
ဗဇ္ဈမာနော၊ ရာဂဖြင့် နှောင့်ဖွဲ့အပ်သူသည်။
န မုစ္စတိ၊ မလွတ်နိုင်။]
(ဣတိ၊ သို့)။
ဃနဝိနိဗ္ဘောဂါဒိဒဿနတ္ထံ၊ တခဲနက်ကို အသီးသီး ပိုင်းခြားဝေဘန်ခြင်း အစရှိသည်ကို ပြခြင်းအကျိုးငှာ။ယံ ပဿတိ န တံ ဒိဋ္ဌံ။ ။ ယံ ပဿတိ ဣတ္ထိံ ဝါ ပုရိသံ ဝါ၊ န တံ ဒိဋ္ဌံ တံ ရူပါယတနံ န ဟောတိ၊ ရူပါယတနံ ဝါ တံန ဟောတီတိ အတ္ထော။ ဋီကာ။ ဤဋီကာ အဖွင့်အတိုင်းပင် ပဿတိ န တံ ဒိဋ္ဌံကို အနက်ပေးသည်။ [အခြားနည်းများကို ဋီကာနိဿယ၌ ကြည့်ပါ။]
ယံ ဒိဋ္ဌံ တံ န ပဿတိ။ ။ ဤ၌လည်း ပဌမပါဒတုန်းကကဲ့သို့ ယံ ဒိဋ္ဌံအတွက် ၂ နည်းဖွင့်၏၊ (သို့သော် တနည်းသာ နိဿယအနက် ပေးထားသည်။ တံ န ပဿတိ အတွက် "တံ ပညာစက္ခုနာ ဘူတတော န ပဿတိ" ဟု ဖွင့်သည်။
ဗဇ္ဈမာနော န မုစ္စတိ။ ။ ထိုကဲ့သို့ အမှန်မမြင်နိုင်သူကို ရာဂဖြင့်သာ နှောင်ဖွဲ့အပ်သည် မဟုတ်သေး။ ဒေါသ မောဟဖြင့်လည်း နှောင်ဖွဲ့အပ်သေး၏။ ထို့သို့ နှောင်ဖွဲ့ထားသောအခါ မကြာမကြာ ထိုအာရုံ၌ စိတ်ရောက်၍ နေသောကြောင့် ထိုအာရုံမှ မလွတ်နိုင်, သံသရာမှ မလွတ်နိုင်ခြင်းမှာ ဆိုဘွယ်ရာမရှိ။
မှတ်ချက်။ ။ ဤ ဂါထာကို အကြောင်းပြု၍ ဆရာများလည်း "မြင်သာ မြင်တယ် မမြင်ဘူး, ကြားသာ မကြားတယ် မကြားဘူး, နံသာ နံတယ် မနံဘူး၊ အရသာကို သာယာသာ သာယာတယ် အရသာ မသိဘူး, ထိသာ ထိတယ် မထိဘူး, သိသာ သိတယ် မသိဘူး" ဟု အာရုံ ၆ ပါးလုံးပ အမှားတွေ့နေပုံကို မိန့်တော်မူကြသည်။ (ဒုတိယံ၊ သော။ ကာယဂ္ဂဟဏံ၊ ကို။ ကတံ၊ ပြီ)။ ဣတိ၊ သို့။ (မယာ၊ သည်)။ ဝုတ္တံ၊ ပြီ။ ["ဒုတိယံ ကာယဂ္ဂဟဏံ အသမ္မိဿတော ဝဝတ္ထာနဃနဝိနိဗ္ဘောဂါဒိဒဿနတ္ထံ ကတံ" ဟု ဆိုခဲ့ပြီ ဟူလို။]
ယံ ဒိဋ္ဌံ တံ န ပဿတိ။ ။ ဤ၌လည်း ပဌမပါဒတုန်းကကဲ့သို့ ယံ ဒိဋ္ဌံအတွက် ၂ နည်းဖွင့်၏၊ (သို့သော် တနည်းသာ နိဿယအနက် ပေးထားသည်။ တံ န ပဿတိ အတွက် "တံ ပညာစက္ခုနာ ဘူတတော န ပဿတိ" ဟု ဖွင့်သည်။
ဗဇ္ဈမာနော န မုစ္စတိ။ ။ ထိုကဲ့သို့ အမှန်မမြင်နိုင်သူကို ရာဂဖြင့်သာ နှောင်ဖွဲ့အပ်သည် မဟုတ်သေး။ ဒေါသ မောဟဖြင့်လည်း နှောင်ဖွဲ့အပ်သေး၏။ ထို့သို့ နှောင်ဖွဲ့ထားသောအခါ မကြာမကြာ ထိုအာရုံ၌ စိတ်ရောက်၍ နေသောကြောင့် ထိုအာရုံမှ မလွတ်နိုင်, သံသရာမှ မလွတ်နိုင်ခြင်းမှာ ဆိုဘွယ်ရာမရှိ။
မှတ်ချက်။ ။ ဤ ဂါထာကို အကြောင်းပြု၍ ဆရာများလည်း "မြင်သာ မြင်တယ် မမြင်ဘူး, ကြားသာ မကြားတယ် မကြားဘူး, နံသာ နံတယ် မနံဘူး၊ အရသာကို သာယာသာ သာယာတယ် အရသာ မသိဘူး, ထိသာ ထိတယ် မထိဘူး, သိသာ သိတယ် မသိဘူး" ဟု အာရုံ ၆ ပါးလုံးပ အမှားတွေ့နေပုံကို မိန့်တော်မူကြသည်။ (ဒုတိယံ၊ သော။ ကာယဂ္ဂဟဏံ၊ ကို။ ကတံ၊ ပြီ)။ ဣတိ၊ သို့။ (မယာ၊ သည်)။ ဝုတ္တံ၊ ပြီ။ ["ဒုတိယံ ကာယဂ္ဂဟဏံ အသမ္မိဿတော ဝဝတ္ထာနဃနဝိနိဗ္ဘောဂါဒိဒဿနတ္ထံ ကတံ" ဟု ဆိုခဲ့ပြီ ဟူလို။]
