Issues
Select Version
Kovidābhivaṃsa-ကောဝိဒါဘိဝံသ
မြန်မာဘာသာ
Buddhavaṃsa-aṭṭhakathā

3. Dīpaṅkarabuddhavaṃsavaṇṇanā

Author: Kovidābhivaṃsa-ကောဝိဒါဘိဝံသ @ IAPT

ရမ္မနဂရဝါသိနောပိ၊ ရမ္မာဝတီမြို့၌ နေလေ့ရှိကုန်သည်လည်းဖြစ်ကုန်သော။ တေဥပါသကာ၊ ထိုသီးတင်းသည် ဒယကာတို့သည်။ ဗုဒ္ဓပ္ပမုခဿ၊ ဘုရားအမှူးရှိသော။ ဘိက္ခုသံဃဿ၊ ရဟန်းအပေါင်းအား။ မဟာဒါနံ၊ ကြီးစွာသောအလှူကို။ ဒတွာ၊ ပေးလှူပြီး၍။ ပုန၊ တစ်ဖန်။ ဘုတ္တာဝိံ၊ ဆွမ်းစားပြီးသော။ ဝါ၊ ဆွမ်းဘုဉ်းပေးပြီးသော။ ဩနီတပတ္တပါဏိံ၊ သပိတ်တော်မှ ချအပ်သော လက်ရှိတော်မူသော။ ဝါ၊ သပိတ်တော်မှ ဖဲအပ်သော လက်ရှိတော်မူသော။ ဘဂဝန္တံ၊ ဒီပင်္ကရာဘုရားရှင်ကို။ မာလာဂန္ဓာဒီဟိ၊ ပန်းနံ့သာအစရှိသည်တို့ဖြင့်။ ပူဇေတွာ၊ ပူဇော်ပြီး၍။ ဝန္ဒိတွာ၊ ရှိခိုးပြီး၍။ ဒါနာနုမောဒနံ၊ ဆွမ်း သင်္ကန်း ကျောင်း ဆေးဟူသော လှူဒါန်းကြောင်းဖြစ်သော ဝမ်း မြောက်ဘွယ်ရာ အနုမောဒနာ စကားကို။ သောတုကာမာ၊ နာကြားခြင်းငှာ အလိုရှိကုန်သည်ဖြစ်၍။ ဥပနိသီဒိံသု၊ အနီး၌ထိုင်ကြကုန်ပြီ။ ဝါ၊ ချဉ်းကပ်၍ ထိုင်ကြကုန်ပြီ။ ဝါ၊ အထံတော်၌နေကြကုန်ပြီ။
အထ၊ ထိုအခါ၌။ သတ္ထာ၊ ဒီပင်္ကရာဘုရားရှင်သည်။ တေသံ၊ ထိုဥပါသကာတို့အား။ ပရမမဓုရံ၊ အလွန်ချိုမြိန်သော။ ဟဒယင်္ဂမံ၊ နှလုံးသို့သက်ဝင်သော။ ဒါနာနုမောဒနံ၊ အလှူဒါန၏ဝမ်းမြောက်ကြောင်းစကားကို။ အကာသိ၊ ပြုတော်မူပြီ။ ကိံ အကာသိ၊ အဘယ်သို့ပြုတော်မူသနည်း။ ''ဒါနံ နာမ သုခါဒီနံ ။ပ။ ဗုဒ္ဓဘူမိ''န္တိ၊ ဟူ၍။ အကာသိ၊ ပြုတော်မူပြီ။
''ဒါနံ နာမ၊ ဒါနမည်သည်ကား။ သုခါဒီနံ၊ လူချမ်းသာ နတ်ချမ်းသာ အစရှိသည်တို့၏။ ပရမံ၊ မြတ်သော။ နိဒါနံ၊ အကြောင်းရင်းဖြစ်၏ဟူ၍။ မတံ၊ သိအပ်၏။ သောပါနံ၊ စောင်းတန်းသဖွယ်ဖြစ်သော။ နိဗ္ဗာနံ ပန၊ နိဗ္ဗာန်ကိုကား။ ပတိဋ္ဌာတိ၊ ထောက်တည်ရာဖြစ်၏ဟူ၍။ ပဝုစ္စတိ၊ အပြားအားဖြင့် မိန့်ဆိုအပ်၏။
ဒါနံ၊ စွန့်ကြဲစေတနာ သဒ္ဓါလွှမ်းမိုး ပီတိဖြိုးသည့် ဒါနမျိုးသည်။ မနုဿာနံ၊ လူတို့၏။ တာဏံ၊ စောင့်ရှောက်ရာတည်း။ ဒါနံ၊ စွန့်ကြဲစေတနာ သဒ္ဓါလွှမ်းမိုး ပီတိဖြိုးသည့် ဒါနမျိုးသည်။ မနုဿာနံ၊ တို့၏။ ဗန္ဓု၊ အဆွေခင်ပွန်းသဖွယ်သည်။ ဟောတိ၊ ဖြစ်၏။ ပရာယနံ၊ လည်းလျောင်းရာသည်။ ဟောတိ၊ ဖြစ်၏။ ဒါနံ၊ စွန့်ကြဲစေတနာ သဒ္ဓါလွှမ်းမိုး ပီတိဖြိုးသည့် ဒါနမျိုးသည်။ ဒုက္ခာဓိပန္နာနံ၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းသည် နှိပ်စက်လွှမ်းမိုးအပ်ကုန်သော။ သတ္တာနံ၊ သတ္တဝါတို့အား။ ပရမာ၊ မြတ်သော။ ဂတိ၊ လားရာသည်။ ဟောတိ၊ ဖြစ်၏။
ဒါနံ၊ စွန့်ကြဲစေတနာ သဒ္ဓါလွှမ်းမိုး ပီတိဖြိုးသည့် ဒါနမျိုးသည်။ ဒုက္ခနိတ္ထရဏဋ္ဌေန၊ အပါယ်ဆင်းရဲမှ ထုတ်တတ်သော အနက်သဘောဖြင့်။ နာဝါတိ၊ လှေသင်္ဘောဟူ၍။ ဒီပိတံ၊ ပြအပ်၏။ ဒါနံ၊ မျိုးသည်။ ဘယရက္ခဏတော၊ ကြောက်လန့်ခြင်းဘေးမှ စောင့်ရှောက်တတ်သောကြောင့်။ နဂရန္တိ စ၊ မြို့ဟူ၍လည်း။ ဝဏ္ဏိတံ၊ ချီးမွမ်းအပ်၏။
ဒါနံ၊ စွန့်ကြဲစေတနာ သဒ္ဓါလွှမ်းမိုး ပီတိဖြိုးသည့် ဒါနမျိုးသည်။ ဒုရာသဒဋ္ဌေန၊ ဝေးသောနေရာရှိသော အနက်သဘောအားဖြင့်။ အာသီဝိသောတိ စ၊ အဆိပ်လျှင်မြန်သော မြွေဟောက်နှင့်တူ၏ဟူ၍၎င်း။ ဒါနံ၊ မျိုးသည်။ လောဘမလာဒီဟိ၊ လောဘအစရှိသော အညစ်အကြေးတို့ဖြင့်။ အနုပလိတ္တတော၊ မလိမ်းကျန်အပ်သောကြောင့်။ ပဒုမံတိ စ၊ ပဒုမ္မာကြာနှင့်တူ၏ဟူ၍၎င်း။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။
လောကေ၊ လောကသုံးထပ် ဘုံသုံးရပ်၌။ ပုရိသတော၊ ယောကျ်ားအား။ ဒါနသမော၊ ဒါနနှင့်တူသော။ အဝဿယော၊ မှီရာသည်။ ဝါ၊ ကိုးကွယ်ရာသည်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ တံ၊ ထိုဒါနကို။ ကိရိယာဇ္ဈာသယေန စ၊ ပြုအပ်သော စိတ်အလိုဖြင့်လည်း။ ဝါ၊ မြတ်သောအလိုဖြင့်လည်း။ ဝါ၊ နှလုံးအလိုဖြင့်လည်း။ ဝါ၊ လွန်ကဲသောအလိုဖြင့်လည်း။ ပဋိပဇ္ဇထ၊ ကျင့်ကြကုန်လော့။
ဣဓ ဣမသ္မိံ လောကေ၊ ဖြစ်ကပျက်မြဲ မလွဲတံတွာ ဓမ္မတာခေါ်ရ ဤသတ္တလောက၌။ မတိမာ၊ ပညာရှိသည်။ ဒါနာနိ၊ စွန့်ကြဲစေတနာ သဒ္ဓါလွှမ်းမိုး ပီတိဖြိုးသည့် ဒါနမျိုးတို့သည်။ သဂ္ဂလောကနိဒါနာနိ၊ နတ်ပြည်သို့ရောက်ခြင်း၏ အကြောင်းအရင်းတို့တည်း။ လောကေ၊ လောက၌။ ကော ဟိ နာမ၊ အဘယ်မည်သော။ နရော၊ လူသည်။ ဟိတေ၊ အစီးအပွား၌။ ရတော၊ မွေ့လျော်သည်ဖြစ်၍။ န ဒဒေယျ၊ မပေးလှူဘဲ ရှိအံ့နည်း။
ဒေဝေသု၊ နတ်ပြည်တို့၌။ ဒါနသမ္ဘဝံ၊ ဒါန၏ဖြစ်ကြောင်းဖြစ်သော။ သမ္ပတ္တိံ၊ လူ၌ဖြစ်သော စည်းစိမ် နတ်၌ဖြစ်သော စည်းစိမ်ကို။ သုတွာ၊ ကြား၍။ ကော၊ အဘယ်မည်သော။ နရော၊ လူသည်။ သုခပ္ပဒံ၊ ချမ်းသာခြင်းအဖို့ရှိသော။ ဒါနံ၊ ဒါနကို၎င်း။ စတ္တပ္ပမောဒနံ၊ စိတ်၏ဝမ်းမြောက်ဝမ်းသာဖြစ်သော။ ဝါ၊ စိတ်၏လွန်စွာနှစ်သက်ဖွယ်ဖြစ်သော။ ဒါနံ၊ ဒါနကို၎င်း။ န ဒဇ္ဇာ-န ဒဇ္ဇေယျ၊ မပေးလှူဘဲ ရှိအံ့နည်း။
ပဋိပန္နေန၊ ကျင့်သုံးအပ်သော။ ဒါနေန၊ ဒါနဖြင့်။ အစ္ဆရာပရိဝါရိတော၊ နတ်သ္မီးအပေါင်းသည် ခြံရံအပ်သည်ဖြစ်၍။ သုစိရံ၊ အလွန်ကြာမြင့်စွာသော။ ကာလံ၊ ကာလပတ်လုံး။ သုရနန္ဒနေ၊ နတ်တို့၏ နှစ်သက်ဝမ်းမြောက်ဖွယ်ရာဖြစ်သော။ နန္ဒနေ၊ နန္ဒဝံဥယျာဉ်၌။ ရမတေ၊ မွေံလျော်ရ၏။
ဒါတာ၊ ပေးလှူတတ်သော ပုဂ္ဂိုလ်သည်။ ပီတိမုဠာရံ၊ ဝမ်းမြောက်နှစ်သက်သော ပီတိဖြင့် လွန်မြတ်သည်ကို။ ဝါ၊ မြင့်မြတ်သည်ကို။ ဝိန္ဒတိ၊ ရ၏။ အသ္မိံ လောကေ၊ ဤလောက၌။ ဂါရဝံ၊ ရိုသေကိုင်းရှိုင်းခြင်းသို့။ ဂစ္ဆတိ၊ ရောက်၏။ ဒါတာ၊ ပေးလှူတတ်သော ပုဂ္ဂိုလ်သည်။ ကိတ္တိမနန္တံ၊ အဆုံးအပိုင်းအခြားမရှိသော ချီးမွမ်းခြင်း ကျော်စောခြင်းသို့။ ယာတိ စ၊ ရောက်လည်း ရောက်၏။ ဒါတာ၊ ပေးလှူတတ်သော ပုဂ္ဂိုလ်သည်။ ဝိဿသနီယော၊ ယုံကြည်အားထား အကျွမ်းဝင်ထိုက်သည်။ ဟောတိ စ၊ ဖြစ်လည်း ဖြစ်၏။
ဒီဃဉ္စာယု၊ ရှည်စွာသော အသက်ရှိသော။ သော နရော၊ ထိုလူသည်။ ဒါနံ၊ စွန့်ကြဲစေတနာ သဒ္ဓါလွှမ်းမိုး ပီတိဖြိုးသည့် ဒါနမျိုးကို။ ဒတွာ၊ ပေးလှူ၍။ ဝါ၊ ပေးလှူခဲ့သောကြောင့်။ ဘောဂသမိဒ္ဓိံ၊ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံခြင်းသို့။ ယာတိ၊ မဆိုင်းမတွ ရောက်၇လေ၏။ သုဿရတမ္ပိ စ၊ ကောင်းသောအသံရှိသည်၏ အဖြစ်ကို၎င်း။ ရူပံ စ၊ ရုပ်ရေအဆင်း လှပခြင်းကို၎င်း။ ဝန္ဒတိ၊ ရ၏။ သဂ္ဂေ၊ နတ်ပြည်၌။ ဌတွာ၊ ရပ်တည်၍။ နာနာမတ္တမယူရာဘိရုတေသု၊ အမျိုးမျိုးယစ်ကုန်သော ဥဒေါင်းတွန်သံရှိကုန်သော။ ဝိမာနေသု၊ ဘုံဆောင်ဗိမာန်တို့၌။ ဒေဝေဟိ၊ နတ်တို့နှင့်။ သဒ္ဓိံ၊ တကွ။ ကီဠတိ၊ ကစားရ၏။
စောရာရိရာဇောဒကပါဝကာနံ၊ ခိုးသူ ရန်သူ မင်းဘေး ရေဘေး မီးဘေးတို့၏။ ဝါ၊ တို့နှင့်။ အသာဓာရဏမေဝ၊ မဆက်ဆံသည်သာလျှင် ဖြစ်သော။ ဓနံ၊ ပစ္စည်းဥစ္စာမှန်သမျှကို။ ယံ ဒါနံ၊ အကြင်ပေးကမ်း စွန့်ကြဲလှူဒါန်းခြင်းသည်။ အတ္ထိ၊ ရှိ၏ (ထည့်)။ တံ ဒါနံ၊ သည်။ သာဝကဉာဏဘူမိံ၊ သာဝကပါရမီဉာဏ်အဆင့်အတန်းကို၎င်း။ ဝါ၊ သာဝကပါရမီဉာဏ်၏ ဖြစ်ရာကို၎င်း။ ပစ္စေကဘူမိံ၊ ပစ္စေကဗောဓိဉာဏ်၏ အဆင့်အတန်းကို၎င်း။ ဝါ၊ ပစ္စေကဗောဓိဉာဏ်၏ဖြစ်ရာကို၎င်း။ ပန၊ = ထိုမှတစ်ပါး။ ဗုဒ္ဓဘူမိံ၊ ဘုရားအဖြစ်ကို၎င်း။ ဒဒါတိ၊ ပေးနိုင်၏''။
ဣတိ ဧဝမာဒိနာ၊ ဤသို့အစရှိသော။ နယေန၊ နည်းဖြင့်။ ဒါနာနုမောဒနံ၊ ဒါန၏ဝမ်းမြောက်ကြောင်းစကားကို။ ကတွာ၊ ပြု၍။ ဒါနာနိသံသံ၊ ဒါန၏အကျိုးကို။ ပကာသေတွာ၊ ထင်ရှားပြတော်မူပြီး၍။ တဒနန္တရံ၊ ထိုဒါန၏ အခြားမဲ့၌။ သီလကထံ၊ သီလကထာကို။ ကထေသိ၊ ဟောတော်မူပြီ။
ဧတံ သီလံ နာမ၊ ဤသီလမည်သည်။ ဣဓလောကပရလောကသမ္ပတ္တီနံ၊ ဤပစ္စုပ္ပန်လောက တမလွန်လောက၌ ဖြစ်သော စည်းစိမ်တို့၏။ မူလံ၊ အကြောင်းရင်းဖြစ်၏။
သီလံ၊ ငါးပါးသီလ ဆယ်ပါးသီလ စသည်ထွေပြား သီလတရားသည်။ သုခါနံ၊ လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတို့၏။ ပရမံ၊ မြတ်သော။ နိဒါနံ၊ အကြောင်းရင်းတည်း။ သီလီ၊ ငါးပါးသီလ ဆယ်ပါးသီလ စသည်ထွေပြောင်း သီလအပေါင်းရှိသော ပုဂ္ဂိုလ်သည်။ သီလေန၊ ငါးပါးသီလ ဆယ်ပါးသီလ စသည်ထွေပြား သီလတရားဖြင့်။ တိဒိဝံ၊ နတ်ပြည်သို့။ ဝါ၊ သုံးကျိပ်သုံးပါး နတ်သိကြားတို့ ပျော်ပါးစံရာဝတိံသာမည် နတ်တို့ပြည်သို့။ ပယာတိ၊ ရောက်နိုင်၏။ ဟိ သစ္စံ၊ မှန်၏။ သီလံ၊ သည်။ သံသာရမုပါဂတဿ၊ သံသရာသို့ ကပ်ရောက်သောသူအား။ တာဏဉ္စ၊ စောင့်ရှောက်လည်း စောင့်ရှောက်ရာသည်၎င်း။ လေဏဉ္စ၊ ပုန်းအောင်းလည်း ပုန်းအောင်းရာသည်၎င်း။ ပရာယနဉ္စ၊ လဲလျောင်းလည်း လဲလျောင်းရာသည်၎င်း။ ဟောတိ၊ ဖြစ်၏။
ဣဓ ဝါ၊ ဤပစ္စုပ္ပန်လောက၌၎င်း။ ပရတ္ထ ဝါ၊ စုတိနောက်ချွန် တမလွန်လောက၌၎င်း။ ဇနာနံ၊ လူအပေါင်းတို့၏။ သီလသမော၊ သီလနှင့်တူသော။ အညော၊ တစ်ပါးသော။ အဝဿယော ပန၊ မှီရာသည်ကား။ ဝါ၊ ကိုးကွယ်ရာသည်ကား။ ကုတော အတ္ထိ၊ အဘယ်မှာ ရှိအံ့နည်း။ ဓရာ၊ မြေကြီးသည်။ ထာဝရဇင်္ဂမာနံ၊ အမြဲတည်သောဝတ္ထု ရွှေ့ပြောင်းနိုင်သော ဝတ္ထုတို့၏။ ပတိဋ္ဌာ ယထာ၊ ထောက်တည်ရာ ဖြစ်သကဲ့သို့။ သီလံ၊ ငါးပါးသီလ ဆယ်ပါးသီလ စသည်ထွေပြား သီလတရားသည်။ ဂုဏာနံ၊ ဂုဏ်အပေါင်းတို့၏။ ပရမာ၊ လွန်မြတ်သော။ ပတိဋ္ဌာ၊ ထောက်တည်ရာသည်။ ဟောတိ၊ ၏(ထည့်)။
ယေန၊ အကြင့်ကြောင့်။ အရိယဝုတ္တိသမာစာရော၊ မြတ်သောအကျင့်အပြုအမူရှိသော ပုဂ္ဂိုလ်ကို။ သီလဝါ၊ သီလရှိ၏ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တေန၊ ကြောင့်(ထည့်)။ သီလံ ဧဝ၊ ငါးပါးသီလ ဆယ်ပါးသီလ စသည် ထွေပြား သီလတရားသည်သာလျှင်။ ကလျာဏံ ကိရ၊ ကောင်းသတတ်။ လောကေ၊ လောက၌။ သီလံ၊ ငါးပါးသီလ ဆယ်ပါးသီလ စသည် ထွေပြောင်း သီလအပေါင်းသည်။ အနုတ္တရံ၊ အလွန်အကဲမရှိ။ ဝါ၊ မိမိထက် မြတ်သောသူမရှိ။ ဝါ၊ လောကုတ္တရာဖြစ်၏။
သီလာလင်္ကာရသမော၊ သီလတည်းဟူသော တန်ဆာနှင်တူသော။ အလင်္ကာရော၊ အဆင်တန်ဆာသည်။ နတ္ထိ၊ မရှိ။ သီလဂန္ဓသမော၊ သီလတည်းဟူသော ရနံ့နှင့်တူသော။ ဂန္ဓော၊ နံ့သာသည်။ ဝါ၊ ရနံ့သည်။ နတ္ထိ၊ မရှိ။ သီလသမံ၊ သီလနှင့်တူသော။ ကိလေသမလဝိသောဓနံ၊ ရာဂစသောကိလေသာ အညစ်အကြေးကို သုတ်သင်ခြင်းသည်။ နတ္ထိ၊ မရှိ။ သီလသမံ၊ သီလနှင့်တူသော။ ကိတ္တိဇနနံ၊ ချီးမွမ်းခြင်း ကျော်ဇောခြင်းကို ဖြစ်စေခြင်းမည်သည်။ နတ္ထိ၊ မရှိ။ သီလသမံ၊ သော။ သဂ္ဂါရောဟဏသောပါနံ၊ နတ်ပြည်သို့တက်ရောက်ခြင်း စောင်းတန်းလှေကားမည်သည်။ နတ္ထိ၊ မရှိ။ နိဗ္ဗာနနဂရပ္ပဝေသနေ စ၊ နိဗ္ဗာန်အောင်မြို့ကို ဝင်ခြင်း၌လည်း။ သီလသမံ၊ သော။ ဒွါရံ၊ တံခါးမည်သည်။ နတ္ထိ၊ မရှိ။
ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူပါသနည်း။ ''သောဘန္တေဝံ ။ပ။ အာနိသံသမနုတ္တရ''န္တိ၊ ဟူ၍။ ဝိသုဒ္ဓိမဂ္ဂေ၊ ဝိသုဒ္ဓိမဂ်၌။ သီလာနိသံသကထာယံ၊ သီလာနိသံသကထာ၌။ အာဟ၊ မိန့်တော်မူပြီ။
သီလဘူသနဘူသိတာ၊ သီလတည်းဟူသော အဆင်တန်တာဖြင့် ဆင်မြန်းအပ်ကုန်သော။ ယတိနော၊ ရဟန်းတော်တို့သည်။ သောဘန္တိ ယထာ၊ တင့်တယ်ကုန်သကဲ့သို့။ မုတ္တာမဏိဝိဘူတာ၊ ပုလဲ ပတ္တမြား အဆင်တန်ဆာအားဖြင့် ဆင်မြန်းအပ်ကုန်သော။ ရာဇာနော၊ ပြည့်ရှင်မင်းတို့သည်။ ဧဝံ၊ ဤအတူ။ န သောဘန္တိ၊ မတင့်တယ်ကြကုန်။
ယော သီလဂန္ဓော၊ အကြင်သီလ၏အနံံသည်။ အနုဝါတေ စ၊ လေကြေဤ၎င်း။ ပဋိဝါတေ စ၊ လေညာ၌၎င်း။ သမံ၊ အညီအမျှ။ ဝါယတိ၊ ပျံ့နှံ့ကြိုင်လှိုင်ပေ၏။ သီလဂန္ဓသမော၊ သီလ၏ အနံ့နှင့်တူသော။ ဂန္ဓော နာမ၊ မွှေးပျံ့ကြိုင်လှိုင်သော အနံ့မည်သည်။ ကုတော ဘဝိဿတိ၊ အဘယ်မှာရှိပါအံ့နည်း။
ပုပ္ဖဂန္ဓော၊ ပန်းအနံ့သည်။ ဝါ၊ ပန်းတို့၏အနံ့သည်။ ပဋိဝါတံ၊ လေညာသို့။ န ဧတိ၊ မရောက်။ စန္ဒနံ၊ စန္ဒကူးနံ့သည်၎င်း။ တဂ္ဂရမလ္လိကာ ဝါ၊ တောင်ဇလပ်ပန်းနံ့ ကြက်ရုံးပန်းနံ့သည်၎င်း။ ပဋိဝါတံ၊ လေညာသို့။ န ဧတိ၊ မရောက်။ သတံ၊ သူတော်ကောင်းတို့၏။ ဂန္ဓော စ၊ သီလတည်းဟူသော ရနံ့သည်သာ။ ဝါ၊ သီလနှင့်စပ်ချီးမွမ်းအပ်သော ကျော်စောနံ့သည်သာ။ သဗ္ဗာ၊ အလုံစုံကုန်သော။ ဒိသာ၊ လေအောက်လေညာအရပ်မျက်နှာသို့။ ပဝါယတိ၊ အပြားအားဖြင့် ရောက်နိုင်၏။ ဝါ၊ သင်းပျံ့မွှေးကြိုင်ရနံ့လှိုင်၏။
စန္ဒနံ၊ စန္ဒကူးသည်၎င်း။ တဂရံ ဝါပိ၊ တောင်ဇလပ်ပန်းနံ့သည်၎င်း။ ဥပ္ပလံ၊ ကြာညို ကြာဖြူ ကြာနီ ပန်းနံ့သည်၎င်း။ အထ၊ ထိုမြို့။ ဝဿိကီ၊ မြလေးပန်းနံ့သည်၎င်း။ (အတ္ထိ၊ ၏။) ဧတေသံ ဂန္ဓဇာတာနံ၊ ဤနံ့သာတို့ထက်။ ဝါ၊ ဤအမျိုးမျိုးဖြစ်သော နံ့သာတို့ထက်။ သီလဂန္ဓော၊ သီလတည်းဟူသော ရနံ့သည်။ ဝါ၊ သီလနှင့်စပ်ချီးမွမ်းအပ်သော ကျော်စောနံ့သည်။ အနုတ္တရော၊ မိမိထက်အသာမရှိ။ ဝါ၊ အမြတ်ဆုံးတည်း။
ဣဓ၊ ဤလောက၌။ ပါဏီနံ၊ သတ္တဝါတို့၏။ ယံ မလံ၊ အကြင်ကိလေသာ အညစ်အကြေးကို။ သီလဇလံ၊ သီလတည်းဟူသော ရေစင်သည်။ ဝေ၊ စင်စစ်။ ဝိသောဓေတိ၊ သုတ်သင်စင်ကြယ်စေနိုင်ပေ၏။ သတ္တာနံ၊ သတ္တဝါတို့၏။ တံ မလံ၊ ထိုကိလေသာအညစ်အကြးကို။ ဂင်္ဂါ၊ ဂင်္ဂါမြစ်ရေသည်၎င်း။ ယမုနာစာပိ၊ ယမုနာမြစ်ရေသည်၎င်း။ သရသွတီ၊ အသံတသဲသဲမြည်သော။ သရဘူ ဝါ၊ သရမြစ်ရေသည်၎င်း။ အစိရဝတီ၊ အစိရဝတီမည်သော။ နိန္နဂါ ဝါ၊ မြစ်ရေသည်၎င်း။ မဟီ ဝါပိ မဟာနဒီ၊ မဟီမည်သော မြစ်ကြီး၏ ရေသည်၎င်း။ ဝိသောဓေတုံ၊ သုတ်သင်စင်ကြယ်စေရန်။ န သက္ကုဏန္တိ၊ မစွမ်းနိုင်ကုန်။ (ဂါထာနှစ်ပုဒ်တွဲ အနက်ပေးသည်။)
ဣဓ၊ ဤလောက၌။ သတ္တာနံ၊ သတ္တဝါတို့၏။ ယံ ပရိဠာဟံ၊ အကြင်ရာဂစသော အပူအလောင်ကို။ သုရက္ခိတံ၊ ကောင်းစွာစောင့်ထိန်းအပ်သော။ အရိယံ၊ စင်ကြယ်စွာသော။ အစ္စန္တသီတလံ၊ စင်စစ်အေးမြသော။ ဣဒံ သီလံ၊ ဤသီလသည်။ သမေတိ၊ ငြိမ်းအေးစေနိုင်ပေ၏။ တံ ပရိဠာဟံ၊ ထိုရာဂစသော အပူအလောင်ကို။ သဇလဒါဝါတာ၊ မိုးနှင့်တကွသော လေအေးတို့သည်လည်း။ န သမယန္တိ၊ မငြိမ်းအေးစေနိုင်ကုန်။ ဟရိစန္ဒနံ စာပိ၊ စန္ဒကူးရွှေသည်လည်း။ န သမယတိ၊ မငြိမ်းအေးစေနိုင်။ ဟာရာ၊ ပုလဲတို့သည်။ နေဝ သမယန္တိ၊ မငြိမ်းအေးစေနိုင်ကုန်။ မဏယောပိ၊ ပတ္တမြားတို့သည်လည်း။ န သမယန္တိ၊ မငြိမ်းအေးစေနိုင်ကုန်။ စန္ဒကိရဏင်္ကုရာ၊ လရောင်ညွန့်တို့သည်လည်း။ န သမယန္တိ၊ မငြိမ်းအေးစေနိုင်ကုန်။
သီလံ၊ သီလသည်။ သီလဝတံ၊ သီလနှင့်ပြည့်စုံကုန်သော သူတို့အား။ အတ္တာနုဝါဒါဒိဘယံ၊ မိမိကိုယ်တိုင် စွပ်စွဲခြင်းဟူသော အတ္တာနုဝါဒဘေး အစရှိသောဘေးအပေါင်းကို။ သဗ္ဗသော၊ အခါခပ်သိမ်း အခြင်းခပ်သိမ်း။ ဝိဒ္ဓံသယတိ၊ ဖျက်ဆီးတတ်၏။ သီလဝတံ၊ သီလနှင့်ပြည့်စုံကုန်သောသူတို့၏။ ကိတ္တိဟာသဉ္စ၊ သီတင်းကျော်စောခြင်းနှင့် ရွှင်လန်းဝမ်းမြောက်ခြင်းကိုလည်း။ သဒါ၊ အခါခပ်သိမ်း။ ဇနေတိ၊ ဖြစ်စေတတ်၏။
သီလသမံ၊ သီလနှင့်တူသော။ အညံ၊ အခြားတစ်ပါးသော။ သဂ္ဂါရောဟဏသောပါနံ၊ နတ်ပြည်သို့တတ်ရန် စောင်းတန်းသည်။ ကုတောအတ္ထိ၊ အဘယ်မှာရှိပါအံ့နည်း။ ဝါ ပန၊ ထို့ပြင်လည်း။ နိဗ္ဗာန နဂရဿ၊ နိဗ္ဗာန်တည်းဟူသောမြို့တော်သို့။ ပဝေသနေ၊ ဝင်ရာ၌။ သီလသမံ၊ သီလနှင့်တူသော။ အညံ၊ အခြားတစ်ပါးသော တံခါးပေါက်သည်။ ကုတော အတ္ထိ၊ အဘယ်မှာရှိပါအံ့နည်း။
