အဟံ၊ ငါသည်။
မလဿ၊ ရာဂအစရှိသောအညစ်အကြေး၏။
ပတိဌာနဘူတံ၊ တည်ရာဖြစ်၍ဖြစ်သော။
လယံ၊ တွယ်တာကပ်ငြိခြင်းတည်းဟူသောငါးဖြာအာရုံတရားကို။
ဝါ၊ တွယ်တာကပ်ငြိခြင်း တည်းဟူသော ကာမဂုဏ်ငါးပါးအာရုံတရားကို။
ပဋိဝိနော ဒေတုံ၊ ပယ်ဖျောက်ခြင်းငှာ။
သက္ကောန္တံ၊ စွမ်းနိုင်တော်မူသော။
အနန္တဉာဏံ၊ အဆုံးအပိုင်းအခြားမရှိသော သဗ္ဗညုတဉာဏ်တော်တည်းဟူသော ဉာဏ်တော်ရှိတော်မူထသော။
ကရုဏာလယံ၊ သတ္တဝါအများအညှာသနားသည့် သတ္တပညတ်တည်းဟူသော မဟာဂရုဏာတော်၏ တည်ရာဖြစ်တော်မူထသော။
ဗုဒ္ဓဉ္စ၊ သစ္စာသိမြင် ဘုရားရှင်ကို၎င်း။
ဟိတံ၊ ကောင်းစွာဆောင်အပ်သောဝေနေယျသတ္တဝါတို့၏အစီးအပွား အဖြစ်သော။
ဓမ္မဉ္စ၊ မဂ်ဖိုလ်နိဗ္ဗာန် ဓမ္မက္ခန်ဟုဆိုအပ်သော ကိုးပါးသော လောကုတ္တရာတရားတော်မြတ်ကို၎င်း။
ဘဝသံဝရံ၊ ကာမဘဝ ရူပဘဝ စသည်ထွေပြား ကိုးပါးသော ဘတတို့သို့မကျရောက်အောင် စောင့်ရှောက်တော်မူထသော။
ဝရံ၊ မြတ်လှစွာထသော။ ဂုဏာကရံ။ သုပ္ပဋိပန္နတာ စသည်ကျင့်မှန် ဂှဏ်ကိုးတန်တို့ကို ပြုတော်မူတတ်ထသော။
နိရင်္ဂဏံ၊ ရာဂအစရှိသောအဂ်ဏတရားတော်မရှိထသော။
ဝါ၊ နင်လားဟဲ့ထောင့်ငါးရာ ရှောင်ရှားကာအမြန်ပြေးကွဲ့လို့ တစ်တန်မနှေး မဂ်အရဟတ်ဝင့်ပြီးတော့ စက်သေနတ်နဲ့ ဗုန်းအမြောက်ကိုရွယ် တဟုန်းဟုန်းကြောက်စဖွယ် ဗောဓိပက္ခိယတရားတွေကြောင့် ရှားသွေးကာ အတိကရေဘလာယွားကြလျက် အော်--- ကိလေသာကင်းတော်မူထသော။
ဂဏံ သံဃဉ္စ၊ မဂ္ဂဖလ ရှစ်ဝအမော် ပရမတ္တသံဃာတော်မြတ်အပေါင်းကို၎င်း။
နမာမိ၊ ဦးခေါင်းညွတ်ငိုက်ဦးဖြစ့်တိုက်၍ ရှိခိုးလိုက်ပါ၏ဘုရား။
ဇိနသာဝကာနံ၊ ဘုရားတပည့်သားဖြစ်သော သာဝကတို့တွင်။
ပညာယ၊ ပညာတော်ဖြင့်။
သေဋ္ဌော၊ အထူးသဖြင့် ချီမွမ်းအပ်မြတ်သော။
ဓမ္မသေနာပတိ၊ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တသည်။
ဓမ္မမရာဇံ၊ တရားမင်းဖြစ်တော်မူသော။
အပါရပါရဂုံ၊ ထိုမှာဘက်ကမ်းမဟုတ်သော ဤမှာဘက်ကမ်းဖြစ်သောဘဝ၏ကမ်း နိဗ္ဗာန်နန်းသို့ ရောက်တော်မူသော။
နိရင်္ဂဏံ၊ နင်လားဟဲ့ထောင့်ငါးရာရှောင်ရှားကာ အမြန်ပြေးကွဲ့လို့ တစ်တန်မနှေး မဂ်အရဟတ်ဝင့်ပြီးတော့ စက်သေနတ်နဲ့ဗုန်းအမြောက်ကိုရွယ် တဟုန်းဟုန်းကြောင့်စဖွယ် ဗောဓိပက္တိယတရားတွေကြောင့်ရှားသွေကာ အတိကရေဘလာယွင်းကြလျက် အော်---ကိလေသာကင်းတော်မူထသော။
သတ္တာရံ၊ ဘုရားရှင်ကို။
ဉာတိဂဏဿ၊ ဆွေတော်မျိုးတော်အပေါင်း၏။
မဇ္စျွေ၊ အလယ်၌။
အပုစ္တိ၊ အကြင်မေးမြန်းတော်မူပြီ။
ဣဓ၊ ဤသို့မေးမြန်းရာ၌။
သုဗုဒ္ဓဝံသေန၊ ကောင်းမြတ်သော ဘုရားအနွယ်တော်ဖြစ်သော။
ဝိသုဗုဒ္ဓဝံသေန၊ အထူးသဖြင့် စင်ကြယ်သော အနွယ်ဖြစ်တော်မူသော။
ဝိနာယကေန၊ ရှေ့ဆောင်အကြီးအကဲဖြစ်တော်မူသော။
ဟတာဝကာသေန၊ ဖျက်ဆီးအပ်ပြီးသော ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အခွင့်အရေးရှိသော။
သမာဓိဝါသေန၊ ကောင်းစွာတည်ကြည်သော နေခြင်းရှိတော်မူသော။
တထာဂတေန၊ ရှေးဝိပဿီ ဘုရားတို့ကဲ့သို့ တရားမစောင်းလာခြင်းကောင်းတော်မူသောဘုရားရှင်သည်။
ယော ဗုဒ္ဓဝံသော၊ အကြင်ဗုဒ္ဓဝံသဒေသနာတော်ကို။
ပကာသိတော၊ ထင်ရှားပြတော်မူလေပြီ။
ယာဝဇ္ဇကာလာ၊ ယနေ့အချိန်တိုင်အောင်။