[ဃနဝိနိဗ္ဘောဂါဒိ၌ အာဒိ၏ အရကို ပြလို၍ "အာဒိသဒ္ဒေန ' စသည်မိန့်။]
စ၊ ဆက်။
ဧတ္ထ၊ ဤဃနဝိနိဗ္ဘောဂါဒိဒဿနတ္ထံ ဟူသော ပါဌ်၌။
အာဒိသဒ္ဒေန၊ ဖြင့်။
အယံပိ အတ္ထော၊ ကိုလည်း။
ဝေဒိတဗ္ဗော၊ သိထိုက်၏။
ဟိ၊ ချဲ့။
အယံ၊ ဤရဟန်းသည်။
ဧတသ္မိံ ကာယေ၊ ဤ ရူပကာယ၌။
ကာယာနုပဿိယေဝ၊ ကာယကိုအဖန်ဖန်ရှုလေ့ရှိသည်သာလျှင်။
(ဟုတွာ, ဝိဟရတိ)၊
အညဓမ္မာနုပဿီ၊ ကာယမှတပါးသော သဘောကို အဖန်ဖန် ရှုလေ့ရှိသည်။
(ဟုတွာ)န (ဝိဟရတိ)၊ နေသည်မဟုတ်။
ကိံ၊ အဘယ်အနက်သည်။
ဝါ၊ ကို။
ဝုတ္တံ ဟောတိ၊
အနုဒကဘူတာယပိ၊ ရေ မဟုတ်သည် ဖြစ်၍လည်း ဖြစ်သော။
မရီစီယာ၊ တံလျှပ်၍။
ဥဒကာနုပဿိနော၊ ရေဟု အဖန်ဖန်ရှုလေ့ရှိကုန်သည်။
ဟောန္တိ ယထာ၊ ကဲ့သို့။
[ဝိသဒိ သူပမာ။]
ဧဝံ၊ တူ။
အနိစ္စ ဒုက္ခာနတ္တ အသုဘဘူတေယေဝ၊ အနိစ္စ, ဒုက္ခ, အနတ္တ, အသုဘဖြစ်၍ သာလျှင်ဖြစ်သော။
ဣမသ္မိံ ကာယေ၊ ၌။
နိစ္စသုခ အတ္တ သုဘဘာဝါနုပဿီ၊ နိစ္စ၏ အဖြစ်, သုခ၏အဖြစ်, အတ္တ၏ အဖြစ်, သုဘ၏ အဖြစ်ကို အဖန်ဖန်ရှုလေ့ရှိသည်။
(ဟုတွာ)၊
န( ဝိဟရတိ)၊ နေသည်မဟုတ်။
အထခေါ၊ အဟုတ်ကား။
ကာယာနုပဿီ၊ ကာယကို အဖန်ဖန်ရှုလေ့ရှိသည်။
အနိစ္စ ဒုက္ခာနတ္တ အသုဘာကာရသမူဟာနုပဿီယေဝ၊ အနိစ္စ၏ အဖြစ်ဟူသော အခြင်းအရာ, ဒုက္ခ၏ အဖြစ်ဟူသော အခြင်းအရာ, အနတ္တ၏ အဖြစ်ဟူသော အခြင်းအရာ, အသုဘ၏ အဖြစ်ဟူသော အခြင်းအရာအပေါင်းဟု အဖန်ဖန် ရှုလေ့ရှိသည်သာလျှင်။
(ဟုတွာ ဝိဟရတိ)၊
ဣတိ ဝုတ္တံ ဟောတိ၊
အထဝါ၊ ထို့ပြင် တနည်းကား။
မဟာသတိပဋ္ဌာနေ၊ မဟာသတိပဋ္ဌာန်ပါဠိတော်၌။
ဘိက္ခဝေ၊ တို့။
ဣဓ၊ ဤ သာသနာတော်၌။
ဘိက္ခု၊ သည်။
အရညဂတော၊ တော၌ရောက်သည်။
(ဟုတွာ) ဝါ၊ ၍၎င်း။
။ပေ။၊
သော၊ ထို ရဟန်းသ်ည။
သတော၊ ထွက်သက်အာရုံကို မှတ်သားသည်။
(ဟုတွာ) ဝ၊ ၍သာ။
အဿသတိ၊ ထွက်သက်ကို ဖြစ်စေ၏။
ဝါ၊ ရှိုက်၏။
ဣတိ အာဒိနာ၊ သော။
နယေန၊ ဖြင့်။
အဿာသပဿာသာဒိ စုဏ္ဏကဇာတ အဋ္ဌိကပရိယောသာနော၊ အဿာသပဿာသ အစရှိသော ဖြစ်သော မှုန့်မှုန့်ညက်ညက်ရှိသော အရိုးအဆုံးရှိသော။
ယွာယံ (ယော အယံ) ကာယော၊ အကြင်ကာယကို။
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
[သုတ်မယာဝဂ္ဂပါဠိတော်, မဟာသတိပဋ္ဌာနသုတ်။]
စ၊ သည်သာမကသေး။
ဣဓ၊ ဤသာသနာတော်၌။
ဧကစ္စော၊ အချို့သော ပုဂ္ဂိုလ်သည်။
ပထဝီကာယံ၊ ကောသာ လောမာအစရှိသော သသမ္ဘာရပထဝီဓာတ် အပေါင်းကို။
ဝါ၊ အဆက်မပြတ်ဖြစ်သော ပထဝီဓာတ်အပေါင်းကို။
အနိစ္စတော၊ အနိစ္စအားဖြင့်။
ဝါ၊ ဟူ၍။
အနုပဿတိ၊ အဖန်ဖန်ရှု၏။
တထာ၊ တူ။
အာပေါကာယံ၊ သည်းခြေအစရှိသော သသမ္ဘာရ အာပေါဓာတ်အပေါင်းကို။
ဝါ၊ အဆက်မပြတ်ဖြစ်သော အာပေါ်ဓာတ်အပေါင်းကို။
