ဓာတွဋ္ဌော နာမ။ ။သဘာဝ၌ စသော အနက်သည် ... မံာတုသဒ္ဒါ၏ သတ္ထ မဟုတ်၊ အထင်ရ၇ှိအားဖြင့် တက်ရောက် ထင်ရှားနေသော အဓိပ္ပါယတ္ထတည်း။ ဓာတ သဒ္ဒါ၏ သဒ္ဓတ္ထမှာ “အတ္တနော သဘာဝံ ဓာရေတီတိ ဓာတု" နှင့် အညီ မိမိသဘော ဆောင်ခြင်း .. အနက်သာတည်း။ မှန်၏’ပထဝီဓာတ်သည် မိမိ၏ ကဌသဘောကို ဆောင်လျက်ရှိ၏။ မိမိ၏သဘောကို ဆောင်နေသော တရားဟူသမျှသည် သဘာဝလည်း ဟုတ်၏၊ [သ။ထင်ရှားရှိသော+ဘ၁၀ ... အရာဝတ္ထု။ သုညတလည်း ဟုတ်၏၊ မိမိ သဘောကိုသာ ဆောင်နေသည်။ အတ္တ မဟုတ်, အတ္တမှ ကင်းဆိတ်၏၊ မိမိသဘော ကိုသာ ဆောင်နေသည်၊ သတ္တဝါ မဟုတ်။ ဤ အဓိပ္ပါယ်ကို ပြလို၍ “ဓာတုဋ္ဌောနာမ သဘာဝဋ္ဌာ” စသည်ကို မိန့်သည်။ ပထဝီယေဝ၊ ပထဝီသည်ပင်။ ဓာတု၊ ဓာတ်တည်း။ ပထဝီဓာတု၊ ပထဝီသည်ပင် ဓာတ်။
အာပေါဓာတု။ ။ပကတိရေသည် မြေစသော အမှုန်တို့ကို ဖွဲ့စည်း ပေါင်းစုတတ် သကဲ့သို့ (ရေက ပေါင်းစုလိုက်မှ အလုံးအခဲ အတွဲဖြစ်သကဲ့သို့ ထို ့အတူ အာပေါဓာတ် သည်လည်း ကလာပ်တခုတည်း၌ ပါဝင်သော ရုပ်တို့ကို ပြန့်ကျဲ၍ မနေစေဘဲ ပူးတွဲ ပေါင်းစပ် ဖွဲ့စည်းတတ်သော ဓာတ်တည်း။
တေဇောဓာတု။ ။ပကတိမီးသည် မိမိနှင့် ထိတွေ့သော အရာဝတ္ထုကို ကျက်စေ သကဲ့သို့ ထို ့အတူ အာပေါဓာတ်ဖြင့် ဖွဲ့စည်းထားအပ်သော ကလာပ်တူ ရုပ်တို့ကို စိုစို ထိုင်းထိုင်း မနေစေဘဲ သင့်တော်လောက်ရုံဖြစ်အောင် အငွေ့ ပေးလျက် ကျက်စေတတ် သော အငွေ့ ဓာတ်တည်း။-ဥဏှတေဗေဒသည် အပူငွေ့ဖြင့် ကျက်စေသကဲ့သို့ သီတ တေဇောကလည်း အအေးငွေ့ဖြင့် ကျက်စေနိုင်သည်သာ။
ဝါယောဓာတု။ ။ပကတိလေသည် တွန်းကန်တတ်သောကြောင့် တောင်လေ တိုက်သော် မြောက်ဖက်ရှေ့ မြောက်လေတိုက်သော် တောင်ဖက်ရွေ့ အားဖြင့် ရွှေ့ရှား ကြရသည်။ ကလာပ် တခုတည်း၌လည်း ဝါယောဓာတ်က ထောက်ပင့်၍ ထားသော ကြောင့် ရုပ်မှုန့်ကလေးတွေသည် အာပေါဓာတ်က စုစည်းရာဝယ်.. ပိညပ်ကပ်၍နေရသည်။