ပါဠိက္ကမဉ္စေဝ၊ ပါဠိတော်အစဉ်ကို၎င်း။
ပါဠိယတ္တံ စ၊ ပါဠိတော်၏အနက်ကို၎င်း။
ကထာနုသန္ဓိံစ၊ စကား၏အဆက်အစပ်ကို၎င်း။
သုဂတဿ၊ ဘုရားရှင်၏။
ပုတ္တာ၊ သားတော်ဖြစ်သော မထေရ်မြတ်တို့သည်။
ယထာသုတံယေဝ၊ အကြင်အကြင် နားကြားတော်မူအပ်တိုင်းသာလျှင်။
သမာဟရိံသု၊ ကောင်းစွာဆောင်ကြကုန်လေပြီ။
တဿေဝ သမ္ဗုဒ္ဓဝရနွယဿ၊ ထိုဘုရားမြတ်တို့သာလျှင် သင့်လျှော်သောအာဖြင့် ဖြစ်တတ်သော။
(အနုပုဗ္ဗ အယဓာတ်။ ပဝတ္တနေ၊ အပစ္စည်း) ဝါ- ထိုဘုရား မြတ်တို့သာလျှင် အစဉ်အားဖြင့် ဖြစ်တတ်သော။
(အပုဗ္ဗ ဣဓာတ်။ ဂတိံမှိအပစ္စည်း) သဒါ၊ အခါခပ်သိမ်း၏။
ဇနာနံ၊ လူအပေါင်းတို့၏။
သဝနာမတဿ၊ ကြားနာရခြင်းကြောင့်ဖြစ်သော မအို မနာ မသေ အမြဲနေရာဖြစ်သော။
ပသာဒပညာဇနနဿ၊ ကြည်ညိုခြင်းဟူသော ပညာကြောင့်ဖြစ်သော။
သံဝဏ္ဏနာနုက္ကမတော၊ ဖွင့်ဆိုကြောင်း ဖွင့်ဆိုရာ အဋ္ဌကထာ၏အစဉ်အားဖြင့်။
ယသ္မာ၊ အကြင့်ကြောင့်။
ပဝတ္တာ၊ ဖြစ်ပြီ။
တသ္မ၊ ထို့ကြောင့်။
သက္ကစ္စသမ္မရတေန၊ ရိုသေစွာ သူတော်ကောင်းတို့၏ တရား၌မွေ့လျော်သော။
သီလာဒိဂုဏောဒိတေန၊ သီလအစရှိသောဂုဏ်တို့ဖြင့်ဆိုအပ်သော။
ဝါ၊ ဟောကြားအပ်သော။
ဗုဒ္ဓသီဟေန၊ အရှင်ဗုဒ္ဓသီဟမထေရ်မြတ်သည်။
အာယာစိတော၊ တောင်းပန်အပ်သော။
ဝါ၊ အတောင်းပန်ခံရသော။
အဟံ၊ ဗုဒ္ဓတ္တမည်တွင် ငါထေရ်အရှင်သည်။
သုစိရမ္ပိကာလံ၊ အလွန်မြင့်စွာသော ကာလပတ်လုံး။
အဿ၊ ထိုဗုဒ္ဓဝံသဒေသာနာတော်၏။
ဝဏ္ဏနံ၊ ဖွင့်ဆိုကြောင်း ဖွင့်ဆိုရာ အဋ္ဌကထာကို။
အာရဘိဿံ၊ အားထုတ်ပေတော့အံ့။
.
သဒါ၊ အခါခပ်သိမ်း။
ကလိနာသနဿ၊ အမျက်ဒေါသကို ဖျက်ဆီးတတ်သော။
ဇိနသာသနဿ၊ ငါးမာရ်အောင်မြင် ဘုရားရှင်၏ သာသနာတော်၏။
ဝါ၊ ကို။
စိရဋ္ဌိတတ္တံ စ၊ ကြာမြင့်စွာ တည်ရခြင်း၏အကျိုးငှာ၎င်း။
မမာပိ၊ ဗုဒ္ဓတ္တမည်တွင်ငါထေရ်ရှင်၏လည်း။
ဝါ၊ မှာလည်း။
ပုညောဒယဝုဒ္ဓိယတ္တံ စ၊ ကောင်းမှုကုသိုလ်၏ ပွားစီးခြင်း တိုးပွားခြင်းအကျိုးငှာ၎င်း။
မဟာဇနဿ၊ များစွာသောင်းပြောင်း လူအပေါင်း၏။
ပသာဒနတ္တဉ္စ၊ ကြည်ညိုစေရန်အကျိုးငှာ၎င်း။
သမဟာဝိဟာရာဂတပါဠိမဂ္ဂသန္နိဿိတာ၊ မဟာဝိဟာရကျောင်းတိုက်၌ရောက်သော။
ဝါ၊ မဟာဝိဟာရကျောင်းတိုက်သို့ ရောက်သော ပါဠိတော်လမ်းကြောင်းကို မှီသော။
သကရဒေါသဟီနာ၊ ရောယှက်ခြင်း ရှုပ်ထွေးခြင်း အပြစ်ဒေါသမှယုတ်သော။
သာရဘူတာ၊ အနှစ်သာရဖြစ်၍ဖြစ်သော။
အယံ ပန ဗုဒ္ဓဝံသသံဝဏ္ဏနာ၊ ဤဗုဒ္ဓဝံသပါဠိတော်ကို ဖွင့်ဆိုကြောင်း ဖွင့်ဆိုရာ အဋ္ဌကထာသည်။
သမာသတော၊ အကျဉ်းအားဖြင့်။
ဟောဿတိ၊ ဖြစ်လတ္တံ့။
သောတဗ္ဗရှူပံ၊ ကြားနာအပ် ကြားနာသင့် ကြားနာထိုက်သော သဘောရှိသော။
ဗုဒ္ဓဂုဏေ၊ ဘုရားရှင်တို့၏ ဂုဏ်တော်အပေါင်း၌။
ရတာနံ၊ မွေ့လျှော်ကုန်သော သူတို့၏။
ပသာဒနံ၊ ကြည်ညိုခြင်းကို၎င်း။
ပါပမဟာမလဿ၊ မကောင်းမှုအကုသိုလ်ဒုစရိုက်ဟူသော ကြီးစွာသော ရာဂစသော အညစ်အကြေး၏။
ဝါ၊ ကို။
ပဝါဟနံ၊ မျှောခြင်းကို၎င်း။
အညံ၊ အခြားသော။
ကာရဏံ၊ အကြောင်းသည်။
ယဿ္မ၊ အကြင့် ကြောင့်။
နတ္တိ၊ မရှိ။
တသ္မာ ဟိ ၊ တသ္မာ ဧတ၊ ထို့ကြောင့်သာလျှင်။
သက္ကစ္စသမာဓိယုတ္တာ၊ ရိုသေစွာ ကောင်းစွာတည်ကြည်ခြင်းဟူသော သမာဓိနှင့်ယှဉ်သော။
ဝိက္ခေပမနညစိတ္တာ၊ ပျံ့လွင့်ခြင်းဟူသော အခြားသောဥဒ္ဓစ္စပြဋ္ဌာန်းသော စိတ်တို့ကို။
