Issues
Select Version
PTS
English
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Vibhaṅga-aṭṭhakathā
Vibhaṅga-aṭṭhakathā

Jarāniddeso

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဇရာနိဒ္ဒေသေ၊ ၌။ ဇရာတိ၊ ဟူသော သဒ္ဒါသည်။ သဘာဝပစ္စတ္တံ၊ သဘောအားဖြင့် ဇရာဟူသော မိမိကိုစွဲ၍ဖြစ်သော သဒ္ဒါတည်း။
ဇီရဏတာတိ၊ ဟူသော သဒ္ဒါသည်။ အာကာရနိဒ္ဒေသော၊ ဇရာ၏ အခြင်းအရာကို ညွှန်ပြကြောင်း သဒ္ဒါတည်း။
ခဏ္ဍိစ္စန္တိ အာဒယော၊ အစရှိကုန်သော။ တယော၊ ၃ ပါးသော သဒ္ဒါတို့သည်။ (ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ ဟူသာ ၃ ပါးသော သဒ္ဒါတို့သည်။) ကာလာတိက္ကမေ၊ ကာလကို လွန်ရာ အခါ၌။ (ကာလကြာသောအခါ၌)။ ကိစ္စနိဒ္ဒေသာ၊ ဇရာ၏ ကိစ္စကို ညွှန်ပြကြောင်း သဒ္ဒါတို့တည်း။
ပစ္ဆိမာ၊ နောက်၌ ဖြစ်ကုန်သော။ ဒွေ၊ ၂ ပါးသော သဒ္ဒါတို့သည်။ ("အာယုနော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော" ဟူသော ၂ ပါးသော သဒ္ဒါတို့သည်)။ ပကတိနိဒ္ဒေသာ၊ ဇရာ၏ အကျိုးပေးတတ်သော ပင်ကိုယ်သဘောကို ညွှန်ပြကြောင်း သဒ္ဒါတို့တည်း။ ဝါ၊ ဇရာသည် အပြားအားဖြင့် ပြုတတ်သော အကျိုးကို ညွှန်ပြကြောင်း သဒ္ဒါတို့တည်း။ [ဤသို့ အနက်ပေးရပုံကို ရူပကဏ္ဍ ဇရတာနိ ဒ္ဒေသဋီကာ၌ ရှုပါ။] သဘာဝပစ္စတ္တံ။ ။ အဋ္ဌသာလိနီ ရူပကဏ္ဍ ဇရတာနိဒ္ဒေသ၌ "ဇီရဏကဝသေန ဇရာ၊ အယမေတ္ထ သဘာဝနိဒ္ဒေသော" ဟု ဆိုခဲံ၏။ ထို သဘာဝနိဒ္ဒေသကိုပင် ဤ၌ "သဘာဝပစ္စတ္တံ" ဟု ဆိုသည်။ ထို့ကြောင့် ပစ္စတ္တသဒ္ဒါသည် ပဌမဝိဘတ် အနက်ကို ဟောသောသဒ္ဒါ မဟုတ်။ "အတ္တာနံ ပဋိစ္စ ပဝတ္တံ ပစ္စတ္တံ" နှင့် အညီ" ဇရာ ဟူသော မိမိကို စွဲ၍ဖြစ်သော သဒ္ဒါတည်း" ဟ အနက်ပေးရသည်။ "သဘာဝတော ပစ္စတ္တံ သဘာဝ ပစ္စတ္တံ" ဟု ပြုပါ။ [ဇရာတိပဒံ သဘာဝပစ္စတ္တံ၊ သဘာဝတော ဇရာယ ဒီပနေန ပဝတ္တံ အတ္တာနံ ပဋိစ္စ နိဿဦယ ပဝတ္တံ ပစ္စတ္တံ၊ သဘာဝတော ဒီပနေန ပစ္စတ္တံ သဘာဝပစ္စတ္တံ၊ သဘာဝတော ဇရာယ ဒီပနေ ဝုတ္တန္တိ အတ္ထော။ ယောဇနာ။]
ဟိ၊ ချဲ့။ အယံ၊ ဤဇရာကို။ (ဒီပိတာ ၌စပ်)။ ဇရာတိ ဣမိနာ ပဒေန၊ ဇရာ ဟူသော ဤပုဒ်ဖြင့်။ သဘာဝတော၊ ဇရာ၏ သဘောအားဖြင့်။ ဒီပိတာ၊ ပြအပ်ပြီ။ တေန၊ ထို့ကြောင့်။ ဣဒံ၊ ဤဇရာဟူသော ပုဒ်သည်။ အဿာ၊ ထို ဇရာ၏။ သဘာဝပစ္စတ္တံ၊ တည်း။
ဇီရဏတာတိ ဣမိနာ၊ ဟူသော ဤပုဒ်ဖြင့်။ အာကာရတော၊ ဇရာ၏ အခြင်းအရာအားဖြင့်။ (ဇရာ၊ ကို။ ဒီပိတာ၊ ပြီ)။ တေန၊ ကြောင့်။ အယံ၊ ဤဇီရဏတာ ဟူသော သဒ္ဒါသည်။ အဿာ၊ ၏။ အာကာရနိဒ္ဒေသော၊ အခြင်းအရာကို ညွန်ပြကြောင်း သဒ္ဒါတည်း။