အာကာသဓာတု။ ။ရုပ်ကလာပ် ၂-ခု ပေါင်းစပ်မိသောအခါ အကြားတ ပေါ်လာသည်၊ ထိုအကြားကို အာကာသဓာတ်ဟု ခေါ်၏။ ထိုအာကာသဓာတ်ကို ပတ်ဝန်းကျင်က ရုပ်ကလာပ်တွင် ပါဝင်သော မဟာဘုတ်တို့သည် မထိအပ် မထိနိုင်၊ အကယ်၍သာ အာကာသကို ထိနေလျှင် အကြား မရှိတော့ရကား ရုပ်ကလာပ် ၂-ခု မဟုတ်၊ တခုတည်း ဆက်သွားလိမ့်မည်။
ရှေးနိဿယ၌ကား “တံ၊ ထိုကိုယ်၌ တည်ရှိသော ရုပ်ကို။ သန္ဓာယ၊ ၍။ ဥပါဒိ နို့၊ ဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်၏” ဟု ရှေးက ဥပါဒိန္တိကို လှည့်၍ “ဝုတ္တံ” ဟုထည့် လေ၏။ မကောင်းပင်တည်း။ သန္ဓာယ မပါမှ စာသွားဖြောင့်သည်။ အချုပ်မှာ “ခန္ဓာ ကိုယ်၌တည်သမျှ ကမ္မဇ စိတ္တဇ ဥတု အာဟာရဇ ရုပ်အားလုံးပင် တဏှာ မာန ဒိဋ္ဌိတို့ဖြင့် ယူတပ် စွဲလမ်းတပ်သောကြောင့် “ဥပ-ကပ်၍+အာဒိန္နယူအပ်” ဟူသော သဗ္ဗတ္ထအရ ဥပါဒိန္နအမည် ရသည်ချည်းသာ” ဟု ဆိုလိုသည်။
[ဆောင်] ဗုဒ္ဓမြတ်စွာ, စိန္တေယျာ၏ , ခန္ဓာတော်ရှိ, မြတ် ဗောဓိကို , အပြည့် အစုံ, ကောင်းကောင်းယု၏။ တဖုံရောဂါ, ကင်းစင်ကွာဘို့, အစာကြေကြောင်း, ဝမ်းမီးကောင်းလျက်, တကောင်းမာယာ, သာဌေယျာလည်း၊ ကောင်းစွာ ကင်းအောင်, ဟန် မဆောင်ဘူး၊ ရဲခေါင လုံ့လ၊ ဝီရိယမူ၊ သမ္မပ္ပဓာန် ၄ ချက်, အစုံတတ်၏။ ဖြစ်ပျက်ရှုရန်, ပညာဉာဏ်ကား အမှန်အရှိ, ထိုးထွင်းသိ၍, အရိယမဂ်, တိုင်အောင် တတ်ဘို့, စိန်စက်တမျှ, ဝင့်တိုင်း ရှုသည်, ငါးဝ ပဓာိယင်္ဂါတည်း။ သမန္နာဂတေန၊ ပြည့်စုံသည်။ (ဟုတွာ၊ ၎င်း)။ ပစ္ဆာဘတ္တံ၊ ၌။ (ဆွမ်းစားပြီးချိန်၌)။ ပိဏ္ဍပါဟပ္ပဋိက္ကန္တေန၊ ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသည်။ (ဟုတွာ၊ ၎င်း။) [တောကျောင်းဘုန်းကြီးဖြစ်၍ ရွာတွင်းစရပ်၌ ဆွမ်းဘုဉ်းပေးခဲ့သောကြောင့် "ပစ္ဆာဘတတံ ပိဏ္ဍပါတပ္ပဋိက္ကန္တေန" ဟု ဆိုသည်။] ဝိဝိတ္တောကာသဂတေန၊ ဆိတ်ငြိမ်ရာ အရပ်၌ ရောက်ပြီးသည်။ (ဟုတွာ၊ ၎င်း)။ ကမ္မဋ္ဌာနံ၊ ကို။ မနသိကာတဗ္ဗံ၊ နှလုံးသွင်းထိုက်၏။