ဝိဟာယ၊ ပယ်စွန့်ကုန်၍။
သံဝဏ္ဏနံ၊ ဖွင့်ဆိုကြောင်း ဖွင့်ဆိုရာ ဗုဒ္ဓဝံသအဋ္ဌကထာကို။
ဝဏ္ဏယတော၊ ဖွင့်ဆိုတော်မူသော အရှင်ဗုဒ္ဓတ္တဆရာ၏။
ဝါ၊ အား။
သုဝဏ္ဏံ၊ ရွှေကို။
နိဓာယ၊ ထား၍။
ဝါ၊ သိုမှီးသိမ်းဆည်း၍။
ကဏှံ၊ နားသောတကို။
မဓုရံ၊ ချိုမြိန်သည်ကို။
ကတွာ၊ ပြု၍။
တုမှေ၊ သင်စာသင်သားတို့သည် (ထည့်)။
သုဏာထ၊ နာလင့်ကုန်။
ဣဓ၊ ဤဗုဒ္ဓဝံသအဋ္ဌကထာ၌။
နိစ္စကာလံ၊ မြဲသောကာလပတ်လုံး။
သက္ကစ္စမစ္စေန၊ ရိုသေစွာ များစွာသောင်းပြောင်း ဝေနေယျသတ္တဝါအပေါင်းသည်။
သဗ္ဗမ္ပိ၊ အလုံးစုံလည်းဖြစ်သော။
အညံ၊ အခြားသော။
ကိစ္စ ပန၊ ကိစ္စကိုကား။
ဟိတွာ၊ စွန့်၍။
ဗုဓေန၊ ပညာရှိသည်။
သောတုမ္ပိ၊ နာကြားခြင်းငှာ၎င်း။
ကထောသုမ္ပိ၊ ဟောကြားခြင်းငှာ၎င်း။
ယုတ္တာ၊ သင့်သော။
အယံ ပန ကထာ၊ ဤဗုဒ္ဓဝံသဒေသနာစကားရပ်သည်။
ဝါ၊ ကို။
အတိဒုလ္လဘာ၊ အလွန်ရခဲသည်။
ဝါ၊ ဆင်းရဲသဖြင့်ရအပ်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသည်ကား ဂန္ထာရမ္ဘကထာ စကားရပ် အပြီးသပ်တည်း။
တတ္ထ၊ ထိုဂန္ထာရမ္ဘကထာ ဂါထာတို့တွင်။ ။
''ဗုဒ္ဓဝံသသံဝဏ္ဏနာ ဟေဿတိ သာရဘူတာ‘‘တိ၊ ''ဗုဒ္ဓဝံသသံဝဏ္ဏနာ ဟေဿတိ သာရဘူတာ'' ဟူ၍ ။
ဝုတ္တတ္တာ၊ ဆိုအပ်ခဲ့ပြီးသည်၏အဖြစ်ကြောင့်။
ဗုဒ္ဓဝံသော၊ ဗုဒ္ဓဝံသအဋ္ဌကထာကို။
တာဝ၊ ရှေးဦးစွာ။
ဝဝတ္တပေတဗ္ဗော၊ ပိုင်းခြား မှတ်သားအပ်၏။
သာရဘူတာ၊ အနှစ်သာရဖြစ်၍ဖြစ်သော။
ဗုဒ္ဓဝံသသံဝဏ္ဏနာ၊ ဗုဒ္ဓဝင် ပါဠိတော်ကို ဖွင့်ဆိုရာ ဖ္ငင့်ဆိုကြောင်း အဋ္ဌကထာသည်။
ဟေဿတိ၊ ဖြစ်တော့လတ္တံ့။
တတြ၊ ထိုဗုဒ္ဓဝံသပါဋ္ဌိတော်အဋ္ဌကထာ၌။
ဣဒံ အယံ ဝုစ္စမာနံ၊ ဤဆိုအပ်လတ္တံ့သည်ကား။
ဝဝတ္တာနံ၊ ပိုင်းခြားမှတ်သားခြင်းတည်း။
ဣတော၊ ဤဘဒ္ဒကမ္ဘာမှ။
ဟေဋ္ဌာ၊ အောက်၌။
ကပ္ပသတသဟဿဓိကေသု၊ ကမ္ဘာတစ်သိန်းအလွန်ရှိကုန်သော။
စတူသု အသင်္ချေယျေသု၊ လေးအသင်္ချေတို့၌။
ဥပ္ပန္နာနံ၊ ဖြစ်ထွန်းပွင်းလင်းတော်မူကြကုန်သော။
ပဉ္စဝီသတိယာဗုဒ္ဓါနံ၊ နှစ်ကျိပ်ငါးဆူကုန်သော ဘုရားရှင်တို့၏။
ဥပ္ပန္နကပ္ပါဒိပရိစ္ဆေဒဝသေန၊ ဖြစ်ထွန်းပွင့်လင်း တော်မူရာ ကမ္ဘာအစရှိသည်ကိုပိုင်းခြားခြင်း၏အစွမ်းဖြင့်။
ဝါ၊ ပိုင်းခြားခြင်း၏အစွမ်း ဖြင့်။
ပဝေဏိဝိတ္တာရကထာ၊ အစဉ်အဆဲ ချဲ့ကြောင်းစကားရပ်သည်။
''ဗုဒ္ဓဝံသော နာမာ''တိ၊ ''ဗုဒ္ဓဝံသဒေသနာတော်မူ၏''ဟူ၍ ။
ဝေဒိတဗ္ဗော၊ သိအပ်၏ ။
သွာယံ၊ သော အယံ ၊ ကပ္ပပရိစ္ဆေဒေါ= ဤကမ္ဘာအပိုင်းအခြားသည်။
နာမပရိစ္ဆေဒေါ၊ အမည်ကိုပိုင်ခြားခြင်း၎င်း။
ဂေါတ္တပရိစ္ဆေဒေါ၊ နွယ်တော်ပိုင်းခြား၎င်း။
ဇာတိပရိစ္ဆေဒေါ၊ မျိုးဇာတ် မျိုးဇာတိပိုင်းခြားခြင်း၎င်း။
နဂရပရိစ္ဆေဒေါ၊ မြို့တော်ကိုပိုင်းခြားခြင်း၎င်း။
ပိတုပရိစ္ဆေဒေါ၊ ခမည်းတော်ကိုပိုင်းခြားခြင်း၎င်း။
မာတုပရိစ္ဆေဒေါ၊ မယ်တော်ကို (မယ်တော်၏သက်တမ်းကို) ပိုင်းခြားခြင်း၎င်း။
ဗ္ဗောဒိရုက္ခပရိစ္ဆေဒေါ၊ ဗောဒိပင်ကို ပိုင်းခြားခြင်း၎င်း၊
ဓမ္မစက္ကပ္ပဝတ္တနပရိစ္ဆေဒေါ၊ ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူရာ အရပ်ကိုပိုင်းခြားခြင်း၎င်း။
အဘိသမယပရိစ္ဆေဒေါ၊ သစ္စာလေးပါးကိုသိတော်မူရာ(အရပ်)ကို ပိုင်းခြားခြင်း၎င်း။