ခဏ္ဍိစ္စန္တိ ဣမိနာ၊ ခဏ္ဍိစ္စံ ဟူသော ဤပုဒ်ဖြင့်။ ကာလာတိက္ကမေ၊ ၌။ ဒန္တနခါနံ၊ သွား, ခြေသည်း လက်သည်းတို့၏။ ခဏ္ဍိတဘာဝကရဏကိစ္စတော၊ ကျိုးကုန်သည်၏ အဖြစ်ကို ပြုခြင်းကိစ္စအားဖြင့်။ (ဇရာ, ဒီပိတာ)၊
ပါလိစ္စန္တိ ဣမိနာ၊ ဟူသော ဤပုဒ်ဖြင့်။ ကေသလောမာနံ၊ တို့၏။ ပလိတဘာဝကရဏကိစ္စတော၊ ဖြူကုန်သည်၏ အဖြစ်ကို ပြုခြင်းကိစ္စအားဖြင့်။ (ဇရာ, ဒီပိတာ)၊
ဝလိတ္တစတာတိ ဣမိနာ၊ ဖြင့်။ မံသံ၊ ကို။ မိလာပေတွာ၊ ညှိုးစေ၍။ တစေ၊ အရေ၌။ ဝလိဘာဝကရဏကိစ္စတော၊ ကွန့်သည်၏ အဖြစ်ကို ပြုခြင်းကိစ္စအားဖြင့်။ ဇရာ, ဒီပိတာ၊ ["ဝလိနော+ဘာဝေါ ဝလိတ္တံ" ဟု ရှိပြီးဖြစ်သောကြောင် "ဝလိတ္တ ဘာဝ" ဟု မရှိသင်။ ရူပကဏ္ဍ၌ "ဝလိဘာဝ" ဟု ရှိခဲ့၏။ ထို့ကြောင့် "ဝလိဘာဝကရဏကိစ္စတော" ဟု ရှိသော ပါဌ်က ကောင်းသည်။]
တေန၊ ကြောင့်။ ခဏ္ဍိစ္စန္တိအာဒယော၊ အစရှိကုန်သော။ တယော၊ ကုန်သော။ ဣမေ၊ ဤသဒ္ဒါတို့သည်။ အဿာ၊ ထိုဇရာ၏။ ကာလာတိက္ကမေ၊ ၌။ ကိစ္စနိဒ္ဒေဣမေ၊ ဤသဒ္ဒါတို့သည်။ အဿာ၊ ထို ဇရာ၏။ ကာလာတိက္ကမေ၊ ၌။ ကိစ္စနိဒ္ဒေသာ၊ တို့တည်း။
တေဟိ၊ ထို ခဏ္ဍိစ္စံ အစရှိသောသဒ္ဒါတို့ဖြင့်။ ဣမေသံ ဝိကာရာနံ၊ ဤသွားကျိုးခြင်း အစရှိသော ထူးခြားသော အမူအရာတို့ကို။ ဒဿနဝသန၊ ပြခြင်း၏ အစွမ်းဖြင့်။ ပါကဋီဘူတာ၊ ထင်ရှားသည်ဖြစ်၍ဖြစ်သော။ ပါကဋဇရာ၊ ထင်ရှားသော ဇရာကို။ ဒဿိတာ၊ ပြီ။ [ဤ၌ ပါကဋီဘူတာတိ က ဣတိပါနေ၏။ ရူပကဏ္ဍ၌ ဣတိ မပါ။]
ဟိ၊ ဥပမာဆောင် ထင်အောင် ပြဦးအံ့။ ဥဒကဿ ဝါ၊ ရေ၏ သော်၎င်း။ ဝါ၊ သည်သော်၎င်း။ ဝါတဿ ဝါ၊ လေ၏ သော်၎င်း။ ဝါ၊ ၎င်း။ အဂ္ဂိနော ဝါ၊ မီး၏ သော်၎င်း။ ဝါ၊ ၎င်း။ တိဏ ရုက္ခာဒီနံ၊ မြက် သစ်ပင် အစရှိသည်တို့၏။ သံဘဂ္ဂပလိဘဂ္ဂတာဟ ဝါ၊ ပြင်းစွာ ချိုးဖျက်အပ်, ထက်ဝန်းကျင် ချိုးဖျက်အပ်ကုန်သည်၏ အဖြစ်အားဖြငြ့်၎င်း။ ဈာမတာယဝါ၊ မီးလောင်အပ်ကုန်သည်၏ အဖြစ်အားဖြင်၎င်း။ ဂတမဂ္ဂေါ၊ သွားအပ်သော လမ်းသည်။ ပါကဋော၊ ထင်ရှားသည်။ ဟောတိ၊ ၏။ စ၊ ထိုသို့ ပင် ထင်ရှားပါသော်လည်း။ သော ပတမဂ္ဂေါ၊ သည်။ တာနေဝ ဥဒကာဒီနိ၊ ထိုရေ အစရှိသည်တို့သည်ပင်။ (ထို ရေ လေ မီးတို့သည် ပင်)။ န (ဟောန္တိ) ယထေဝ၊ မဟုတ်ကုန်သကဲ့သို့။ ဧဝမေဝ၊ သာလျှင်။ ဇရာယ၊ ဇရာ၏ ဝါ၊ သည်။ ဒန္တာဒီသု၊ သွား အစရှိသည်တို့၌။ ခဏ္ဍိစ္စာဒိဝသေန၊ ကျိုးသေ သွား ရှိသူ၏ အဖြစ် အစရှိသည်တို့၏ အစွမ်းဖြင့်။ ဂတမဂ္ဂေါ၊ သည်။ ပါကဋော၊ ၏။ စက္ခုံ၊ မျက်စိကို။ ဥမ္မီလိတွာပိ၊ ဖွင့်၍သော်မှလည်း ဂယှတိ၊ ယူအပ် ယူနိင်၏။ (သိနိုင်မြင်နိုင်၏)။