။ပေ။ တေဇောကာယံ၊ ဇိရဏတေဇော အစရှိသော သသမ္ဘာရ တေဇောဓာတ်အပေါင်းကို။
ဝါ၊ အဆက်မပြတ်ဖြစ်သော တေဇောဓာတ်အပေါင်းကို ။
။ပေ။၊
ဝါယောကာယံ၊ ဥဒ္ဓင်္ဂမဝါတ အစရှိသော ဝါယာဓာတ် အပေါင်းကို။
ဝါ၊ အဆက်မပြတ်ဖြစ်သော ဝါယောဓာတ် အပေါင်းကို။
။ပေ။ ကေသကာယံ၊ ဆံပင် အပေါင်းကို။
လောမကာယံ၊ မွေးညှင်းအပေါင်းကို။
ဆဝိကာယံ၊ အရေပါးအပေါင်းကို။
စမ္မကာယံ၊ အရေထူးအပေါင်းကို။
မံသကာယံ၊ အသားအပေါင်းကို။
ရုဓိရကာယံ၊ အသွေးအပေါင်းကို။
နှာရုကာယံ၊ အကြောအပေါင်းကို။
အဋ္ဌိကာယံ၊ အရိုးအပေါင်းကို။
အဋ္ဌိမိဉ္စကာယံ၊ ရိုးတွင်း ချဉ်ဆီ အပေါင်းကို။
(အနိစ္စတော အနုပဿတိ)၊
ဣတိ၊ သို့။
ပဋိသမ္ဘိဒါယံ၊ ၌။
ယောကာယော၊ ကို။
ဝုတ္တော၊ ပြိ။
[ပဋိသမ္ဘိဒါမဂ်ပါဠိတော်, ပညာဝဂ်, သတိပဋ္ဌာနကထာ။]
သဗ္ဗဿ၊ သော။
တဿ (ကာယဿ)၊ ကို။
ဣမသ္မိံ ယေဝကာယေ၊ ဤရူပကာယ၌ပင်။
အနုပဿနတော၊ အဖန်ဖန် ရှုခြင်းကြောင့်။
ကာယေကာယာနုပဿီ၊ မည်၏။
ဣတိ ဧဝံပိ၊ ဤသို့လည်း။
အတ္ထော၊ ကို။
ဒဋ္ဌဗ္ဗော၊ ၏။
အထဝါ၊ ထို့ပြင် တနည်းကား။
ကာယေ၊ ၌။
အဟံတိဝါ၊ ငါဟူ၍၎င်း။
မမံတိဝါ၊ ငါ့ဥစ္စာဟူ၍၎င်း။
ဧဝံ၊ သို့။
ဂဟေတဗ္ဗဿ၊ ယူထိုက်သော။
ကဿစိ၊ တစုံတခုသော အရာဝတ္ထုကို။
အနနုပဿတော၊ မရှုခြင်းကြောင့်။
[ပန၊ အနွယ ဇောတက။]
ကေဿ လောမာဒိကဿ၊ ကေသ လောမ အစရှိသော။
တဿ တဿဝ နာနာဓမ္မသမူဟဿ၊ ထိုထို အမျိုးမျိုးသော တရားအပေါင်းကိုသာ။
အနုပဿနတော၊ ကြောင့်။
ကေသာဒိဓမ္မသမူဟသင်္ခါတေ၊ ကေ သ အစရှိသော တရားတို့၏ အပေါင်းဟု ဆိုအပ်သော။
ကာယေ၊ ၌။
ကာယာနုပဿီ၊ ကေသ လောမ အစရှိသော တရားအပေါင်းကို အဖန်ဖန် ရှုလေ့ရှိသည်။
(ဟုတွာ ဝိဟရတိ)၊
ဣတိဧဝံ အတ္ထော ဒဋ္ဌဗ္ဗော၊
အပိစ၊ သေး။
ဣမသ္မိံ ကာယေ၊ ၌။
အနိစ္စတော၊ အားဖြင့်။
ဝါ၊ ဟူ၍။
အနုပဿတိ၊ ၏။
နိစ္စတော၊ အားဖြင့်။
ဝါ၊ ဟူ၍။
နော (အနုပဿတိ)၊
ဣတိ အာဒိနာ၊ သော။
အနုက္ကမေန၊ အစဉ်အားဖြင့်။
ပဋိသမ္ဘိဒါယံ၊ ၌။
အာဂတနယဿ၊ လာသောနည်းဖြစ်သော။
သဗ္ဗဿေဝ၊ သော။
အနိစ္စလက္ခဏာဒီနော၊ အနိစ္စလက္ခဏာ အစရှိသော ။
အာကာရသမူဟသင်္ခါတဿ၊ အခြင်းအရာအပေါင်းဟု ဆိုအပ်သော။
ကာယဿ၊ အခြင်းအရာအပေါင်းကို။
အနုပဿနတောပိ၊ ကြောင့်လည်း။
ကာယေကာယာနုပဿီ၊ မည်၏။
ဣတိ ဧဝံပိ အတ္ထော ဒဋ္ဌဗ္ဗော၊
တထာဟိ၊ ထိုစကားကိုချဲ့ဦးအံ့။
ကာယေ ကာယာနုပဿနာ ပဋိပဒံ၊ ကာယေကာယာနုပဿနာအကျင့်ကို။
ပဋိပဝန္နာ၊ ကျင့်သော။
အယံ ဘိက္ခု၊ သည်။
ဣမံ ကာယံ၊ ဤ ရူပကာယကို။
အနိစ္စနုပဿနာဒီနံ၊ အနိစ္စာနုပဿနာ အစရှိကု်သော။
သတ္တန္နံ၊ ကုန်သော။
အနုပဿနာနံ၊ တို့၏။
ဝသေန၊ အပြားအားဖြင့်။
အနိစ္စတော အနုပဿတိ၊
နိစ္စတော နော (အနုပဿတိ)၊
ဒုက္ခတော အနုပဿတိ၊
သုခတော နော (အနုပဿတိ)၊
အနတ္တတော အနုပဿတိ၊
အတ္တနော နော(အနုပဿတိ)၊
နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
နော နန္ဒတိ၊ မနှစ်သက်။
ဝိရဇ္ဇတိ၊ စက်ဆုပ်၏။
နော ရဇ္ဇတိ၊ မတပ်မက်။
နိရောဓေတိ၊ ချုပ်စေ၏။
နော သမုဒေတိ၊ မဖြစ်စေ။
ပဋိနိသဇ္ဇတိ၊ တဖန် စွန့်၏။
နော အာဒိယတိ၊ မယူ။
သော၊ ထိုရဟန်းသည်။
တံ၊ ထို ရူပကာယကို။
အနိစ္စတော၊ အားဖြင့်။
အနုပဿန္တော၊ လသော်။
နိစ္စံ သညံ၊ ကို။
ပဇဟတိ၊ ပယ်စွန့်၏။
ဒုက္ခတော အနုပဿန္တော သုခသညံ ပဇဟတိ၊
အနတ္တတော အနုပဿန္တော အတ္တသညံပဇဟတိ၊
နိဗ္ဗိန္ဒန္တော၊ ငြီးငွေ့လသော်။
နန္ဒိံ၊ နှစ်သက်ခြင်းကို။
ပဇဟတိ၊
ဝိရဇ္ဇန္တော၊ စက်ဆုပ်လသော်။
ရာဂံ၊ တပ်မက်ခြင်းကို။
ပဇဟတိ၊
နိရောဓေန္တော၊ ချုပ်စေလသော်။
သမုဒယံ၊ ဖြစ်ခြင်းကို။
ပဇဟတိ၊
ပဋိနိသဇ္ဇန္တော၊ တဖန်စွန့်လသော်။
အာဒါနံ၊ ယူခြင်းကို။
ပဇဟတိ၊
ဣတိ ဝေဒိတဗ္ဗော၊
ဝိဟရတီတိ ဧတံ၊ ဝိဟရတိဟူသော ဤသဒ္ဒါသည်။
စတူသု၊ ကုန်သော။
ဣရိယာပထဝိဟာရေသု၊ ဣရိယာပုထ်ဟူသော ဝိဟာရတို့တွင်။
ဝါ၊ နေကြေင်းဖြစ်သော ဣရိယာပုထ်တို့တွင်။
အညတရဝိဟာရသမာယောဂပရိဒီပနံ၊ အမှတ်မထား တပါးပါးသော ဝိဟာရနှင့် ပေါင်းယှဉ်ခြင်းကို ထင်ရှားပြကြောင်း သဒ္ဒါတည်း။
ဧကံ၊ တ ပါးသော။
ဣရိယာပထဗာဓနံ၊ ဣရိယာပုထ်၏ နှိပ်စက်ခြင်းကို။
ဝါ၊ ဣရိယာပုထ်၏ ညောင်းသာခြင်းကို။
အပရေန၊ တပါးသော။
ဣရိယာပထေန၊ ဖြင့်။
ဝိစ္ဆိန္ဒိတွာ၊ ဖြတ်၍။
အပတမာနံ၊ မလဲမကျရအောင်။
အတ္တဘာဝံ၊ အတ္တဘောကို။
ဟရတိ၊ ဆောင်ထား၏။
ပဝတ္တေတိ၊ ဖြစ်စေ၏။
ဣတိအတ္ထော၊ နက်။
[ဤပုဒ်၏အဖွင့်ကို ပါရာဇိကဏ် သာသာဋီကာ ဝေရဉ္ဇကဏ္ဍ, အဋ္ဌကထာအဖွင့်၌ ပြခဲ့ပြီ။]
ဗဟိဒ္ဓါကာယေတိ၊ ကား။
ပရဿ၊ သူတပါး၏။
ကာယေ၊ ရူပကာယ၌။
[ကာယာနုပဿီ ဟုတွာ ဝိဟရတိ ၌စပ်။]
အဇ္ဈတ္တဗဟိဒ္ဓါ ကာယေတိ၊ ကား။
ကာလေန၊ သင့်လျော်သော အခါ၌။
ဝါ၊ ရံဖန်ရံခါ။
အတ္တနော၊ မိမိ၏။
ကာယေ၊ ရူပကာယ၌၎င်း။
ကာလေန၊ ၌။
ဝါ၊ ခါ။
ပရဿ၊ ၏။
ကာယေ၊ ၌၎င်း။
[ကာယာနုပဿီ ဟုတွာ ဝိဟရတိ ၌စပ်။]
ဟိ၊ ချဲ့။
ပဌမနယေန၊ ပဌမနည်းဖြင့်။
(အဇ္ဈတ္တံ ကာယေ အစရှိသော နည်းဖြင့်)။
အတ္တနော၊ ၏။
ကာယေ၊ ၌။
ကာယပရိဂ္ဂဟော၊ ကာယကို ပိုင်းခြား၍ ယူခြင်းကို။
ဝါ၊ ကာယကို သိမ်းဆည်းခြင်းကို။
ဝုတ္တော၊ ဟောတော်မူအပ်ပြီ။
ဒုတိယနယေန၊ ဖြင့်။
(ဗဟိဒ္ဓါကာယေ အစရှိသောနည်းဖြင့်)။
ပရဿ၊ ၏။
ကာယေ၊ ၌။
(ကာယပရိဂ္ဂဟော ဝုတ္တော)၊
တတိယနယေန၊ ဖြင့်။
(အဇ္ဈတ္တဗဟိဒ္ဓါကာယေ အစရှိသောနည်းဖြင့်)။
ကာလေန၊ ၌။
ဝါ၊ ခါ။
အတ္တနော၊ ၏၎င်း။
ကာလေန၊ ၌။
ဝါ၊ ခါ။
ပရဿ၊ ၏၎င်း။
ကာယေ၊ ၌။
(ကာယ ပရိဂ္ဂဟော ဝုတ္တော)၊
ပန၊ ဆက်။
အဇ္ဈတ္တဗဟိဒ္ဓါ၊ အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်၌။
ဃဋိတာရမ္မဏံနာမ၊ တစပ်တည်းဆက်စပ်သော အာရုံမည်သည်။
နတ္ထိ၊ မရှိနိုင်။
ပန၊ ထိုသို့ မရှိနိုင်ပါသော်လည်း။