သာဝကသန္နိပါတပရိစ္ဆေဒေါ၊ သာဝကတို့၏ စည်းဝေးရာ(အရပ်)ကိုပိုင်းခြားခြင်း၎င်း။
အဂ္ဂသာဝကပရိစ္ဆေဒေါ၊ အဂ္ဂသာဝကပိုင်းခြားကို၎င်း။
ဥပဋ္ဌာကပရိစ္ဆေဒေါ၊ အလုပ်အကျွေးကို ပိုင်းခြားခြင်း၎င်း။
အဂ္ဂသာဝိကာပရိစ္ဆေဒေါ၊ အဂ္ဂသာဝိိကာမတို့၏ အပိုင်းအခြား၎င်း။
ပရိဝါရဘိက္ခုပရိစ္ဆေဒေါ၊ အခြံအရံရဟန်းတော်များ၏ အပိုင်းအခြား၎င်း။
ရံသိပရိစ္ဆေဒေါ၊ ရောင်ခြည်တော်အပိုင်းအခြားခြင်း၎င်း။
သရီရပ္ပမာဏပရိစ္ဆေဒေါ၊ ကိုယ်တော်ပမာဏကို ပိုင်းခြားခြင်း၎င်း။
ဗောဓိသတ္တာဓိကာရပရိစ္ဆေဒေါ၊ အလောင်းတော်၏အလွန်ကဲမှုကို ပိုင်းခြားခြင်း၎င်း။
ဗျာကရဏပရိစ္ဆေဒေါ၊ ဗျာဓိတ်တော်ကို ပိုင်းခြားခြင်း၎င်း။
ဗောဓိသတ္တပဓာနပရိစ္ဆေဒေါ၊ ဘုရားလောင်း၏ ဒုက္ကရစရိယာအကျင့်တော်ကို ပိုင်းခြားခြင်း၎င်း။
အာယုပရိစ္ဆေဒေါ၊ သက်တမ်း (၈၀)ကို ပိုင်းခြားခြင်း၎င်း။
ပရိနိဗ္ဗာနပရိစ္ဆေဒေါ၊ ပရိနိဗ္ဗာန်စံတော်မူရာအရပ်ကို ပိုင်းခြားခြင်း၎င်း။
ဣတိ၊ ဤသို့။
ပါဠိယာ၊ ပါဠိတော်၌။
အာဂတေဟိ၊ လာကုန်သော။
ဗာဝီသတိယာ၊ နှစ်ဆယ့်နှစ်ပါးသော။
ဣမေဟိပရိစ္ဆေဒေဟိ၊ ဤအပိုင်းအခြားတို့ခြင့်။
ပရိစ္ဆိန္နော၊ ပိုင်းခြားခြင်းကို။
ဝဝတ္တိတော၊ မှတ်သားအပ်၏ ။
ပန၊ ပါဠိတော်၌လာသော အပိုင်းအခြားမှတစ်ပါး ပါဠိတော်၌မလာသော အပိုင်းအခြားကို ပြဆိုဦးအံ့။
ဧတ္တ၊ ဤနေရာ၌။
ပါဠိတော်အနာရုဠော၊ ပါဠိတော်၌မတင်အပ်။
ဝါ၊ ပါဠိတော်၌ မတက်ရောက်သော။
သမ္ဗဟုလဝါရော၊ သမ္ဗဟုလဝါရကို။
အာနေတဗ္ဗော၊ ဆောင်အပ်၏။
သော၊ ထိုသမ္ဗဟုလဝါရသည်။
အဂါရဝါရသပရိစ္ဆေဒေါ၊ အိမ်ရာတည်ထောင်လူတို့ဘောင်၌ နေခြင်းအပိုင်းအခြား၎င်း။
ပါသာဒတ္တယပရိစ္ဆေဒေါ၊ ပြာသာဒ်တို့၏သုံးဆောင်တို့၏ အပိုင်းအခြား၎င်း။
နာဋကိတ္တိပရစ္ဆေဒေါ၊ ကချေသည်မိန်းမတို့၏အပိုင်အခြား၎င်း။
အဂ္ဂမဟေသိပရိစ္ဆေဒေါ၊ မိဖုရားခေါင်းကြီး၏ အပိုင်းအခြား၎င်း။
ပုတ္တ-ပရိစ္ဆေဒေါ၊ သားတော်၏ အပိုင်းအခြား၎င်း။
ယာနပရိစ္ဆေဒေါ၊ ယာဉ်၏အပိုင်းအခြား၎င်း။
အဘိနက္ခမနပရိစ္ဆေဒေါ၊ တောထွက်တော်မူခြင်း၏အပိုင်းအခြား၎င်း။
ပဓာနပရိစ္ဆေဒေါ၊ ဒုက္ကရစရိယအကျင့်တော်၏ အပိုင်းအခြား၎င်း။
ဥပဋ္ဌာကပရိစ္ဆေဒေါ၊ အလုပ်အကျွေးတော်၏အပိုင်းအခြား၎င်း။
ဝိိဟာရပရိစ္ဆေဒေါ၊ ကျောင်းတော် အပိုင်းအခြား၎င်း။
ဣတိ၊ ဤသို့။
ဒသဓာ၊ ဆယ်ပါးအပြားအားဖြင့်။
ဝဝတ္တိတော၊ မှတ်သားအပ်သည်။
ဟောတိ၊ ဖြစ်၏။
မယံ ပန၊ ငါတို့သည်ကား။
တံ၊ သမ္ဗဟုလဝါရကိုလည်း။
ယထာဌာနေ၊ အကြင်အကြင်တည်မြဲတိုင်းသောအရာ၌။
တ္ထ တတ္ထ၊ ထိုထိုအဂါရဝါသပရိစ္ဆေဒစသည်၌။
သမာသတော၊ အကျဉ်းအားဖြင့်။
ဒဿေတွာဝ၊ ပြ၍သာလျှင်။
ဝါ၊ ပြပြီးမှသာလျှင်။
ဂမိဿမ၊ သွားကုန်တော့အံ့။
ပန၊ ဆက်ဦးအံ့။
ဧဝံ၊ ဤသို့-
ကေန၊ အဘယ်မည်သူ နတ်နှင့်လူသည်။
အယံ၊ ဤဗုဒ္ဓဝံသဒေသနာတော်ကို။
ဒေသိတာ၊ ဟောတော်မူအပ်သနည်း ?။
ကတ္တ၊ အဘယ်အရပ််ဌာန အဘယ်ဒေသ၌။
ကဿ၊ အဘယ်မည်သူ နတ်နှင့်လူ၏ ။
အတ္တာယ စ၊ အကျိုးငှာလည်း။
တစ်နည်း၊ အတ္တာယ= အတ္တံ ကာတုံ စ= အကျိုးစီးပွားကို ပြုခြင်းငှာလည်း။
ဒေသိတာ၊ ဟောတော်မူအပ်သနည်း။
ကဒါ၊ အဘယ်အခါ၌။
ကိမတ္ထာယ၊ အဘယ်အကျိုးငှာ။
ကဿ၊ အဘယ်သူ၏။