စ၊ ထိုသို့ပင် မျက်စိကို ဖွင့်၍ ယူအပ် ယူနိုင်ပါသော်လည်း။ ခဏ္ဍိစ္စာဒီနေဝ၊ ကျိုးသောသွား ရှိသူ၏ အဖြစ် အစရှိသည်တို့သည်ပင်။ ဇရာ၊ ဇရာသည်။ န၊ မဟုတ်။
ဟိ၊ မှန်။ ဇရာ၊ သည်။ စက္ခုဝိညေယျာ၊ စက္ခုဝိညာဏ်ဖြင့် သိအပ် သိနိုင်သည်။ န ဟောတိ၊
[ကိစ္စနိဒ္ဒေဿ၏ အကျယ်ကို ပြပြီး၍ ပကတိနိဒ္ဒေသ၏ အကျယ်ကို ပြလိုသော ကြောင့် "အာယုနော" စသည်ကိုမိန့်။] ပန၊ ကား။ အာယုနော ။ပေ။ ပရိပါကောတိ၊ ဟူကုန်သော။ ဣမေဟိ ပဒေဟိ၊ ဤပုဒ်တို့ဖြင့်။ ကာလာတိက္ကမေယေဝ၊ ၌သာ။ အဘိဗျတ္တာယ၊ အလွန်ထင်ရှားသော။ အာယုက္ခယ ။ပေ။ သင်္ခါတာယ၊ အသက်၏ ကုန်ခြင်း, စက္ခုစသော ဣန္ဒြေတို့၏ ရင့်ကျက်ခြင်းဟု ဆိုအပ်သော။ [ရူပကဏ္ဍ၌ "သင်္ခါတာယ" နေရာ၌ "သညိတာယ" ဟု ရှိခဲ့၏။] ပကတိယာ၊ ပင်ကိုယ်သဘောအားဖြင့်။ (ဇရာ) ဒီပိတာ၊
တေန၊ ထို့ကြောင့်။ ပစ္ဆိမာ၊ ကုန်သော။ ဒွေ၊ ကုန်သော။ ဣမေ၊ ဤသဒ္ဒါတို့သည်။ အဿာ၊ ထို ဇရာ၏။ ပကတိ နိဒ္ဒေသာ၊ တို့တည်း။ ဣတိ, ဝေဒိတဗ္ဗာ၊
တတ္ထ၊ ထို အာယုနော သံဟာနိ အစရှိသော ပုဒ်တို့တွင်။ ယသ္မာ, ဇရံ၊ အိုခြင်းသို့။ ပတ္တဿ၊ ရောက်သော ပုဂ္ဂိုလ်၏။ အာယု၊ အသက်သည်။ ဟာယတိ၊ ဆုတ်ယုတ်၏။ [တစ်နှစ်တိုးလျှင် တနှစ် အသက်ဆုတ်၏။ အသက် ၇၀ ပြည့်လျှင် ၇၀ ဆုတ်၏။] တသ္မာ, ဇရာ၊ ကို။ အာယုနော သံဟာနီတိ၊ ဟူ၍။ ဖလူပစာရေန၊ အားဖြင့်။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။
ယသ္မာ၊ [ရူပကဏ္ဍ၌ ယသ္မာစ ဟု ရှိခဲ့၏။] ဒဟရကာလေ၊ ငယ်ရွယ်သူ၏ အခါ၌။ (ငယ်ရွယ်စဉ်အခါ၌)။ သုပ္ပသန္နာနိ၊ အလွန်ကြည်လင်ကုန်သော။ သုခုမမ္ပိ၊ သိမ်မွေ့သည်လည်းဖြစ်သော။ အတ္တနော၊ မိမိ၏။ ဝိသယံ၊ အာရုံကို။ သုခေနေဝ၊ လွယ်ကူသဖြင့်သာ။ ဂဏှနသမတ္ထာနိ၊ ယူခြင်း၌ စွမ်းနိုင်ကုန်သော။ စက္ခာဒီနိ၊ ကုန်သော။ ဣန္ဒြိယာနိ၊ တို့သည်။ ဇရံ၊ အိုခြင်းသို့။ ပတ္တဿ၊ ရောက်သော ပုဂ္ဂိုလ်၏ (သန္တာန်၌)။ ပရိပက္ကာနိ၊ ရင့်ရော်ကုန်သည်။ အာလုဠိတာနိ၊ ရှုပ်ပွေကုန်သည်။ အဝိသဒါနိ၊ မရှင်းလင်းကုန်သည်။ (ဟောန္တိ)၊ ဩဠာရိကမ္ပိ၊ ထင်ရှားသည်လည်းဖြစ်သော။ အတ္တနော, ဝိသယံ၊ ကို။ ဂဟေတုံ၊ ငှာ။ အသမတ္ထာနိ၊ ကုန်သည်။ ဟောန္တိ၊ တသ္မာ, ဣန္ဒြိယာနံ ပရိပါကောတိ၊ ဟူ၍။ ဖလူပစာရေနေဝ၊ ဖြင့်ပင်။ (ဇရာ၊ ကို)။ ဝုတ္တာ၊ ပြီ။