တတ္ထ၊ ထို မွေးညှင်း, ကိုယ်ကို ရစ်ပတ်ကြောင်းအရေတို့တွင်။ သုညဂါမဋ္ဌာနေ၊ လူတို့မှ ကင်းဆိတ်သော ရွာ၏ တည်ရာအရပ်၌။ ဒဗ္ဗတိဏေသု၊ နေဇာမြက်တို့သည်။ [ယောဇနာ၌ "ဒဗ္ဗတိဏေသူတိ သဒ္ဒလတိဏေသု၊ စိမ်းစိုသော မြက်တို့ည်" ဟု ရှိ၏။] ဇာတေသု၊ ကုန်လသော်။ သုညဂါမဋ္ဌာနံ၊ သည်။ ။ပေ။ န ဇာနာတိ ယထာ၊ ဒဗ္ဗတိဏာနိပိ၊ တို့သည်လည်း။ ။ပေ။ နဇာနန္တိ ယထာ၊ ဧဝမေဝ၊ အတူသာလျှင်။ သရီရဝေဌနစမ္မံ၊ သည်။ ။ပေ။ န ဇာနာတိ၊ လောမာပိ၊ တို့သည်လည်း။ ။ပေ။ န ဇာနန္တိ၊ ဧတေ ဓမ္မာ၊ ဤမွေးညှင်း, ကိုယ်ကို ရစ်ပတ်ကြောင်း အရေဟူသော တရားတို့သည်။ အညမညံ, အာဘောဂ ပစ္စဝေက္ခဏ ရဟိတာ၊ ဣတိ၊ လျှင်။ လောမာနာမ၊ တို့မည်သည်။ ။ပေ။ ပထဝီဓာတု၊ တည်း။ ဣတိ, (မနသိကာရော, ပတတ္တေတဗ္ဗော)၊
နခါ၊ လက်သည်း ခြေသည်းတို့သည်။ အင်္ဂလီနံ၊ လက်ချောင်းခြေချောင်းတို့၏။ အဂ္ဂေသု၊ အဖျားတို့၌။ ဇာတာ၊ ကုန်၏။ တတ္ထ၊ ထိုလက်သည်း ခြေသည်းလက် ချောင်း ခြေချောင်းတို့တွင်။ ကုမာရကေသု၊ သတို့သားငယ်တို့သည်။ ဒဏ္ဍကေဟိ၊ တုတ်ငယ်တို့ဖြင့်။ မဓုကဋ္ဌိကေ၊ သစ်မည်စည်စေ့တို့ကို။ ဝိဇ္ဈိတွာ၊ ထိုးဖောက်၍။ ကီဠန္တေသု၊ ကစားကုန်လသော်။ ။ပေ။ ဇာနန္တိ၊
**ရဝဏသစ္စ**။ ။ရဝဏသမ္မုတိ သဒ္ဒံ ကုရုမာနဃဋေ။’ယောဇနာ။ ရေထည့်သော အသံမြည်တတ်သောကြောင့် – ရ၀တီဟိ ရဝဏံ” နှင့် အညီ ရဝဏဟု အမည်ရ၏။ ရေဗူးစသည်ကို ရေထည့်သောအခါ၌ အပေါက်က ကျဉ်းသောကြောင့် အသံမြည်တတ် သည်၊ ဤ၌ ပြအပ်သော ရဝဏသံဋ္ဌကား လုံးလုံး အပေါက်မရှိ၊ များစွာသော ရငဏယဋ္ဌ တို့ကား သမ္မုခ၊ ကောင်းကောင်း အပေါက်ရှိသည်။
ယဝနဃဋ။ ။“ရာဏ” ဟူသောပါဌ်ကို “ယဝန” ဟု ပြင်၍ ယွန်းလူမျိုး, ဂရိတ် လူမျိုး ပါရှားလူမျိုး ပသီလူမျိုးတို့ကစ၍ အသုံးပြုသောကြောင့် ထိုအိုးကို “ယဝန သ” ခေါ်သည်ဟုလည်း ဆိုကြ၏။ သီဟိုဠ်ကျွန်း၌ ရေးအပ်သော ကျမ်းစာသည် သီဟိုဠ် ရိုးရာ ကိုသာ ဥပမာပြသင့်၏။ ကာယာနုပဿနာကိုရေးသော ယောမင်းကြီးသည် လည်း “ပသီလူမျိုးတို့၏ ရေခပ်အိုး”ဟု ဆိုသည်။]