ဣတိ၊ ဤဆိုအပ်ခဲ့သော စကားရပ်ကို။ ဂုဏာနံ၊ လောကီ လောကုတ္တရာဂုဏ်ကျေးဇူးဟူသမျှတို့၏။ မူလဘူတဿ၊ အမြစ်အရင်း (မူလဘူတ)ဖြစ်သော။ ဗလဃာတိနော၊ ကိလေသာဟူသော အပြစ်ဒေါသတို့၏ လွန်ကျူးခြင်း ခွန်အားကို ဖျက်ဆီးတတ်သော။ သီလဿ၊ သီလ၏။ အာနိသံသကထာမုခန္တိ၊ အကျိုးအာနိသင်ကို အရိပ်အမြွက်မျှ ပြဆိုသောစကားဟု။ ဝိညေယျံ၊ သိအပ်၏။
ဧဝံ၊ ဤသို့။ ဘဂဝါ၊ ဒီပင်္ကရာမြတ်စွာဘုရားသည်။ သီလာနိသံသံ၊ သီလ၏အကျိုးကို။ ဒဿေတွာ၊ ပြပြီး၍။
''ဣဒံ ပန သီလံ၊ ဤငါးပါးသီလ စသည်ထွေပြား သီလတရားကို။ နိဿာယ၊ မှီ၍။ အယံ သဂ္ဂေါ၊ ဤနတ်ပြည်သည်။ လဘတိ၊ ရ၏''။ ဣတိ၊ သို့။ ဒဿနတ္ထံ၊ ပြခြင်းအကျိုးငှာ။ တဒနန္တရံ၊ ထိုဒါနကထာ၏ အခြားမဲ့၌။ သဂ္ဂကထံ၊ သဂ္ဂကထာကို။ ကထေသိ၊ ဟောကြားတော်မူပြီ။
အယံ သဂ္ဂေါ နာမ၊ မည်သည်။ ဣဋ္ဌော၊ အလိုရှိအပ်၏။ ကန္တော၊ နှစ်လိုအပ်၏။ ဝါ၊ စုံမက်အပ်၏။ မနာပေါ၊ နှလုံးကို ပွားစေအပ်၏။ ဧကန္တသုခေါ၊ စင်စစ်ချမ်းသာခြင်း ရှိ၏။ ဧတ္ထ၊ ဤနတ်ပြည်၌။ နိစ္စံ၊ အမြဲ။ ကီဠာ၊ ကစားခြင်းတို့သည်။ ဝါ၊ တို့ကို။ နိစ္စံ၊ အမြဲ။ သမ္ပတ္တိယော၊ စည်းစိမ်တို့ကို။ လဘန္တိ၊ ရကုန်၏။
စာတုမဟာရာဇိကာ၊ စတုမဟာရာဇ်ဘုံ၌ ဖြစ်ကုန်သော။ ဒေဝါ၊ နတ်တို့သည်။ နဝုတိဝဿသတသဟဿာနိ၊ အနှစ် ကိုးသန်းတို့တိုင်တိုင်။ ဝါ၊ ပတ်လုံး။ ဒိဗ္ဗသုခံ၊ နတ်၌ဖြစ်သောချမ်းသာကို။ ဒိဗ္ဗသမ္ပတ္တိံ၊ နတ်၌ဖြစ်သော စည်းစိမ်ကို။ ပဋိလဘန္တိ၊ ရနိုင်ကုန်၏။
တာဝတိံသာ၊ တာဝတိံသာဘုံ၌ ဖြစ်ကုန်သော။ ဒေဝါ၊ နတ်တို့သည်(ထည့်)။ တိဿော ဝဿကောဋိယောသဋ္ဌိ စ ဝဿသတသဟဿာနိ၊ သုံးကုဋေ ခြောက်သန်းသော နှစ်တို့ပတ်လုံး။ ဝါ၊ တိုင်တိုင်။ ဒိဗ္ဗသုခံ၊ နတ်၌ဖြစ်သောချမ်းသာကို။ ဒိဗ္ဗသမ္ပတ္တိံ၊ နတ်၌ဖြစ်သော စည်းစိမ်ကို။ ပဋိလဘန္တိ၊ ရနိုင်ကုန်၏။ ဣတိ၊ သို့။ ဧဝမာဒိသဂ္ဂဂုဏပဋိသံယုတ္တကထံ၊ ဤသို့အစရှိသော နတ်ပြည်၏ ဂုဏ်ကျေးဇူးနှင့် စပ်သော စကားကို။ ကထေသိ၊ ဟောကြားတော်မူပြီ။
ဧဝံ၊ သို့။ သဂ္ဂကထာယ၊ နတ်ပြည်နှင့်စပ်‌သော စကားဖြင့်။ ပလောဘေတွာ၊ ဖျားယောင်း၍။ ပုန၊ တစ်ဖန်။
'အယမ္ပိ သဂ္ဂေါ၊ ဤနတ်ပြည်သည်လည်း။ အနိစ္စော၊ မမြဲ။ အဓုတွေ၊ အမြဲတည်ခြင်းသဘောမှ ကင်း၏။ တတ်ဌ၊ ထိုနတ်ပြည်၌။ ဆန္ဒရာဂေါ၊ ဆန္ဒရာဂကို။ န ကာတဗ္ဗော၊ မပြုအပ်''။ ဣတိ၊ သို့။ ကာမာနံ၊ ကာမဂုဏ်တို့၏။ အာဒီနဝံ၊ အပြစ်ကို၎င်း။ ဩကာရံ၊ ယုတ်သော အဖြစ်ကို၎င်း။ သံကိလေသံ၊ ညစ်ညူးခြင်းကို၎င်း။ နေက္ခမ္မေ-နေက္ခမ္မဿ၊ ကာမဂုဏ်မှ ထွက်မြောက်ခြင်း၏။ အာနိသံသဉ္စ၊ အကျိုးကို၎င်း။ ပကာသေတွာ၊ ပြတော်မူပြီး၍။ အမတပရိယောသာနံ၊ မသေသောအမြိုက် အရသာလျှင်အဆုံးရှိသော။ ဝါ၊ မအိုမသေ အမြဲနေရာဖြစ်သော နိဗ္ဗာန်လျှင်အဆုံးရှိသော။ ဓမ္မကထံ၊ တရားစကားကို။ ကထေသိ၊ ဟောကြားတော်မူပြီ။
ဧဝံ၊ သို့။ တဿ မဟာဇနဿ၊ ထိုလူများအပေါင်းအား။ ဓမ္မံ၊ တရားကို။‌ ဒေသေတွာ၊ ဟောကြားတော်မူပြီ။ သရဏေသု စ၊ သရဏဂုံတို့၌၎င်း။ ဧကစ္စေ၊ အချို့ကုန်သော သူတို့ကို။ ပဉ္စသီလေသု စ၊ ငါးပါးသီလတို့၌၎င်း။ ဧကစ္စေ၊ တို့ကို။ သောတာပတ္တိဖလေ စ၊ သောတာပတ္တိဖိုလ်၌၎င်း။ ဧကစ္စေ၊ တို့ကို။ သကဒါဂါမိဖလေ စ၊ သကဒါဂါမိဖိုလ်၌၎င်း။ ဧကစ္စေ၊ တို့ကို။ အနာဂါမိဖလေ စ၊ အနာဂါမိဖိုလ်၌၎င်း။ ဧကစ္စေ၊ တို့ကို စတူသုပိ ဖလေသု၊ လေးပါးလည်းဖြစ်ကုန်သောဖိုလ်တို့၌၎င်း။ ဧကစ္စေ၊ တို့ကို။ တီသု ဝိဇ္ဇာသု၊ ဝိဇ္ဇာသုံးပါးတို့၌၎င်း။ (ပု-ဒိ-အာ)။ ဧကစ္စေ၊ တို့ကို။ ဆသု အဘိညာသု၊ အဘိဉာဏ် ခြောက်ပါးတို့၌၎င်း။ ဧကစ္စေ၊ တို့ကို။ အဋ္ဌသု သမာပတ္တီသု၊ သမာပတ်ရှစ်ပါးတို့၌၎င်း။ ပတိဋ္ဌာပေတွာ၊ တည်စေပြီး၍။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထတော်မူ၍။ ရမ္မနဂရတော၊ ရမ္မဝတီမြို့တော်မှ။ နိက္ခမိတွာ၊ ထွက်၍။ သုဒဿနမဟာဝိဟာရမေဝ၊ သုဒဿနကျောင်းတိုက်ကြီးသို့သာလျှင်။ ပါဝိသိ၊ ဝင်တော်မူပြီ။
တေန၊ ထို့ကြောင့်။ ''တဒါ တေ ။ပ။ တံ မဟာမုနီ''တိ၊ ဟူ၍။ ပါဠိယံ၊ ဗုဒ္ဓဝံသပါဠိတော်၌ (ထည့်)။ ဝုတ္တံ၊ မိန့်အပ်ပြီ။
တဒါ၊ ထိုအခါ၌။ တေ၊ ထိုရမ္မဝတီပြည်သူပြည်သားတို့သည်။ သသံဃံ၊ သံဃာနှင့်တကွသော။ လောကနာယကံ၊ မြတ်စွာဘုရားကို။ ဘောဇယိတွာန၊ ဆွမ်းလုပ်ကျွေးပြီး၍။ တဿ ဒီပင်္ကရဿ သတ္ထုနော၊ ထိုဒီပင်္ကရာမြတ်စွာဘုရားအား။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပဂစ္ဆုံ၊ ဆည်းကပ်ကုန်ပြီ။
တထာဂတော၊ ဒီပင်္ကရာမြတ်စွာဘုရားသည်။ ကဉ္စိ၊ အချို့သောပုဂ္ဂိုလ်ကို။ သရဏာဂမနေ၊ သရဏဂုံ၌။ ကဉ္စိ၊ အချို့သောပုဂ္ဂိုလ်ကို။ ပဉ္စသု သီလေသု၊ ငါးပါးသော သီလတို့၌။ ပရံ၊ တစ်ပါးသော ပုဂ္ဂိုလ်ကို။ ဒသဝိဓေ၊ ဆယ်ပါးအပြားရှိသော။ သီလေ၊ သီလ၌။ နိဝေသေသိ၊ တည်စေတော်မူပြီ။
သော၊ ထိုမြတ်စွာဘုရားသည်။ ကဿစိ၊ အချို့သော ပုဂ္ဂိုလ်အား။ သာမညံ၊ အရိယာမဂ်ကို၎င်း။ စတုရော၊ လေးပါးကုန်သော။ ဖလမုတ္တမေ၊ မြတ်သော ဖိုလ်တို့ကို၎င်း။ ဒေတိ၊ ပေးတော်မူ၏။ ကဿစိ၊ အား။ အသမေ၊ အတုမရှိသော။ ပဋိသမ္ဘိဒါ ဓမ္မေ၊ ပဋိသမ္ဘိဒါတရားတို့ကို။ ဒေတိ၊ ပေးတော်မူ၏။
နရာသဘော၊ မြတ်စွာဘုရားသည်။ ကဿစိ၊ အချို့သောပုဂ္ဂိုလ်အား။ အဋ္ဌ ဝရသမာပတ္တိယော၊ မြတ်သောသမာပတ်ရှစ်ပါးတို့ကို။ ဒေတိ၊ ပေးတော်မူ၏။ ကဿစိ၊ အား။ တိဿော ဝိဇ္ဇာသုံးပါးတို့ကို။ ဒေတိ၊ ပေးတော်မူ၏။ ဆဠဘိညာ၊ အဘိညာဉ်ခြောက်ပါးတို့ကို။ ပဝေစ္ဆတိ၊ ပေးတော်မူ၏။
မဟာမုနိ၊ မြတ်စွာဘုရားသည်။ တေန ယောဂေန၊ ထိုနည်းအစီအစဉ်အားဖြင့်။ ဇနကာယံ၊ လူအပေါင်းကို။ ဩဝဒတိ၊ ဆုံးမတော်မူ၏။ တေန၊ ထိုအဆုံးအမတော်ကြောင့်။ လောကနာထဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ သာသနာတော်သည်။ ဝိတ္ထာရိကံ၊ ပျံ့နှံ့သည်။ အာသိ၊ ဖြစ်ပြီ။
မဟာဟနုသဘက္ခန္ဓော၊ ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိတော်မူ၍ နွားလားဥသဘ၏ ပခုန်းနှင့်တူသော ပခုံးရှိတော်မူသော။ ဒီပင်္ကရသနာမကော၊ ဒီပင်္ကရာအမည်ရှိသော မြတ်စွာဘုရားသည်။ ဗဟူ၊ များစွာကုန်သော။ ဇနေ၊ လူအပေါင်းတို့ကို။ တာရယတိ၊ ကယ်တင်တော်မူ၏။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို။ ပရိမောစေတိ၊ လွတ်မြောက်စေတော်မူ၏။
မဟာမုနိ၊ မြတ်စွာဘုရားသည်။ ဗောဓနေယျံ၊ သစ္စာလေးပါးကို သိစေထိုက်သော။ ဇနံ၊ သတ္တဝါအပေါင်းကို။ ဒိတွာ၊ မြင်၍။ ဝါ၊ မြင်တော်မူသည်ရှိသော်။ သတသဟဿေတိ ယောဇနေ၊ ယူဇနာတစ်သိန်း ဝေးကွာသော အရပ်၌ပင်။ ဌိတံ၊ တည်သော (ထည့်)။ တံ၊ ထိုသတ္တဝါအထံသို့။ ခဏေန၊ တစ်ခဏဖြင့်။ ဥပဂန္တွာန၊ ချဉ်းကပ်၍။ ဗောဓိတိ၊ သစ္စာလေးပါးတရားကို သိစေတော်မူ၏။
တတ္ထ တာသု ဂါထာသု၊ တို့၌။ တေတိ၊ တေဟူသည်ကား။ ရမ္မနဂရဝါသိနော၊ ရမ္မဝတီမြို့၌ နေလေ့ရှိကုန်သော။ တေ ဥပါသကာ၊ ထိုသီတင်းသည် ဥပါသကာတို့သည်။
သရဏန္တိ ဧတ္ထ၊ သရဏံ ဟူသောဤပါဌ်၌။ သရဏံ၊ ကိုလည်းကောင်း။ သရဏပမနံ၊ သရဏဂုံကိုလည်းကောင်း။ သရဏဿ၊ ကိုးကွယ်ခြင်းသို့။ ဂန္တာ စ၊ ရောက်သူကိုလည်းကောင်း။ ဝေဒိတဗ္ဗာ၊ သိအပ်၏။
သရတိ ဟိံသတိ၊ ညှင်းဆဲတတ်၏။ ဝိနာသေတိ၊ ဖျက်ဆီးတတ်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ သရဏံ၊ သရဏမည်၏။ တံ၊ ထိုသရဏဟူသည်။ ကိံ၊ အဘယ်နည်း။
ရတနတ္တယံ၊ ရတနာတို့၏ သုံးပါးတို့၏အပေါင်းတည်း။
ပန၊ ဆက်ဦးအံ့။ တံ၊ ထိုရတနာတို့၏ သုံးပါးတို့၏အပေါင်းကို။ သရဏဂတာနံ၊ ကိုးကွယ်ဆည်းကပ်တတ်သောသူတို့၏။ ဝါ၊ မှီဝဲဆည်းကပ်ခြင်းသို့ရောက်ကုန်သော သူတို့၏။ တေနေဝ သရဏဂမနေန၊ ထိုသရဏဂုံဖြင့်ပင်လျှင်။ ဝါ၊ ထိုသရဏဂုံကြောင့်ပင်လျှင်။ ဝါ၊ ထိုသို့ မှီဝဲဆည်းကပ်ခြင်းသို့ ရောက်ခြင်းကြောင့်သာလျှင်။ ဘယံ၊ စိတ်၏ကြောက်ခြင်းကို။ သန္တာသံ၊ ထိတ်လန့်ခြင်းကို။ ဒုက္ခံ၊ ကိုယ်စိတ်ဆင်းရဲခြင်းကို။၊ ဒုဂ္ဂတိံ၊ အပါယ်လေးပါးကို။ ပရိက္ကိလေသံ၊ ဆင်းရဲပင်ပန်းခြင်း ညစ်ညူးခြင်းကို။ ဝါ၊ စိတ်၏ ပူပန်ခြင်းကို။ ဟိံသတိ၊ ညှဉ်းဆဲတတ်၏။ ဝိနာသေတိ၊ ပျက်စီးစေတတ်၏။ ဝါ၊ ဖျက်ဆီးတတ်၏။ ဝါ၊ ဖျောက်တတ်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ သရဏန္တိ၊ သရဏံ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိအပ်၏။ ဟိ သစ္စံ၊ မှန်၏။ ''ယေ ကေစိ ဗုဒ္ဓံ ။ပ။ ပရိပူရေဿန္တီ''တိ၊ ဟူသော။ ဧတံ၊ ဤစကားအရပ်ကို။ ဒီဃနိကာယေ၊ ဒီဃနိကာယ်၌။ မဟာဝဂ္ဂပါဠိယံ၊ မဟာဝဂ္ဂ ပါဠိတော်၌။ မဟာသမယသုတ္တေ၊ မဟာသမယသုတ်၌။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။
ဘဂဝါ၊ မြတ်စွာဘုရား။ ယေ ကေစိ၊ ခပ်သိမ်းကုန်သောသူတို့သည်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ သရဏံံ ဣတိ၊ ဆင်းရဲကို ဖျောက်တတ်၏ ချမ်းသာကိုဆောင်တတ်၏ဟူ၍။ ဂတာသေ၊ သိကုန်၏။ (ဆည်းကပ်ကုန်၏လည်းဟူ)။ တေ ဇနာ၊ ထိုလူတို့သည်။ မာနုသံ၊ လူဖြစ်သော။ ဒေဟံ၊ အတ္တဘောကို။ ပဟာယ၊ စွန့်ကုန်၍။ အပါယဘူမိံ၊ အပါယ်ဘုံသို့။ န ဂမိဿန္တိ၊ မလားရကုန်လတ္တံ့။ ဒေဝကာယံ၊ နတ်ပြည်ကို။ ပရိပူရေဿန္တိ၊ ပြည့်စေကုန်လတ္တံ့။
ယေ ကေစိ၊ ခပ်သိမ်းကုန်သောသူတို့သည်။ ဓမ္မံ၊ တရားတော်ကို။ သရဏံ သရဏံံ ဣတိ၊ ဆင်းရဲကို ဖျောက်တတ်၏ ချမ်းသာကိုဆောင်တတ်၏ဟူ၍။ ဂတာသေ၊ သိကုန်၏။ တေ ဇနာ၊ ထိုလူတို့သည်။ မာနုသံ၊ လူဖြစ်သော။ ဒေဟံ၊ အတ္တဘောကို။ ပဟာယ၊ စွန့်ကုန်၍။ အပါယဘူမိံ၊ အပါယ်ဘုံသို့။ န ဂမိဿန္တိ၊ မလားရကုန်လတ္တံ့။ ဒေဝကာယံ၊ နတ်ပြည်ကို။ ပရိပူရေဿန္တိ၊ ပြည့်စေကုန်လတ္တံ့။
ယေ ကေစိ၊ ခပ်သိမ်းကုန်သောသူတို့သည်။ သံဃံ၊ သံဃာတော်ကို။ သရဏံ သရဏံံ ဣတိ၊ ဆင်းရဲကို ဖျောက်တတ်၏ ချမ်းသာကိုဆောင်တတ်၏ဟူ၍။ ဂတာသေ၊ သိကုန်၏။ (ဆည်းကပ်ကုန်၏လည်းဟူ)။ တေ ဇနာ၊ ထိုလူတို့သည်။ မာနုသံ၊ လူဖြစ်သော။ ဒေဟံ၊ အတ္တဘောကို။ ပဟာယ၊ စွန့်ကုန်၍။ အပါယဘူမိံ၊ အပါယ်ဘုံသို့။ န ဂမိဿန္တိ၊ မလားရကုန်လတ္တံ့။ ဒေဝကာယံ၊ နတ်ပြည်ကို။ ပရိပူရေဿန္တိ၊ ပြည့်စေကုန်လတ္တံ့။ ဣတိ၊ ဤသို့။ အဘာတိ၊ ဆိုလေ၏။
ရတနတ္တယပရာယနာကာရပ္ပဝတ္တော၊ ရတနာတို့၏ သုံးပါးတို့၏ အပေါင်းကိုလဲလျောင်းရာ မှီခိုရာဟူသောအခြင်းအရာအားဖြင့်ဖြစ်သော။ ဝါ၊ ရတနာသုံးပါးလျှင် ကိုးကွယ်ရာရှိသည်အဖြစ်ဟုဆိုအပ်သော အချင်းအရာအားဖြင့်ဖြစ်သော။ စိတ္တုပ္ပါဒေါ၊ စိတ္တုပ္ပါဒ်သည်။
သရဏဂမနံ နာမ၊ သရဏဂုံမည်၏။ တံသမင်္ဂီပုဂ္ဂလော၊ ထိုစိတ္တုပ္ပါဒ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်။ သရဏဿ ဂန္ဓာ နာမ၊ သရဏဿ ဂန္ဓာ မည်၏။
ဧဝံ၊ ဤသို့။ တာဝ၊ ရှေးဦးစွာ။ သရဏံ၊ ကို၎င်း။ သရဏဂမနံ၊ ကို၎င်း။ သရဏဿ ဂန္ဓာ စ၊ ကို၎င်း။ ဣတိ၊ ဤသို့။ ဣဒံ တယံ၊ ဤသုံးပါးအပေါင်းကို။ ဝေဒိတဗ္ဗံ၊ သိအပ်၏။
တဿာတ၊ တဿဟူသည်ကား။ တံ ဒီပင်္ကရံ၊ ထိုဒီပင်္ကရာဘုရားရှင်ကို။ ဥပယောဂတ္ထေ၊ ဒုတိယာအနက်၌။ သာမိဝစနံ၊ ဆဋ္ဌီဝိဘတ်ကို။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
''ဥပဂစ္ဆုံ သရဏံ တတ္ထာ''တိပိ၊ ဟူ၍လည်း။ ပါဌော၊ ပါဌ်တစ်မျိုးသည်။ အတ္ထိ၊ အချို့ပေစာ၌ ရှိသေး၏။
သတ္ထုနောတိ၊ ကား။ သတ္ထာရံ၊ ဘုရားရှင်ကို။
သရဏာဂမနေ ကဉ္စီတိ၊ ကား။ ကဉ္စီပုဂ္ဂလံ၊ တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်ကို။ သရဏဂမနေ၊ သရဏဂုံ၌။ နိဝေသေတိ၊ ဝင်စေ၏။ ဝါ၊ သွင်း၏။ ဝါ၊ တည်စေ၏။
ပစ္စုပ္ပန္နဝသေန၊ ပစ္စုပ္ပန်၏အစွမ်းဖြင့်။ ကိဉ္စာပိ ဝုတ္တံ၊ အကယ်၍ကား မိန့်အပ်ပါ၏ရှင့်။ ပန၊ ထိုသို့ပင် မိန့်အပ်ပါသော်လည်း။ အတီတကာလဝသေန၊ အတိတ်ကာလ၏အစွမ်းဖြင့်။ အတ္ထော၊ အနက်ကို။ ဂဟေတဗ္ဗော၊ ယူအပ်၏။
သေသေသုပိ၊ ကြွင်းသောပုဒ်တို့၌လည်း။ ဧသ နယော၊ ဤနည်းတည်း။
''ကဿစိ သရဏာဂမနေ''တိပိ၊ ''ကဿစိ သရဏာဂမနေ''ဟူ၍လည်း။ ပါဌော၊ ပါဌ်တစ်မျိုးသည်။ အတ္ထိ၊ အချို့ပေစာ၌ရှိသေး၏။ တဿပိ၊ ထိုပါဌ်၏လည်း။ သောယေဝတ္ထော၊ ထိုအနက်သည်သာလျှင်တည်း။
ကဉ္စိ ပဉ္စသု သီလေသူတိ၊ ကား။ ကဉ္စိပုဂ္ဂလံ၊ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်ကို။ ပဉ္စသု၊ ငါးပါးကုန်သော။ ဝိရတိသီလေသု၊ ဝိရတီသီလတို့၌။ နိဝေသေသိ၊ ဝင်စေပြီ။ ဝါ၊ သွင်းပြီ။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
''ကဿစိ ပဉ္စသု သီလေသူ''တိပိ၊ ဟူ၍လည်း။ ပါဌော၊ သည်။ အတ္ထိ၊ ၏။ သောယေဝ၊ ထိုပါဌ်သည်သာလျှင်။
အတ္ထော၊ အနက်တည်း။ သီလေ ဒသဝိဓေ ပရန္တိ၊ ကား။ အပရံ၊ တစ်ပါးသော။ ပုဂ္ဂလံ၊ ပုဂ္ဂိုလ်ကို။ ဒသဝိဓေ၊ ဆယ်ပါးအပြားရှိသော။ သီလေ၊ သီလ၌။ နိဝေသေသိ၊ ဝင်စေပြီ။ ဝါ၊ သွင်းပြီ။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
''ကဿစိ ကုသလေ ဒသာ''တိပိ၊ ဟူ၍လည်း။ ပါဌော၊ သည်။ အတ္ထိ၊ ၏။ တဿ၊ ထိုပါဌ်၏။ ကဉ္စိ ပုဂ္ဂလံ၊ အချို့သော ပုဂ္ဂိုလ်ကို။ ဒသကုသလဓမ္မေ၊ ကုသလကမ္မပထတရား ဆယ်ပါး၌။ သမာဒပေသိ၊ ဆောက်တည်စေပြီ။ ဣိ အယံ၊ ကား။ အတ္ထော၊ တည်း။
ကဿစိ ဒေတိ သာမညန္တိ ဧတ္ထ၊ ကဿစိ ဒေတိ သာမညံ ဟူသော ဤပါဌ်၌။ ပရမတ္ထတော၊ ပရမတ္ထအားဖြင့်။ မဂ္ဂေါ၊ အရိယာမဂ်ကို။ သာမညန္တိ၊ သာမညဟူ၍။ ဝုတ္တော၊ မိန့်အပ်၏။
ယထာဟ၊ ဘုရားအဘယ်ကဲ့သို့ဟောတော်မူပါသနည်း။
''ကတမဉ္စ ဘိက္ခဝေ ။ပ။ သာမည''န္တိ၊ ဟူ၍။ သံယုတ္တနိကာယေ၊ သံယုတ္တနိကာယ်၌။ မဟာဝဂ္ဂသံယုတ္တေ၊ မဟာဝဂ္ဂသံယုတ်၌။ အာဟ၊ ဟောတော်မူ၏။
''ဘိက္ခဝေ၊ ရဟန်းတို့။ သာမညံ၊ အရိယာမဂ်သည်။ ကတမဉ္စ၊ အဘယ်ပါနည်း။ အရိယော၊ မြတ်သော။ ဝါ၊ ဖြူစင်သော။ ဝါ၊ ကိလေသာမြူးမှေး အညစ်ကြေးမှ ကင်းဝေးစင်ကြယ်တော်မူသော။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော။ အယမေဝ မဂ္ဂေါ၊ ဤမဂ္ဂင်ရှစ်ပါး အကျင့်တရားသာလျှင်တည်း။ ဣဒံ ဣမံ၊ ဤမဂ္ဂင်ရှစ်ပါး အကျင့်တရားသည်။ သေယျထာ ကတမေ၊ အဘယ်သည်တို့နည်း။ သမ္မာဒိဋ္ဌိ - သမ္မာဒိဋ္ဌိ၎င်း ။ပ။ သမ္မာသမာဓိ၊ သမ္မာသမာဓိ၎င်း။
ဣဒံ ဣမေ၊ ဤသည်တို့တည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣဒံ၊ ဤမဂ္ဂင်ရှစ်ပါး အကျင့်တရားကို။ သာမညန္တိ၊ သာမည''ဟူ၍။ ဝုစ္စတိ၊ မိန့်အပ်၏။
စတုရော ဖလမုတ္တမေတိ၊ ကား။ စတ္တာရိ၊ လေးပါးကုန်သော။ ဥတ္တမာနိ၊ မြတ်ကုန်သော။ ဖလာနိ၊ ဖိုလ်တို့တည်း။
မ-ကာရော၊ မ-အက္ခရာသည်။ ပဒသန္ဓိကရော၊ ပုဒ်စပ်ခြင်းကို ပြုတတ်၏။
လိင်္ဂဝိပရိယာသေန၊ လိင်ဖောက်ပြန်သဖြင့်။ ဝုတ္တံ၊ မိန့်အပ်ပြီ။
ယထောပနိဿယံ၊ အကြင်အခြင်းဖြင့် အားကြီးသော မှီရာအကြောင်းကို။ နိဿာယ၊ အမှီပြု၍ (ထည့်)။ စတ္တာရော၊ လေးပါးကုန်သော။ မဂ္ဂေ စ၊ မဂ်တို့ကို၎င်း။ စတ္တာရိ၊ လေးပါးကုန်သော။ သာမညဖလာနိ စ၊ သာမညဖိုလ်တို့ကို၎င်း။ ကဿစိ၊ အချို့သော ပုဂ္ဂိုလ်အား။ အဒါသိ၊ ပေးတော်မူပြီ။