ပဂုဏကမ္မဋ္ဌာနဿ၊ အဝါးဝစွာလေ့လာအပ်ပြီးသော ကမ္မဋ္ဌာန်းရှိသော ပုဂ္ဂိုလ်၏။
အပရာပရံ၊ တမျိုးပြီးတမျိုး။
(အဇ္ဈတ္တကာယကို အာရုံပြုလိုက်, ဗဟိဒ္ဓါကာယကို အာရုံပြုလိုက်)။
သဉ္စရဏကာလေ၊ လှည့်လည်ရာအခါကို။
ဧတ္ထ၊ ဤ အဇ္ဈတ္တဗဟိဒ္ဓါကာယေ အစရှိသော တတိယနည်း၌။
ကထိတော၊ ပြီ။
အာတာပီတိဧတံ၊ အာတာပီဟူသော ဤသဒ္ဒါသည်။
ကာယပရိဂ္ဂါဟကဝီရိယသမာယောဂ ပရိဒီပနံ၊ ကာယကို သိမ်းဆည်းတတ်သော ဝီရိယနှင့် ကောင်းစွာယှဉ်ခြင်းကို ထင်ရှားပြကြောင်း သဒ္ဒါတည်း။
ဟိ၊ မှန်။
သော၊ ထို ရဟန်းကို။
[အာတာပီတိ ဝုစ္စတိ ၌ ၌ဓာနစပ်။]
ဝါ၊ သည်။
[သမန္နာဂတော ဟောတိ၌ အပဓာန စပ်။]
ယသ္မာ၊ ကြောင့်။
တသ္မိံ ယသမေ၊ ကာယာနုပဿနာ ဘာဝနာကို အားထုတ်ရာထိုအခါ၌။
ယံတံ ဝီရိယံ၊ အကြင်ဝီရိယံကို။
[အာတာပေါတိ ဝုစ္စတိ၌စပ်။]
တီသု၊ ၃ ပါးကုန်သော။
ဘဝေသု၊ ဘဝတို့၌။
ကိလေသာနံ၊ တို့ကို။
အာတာပနတော၊ လွန်စွာ လောင်မြှိုက်တတ်သည်၏ အဖြစ်ကြောင့်။
အာတာပေါတိ၊ အာတာပဟူ၍။
ဝုစ္စတိ၊ ၏။
တေန၊ ထို ကိလေသာတို့ကို လွန်စွာလောင်မြှိုက်တတ်သော ဝီရိယနှင့်။
သမန္နာဂတော၊ ပြည့်စုံသည်။
ဟောတိ၊
တသ္မာ၊ ကြော့်။
အာတာပီတိ၊ အာတာပီဟူ၍။
ဝုစ္စတိ၊ ၏။
သမ္ပဇာနောတိ၊ ကား။
ကာယပရိဂ္ဂါဟကေန၊ ကာယကို ပိုင်းခြား၍ ယူတတ်သော။
ဝါ၊ ကာယကိုသိမ်းဆည်းတတ်သော ။
သမ္ပဇညသင်္ခါတေန၊ သမ္ပဇညဟု ဆိုအပ်သော။
ဉာဏေန၊ ဉာဏ်နှင့်။
သမန္နာဂတော၊ သည်။
[ဟုတွာ ၌ စပ်။]
သတိမာတိ၊ ကား။
ကာယပရိဂ္ဂါဟိကာယ၊ သော။
သတိယာ၊ နှင့်။
သမန္နာဂတော၊ သည်။
[ဟုတွာ ၌ စပ်။]
ပန၊ ဆက်။
အယံ၊ ဤရဟန်းသည်။
ယသ္မာ၊ ကြောင့်။
သတိယာ၊ ဖြင့်။
အာရမ္မဏံ၊ ကို။
ပရိဂ္ဂဟေတွာ၊ ပိုင်းခြားကာဟူ၍။
ဝါ၊ သိမ်းဆည်း၍။
ပညာယ၊ ဖြင့်။
အနုပဿတိ၊ အဖန်ဖန်ရှု၏။
ဟိ၊ မှန်။
သတိဝိရဟိတဿ၊ သတိမှ ကင်းသော ရဟန်း၏။
အနုပဿနာ နာမ၊ အဖန်ဖန်ရှုတတ်သော ဉာဏ်မည်သည်။
နအတ္ထိ၊ မရှိ။
တေနေဝ၊ ကြောင့်ပင်။
သတိဉ္စ ။ပေ။ ဝဒါမီတိ၊ ဟူ၍။
အာဟ၊ ဟောတော်မူပြီ။
[ဘိက္ခဝေ၊ တို့။
သတိဉ္စ၊ သတိကိုကား။
သဗ္ဗတ္ထိကံ၊ အလုံးစုံ တွန့်ဆုတ်သောစိတ်, ပြန့်လွင့်သောစိတ်၌ ဖြစ်သောတရားဟူ၍။
ဝါ၊ အလုံးစုံတွန့်ဆုတ်သော စိတ်, ပြန့်လွင့်သော စိတ်၌ အလိုရှိထိုက်သော တရားဟူ၍။
(တနည်း) သဗ္ဗတ္ထိကံ၊ တွန့်ဆုတ်သော စိတ်ဖြစ်ရာအခါ, ပြန့်လွင့်သော စိတ်ဖြစ်ရာ အခါဝယ် ပွားစေထိုက်ကုန်သော အလုံးစုံဗောဇ္ဈင်တို့၏ အကျိုးရှိကြောင်းတရားဟူ၍။
အဟံ၊ သည်။
ဝဒါမိ၊ ဟောတော်မူ၏။
မဟာဝဂ္ဂသံယုတ်ပါဠိတော်, ဗောဇ္ဈင်္ဂသံယုတ်, သာကစ္ဆဝဂ်, အဂ္ဂိသုတ်။ နိဿယအနက်ကိုကား ဤဋီကာအဖွင့်အတိုင်း ပေးထားသည်။]
တသ္မာ၊ ကြောင့်။
ဧတ္ထ၊ ဤ ဥဒ္ဒေသဝါရ၌။
ကာယေ ကာယာနုပဿီ ဝိဟရတီတိ၊ ဟူသော။