ပန၊ ဆက်။ ဧဝံ၊ ဤသို့။ နိဒ္ဒိဋ္ဌာ၊ သော။ သဗ္ဗာပိ၊ သော။ သာ ဧသာ ဇရာ၊ သည်။ [ရူပကဏ္ဍ၌ "သာ အယံ ဇရာ" ဟု ရှိခဲ့၏။] ပါကဋာ၊ ထင်ရှားသော ဇရာ၎င်း။ ပဋိစ္ဆန္နာ၊ ဖုံးကွယ္အပ်သော ဇရာ၎င်း။ ဣတိ, ဒုဝိဓာ ဟောတိ၊
တတ္ထ၊ ထို ၂ ပါးတို့တွင်။ ဒန္တာဒီသု၊ သွား အစရှိသည်တို့၌။ ခဏ္ဍာဒိဘာဝ ဒဿနတော၊ ကျိုးကုန်သည်၏ အဖြစ် အစရှိသည်တို၏ အဖြစ်ကို မြင်ရခြင်းကြောင့်။ [ရူပကဏ္ဍ၌ "ခဏ္ဍဘာဝါဒိ ဒဿနတော၊ ကျိုးကုန်သည်၏ အဖြစ် အစရှိသည်ကို မြင်ရခင်းကြောင့် " ရှိခဲ့၏။ အာဒိဖြင့် "ပါလိစ္စ ဝလိတ္တစသော "တို့ကိုယူ။] ရူပဓမ္မေသု၊ ရုပ်တရားတို့၌။ ဇရာ၊ သည်။ ပါကဋဇရာနာမ၊ မည်၏။
ပန၊ ကား။ အရူပဓမ္မေသု၊ နာမ်တရားတို့၌။ ဇရာ၊ သည်။ တာဒိသဿ၊ မည်၏။ ပန၊ ကား။ အရူပဓမ္မေသု၊ နာမ်တရားတို့၌။ ဇရာ၊ သည်။ တာဒိသဿ၊ ထိုကဲ့သို့ ရှုအပ်သော။ ဝိကာရဿ၊ ထူခြားသော အမူအရာကို။ (ဖောက်ပြန်ခြင်းကို)။ အဒဿနတော၊ ကြောင့်။ ပဋိစ္ဆန္နဇရာ နာမ၊ မည်၏။
တတ္ထ၊ ထို သွား အစရှိသည်တို့၌။ ယွာယံ (ယော အယံ) ခဏ္ဍာဒိဘာဝေါ၊ အကြင် ကျိုးသည်၏အ ဖြစ် အစရှီသည်တို့၏ အဖြစ်ကို။ ဒိဿတိ၊ တွေ့မြင်အပ်၏။ သော (ခဏ္ဍာဒိဘာဝေါ)၊ သည်။ တာဒိသာနံ၊ ထိုကဲ့သို့ ရှုအပ်ကုန်သော။ (ကျိုးခြင်း အစရှိသည်ဖြင် ရှုအပ်ကုန်သော)။ ဒန္တာဒီနံ၊ သွား အစရှိသည်တို့၏။ သုဝိညေယျတ္တာ၊ လွယ်ကူစွာ သိိနိုင်ကုန်သည်၏ အဖြစ်ကြောင့်။ ဝဏ္ဏောယေဝ၊ အဆင်းသာတည်း။
တံ၊ ထို အဆင်းကို။ စက္ခုနာ၊ စက္ခုပသာဒဖြင့်။ ဒိသွာ၊ မြင်ပြီး၍။ မနောဒွါရေန၊ ဖြင့်။ စိန္တေတွာ၊ စဉ်းစားပြီး၍။ ဣမေ ဒန္တာ၊ တို့ကို။ ဇရာယ၊ သည်။ ပဟဋာ၊ ပုတ်ခတ်အပ်ကုန်ပြီ။ ဣတိ ဇရံ ဇာနာတိ၊ (ကိမိဝ၊ နည်း)။ ဥဒကဋ္ဌာနေ၊ ရေရိရာ တောအရပ်၌။ ဗဒ္ဓါနိ၊ ဖွ့ချည်အပ်ကုန်သော။ ဂေါသိင်္ဂါဒီနိ၊ နွားဦးချို အစရှိသော အမှတ်အသားကို။ ဩလောကေတွာ၊ မျက်စိဖြင့် ကြည်၍။ ဟေဋ္ဌာ၊ ၌။ (နွားဦးချိုဖွဲ့ချည်ထားရာသစ်ပင်၏ အနီးအောက်၌)။ ဥဒကဿ၊ ၏။ အတ္ထိဘာဝံ၊ ကို။ ဇာနနံဝိယ၊ မနောဒွါရဖြင့် သိရခြင်းကဲ့သို့တည်း။
ပုန၊ ဖန်။ အဝီစိ၊ အကြားမရှိသော ဇရာ၎င်း။ သဝီစိ၊ အကြားရှိသော ဇရာ၎င်း။ ဣတိပိ ဧဝမ္ပိ၊ ဤသို့လည်း။ အယံ ဇရာ၊ သည်။ ဒုဝိဓာ ဟောတိ၊
တတ္ထ၊ ထို ၂ပါးတို့တွင်။ မဏိ ။ပေ။ သူရိယာဒီနံ၊ ပတ္တမြား, ရွေ,ငွေ, သန္တာ, လ, နေ အစရှိသည်တို့၏။ဂေါသိင်္ဂါဒိနိ။ပေ။ ဇာနနံဝိယ။ ။ရှေးခေတ်က တောထည်းဝယ် ရေရှားသော ကြောင့် ရေတွေ့ရာအရပ်၌ “ဤနေရာတွင် ရှိသည်”ဟု အများသိဘို့ရာ သစ်ပင် ခေါင်ဖျားဝယ် နွားဦးချို စသော အမှတ်အသားကို ဖွဲ့ချည်၍ထားရသည်၊ ထို နွားဦးချို သည် ကျိုးသောသွားနှင့် တူ၏၊ အောက်၌ရှိသော ရေကား ဇရာနှင့်တူ၏၊ ထို့ကြောင့် “ဇရာကို မျက်စိဖြင့် ကြည့်၍မရ၊ စိတ်ဖြင့်သာ စဉ်းစား၍ သိရသည်”ဟု ဆိုသည်။