ကဿစိ အသမေ ဓမ္မေတိ၊ ကား။ ကဿစိ၊ အချို့သောပုဂ္ဂိုလ်အား။ အသဒိသေ၊ သူမတူကုန်သော။ စတ္တာရော ပရိသမ္ဘဒါဓမ္မေ၊ လေးပါးသော ပဋိသမ္ဘိဒါတို့ကို။ အဒါသိ၊ ပေးတော်မူပြီ။
ကဿစိ ဝရသမာပတ္တိယောတိ၊ ကား။ ကဿစိ ပန၊ အချို့ပုဂ္ဂိုလ်အားကား။ နီဝရဏဝိဂမေန၊ နီဝရဏကင်းသဖြင့်။ ပဓာနဘူတာ၊ ပြင်းစွာအားထုတ်တတ်ကုန်သော။ ဝါ၊ မြတ်သော လုံ့လဖြစ်ကုန်သော။ အဋ္ဌ သမာပတ္တိယော၊ ရှစ်ပါးသော သမာပတ်တို့ကို။ အဒါသိ၊ ပေးပြီ။
တိဿော ကဿစိ ဝိဇ္ဇာယောတိ၊ ကား။ ကဿစိ ပုဂ္ဂလဿ၊ အချို့ပုဂ္ဂိုလ်အား။ ဥပနိဿယဝသေန၊ အားကြီးသော မှီရာအကြောင်း၏အစွမ်းဖြင့်။ ဒိဗ္ဗစက္ခုဉာဏပုဗ္ဗေနိဝါသာနုဿတိဉာဏအာသဝက္ခယဉာဏာနံ၊ ဒိဗ္ဗစက္ခုဉာဏ် ပုဗ္ဗေနိဝါသာနုဿတိဉာဏ် အာသဝက္ခယဉာဏ်တို့၏။ ဝသေန၊ အစွမ်းဖြင့်။ တိဿော ဝိဇ္ဇာယော၊ အဝိဇ္ဇာသုံးပါးတို့ကို။ ဒေတိ၊ ပေးတော်မူ၏။
ဆဠဘိညာ ပဝေစ္ဆတီတိ၊ ကား။ ကဿစိ၊ အချို့သောပုဂ္ဂိုလ်အား။ ဆအဘိညာယော၊ ခြောက်ပါးသော အဘိဉာဏ်တို့ကို။ အဒါသိ၊ ပေးတော်မူ၏။
တေန ယောဂေနာတိ၊ ကား။ တေန နယေန စ၊ ထိုနည်းဖြင့်၎င်း။ တေနာနုက္ကမေန စ၊ ထိုအစဉ်ဖြင့်၎င်း။
ဇနကာယန္တိ၊ ကား။ ဇနသမူဟံ၊ လူအပေါင်းကို။
ဩဝဒတီတိ၊ ကား။ ဩဝဒိ၊ ဆုံးမပြီ။
ကာလဝိပရိယာသေန၊ ကာလဖောက်ပြန်သဖြင့်။ ဝုတ္တံ၊ မိန့်အပ်ပြီ။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗံ၊ သိအပ်၏။
ဣတော၊ ဤပုဒ်မှ။ ဥပရိပိ၊ အထက်လည်းဖြစ်ကုန်သော။ ဤဒိသေသု၊ ဤကဲ့သို့ ရှုအပ်ကုန်သော။ ဝစနေသု၊ စကားရပ်တို့၌။ အတီတကာလဝသေနေဝ၊ အတိတ်ကာလ၏ အစွမ်းဖြင့်။ အတ္ထော၊ အနက်ကို။ ဂဟေတဗ္ဗော၊ ယူအပ်၏။
တေန ဝိတ္ထာရိကံ အာသီတိ၊ ကား။ ဒီပင်္ကရဿ၊ ဒီပင်္ကရာအမည်တော်ရှိသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ တေန ဩဝါဒေန၊ ထိုရှေးဦးစွာ အဆုံးအမတော်ဖြင့်။ တာယ အနုသာသနိယာ၊ ထိုဆုံးမခြင်းဖြင့်။ ဝါ၊ ထိုကံမြစ်ခြင်းဖြင့်။ ဝိတ္ထာရိကံ၊ ကျယ်ပြန့်သော။ ဝိတ္ထတံ၊ ချဲ့အပ်သော။ ဝါ၊ အပြောကျယ်သော။ ဝိသာလီဘူတံ၊ ကျယ်ပြန့်သည်ဖြစ်၍ဖြစ်သော။ ဝါ၊ မို့ရမ်းသည်ဖြစ်၍ဖြစ်သော။ သာသနံ၊ သာသနာတော်သည်။ အဟောသိ၊ ဖြစ်ပြီ။
မဟာဟနူတိ၊ ကား။ မဟာပုရိသာနံ၊ ယောကျ်ားမြတ်တို့အား။ ဒွေပိ၊ နှစ်ခုလည်းဖြစ်ကုန်သော။ ဟနူနိ၊ မေးတို့သည်။ ပရိပုဏ္ဏာနိ၊ ပြည့်စုံကုန်သည်။ မက္ခဿ၊ လဆန်းပက္ခ လဆုတ်ပက္ခ၏။ ဒွါဒသိယာ၊ တစ်ဆယ့်နှစ်ရက်နေ့၌။ ဥဂ္ဂတာနိ၊ တက်ကုန်သော။ စန္ဒသဒိသာကာရာနိ၊ လပြည့်ဝန်းနှင့်တူသော အခြင်းအရာရှိကုန်သည်။ ဟောန္တိ ကိရ၊ ဖြစ်ကုန်သတတ်။ ဣတိ၊ သို့။ ယဿ၊ အကြင်ယောကျ်ားမြတ်အား။ မဟန္တာနိ၊ ကြီးကျယ်များမြတ်ကုန်သော။ ဟနူနိ၊ မေးတို့သည်။ သန္တိ၊ ရှိကုန်၏(ထည့်)။ ဣတိ တသ္မာ၊ ထို့ကြောင့် (ထည့်)။ သော၊ ထိုယောကျ်ားမြတ်သည်။ မဟာဟနု၊ မဟာဟနုမည်၏။ သီဟဟနု၊ ခြင်္သေ့မင်း၏ မေးနှင့်တူသော မေးရှိသော ယောက်ျားမြတ်သည်။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဆိုလိုသည်။ ဝါ၊ ဆိုအပ်သည်။ ဟောတိ၊ ဖြစ်၏။
ဥသဘက္ခန္ဓောတိ၊ ကား။ ယဿ၊ အကြင်ယောကျ်ားမြတ်အား။ ဥသဘဿေဝ၊ နွားလာဥသဘ၏သာလျှင်။ ခန္ဓော၊ ပခုံနှင့်တူသော ပခုံးသည်။ ဘဝတိ၊ ဖြစ်၏။ သော၊ ထိုယောကျ်ားမြတ်သည်။ ဥသဘက္ခန္ဓော၊ ဥသဘက္ခန္ဓမည်၏။
သုဝဋ္ဋိတသုဝဏ္ဏာလိင်္ဂသဒိသရုစိရက္ခန္ဓော၊ ကောင်းစွာလုံးသောရွှေမုရိုးစည်းနှင့်တူသော နှစ်သက််ဖွယ်ရှိသော။ ဝါ၊ တင့်တယ်သော။ ဝါ၊ အရောင်ရှိသောပခုံးရှိသည်။ သမဝဋ္ဋစာရုက္ခန္ဓော၊ အညီအမျှ လုံးသော တင့်တယ်သော။ ဝါ၊ အရောင်ရှိသော ပခုံးရှိသည်။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
ဒီပင်္ကရသနာမကောတိ၊ ကား။ ဒီပင်္ကရသနာမော၊ ဒီပင်္ကရာအမည်ရှိသော မြတ်စွာဘုရားသည်။
ဗဟူ ဇနေ တာရယတီတိ၊ ကား။ ဗဟူ၊ များစွာကုန်သော။ ဗုဒ္ဓဝေနေယျေ ဇနေ၊ ဘုရား ဆုံးမထိုက်သော လူအပေါင်းကို။ တာရေသိ၊ ကယ်တင်တော်မူပြီ။
ပရိမောစေတီတိ၊ ကား။ ပရိမောစေသိ၊ လွတ်မြောက်စေပြီ။
ဒုဂ္ဂတီတိ၊ ကား။ ဒုဂ္ဂတိတော၊ ဒုဂ္ဂတိဘဝမှ။
နိဿက္ကတ္ထေ၊ ပဉ္စမီအနက်၌။ ဥပယောဂဝစနံ၊ ဒုတိယာ ဝိဘတ်ရှိသောသဒ္ဒါတည်း။
ဣဒါနိ၊ ယခုအခါ၌။ တာရဏပရိမောစနကရဏာကာရဒဿနတ္ထံ၊ ကင်တင်ခြင်းလွတ်မြောက်စေခြင်းကို ပြုပုံအခြင်းအရာကို ပြခြင်းအကျိုးငှာ။ ''ဗောဓနေယျံ ဇန''န္တိ၊ ဟူသော။ ဂါထာ၊ ဂါထာကို။ ဝုတ္တာ၊ မိန့်အပ်ပြီ။
တတ္ထ၊ ထိုဂါထာ၌။ ဗောဓနေယျံ ဇနန္တိ၊ ကား။ ဗောဓနေယျံ၊ သစ္စာလေးပါးကို သိစေထိုက်သော။ ပဇံ၊ သတ္တဝါအပေါင်းကို။ ဝါ၊ တစ်နည်းသော်ကား။ အယမေဝ၊ ဤပါဌ်သည်သာလျှင်။ ပါဌော၊ ပါဌ်မှန်သည်။
ဟောတိ၊ ဖြစ်၏။ ဒိသွာတိ၊ ကား။ ဗုဒ္ဓစက္ခုနာ ဝါ၊ ဗုဒ္ဓစက္ခုဖြင့်၎င်း။ သမန္တစက္ခုနာ ဝါ၊ သမန္တစက္ခုဖြင့်၎င်း။ ဒိသွာ၊ မြင်၍။
သတသဟဿေပိ ယောဇနေတိ၊ ကား။ အနေကသတသဟဿေပိ၊ အသိန်းမက များစွာလည်းဖြစ်သော။ ယောဇနေ၊ ယူဇနာဝေးကွာသောအရပ်၌။
ပန၊ ဆက်ဦးအံ့? ဣဒံ၊ သတသသဟဿေပိ ယောဇနေ ဟူသော ဤပုဒ်ကို။ ဒသသဟဿိယံ ယေဝ၊ ယူဇနာတစ်သောင်း၌သာလျှင်။ သန္ဓာယ၊ ရည်ရွယ်၍။ ဝုတ္တာ၊ မိန့်အပ်ပြီ။ ဣတိ၊ သို့။ ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
ဒီပင်္ကရော၊ ဒီပင်္ကရာအမည်တော်ရှိသော။ သတ္ထာ၊ သဗ္ဗညုတမြတ်စွာဘုရားသည်။ ဗုဒ္ဓတ္တံ၊ ဘုရားအဖြစ်သို့။ ပတွာ၊ ရောက်၍။ ဗောဓိမူလေ၊ ဗောဓိပင်ရင်း၌။ သတ္တသတ္တာဟံ၊ လေးဆယ့်ကိုးရက်ကို။ ဝီတိနာမေတွာ၊ လွန်စေ၍။ အဋ္ဌမေ၊ ရှစ်ခုမြောက်သော။ သတ္တာဟေ၊ သတ္တာဟ၌။ မဟာဗြဟ္မုနော၊ မဟာဗြဟ္မာ၏။ ဓမ္မဇ္ဈေသနံ၊ တရားဟောဖို့ရန် တိုက်တွန်းတောင်းပန်ခြင်းကို။ ပဋိညာယ၊ ဝန်ခံခြင်းဖြင့်။ ဝါ၊ ဝန်ခံသဖြင့်။ သုနန္ဒာရာမေ၊ သုနန္ဒာရုံကျောင်းတိုက်၌။ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို။ ပဝတ္တေတွာ၊ ဟောကြားတော်မူပြီး၍။ ကောဋိသတံ၊ ကုဋေတစ်ရာသော။ ဒေဝမနုဿာနံ၊ နတ်လူတို့အား။ ဓမ္မာမတံ၊ တရားတည်းဟူသော အမြိုက်ရေစင်ကို။ ပါယေသိ၊ တိုက်ကျွေးတော်မူပြီ။
အယံ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား။ ပဌမော၊ ရှေးဦးစွာသော။ အဘိသမယာ၊ သစ္စာလေးပါးကို သိမြင်ခြင်းသည်။ အသိ၊ ဖြစ်ပြီ။
အထ၊ ထိုအခါ၌။ သတ္ထာ၊ မြတ်စွာဘုရားသည်။ အတ္တနော၊ မိမိ၏။ သမဝဋ္ဋက္ခန္ဓဿ၊ အညီအမျှ လုံးသော ပခုံးရှိသော။ ဥသဘက္ခန္ဓဿ၊ နွားလားဥသဘကဲ့သို့သော ပခုံးရှိသော။ ပုတ္တဿ နာမ၊ သားအား။ ဉာဏပရိပါကံ၊ အရဟတ္တဖိုလ်ဉာဏ်၏ ရင့်ကျက်ခြင်းကို။ ဉတွာ၊ သိ၍။ တံ အတြဇံ၊ ထိုမိမိမှဖြစ်သော သားကို။ ပမုခံ၊ အကြီးအမှူးအဦးကို။ ကတွာ၊ ပြု၍။ ရာဟုလောဝါဒသဒိသံ၊ ရာဟုလောဝါဒသုတ္တန်နှင့် တူသော။ ဓမ္မံ၊ တရားကို။ ဒေသေတွာ၊ ဟောကြားတော်မူ၍။ ဒေဝမနုဿနံ၊ နတ်လူတို့၏။ နဝုတိကောဋိယော၊ ကုဋေကိုးဆယ်တို့ကို။ ဓမ္မာမကံ၊ တရားတည်းဟူသော အမြိုက်ရေစင်ကို။ ပါယေသိ၊ တိုက်ကျွေးတောမူပြီ။
အယံ၊ ဤသည်ကား။ ဒုတိယော၊ နှစ်ကြိမ်မြောက်သော။ အဘိသမယော၊ သစ္စာလေးပါးကို သိခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။
ပန၊ တစ်ဖန်။ ဘဂဝ၊ ဒီပင်္ကရာ ဘုရားမြတ်စွာသည်။ အမရဝတီနဂရဒွါရေ၊ အမရဝတီမြို့ တံခါး၌။ မဟာသိရီသရုက္ခမူလေ၊ ကုက္ကိုပင်ကြီး၏အရင်း၌။ မဟာဇနဿ၊ များစွာသောင်းပြောင်း လူအပေါင်းအား။ ဗန္ဓနာမောက္ခံ၊ ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်ခြင်းကို။ ကတွာ၊ ပြု၍။ ဒေဝဂဏပရိဝုတော၊ နတ် ဗြဟ္မာအပေါင်းသည် ခြံရံအပ်သည်။ ဟုတွာ၊ ဖြစ်၍။ ဒိဝသကရာတိရေကဇုတိဝိသရဘဝနေ၊ နေမင်း၏ လွန်ကဲသော အရောင်အပေါင်းဖြင့် ဖြစ်ခြင်းတည်းဟူသော။ တာဝတိံသဘဝနေ၊ တာဝတိံသာဘုံ၌။ ပါရိစ္ဆတ္တကမူလေ၊ ပင်လယ်ကသစ်ပင်ရင်း၌။ ပရမသီတလေ၊ အလွန်အေးသော။ ပဏ္ဍုကမ္ဗလသိလာတလေ၊ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာအပြင်၌။ နိသီဒိတွာ၊ နေတော်မူ၍။ သဗ္ဗဒေဝဂဏပီတိသဉ္ဇနနိံ၊ အလုံးစုံသော နတ်ဗြဟ္မာ အပေါင်းအား နှစ်သက်ခြင်းပီတိကို ဖြစ်စေတတ်သော။ အတ္တနော၊ မိမိ၏။ ဇနနိံ၊ အမိရင်းဖြစ်သော။ သုမေဓာဒေဝိံ၊ သုမေဓာမိဖုရားကို။ ပမုခံ၊ အကြီးအမှူး အဦးအစကို။ ကတွာ၊ ပြု၍။ သဗ္ဗလောကဝိဒိတဝိသုဒ္ဓိဒေဝေါ၊ အလုံးစုံသော လောကသည် သိစေအပ် သော ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော။ ဒေဝဒေဝေါ၊ နတ်တို့၏နတ် ဖြစ်တော်မူသော။ ဝ၊ သမ္မုတိနတ် ဥပပတ္တိနတ် ဝိသုဒ္ဓိနတ်တို့ထက်ထူးမြတ်တော်မူသော။ ဒီပင်္ကရော၊ ဒီပင်္ကရာ အမည်တော်ရှိသော။ ဘဂဝါ၊ ဘုရားရှင်သည်။ သဗ္ဗသတ္တဟိတကရံ၊ အလုံးစုံသော သတ္တဝါတို့၏ အစီးအပွားကို ပြုတော်မူတတ်သော။ ပရမာတိရေကဂမ္ဘီရသုခုမံ၊ လွန်မြတ်သော ပိုမိုသော နက်နဲသော နူးညံ့သိမ် မွေ့သေးငယ်သော။ ဗုဒ္ဓိဝိသဒကရံ၊ အသိဉာဏ် ဉာဏ်ပညာ၏ သန့်ရှင်းခြင်းကို ပြုတတ်သော။ သတ္တပ္ပကရဏံ၊ ခုနစ်ကျမ်းသော။ အဘိဓမ္မပိဋကံ၊ အဘိဓမ္မပိဋကတ်ကို။ ဒေသေတွာ၊ ဟောကြားတော်မူပြီး၍။ နဝုတိဒေဝကောဋိသဟဿာနံ၊ ကုဋေကိုသောင်းသော နတ်ဗြဟ္မာတို့အား။ ဓမ္မာမတံ၊ တရားတည်းဟူသော အမြိုက်ရေစင်ကို။ ပါယေသိ၊ တိုက်ကျွေးတော်မူပြီ။
အယံ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား။ တတိယော၊ သုံးကြိမ်မြောက်သော။ အဘိသမယော၊ သစ္စာလေးပါးကို သိမြင်ဖြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။
တေန၊ ထို့ကြောင့်။ ''ပဌမာဘိသမယေ ။ပ။ အဟူ''တိ၊ ဟူ၍။ ပါဠိယံ၊ ပါဠိတော်၌ (ထည့်)။ ဝုတ္တံ၊ မိန့်အပ်ပြီ။
ဗုဒ္ဓေါ၊ ဒီပင်္ကရာမြတ်စွာဘုရားသည်။ ပဌမာဘိသမယေ၊ ရှေးဦးစွာ သစ္စာလေးပါးကို သိစေတော်မူရာ အခါ၌။ ကောဋိသတံ၊ ကုဋေတစ်ရာသော လူ နတ် ဗြဟ္မာအပေါင်းကို။ ဗောဓယိ၊ သိစေတော်မူပြီ။ နာထော၊ မြတ်စွာဘုရားသည်။ ဒုတိယာဘိသမယေ၊ နှစ်ကြိမ်မြောက် သစ္စာလေးပါးကို သိစေတော်မူရာအခါ၌။ နဝုတိကောဋိံ၊ ကုဋေကိုးဆယ်သော လူ နတ် ဗြဟ္မာအပေါင်းကို။ ဗောဓယိ၊ သိစေတော်မူပြီ။
ယဒါ၊ အကြင်အခါ၌။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဒေဝဘဝနမှိ၊ တာဝတိံသာနတ်ပြည်၌။ ဓမ္မံ၊ အဘိဓမ္မာတရားကို။ ဒေသယိ၊ ဟောတော်မူပြီ။ တဒါပိ၊ ထိုအခါ၌လည်း။ နဝုတိကောဋိသဟဿာနံ၊ ကုဋေကိုးသောင်းသော နတ် ဗြဟ္မာတို့၏။ တတိယာဘိသမယော၊ သုံးကြိမ်မြောက် သစ္စာလေးပါးကို သိခြင်းသည်။ အဟု၊ ဖြစ်ပြီ။
ပန၊ ဆက်ဦးအံ့။ ဒီပင်္ကရဿ၊ ဒီပင်္ကရာအမည်တော်ရှိသော။ ဘဂဝါ၊ မြတ်စွာဘုရား၏။ တယော၊ သုံးကြိမ်ကုန်သော။ သာဝကသန္နိပါတာ၊ သာဝကတို့၏ အညီအညွတ်ကောင်းစွာကျရောက်ခြင်းတို့သည်။ ဝါ၊ သာဝကအစည်းအဝေးတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
တတ္ထ၊ ထိုအစည်းအဝေး၌။ သုနန္ဒာရာမေ၊ သုနန္ဒာကျောင်းတိုက်၌။ ကောဋိသတသဟဿာနံ၊ ကုဋေတစ်သိန်းတို့၏။ ပဌမော၊ ရှေးဦးစွာသော။ သန္နိပါတော၊ အစည်းအဝေးသည်။ အဟောသိ၊ ဖြစ်ပြီ။
တေန၊ ထို့ကြောင့်။ ''သန္နိပါတာ ။ပ။ သမာဂမော''တိ၊ ဟူ၍။ ပါဠိယံ၊ ပါဠိတော်၌ (ထည့်)။ ဝုတ္တံ၊ မိန့်အပ်ပြီ။
ဒီပင်္ကရဿ၊ ဒီပင်္ကရာအမည်တော်ရှိ​သော။ သတ္ထုနော၊ မြတ်စွာဘုရား၏။ တယော၊ သုံးကြိမ်ကုန်သော။ သန္နိပါတာ၊ တပည့်သာဝက အစည်းအဝေးတို့သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။ ပဌမော၊ ရှေးဦးစွာသော အစည်းအဝေးသည်။ ကောဋိသတသဟဿာနံ၊ ကုဋေတစ်သိန်းသော တပည့်သာဝကတို့၏။ သမာဂမော၊ အစည်းအဝေးသည်။ အာသိ၊ ဖြစ်ပြီ။
အထ၊ ထို့နောင်မှ။ အပရေန၊ တစ်ပါးသော။ သမယေန၊ အခါ၌။ ဒသဗလော၊ ဒီပင်္ကရာမြတ်စွာဘုရားသည်။ စတူဟိ ဘိက္ခုသတသဟဿေဟိ၊ ရဟန်းတော်လေးသိန်းတို့သည်။ ပရိဝုတော၊ ခြံရံအပ်သည်။ ဟုတွာ၊ ဖြစ်၍ (ထည့်)။ ဂါမနိဂမနဂရပဋိပါဋိယာ၊ ရွာ နိဂုံး မြို့အစဉ်အားဖြင့်။ မဟာဇနာနုဂ္ဂဟံ၊ များစွာသောင်းပြောင်း လူအပေါင်းကိုသည် ပြုအပ်သော ပူဇော်သက္ကာရရှိသော။ သဗ္ဗလောကဝိဿုတံ၊ ဘီလူးတို့သည် သိမ်းပိုက်အပ်သော။ အတိဘယာနကံ၊ အလွန်ကြောက်စရာကောင်းသော။ ဩလမ္ဗာမ္ဗုဓရပရိစုမ္ဗိတကူဋံ၊ တွဲရရွဲကျသော မိုးတိမ်တို့သည် နမ်းစုဆတ်အပ်သော အထွဋ်ရှိသော။ ဝိဝိဓသုရဘိတရုကုသုမဝါသိတကူဋံ၊ အထူးထူးပြားပြားရှိသော ကောင်းသောရနံ့ရှိသော သစ်ပင်ပန်းတို့ဖြင့် ထုံအပ်သော အထွဋ်ရှိသော။ နာနာမိဂဂဏဝိစရိတကူဋံ၊ အမျိုးမျိုးသော သားကောင်းအပေါင်းတို့သည် လှည့်လည်သွားလာရာ အထွဋ်ရှိသော။ နာရဒကူဋံ နာမ၊ နာရဒကူဋအမည်ရှိသော။ ပရမရမဏီယံ၊ အလွန်မွေ့လျော်ဖွယ်ကောင်းသော။ ပဗ္ဗတံ၊ တောင်သို့။ ပါပုဏိ၊ ကောင်းစွာရောက်ပြီ။
သော ပဗ္ဗတော၊ ထိုတောင်သည်။ ဝါ၊ သည်။ နာရဒေန နာမ၊ နာရဒ အမည်ရှိသော။ ယက္ခေန၊ ဘီလူးသည်။ ပရိဂ္ဂဟိတော၊ ထက်ဝန်းကျင်မှ သိမ်းပိုက်အပ်သည်။ ဝါ၊ သိမ်းဆည်းအပ်သည်။ အဟောတိ ကိရ၊ ဖြစ်သတတ်။
ပန၊ ဆက်ဦးအံ့။ တတ္ထ၊ ထိုနာရဒကူဋတောင်၌။ တဿ ယက္ခဿ၊ ထိုနာရဒဘီလူးအား။ အနုသံဝစ္ဆရံ၊ နှစ်စဉ်နှစ်တိုင်း။ မဟာဇနော၊ လူများအပေါင်းသည်။ မနုဿဗလိံ၊ လူအပေါင်း၏ ပူဇော်ခြင်းကို။ ဝါ၊ လူအပေါင်း၏ ဗလိနတ်စာကျွေးခြင်းကို။ ဥပသံဟရတိ၊ အနီးသို့ဆောင်၏။ ဝါ၊ ကပ်၍ဆောင်၏။ ဝါ၊ ရှေးရှုဆောင်၏။
အထ၊ ထိုအခါ၌။ ဒီပင်္ကရော၊ သော။ ဘဂဝါ၊ သည်။ တဿ မဟာဇနဿ၊ ထိုများစွာသောလူအပေါင်း၏။ ဥပနိဿယသမ္ပတ္တိံ၊ မဂ်ဖိုလ်ကိုရခြင်း၏ အားကြီးသော မှီရာအကြောင်း၏ ပြည့်စုံခြင်းကို။ ဒိတွာ၊ မြင်၍။ တတော၊ ထိုအခါမှ။ ပဋ္ဌာယ၊ စ၍ (ထည့်)။ ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။ စာတုဒ္ဒိသံ၊ အရပ်လေးမျက်နှာသို့။ ပေသေတွာ၊ စေလွှတ်ပြီး၍။ အဒုတိယာ၊ မိမိမှထောက် နှစ်ယောက်မြောက်မရှိသည်။ အသဟယော၊ အဖော်မရှိသည်။ ဟုတွာ၊ ဖြစ်၍။ မဟာကရုဏာဗလဝသင်္ဂတဟဒယော၊ မဟာကရုဏာတော်အား အားကြီးသော ပေါင်းစပ်စုရုံးအပ်သော နှလုံးရှိတော်မူသည်ဖြစ်၍။ တဉ္စယက္ခံ၊ ထိုနာရဒဘီလူးကိုလည်း။ ဝိနေတုံ၊ ဆုံးမခြင်းငှာ။ တံ နာရဒပဗ္ဗတံ၊ ထိုနာရဒတောင်ကို။ အဘိရုဟိ ကိရ၊ တက်တော်မူသတတ်။
အထ၊ ထိုအခါ၌။ မနုဿဘက္ခော၊ လူသားကို စားသော။ သကဟိတနိရပေက္ခော၊ မိမိအစီးအပွားမှ ငဲ့ကွက်ခြင်းမရှိသော။ ပရဝဓဒက္ခာ၊ သူတစ်ပါးကို ညှဉ်းဆဲသတ်ဖြတ်ခြင်းငှာ ကျွမ်းကျင်သော။ ယက္ခော၊ နာရဒဘီလူးသည်။ မက္ခံ၊ အမျက်ဒေါသကို။ အသဟမာနော၊ သည်းမခံနိုင်သည်ဖြစ်၍။ ကောဓပရေတမာနသော၊ အမျက်ဒေါသသည် နှိပ်စက်အပ်သော စိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဒသဗလံ၊ ဒီပင်္ကရာမြတ်စွာဘုရားကို။ ဘိံသာပေတွာ၊ ကြောက်လန့်စေ၍။ ပလာပေတုကာမော၊ ပြေးစေလိုသည်။ ဟုတွာ၊ ဖြစ်၍။ တံ ပဗ္ဗတံ၊ ထိုနာရဒကူဋတောင်ကို။ စာလေသိ၊ လှုပ်ပြီ။
သော ပဗ္ဗတော၊ ထိုနာရဒကူဋတောင်သည်။ တေန၊ ထိုနာရဒဘီလူးသည်။ စာလိယမာနော၊ လှုပ်အပ်သည်ရှိသော်။ ဘဂဝတော၊ ဒီပင်္ကရာမြတ်စွာဘုရား၏။ အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်ကြောင့်။ တဿေဝ၊ ထိုနာရဒဘီလူး၏သာလျှင်။ မတ္ထကေ၊ ထိပ်၌။ ပတမာနော ဝိယ၊ ကျသကဲ့သို့။ အဟောသိ ကိရ၊ ဖြစ်သတတ်။