ဝစနံ၊ စကားကို။
ဂဟေတွာ သုဏိတွာ၊ နားယူ၍။
ကေနစ၊ ဘယ်သူသည်လည်း။
အာဘတော၊ ဆောင်အပ်သနည်း။
ပုဗ္ဗမေဝ၊ ရှေးဦးကပင်လျှင်။
ဝါ၊ ရှေးမဆွကပင်။
သမာသတော၊ အကျဉ်အားဖြင့်။
သဗ္ဗံ၊ ခပင်းဥဿုံ အလုံးစုံသော။
ဧတံ ဝိဓိံ၊ ဤအစီအရင်ကို။
ဝတွာ၊ ဆိုပြီး၍ ။
ပုဗ္ဗမေဝ၊ ရှေးဦးကပင်လျှင်။
ဝါ၊ ရှေးမဆွကပင်။
သမာသတော၊ အကျဉ်အားဖြင့်။
သဗ္ဗံ၊ ခပင်းဥဿုံ အလုံးစုံသော။
ဧတံ ဝိဓိံ၊ ဤအစီအရင်ကို။
ဝတွာ၊ ဆိုပြီး၍ ။
အဟံ၊ ငါသည်။
ပစ္ဆာ၊ နောက်မှ။
ဗုဒ္ဓဝံသဿ၊ ဗုဒ္ဓဝံသဒေသနာတော်၏။
အတ္ထဝဏ္ဏနံ၊ အနက်၏အဖွင့်ကို။
ဝါ၊ အနက်ကိုဖွင့်ဆိုခြင်းကို။
ဝါ၊ အနက်ကိုဖွင့်ဆိုကြောင်း ဖွင့်ဆိုရာ အဋ္ဌကထာကို။
ကရိဿမိ၊ ပြုရတော့လအံ့။
ဣတိ၊ ဤသို့။
သော၊ ထိုသမ္ဗဟုလဝါရကို။
ဝတ္ထတော၊ ပိုင်းခြားမှတ်သားအပ်၏။
တတ္ထ တိဿံ ’’ကေနာ ’’တိအာဒိ ဂါထာယံ၊ တတ္ထ တိဿံ '' ကေန ''ဤသို့အစရှိသော ဂါထာ၌ ။
ကေနာယံ ဒေသိတောတိိ၊ ကေနာယံ ဒေသိတောဟူသည်ကား။
အယံ ဗုဒ္ဓဝံသော၊ ဤဗုဒ္ဓဝံသဒေသနာတော်ကို။
ကေန၊ အဘယ်ပုဂ္ဂိုလ်သည်။
ဒေသိတော၊ ဟောတော်မူအပ်သနည်း။
အယံ၊ ဤ ဗုဒ္ဓဝံသဒေသနာတော်ကို။
သဗ္ဗဓမ္မေသု၊ အလုံးစုံသော ဥေယျတရားတို့၌။
အပ္ပဋိဟတဉာဏစာရေန၊ အပိတ်အပင် အတားအဆီး မရှိသော ဉာဏ်တော်အကျင့်တော်မူသော။
ဒသဗလေန၊ ကာယ ဉာဏ အားဆယ်ဝနှင့် ပြည့်စုံတော်မူသော။
စတုဝေသာရဇ္ဇဝိသာရဒေန၊ လေးပါးသော ဝေသာရဇ္ဇဉာဏ်တော်၌ရွံ့ရှာခြင်းကင်း ရဲတင်းတော်မူထသော။
ဓမ္မရာဇေန၊ တရားသဖြင့် မင်းဖြင့်တော်မူသော။
ဝါ၊ တရားမင်းဖြင့်တော်မူသော။
ဓမ္မဿမိနာ၊ တရား၏အရှင်ဖြစ်တော်မူသော။
တထာဂတေန၊ ရှေးဘုရားကဲ့သို့ တရားမစောင်း လာခြင်းကောင်းတော်မူသော။
ဝါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော။
သဗ္ဗညုနာ၊ အလုံးစုံသောတရားတို့ကို သိတော်မူတတ်သော။
သမ္မာသမ္ဗုဒ္ဓေန၊ ဘုရားရှင်သည်။
ဒေသိတော၊ ဟောတော်မူအပ်ပြီ။
ကတ္တ ဒေသိတောတိ၊ ကတ္တ ဒေသိတောဟူသည်ကား။
ကပိလဝတ္ထုမဟာနဂရေ၊ ကပိလဝတ္ထုမြို့ကြီး၌။
ဝါ၊ မြို့တော်၌။
နိဂြောဓာရရာမမဟာဝိဟာရေ၊ နိဂြောဓာရုံကျောင်းတိုက်တော်ကြီး၌။
ပရမရုစိရသန္ဒဿနေ၊ လွန်ကဲသော ရောင်ခြည်တော်ကို ပြတော်မူခြင်း၌။
ဒေဝမနုဿနယနနိပါတဘူတေ၊ နတ်လူတို့၏မျက်လုံးတို့ကို ကျရာဖြစ်သော။
ရတနစင်္ကမေ၊ ရတနာစင်္ကြံတော်၌။
စင်္ကမန္တေန၊ စင်္ကြံကြွတော်မူသောဘုရားရှင်သည်။
ဒေသိတော၊ ဟောတော်မူအပ်ပြီ။
ကဿတ္ထာယ စဒေသိတောသိ၊ ကဿတ္ထာယ စ ဒေသိတောဟူသည်ကား။
ဒွါသီတိယာ ဉာတိသဟဿနဉ္စ၊ ရှစ်သောင်းနှစ်ထောင်သော ဆွေတော်မျိုးတော်တ်ု့၏၎င်း။
အနေကကောဋီနံ၊ တစ်ကုဋေမက များလှကုန်သော။
ဒေဝမနုဿနဉ္စ၊ နတ်လူတို့၏၎င်း။
အတ္ထာယ၊ အကျိုးငှာ။
အတ္ထာယ အတ္ထံ ကာတုံ၊ အကျိုးကိုပြုခြင်းငှာ။
ဒေသိတော၊ ဟောတော်မူအပ်ပြီ။
ကိမတ္ထာယ ဒေသိတောတိ၊ ကဒါ ဒေသိတောဟူသည်ကား။
စတုရောဃနိတ္တရဏတ္တာ၊ လေးဖြာ သံသရာမှ ထွက်မြောက်ပါရခြင်းအကျိုးငှာ။
ဒေသိတော၊ ဟောတော်မူအပ်ပြီ။
ကဒါ ဒေသိတောတိ၊ ကဒါ ဒေသိတောဟူသည်ကား။
ဟိ၊ ချဲံ့ဦးအံ့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ပဌမဗောဓိယံ၊ ပဌမဗောဓိ၌။
ဝီသတိဝဿာနိ၊ အနှစ်နှစ်ဆယ်တို့ပတ်လုံး။