မဏိ။ပေ။သူရိယာဒီနံ။ ။ဤပုဒ်ကို “ဒုဗ္ဗိညေယျတ္တာ ဇရာ”၌ စပ်။ မဏိစသော အရာဝတ္ထုတို့မှာ ဧရာသဘော ရှိကြ၏၊ သို့သော် စ၍ဖြစ်ပြီးနောက် အဆုံး၌ ပျက်သည့် တိုင်အောင် အကြားအကြား၌ ရင့်ရော်မှု မထင်ရှား၊ ထို့ကြောင့် “အဝီစိ၊ထင်ရှား အောင် အကြားမရှိသော+ဗရာဟု ခေါ်ရသည်။ [အဋ္ဌသာလိနီကဏ္ဍ၌လည်းဤဝါကျပါ၏၊ သို့သော် “မဏိ။ပေ။ သူရိယာဒီနံ ၀ိယ”ဟု ဝိယသဒ္ဒါ ပါနေသောကြောင့် အနက်လည်း တမျိုးပေးခဲ့ရသည်၊ ဝိယ မပါသော ဤအဋ္ဌကထာစာသွားက အဓိပ္ပါယ် ရှင်း ပါသည်။]
မန္ဒဒသကာဒီသု၊ မန္ဒဒသက အစရှိသည်တို့၌။ ပါဏီနံ၊ သက်ရှိ သတ္တဝါတို့၏။ (ဇရာ) ဝိယစ၊ ကဲ့သို့၎င်း။ ပုပ္ဖ ဖလ ပလ္လ ဝါဒီသု၊ အပွင့် , အသီး, အညွန့် အစရှိသည်တို့၌။ အပါဏီနံ၊ သက်မဲ့ဝတ္ထုတို့၏။ (ဇရာ ) ဝိယစ၊ ကဲ့သို့၎င်း။ အန္တရန္တရာ၊ အကြားအကြား၌။ ဝဏ္ဏဝိသေသာဒီနံ၊ အဆင်းအထူး အစရှိသည်တို့၏။ ဒုဗ္ဗိညေယျတ္တာ၊ မသိအပ် မသိနိုင်ကုန်သည်၏ အဖြစ်ကြောင့်။ ဇရာ၊ သည်။ အဝီစိဇရာ နာမ၊ မည်၏။ နိရန္တရဇရာ၊ ထင်ရှားလောက်အောင် အကြားမရှိသော ဇရာ မည်၏။ ဣတိ အတ္ထော၊
ပန၊ ကား။ တတော၊ ထို မဏိကနက အစရှိသည်တို့မှ။ အညေသု၊ အခြားကုန်သော။ ယထာဝုတ္တေသု၊ အကြင်အကြင်ဆိုအပ်ပြီးသော မန္ဒဒသက ပုပ္ဖ ဖလ ပလ္လဝ အစရှိသည်တို့၌။ အန္တရန္တရာ၊ အကြားအကြား၌။ ဝဏ္ဏဝိသေသာဒီနံ၊ အဆင်းအထူး အစရှိသည်တို့၏။ သုဝိညေယျတ္တာ၊ လွယ်ကူစွာ သိအပ်ကုန်သည်၏ အဖြစ်ကြောင့်။ ဇရာ၊ သည်။ သဝီစိဇရာ နာမ၊ အကြားရှိသော ဇရာမည်၏။ပါဏိနံအပါဏိနံ။ ။ပဌမဆယ်နှစ်အရွယ်ကို မန္ဒသကဟု ခေါ်၏၊ ဒုတိယ ဆယ်နှစ် အရွယ်ကို ခိဍာဒသကဟု ခေါ်၏၊ ထိုအရွယ် ၂-ရပ်တွင် ပဌမအရွယ်၌ရှိသော ရုပ်အဆင်းနှင့် ဒုတိယအရွယ်၌ရှိသော ရုပ်အဆင်းတို့၏မတူပုံကို ကြည့်၍ ရင့်ရော်လာသော ဗရာကို ထင် ရှားစွာသိရ၏။ ထို့ကြောင့် ဤဥပမာသည် ဥပမေယျဖြစ်သော မဏိစသည်တို့၏ ဇရာနှင့် မတူ သောကြောင့် ဝိသဒိသူပမာတည်း။ [မန္ဒဒသကာဒိ၌ အာဒိဖြင့် ယူဘွယ်ကို အဋ္ဌသာလိနီ ဘာသာဋီကာ၌ ပြထားပြီ။]
ယထာဝုတ္တေသု။ ။ယထာဝုတ္တေသု ဒန္တာဒိသု၊- ယောဇနာ။ ပါကဋရာကို ပြရာ၌ “ဒန္တာဒီသု”ဟု ရှိသောကြောင့်“ယထာဝုတ္တ”အရ ဒန္တာဒိကို ညွှန်ပြဟန်တူသည်၊ ဒန္တာဒီသု၌ အာဒိဖြင့် ကေသ ဆပိတို့ကို ယူပါ၊ မိမိကား သဝီစိ အဝီစိဗရာကိုပြရာအခန်းဖြစ်သောကြောင့် ယထာဝုတ္တေသု အရ မန္ဒဒသက ပုပ္ဖ ဖလ ပလ္လဝကိုပင် ယူ၍ မန္ဒဒသကနှင့် ခိဍာဒသကတို့ဝယ် အဆင်းထူးပုံ၏ထင်ရှားခြင်း, ပုပ္ဖ ဖလ ပလ္လဝတို့၌လည်း ပုပ္ဖဝယ် နံနက်၌ အဆင်းတမျိုးနေပူ လာသောအခါ ညှိုးသွားသောအဆင်းတမျိုး ဤသို့ စသောအားဖြင့် အကြားအကြား၌ အဆင်းအထူးထင်ရှားခြင်းကို “ယထာဝုတ္တေသု။ပေ။သုဝိညေယျတ္တာ”ဟု ယူလိုပါသည်။
နောက်အကျယ်၌လည်း ပဌမမေဝ ခီရဒန္တာ စသည်ဖြင့် ခိဍာဒသက မန္ဒဒသကတို့၌ ခံရဖန္တတို့ကျိုးပြီးနောက် ထိရဒန္တတို့ပေါက်လာသောအခါ အဆင်းအမျိုးမျိုး ပြောင်းလဲပုံကို ပြ၏၊နောက်၌လည်း သဗ္ဗမ္ပိ သဿံ စသည်ဖြင့် ဖလတို့၏ အဆင်းပြောင်းပုံကို၎င်း, အမ္မကိုရေ- နာပိ ဒီပေတုံ ဝဋ္ဋတိ ဧဝ ဖြင့် ပလ္လဝတို့၏ အဆင်းပြောင်းပုံကို၎င်း အကျယ်ချဲ့ထားသည်။
တတ္ထ၊ ထို ၂ ပါးတို့တွင်။ သဝီစိဇရာ၊ ကို။ ဥပါဒိန္နာနုပါဒိန္နကဝသေန၊ ဥပါဒိန္နကဖြစ်သော သက်ရှိခန္ဓာ, အနုပါဒိန္နကဖြစ်သော သက်မဲ့ခန္ူာတို့နှင့် စပ်သဖြင့်။ ဧဝံ၊ ဤဆိုအပ်လတ္တံ့သောနည်းဖြင့်။ ဒီပေတဗ္ဗာ၊ [သရီရဋ္ဌကရုပ် ဟူသမျှ၏ ဥပါဒိန္နမည်ကြောင်းကို ရူပကဏ္ဍ ပဉ္စကနိဒ္ဒေသဝဏ္ဏနာ၌ ပြခဲ့ပြီ။] ဟိ၊ ချဲ့။ ဒဟရကုမာရဟာနံ၊ ငယ်သော ကလေးတို့၏။ ပဌမမေဝ၊ ရှေးဦးစွာ သာလျှင်။ ခီရဒန္တာ နာမ၊ နို့ရည်သွားတို့ မည်သည်။ ဝါ၊ နို့စို့ အရွယ်၌ ပေါက်သော သွားတို့မည်သည်။ ဥဋ္ဌဟန္တိ၊ ပေါ်ထွက်ကုန်၏။ တေ၊ ထိုနို့ရည်သွားတို့သည်။ ထိရာ၊ ခိုင်မြဲကုန်သည်။ န (ဟောန္တိ)၊ မဖြစ်ကုန်။
ပန၊ ကား။ တေသု၊ ထိုနို့ရည်သွားတို့သည်။ ပတိတေသု၊ ကျကုန်လသော်။ ပုန၊ တဖန်။ ဒန္တာ၊ တို့သည်။ ဥဋ္ဌဟန္တိ၊ ကုန်၏။ ("ငယ်သွားလဲသည်" ဟု ခေါ်သည်။)
တေ၊ ထိုသွားတို့သည်။ ပဌမမေဝ၊ ရှေးဦးစွာသော။ သေတာ၊ ဖြူကုန်သည်။ ဟောန္တိ၊ ပန၊ ကား။ ဇရာဂါတေန၊ ဇရာတည်းဟူသော လေသည်။ ပဟဋကာလေ၊ ပုတ်ခတ်အပ်ရာ အခါ၌။ ကာဠတာ၊ မည်းနက်ကုန်သည်။ ဟောန္တိ၊
ပန၊ ကား။ ကေသာ၊ တို့သည်။ ပဌမမေဝ၊ သာ။ တမ္ဗာပိ၊ နီကုန်သည်လည်း။ ဟောန္တိ၊ ကာဠကာပိ၊ ကုန်သည်လည်း။ (ဟောန္တိ)၊ သေတာပိ၊ ကုန်သည်လည်း။ (ဟောန္တိ)၊ [ဤဝါကျ၌ စာပျက်နေဟန်တူသည်။ "ကေသာ ပန ပဌမမေဝ တမ္ဗာပိ ဟောန္တိ ကာဠကာပိ။ ဇရာဝါတေန ပန ပဟဋကာလေ သေတာ ဟောန္တိ" ဟုရှိမှ ကောင်းမည်ထင်သည်။]
ပန၊ ကား။ ဆဝိ၊ အရေသည်။ [အရေဖြင့် အသားထိအောင်ယူ။ ရှေးနိဿယ၌ "ဆဝိမံသာ" ဟု ရှိ၏။] သလောဟိတိကာ၊ နီသော အဆင်းနှင့်တကွဖြစ်သည်။ ဟောတိ၊