ဧတ္တာဝဝါ၊ ဤမျှ အတိုင်းအရှည်ရှိသော ပါဠိရပ်ဖြင့်။
ကာယာနုပဿနာသတိပဋ္ဌာနကမ္မဋ္ဌာနံ၊ ကာယာနုပဿနာ သတိပဋ္ဌာန်ကမ္မဋ္ဌာန်းသည်။
ဝါ၊ ကို။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီးသည်။
ဟောတိ၊ ၏။
အထဝါ၊ ကား။
ယသ္မာ၊ ကြောင့်။
အနာတာပိနော၊ ကိလေသာတို့ကို လွန်စွာ လောင်မြှိုက်တတ်သော သမ္မပ္ပဓာန်ဝီရိယ မရှိသော ပုဂ္ဂိုလ်၏။
အန္တောသင်္ခေပေါ၊ စိတ်ကို အတွင်း၌ ချုံ့ခြင်းသည်။
ဝါ၊ စိတ်၏ အတွင်း၌ တွန့်ဆုတ်ခြင်းသည်။
အန္တရာယကရော၊ ကမ္မဋ္ဌာန်း၏ အန္တရာယ်ကို ပြနိုင်သည်။
ဟောတိ၊ ၏။
အသမ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့် မသိသော ပုဂ္ဂိုလ်သည်။
ဥပါယပရိဂ္ဂဟေ၊ အကြောင်းကို သိမ်းဆည်းခြင်း၌၎င်း။
အနုပါယပရိဝဇ္ဇနေစ၊ အကြောင်းမဟုတ်သည်ကို ရှောင်ခြင်း၌၎င်း။
သမ္မုယှတိ၊ ပြင်းစွာတွေဝေ၏။
မုဋ္ဌဿတိ၊ ပျောက်ကင်းသော သတိရှိသော ပုဂ္ဂိုလ်သည်။
ဥပါယပရိစ္စာဂေ၊ အကြောင်းကို စွန့်ခြင်း၌၎င်း။
အနုပါယပရိဂ္ဂဟေစ၊ အကြောင်းမဟုတ်သည်ကို သိမ်းဆည်းခြင်း၌၎င်း။
အသမတ္ထောဝ၊ မစွမ်းနိုင်သည်သာ။
ဟောတိ၊ ၏။
["မုဋ္ဌာ+ သတိ+ ယဿာတိ မုဋ္ဌဿတိ" ဟု ဗဟုဗ္ဗီဟိသမာသ် ဖြစ်သောကြောင့် "မုဋ္ဌဿတိ" ဟု ဣကာရန္တအတိုင်း ရှိပါစေ။]
တေန၊ ထို့ကြောင့်။
(ထိုသို့ အနာတာပီဖြစ်၍ အသမ္ပဇာန မုဋ္ဌဿတိ ဖြစ်ခြင်းကြောင့်)။
အဿ၊ ထိုရဟန်း၏။
တံ ကမ္မဋ္ဌာနံ၊ သည်။
နသမ္ပဇ္ဇတိ၊ မပြီးစီး။
တသ္မာ၊ ကြောင့်။
ယေသံ ဓမ္မာနံ၊ အကြင် ဝီရိယ, သမ္ပဇည, သတိတရားတို့၏။
အာနုဘာဝေန၊ အစွမ်းသတ္တိကြောင့်။
တံ၊ ထို ကမ္မဋ္ဌာန်းသည်။
သမ္ပဇ္ဇတိ၊ ပြီးစီး၏။
တေသံ၊ ထိုဝီရိယ, သမ္ပဇည , သတိတရားတို့ကို။
ဒဿနတ္ထံ၊ ငှာ။
အာတာပီ သမ္ပဇာနော သတိမာတိဣဒံ၊ ဟူသော ဤစကားကို။
ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
ဣတိ, ဝေဒိတဗ္ဗံ၊
ဣတိ၊ ဤ ဆိုအပ်ပြီးသော နည်းဖြင့်။
ကာယာနုပဿနာသတိပဋ္ဌာနံ၊ ကို၎င်း။
[ကာယေ ကာယာနုပဿီ ဝိဟရတိကို ရည်ရွယ်သည်။]
သမ္ပယောဂင်္ဂဉ္စ၊ ယှဉ်ဘက် အင်္ဂါကို၎င်း။
[အာတာပီ သမ္ပဇာနော သတိမာကို ရည်ရွယ်သည်။]
ဒဿေတွာ၊ ၍။
ဣဒါနိ၊ ၌။
ပဟာနင်္ဂံ၊ ပယ်ထိုက်သော အင်္ဂါကို။
ဒဿေတုံ၊ ငှာ။
ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿန္တိ၊ ဟူ၍။
ဝုတ္တံ၊ ပြီ။
တတ္ထ၊ ထိုဝိနေယျ ။ပေ။ ဒေါမနဿံဟူသော ပါဌ်၌။
ဝိနေယျာတိ၊ ကား။
တဒင်္ဂဝိနယေနတါ၊ တဒင်္ဂဝိနယဖြင့်သော်၎င်း။
(ထိုထို ကုသိုလ်အစိတ်အပိုင်းဖြင့် ထိုထို အဘိဇ္ဈာ ဒေါမနဿတို့ကို ပယ်ဖျောက်ခြင်း ဟူသော ဝိနယဖြင့်၎င်း။)
ဝိက္ခမ္ဘနဝိနယေန ဝါ၊ ဝိက္ခမ္ဘနဝိနယဖြင့်သော်၎င်း။
(အဘိဇ္ဈာ ဒေါမနဿတို့ကို အလွန် ကြာမြင့်စွာ ပယ်ခွါခြင်းဟူသော ဝိနယဖြင့်သော်၎င်း။)