အနိဗဒ္ဓဝါသော၊ မမြဲသောနေတော်မူခြင်းရှိတော်မူသည်။
ဟုတွာ၊ ဖြစ်၍။
ယတ္တ ယတ္တ၊ အကြင်အကြင်အရပ်၌။
ဖာသုကံ၊ ဣရိယာပုတ်လေးဖြာ ချမ်းသာစွာ။
ဟောတိ၊ ဖြစ်၏။
တတ္တ တတ္ထေဝ၊ ထိုထိုအရပ်၌ပင်။
ဂန္တွာ၊ ကြွတော်မူ၏။
ဝသိ၊ နေတော်မူပြီ၊။
ကထံ၊ အဘယ်သို့။
ဝသိ၊ နေတော်မူသနည်း။
ဣတိ၊ ဤကားအမေးတည်း။
ပဌမံဝဿံ၊ ပဌမဝါပတ်လုံး။
ဝါ၊ ပဌမဝါ၌။
ဓမ္မစက္ကံ၊ တရားတည်းဟူသော စက်ရတနာကို။
ပဝတ္တေတွာ၊ ဖြစ်စေတော်မူပြီး၍။
ဝါ၊ လည်စေတော်မူ၍။
အဋ္ဌာရသ ဗြဟ္မကောဋိယော၊ ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မတို့ကို။
အမတပါနံ၊ အမြိုက်ရေစဉ်ကို။
ပါယေတွာ၊ သောက်စေတော်မူပြီး၍။
ဗာရာဏသိံ၊ ဗာရာဏသီပြည်ကို။၍။
ဥပနိသယ၊ ဆွမ်းမှီ၍။
ဣသိပတနေ၊ ဘုရားရဟန္တာတည်းဟူသော ဣသိတို့၏ကျရာဖြစ်သော။
မိဂဒါယေ၊ မိဂဒါရုံတော၌။
ဝါ၊ မိဂဒါဝုန်တော၌။
ဝသိ၊ နေတော်မူပြီ။
ဒုတိယံ၊ ဒုတိယဝါပတ်လုံး။
ဝါ၊ ဒုတိယဝါ၌။
ရာဇဂဟံ၊ ရာဇဂြိုလ်မြို့ကို။
ဥပနိဿာယ၊ ဆွမ်းမှီ၍။
ဝေဠုဝန်နေ၊ ဝေဠုဝန်မည်သော။
မဟာဝိဟာရေ၊ ကျောင်းတော်ကြီး၌။
ဝသိ၊ နေတော်မူပြီ။
တတိိယစတုတ္ထာနိ၊ တတိယစတုတ္ထာဝါပတ်လုံး။
ဝါ၊ တတိယစတုတ္ထဝါ၌။
တတ္ထေဝ၊ ထိုရာဇဂြိုဟ် ဝေဠုဝန်ကျောင်းတော်၌ပင်။
ဝသိ၊ နေတော်မူပြီ။
ပဉ္စမံ၊ ပဉ္စမဝါပတ်လုံး ။
ဝါ၊ ပဉ္စမဝါ၌။
ဝေသာလိံ၊ ဝေသာလီပြည်ကို။
ဥပနိဿယ၊ ဆွမ်းမှီ၍ ။
မဟာဝေနေ၊ မဟာဝုန်တော၌ ။
ကူဋာဂါရသာလယံ၊ စုလစ်မွန်းချွန် အထွဋ်တပ်သော ကျောင်းတော်၌ ။
ဝသိ၊ နေတော်မူပြီ ။
ဆဋ္ဌံ၊ ဆဋ္ဌမဝါပတ်လုံး။
ဝါ၊ ဆဋ္ဌမဝါ၌။
မကုလဗ္ဗတေ၊ မကုလတောင်၌။
ဝသိ၊ နေတော်မူပြီ။
သတ္တမံ၊ သတ္တဝါပတ်လုံး။
ဝါ၊ သတ္တမဝါ၌။
တာဝတိံသဘဝနေ၊ တာဝတိံသာဘုံ၌။
ဝါ၊ တာဝတိံသာ နတ်ပြည်၌။
ဝသိ၊ နေတော်မူပြီ။
အဋ္ဌမံ၊ အဋ္ဌမဝါပတ်လုံး။
ဝါ၊ အဋ္ဌမဝါ၌။
ဘဂ္ဂေသု၊ ဘဂ္ဂတို့၌။
သုသုမာရဂိိရိံ၊ သုသုမာရဂိရိမည်သောမြို့ကို။
ဥပနိဿယ၊ ဆွမ်းမှီ၍။
ဘေသကဠာဝနေ၊ ပဲစဉ်းခုန်(ပဲစဉ်းငုံ)တော၌။
ဝသိ၊ နေတော်မူပြီ။
(ဘေသဝဠာဝနေ-ရှိမူ ဘေသမည်သော ဘီလူးသည် စားမျိုးရာတောဟုပေး။)
နဝမံ၊ နဝမဝါ၌ပတ်လုံး။
ဝါ၊ နဝမဝါ၌။
ကောသမ္ဗိယံ၊ ကောသမ္ဗီပြည်၌။
ဝသိ၊ နေတော်မူပြီ။
ဒသမံ၊ ဒသမဝါပတ်လုံး။
ဝါ၊ ဒသမဝါ၌။
ပါလိလေယျကဝနသဏ္ဍေ၊ ပါလိလေယျကတောအုပ်၌။
ဝသိ၊ နေတော်မူပြီ။
ဧကာ - ဒသမံ၊ ဧကာဒသမဝါပတ်လုံး။
ဝါ၊ ဧကာဒသမဝါပတ်လုံး။
ဝါ၊ ဧကာဒသဝါ၌။
နာဠာယံ၊ နဠကမည်သော။
ဗြာဟ္မဏဂါမေ၊ ပုဏ္ဏားရွာ၌။
ဝသိ၊ ပြီ။
ဒွါဒသမံ၊ ဒွါဒသမဝါပတ်လုံး။
ဝါ၊ ၌။
ဝေရဉ္ဇာယံ၊ ဝေရဉ္ဇာပြည်၌။
ဝသိ၊ ပြီ။
တေရသမံ၊ တေရသမဝါပတ်လုံး။
ဝါ၊ ၌။
စာလိယပဗ္ဗတေ၊ စာလိယတောင်၌။
ဝသိ၊ ပြီ။
စုဒ္ဒသမံ၊ စုဒ္ဒသမဝါပတ်လုံး။
ဝါ၊ ၌။
ဇေတဝနမဟာဝိဟာရေ၊ ဇေတဝန်မည်သောကျောင်းကြီး၌။
ဝသိ၊ ပြီ။
ပဉ္ဇဒသမံ၊ ပဉ္ဇသမဝါပတ်လုံး။
ဝါ၊ ၌။
ကပိလဝတ္ထုမဟာဝနေ၊ ကပိလဝတ္ထုမဟာ၏အနီး မဟာဝုန်တောကြီး၌။
ဝသိ၊ မူပြီ။
သောဠသမံ၊ သောဠသမဝါပတ်လုံး။
ဝါ၊ ၌။
အာဠဝကံ၊ အာဠတကဘီးလူးကို။၏။
ဒမေတွာ၊ ဆုံးမ၍။
စုတု-ရာသီတိပါဏသဟဿာနိ၊ ကျွတ်ထိုက်သော သတ္တဝါတို့ကို။
အမတပါနံ၊ အမြိုက်ရေစဉ်ကို။
ပါယေတွာ၊ သောက်စေပြီး၍။
အာဠဝိယံ၊ အာဠဝီပြည်၌။
ဝသိ၊ ပြီ။
သတ္တရသမံ၊ သတ္တ- ရသမဝါပတ်လုံး။
ဝါ၊ ၌။
ရာဇဂဟေယေဝ၊ ရာဇဂြိုလ်ပြည်၌သာလျှင်။
ဝသိ၊ ပြီ။
အဋ္ဌာ-ရသမံ၊ အဋ္ဌာရသမဝါပတ်လုံး။
ဝါ၊ ၌။
စာလိယပဗ္ဗတေယေဝ၊ စာလိယတောင်၌သာလျှင်။
ဝသီ၊ ပြီ။
ဧကူနဝီသတိမံ၊ ဧကူနဝီသတိဝါပတ်လုံး။
ဝါ၊ ၌။
တထာ၊ ထို့အတူ။
စာလိယပဗ္ဗတေယေ၊ စာလိယတောင်၌ပင်လျှင်။
ဝသိ၊ ပြီ။
ပန၊ အဖို့တစ်ပါးကို ဆိုအံ့။
ဝီသတိမံဝဿံ၊ ဝီသတိမဝါပတ်လုံး။
ဝါ၊ ၌။
ရာဇဂဟေယေဝ၊ ရာဇဂြိူလ်ပြည်၌ပင်လျှင်။
ဝသိ၊ သီတင်သုံးနေတော်မူပြီ။
တေန၊ ထို့ကြောင့်။
"ဘဂဝါ ဟိပဌမဗောဓိယံ ဝီသတိဝဿနိ အနိဗဒ္ဓဝါသော ဟုတွာ ယတ္တ ဖာသုကံ ဟောတိ-တတ္ထ တတ္ထေဝ ဂန္တွာ ဝသီ''တိ၊ ''ဘဂဝါ ဟိ ပဌမ
ဗောဓိယံ ဝီသတိဝဿနိ အနိဗဒ္ဓဝါသော ဟုတ္တာ ယတ္ထ ယတ္ထ ဖာသုကံ ဟောတိ၊ တတ္ထ တတ္ထေဝ ဂန္တွာ တသိ'' ဟူ၍။
ဝုတ္တံ၊ မိန့်အပ်ပြီ။
ပန၊ အဖို့တစ်ပါးကို ဆိုအံ့။
တတော၊ ထိုအခါမှ။
ပဋ္ဌာယ၊ စ၍။
သာဝတ္ထိယေဝ၊ သာဝတ္ထိပြည်ကိုသာလျှင်။
ဥပနိဿယ၊ ဆွမ်းအမှီ၍။
ဇေတဝနမဟာဝိဟာရေ စ၊ ဇေတဝန်ကျောင်းတော်၌၎င်း။
ပုပ္ဖာရာမေ စ၊ ပုပ္ဖာရုံကျောင်းတော်၌၎င်း။
ဓုဝပရိဘောဂဝသေန၊ အမြဲသုံးဆောင်သည်၏အစွမ်းဖြင့်။
ဝါ၊ သုံးဆောင်၏အစွမ်းဖြင့်။
ဝသိ၊ ပြီ။
ပန၊ အဖို့တစ်ပါးကို ဆိုအံ့။
ယဒါ၊ အကြင်အခါ၌။
သတ္တာ၊ နတ်လူတို့၏ဆရာဖြစ်တော်မူသော။
ဗုဒ္ဓေါ၊ ဘုရားရှှင်ည်။
ဟုတွာ၊ ဖြစ်တော်မူ၍။
ဗာရာဏသိယံ၊ ဗာရာဏပြည်၌။
ဣသိပတနေ၊ ဣသိပတနမည်သော။
မိဂဒါယေ၊ မိဂဒါရုံ၌။
ဝါ၊ မိဂဒါဝုန်၌။
ပဌမံ ဝဿံ၊ ပဌမဝါပတ်လုံး။
ဝသိတွာ၊ မူပြီး၍။
ဝုဋ္ဌဝဿော၊ ဝါမှထတော်မူသည်။
ဟုတွာ၊ ဖြစ်၍။
ဥရုဝေလံ၊ ဥရုဝေလတောသို့။
ဂန္တွာ၊ ကြွတော်မူ၍။
တတ္ထ၊ ထိုဥရုဝေလတော၌။
တယော မာသေ၊
သုံးလတို့ပတ်လုံး။
ဝသန္တော၊ နေတော်မူသည်။
ဟုတွာ၊ ဖြစ်၍။
တေဘာတိကဇဋိိလေ၊ သုံးယောက်သော ခေါင်းဆောင်ရသေ့တို့ကို။
ဒမေတွာ၊ ဆုံးမတော်မူပြီး၍။
ဘိက္ခုသဟဿေဟိ၊ ရဟန်းတစ်ထောင်တို့ဖြင့်။
ဝါ၊ တို့သည်။
ကတပရိဝါရော၊ ပြုအပ်သော အခြံအရံရှိသည်။
ဟုတွာ၊ ၍။
ဖုဿမာသပဏ္ဏမာယံ၊ ပြာသိုလပြည့်နေ့၌။
ရာဇဂဟံ၊ ရာဇဂြိုဟ်သို့။
ဂန္တွာတာ၊ ကြွတော်မူ၍။
ဒွေ မာသေ၊ နှစ်လတို့ပတ်လုံး။
တတ္ထေဝ၊ ထိုရာဇဂြိုဟ်၌ပင်လျှင်။
ဝသိ၊ မူပြီ။
ပန၊ အဖို့တစ်ပါးကား။
တဒါ၊ ထိုအခါ၌။
ဗာရာဏသိတော၊ ပြည်မှ။
နိက္ခန္တဿ၊ ထွက်တော်မူသော။
အဿ၊ ထိုဘုရားရှင်အား။
ပဉ္စ မာသာ၊ ငါးလတို့သည်။
ဇာတာ၊ ဖြစ်ကုန်ပြီ။
သကလော၊ အလုံးစုံသော။
ဟေမန္တော၊ ဆောင်းရာသီသည်။
အတိကတ္တန္တော၊ လွန်သွားလေပြီ။
ဥဒါယိတ္ထေရဿ၊ အရှင်ကာဠုဒါယီမထေရ်အား။
အာဂတဒိဝသတော၊ လာသောနေ့မှ။
သတ္တဋ္ဌဒိဝသာ၊ ခုနှစ်ရက် ရှစ်ရက်တို့သည်။
ဝီတိဝတ္တာ၊ လွန်ကုန်ပြီ။
သော ပန၊ ထိုအရှင်ကာဠုဒါယီမထေရ်သည်ကား။
ဖဂ္ဂုနီပုဏ္ဏမာသိယံ၊ တပေါင်းလပြည့်နေ့၌။
စိန္တေသိ၊ ကြံပြီ။
ကိံ စိန္တေသိ၊ အဘယ်သို့ကြံသနည်း။
"ဟေမန္တော၊ ဆောင်းလရာသီသည်။
အတိက္ကန္တော၊ ကျော်လွန်ပြီ။
ဝသန္တကာလော၊ မိုဃ်းလခါသည်။
အနုပ္ပတ္တော၊ အစဉ်ရောက်လေပြီ။
တထာဂတဿ၊ ဘုရားရှင်အား။
ကပိလပုရံ၊ ကပိလဝတ္ထုပြည်သို့။
ဂန္တု၊ ကြွတော်မူခြင်းငှာ။
သမယော၊ အချိန်တန်ပြီ''။
ဣတိ၊ ဤသို့။
စိန္တေသိ၊ ကြံပြီ။
သော၊ ထိုအရှင်ကာဠုဒါယီမထေရ်သည်။
ဧဝံ၊ ဤသို့။