တတော၊ ထို့နောင်မှ။ သော၊ ထိုနာရဒဘီလူးသည်။ ဘီတော၊ ကြောက်သည် ဖြစ်၍။
''ဟန္ဒ၊ ယခု။ ဝါ၊ ကဲကွာ။ နံ၊ ထိုဒီပင်္ကရာ မြတ်စွာဘုရားကို။ အဂ္ဂိနာ၊ မီးဖြင့်။ ဈာပေဿာမိ၊ လောင်မြိုက်လအံ့''။ ဣတိ၊ ဤသို့။ မဟန္တံ၊ ကြီးစွာသော။ အတိဘီမဒဿနံ၊ အလွန်ကြောက်မက်ဖွယ်ရှာမြင်အပ်သော။ အဂ္ဂိက္ခန္ဓံ၊ မီးပုံကြီးကို။ နိဗ္ဗတ္တေသိ၊ ဖြစ်စေပြီ။
သောအဂ္ဂိက္ခန္ဓော၊ ထိုမီးပုံကြီးသည်။ ဝါ၊ ကို။ ပဋိဝါတေ၊ လေညာ၌။ ခိတ္တော ဝိယ၊ ပစ်အပ်သကဲ့သို့။ အတ္တနောဝ၊ မိမိ၏သာလျှင်။ ဒုက္ခံ၊ ကိုယ်စိတ်ဆင်းရဲခြင်းကို။ ဇနေသိ၊ ဖြစ်စေပြီ။ ပန၊ ဗျတိရိတ်ကို ဆိုဦးအံ့။ ဘဂဝတော၊ ဒီပင်္ကရာမြတ်စွာဘုရား၏။ စီဝရေ၊ သင်္ကန်းတို့ကို။ အံသုမတ္တမ္ပိ၊ ချည်မျှင်မျှကိုလည်း။ ဒဍ္ဎံ၊ မီးလောင်ခြင်းငှာ။ သမတ္တော၊ စွမ်းနိုင်သည်။ န ဟောတိ၊ မဖြစ်။
ယက္ခေါ ပန၊ နာရဒဘီလူးသည်ကား။ ''သမဏော၊ ရှင်ရဟန်းသည်။ ဒဍ္ဎော၊ မီးလောင်လေသလော။ န ဒဍ္ဎော၊ မီးမလောင်လေသလော''။ ဣတိ၊ ဤသို့။ ဩလောကေန္တော၊ ကြည့်လတ်သော်။ ဒသဗလံ၊ ဒီပင်္ကရာမြတ်စွာဘုရားကို။ သရဒသမယဝိမလကရနိကရံ၊ တန်ဆောင်မုန်းလအခါ၌ အညစ်အကြေးကင်းသော အရောင်အပေါင်းရှိသော။ သဗ္ဗဇနရတိကရံ၊ အလုံးစုံသော လူအပေါင်းတို့အား နှစ်သက် မွေ့လျော်ခြင်းကိုပြုတတ်သော။ ရဇနိကရမိဝ၊ လမင်းကဲ့သို့။ သီတလဇလတလဂတကမလကဏ္ဏိကာယ၊ အေးသောရေပြင်သို့ရောက်သော ကြာအချက်၌။ နိသိန္နံ ဝိယ၊ ထိုင်သကဲ့သို့သော။ ဘဂဝန္တံ၊ ဒီပင်္ကရာမြတ်စွာဘုရားကို။ ဒိသွာ၊ မြင်၍။
အယံ သမဏော၊ ဤရဟန်းသည်။ အဟော၊ ဪ. . .အံ့ဩဖွယ်ရှိစွ။ မဟာနုဘာဝေါ၊ ကြီးသော တန်ခိုးရှိန်စော် အာနုဘော် ရှိ၏။ အဟံ၊ ငါသည်။ ဣမဿ၊ ဤရဟန်းအား။ ယံ ယံ အနတ္ထံ၊ အကြင် အကြင်အကျိုးမဲ့ပျက်စီးခြငသ်းကို။ ကရောမိ၊ ပြု၏။ သော သော၊ ထိုထိုအကျိုးမဲ့ ပျက်စီးခြင်းသည်။ မမ၊ ငါ၏။ ဥပရိယေဝ၊ အထက်၌သာလျှင်။ ဝါ၊ အပေါ်၌ သာလျှင်။ ပတတိ၊ ကျရောက်၏။ ဣမံ ပန သမဏံ၊ ဤရဟန်းကိုကား။ မုဉ္စိတွာ၊ လွှတ်၍။ အညံ၊ အခြားသော။ မေ၊ ငါ၏။ ပဋိသရဏံ၊ ကိုးကွယ်ရာသည်။ ပရာယနံ၊ လဲလျောင်းရာသည်။ နတ္ထိ၊ မရှိ။ ပထဝိယံ၊ မြေ၌။ ဥပက္ခလိတာ၊ ချော်ချွတ်သည်ဖြစ်၍။ ပထဝိံယေဝ၊ မြေကိုသာလျှင်။ နိဿာယ၊ မှီ၍။ ဥဋ္ဌဟန္တိ၊ ထကုန်၏။ ဟန္ဒ၊ ယခု။ အဟံ၊ ငါသည်။ ဣမံယေဝ သမဏံ၊ ဤရဟန်းကိုသာလျှင်။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝါ၊ ကိုးကွယ်ခြင်းသို့။ ဂမိဿာမိ၊ ရောက်တော့အံ့''။ ဣတိ၊ ဤသို့။ စိန္တေသိ၊ ကြံစည်ပြီ။
ပန၊ ဆက်ဦးအံ့။ အထ၊ ထိုအခါ၌။ ဧဝံ၊ ဤသို့လျှင်။ သော၊ ထိုနာရဒဘီလူးသည်။ စိန္တေတွ၊ ကြံစည်ပြီး၍။ ဘဂဝတော၊ ဒီပင်္ကရာမြတ်စွာဘုရား၏။ စက္ကာလင်္ကတတလေသု၊ စက်လက္ခဏာတော်ဖြင့် တန်ဆာဆင်အပ်သော အပြင်ရှိကုန်သော။ ပါဒေသု၊ ခြေတို့၌။ သိရသာ၊ ဦးခေါင်းဖြင့်။ နိပတိတွာ၊ ဝပ်စင်း၍။
''ဘန္တေ၊ အရှင်ဘုရား။ အစ္စယော၊ အပြစ်သည်။ မံ၊ တပည့်တော်ကို။ အစ္စာဂမာ၊ လွှမ်းမိုး၍လာပါပြီ''။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ဘဂဝန္တံ၊ ဒီပင်္ကရာမြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ခြင်းသို့။ အဂမာသိ၊ ရောက်ပါပြီ။
အထ၊ ထိုအခါ၌။ အဿ၊ ထိုနာရဒဘီလူးအား။ အနုပုဗ္ဗိကထံ၊ အစဉ်ဖြစ်သော တရားစကားကို။ ကထေသိ၊ ဟောကြားတော်မူပြီ။
သော၊ ထိုနာရဒဘီလူးသည်။ ဒေသနာပရိယောသာနေ၊ တရားဒေသနာတော်၏အဆုံး၌။ ဒသဟိ ယက္ခသဟဿေဟိ၊ ဘီလူးတစ်သောင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ သောတာပတ္တိဖလေ၊ သောတာပတ္တိဖိုလ်၌။ ပတိဋ္ဌဟိ၊ တည်ပြီ။
တသ္မိံ ဒိဝသေ၊ ထိုနေ့၌။ သကလဇမ္ဗုဒီပတလဝါသိနော၊ အလုံးစုံသော ဇမ္ဗူဒိပ်အပြင်၌ နေလေ့ရှိကုန်သော။ မနုဿာ၊ လူတို့သည်။ တဿ၊ ထိုနာရဒဘီလူးအား။ ဗလိကမ္မတ္ထံ၊ ပူဇော်ပသခြင်းအကျိုးငှာ။ ဧကေကဂါမတော၊ တစ်ခုတစ်ခုသော ရွာမှ။ ဧကေကံ၊ တစ်ယောက်တစ်ယောက်သော။ ပုရိသံ၊ ယောကျ်ားကို။ အာဟရိံသု ကိရ၊ ဆောင်ကြကုန်ပြီတဲ့။
အညဉ္စ၊ အခြားလည်းဖြစ်သော။ ဗဟုတိလတဏ္ဍုလကုတ္ထမုဂ္ဂမာသာဒိဉ္စ၊ များစွာသော နှမ်း ဆန် ပဲပိစပ် ပဲနောက် မတ်ပဲအစရှိသည်ကို၎င်း။ သပ္ပိနဝနီတတေလမဓုဖာဏိတာဒိဉ္စ၊ ထောပတ် ဆီဦး ဆီ ပျား တင်လဲ အစရှိသည်ကို၎င်း။ အာဟရိံသု၊ ဆောင်ကြကုန်ပြီ။
အထ၊ ထိုအခါ၌။ သော ယက္ခော၊ ထိုနာရဒဘီလူးသည်။ တံ ဒိဝသံ၊ ထိုနေ့၌။ အာဘတတဏ္ဍုလာဒိကံ၊ ဆောင်အပ်သော ဆန်အစရှိသော။ သဗ္ဗံ၊ အလုံးစုံကို။ တေသံယေဝ၊ ထိုဘုရားအမှူးရှိသော ရဟန်းသံဃာတို့အားသာလျှင်။ ဒတွာ၊ ပေးလှူ၍။ ဗလိကမ္မတ္ထာယ၊ ပူဇော်ပသခြင်းအကျိုးငှာ။ တေ အာနီတမနုဿေ၊ ထိုဆောင်အပ်သော လူတို့ကို။ ဒသဗလဿ၊ ဒီပင်္ကရာမြတ်စွာဘုရားအား။ နိယျာတေသိ၊ အပ်နှင်းပြီ။ ဝါ၊ ဆောင်နှင်းပြီ။
အထ၊ ထိုအခါ၌။ သတ္ထာ၊ ဒီပက်ရာမြတ်စွာဘုရားသည်။ တေ မနုဿေ၊ ထိုဆောင်ခဲ့သော လူတို့ကို။ ဧဟိဘိက္ခုပဗ္ဗဇ္ဇာယ၊ ဧဟိဘိက္ခုရဟန်းအဖြစ်ဖြင့်။ ပဗ္ဗာဇေတွာ၊ ရဟန်းပြုစေ၍။ အန္တောသတ္တာဟေယေဝ၊ ခုနစ်ရက်အတွင်း၌သာလျှင်။ သဗ္ဗေ၊ အလုံးစုံကုန်သော ရဟန်းတို့ကို။ အရဟတ္တေ၊ အရဟတ္တဖိုလ်၌။ ပတိဋ္ဌာပေတွာ၊ တည်စေ၍။ မာဃပုဏ္ဏမာယ၊ တပို့တွဲလပြည့်နေ့၌။ ကောဋိသတဘိက္ခုမဇ္ဈဂတော၊ ကုဋေတစ်ရာသော ရဟန်းတို့၏ အလယ်သို့ ‌ရောက်သည်ဖြစ်၍။ စတုရင်္ဂသမန္နာဂတေ၊ အင်္ဂါလေးပါးနှင့်ပြည့်စုံသော။ သန္နိပါတေ၊ အစည်းအဝေး၌။ ပါတိမောက္ခံ၊ ပါတိမောက်ကို။
ဥဒ္ဒိသိ၊ ပြတော်မူ၏။ စတုရင်္ဂါနိ၊ အင်္ဂါလေးပါးတို့မည်သည်။ သဗ္ဗေဝ၊ အလုံးစုံသော ရဟန်းတို့သည်သာလျှင်။ ဧဟိဘိက္ခူ စ၊ ဧဟိဘိက္ခုတို့သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော ရဟန်းတို့သည်။ ဆဠဘိညာ စ၊ အဘိညာဉ်ခြောက်ပါးရှိကုန်သည်လည်း။ ဝါ၊ အဘိညာဉ် ခြောက်ပါးကို ရကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ သဗ္ဗေ၊ တို့သည်။ အနာမန္တိတာဝ စ၊ မပင့်ဖိတ်အပ်ကုန်သည်သာလျှင်ဖြစ်၍လည်း။ အာဂတာ၊ လာကုန်၏။ ပန္နရသူပေါသထဒိဝသော စ၊ ပန္နရသီဥပုသ်နေ့ ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏ (ထည့်)။ ဣတိ၊ သို့။ စတ္တာရိ၊ လေးပါးကုန်သော။ ဣမာနိ အင်္ဂါနိ နာမ၊ ဤအင်္ဂါတို့မည်ကုန်၏။
အယံ၊ ဤဆို အပ်ခဲ့ပြီးသည်ကား။ ဒုတိယော၊ နှစ်ကြိမ်မြောက်သော။ သန္နိပါတော၊ အစည်းအဝေးသည်။ အဟောသိ၊ ဖြစ်ပြီ။
တေန၊ ထို့ကြောင့်။ ''ပန နာရဒကူဋိမှိ ။ပ။ သတကောဋိယော''တိ၊ ဟူ၍။ ပါဠိယံ၊ ပါဠိတော်၌ (ထည့်)။ ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။
ဇိ‌နေ၊ ဒီပင်္ကရာမြတ်စွာဘုရားသည်။ နာရဒကူဋမှိ၊ နာရဒကူဋတောင်၌။ ပဝိဝေကဂတေ၊ ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်တော်မူသည်ရှိသော်။ ဝီတမလာ၊ ကိလသာအညစ်အကြေးကင်းကုန်သော။ ခီဏာသဝါ၊ ရဟန္တာကုဋေတစ်ရာတို့သည်။ ပုန၊ တစ်ဖန်။ သမိံသု၊ စည်းဝေးကုန်ပြီ။
တတ္ထ တိဿံ ဂါထာယံ၊ ၌။ ပတီဝေကဂတေတိ၊ ကား။ ဂဏံ၊ ဂုဏ်းအပေါင်းအဖော်ကို။ ပဟာယ၊ ပယ်စွန့်၍။ ဂတေ၊ ရောက်လတ်သော်။
သမိံသူတိ၊ ကား။ သန္နိပတိံသု၊ စည်းဝေးကုန်ပြီ။
ယဒါ ပန၊ အကြင်အခါ၌။ ဒီပင်္ကရော၊ ဒီပင်္ကရာအမည်ရှိသော။ လောကနာယကော၊ မြတ်စွာဘုရားသည်။ သုဒဿနနာမကေ၊ သုဒဿနာအမည်ရှိသော။ ပဗ္ဗတေ၊ တောင်၌။ ဝဿဝါသံ၊ မိုးလပတ်လုံး။ ဥပဂဉ္ဆိ၊ ကပ်ရောက်ပြီ။ တစ်နည်းဝဿာဝါသမုပဂဉ္ဆိ၊ ဝါကပ်ပြီ။ တဒါ၊ ထိုအခါ၌။ ဇမ္ဗုဒီပဝါသိနော၊ သော။ မနုဿာ၊ တို့သည်။ အနုသံဝစ္ဆရံ၊ နှစ်စဉ်နှစ်တိုင်း။ ဂိရဂ္ဂသမဇ္ဇံ၊ တော်ထိပ်နက္ခတ်ပွဲသဘင်ကို။ ကရောန္တိ ကိရ၊ ပြုကြကုန်သတတ်။
တသ္မိံ သမဇ္ဇေ၊ ထိုနက္ခတ်ပွဲသဘင်၌။ သန္နိပတိတာ၊ အညီအညွတ်ကောင်းစွာကျရောက်ကြကုန်သော။ ဝါ၊ စည်းဝေးကုန်သော။ မနုဿာ၊ လူတို့သည်။ ဒသဗလံ၊ မြတ်စွာဘုရားကို။ ဒိသွာ၊ မြင်၍။ ဓမ္မကထံ၊ တရားစကားကို။ သုတွာ၊ ကြား၍။ တတ္ထ၊ ထိုတရားစကား၌။ ပသီဒိတွာ၊ ကြည်ညို၍။ ပဗ္ဗဇိံသု၊ ရဟန်းပြုကြကုန်ပြီ။
မဟာပဝါရဏဒိဝသေ၊ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌။ သတ္ထာ၊ ဘုရားရှင်သည်။ တေသံ၊ ထိုရဟန်းတို့၏။ အဇ္ဈာသယာနုကူလံ၊ အလိုအဇ္ဈာသယအားလျော်သော။ ဝိပဿနာကထံ၊ ဝိပဿနာကမ္မဠာန်းတရားကို။ ကထေသိ၊ ဟောကြားတော်မူပြီ။
တံ၊ ထိုဝိပဿနာကမ္မဠာန်းတရားကို။ သုတွာ၊ ကြား၍။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ၊ ထိုရဟန်းတော်တို့သည်။ သင်္ခါရေ၊ သင်္ခါရတရားတို့ကို။ သမ္မသိတွာ၊ သုံးသပ်၍။ ဝိပဿနာနုပုဗ္ဗေန စ၊ ဝိပဿနာအစဉ်အားဖြင့်၎င်း။ မဂ္ဂါနုပုဗ္ဗေန စ၊ မဂ်အစဉ်အားဖြင့်၎င်း။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ ပါပုဏိံသု၊ ရောက်ကြကုန်ပြီ။
အထ၊ ထိုအခါ၌။ သတ္ထာ၊ မြတ်စွာဘုရားသည်။ နဝုတိကောဋိသဟဿေဟိ၊ ကုဋေကိုးသောင်းတို့နှင့်။ သဒ္ဓိံ၊ တကွ။ ပဝါရေသိ၊ ပဝါရဏာပြုတော်မူပြီ။
အယံ၊ ဤသည်ကား။ တတိယော၊ သုံးကြိမ်မြောက်သော။ သန္နိပါတော၊ အစည်းအဝေးသည်။ အဟောသိ၊ ဖြစ်ပြီ။
တေန၊ ထို့ကြောင့်။ ''ယမှိ ကာလေ ။ပ။ ပါရဂူ''တိ၊ ဟူ၍။ ပါဠိယံ၊ ၌ (ထည့်)။ ဝုတ္တံ၊ မိန့်အပ်ပြီ။
ယမှိ ကာလေ၊ အကြင်အခါ၌။ မဟာဝီရော၊ ကြီးသောလုံ့လရှိတော်မူသော။ မဟာမုနိ၊ မြတ်စွာဘုရားသည်။ သုဒဿနသိလုစ္စယေ၊ သုဒဿနကျောက်တောင်၌။ ဝဿံ၊ မိုးလပတ်လုံး။ ဥပဂဉ္ဆိ၊ ဝါဆိုတော်မူ၏။ တဒါ၊ ထိုအခါ၌ (ထည့်)။ မဟာမုနိ၊ မြတ်စွာဘုရားသည်။ နဝုတိကောဋိသဟဿေဟိ၊ ကုဋေကိုးသောင်းသော ရဟန္တာတို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ ပဝါရေသိ၊ ပဝါရဏာပြုတောမူပြီ။
ယေန သမယေန၊ အကြင်အခါ၌။ ဒီပင်္ကရော နာမ၊ ဒီပင်္ကရာမည်သော။ သတ္ထာ၊ မြတ်စွာဘုရားသည်။ ဥဒပါဒိ၊ ပွင့်တော်မူပြီ။ တေန သမယေန၊ ထိုဒီပင်္ကရာဘုရား ပွင့်တော်မူသောအခါ၌။ အဟံ၊ ငါဘုရားသည်။ ဥဂ္ဂတာပနော၊ ထက်သောသီလရှိသော။ ဝါ၊ ကျော်စောသော သီလရှိသော။ အန္တလိက္ခမှိ၊ ကောင်းကင်၌။ စရဏော၊ ဇော်ဂျီသဖွယ် ဂဠုန်ငယ်သို့ ပျံသွားနိုင်သော။ ပဉ္စာဘိညာသု- ပဉ္စာဘိညာနံ၊ အဘိညာဉ်ငါးပါးတို့၏။ ပါရဂူ၊ ဝသီအစဉ် ငါးပါးယှဉ်လျက် ဝဠဉ္ဇနအဝါးဝစွာ လေ့လာချက်ချက် ကမ်းတစ်ဘက်သို့ ရောက်သော။ ဇဋိလော၊ သုမေဓမည်သော ရသေ့သည်။ အဟောသိ၊ ဖြစ်ပြီ။
အယံ ဂါထာ၊ ဤဂါထာကို။ အဋ္ဌသာလိနိယာ၊ အဋ္ဌသာလိနီအမည်ရှိသော။ ဓမ္မသင်္ဂဟဋ္ဌကထာယ၊ ဓမ္မသင်္ဂဏီအဋ္ဌကထာ၏။ နိဒါနဝဏ္ဏနာယ၊ နိဒါန်းအဖွင့်၌။ ဒီပင်္ကရဗုဒ္ဓဝံသေ၊ ဒီပင်္ကရာဗုဒ္ဓဝံ၌။ လိခိတာ၊ ရေးအပ်ပြီ။
ပန၊ ထိုသို့ပင် ရေးအပ်ပါသော်လည်း။ ဣမသ္မိံ ဗုဒ္ဓဝံသေ၊ ဤဒီပက်ရာဗုဒ္ဓဝံ၌။ နတ္ထိ၊ မရှိ။
ပန၊ ဆက်ဦးအံ့။ အဿာ၊ ထိုဂါထာ၏။ နတ္ထိဘာဝေါယေဝ၊ မရှိသည်၏ဖြစ်သည်သာလျှင်။ ယတ္တတရော၊ သင့်၏။
ကသ္မာ၊ အဘယ့်ကြောင့်နည်း။ ဣတိ စေ၊ ဤသို့မေးငြားအံ့။
ဟေဋ္ဌာ၊ အောက်ဖြစ်သော။ သုမေဓကထာသု၊ သုမေဓကထာတို့၌။ ကထိတတ္တာ၊ ဆိုအပ်ပြီးသည်၏အဖြစ်ကြောင့်တည်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ဒီပင်္ကရေ၊ ဒီပင်္ကရာအမည်တော်ရှိသော။ ဘဂဝတိ၊ မြတ်စွာဘုရားသည်။ ဓမ္မံ၊ တရားကို။ ဒေသေသိံ၊ ဟောကြားတော်မူသည်ရှိသော်။ ဒသသဟဿာနဉ္စ၊ တစ်သောင်းသော ဝေနေယျတို့၏၎င်း။ ဝီသတိသဟဿာနဉ္စ၊ နှစ်သောင်းသော ဝေနေယျတို့၏၎င်း။ ဓမ္မာဘိသမယော၊ သစ္စာလေးပါးကို သိစေတော်မူရာအခါသည်။ အဟောသိယေဝ ကိရ၊ ဖြစ်သည်သာလျှင်တည်း။ ပန၊ ဆက်ဦးအံ့။
ဧကဿ၊ တစ်ယောက်သောသူအား၎င်း။ ဒွိန္နံ၊ နှစ်ယောက်သော သူအား၎င်း။ တိဏ္ဏံ၊ သုံးယောက်သောသူအား၎င်း။ စတုန္နံ၊ လေးယောက်သော သူအား၎င်း။ ဣတိအာဒိဝသေန စ၊ ဤသို့ အစရှိသည်၏အစွမ်းဖြင့်၎င်း။ အဘိသမယာနံ၊ သစ္စာလေးပါးကို ထိုးထွင်း၍ သိတော်မူရာအခါတို့၏။ အန္တော၊ အဆုံးအပိုင်းအခြားသည်။ နတ္ထိ၊ မရှိ။
တသ္မာ၊ ထို့ကြောင့်။ ဒီပင်္ကရဥ ဘဂဝတော၊ ဒီပင်္ကရာဘုရားရှင်၏။ သာသနံ၊ သာသနာတော်သည်။ ဝိတ္ထာရိကံ၊ ကျယ်ပျံ့သည်။ ဗာဟုဇညံ၊ လူအများနှင့်ယှဉ်သည်။ ဟောတိ၊ ဖြစ်၏။
တေန၊ ထို့ကြောင့်။ ''ဒသဝီသသဟဿာနံ ။ပ။ အသင်္ခိယာ’’တိ၊ ဟူ၍။ ပါဠိယံ၊ ပါဠိတော်၌ (ထည့်)။ ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။
ဒီပင်္ကရေ၊ ဒီပင်္ကရအမည်ရှိသော (ထည့်)။ ဘဂဝတိ၊ မြတ်စွာဘုရားသည် (ထည့်)။ ဓမ္မံ၊ တရားကို (ထည့်)။ ဒေသန္တေ၊ ဟောတော်မူအပ်သည် ရှိသော် (ထည့်)။ ဓသဝီသသဟဿာနံ၊ တစ်သောင်းသောသတ္တဝါ နှစ်သောင်းသောသတ္တဝါတို့၏။ ဓမ္မာဘိသမယော၊ သစ္စာလေးပါးတရားကို သိခြင်းသည်။ အဟု၊ ဖြစ်ပြီ။ ဧကဒွိန္နံ၊ တစ်ဦးစီ နှစ်ဦးစီသော သတ္တဝါတို့၏။ အဘိသမယာ၊ တရားကို ထိုးထွင်းသိခြင်းတို့သည်။ ဂဏနာတော၊ ဂဏန်းသင်္ချာအားဖြင့်။ အသင်္ခိယာ၊ မရေတွက်နိုင်ကုန်။
တတ္ထ၊ ၌။ ဒသဝီသသဟဿာနန္တိ၊ ကား။ ဒသသဟဿာနဉ္စ၊ တစ်သောင်းသောသတ္တဝါတို့၏၎င်း။ ဝီသတိသဟဿာနဉ္စ၊ နှစ်သောင်းသော သတ္တဝါတို့၏၎င်း။
ဓမ္မာဘိသမယောတိ၊ ကား။ စတုသစ္စဓမ္မပ္ပဋိဝေဓော၊ သစ္စာလေးပါးတရားကို ထိုးထွင်း၍သိခြင်းသည်။
ဧကဒွိန္နန္တိ၊ ကား။ ဧကဿ စေဝ၊ တစ်ဦးစီသော သတ္တဝါ၎င်း။ ဒွိန္နဉ္စ၊ နှစ်ဦးစီသောသတ္တဝါတို့အား၎င်း။ ဣတိ အာဒိနာ၊ ဤသို့အစရှိသော။ နယေန၊ နည်းဖြင့်။ အသင်္ချေယျာ၊ မရေတွက်နိုင်ကုန်။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
ဧဝံ၊ ဤသို့။ အသ‌င်္ချေယျာဘိသမယတ္တာ စ၊ မရေတွက်အပ် မရေတွက်နိုင်သော သစ္စာ လေးပါးတရားကို သိသည်၏အဖြစ်ကြောင့်လည်း။ ဝိတ္ထာရိကံ၊ ကျယ်ပြန့်၏။ မဟန္တပ္ပတ္တံ၊ ကြီးကျယ်များမြတ်သည်၏အဖြစ်သို့ရောက်၏။ ဗဟူ၊ များစွာကုန်သော။ ပဏ္ဍိတေဟိ၊ ပညာရှိကုန်သော။ ဒေဝမနုဿေဟိ၊ နတ်လူတို့သည်။ နိယျာနိကန္တိ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်၏ ဟူ၍။ ဇညံ- ဇာနိတဗ္ဗံ၊ သိအပ်၏။ အဓိသီလသိက္ခာဒီဟိ၊ အဓိသီလသိက္ခာအစရှိသည်တို့ဖြင့်။ ဖီတဉ္စ၊ ဝပြောသည်လည်း။ အဟောသိ၊ ဖြစ်ပြီ။
တေန၊ ထို့ကြောင့်။ ''ဝိတ္ထာရိကံ ။ပ။ သုဝိသောဓိတ''န္တိ၊ ဟူ၍။ ပါဠိယံ၊ ၌ (ထည့်)။ ဝုတ္တံ၊ ပြီ။
တဒါ၊ ထိုအခါ၌။ ဒီပင်္ကရဿ၊ ဒီပင်္ကရာအမည်တော်ရှိသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သုဝိသောဓိတံ၊ သန့်ရှင်းစင်ကြယ်သော။ သာသနံ၊ သာသနာတော်သည်။ ဝိတ္ထာရိကံ၊ ပြန့်နှံ့၏။ ဗာဟုဇညံ၊ လူသည်များ၏။ ဣဒ္ဓံ၊ ပြည့်စုံ၏။ ဖီတံ၊ စည်ကား၏။
တတ္ထ တဿံ ဂါထာယံ၊ ၌။ သုဝိသောဓိတန္တိ၊ ကား။ ဘဂဝတော၊ မြတ်စွာဘုရားသည်။ သုဋ္ဌု၊ ကောင်းစွာ။ သောဓိတံ၊ သုတ်သင်အပ်သည်ကို။ ဝိသုဒ္ဓံ၊ စင်ကြယ်သည်ကို။ ကတံ၊ ပြုအပ်ပြီ။
ဒီပင်္ကရံ၊ သော။ သတ္တာရံ၊ ကို။ သဗ္ဗကာလံ၊ အခါခပ်သိမ်း။ ဆဠဘိညာနံ၊ အဘိညာဉ်ခြောက်ပါးရှိကုန်သော။ ဝါ၊ ရကုန်သော။ မဟိဒ္ဓိကာနံ၊ ကြီးသော တန်ခိုးရှိကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့၏။ စတ္တာရိ သတသဟဿာနိ၊ လေးသိန်းတို့သည်။ ပရိဝါရေန္တိ ကိရ၊ ခြံရံကုန်သတတ်။