ဝိနယိတွာ၊ ပယ်ဖျောက်၍။
(ဝိဟရတိ၌စပ်)။
လောကေတိ ဧတ္ထ၊ ၌။
အဇ္ဈတ္တာဒိဘေဒေါ၊ အဇ္ဈတ္တ အစရှိသော အပြားရှိသော။
ယွာယံ (ယော အယံ)ကာယော၊ ကို။
ပရိဂ္ဂဟိတော၊ ပိုင်းခြား၍ ယူအပ်ပြီ။
ဝါ၊ သိမ်းဆည်းအပ်ပြီ။
သွေဝ၊ ထိုကာယသည်ပင်။
ဣဓ၊ ဤ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံဟူသော ပါဌ်၌။
လောကောနာမ၊ မည်၏။
တသ္မိံ လောကေ၊ ထို အဇ္ဈတ္တကာယ, ဗဟိဒ္ဓကာယ, အဇ္ဈတ္တဗဟိဒ္ဓကာယ ဟူသော လောက၌။
အဘိဇ္ဈာဒေါမနဿံ၊ ကို။
ဝိနယိတွာ၊ ၍။
(ဝိဟရတိ ၌စပ်)။
ဣတိ အတ္ထော၊ နက်။
ပန၊ ဆက်။
ယသ္မာ၊ ကြောင့်။
ဧတ္ထ၊ ဤ ဝိနေယျ လောကေ အဘိဇ္ဈာဒေါမနဿံဟူသော ပါဌ်၌။
(တနည်း) ဧတ္ထ၊ ဤ အဘိဇ္ဈာဒေါမနဿ သဒ္ဒါတို့တွင်။
အဘိဇ္ဈာဂ္ဂဟဏေန၊ အဘိဇ္ဈာသဒ္ဒါဖြင့်။
ကာမစ္ဆန္ဒေါ၊ သည်။
(သင်္ဂဟံ၊ သိမ်းယူအပ်သည်၏ အဖြစ်သို့။
ဂစ္ဆတိ၊ )။
ဒေါမနဿဂ္ဂဟဏေန၊ ဖြင့်။
ဗျာပါဒေါ၊ သည်။
သင်္ဂဟံ ဂစ္ဆတိ၊
တသ္မာ၊ ကြောင့်။
နီဝရဏပရိယာပန္နဗလဝဓမ္မဒွယ ဒဿနေန၊ နီဝရဏ၌ အကျုံးဝင်သော အားရှိသော ကာမစ္ဆန္ဒ, ဗျာပါဒ တရား ၂ ပါး အပေါင်းကို ပြခြင်းဖြင့်။
နီဝရဏပ္ပဟာနံ၊ နီဝရဏ အားလုံးကို ပယ်ခြင်းသည်။
ဝါ၊ ကို။
ဝုတ္တံ၊ ဟောတော်မူအပ်သည်။
ဟောတိ၊
ဣတိ ဝေဒိတဗ္ဗံ၊
[ဝိက္ခမ္ဘနပဟာန်ဖြင့် ဈာန်ကို ရပြီးနောက်မှ ဝိပဿနာကိုတက်သော ပုဂ္ဂိုလ်အတွက် နီဝရဏ ၅ ပါးလုံးပယ်ပြီးခြင်းကို ဟောတော်မူသည်။]
စ၊ ဆက်။
ဝိသေသေန၊ အထူးအားဖြင့်။
ဧတ္ထ၊ ဤ အဘိဇ္ဈာဒေါမနဿတို့တွင်။
အဘိဇ္ဈာဝိနယေန၊ အဘိဇ္ဈာကို ပယ်ဖျောက်ခြင်းအားဖြင့်။
[ပဟာနံ ဝုတ္တံ ၌စပ်။]
ကာယသမ္မတ္တိမူလကဿ၊ ရူပကာယ၏ ပြည့်စုံခြင်းလျှင် အကြောင်းအရင်းရှိသော။
အနုရောဓဿ၊ ချစ်ခြင်းကို၎င်း။
ဒေါမနဿာနယေန၊ ဖြင့်။
ကာယဝိပတ္တမူလကဿ၊ ရူပကာယ၏ ပျက်စီးခြင်းလျှင် အကြောင်းရင်းရှိသော။
ဝိရောဓဿ၊ မုန်းခြင်းကို၎င်း။
(ပဟာနံ ဝုတ္တံ)၊
စ၊ သေး။
အဘိဇ္ဈာဝိနယေန၊ ဖြင့်။
ကာယေ၊ ရူပကာယ၌။
အဘိရတိယာ၊ အလွန်မွေ့လျော်ခြင်းကို၎င်း။
ဒေါမနဿဝိနယေန၊ ဖြင့်။
ကာယဘာဝနာယ၊ ကာယဘာဝနာ၌။
အနဘိရတိယာ၊ မမွေ့လျော်ခြင်းကို၎င်း။
(ပဟာနံ ဝုတ္တံ)၊
အဘိဇ္ဈာဝိနယေန၊ ဖြင့်။
ကာယေ၊ ၌။
အဘူတာနံ၊ ထင်ရှားမရှိကုန်သော။
သုဘသုခဘာဝါဒီနံ၊ သုဘ၏အဖြစ်, သုခ၏အဖြစ် အစရှိသည်တို့ကို။
ပက္ခေပဿ၊ ထည့်သွင်းခြင်းကို၎င်း။
ဒေါမနဿဝိနယေန၊ ဖြင့်။
ကာယေ၊ ၌။
ဘူတာနံ၊ ထင်ရှားရှိကုန်သော။
အသုဘာသုခဘာဝါဒီနံ၊ အသုဘ၏ အဖြစ်, အသုခ၏အဖြစ် အစရှိသည်တို့ကို။
အပနယနဿ စ၊ ဖယ်ထုတ်ခြင်းကို၎င်း။
ပဟာနံ ဝုတ္တံ၊
တေန၊ ထို အနုရောဓ, ဝိရောဓ စသည်ကို ပယ်ခြင်းကို ဆိုကြောင်းစကားဖြင့်။
[ဒီပိတာ ဟောတိ ၌စပ်။]
ယောဂါဝစရဿ၊ ယောဂီပုဂ္ဂိုလ်၏။
ယောဂါနုဘာဝေါ၊ အားထုတ်အပ်သော ကမ္မဋ္ဌာန်း၏ အာနုဘော်သည်၎င်း။