**စန္ဒနိကာယ**။ ။ဥစ္ဆိမ္ဗောဒကမလာဆီနီ ဆနဋ္ဌာနံ စန္ဒနိကာ၊ စားကြွင်းသောက် ကြွင်းရေ ကိုယ်ဝန် အညစ်အကြေး အစရှိသော ညစ်ပေသောရေတို့၏ စွန့်ရာဌာနသည် စန္ဒနိကာ-တံစီးပွက် တံစီးအိုင်မည်၏။ မဟာဋီကာ ကာယဂတာသတိအဖွင့်။ ကျင်ငယ် ရေသည် ရှုံစရာကောင်းသောကြောင့် ဆီးအိမ်၌ စိမ့်၍ဝင်သော ကျင်ငယ်ရေကို စန္ဒနိကာ၌ ချထားအပ်သော,ဝင်စရာအဝမရှိ၍ စိမ့်ဝင်ရသော တံစီးပွက်ရည်ဖြင့် ဥပမာပြသည်။ ဆီးအိမ်၌ ဝင်စရာအပေါက် မရှိသော်လည်း ကျင်ငယ်ရည်ထွက်စရာ အပေါက်မှာ ဆီးလမ်း ကြောင်း အထင်အရှားရှိသည်။ ]ယူတပ် စွဲလမ်းတပ်သောကြောင့် “ဥပ=ကပ်၍+အာဒိန္နယူအပ်” ဟူသော သဗ္ဗတ္ထအရ ဥပါဒိန္နအမည် ရသည်ချည်းသာ” ဟု ဆိုလိုသည်။ ပါကဋာနေဝ၊ ကုန်သည်သာ။
တနည်း။ ။စက္ခုပသာဒသည် တကလာပ်ထည်း၌ရှိသော တခုတည်းက စက္ခုဝိညာဏ် ဖြစ်ဘို့ရန် ကျေးဇူးပြုနိုင်၏၊ ရူပါရုံကား ကလာပ်အများ၌ရှိသော ရူပါရုံအများ စုပေါင်း မိမှသာ ကျေးဇူးပြုနိုင်၏၊ ဤအဓိပ္ပါယ်အထူးကို ပြတော်မူခြင်းငှါ “ စက္ခု” ဟု ဧကဝုစ် ဖြင့်၎င်း, – ရွှေပေ” ဟု ဗဟုဝုစ်ဖြင့်၎င်း ဟေးတော်မူပါသည်။‘[ စက္ခဒိ ဧကမ္ပိ ဝိညာဏဿ ပစ္စယော ဟောတိ၊ `ရူပါဒိ ပန အနေကမေဝ သံဟန္တိ ဣမဿ ဝါ အတ္ထဝိသေသဿ ဒဿနတ္ထံ စက္ခုရူပါသု စနဘေဒေါ ကတော။အနု။]
ဝတ္ထုရုပ်၌ ဝိညာဏ်မှီပုံ။ ။စက္ခု စသော ဝတ္ထုရုပ်သည် တခုရှိလျှင် စက္ခုဝိညာဏ် စသော ဝိညာဏ်များ၏ မှီရာဖြစ် နိုင်, နိဿယ စသော သတ္တိဖြင့် ကျေ•ဇူးပြုနိုင်၏၊ မှန်၏- “ စက္ခုဝတ္ထုကို စက္ခုဝိညာဏ် မှီသည် ” ဟု ဆိုရာ၌ စက္ခုဝတ္ထု၏အပေါ်၌ ထပ်လျက်, သို့မဟုတ် စက္ကူ၏ဘေးပတ်ဝန်းကျင်၌ ကပ်ငြိလျက် မှီသည်မဟုတ်၊ ဘာ့ကြောင့်နည်း’ စက္ခုဝိညာဏ်က ထိုသို့ ကပ်နေနိုင်အောင် အထည်ဒြဗ် မရှိသော