စ၊ ဆက်ဦးအံ့။ တေန သမယေန၊ ထိုအခါ၌။ သေက္ခာ၊ ကျင့်ဆဲဖြစ်ကုန်သော။ ယေ၊ အကြင်ရဟန်းတို့သည်။ ကာလကိရိယံ၊ သေခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ ဝါ၊ တို့ကို။ ဂရဟိတာ၊ ကဲ့ရဲ့အပ်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော ရဟန်းတို့သည်။ ခီဏာသဝါ၊ ရဟန္တာတို့သည်။ ဟုတွာဝ၊ ဖြစ်၍သာလျှင်။ ပရိနိဗ္ဗာယန္တိ၊ ပရိနိဗ္ဗာန်ပြုကုန်၏။ ဣတိ အယံ၊ ဤသည်ကား။ အဓိပ္ပါယ်ယော၊ အဓိပ္ပါယ်တည်း။
ဟိ သစ္စံ၊ မှန်၏။ တသ္မာ၊ ထို့ကြောင့်။ ဘဂဝတော၊ ဒီပက်ရာဘုရားရှင်၏။ သာသနံ၊ သာသနာတော်သည်။ သုပုပ္ဖိတံ၊ ကောင်းစွာပွင့်သော။ သုသမိဒ္ဓံ၊ ကောင်းစွာပြည့်စုံသည်။ ခီီဏာသဝေဟိ၊ ကုန်သော။ ဘိက္ခူဟိ၊ တို့နှင့်။ အတိဝိယ၊ အလွန်လျှင်။ သောဘိတ္ထ၊ တင့်တယ်ခဲ့ပြီ။
တေန၊ ထို့ကြောင့်။ စတ္တာရိ ။ပ။ သဗ္ဗဒါ''တိ၊ ဟူ၍။ ပါဠိယံ၊ ၌ (ထည့်)။ ဝုတ္တံ၊ ပြီ။
ဆဠဘိညာ၊ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံသည်။ ဟုတွာ၊ ၍ (ထည့်)။ မဟိဒ္ဓိကာ၊ တန်ခိုးကြီးကုန်သော။ စတ္တာရိ သတသဟဿာနိ၊ ရဟန္တာလေးသိန်းတို့သည်။ ဒီပင်္ကရံ၊ ဒီပင်္ကရာအမည်တော်ရှိသော။ လောကဝိဒုံ၊ မြတ်စွာဘုရားကို။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ပရိဝါရေန္တိ၊ ခြံရံကုန်၏။
တေန သမယေန၊ ထိုဒီပင်္ကရာဘုရား ပွင့်တော်မူသောအခါ၌။ ယေ ကေစိ၊ အကြင်ရဟန်းတို့သည်။ အပတ္တမာနသာ၊ အရဟတ္တဖိုလ်သို့ မရောက်သော စိတ်ရှိကုန်သည်ဖြစ်၍။ သေခါ၊ သေက္ခသာဖြစ်လျက်။ မာနုသံ၊ လူ၌ဖြစ်သော။ ဘဝံ၊ ဘဝခန္ဓာကို။ ဇဟန္တိ၊ ခဏမနား စွန့်ပစ်၍သွားကြကုန်၏။ တေ၊ ထိုသေက္ခရဟန်းတို့သည်။ ဝါ၊ တို့ကို။ ဂရဟိတာ၊ ကဲ့ရဲ့အပ်ကုန်သည်။ ဝါ၊ ကဲ့ရဲ့အပ်သူတို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။
သုပုပ္ဖိတံ၊ ကောင်းစွာပွင့်လင်းသော။ ပါဝစနံ၊ မြတ်စွာဘုရား သာသနာတော်သည်။ တာဒီဟိ၊ လာဘာလာဘ စသည်ဖုံဖုံ တာဒိဂုဏ်နှင့်ပြည့်စုတော်မူကြကုန်သော။ ခီဏာသဝေဟိ၊ အာသဝေါမရှိကုန်သော။ ဝိမလေဟိ၊ ကိလေသာ အညစ်အကြေးကင်းကုန်သော။ အရဟန္တေဟိ၊ ရဟန္တာတို့ဖြင့်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဥပသောဘတိ၊ အလွန်တင့်တယ်၏။
တတ္ထ တာသု ဂါထာသု၊ တို့၌။ စတ္တာရိ သတသဟဿာနီတိ၊ ကား။ ဣမေဘိက္ခာဝေ၊ တို့သည်။ ဝါ၊ တို့ကို။ ဂဏနာယ၊ ရေတွက်ခြင်းဖြင့်။ ဒဿိတာ၊ ပြအပ်ကုန်၏။ ဧဝံ၊ ဤသို့။ ဒဿိတဂဏနာ၊ ပြအပ်သောရေအတွက်ခြင်းရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏ (ထည့်)။ ဣတိ၊ ဤသို့။ ဒဿနတ္တံ၊ ပြရခြင်းအကျိုးငှာ။ ''ဆဠဘိညာ မဟိဒ္ဓိကာ''တိ၊ ဟူ၍။ ပါဠိယံ၊ ၌ (ထည့်)။ ဝုတ္တံ၊ ပြီ။ ဣတိ ဧဝံ၊ သို့။ အတ္ထော၊ ကို။ ဂဟေတဗ္ဗော၊ ၏။
အထ ဝါ၊ တစ်နည်းသော်ကား။ ဆဠဘိညာ မဟိဒ္ဓိတာတိ၊ ကား။ ဆဠဘိညာနံ၊ အဘိညာဉ်ခြောက်းပါးရှိကုန်သော။ ဝါ၊ ရကုန်သော။ မဟိဒ္ဓိကာနံ၊ ကြီးသောတန်ခိုးရှိကုန်သော။ စတ္တာရိသတသဟဿာနံ၊ ရဟန္တာလေးသိန်းတို့၏ (ထည့်)။ ဣတိ၊ သို့။ သာမိအတ္ထေ၊ ဆဠီအနက်၌။ ပစ္စတ္တဝစနံ၊ ပဌမာဝိဘတ်ကို။ ဒဠဗ္ဗံ၊ မှတ်အပ်၏။
ပရိဝါရေန္တိ သဗ္ဗဒါတိ၊ ကား။ နိစ္စကာလံ၊ အခါခပ်သိမ်း။ ဝါ၊ မြဲသောကာလပတ်လုံး။ ဒသဗလံ၊ ဒီပင်္ကရာဘုရားရှင်ကို။ ပရိဝါရေန္တိ၊ ခြံံရံကြကုန်၏။ ဘဂဝန္တံ၊ ကို။ မုဉ္စိတွာ၊ လွှတ်၍။ ကတ္ထစိ၊ တစ်စုံတစ်ခုသောအရပ်၌။ ဝါ၊ သို့။ န ဂစ္ဆန္တိ၊ မသွားကြကုန်။ ဣတိ အယံ၊ ကား။ အဓိပ္ပါယော၊ တည်း။
တေန သမယေနာတိ၊ ကား။ တသ္မိံ သမယေ၊ ထိုအခါ၌။
ပန၊ အတ္ထုဒ္ဓါရကို ဆိုဦးအံ့။ အယံ သမယသဒ္ဒေါ၊ ဤသမယသဒ္ဒါသည်။ ဝါ၊ ကို။ သမဝါယာဒီသု၊ သမဝါယအစရှိကုန်သော။ နဝသု အတ္ထေသု၊ ကိုးပါးသော အနက်တို့၌။ ဒိဿတိ၊ ထင်၏။ ဝါ၊ ရှုကြည့်အပ်၏။
ယထာဟ၊ အဘယ်ကဲ့သို့ဟောပါသနည်း။ ''သမဝါယေ ခဏေ ။ပ။ ဒိဿတီ''တိ၊ ဟူ၍။ အာဟ၊ ၏။
သမဝါယေ၊ အကြောင်းအပေါင်းဟူသော အနက်၌၎င်း။ ဝါ၊ အကြောင်းညီညွတ်ခြသ်းဟူသော အနက်၌၎င်း။ ခဏေ၊ အခွင့်ဟူသော အနက်၌၎င်း။ ကာလေ၊ အခါဟူသော အနက်၌၎င်း။ သမူဟေ၊ အပေါင်းဟူသော အနက်၌၎င်း။ ဟေတုဒိဋ္ဌိသု၊ အကြောင်းဟူသောအနက် အယူဟူသောအနက်တို့၌၎င်း။ ပဋိလာဘေ၊ ရခြင်းဟူသော အနက်၌၎င်း။ ပဟာနေ စ၊ ပယ်ခြင်းဟူသော အနက်၌၎င်း။ ပဋိဝေ‌ဓေ စ၊ ထိုင်းထွင်း၍ သိအပ်သောသဘောဟူသော အနက်၌၎င်း။ ဝါ၊ ထိုးထွင်း၍သိတတ်သော ဉာဏ်ဟူသော အနက်၌၎င်း။ ဒိဿတိ၊ ထင်ရှား၏။ ဝါ၊ တွေ့မြင်၏။
ဣဓ၊ ဤတေန သမယေန ဟူသော ပါဌ်၌။ သော၊ ထိုသမယသဒ္ဒါကို။ ကာလေ၊ အချိန်အခါ၌။ ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။
ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
မာနုသံ ဘဝန္တိ၊ ကား။ မနုဿဘာဝံ၊ လူ၏အဖြစ်ကို။
အပ္ပတ္တမာနသာတိ၊ ကား။ ယေဟိ၊ အကြင်သေက္ခပုဂ္ဂိုလ်တို့သည်။ အပ္ပတ္တံ၊ မရောက်အပ်သော။ အနဓိဂတံ၊ မရအပ် မသိအပ်သော။ မာနသံ၊ စိတ်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ တေ၊ ထိုသေက္ခပုဂ္ဂိုလ်တို့သည်။ အပ္ပတ္တမာနသာ၊ အပ္ပတ္တမာနသမည်ကုန်၏။
မာနသန္တိ၊ ကား။ ရာဂဿ စ၊ ရာဂ၏၎င်း။ စိတ္တဿ စ၊ စိတ်၏၎င်း။ အရဟတ္တဿ စ၊ အရဟတ္တဖိုလ်၌၎င်း။ အဓိဝစနံ၊ အမည်တည်း။
ဟိ၊ ချဲ့ဦးအံ့။ ''အန္တလိက္ခစရော ပါသော ၊ ယွာယံ စရတိ မာနသော''တိ ဧတ္ထ ပန၊ ''အန္တလိက္ခစရော ပါသော= ယွာယံ စရတိ မာနသော'' ဟူသော ဤပါဠိရပ်၌ကား။ ရာဂေါ၊ ရာဂကို။ ''မာနသော''တိ၊ ''မာနသ''ဟူ၍။ ဝုတ္တော၊ မိန့်အပ်ပြီ။
''သမဏ၊ ရှင်ရဟန်း။ အန္တလိက္ခစရော၊ ကောင်းကင်၌ သွားလာနိုင်သော။ မာနသော၊ ရာဂတည်းဟူသော။ ယွာယံ ပါသော၊ အကြင်ကျော့ကွင်းသည်။ စရတိ၊ လှည့်လည်သွားလာနိုင်၏''။ ''စိတ္တံ မနော မာနသံ ဟဒယံ ပဏ္ဍရ''န္တိ ဧတ္ထ၊ ဟူသော ဤပါဠိအရပ်၌။ စိတ္တံ၊ စိတ်ကို။ မာနသောတိ၊ မာနသဟူ၍။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။ ''တသ္မိံ သမယေ၊ ထိုအခါ၌။ ယံ စိတ္တံ၊ အကြင်စိတ်သည်။ ယော မနော၊ အကြင် အာရုံကို သိတတ်သောတရားသည်။ (မနသံ၊ ကား သဒ္ဒါပွားအနက်တူ)။ ယံ ဟဒယံ၊ အကြင်စိတ်သည်။ ယံ ပဏ္ဍရံ၊ အကြင်ဖြူစင်သော တရားသည်''။ ''အပ္ပတ္တမာနသောသေခေါ၊ ကာလံ ကယိရာ ဇနေသုတာ''တိ ဧတ္ထ= ဟူသော ဤပါဠိရပ်၌။ အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။ မာနသောတိ၊ မာနသဟူ၍။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
''အပ္ပတ္တမာနသော၊ ရောက်အပ်ပြီးသော အရဟတ္တဖိုလ်ရှိသူမဟုတ်သော။ သေခေါ၊ ကျင့်ဆဲသာဖြစ်သော။ သာဝကော၊ တပည့်သည်။ ကထံ ဟိ၊ အဘယ့်ကြောင့်။ ကာလံ ကယိရ၊ သေရအံ့နည်း''။
ဣဓာပိ၊ ဤအပ္ပတ္တမာနသော သေခေါ ဟူသော ပါဌ်၌လည်း။ အရဟတ္တမေဝ၊ အရဟတ္တဖိုလ်ကိုသာလျှင်။ အဓိပ္ပေတံ၊ အလိုရှိအပ်၏။
တသ္မာ၊ ထို့ကြောင့်။ အပ္ပတ္တအရဟတ္တဖလာ၊ မရောက်အပ်သော အရဟတ္တဖိုလ်ရှိသော။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
သေခါတိ၊ ကား။ ကေနဋ္ဌေန၊ အဘယ်အနက်သဘောကြောင့်။ သေခါ၊ သေခတို့မည်ပါသနည်း။
သေခဓမ္မပဋိလာဘဋ္ဌေန၊ သေက္ခတရားကို ရခြင်းဟူသော အနက်သဘောကြောင့်။ သေခါ၊ သေခတို့မည်၏။ ဟိ သစ္စံ၊ မှန်၏။ ''ကိတ္တာဝတာ နု ခေါ ဘန္တေ သေခေါ ဟောတီ''တိ? ဣဓ ဘိက္ခဝေ ဘိက္ခု သေခါယ သမ္မာဒိဋ္ဌိယာ သမန္နာဂတော ဟောတိ။ပ။ သေခေန သမ္မာသမာဓိနာ သမန္နာဂတော ဟောတိ။
ဧတ္တာဝတာ ခေါ ဘိက္ခဝေ ဘိက္ခု သေခေါ ဟောတီ''တိ၊ ဟူ၍။ ဧတံ၊ ဤစကားရပ်ကို။ သံယုတ္တနိကာယေ၊ ၌။ မဟာဝဂ္ဂသံယုတ္တေ၊ ၌။ သေက္ခသုတ္တေ၊ ၌။ ဘဂဝတော၊ သည်။ ဝုတ္တံ၊ မိန့်အပ်ပြီ။
''ဘန္တေ၊ အရှင်ဘုရား။ ကိတ္တာဝတော၊ အဘယ်မျှလောက်ဖြင့်။ သေခေါ၊ ကျင့်ဆဲသေခပုဂ္ဂိုလ်သည်။ ဟောတိ နု ခေါ၊ ဖြစ်နိုင်ပါသနည်း။
ဣတိ၊ သို့။ အဝေါစ၊ လျှောက်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခု၊ ရဟန်းသည်။ သေခါယ၊ ကျင့်ဆဲသေက္ခပုဂ္ဂိုလ်၏ ဥစ္စာဖြစ်သော။ သမ္မာဒိဋ္ဌိယာ၊ မှန်ကန်သောအမြင် သမ္မာဒိဋ္ဌိနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ ပ။ သေခေန ၊ ကျင့်ဆဲသေက္ခပုဂ္ဂိုလ်၏ဥစ္စာဖြစ်သော သမ္မာသမာဓိနာ ၊ မှန်ကန်သော တည်ကြည်ခြင်း သမ္မာသမာဓိနှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။
ဧတ္တာဝတာ ခေါ၊ ဤမျှဖြင့်။ ဘိက္ခု၊ ရဟန်းသည်။ သေခေါ၊ ကျင့်ဆဲသေခပုဂ္ဂိုလ်သည်။ ဟောတိ၊ ဖြစ်၏''။
အပိ စ အပရောနယော၊ တသီးတခြား နည်းတစ်ပါးကို။ မယာ၊ ငါသည်။ ဝုစ္စတေ၊ မိန့်ဆိုဦးအံ့။ ယေ၊ အကြင်သေခပုဂ္ဂိုလ် ခုနစ်ယောက်တို့သည်။ သိက္ခန္တိ၊ ကျင့်ဆဲဖြစ်ကုန်၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ တေ၊ ထိုသေခပုဂ္ဂိုလ် ခုနစ်ယောက်တို့သည်။ သေခါ၊ သေခတို့မည်ကုန်၏။
ဟိ သစ္စံ၊ မှန်၏။ ဝါ၊ သာဓကကို ပြဆိုဦးအံ့။
''သိက္ခတိ,သိက္ခတီတိ ခေါ ဘိက္ခု တသ္မာ သေခေါတိ ဝုစ္စတိ။ အဓိသီလမ္ပိ သိက္ခတိ အဓိစိတ္တမ္ပိ အဓိပညမ္ပိ သိက္ခတီတိ ခေါ ဘိက္ခု တသ္မာ သေခေါ ဝုစ္စတီ''တိ၊ ဟူ၍။ ဧတံ ဝစနံ၊ ဤစကားရပ်ကို။ အင်္ဂုတ္တရနိကာယေ၊ ၌။ တိယနိပါတပါဠိယံ၊ ၌။ ဒုတိယပဏ္ဏညာသကေ၊ ၌။ သမဏဝဂ္ဂေ၊ ၌။ သေက္ခသုတ္တေ၊ ၌။ ဘဂဝတော၊ သည်။ ဝုတ္တံ၊ မိန့်အပ်ပြီ။ ''ဘိက္ခု၊ ရဟန်း။ ဘိက္ခတိ,သိက္ခတိ၊ ဖြည့်ကျင့်၏ ဖြည့်ကျင့်၏။ ဣတိ တသ္မာ၊ ထိုသို့ဖြည့်ကျင့်သည်၏အဖြစ်ကြောင့်။ သော၊ ထိုပုဂ္ဂိုလ်ကို(ထည့်)။ သေခေါတိ၊ သေခပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ၏။
ကိဉ္စ၊ အဘယ်ကို။ သိက္ခတိ၊ ဖြည့်ကျင့်သနည်း။
အဓိသီလမ္ပိ၊ အဓိသီလကိုလည်း။ သိက္ခတိ၊ ဖြည့်ကျင့်၏။ အဓိစိတ္တမ္ပိ၊ ကိုလည်း။ အဓိပညမ္ပိ၊ အဓိပညာကိုလည်း။ သိက္ခတိ၊ ၏။ ဘိက္ခု၊ ရဟန်း။ ယော၊ အကြင်ပုဂ္ဂိုလ်သည် (ထည့်)။ သိက္ခတိ၊ ၏။ ဣတိ တသ္မာ၊ ထို့ကြောင့်။ သေခေါတိ၊ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏''။
သုပုပ္ဖိတန္တိ၊ ကား။ သုဋ္ဌု၊ ကောင်းစွာ။ ဝိကသိတံ၊ ကားကားစွင့်စွင့်ပွင့်သော။
ပါဝစနန္တိ၊ ကား။ ပသတ္ထံ၊ ချီးမွမ်းအပ်သော။ ဝစနံ၊ စကားတော်လည်း။ ဝါ၊ တစ်နည်းကား။ ဝုဒ္ဓိပ္ပတ္တံ၊ ကြီးပွားခြင်းသို့ ရောက်သော။ ဝစနံ၊ စကားတော်လည်း။ ပဝစနံ၊ ကြီးပွားခြင်းသို့ ရောက်သော စကားတော်။ ပဝစနမေဝ၊ ကြီးပွားခြင်းသို့ရောက်သော စကားတော်သည်သာလျှင်။ ပါဝစနံ၊ ပါဝစနမည်၏။ သာသနံ၊ အဆုံးမတော်တည်း။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
ဥပသောဘတီတိ၊ ကား။ အဘိရာဇတိ၊ အလွန်တင့်တယ်တောက်ပ၏။ အတိဝိရောစတိ၊ အလွန်တင့်တယ်၏။ ဝါ၊ အလွန်ထွန်းလင်း၏
သဗ္ဗဒါတိ၊ ကား။ သဗ္ဗကာလံ၊ အခါခပ်သိမ်း။
''ဥပသောဘတိ သဒေဝကေ''တိပိ၊ ဟူ၍လည်း။ ပါဌော၊ ပါဌ်တစ်မျိုးသည်။ အတ္ထိ၊ အချို့ပေစာ၌ရှိသေး၏။
ဒီပင်္ကရဿ၊ ဒီပင်္ကရာအမည်တော်ရှိသော။ တဿ ဘဂဝတော၊ ထိုမြတ်စွာဘုရား၏။ ရမ္မဝတီ နာမ၊ ရမ္မဝတီမည်သော။ နဂရံ၊ မြို့သည်။ အဟောသိ၊ ဖြစ်ပြီ။ သုဒေဝေါ နာမ၊ သုဒေဝမည်သော။ ခတ္တိယော၊ မင်းသည်။ ပိတာ၊ ခမည်းတော်သည်။ အဟောသိ၊ ဖြစ်ပြီ။ သုမေဓာ နာမ၊ သုမေဓာမည်သော။ ဒေဝီ၊ မိဖုရားသည်။ မာတာ၊ မယ်တော်သည်။ အဟောသိ၊ ဖြစ်ပြီ။ သုမင်္ဂလော စ၊ သုမင်္ဂလမထေရ်သည်၎င်း။ တိဿေ စ၊ တိဿမထေရ်သည်၎င်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးကုန်သော။ အဂ္ဂသာဝကာ၊ မြတ်သော တပည့်အစုံတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ သာဂတော နာမ၊ သာဂတအမည်ရှိသော မထေရ်သည်။ ဥပဋ္ဌာကော၊ အလုပ်အကျွေးသည်။ အဟောသိ၊ ဖြစ်ပြီ။ နန္ဒာ စ၊ နန္ဒာထေရီမသည်၎င်း။ သုနန္ဒာ စ၊ သုနန္ဒာထေရီမသည်၎င်း။ ဣတိ၊ ဤသို့၊ ဒွေ၊ နှစ်ပါးကုန်သော။ အဂ္ဂသာဝိကာ၊ မြတ်သော တပည့်မအစုံတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ တဿ ဘဂဝတော၊ ထိုဒီပင်္ကရာမြတ်စွာဘုရား၏။ ဗောဓိ၊ သစ္စာလေးပါးတရားကို သိမြင်ရာဖြစ်သော ဗောဓိပင်သည်။ ပိပ္ဖလိရုက္ခော၊ ပိတ်ချင်းပင်သည်။ အဟောသိ၊ ဖြစ်ပြီ။ အသီတိဟတ္ထုဗ္ဗေဓော၊ အရပ်တော်သည်ကား အတောင်ရှစ်ဆယ်အစောက်မြင့်၏။ အာယု၊ အသက်တမ်းသည်ကား။ ဝါ၊ သက်တော်သည်ကား။ သတသဟဿာနိ၊ တစ်သိန်းတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
ဣတိ၊ ဤသို့ မှတ်အပ်၏။ ဣမေသံ ဇာတနဂရာဒီနံ၊ ဤမွေးဖွားရာမြို့စသည်တို့၏။ ဒဿနေ၊ ပြခြင်း၌။ ကိံ ပန ပယောဇနံ၊ အဘယ်အကျိုး ရှိအံ့နည်း။ တစ်နည်းပယောဇနံ၊ အကျိုးသည်။ ကိံ ပန၊ အဘယ်သို့ဖြစ်အံ့နည်း။ ဣတိ စေ၊ ဤသို့မေးငြားအံ့။ ပရိဟာရော၊ အဖြေကို။ မယာ၊ ငါသည်။
ဝုစ္စတေ၊ မိန့်ဦးအံ့။ ယဿ၊ အကြင်ဘုရားရှင်၏။ ဇာတနဂရံ၊ မွေးဖွားရာမြို့တော်သည်။ ယဒိ နေဝ ပညာယေယျ၊ အကယ်၍ မထင်ရှားငြားအံ့။ ပိတာ၊ ခမည်းတော်သည်။ ယဒိ န ပညာယေယျ၊ အကယ်၍ မထင်ရှားငြားအံ့။ ပန၊ ဆက်ဦးအံ့။ ဣမဿ၊ ဤဘုရားရှင်၏။ ဇာတနဂရံ၊ မွေးဖွားရာမြို့တော်သည်။ နေဝပညာယတိ၊ မထင်ရှား။ ပိတာ၊ ဖခင်သည်။ န ပညာယတိ၊ မထင်ရှား။ မာတာ၊ မယ်တော်သည်။ န ပညာယတိ၊ မထင်ရှား။ ဧသ၊ ဤဘုရားရှင်သည်။ ဒေဝေါ ဝါ မညေ၊ နတ်ဖြစ်လေယောင်တကား။ သက္ကော ဝါ မညေ၊ သိကြားမင်းဖြစ်လေယောင်တကား။ ယက္ခော ဝါ မညေ၊ ဘီလူးဖြစ်လေယောင်တကား။ မာရော ဝါ မညေ၊ မာရ်နတ်ဖြစ်လေယောင်တကား။ ဗြဟ္မာ ဝါ မညေ၊ ဗြဟ္မာမင်းကြီးဖြစ်လေယောင်တကား။ ဒေဝါနမ္ပိ၊ နတ်တို့အားလည်း။ ဝါ၊ နတ်တို့မှာလည်း။ ဤဒိသံ၊ ဤသို့သဘောရှိသော။ ပါဋိဟာရိယံ၊ ရေမီးစသော အစုံစုံသော တန်ခိုးပြာဋိဟာသည်။ အနစ္ဆရိယံ၊ မအံ့ဩလောက်ပေ။ ဣတိ၊ သို့။ မညမာနာ၊ အောက်မေ့မှတ်ထင်ကြကုန်သည်ဖြစ်၍။ သောတဗ္ဗံ၊ နာကြားအပ် နာကြားသင့် နာကြားထိုက်သည်ကို။ န မညေယျုံ၊ မမှတ်ထင်ကုန်ရာ။ တတော၊ ထို့ကြောင့်။ အဘိသမယော၊ သစ္စာလေးပါးကို ထိုးထွင်း၍သိခြင်းသည်။ န ဘဝေယျ၊ မဖြစ်နိုင်ရာ။ အဘိသမယေ၊ သစ္စာလေးပါးကို ထိုးထွင်း၍သိခြင်းသည်။ အသတိ၊ မရှိလတ်သော်။ ဗုဒ္ဓပ္ပါဒေါ၊ ဘုရားရှင်တို့၏ ဖြစ်ထွန်းပွင့်လင်းတော်မူခြင်းသည်။ နိရတ္ထကော၊ အကျိုးမပြီး အချည်းနှီးသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ သာသနံ၊ သာသနာတော်သည်။ အနိယျာနိကံ၊ ဝဋ်ဆင်းရဲမှ မထွက်မြောက်နိုင်။ ဝါ၊ သံသရာမှ မထွက်မြောက်နိုင်။
တသ္မာ၊ ထို့ကြောင့်။ သဗ္ဗဗုဒ္ဓါနံ၊ အလုံးစုံသော ဘုရားရှင်တို့၏။ ဇာတနဂရာဒိကော၊ မွေးဖွားတော်မူရာမြို့ အစရှိသော။ ပရိစ္ဆေဒေါ၊ အပိုင်းအခြားကို။ ဒဿေတဗ္ဗော၊ ပြအပ်၏။
တေန၊ ထို့ကြောင့်။ ''နဂရံ ရမ္မဝတီ နာမ ။ပ။ သဗ္ဗသင်္ခါရာ’’တိ၊ ဟူ၍။ ပါဠိယံ၊ ၌။ ဝုတ္တံ၊ ပြီ။
ဒီပင်္ကရဿ၊ ဒီပင်္ကရာအမည်တော်ရှိသော။ သတ္ထုနော၊ မြတ်စွာဘုရား၏။ နဂရံ၊ ဖွားတော်မူရာမြို့သည်။ ရမ္မဝတီ နာမ၊ ရမ္မဝတီမည်၏။ ပိတာ၊ ခမည်းတော်သည်။ သုဒေဝေါ နာမ ခတ္တိယော၊ သုဒေဝမင်းမည်၏။ ဇနိကာ၊ မယ်တော်သည်။ သုမေဓာ နာမ၊ သုမေဓာမိဖုရားမည်၏။