ဝါ၊ ကို၎င်း။
ယောဂသမတ္တတာစ၊ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်း၌စွမ်းနိုင်သည်၏ အဖြစ်သည်၎င်း။
ဝါ၊ ကို၎င်း။
ဒီပိတာ၊ ပြတော်မူအပ်ပြီးသည်။
ဟောတိ၊
ဟိ၊ မှန်။
ယဒိဒံ (ယော အယံ) အနုရောဓ ဝိရောဓ ဝိပ္ပမုတ္တော၊ အကြင်ချစ်ခြင်း, မုန်းခြင်းမှ လွတ်မြောက်သည်၏အဖြစ်သည်။
[ဘာဝပဓာန](အတ္ထိ)၊
ယဒိဒံ(ယော အယံ) အရတိရတိသဟော၊ အကြင် အရတိ ရတိကို သည်းခံနိုင်သည်၏ အဖြစ်သည်။
(အတ္ထိ)၊
ယဒိဒံ (ယောအယံ) အဘူတ ။ပေ။ ဝိရဟိတောစ၊ ထင်ရှားမရှိသော သုဘ စသည်ကို ရူပကာယ၌ ထည့်သွင်းခြင်း, ထင်ရှားရှိသော အသုဘစသည်ကို ရူပကာယမှ ပယ်ခြင်းမှ ကင်းသည်၏ အဖြစ်သည်။
ဟောတိ၊
ဧသ (ဧသော)၊ ဤအနုရောဓ နိရောဓမှ လွတ်မြောက်ခြင်း အစရှိသည်သည်။
ယောဂါနုဘာဝေါ၊ အားထုတ်အပ်သော ကမ္မဋ္ဌာန်း၏ အာနုဘော်တည်း။
စ၊ ဆက်။
အနုရောဓ ဝိရောဓဝိပ္ပမုတ္တော၊ သော။
အရတိရတိသဟော၊ သော။
အဘူတံ၊ ထင်ရှားမရှိသော သုဘစသည်ကို။
အပက္ခိပန္တော၊ ရူပကာယ၌ မထည့်သွင်းသည်လည်းဖြစ်သော။
ဘူတံ၊ ထင်ရှားရှိသော အသုဘစသည်ကို။
အနပနေန္တော စ၊ မပယ်ထုတ်သည်လည်း ဖြစ်သော။
ဧသ (ဧသော)၊ သည်။
ယောဂသမတ္ထော၊ ကမ္မဋ္ဌာန်းကို အားထုတ်ခြင်း၌ စွမ်းနိုင်သည်။
ဟောတိ၊ ၏။
ဣတိ၊ ဤသို့ မှတ်အပ်၏။
အပရော နယော၊ တနည်းကား။
ကာယေ ကာယာနုပဿီတိ ဧတ္ထ၊ ဤပါဌ်၌။
အနုပဿနာယ၊ ဖြင့်။
ကမ္မဋ္ဌာနံ၊ ကို။
ဝုတ္တံ၊ ပြီ။
ဝိဟရတီတိ ဧတ္ထ၊ ဤပါဌ်၌။
ဝုတ္တဝိဟာရေန၊ ဟောတော်မူအပ်သော ဝိဟာရဖြင့်။
ကမ္မဋ္ဌာနိကဿ၊ အနုပဿနာ ကမ္မဋ္ဌာန်း၌ယှဉ်သော ပုဂ္ဂိုလ်၏။
ကာယပရိဂ္ဂဟဏံ၊ ကိုယ်ကို ဆောင်ရွက်ခြင်းကို။
(ဝုတ္တံ)၊
အာတာပီတိ အာဒီသု၊ ဤသို့ အစရှိသော ပါဌ်တို့၌။
အာတာပေန၊ ဖြင့်။
သမ္မပ္ပဓာနံ၊ သမ္မပ္ပဓာန်ဝီရိယကို။
(ဝုတ္တံ)၊
သတိသမ္ပဇညေန၊ ဖြင့်။
သဗ္ဗတ္ထိက ကမ္မဋ္ဌာနံ၊ အလုံးစုံသော အရာ၌ဖြစ်သော ကမ္မဋ္ဌာန်းကို ။
(ဗုဒ္ဓါနုဿတိ, မေတ္တာ, အသုဘ, မရဏဿတိဟူသော ကမ္မဋ္ဌာန်းကို)။
(ဝုတ္တံ)၊
ဝါ၊ တနည်း။
ကမ္မဋ္ဌာန ပရိဟရဏူပါယော၊ ကမ္မဋ္ဌာန်းကို ဆောင်ခြင်း၏ အကြောင်းဖြစ်သော တရားကို။
(ဝုတ္တော)၊
ဝါ၊ တနည်း။
သတိယာ၊ ဖြင့်။
ကာယာနုပဿနာဝသေန၊ အစွမ်းဖြင့်။
ပဋိလဒ္ဓသမထော၊ ရအပ်သော သမထကို။
(ဝုတ္တော)၊
သမ္ပဇညေန၊ ဖြင့်။
(ပဋိလဒ္ဓါ၊ သော)။
ဝိပဿနာ၊ ကို။
(ဝုတ္တာ)၊
အဘိဇ္ဈာဒေါမနဿ ဝိနယေန၊ ဖြင့်။
ဘာဝနာဖလံ၊ ဘာဝနာ၏ အကျိုးကို။
ဝုတ္တံ၊ ပြီ။
ဣတိ၊ သို့။
ဝေဒိတဗ္ဗံ၊ ၏။
အယံ၊ ဤဆိုအပ်ပြီးကား။
တာဝ၊ ဝေဒနာနုဿနာစသည်တို့မှ ရှေးဦးစွာ။
(နိဒ္ဒိဋ္ဌဿ၊ သော)။
ကာယာနုပဿနာသတိပဋ္ဌာနုဒ္ဒေသဿ၊ ကာယာနုပဿနာ သတိပဋ္ဌာန်၏ ဥဒ္ဒေသ၏။
အတ္ထဝဏ္ဏနာ၊ အနက်ကို ဖွင့်ကြောင်းဖြစ်ရာ အဋ္ဌကထာတည်း။