(သူတပါး၏ ကိစ္စကို ဆောင်ရွက်ရာညီညာမှိုင်းမပြီး၍။ မိမိကိစ္စကို ဆောင်ရွက်သကဲ့သို့။ စာကိုယ်ဆရာ၏ နိဂုံးကို ပြပြိး၍ မိမိ၏ နိဂုံးကို ပြအံ့ငှာ ယဒတြ၊ စသည်ကိုမိန့်)။
အတြ၊ ဤဋီကာကျမ်း၌။
အဏုပမာဏသမ္ဘဝေါ၊ အဏုမြူခန့်သာဖြစ်သော။
ဒေါသော၊ ဝိရာမေ၊ ဘဂ္ဂရိ စကုန်သော ဒေါသသည်။
ဂုဏီသု၊ ဩဇဂုဏ် စသည်တို့နှင့် ယှဉ်ကုန်သော ပဒ၊ ဝါကျ ပဒတ္ထတို့၌။
ဝီဓိမ္ပိ၊ စီရင်ဘွဲ့စီကုံးခြင်းကိုလည်း။
(ဆန်းကြောင့် နိဂ္ဂိဟိတ်လာသည်။ ဝီဓိမ္ပိဟု ဤဒီဃနှင့် လည်းလိုသည်)။
ဝိဂါဟ တေ၊ ယူအပ်၏။
ဝါ၊ ပြုအပ်၏။
ယထာ၊ ဥပမာ အသို့နည်းဟူမူကား။
ဥဒကေန၊ ရေသည်။
(ထည့်ပါ)။
ဇလဘောဇနမ္ပိ၊ ရေမြှုပ်စသည်ကို၎င်း။
ဇန္တုဝါ၊ အခြေနှစ်ချောင်းရှိသော သတွာကို၎င်း။
(ပါရိသေသနည်းဟုမှတ်)။
စတုပ္ပဒေါဝါပိ၊ အခြေလေးချောင်းရှိသော သတွာကို၎င်း။
အစရော၊ အခြေမဲ့သော သတွာကို၎င်း။
(ထိုစကားကို အန္တမပရိစ္ဆေဒဖြင့် ပြလိုရကား ကဏျကျပိ၊ ကိုမိန့်)။
ကဏကိအပိ၊ ကမျဉ်းမျကိုလည်း။
ဝိဂါဟတေယထာ၊ ယူအပ်သကဲ့သို့တည်း။
(လိုက်စေ။ ဤဂါထာသည် အလွန်ပျက်စီးလျက်ရှိ၏။ ယုတ္တိကိုရှာကြလေကုန်။ ဤဂါထာျားကား ဝံသဋ္ဌ ဂါထာတို့တည်း)။
ယတော၊ အကြင်ကြောင့်။
(ထည့်ပါ)။
အသမ္ပဝေဒိဒဿနာယ၊ ကောင်းစွာမသိကုန်သော သူတို့အားပြခြင်းငှာ။
ဘာသိတေ၊ ဆိုအပ်သည်ရှိသော။
ဂုဏောစ၊ ဂုဏ်၎င်း။
ဒေါသောစ၊ အပြစ်သည်၎င်း။
ဝိဝိဇ္ဇ ရေ၊ ရှိကုန်၏။
တတော၊ ထိုကြောင့်။
ဗုဓာ၊ သုခမိန်တို့သည်။
မေ၊ ငါ၏။
(ဒေါသံဂုဏတံနှင့်စပ်လေ)။
နဝဓာနတာနဝဓာနန္တေန၊ မထေမဲ့ မူသဖြင့်။
ဘဝံ၊ အရှင်တို့သည်။
(ဗဟုဝစနန္တ)။
ဒေါသံ၊ အပြစ်ကို။
ခမန္တု၊ သည်းခံစေကုန်သတည်း။
ဂုဏတံ၊ ဂုဏ်ကို ရသည်၏ အဖြစ်သို့။
ဝါ၊ ဂုဏ်ကို။
နယန္တုဝါ၊ ဆောင်လည်းဆောင်စေကုန်။
တနည်းကား။
ဂုဏတံ၊ ဂုဏ်ရှိကုန်သော ပဒ၊ ဝါကျ ပဒတ္ထတို့၏။
ဒေါသံ၊ အနည်းငယ်မျှသော အပြစ်ကို။
ဝါ၊ အနည်းငယ်မျှသော အပြစ်သို့။
ခမန္တုဝါ၊ သည်းလည်းခံစေကုန်သတည်း။
နယန္တုဝါ၊ ရောက်လည်းမရောက်စေကုန်သတည်း။
သီဟသူရော၊ သီဟသူ အမည်ရှိသော။
သိတကုဉ္ဇရိန္ဒေါ၊ ဆင်ဖြူ တစီးရှင်လည်းဖြစ်ထသော်။
ဝါ၊ ဆင်ဖြူငါးဆီးရှင်လည်းဖြစ်ထသော်။
ဒုဗ္ဗာရနာဂါဒိဇိတော၊ ဆုံးမကံမြစ်နိုင်ခဲသော ဆင်ကြိမ်းစသည်ကို အောင်ထသော။
နရိန္ဒေါ၊ လူတို့ကို အစိုးရထသော။
(မိဂိန္ဒေါ၊ ဟု အချို့ရှိကြ၏။ ဆင်မြင်းရတနာတို့ကို အစိုးရထသော၊ ဟုသမ္ဗန်)။
သုကန္တဘီမာဒိဂုဏောပပန္နော၊ ကောင်းစွာဖြတ်အပ်သော ကြောက်ရွံ့ခြင်းစသော ဂုဏ်နှင့် ပြည့်စုံထသော။
ယောရာဇာဓိရာဇာ၊ အကြင်မင်းထက်မင်းသည်။
တမ္ဗဒီပေ၊ တမ္ဗဒိပ်ဟူစအပ်သော တိုင်း၌.
အဟု၊ ဖြစ်ပြီ။
တန္နာမဓေယျော၊ ထိုဘိုးတော်တစီးရှင်သီဟသူမင်း၏ အမည်လျှင် အမည်ရှိထသော။
ဝါ၊ ထိုခမည်းတော်ငါးစီးရှင် သီဟသူမင်း၏ အမည်လျှင် အမည်ရှိထသော။
တဒုပ္ပါဒဇာတော၊ ထိုဘိုးတော်တစီးရှင် သီဟသူမင်း၏ သားတော်ငါးစီးရှင်သီဟသူမင်း၏ သားလည်းဖြစ်ထသော။
(ဥပ္ပါဒသဒ္ဒါဇာတသဒ္ဒါများကား သားဟောတည်း)။
ဝါ၊ ထိုဘိုးတော်တစီးရှင် သီဟသူမင်း၏ အနွယ်၌ဖြစ်သဖြင့် ဖြစ်ထသော။
သဒ္ဓါဒိ ယုတ္တော၊ သဒ္ဓါခြင်းစသည်နှင့် ယှဉ်ထသော။
စတုသေတိဘိန္ဒေါ၊ ဆင်ဖြူလေးစီးရှင်လည်း ဖြစ်ထသော။
နာဂါဒိထာမော၊ ဆင်စသည်တို့၏ အစွမ်းအားလည်းရှိထသော။
(ဆင်ကောင်း မြင်းကောင်းအားရှိသည် ဟူလို။ ထိုစကားမှန်၏။ ထိုမင်းသည် မင်းသားစဉ် ကပင် တိုက်ဆင်ရှစ်ဆယ်၊ မြေင်းခြောက်ရာ။ သူရဲကောင်း တထောင်ရှိ၏)။
အတိဒုပ္ပသေယှာ၊ ရန်သူတို့သည် အလွန်လျှင် မနှိပ်စက်နိုင်ထသော်။
ဥဠာရပညော၊ ပြန့်ပြောကြီးကျယ်သော ပညာလည်းရှိထသော။
ဓိတိမာ၊ တည်ကြည်မြဲမြဲခိုင်ခံသော ဝီရိယ လည်းရှိထသော။
ယဿဿီ၊ အခြံအရံ ဗိုလ်ပါလည်း ရှိထသော။
ယောရာဇာ၊ အကြင်မင်းတရားသည်။
(လိုက်စေဦး)။
အတ္ထိ၊ ရှိ၏။
တေန၊ ထိုမင်းတရားသည်။
အဟံ၊ ငါ့ကို။
(ပဌမာကံ။ အနုဂ္ဂဟိတောဟူသော ကံဟောကိတ်ဝါစကကိုမျှောက်)။
အစ္စန္တံ၊ စင်စ်။
အနညသာဓာရဏ သင်္ဂဟေန၊ သူတပါးနှင့်မဆက်ဆံ သောချီးမြှောက်ခြင်းဖြင့်။
အနုဂ္ဂဟိတော၊ ချီးမြောက်တော် မူအပ်သည်ဖြစ်၍။
ဝါ၊ ချီးမြှောက်တော်မူအပ်သော။
အဟံ၊ ငါစတုရင်္ဂဗလအမတ်၊ ကျမ်းတတ်က ဝိ၊ ပညာရှိသုခမိန်သည်။
သင်္ခေပတော၊ အကျဉ်းအားဖြင့်။
သောတုဟိတံ၊ စာသင်သားတို့၏ အစီးအပွားဖြစ်သော။
သုဗောဓံ၊ သိလွယ်သော။
ဣမံ ဝိသုဒ္ဓိသံဝဏ္ဏနံ၊ ဤနှင်းမကျ။
မြူမခံ၊ မီးလျှံမခိုး၊ မိုးတိမ်မလွှမ်း၊ မဘမ်းရာဟု၊ လဣန္ဒုသို့။ ရှစ်ခုကိုးမြောက်၊ မရောက်ကင်းဝေး၊ ငြစ်ကြေးမထင်၊ စင်ကြယ်သော အဘိဓာနပ္ပဒီပိကာဋီကာကို။
အကာသိံ၊ ပြုပြင်စီရင်ပြီ။
(ယခုအခါ၌ လိမ်မာဆန်းကြယ်စွာတတ်သော လက်သ္မားသည် အိမ်အမှုကို ပြုလုပ်ပြီးလျှင် လက်အမှုအခကိုခံဘိ၏သို့။ ထိုအတူစတုရင်္ဂဗလအမတ်တည်းဟူသော လက်သ္မားသည် ဤအဘိဓာနပ္ပဒီပိတာ ဋီကာကျမ်းတည်း ဟူသော အိမ်အမှုကို ပြုလုပ်ပြီးလျှင် လက်အမှုအခနှင့် တူသော ဆုကို ပန်လိုရကား။ ရာဇာ၊ စသည်ကိုမိန့်)။
ရာဇာ၊ လူများသနင်း၊ မင်းမြတ်သည်။
ပဇံ၊ သတွာကို။
သပဇံ၊ မိမိရင်နှစ်၊ သားတော်ချင်ကဲ့သို့။
ရက္ခတု၊ စောင့်ရှောက်ပါစေသောဝ်။
ဓမ္မဉ္စ၊ တရားကိုလည်း။
(လောကဉ္စဟု စသဒ္ဒါ၏ သမုစ္စေတဗ္ဗကိုဘော်)။
လောကာဝိ၊ လူတို့သည်လည်း။
(ဓမ္မာဝိဟုဝိသဒ္ဒါ၏ သမုစ္စေတဗ္ဗကိုဘော်)။
သမာစရန္တု၊ ကောင်းစွာကျင့်စေကုန်သောဝ်။
ဝါ၊ ကောင်းစါာစောင့်စေကုန်သော်ဝ်။
သုပကပ္ပိတာ၊ ကောင်းစွာကြံစည်အပ်ကုန်သော။
အတ္ထာစ၊ အကျိုးစီးပွားတို့သည်လည်း။
ပူရေန္တု၊ ပြည့်စေကုန်သောဝ်။
ကာလေန၊ လျောက်ပတ်သော အခါ၌။
ဒေဝေါပိ၊ မိုဃ်းသည်လည်း။
ပဝဿတု၊ ရွာစေသောပ်။
ဣတိ၊ ဤကား နိဂုံးတည်း။
(ယောသီဟသူရော၊ စကုန်သော ဂါထာတို့ကား။ တဂိုဏ်းနှစ်ခု၊ ဇဂိုဏ်း၊ ဂရုနှစ်ခုတို့ဖြင့် မှတ်အပ်သော တဆဲ့တလုံးဘွဲ့ဣန္ဒဝဇိရာဂါထာတုဋ္ဌုဘဆန်းတို့တည်း။ အနုဂ္ဂဟီတောဟုဟီ၌ ဤဒီဃနှင့်ရွတ်။ ပဝဿတူတိနှိုက် ပရိသမာပ နတ္ထဇောတကနိပါတ် ဣတိသဒ္ဒါကို ပါဒန္တဂရု၌ သင်္ဂြိုလ်၍ ယူအပ်၏)။
အဘိဓာနပ္ပဒီပိကာဝဏ္ဏနာ၊ အဘိဓာနပ္ပဒီပိကာ အဘွင့်သည်။
နိဋ္ဌိတာ၊ ပြီးပြီ။