ဂါထာ

ဒသဝဿသဟဿာနိ၊ အဂါရံ အဇ္ဈ သော ဝသိ။ ဟံသာ ကောဉ္စာ မယူရာ စ၊ တယော ပါသာဒမုတ္တမော။

ဂါထာအနက်

သော၊ ထိုဒီပင်္ကရာဘုရားလောင်းသည်။ ဒသဝဿသဟဿာနိ၊ နှစ်တစ်သောင်းတို့ပတ်လုံး။ အဂါရံ၊ ထီးနန်းကို။ အဇ္ဈ၊ စိုးအုပ်၍။ ဝသိ၊ နေပြီ။ တဿ၊ ထိုဘုရားလောင်းအား။ ဟံသပြာသာဒ်,ကောဉ္စာ စ၊ ကြိုးကြာတို့၎င်း။ မယူရာ စ၊ ဥဒေါင်းတို့၎င်း။ (ဟံသပြာသာဒ်,ကောဉ္စပြာသာဒ်,မယူရပြာသာဒ် ဟူလို)။ ဣတိ၊ ဤသို့။ တယော၊ သုံးဆောင်ကုန်သော။ ပါသာဒမုတ္တမာ၊ မြတ်သောပြာသာဒ်တို့သည်။ အတ္ထိ သန္တိ၊ ရှိကုန်၏။

ဂါထာ

တီဏိ သတသဟဿာနိ၊နာရိယော သမလင်္ကတာ။ ပုဒုမာ နာမ သာ နာရီ၊ဥသဘက္ခန္ဓော အတြဇော။

ဂါထာအနက်

သမလင်္ကတာ၊ ကောင်းစွာတန်ဆာဆင်ထားသော။ ဝါ၊ အပ်သော။ နာရိဦော၊ မောင်းမတို့သည်။ တီဏီ သတသဟဿာနိ၊ သုံးသိန်းတို့သည်။ ပရိဝါရယိံသု၊ ခြံရံကြကုန်ပြီ (ထည့်)။ သာ နာရီ၊ ထိုဘုရားလောင်း၏ မိဖုရားသည်။ ပဒုမာ နာမ၊ ပဒုမာမည်၏။ အတြဇော၊ သားတော်သည်။ ဥသဘက္ခန္ဓော၊ ဥသဘက္ခန္ဓ မည်၏။

ဂါထာ

နိမိတ္တေ စတုရော ဒိသွာ၊ဟတ္ထိယာနေန နိက္ခမိ။ အနုနဒသမာသာနိ၊ပဓာနေ ပဒဟီ ဇိနော။

ဂါထာအနက်

သော ဇိနော၊ ထိုဘုရားလောင်းသည်။ စတုရော နိမိတ္တေ၊ နိမိတ်လေးပါးတို့ကို။ ဒိသွာ၊ တွေ့မြင်ရ၍။ ဟတ္ထိယာနေန၊ ဆင်ယဉ်ဖြင့်။ နိက္ခမိ၊ တောထွက်တော်မူ၏။ အနုနဒသမာသာနိ၊ မယုတ်လျော့သော ဆယ်လတို့ပတ်လုံး။ ပဓာနေ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံးလတို့ကို။ ပဒဟိ၊ အားထုတ်တော်မူ၏။

ဂါထာ

ပဓာနစာရံ စရိတွာန၊အဗုဇ္ဈိ မာနသံ မုနိ။ ဗြဟ္မုနာ ယာစိတော သန္တော၊ ဒီပင်္ကရော မဟာမုနိ။

ဝတ္တိ စက္ကံ မဟာဝီရော၊နန္ဒာရာမေ သိရီဃရေ။ နိသိန္နော သိရီသမူလမှိ၊ အကာ တိတ္ထိယမဒ္ဒေနံ။

ဂါထာအနက်

မဟာမုနိ၊ မြတ်စွာဘုရားသည်။ ပဓာနစာရံ၊ ကမ္မဋ္ဌာန်းအကျင့်ကို။ စရိတွာန၊ ကျင့်၍။ မာနသံ၊ အရဟတ္တဖိုလ်ကို။ အဗုဇ္ဈိ၊ သိတော်မူပြီ။ မဟာဝီရော၊ ကြီးသောလုံ့လ ရှိတော်မူသော။ ဒီပင်္ကရော၊ ဒီပင်္ကရာမြတ်စွာဘုရားသည်။ ဗြဟ္မုနာ၊ ဗြဟ္မာမင်းသည်။ ယာစိတော၊ တောင်းပန်အပ်သည်။ သန္တော၊ ဖြစ်လျက်။ နန္ဒာရာမေ၊ နန္ဒာမည်သော။ သိရိဂရေ၊ အသရေရှိသော ကျောင်း၌။ စက္ကံ၊ ဓမ္မစကြာကို။ ဝတ္တိ၊ ဟောတော်မ'၏။ ဝါ၊ လည်စေတော်မူ၏။ သိရီသမူလမှိ၊ ကုက္ကိုပင်ရင်း၌။ နိသိန္နော၊ ထိုင်နေလျက်။ တိတ္ထိယမဒ္ဒနံ၊ တိတ္ထိတို့ကို နှိမ်နှင်းခြင်းကို။ အကာ၊ ပြုတော်မူ၏။