ဝဍ္ဎန္တာနံ ဝဍ္ဎန္တာနံ၊ ကြီးရင့်ကုန်ကြီးရင့်ကုန်လသော်။ ဝါ၊ ကုန်သော။ ဩဒါတာနံ၊ ဖြူသော အရေရှိသူတို၏။ ဩဒါတဘာဝေါ၊ ဖြူသည်၏ အဖြစ်သည်၎င်း။ ကာဠကာနံ၊ မည်းနက်သော အရေရှိသူတို့၏။ ကာဠကဘာဝေါ၊ မည်းနက်သည်၏ အဖြစ်သည်၎င်း။ ပညာယတိ၊ ထင်ရှား၏။ ပန၊ ကား။ ဇရာဝါတေန၊ သည်။ ပဟဋကာလေ၊ ၌။ (ဆဝိ၊ သည်)။ ဝလိံ၊ အတွန့်ကို။ ဂဏှာတိ၊ ၏။ ["အဆင်းကား မပြောင်း, အရေသာတွန့်လာသည်" ဟူလို။]
[ဥပါဒိန္နကို ပြပြီး၍ အနုပါဒိန္နကို ပြလိုသောကြောင့် "သဗ္ဗမ္ပိ" စသည်ကို မိန့်။] သဗ္ဗမ္ပိ၊ သော။ သဿံ၊ ကောက်သည်။ ဝပိတကာလေ၊ စိုက်ပျိုးအပ်ရာ အခါ၌။ သေတံ, ဟောတိ၊ ပစ္ဆာ၊ နောက်၌။ နီလံ၊ ညိုသည်။ ဟောတိ၊ ပန၊ ကား။ ဇရာဝါတေန၊ သည်။ ပဟဋကာလေ၊ ၌။ ပဏ္ဍုကံ၊ ဖြော့တော့သည်။ ဝါ၊ ဝင်းဝါသည်။ ဟောတိ၊
အမ္ဗင်္ကုရေနာပိ၊ သရက်ညွန့်ဖြင့်လည်း။ ဒီပေတုံ, ဝဋ္ဋတိဧဝ၊ သင့်သည်သာ။
အယံ ဝုစ္စတိ ဇရာတိ၊ ကား။ အယံ၊ ဤဆိုအပ်ပြီးသော သဘောကို။ ဇရာနာမ၊ ဇရာမည်၏ ဟူ၍။ ကထီယတိ၊ ဆိုအပ်၏။
ပန၊ ဆက်။ သာ ဧသာ၊ ထိုဇရာသည်။ ခန္ဓပရိပါကလက္ခဏာ၊ ခန္ဓာတို့၏ ရင့်ကျက်ခြင်းဟူသော လက္ခဏာ ရှိ၏။ မရဏူပနယနရသာ၊ မရဏသို့ ကပ်ဆောင်ခြင်းကိစ္စရှိ၏။ ယောဗ္ဗန္နဝိနာသပစ္စုပဋ္ဌာနာ၊ ကောင်းသော အရွယ်၏ ပျက်စီးကြောင်းတရားဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။
[ဇရာကို ပြပြီး၍ ဇရာ၏ ဒုက္ခကို ပြလိုသောကြောင့် " ဇရာယ ဒုက္ခန္ဓော" စသည်ကို မိန့်။] ဇရာယ ဒုက္ခဋ္ဌော ဝေဒိတဗ္ဗောတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ (ဝိတ္ထာရံ၊ ကို)။ ပန (ဥဒ္ဓရိတွာ ဒဿေမိ)၊ အံ့။ အယမ္ပိ၊ ဤဇရာကိုလည်း။ (ဝုတ္တာ၌စပ်))။ ဝါ၊ သည်လည်း။ (ပိဖြင် ဇာတ်ကို ပေါင်း)။ သယံ၊ မိမိကိုယ်တိုင်။ နဒုက္ခ၊ ဒုက္ခမဟုတ်။ ဝါ၊ မဆင်းရဲ။ ပန၊ ထိုသို့ပင် ဒုက္ခ မဟုတ်ပါသော်လည်း။ ဒုက္ခဿ၊ ၏။ ဝတ္ထုဘာဝေန၊ တည်ရာအကြောင်း၏ အဖြစ်ကြောင့်။ ဒုက္ခာတိ၊ ယူ၍။ ဝုတ္တာ၊
ကတရဿ ဒုက္ခဿ၊ ၏။ (ဝတ္ထု၊ နည်း။ ဣတိ၊ ဤကား အမေးတည်း။)
ကာယဒုက္ခဿ စေဝ၊ ကိုယ်၌ဖြစ်သော ဒုက္ခ၏၎င်း။ (ကာယိကဒုက္ခ၏ ၎င်း)။ ဒေါမနဿဒုက္ခဿ စ၊ ဒေါမနဿဖြစ်သော ဒုက္ခ၏၎င်း။ (စေတသိက ဒုက္ခ၏၎င်း. ဝတ္ထု၊ တည်း။ ဣတိ ၊ဤကား အဖြေတည်း။)
ဟိ၊ ချဲ့။ ဇိဏ္ဏဿ၊ အိုမင်းသော ပုဂ္ဂိုလ်၏။ အတ္တဘာဝေါ၊ သည်။ ဇရသကဋံဝိယ၊ အိုသော လှည်းကဲ့သို့။ ဒုဗ္ဗဗလာ၊ အားမရှီသည်။ ဟောတိ၊ ဌာတုံ ဝါ၊ ရပ်ခြင်းငှာသော်၎င်း။ ဂန္တုံ ဝါ၊ သွားခြင်းငှာသော်၎င်း။ နိသီဒိတုံ ဝါ၊ ထိုင်ခြင်းငှာ သော်၎င်း။ ဝါယမန္တဿ၊ အားထုတ်သော ပုဂ္ဂိုလ်၏. ဗလဝံ၊ အားရှိသော။ ဝါ၊ အားကြီးသော။ ကာယဒုက္ခံ၊ ကိုယ်၏ ဆင်းရဲခြင်းသည်။ ဥပ္ပဇ္ဇတိ၊