နာမ်တရားဖြစ်သော ကြောင့်တည်း၊ ထို့ကြောင့် “ဆရာကို တပည့်ကမှီ”ဟူရာ၌ ဆရာမရှိလျှင် တပည့်သည် မကြီးပါ။ နိုင်သည့်အတွက် “ ဆရာကို တပည့်က မှီရသည်” ဟူသော အခေါ်အဝေါ်မျိုး ကဲ့သို့ မှတ်ပါ၊ ရှင်ဘုရင်ကို မင်းချင်းယောကျ်ားတို့က မှီရာ၌လည်း နည်းတူ။
အနုဋီကာ။ ။တံ နိဿယတာ စ န ဧကဒေသေန အတ္တိယနဝန ဣစ္ဆိဗ္ဗာ, အရူပဘာဝတော၊ အထခေါ ရုရာဇာဒီသု သိဿ ရာဇပုရိသာနံ ၀ိယ တပ္ပဋိဗုဒ္ဓဝုတ္တိတာယ (စက္ခုဝိညာဏ်က စက္ခု၌စပ်သော ဖြစ်ခြင်းရှိသည်၏အဖြစ်ဖြင့်) ။
အညဉ္စ။ ။စက္ခု ရှိပေ စ ၌ အဝုတ္ထသမုစ္စယတ္ထ စ-သဒ္ဓါဖြင့် အည-အနက်ကိုလည်း ယူနိုင်သည်၊ ထို ့ကြောင့် “ အညဉ့်” ဟု ထည့်သည်၊ ကိရိယမနောဓာတု သမ္ပယုတ္တ" က္ယဥ္ကား အည အရ သရုပ်သကောင်ကိုပြသော စကားတည်း၊ “ စက္ခုဝိညာဏ် ဖြစ်သောအခါ စက္ခုပသာဒ ရူပါရုံကိုသာ စွဲမှီသည်မဟုတ်သေး၊ ပဉ္စ စက္ခုဝိညာဏ်၏ ယှဉ်ဘက်ဖြစ်သော နာမ်ခန္ဓာ၃-ပါးကို၎င်း မှီရသေးသည်လို။ ကိရိယမနောဓာတုဉ္စေဝ၊ ကိရိယမနောဓာတ်ကို၎င်း။ (ပဉ္စဒွါရာဝဇ္ဇန်းကို ဆိုသည်)။ သမ္ပယုတ္တက္ခန္ဓတ္တယဉ္စ၊ သမ္ပယုတ္တက္ခန္ဓာ ၃ ပါးအပါင်းကို၎င်း။ ဣတိ (အယံ)၊ ကား။ အတ္ထော၊ အညဉ္စ ပုဒ်၏ အနက်တည်း။
အရှင်အနုရုဒ္ဓါ။ ။အရှင်အနုရုဒ္ဓါလည်း အဘိဓမ္မတ္ထသင်္ဂဟကျမ်း၌ “မနောဒွါရံ ပန ဘဝဂ်န္တိ ပဝုစ္စတိ”ဟု ဆိုပြီးလျှင် ““သာဝဇ္ဇနံ ဘဝင်္ဂ တု မနောဂါရန္တိ ဝုစ္စတိ”ဟု သစ္စ ထံမိပ်၌ ဆိုထားသည်။ မနောဝိညာဏ်ဟူသော ဇောဖြစ်ခြင်း၏အကြောင်းကို ပြရာဌာန ဖြစ်သောကြောင့် အာဝဇ္ဇန်းလည်း မနောဝိညာဏ်၏ စွဲမှီ၍ဖြစ်ဘို့ရန် အကြောင်းပင် ဖြစ်၏။ ထို ့ကြောင့် ဤဝါဒကို အတည်ပြုကြဟန်တူသည်။ သို့သော် “ထိုအာဝဇ္ဇန်းကို မန၌ မန-သဒ္ဒါက ဟောသည်မဟုတ်၊ စ-သဒ္ဓါဖြင့် ပေါင်း၍ `ယူခြင်း ဝါ-ဆည်းခြင်းသာ”ဟု မှတ်ပါ။ အဘိဓမ္မဘာဇနီယဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီးပြီ။