Issues
Select Version
Nettippakaraṇapāḷi
Nettippakaraṇapāḷi

Dvādasapada

Author: ksdraft @ KS

အက္ခရံ= ပုဒ်မပြီးမှီဝဏ္ဏလည်းကောင်း။ ပဒံ= လေးပါးသောပုဒ်လည်းကောင်း။ ဗျဉ္ဇနံ= ပုဒ်သည်ဟောအပ်သော အနက်ကို ပြတတ်သော ဝါကျလည်းကောင်း။ နိရုတ္တိ= ဝိဂြိုဟ်လည်းကောင်း။ တထေဝ= ထိုမှတပါး။ နိဒ္ဒေသော= ဝိဂြိုဟ်၏ အကျယ်လည်းကောင်း။
အာကာရော= ဝါကျ၏အစိပ်လည်းကောင်း။ ဣတိ= ဤသို့။ အာကာရဆဋ္ဌဝစနံ= အာကာရလျှင် ခြောက်ခုမြောက်သော သဒ္ဒါရှိသော။
သဗ္ဗံ= အလုံးစုံသော။ ဗျဉ္ဇနံ= ဗျဉ္ဇနပဒသည်။ ဧတ္တာဝတာ ဧတ္တကမေဝ= ဤအက္ခရာအစရှိသည်မျှသာလျှင်ဖြစ်သော။ သဗ္ဗံ= အလုံးစုံသော။ ဗျဉ္ဇနံ= ဗျဉ္ဇနပဒသည်။ ဘဝါတိ= ဖြစ်၏။
သင်္ကာသနာ စ= အကျဉ်း ပြအပ်သော အနက်ဟူသော အခြင်းအရာလည်းကောင်း။
ပကာသနာ စ= ရှေးဦးစွာ ပြအပ်သော အနက်ဟူသော အခြင်းအရာလည်းကောင်း။ ဝိဝရဏာ စ= အကျယ်ချဲ့အပ်သော အနက်ဟူသော အခြင်းအရာလည်းကောင်း။ ဝိဘဇနုတ္တာနီကမ္မပညတ္တိ စ= ဝေဘန်အပ်သောအနက်ဟူသောအခြင်းအရာ ထင်ရှားစွာ ပြုအပ်သောအနက်ဟူသောအခြင်းအရာ အပြားတို့ဖြင့် သိ‌စေအပ်သောအနက်ဟူသောအခြင်းအရာလည်းကောင်း။
ဣတိ= ဤသို့။ ဧတေဟိ ဆဟိ ပဒေဟိ= ဤခြောက်ပါးသောအတ္ထပဒတို့ဖြင့်သာလျှင်။ အတ္ထော စ= သုတ်၏အနက်ကိုလည်း။ နိဒ္ဒိဋ္ဌော= ပြအပ်၏။ ကမ္မဉ္စ= ဥဂ္ဃဋနစသောကိရိယာကိုလည်း။ နိဒ္ဒိဋ္ဌံ= ပြအပ်၏။
အတ္ထဿ= အနက်၏။ အနူနာ= မယုတ်ကုန်သော။ တီဏိ စ တယော နယော စ= သုံးပါးကုန်သောနည်းတို့ကိုလည်း။ ဂဏိတာ= ရေတွက်အပ်ကုန်ပြီ။ အနူနာနိ= မယုတ်ကုန်သော။ အတ္ထဿ= အနက်၏။ ဆပ္ပဒါနိ စ= ခြောက်ပဒတို့ကိုလည်း။ ဂဏိတာနိ= ရေတွက်တတ်၏။
ဘဂဝတော= မြတ်စွာဘုရား၏။ ဝစနဿ= ပါဠိတော်၏။ အတ္ထော= အနက်သည်။ နဝဟိ= ကိုးပါးကုန်သော။ ဣမေဟိ ပဒေဟိ= ဤအနက်အစုတို့နှင့်။ သမာယုတ္တော= အမြဲယှဉ်၏။
အတ္ထဿ= အနက်၏။ နဝပ္ပဒါနိ စ= ကိုးပါးသောပဒတို့လည်းကောင်း။ ဗျဉ္ဇနပရိယေဋ္ဌိယာ= သဒ္ဒါကို စိစစ်ရှာမှီးခြင်းငှါ။ ပဝတ္တာ= ဖြစ်ကုန်သော။ စတုဗ္ဗီသ= နှစ်ဆဲ့လေးပါးတို့လည်းကောင်း။
ဧတံ ဥဘယံ= ဤနှစ်ပါးစုံးကို။ သင်္ခေပယတော= တပေါင်းတည်းပြု၍။ တေတ္တိံသာ= သုံးဆဲ့သုံးပါးတို့သည်။ ဟောန္တိ= ဖြစ်ကုန်၏။ နေတ္တိ= နေတ္တိသည်။ ဧတ္တကာ= ဤသုံးဆဲ့သုံးပါးသော ပဒတ္ထမျှအတိုင်း အရှည်ရှိ၏။ ဣတိ= ဤသို့။ ‌ဝေဒိတဗ္ဗာ= သိအပ်၏။
နိဒ္ဒေသဝါရော= နိဒ္ဒေသဝါရတည်း။