သုမဂ်လော စ၊ သုမဂ်လမထေရ်သည်၎င်း။ တိဿော စ၊ တိဿမထေရ်သည်၎င်း။ ဣတိ၊ ဤသို့။ ဒီပင်္ကရဿ၊ ဒီပင်္ကရာအမည်တော်ရှိသော။ သတ္ထုနော၊ မြတ်စွာဘုရား၏။ အဂ္ဂသာဝကာ၊ မြတ်သော တပည့်အစုံတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ တဿ၊ ထိုဒီပက်ရာဘုရားရှင်၏။ ဥပဋ္ဌာကော၊ အလုပ်အကျွေးသည်။ သာဂတော နာမ၊ သာဂတအမည်ရှိ၏။

နန္ဒာ စေဝ၊ နန္ဒာထေရီမသည်၎င်း။ သုနန္ဒာ စ၊ သုနန္ဒာထေရီမသည်၎င်း။ တဿ ဘဂဝတော၊ ထိုမြတ်စွာဘုရား၏။ အဂ္ဂသာဝိကာ၊ မြတ်သောတပည့်မ အစုံတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ တဿ ဘဂဝတော၊ ထိုဒီပင်္ကရာ မြတ်စွာဘုရား၏။ ဗောဓိ၊ သစ္စာလေးပါးတရားကို သိမြင်ရာဖြစ်သော ဗောဓိပင်ကို။ ပိပ္ဖလီတိ၊ ပိတ်ချင်းပင်ဟူ၍။ ပဝုစ္စတိ၊ အပြားအားဖြင့် ဆိုအပ်၏။

ဂါထာ

တပုဿ ဘလ္လိကာ နာမ၊အဟေသုံ အဂ္ဂုပဋ္ဌကာ။ သိရိမာ ကောဏော ဥပဋ္ဌိတာ၊ ဒီပင်္ကရဿ သတ္ထုနော။

ဂါထာအနက်

ဒီပင်္ကရဿ၊ ဒီပင်္ကရာအမည်ရှိသော။ သတ္ထုနော၊ မြတ်စွာဘုရား၏။ အဂ္ဂုပဋ္ဌကာ၊ မြတ်သောအလုပ်အကြွေး ဒါယကာတို့သည်။ တပုဿ ဘလ္လိကာနာမ၊ တပုဿ ဘလ္လိကာ အမည်ရှိကုန်သော ဥပါသကာတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ယောက်သောဥပါသိကာမတို့သည်။ ဥပဋ္ဌိတာ၊ အလုပ်အကျွေးဒါယိကာမတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။

ဒီပင်္ကရဿ၊ ဒီပင်္ကရာအမည်ရှိသော။ မဟာမုနိ၊ မြတ်စွာဘုရားသည်။ အသီတိဟတ္ထမုဗ္ဗေဓော၊ အတောင်ရှစ်ဆယ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ ရုက္ခောဝ၊ တန်ဆောင်တိုင်ကဲ့သို့၎င်း။ ဖာလ္လိတော၊ ပင်လုံးကျွတ်ပွင့်သော။ သာလရာဇာဝ၊ အင်ကြင်းပင်မင်းကဲ့သို့၎င်း။ သောဘတိ၊ တင့်တယ်တော်မူ၏။
တဿ မဟေသိနော၊ ထိုဒီပင်္ကရာမြတ်စွာဘုရား၏။ အာယု၊ သက်တမ်းသည်။ သတသဟဿဝဿာနိ၊ အနှစ်တစ်သိန်းတို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။ သော၊ ထိုဒီပင်္ကရာမြတ်စွာဘုရားသည်။ တာဝတာ၊ ထိုမျှလောက်။ တိဋ္ဌမာနော၊ တည်နေလျက်။ ဗဟုံ၊ များစွာသော။ ဇနတံ၊ လူအပေါင်းကို။ တာရေသိ၊ ကယ်တင်တော်မူပြီ။
အဂ္ဂိက္ခန္ဓောဝ၊ မီးပုံကြီးကဲ့သို့။ ဇလိတွာ၊ တောက်ပ၍။ သော၊ ထိုမြတ်စွာဘုရားသည်။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ ဇောတယိတွာ၊ ထွန်းတောက်ပစေ၍။ မဟာဇနံ၊ မျာ'စွာသော သတ္တဝါအပေါင်းကို။ သန္တာရေတွာ၊ ကယ်တင်တောမူ၍။ သသာဝကော၊ တပည့်သာဝကနှင့်အတူတကွ။ နိဗ္ဗူတော၊ ပရိနိဗ္ဗာန်ပြုတော်မူ၏။ ဝါ၊ နိဗ္ဗာန်ယူသိမ်း ငြိမ်းတောမူ၏။

သာ စ ဣဒ္ဓိ၊ ထိုတန်ခိုးတော်သည်၎င်း။ သော စယဿော၊ ထိုအခြံအရံသည်၎င်း။ ပါဒေသု၊ ခြေတော်အစုံတို့၌။ တာနိ စ စက္ကရတနာနိ၊ ထိုစက်ရတနာတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ သဗ္ဗံ တမန္တရဟိတံ၊ ထိုအားလုံးသည်ပင်ကွယ်ပျောက်လေ၏။ သဗ္ဗသင်္ခါရာ၊ အလုံးစုံသော သင်္ခါရတို့သည်။ ရိတ္တာ နနု၊ အချည်းနှီးတို့သာ ဖြစ်ကုန်သည်မဟုတ်ပါလော။

ဂါထာ

ဒိပင်္ကရော ဇိနော သတ္ထာ၊နန္ဒာရာမမှိ နိဗ္ဗုတော။ တတ္ထေဝဿ ဇိနထူပေါ၊ ဆတ္တိံ သုဗ္ဗေဓယောဇနောတိ။

ဂါထာအနက်

ဇိနော၊ မာရ်ငါးပါးကိုအောင်မြင်တော်မူပြီးသော။ ဒီပင်္ကရော၊ ဒီပင်္ကရာအမည်တော်ရှိသော။ သတ္ထာ၊ မြတ်စွာဘုရားသည်။ နန္ဒာရာမမှိ၊ နန္ဒာရာမကျောင်းတိုက်၌။ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ပြုတော်မူပြီ။ တတ္ထေ၊ ထိုနန္ဒာရာမကျောင်းတိုက်၌ပင်လျှင်။ အဿ၊ ထိုဒီပင်္ကရာမြတ်စွာဘုရား၏။ ဇိနထူပေါ၊ စေတီပုထိုးတော်သည်။ ဆင်္တတိံသုဗ္ဗေဓယောဇနော၊ သုံးဆယ့်ခြောက်ယူဇနာမြင့်တော်မူ၏။ ဣတိ၊ ဤသည်လျှင်အပြီးတည်း။