ပုတ္တဒါရေ၊ သားမယားသည်။ (သားသမီးမယားက)။ ပုရေယထာ၊ ရှေး၌ကဲ့သိ။ အသလ္လက္ခေန္တေ၊ အသိအမှတ် မပြုလသော်။ (အလေးပြုခြင်း ပြုစုလုပ်ကျွေးခြင်း အစရှိသည်တို့ဖြင့် အသိအမှတ် မပြုလသော်)။ ဒေါမနဿံ၊ နှလုံး မသာယာခြင်းသည်။ ဥပ္ပဇ္ဇတိ၊
ဣတိ၊ ဤသို့။ ဒွိန္နမ္ပိ၊ ၂ ပါးလည်း ဖြစ်ကုန်သော။ ဣမေသံ ဒုက္ခာနံ၊ တို့၏။ ဝတ္ထုဘာဝေန၊ ကြောင့်။ ဒုက္ခာတိ, ဝေဒိတဗ္ဗာ၊
အပိစ၊ သေး။
အင်္ဂါနံ၊ လက်ခေစသော အင်္ဂါတို့၏။ သိထိလဘာဝါ လျော့ကုန်သည်၏ အဖြစ်ကြောင့်၎င်း။ (ပျော့အိအိဖြစ်နေခြင်း ကြောင့်၎င်း)။ ဣန္ဒြိယာနံ၊ စက္ခုစသော ဣန္ဒြေတို့၏။ ဝိကာရတော၊ ဖောက်ပြန်ခြင်းကြောင့်၎င်း။ဇရသကဋံ ဝိယ။ ။ လှည်းတို့ည် ဝန်ကို မဆောင်ိုင်သကဲ့သို့ အိုလာသောခန္ဓာကိုယ္ အတ္တဘောလည်း မိမိတာဝန်ကိုမျှ မဆောင်နိုင်တော့။ ထို့ကြောင့် ဇရာအညှဉ်ခံရသော ဆရာတော်တို့သည် အောက်ပါဂထာဖြင့် သံဝေဂယူတော်မူကြသည်။
ဇိဏ္ဏာ အဋ္ဌီ စ နှာရူစ ။ ဂတ္တာနိ န ဂဟန္တိ မေ။ ဇိဏ္ဏောဝ သကဋော ဘာရံ၊ ဘာယံ လောကဿ ဓမ္မဿ ။
(မျက်စိမှုန်ခြင်း, နားထိုင်းခြင်း, နှာခေါင်းအနံ့မရခြင်း , လျှာ၏ အရသာ မယူနိုင်ခြင်း ကိုယ်၏ အထိအတွေ့၌ ထုံထိုင်းခြင်း ကြောင့်၎င်း)။
ယောဗ္ဗန္နဿ၊ ကောင်းသော အရွယ်၏။ ဝိနာသေန၊ ပျက်စီးခြင်းကြောင့်၎င်း။ ဗလဿ၊ ခွန်အား၏။ ဥပဃာတတော၊ ကပ်၍ နှိပ်စက်အပ်သည်၏ အဖြစ်ကြောင့်၎င်း။
သတာဒီနံ၊ သတိ အစ ရှိသော တရားတို့၏။ ဝိပ္ပဝါသာ၊ ကွေကွင်းခြင်းကြောင့်၎င်း။ (လျော့ပါးခြင်းကြောင့်၎င်း)။ ပုတ္တဒါရေဟိ၊ ပင်ကိုယ်က ကြည်ကြည်ညိိုညိုဆက်ဆံသော သားမယားတို့သည်။ ဝါ၊ တို့က။ အတ္တနော၊ ၏။
ဝါ၊ ကို။ အပ္ပသာဒနီယတောစေဝ၊ မကြည်ညိုအပ် မကြည်ညိုနိုင်သည်ဩ အဖြစ်ကြောင့်၎င်း။ ဘိယျော၊ အလွန်။ ဗာလတ္တပတ္တိယာ၊ ကလေး၏ အဖြစ်သို့ ရောက်ခြင်းကြောင့်၎င်း။ (သူငယ်ပြန်ခြင်း ကြောင့်၎င်း)။
မစ္စော၊ လူသတ္တဝါသည်။ ကာယိကံ၊ ကိုယ်၌လည်းဖြစ်သော။ တထာ၊ ပါး။ မာနသံ၊ စိတ်၌လည်းဖြစ်သော။ ယံ ဒုက္ခံ၊ အကြင်ဆင်းရဲခြင်းသို့။ ပပ္ပေါတိ၊ ရောက်ရ၏။
ဧတံ သဗ္ဗံ၊ ဤအလုံးစုံသော ဆင်းရဲသို့။ ယသ္မာ၊ ကြောင့်။ ဇရာဟေတု၊ ဇရာဟူသော အကြောင်းကြောင့်။ (ပပ္ပေါတိ)၊ တသ္မာ၊ ကြောင့်။ ဇရာ၊ သည်။ ဒုက္ခာ၊ ဆင်းရဲကြောင်းတည်း။ ဣတိ၊ အပြီးတည်း။