တတ္ထ တာသု ဂါထာသု၊ တို့၌။ သုဒေဝေါ နာမ ခတ္တိယောတိ၊ ကား။ အဿ၊ ထို ဒီပင်္ကရာမြတ်စွာဘုရား၏။ ပိတာ၊ ခမည်းတော်သည်ကား။ သုဒေဝေါ နာမ၊ သော။ ခတ္တိယော၊ မင်းသည်။ အဟောသိ၊ ပြီ။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဇနိကာတိ၊ ကား။ ဇနေတ္တိ၊ မယ်တော်တည်း။
ပိပ္ဖလီတိ၊ ကား။ ပိလက္ခကပီတနရာက္ခော၊ ညောင်ကြပ်ပင် ဝှေးပင်သည်။ ဗောဓိ၊ ဗောဓိပင်တည်း။
အသီတိဟတ္ထမုဗ္ဗေဓောတိ၊ ကား။ အသီတိဟတ္ထံ၊ အတောင်ရှစ်ဆယ်တိုင်တိုင်။ ဥစ္စဂ္ဂတော၊ မြင့်သောအဖျားရှိသည်။
ဒီပရုက္ခော ဝါတိ၊ ကား။ သမ္ပဇ္ဇလိတဒီပမာကုလော၊ ထက်ဝန်းကျင်မှ တောက်ပသော။ ဝါ၊ အလျှံပြောင်ပြောင် တောက်ပသော ဆီမီး ပန်းကုံးကဲ့သို့ ရှုပ်ထွေးသော။ ဒီပရုက္ခေါဝိယ၊ တန်ဆောင်တိုင်ကဲ့သို့။ အာရောဟပရိဏာဟသဏ္ဌာနပါရိပူရိသမ္ပန္နော၊ အရပ် အဝန်းသဏ္ဌာန်၏ ထက်ဝန်းကျင်မပြည့်စုံသော။ ဒွတ္တိံသဝရလက္ခဏာနုဗျဉ္ဇနသမလင်္ကတသရီရော၊ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏လက္ခဏာ, ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် တန်ဆာဆင်အပ်သော ကိုယ်ရှိတော်မူသော။ ဝိပ္ဖုရိတရံသိဇာလာဝိသရတာရာဂဏသမုဇ္ဇလမိဝ၊ ပြန့်နှံ့သော ရောင်ခြည်ကွန်ယက်ဖြင့် ဖရိုဖရဲကြဲသော ကြယ်တာရာအပေါင်း၏ ထွန်းတောက်ပသော။ ဂဂနတလံ ဝိယ၊ ကောင်းကင်ပြင်ကဲ့သို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဓရမာနကာလေ၊ သက်တော်ထင်ရှားရှိစဉ်အခါ၌။ သောဘတီတိ၊ ကား။ သောဘိတ္ထ၊ တင့်တယ်ခဲ့ပြီ။
သာလရာဇာဝ ဖုလ္လိတောတိ၊ ကား။ ပုပ္ဖိတော၊ ပွင့်သော။ ဝါ၊ ပွင့်ခြင်းသို့ရောက်သော။ (ပုပ္ဖံ ဣတော ပုပ္ဖိတော)။ ဝါ၊ ဖြစ်သော ပွင့်ခြင်းရှိသော။ (ပုပ္ဖိတံ သဉ္ဇာတံ အဿ အတ္ထီတိ)။ သဗ္ဗဖာလိဖုလ္လော၊ ပင်လုံးကျွတ်ပွင့်သော။ သာလရာဇရုက္ခောဝိယ စ၊ အင်ကြင်းပင်မင်းကဲ့သို့၎င်း။ သဗ္ဗဖာလိဖုလ္လော၊ ပင်လုံးကျွတ်ပွင့်သော။ ယောဇနသတုဗ္ဗေဓော၊ ယူဇနာတစ်ရာ အစောက်မြင့်သော။ ပါရိစ္ဆတ္တကော ဝိယ စ၊ ပင်လယ်ကသစ်ပင်ကဲ့သို့၎င်း။ အသီတိဟတ္ထုဗ္ဗေဓော၊ အတောင်ရှစ်ဆယ် အစောက်မြင့်သော။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အတိ ဝိယ၊ အလွန်လျှင်။ သောဘတိ၊ တင့်တယ်တော်မူ၏။
သတသဟဿဝဿာနီတိ၊ ကား။ တဿ၊ ထိုဒီပင်္ကရာမြတ်စွာဘုရား၏။ ဝဿသတသဟဿာနိ၊ အနှစ်တစ်သိန်းတို့ပတ်လုံး။ ဝါ၊ တိုင်တိုင်။ အာယု၊ သက်တမ်းသည်။ ဟောတိ၊ ဖြစ်၏။ တစ်နည်း-တဿ၊ ထိုဒီပင်္ကရာမြတ်စွာဘုရား၏။ အာယု၊ သက်တမ်းကား။ ဝဿသတဟဿာနိ၊ အနှစ်တစ်သိန်းတို့ပတ်လုံး။ ဝါ၊ တိုင်တိုင်။ ဟောတိ၊ ဖြစ်၏။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
တာဝတာ တိဋ္ဌမာနောတိ၊ ကား။ တာဝတကံ၊ ထိုမျှလောက် အတိုင်အရှည်ရှိသော။ ကာလံ၊ ကာလပတ်လုံး။ တိဋ္ဌမာနော၊ တည်သော။
ဇနတန္တိ၊ ကား။ ဇနသမူဟံ၊ လူအပေါင်းကို။
သန္တာရေတွာ မဟာဇနန္တိ၊ ကား။ မဟာဇနံ၊ များစွာသောင်းပြောင်း လူအပေါင်းကို။ တာရေတွာ၊ ကယ်တင်တော်မူပြီး၍။
''သန္တာရေတွာ သဒေဝက''န္တိပိ၊ ဟူ၍လည်း။ ပါဌော၊ သည်။ အတ္ထိ၊ ၏။ တဿ၊ ထိုပါဌ်၏။ သဒေဝကံ၊ နတ်နှင့်တကွသော။ လောကံ၊ လောကကို။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
သာ စ ဣဒ္ဓီ တိ၊ ကား။ သာ စသမ္ပတ္တိ၊ ထိုပြည့်စုံခြင်းသည်။ သော စ အာနုဘာဝေါ၊ ထိုတန်ခိုးရှိန်စော် အာနုဘော်သည်လည်း။
သော စ ယသောတိ၊ ကား။ သော စ ပရိဝါရော၊ ထိုအခြံအရံသည်၎င်း။
သဗ္ဗံ၊ အလုံးစုံသော။ ဝုတ္တပ္ပကာရံ၊ ဆိုအပ်ခဲ့ပြီးသော အပြားရှိသော။ တံ သမ္ပတ္တိဇာတံ၊ ထိုပြည့်စုံခြင်းအပေါင်းသည်။ အန္တရဟိတံ၊ ကွယ်ပျောက်ခဲ့ပြီ။ အပဂတံ၊ ကင်းခဲ့ပြီ။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
နနုရိတ္တာ သဗ္ဗသင်္ခါရာတိ၊ ကား။ သဗ္ဗေ၊ အလုံးစုံကုန်သော။ သင်္ခတဓမ္မာ ပန၊ သင်္ခါရတရားတို့သည်ကား။ ရိတ္တာ နနု၊ အချည်းနှီးတို့သာ ဖြစ်ကုန်သည်မဟုတ်ပါလော။ တုစ္ဆာနနု၊ အချည်းနှီးတို့သာ ဖြစ်ကုန်သည်မဟုတ်ပါလော။ နိစ္စသာရာဒိရဟိတာ၊ မြဲသောအနှစ်သာရ အစရှိသည်တို့မှ ကင်းကုန်၏။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
ပန၊ ဆက်ဦးအံ့။ ဧတ္ထ၊ ဤနဂရံ ရမ္မဝတီ နာမ စသည်ဖြင့် ပြဆိုအပ်ရာ၌။ နဂရာဒိပရိစ္ဆေဒေါ၊ မြို့အစရှိသည်၏ အပိုင်းအခြားသည်။ ပါဠိယံ၊ ပါဠိတော်၌။ အာဂတောဝ၊ လာသည်သာလျှင်တည်း။
ပန၊ ထိုသို့ မြို့အစရှိသည်၏ အပိုင်းအခြားသည် ပါဠိတော်၌လာသော်လည်း။ သမ္ဗဟုလဝါရော၊ သမ္ဗဟုလဝါရသည်။ ပါဠိယံ၊ ၌။ နာဂတော၊ မလာ။ သော၊ ထိုသမ္ဗဟုလဝါရကို။ ဣဓ၊ ဤနေရာ၌ (ထည့်)။ အာနေတွာ၊ ဆောင်၍။ ဒီပေတဗ္ဗော၊ ပြအပ်၏။
ဣဒံ ဣမေ၊ ဤသမ္ဗဟုလဝါရတို့သည်။ သေယျထာ ကတမေ၊ အဘယ်သည်တို့နည်း။ ပုတ္တပရိစ္ဆေဒေါ၊ သားသ္မီးအပိုင်းအခြား၎င်း။ ဘရိယာပရိစ္ဆေဒေါ၊ ကြင်ရာတော် မိဖုရားအပိုင်းအခြား၎င်း။ ပါသာဒပရိစ္ဆေဒေါ၊ နေထိုင်ရာပြာသာဒ်အပိုင်းအခြား၎င်း။ အဂါရဝါသပရိစ္ဆေဒေါ၊ အဂါရဝါသအပိုင်းအခြား၎င်း။ နာဋကိတ္ထိပရိစ္ဆေဒေါ၊ ကချေသည်မောင်းမအပိုင်းအခြား၎င်း။ အဘိနိက္ခမနပရိစ္ဆေဒေါ၊ တောထွက်ရာအပိုင်းအခြား၎င်း။ ပဓာနပရိစ္ဆေဒေါ၊ ပဓာနအပိုင်းအခြား၎င်း။ ဝိဟာရပရီစ္ဆေဒေါ၊ ဝိဟာရအပိုင်းအခြား၎င်း။ ဥပဋ္ဌကပရိစ္ဆေဒေါ၊ အလုပ်အကျွေးတော်အပိုင်းအခြား၎င်း။
ဣတိ ဣမေ၊ ဤသည်တို့တည်း။ ဧတေသမ္ပိ၊ ဤပုတ္တရိစ္ဆေဒ စသည်တို့၏၎င်း။ ဝါ၊ ကိုလည်း။ ဒီပနေ၊ ပြခြင်း၌။ ကာရဏံ၊ အကြောင်းကို။ ဟေဋ္ဌာ၊ အောက်နား၌။ ဝုတ္တမေဝ၊ ဆိုအပ်ခဲ့ပြီးသည်သာလျှင်တည်း။
ပန၊ ဆက်ဦးအံ့။ တဿ ဒီပင်္ကရဿ၊ ၏။ ဘရိယာနံ၊ မယားတို့၏။ ဝါ၊ တို့မှာ။ တိသတသဟဿံ၊ သုံးသိန်းသည်။ အဟောသိ၊ ဖြစ်ပြီ။
တဿ၊ ထိုဒီပင်္ကရာမြတ်စွာဘုရား၏။ အဂ္ဂမဟေသီ၊ အမြတ်ဆုံးမိဖုရားသည်။ ဝါ၊ မိဖုရားခေါင်ကြီးသည်။ ပဒုမာ နာမ၊ ပဒုမာအမည်ရှိ၏။ ပန၊ ဆက်ဦးအံ့။ တဿ၊ ထိုဒီပင်္ကရာမြတ်စွာဘုရား၏။ ပုတ္တော၊ သားတော်ကား။ ဥသဘက္ခန္ဓော နာမ၊ ဥသဘက္ခန္ဓ အမည်ရှိ၏။
တေန၊ ထို့ကြောင့်။ ''ဘရိယာ ပဒုမာ နာမ ။ပ။ ကိရာ''တိ၊ ဟူ၍။ ဝုတ္တံ၊ မိန့်အပ်ပြီ။
ဒီပင်္ကရဿ သတ္ထုနော၊ ဒီပင်္ကရာမြတ်စွာဘုရား၏။ ဝိဗုဒ္ဓပဒုမာနနု၊ အထူးသဖြင့်သိသော ပဒုမ္မာခံတွင်းပါးစပ်ရှိသော။ ဘရိယာ၊ မိဖုရားသည်ကား။ ပဒုမာ နာမ၊ ပဒုမာအမည်ရှိ၏။ အတြဇော၊ သားတော်သည်။ ဥသဘက္ခန္ဓော၊ ဥသဘက္ခန္ဓမည်၏။
ပါသာဒါပိ၊ ပြာသာဒ်တို့သည်လည်း။ ဟံသာ စ၊ ဟင်္သာပြာသာဒ်သည်၎င်း။ ကောဉ္စာ စ၊ ကြိုးကြာပြာသာဒ်သည်၎င်း။ မယူရာချာ စ၊ ဥဒေါင်းမည်သော ပြာသာဒ်တို့သည်၎င်း။ ဣတိ၊ သို့။ တယော၊ သုံးဆောင်ကုန်သော။ ပါသာဒါပိ၊ ပြာသာဒ်တို့ကိုလည်း။ မတာ၊ သိအပ်ကုန်၏။ ဒသဝဿသဟဿာနိ၊ အနှစ်တစ်သောင်းတို့ပတ်လုံး။ ဝါ၊ တိုင်တိုင်။ အဂါရံ၊ နန်းတော်၌။ အဝသီ ကိရ၊ နေသတတ်။
ဇိနော၊ ဒီပင်္ကရာမြတ်စွာဘုရားသည် (ထည့်)။ ဟတ္ထိယာနေန၊ ဆင်ယာဉ်ဖြင့်။ နန္ဒာရာမေ၊ နန္ဒာရာမတိုက်၌။ ဝသိ၊ သီတင်းသုံးတော်မူပြီ။ အဿ၊ ထိုဒီပင်္ကရာမြတ်စွာဘုရား၏။ ဥပဋ္ဌာကော၊ အလုပ်အကျွေးသည်ကား။ နန္ဒေါ နာမ၊ နန္ဒမည်၏။ သော၊ ထိုအရှင်နန္ဒသည်။ လောကာနန္ဒကရော ကိရ၊ လူအပေါင်း၏နှစ်သက်ခြင်းကို ပြုသတတ်။
ပန၊ ထိုမှတစ်ပါး။ သဗ္ဗဗုဒ္ဓါနံ၊ ခပ်သိမ်းသောဘုရားရှင်တို့၏။ အာယုဝေမတ္တံ၊ အသက်တော်မတူခြင်း၎င်း။ ပမဏဝေမတ္တံ၊ အရပ်တော်ပမာဏမတူခြင်း၎င်း။ ကုလဝေမတ္တံ၊ အမျိုးတော် မတူခြင်း၎င်း။ ပဓာနဝေမတ္တံ၊ ဒုက္ကစရိယာအကျင့် မတူခြင်း၎င်း။ ရသ္မိဝေမတ္တံ၊ ကိုယ်တော်အ‌ရောင် ထူးခြင်း၎င်း။ ဝါ၊ ကိုယ်တော်ရောင် မတူခြင်း၎င်း။
ဣတိ၊ သို့။ ပဉ္စ၊ ငါးပါးကုန်သော။ ဝေမတ္တာနိ၊ ထူးခြင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တတ္ထ၊ ထိုငါးပါးသော ဝေမတ္တတို့တွင်။ အာယုဝေမတ္တံ နာမ၊ အာယုဝေမတ္တမည်သည်ကား။ ကေစိ၊ အချို့သောဘုရားရှင်တို့သည်။ ဒီဃာယုကာ၊ ရှည်သောသက်ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ကေစိ၊ အချို့သော ဘုရားရှင်တို့သည်။ အပ္ပါယုကာ၊ တိုသော အသက်ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တထာ တံဝစနံ၊ ထို စကားသည်။ ဟိ သစ္စံ၊ မှန်၏။ ဒီပင်္ကရဿ၊ သော။ ဘဂဝတော၊ ၏။ အာယုပ္ပမာဏံ၊ အသက် အတိုင်းအရှည်သည်။ ဝဿသတသဟဿံ၊ အနှစ်တစ်သိန်းသည်။ အဟောသိ၊ ဖြစ်ပြီ။ အမှာကံ၊ ငါတို့၏။ ဘဂဝတော၊ ဘုရားရှင်၏။ အာယုပ္ပမာဏံ၊ အသက် အတိုင်းအရှည်သည် (ထည့်)။ ဝဿသတံ၊ အနှစ်တစ်ရာသည်။ အဟောသိ၊ ဖြစ်ပြီ (ထည့်)။ ဣဒံ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား။ အာယုဝေမတ္တံ နာမ၊ အာယုဝေမတ္တမည်၏ (လည်၍သတ်)။
ပမာဏဝေမတ္တံ နာမ၊ ပမာဏဝေမတ္တ မည်သည်ကား။ ကေစိ၊ အချို့သော ဘုရားရှင်တို့သည်။ ဒီဃာ၊ မြင့်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ကေစိ၊ အချို့သော ဘုရားရှင်တို့သည်။ ရဿာ၊ နိမ့်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တထာ တံ ဝစနံ၊ ထိုစကားရပ်သည်။ ဟိ သစ္စံ၊ မှန်၏။ ဒီပင်္ကရော၊ သော။ ဘဂဝါ၊ သည် (ထည့်)။ အသီတိဟတ္ထပ္ပမာဏော၊ အတောင်ရှစ်ဆယ် အတိုင်းအရှည်ရှိသည်။ အဟောသိ၊ ဖြစ်ပြီ။ အမှာကံ၊ ငါတို့၏။ ဘဂဝါ ပန၊ ဘုရားသည်ကား။ အဋ္ဌာရသဟတ္ထပ္ပမာဏော၊ တစ်ဆယ့်ရှစ်တောင် အတိုင်းအရှည်ရှိတော်မူသည်။ အဟောသိ၊ ဖြစ်ပြီ။
ကုလဝေမတ္တံ နာမ၊ ကုလဝေမတ္တံမည်သည်ကား။ ကေစိ၊ အချို့သော ဘုရားရှင်တို့သည်။ ခတ္တိယကုလ၊ မင်းမျိုး၌။ နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏။ ကေစိ၊ အချို့သော ဘုရားရှင်တို့သည်။ ဗြာဟ္မဏကုလေ၊ ပုဏ္ဏားမျိုး၌။ နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏။
တထာ တံ ဝစနံ၊ ထိုစကားသည်။ ဟိ သစ္စံ၊ မှန်၏။ ဒီပင်္ကရာဒယော၊ ဒီပင်္ကရာပအစရှိသော ဘုရားရှင်တို့သည်။ ခတ္တိယကုလေ၊ မင်းမျိုး၌။ နိဗ္ဗတ္တိံသု၊ ဖြစ်ကုန်ပြီ။ ကကုသန္ဓေကောဏာဂမနာဒယော၊ ကကုသန်ဘုရား, ကောဏဂုံဘုရား အစရှိသည်တို့သည်။ ဗြာဟ္မဏကုလေ၊ ပုဏ္ဏားမျိုး၌။ နိဗ္ဗတ္တိံသု၊ ဖြစ်ကုန်ပြီ။
ပဓာနဝေမတ္တံ နာမ၊ ပဓာနဝေမတ္တမည်သည်ကား။ ကေသဉ္စိ၊ အချို့သော ဘုရားရှင်တို့၏။ ပဓာနံ၊ ဒုက္ကရစရိယာအကျင့်သည်။ ဣတ္တရမေဝ၊ တိုသည်သာလျှင်။ ဟောတိ၊ ဖြစ်၏။ ယထာ၊ အဘယ်ဘုရားရှင်၏ ဒုက္ကရစရိယာအကျင့်ကဲ့သို့နည်း ဟူမူကား။ ကဿပဿ၊ မည်သော။ ဘဂဝတော၊ ဘုရားရှင်၏။ ပဓာနံ၊ ဒုက္ကရစရိယာအကျင့်သည်။ ဣတ္တရမေဝ၊ တိုသည်သာလျှင်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့တည်း။ (ဤသို့ပြန်၍သမ္ဗန်)။ အချို့သော ဘုရားရှင်တို့၏။ ပဓာနံ၊ ဒုက္ကရစရိယာအကျင့်သည် (လိုက်)။ အဒ္ဓနိယံ၊ ရှည်သောကာလရှိသည်။ ဟောတိ၊ ဖြစ်၏။ ယထာ၊ အဘယ်ဘုရားရှင်၏ ဒုက္ကရစရိယာ အကျင့်ကဲ့သို့နည်းဟူမူကား။ အမှာကံ၊ ငါတို့၏။ ဘဂဝတော၊ ဘုရားရှင်၏။ ပဓာနံ၊ ဒုက္ကရစရိယာအကျင့်သည်။ အဒ္ဓနိယံ၊ ရှည်သောကာလရှိသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့တည်း။ (ဣဒံ ပဓာနတေမတ္တံ နာမ- ဟုပြန်)။
ရသ္မိဝေမတ္တံ နာမ၊ ကား။ မင်္ဂလဿ၊ မင်္ဂလမည်သော။ ဘဂဝတော၊ ၏။ သရီရသ္မိ၊ ကိုယ်တော်ရောင်သည်။ ဒသသဟဿိလောကဓာတုံ၊ တစ်သောင်းသော လောကဓာတ်ကို။ ဖရိတွာ၊ ပြန့်နှံ့၍။ အဋ္ဌာသိ၊ တည်၏။ အမှာကံ၊ ငါတို့၏။ ဘဂဝတော၊ ၏။ သရီရသ္မိ၊ ကိုယ်တော်ရောင်သည် (လိုက်)။ သမန္တာ၊ ကိုယ်တော်၏ ထက်ဝန်းကျင်မှ။ ဗျာမမတ္တံ၊ တစ်လံအတိုင်းအရှည်ရှိသည်။ အဟောသိ၊ ဖြစ်ပြီ။
တတြ၊ ထိုဘုရားအပေါင်းတို့၌။ ရသ္မိဝေမတ္တံ၊ ကိုယ်တော်ရောင်၏ ထူးခြင်းသည်။ ဗောဓိသမ္ဘာရကာလေ၊ သဗ္ဗညုတဉာဏ် အရဟတ္တမဂ်ဉာဏ်၏ အကြောင်းဖြစ်သော ပါရမီသုံးဆယ် စွန့်ခြင်းကြီးငါးပါး စရိယသုံးပါးကို ဖြည့်ဆည်းပူးတော်မူသောအခါ၌ (ထည့်)။ အဇ္ဈာသယဋိဗဒ္ဓံ၊ အလိုဆန္ဒတော်နှင် စပ်သည်။ ဟောတိ၊ ဖြစ်၏။
ယော၊ အကြင်မြတ်စွာဘုရားသည်။ ယတ္တကံ၊ အကြင်မျှလောက်သော အရပ်ကို။ သရီရပ္ပဘာယ၊ ကိုယ်တော်၏အရောင်ဖြင့်။ ဖရိတုံ၊ နှံ့စေခြင်းငှာ။ ဣစ္ဆတိ၊ အလိုတော်ရှိ၏။ တဿ၊ ထိုမြတ်စွာဘုရား၏။ တတ္တကံ၊ ထိုမျှလောက်သောအရပ်ကို။ သရီရပ္ပဘာ၊ ကိုယ်တော်ရောင်သည်။ ဖရတိ၊ နှံ့၏။
ပန သစ္စံ၊ မှန်။ မင်္ဂလာဿ၊ မင်္ဂလအမည်ရှိသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ (အဇ္ဈာသယော-၌ စပ်)။ နိစ္စမ္ပိ၊ အမြဲလည်း။ ''ဒသသဟဿိလောကဓာတုံ၊ တစ်သောင်းသော လောကဓာတ်ကို။ ဖရတု၊ နှံ့စေသတည်း''။ ဣတိ၊ ဤသို့။ အဇ္ဈာသယော၊ အလိုဆန္ဒတော်သည်။ အဟောသိ၊ ဖြစ်ပြီ။
ပန၊ ထူးသည်မှတစ်ပါး မထူးသည်ကို ဆိုဦးအံ့။ ပဋိဝိဒ္ဓဂုဏေသု၊ ထိုးထွင်း၍ သိအပ်သော ဘုရားဂုဏ်ကျေးဇူးတို့၌။ ကဿစိ၊ အမှတ်မရှိ တစ်ဆူဆူသောမြတ်စွာဘုရားအား။ ဝေမတ္တံ နာမ၊ ထူးသောမည်သည်။ နတ္ထိ၊ မရှိ။
တထာ၊ ထိုမှတစ်ပါး။ သဗ္ဗဗုဒ္ဓါနံ၊ ခပ်သိမ်းသော ဘုရားရှင်တို့၏။ ဝါ၊ တို့သည်။ စတ္တာရီ၊ လေးပါးကုန်သော။ အဝိဇဟိတဋ္ဌာနာနိ နာမ၊ ခပ်သိမ်းသောဘုရားတို့ မစွန့်အပ်သောအရာတို့ မည်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဗောဓိပလ္လင်္ကော၊ ဗောဓိပလ္လင်တည်ရာအရပ်သည်။ ဝါ၊ ကို။ အဝိဇဟိတော၊ မစွန့်အပ်သည်။ ဟုတွာ၊ ဖြစ်၍ (ထည့်)။ ဧကသ္မိ့ယေဝ ဌာနေ၊ တစ်ခုသောအရပ်၌သာလျှင်။ ဟောတိ၊ ဖြစ်၏။
ဓမ္မစက္ကပ္ပဝတ္တနဋ္ဌာနံ၊ ဓမ္မာစကြာဟောတော်မူရာအရပ်သည်။ ဝါ၊ ကို။ ဣသိပတနေ၊ ဣသိပတနမည်သော။ မိဂဒါယေ၊ သားကောင်တို့အား ဘေးမဲ့ပေးရာဖြစ်သော မိဂဒါဝုန်တော၌။ အဝိဇဟိတမေဝ၊ မစွန့်အပ်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏။
ဒေဝေါရောဟဏကာလေ၊ တာဝတိံသာနတ်ပြည်မှ သက်တော်မူသောအခါ၌။ သင်္ကဿနဂရဒွါရေ၊ သင်္ကဿမြို့တံခါး၌။ ပဌမပါဒက္ကမော၊ ရှေးဦးစွာ လက်ယာခြေတော်ချရာသည်။ ဝါ၊ ကို။ အဝိဇဟိတောဝ၊ မစွန့်အပ်သည်သာလျှင်။ ဟောတိ၊ ၏။
ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။ ဂန္ဓကုဋိယာ၊ ဂန္ဓကုဋီ၌။ စတ္တာရိ၊ လေးချောင်းကုန်သော။ မဉ္စပါဒဋ္ဌာနာနိ၊ ညောင်စောင်းခြေတည်ရာ အရပ်တို့သည်။ ဝါ၊ တို့ကို။ အဝိဇဟိတာနေဝ၊ မစွန့်အပ်ကုန်သည်သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဝိဟာရောပိ၊ ကျောင်းသည်လည်း။ ဝါ၊ ကိုလည်း။ အဝိဇဟိတောဝ၊ မစွန့်အပ်သည်သာလျှင်။ ဟောတိ၊ ဖြစ်၏ (ထည့်)။
သော ပန၊ ထိုကျောင်းသည်ကား။ ခုဒ္ဒကော ဝါ၊ ငယ်သောပမာဏရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ မဟန္တော ဝါ၊ ကြီးသော ပမာဏရှိသည်လည်း။ ဟောတိ၊ ၏။
အပရံ ပန၊ တစ်ပါးတုံကား။ အမှာကံယေဝ၊ ငါတို့၏သာလျှင်။ ဘဂဝတော၊ ဘုရားရှင်အား။ သဟဇာတပရိစ္ဆေဒဉ္စ၊ သဟဇာတပရိစ္ဆေဒသည်၎င်း။ နက္ခတ္တပရိစ္ဆေဒဉ္စ၊ နက္ခတ္တပရိစ္ဆေဒသည်၎င်း။ ဝိသေသံ၊ ထူး၏။ (အနက်ပေးပုံ မကြိုက်)။
တစ်နည်း-အမှာကံယေဝ၊ ငါတို့၏သာလျှင်။ ဘဂဝတော၊ ဘုရားရှင်၏။ သဟဇာတပရိစ္ဆေဒဉ္စ ၊ သဟဇာတပရိစ္ဆေဒေါ စ၊ သဟဇာတပရိစ္ဆေဒကို၎င်း။ နက္ခတ္တပရိစ္ဆေဒဉ္စ ၊ နက္ခတ္တပရိစ္ဆေဒေါ စ၊ နက္ခတ္တပရိစ္ဆေဒ ကို၎င်း။ ဝိသေသံ ၊ ဝိသေသော၊ အထူးကို။ ဒီပေတဗ္ဗော၊ ပြအပ်၏ (ထည့်)။ ကိရ ဝိတ္ထာရေမိ၊ ချဲ့ဦးအံ့။ အမှာကံ၊ ငါတို့၏။ သဗ္ဗညုဗောဓိသတ္တေန၊ သဗ္ဗညုတဘုရားလောင်းနှင့်။ သဒ္ဓိံ၊ တကွ။ ရာဟုလမာတာ၊ ရာဟုလာမယ်တော်၎င်း။ အာနန္ဒတ္ထေရော၊ အာနန္ဒာမထေရ်၎င်း။ တေန္နာ၊ ဆန္နမထေရ်၎င်း။ ကဏ္ဍကော၊ ကဏ္ဍကမည်သော။ အဿရာဇာ၊ မြင်းမင်း၎င်း။ နိဓိကုမ္ဘာ၊ ရွှေအိုးကြီး လေးလုံး၎င်း။ မဟာဗောဓိရုက္ခော၊ မြတ်သောမဟာဗောဓိပင်၎င်း။ ကာဠုဒါယီ၊ ကာဠုဒါယီ အမတ်၎င်း။ ဣတိ၊ ဤသို့။ သတ္တ၊ ခုနှစ်ပါးကုန်သော။ ဣမာနိ သဟဇာတာနိ၊ ဤဖွားဖက်တို့သည်။
ကိရ ဝိတ္ထာရေမိ၊ အကျယ်ချဲ့ဦးအံ့။ မဟာပုရိသော၊ ယောကျ်ားမြတ်သည်။ ဥတ္တရာသာဠှနက္ခတ္တေနေဝ၊ ဥတ္တရာသာဠ်နက္ခတ်ဖြင့်သာလျှင်။ မာတုကုစ္ဆိံ၊ မယ်တော်ဝမ်းသို့။ ဩက္ကမိ၊ သက်တော်မူ၏။ မဟာဘိနိက္ခမနံ၊ မြတ်သောတောထွက်ခြင်းကို။ နိက္ခမိ၊ ထွက်တော်မူ၏။ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားကို။ ပဝတ္တေသိ၊ ဖြစ်စေတော်မူ၏။ ဝါ၊ ဟောတော်မူ၏။ ယမကပါဋိဟာရိယံ၊ ရေမီးအစုံစုံသော တန်ခိုးပြာဋိဟာကို။ အကာသိ၊ ပြုတော်မူပြီ။
ဝိသာခနက္ခတ္တေန၊ ဝိသာခါနက္ခတ်ဖြင့်။ ဇာတော စ၊ ဖွားတော်မူသည်လည်း။ အဟောသိ၊ ဖြစ်ပြီ။ အဘိသမ္ဗုဒ္ဓေါ စ၊ သစ္စာလေးပါးတရားကိုသိတော်မူသည်လည်း။ အဟောသိ၊ ဖြစ်ပြီ။ ပရိနိဗ္ဗုတော စ၊ ပရိနိဗ္ဗာန်ပြုတော်မူသည်လည်း။ အဟောသိ၊ ဖြစ်ပြီ။ မာဃနက္ခတ္တေန၊ မာဃနက္ခတ်ဖြင့်။ တဿ၊ ထိုငါတို့မြတ်စွာဘုရား၏။ သာဝကသန္နိပါတော စေဝ၊ တပည့်သားတော် အစည်းအဝေးသည်သာလျှင်။ အဟောသိ၊ ဖြစ်ပြီ။ အာယုသင်္ခါဝေါသဇ္ဇမနဉ္စ၊ အာယုသင်္ခါရကို လွှတ်တော်မူခြင်းသည်လည်း။ အဟောသိ၊ ဖြစ်ပြီ။ အဿယုဇနက္ခတ္တေန၊ အဿဝဏီနက္ခတ်ဖြင့်။ ဒေဝေါရောဟဏံ၊ တာဝတိံသာ နတ်ပြည်မှ သက်တော်မူခြင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ ဣတိ၊ သို့။ ဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိသောစကားကို။ အာဟရိတွာ၊ ဆောင်၍။ ဒီပေတဗ္ဗံ၊ ပြအပ်၏။
အယံ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား။ သမ္ဗဟုလဝါရပရိစ္ဆေဒေါ၊ များစွာသောသားတော်စသောအနက်တို့၏ အပိုင်းအခြားတည်း။
သေသဂါထာ၊ ကြွင်းသောဂါထာသည်။ သုဥတ္တာနာ ဧဝ၊ အလွန်ပေါ်လွင်ထင်ရှားသည်သာလျှင်တည်း။ ဣတိ၊ ဤသို့မှတ်အပ်၏။
ဣတိ၊ ဤသို့။ ဒီပင်္ကရော၊ သော။ ဘဂဝါ၊ သည်။ ယာဝတာယုကံ၊ အသက်ထက်ဆုံး။ ဌတွာ၊ တည်တော်မူ၍။ သဗ္ဗဗုဒ္ဓကိစ္စံ၊ အလုံစုံသော ဗုဒ္ဓကိစ္စကို။ ဝါ၊ ဗုဒ္ဓကိစ္စအားလုံးကို။ ကတွာ၊ ပြုပြီး၍။ အနုက္ကမေန၊ အစဉ်အားဖြင့်။ အနုပါဒိသေသာယ၊ ဝိဘတ်နာမက္ခန္ဓာ ကဋတ္တာရုပ် အကြွင်းအကျန်မရှိသော။ နိဗ္ဗာနဓာတုယာ၊ နိဗ္ဗာနဓာတ်ဖြင့်။ ပရိနိဗ္ဗာယိ၊ ပရီနိဗ္ဗာနဓာတ် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းလေပြီ။
ကိရ၊ ချဲ့ဦးအံ့။ ယသ္မိံ ကပ္ပေ၊ အကြင်သာရမဏ္ဍကပ်၌။ ဒီပင်္ကရဒသဗလော၊ ဒီပင်္ကရာဘုရားရှင်သည်။ ဥဒပါဒိ၊ ဖြစ်ထွန်းပွင့်လင်းတော်မူပြီ။ တသ္မိံ (ကပ္ပေ)၊ ထိုသာရမဏ္ဍကပ်၌။ အညေပိ၊ ဒီပင်္ကရဘုရားရှင်မှတစ်ပါး အခြားလည်းဖြစ်ကုန်သော။ တဏှင်္ကရော၊ တင်္ဏှကရဘုရားသည်၎င်း။ မေဓင်္ကရော၊ မေဓင်္ကရဘုရားသည်၎င်း။ သရဏင်္ကရော၊ သရဏင်္ကရဘုရားသည်၎င်း။ ဣတိ၊ ဤသို့။ တယော၊ သုံးဆူကုန်သော။ ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။ အဟေသုံ၊ ဖြစ်ကုန်ပြီ။
တေသံ၊ ထိုဘုရားသုံးဆူတို့၏။ သန္တိကေ၊ အထံတော်၌။ ဗောဓိသတ္တဿ၊ ငါတို့ဘုရားလောင်း၏။ ဗျာကရဏံ၊ ဗျာဒိတ်စကား ကြားတော်မူခြင်းသည်။ နတ္ထိ၊ မရှိ။
တသ္မာ၊ ထို့ကြောင့်။ တေ၊ ထိုဘုရားသုံးဆူတို့ကို။ ဣဓ၊ ဤဗုဒ္ဓဝံသအဋ္ဌကထာ၌။ တမှာ ကပ္ပါ၊ ထိုသာရမဏ္ဍကပ်ကမ္ဘာမှ။ အာဒိတော၊ အစမှ။
ပဋ္ဌာယ၊ စ၍။ ဥပ္ပန္နုပ္ပန္နေ၊ ဖြစ်တိုင်းဖြစ်တိုင်းကုန်သော။ သဗ္ဗဗုဒ္ဓေ၊ ခပ်သိမ်းသော ဘုရားရှင်တို့ကို။ ဒဿေတုံ၊ ပြခြင်းငှာ။ ဣဒံ၊ ဤ''တဏှင်္ကရော= မေဓင်္ကရော ။ပ။ သသာဝကာ’‘ဟူသော ဤစကားရပ်ကို။ ဝုတ္တံ၊ မိန့်အပ်ပြီ။
တဏှင်္ကရော စ၊ တဏှင်္ကရဘုရား၎င်း။ မေဓင်္ကရော စ၊ မေဓင်္ကရဘုရား၎င်း။ အထောပိ၊ ထိုမှတစ်ပါးလည်း။ သရဏင်္ကရော စ၊ သရဏင်္ကရဘုရား၎င်း။ ဒီပင်္ကရော၊ ဒီပင်္ကရအမည်တော်ရှိသော။ သမ္ဗုဒ္ဓေါ စ၊ ဘုရား၎င်း။ ဒွိပဒုတ္တမော၊ ခြေနှစ်ချောင်းရှိသော သတ္တဝါတို့ထက် မြတ်တော်မူသော။ ကောဏ္ဍညော၊ ကောဏ္ဍညဘုရား၎င်း။
မင်္ဂလော စ၊ မင်္ဂလဘုရား၎င်း။ သုမနော စ၊ သုမနဘုရား၎င်း။ ရေဝတော စ၊ ရေဝတဘုရား၎င်း။ သောဘိတော၊ သောဘိတအမည်တော်ရှိသော။ မုနိ၊ ဘုရား၎င်း။ အနောမဒဿီ စ၊ အနောမဒဿီဘုရား၎င်း။ ပဒုမော စ၊ ပဒုမဘုရား၎င်း။ နာရဒေါ စ၊ နာရဒဘုရား၎င်း။ ပဒုမုတ္တရော စ၊ ပဒုမုတ္တရဘုရား၎င်း။
သုမေဓော စ၊ သုမေဓဘုရား၎င်း။ သုဇာတော စ၊ သုဇာတဘုရား၎င်း။ မဟာယသော၊ များသောအခြံအရံ အကျော်အစောရှိတော်မူသော။ ပိယဒဿီ၊ ပိယဒဿီဘုရား၎င်း။ အတ္ထဒဿီ၊ အတ္ထဒဿီဘုရား၎င်း။ ဓမ္မဒဿီ၊ ဓမ္မဒဿီဘုရား၎င်း။ လောကနာယကော၊ လူသုံးပါးတို့၏ ရှေ့ဆောင်ဖြစ်သော။ သိဒ္ဓတ္တော၊ သိဒ္ဓတ္တဘုရား၎င်း။
တိဿော စ၊ တိဿဘုရား၎င်း။ ဖုဿော၊ ဖုဿအမည်တော်ရှိသော။ သမ္ဗုဒ္ဓေါ စ၊ ဘုရား၎င်း။ ဝိပဿီ စ၊ ဝိပဿီဘုရား၎င်း။ သိခီ စ၊ သိခီဘုရား၎င်း။ ဝေဿဘူ စ၊ ဝေဿဘူဘုရား၎င်း။ ကကုသန္ဓော စ၊ ကကုသန်ဘုရား၎င်း။ ကောဏာဂမနော စ၊ ကောဏာဂုံဘုရား၎င်း။ နာယကော၊ ရှေ့ဆောင်အကြီးအကဲ ဖြစ်တော်မူသော။ ကဿပေါ စာပိ၊ ကဿပဘုရား၎င်း။
ဣတိ၊ ဤသို့။ ဝီတရာဂါ၊ ကင်းပြီးသောရာဂရှိတော်မူကုန်သော။ ဝါ၊ ရာဂကင်းတော်မူကုန်သော။ သမာဟိတာ၊ ကောင်းစွာထားအပ်ကုန်သော။ ဝါ၊ တည်ကြည်ကုန်သော။ ဧတေ သမ္ဗုဒ္ဓါ၊ ဤဘုရားရှင်တို့သည်။ အဟေသုံ၊ ဖြစ်ထွန်းပွင့်လင်းတော်မူကုန်ပြီ။ မဟာတမဝိနောဒနာ၊ ကြီးစွာသော မောဟတည်းဟူသော အဝိဇ္ဇာအမိုက်မှောင်ကို ပယ်ဖျောက်နိုင်ကုန်သော။ သတရံသီဝ၊ ရောင်ခြည်တစ်ရာကဲ့သို့။ ဥပ္ပန္နာ၊ ဖြစ်ထွန်းပွင့်လင်းတော်မူကုန်သော။ တေ သမ္မာသမ္ဗုဒ္ဓါ၊ ထိုဘုရားရှင်တို့သည်။ သသာဝကာ၊ တပည့်သား သံဃာတော်အပေါင်းတို့နှင်တကွ။ အဂ္ဂိက္ခန္ဓာဝ၊ မီးပုံကြီးတို့ကဲ့သို့။ ဇလိတွာ၊ ထွန်းလင်းတောက်ပကုန်ပြီး၍။ နိဗ္ဗုတာ၊ နိဗ္ဗာန်ယူသိမ်း ငြိမ်းအေးတော်မူကြလေကုန်သတည်း။
ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော သဒ္ဒါအစဉ် အနက်အစဉ်ဖြင့်။ နာတိသ‌င်္ခေပဝိတ္ထရဝသေန၊ မကျဉ်းမကျယ်လွန်းသည်၏အစွမ်းဖြင့်။ ကတာယ၊ ပြုစီရင်အပ်သော။
မဓုရတ္ထဝိလာသိနိယာ၊ မဓုရတ္ထဝိလာသိနီအမည်ရှိသော။ ဗုဒ္ဓဝံသဋ္ဌကထာယ၊ ဗုဒ္ဓဝံသဋ္ဌကထာ၏။
ဒီပင်္ကရဗုဒ္ဓဝံသဝဏ္ဏနာ၊ ဒီပင်္ကရဗုဒ္ဓဝင်၏ အဖွင့်သည်။ ဝါ၊ ဒီပင်္ကရဗုဒ္ဓဝင်ကို ဖွင့်ဆိုခြင်းသည်။ ဝါ၊ ဒီပင်္ကရဗုဒ္ဓဝင်ကို ဖွင့်ဆိုရာဖွင့်ဆိုကြောင်းအဋ္ဌကထာသည်။ နိဋ္ဌိတာ၊ ပြီးပြီ။
ပဌမော၊ ရှေးဦးစွာသော။ ဗုဒ္ဓဝံသော၊ ဒီပင်္ကရဗုဒ္ဓဝင်သည်။ နိဋ္ဌိတော၊ အပြီးသို့ရောက်ခဲ့ပြီ။