စိန္တေတွာ၊ ကြံ၍။
ကုလနဂရဂမနတ္တာယ၊ ဆွေတော်မျိုးတော်တို့၏ နေထိုင်ရာမြို့သို့ကြွတော်မူခြင်းငှာ။
သဋ္ဌိမတ္တာဟိ၊ ခြောက်ဆယ်မျှကုန်သော။
ဂါထာဟိ၊ ဂါထာတို့ဖြင့်။
ဂမနဝဏ္ဏံ၊ ကြွတော်မူခြင်း၏ ချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးကို။
ဝဏ္ဏေသိ၊ ချီးမွမ်းပြီ။
အထ၊ ထိုအခါ၌။
သတ္တ၊ မြတ်စွာဘုရားသည်။
အဿ၊ ထိုကာဠုဒါယီမထေရ်၏။
ဝစနံ၊ စကားကို။
သုတွာ၊ ကြားရ၍။
ဉာတိသင်္ဂဟံ၊ ဆွေတော်မျိုးတော်တို့အားချီးမြောက်ခြင်းကို၎
ကာသုကာမော၊ ပြုခြင်းငှာအလိုရှိတော်မူသည်။
ဟုတွာ၊ ဖြစ်၍။
အင်္ဂမဂဓဝါသီနံ၊ အင်္ဂတိုင်း မဂဓတို့၌ နေလေ့ရှိကုန်သော။
ကုလပုတ္တာနံ၊ အမျိုးကောင်းသားတို့၏။
ဒသဟိ သဟဿေဟိ၊ တစ်သောင်းတို့နှင်၎င်း။
ကပိလဝတ္ထုဝါသီနံ၊ ကပိလဝတ်ပြည်၌နေလေ့ရှိကုန်သော။
ကုလပုတ္တာနံ၊ အမျိုးကောင်းသားတို့၏။
ဒသဟိ သဟဿေဟိ၊ တစ်သောင်းတို့နှင့်၎င်း။
ဣတိ၊ ဤသို့။
သဗ္ဗေဟေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။
ဝီသတိယာ ခီဏာသဝသဟဿေဟိ၊ ရဟန္တာနှစ်သောင်းတို့နှင့် (ဖြင့်)။
ပရိဝုတော၊ ခြံရံအပ်သည်။
ဟုတွာ၊ ဖြစ်၍။
ရာဇဂဟတော၊ ရာဇဂြိုဟ်မြို့မှ။
နိက္ခမိတွာ၊ ထွက်တော်မူ၍။
ဒိဝသေ ဒိဝသေ၊ နေ့တိုင်း နေ့တိုင်း၌။
ယောဇနံ၊ တစ်ယူဇနာတိုင်တိုင်။
ဂစ္ဆန္တေ၊ ကြွတော်မူသည်ရှိသော်။
ရာဇဂဟတော၊ ရာဇဂြိုဟ်မြို့မှ။
သဋ္ဌိယောဇနံ၊ ယူဇနာခြောက်ဆယ်တိုင်တိုင်။
ကပိလဝတ္ထုပုရံ၊ ကပိလဝတ္ထုပြည်သို့။
ဒွိဟိ မာသေဟိ၊ နှစ်လတို့ဖြင့်။
သမ္ပာပုဏိတွာ၊ ရောက်၍။
တတ္ထ၊ ထိုကပိလဝတ္ထုပြည်၌။
ဉာတီနံ၊ ဆွေတော် အမျိုးတော်တို့၏။
ဝန္တာပနတ္ထံ၊ ရှိခိုးစေရခြင်းငှာ။
ယမကပါဋိဟာရိယံ၊ ယမိုက်ပြာဋိဟာကို။
အကာသိ၊ ပြုတော်မူသည်။
တဒါ၊ ထိုယမကပြာဋိဟာကို ပြုတော်မူသောနေ့၌။
အယံ ဗုဒ္ဓ-ဝံသော၊ ဤဗုဒ္ဓဝံသဒေသနာတော်ကို။
ဒေသိတော၊ ဟောတော်မူအပ်ပြီ။
ကဿဝစနန္တိ၊ ကဿဝစနံ ဟူသည်ကား။
သာဝကပစ္စေကဗုဒ္ဓါနံ၊ သာဝကပစ္စေကဗုဒ္ဓါတို့(၏)နှင့်။
အသာရဓာဏံ၊ မဆက်ဆံသော။
သမ္မာသမ္ဗုဒ္ဓဿေဝ၊ ဘုရားရှင်၏သာလျှင်။
ဝစနံ၊ စကားတော်ဖြစ်သော ဒေသနာတော်တည်း။
ကေနာဘတောတိ၊ ကေနာဘတော ဟူသည်ကား။
အာစရိယရမ္ပရာယ၊ ဆရာအဆင်ဆင့် ဆရာအဆကိဆက်အားဖြင့်။
အာဘတော၊ ဆောင်အပ်ခဲ့ပြီ။
ဟိ သစ္စံ၊ မလွဲဧကန် စစ်စစ်မှန်၏။
အယံ၊ ဤဗုဒ္ဓဝံသဒေသနာတော်ကို။
သာရိပုတ္တတ္ထေရော၊ အရှင်ရိပုတြာမထေရ်သည်၎င်း။
ဘဒ္ဒဇီ၊ အရှင်ဘဒ္ဒဇိသည်၎င်း။
တိဿော၊ အရှင်တိဿသည်၎င်း။
ကောသိယပုတ္ထော၊ ကောသိယပုဏ္ဏား၏သားဖြစ်သော။
သိဂ္ဂဝေါ၊ အရှင်သိဂ္ဂဝသည်၎င်း။
မောဂ္ဂလိပုတ္ထော၊ မောဂ္ဂလိပုဏ္ဏားမ၏သားဖြစ်သော မောဂ္ဂလိပုတ္တတိဿထေရ်သည်၎င်း။
သုဒတ္တော၊ အရှင်သုဒတ္တသည်၎င်း။
ဓမ္မိကော၊ အရှင်ဓမ္မိကသည်၎င်း။
ဒါသကော၊ အရှင်ဒါသကသည်၎င်း။
သောဏကော၊ အရှင်သောဏကသည်၎င်း။
ရေဝတော၊ အရှင်ရေဝတသည်၎င်း။
ဣတိဧဝမာဒီသု၊ ဤသို့အစရှိသောမထေရ်တို့သည်။
ယာဝ တတိယသင်္ဂီတိကာလော၊ တတိယသင်္ဂါယနာတင်သည့်တိုင်အောင်။
အာဘတော၊ ဆရာအဆင့်ဆင့် အဆက်ဆက် ဆောင်အပ်ခဲ့လေပြီ။
တတော၊ ထို့နောက်မှ။
ဝါ- ထိုအခါမှ။
ဥဒ္ဓမ္ပိ၊ အထက်၌လည်း။
တေသံယောဝ၊ ထိုမထေရ်တို့၏သာလျှင်။
သိဿာနုသိဿေဟိ၊ တပည့်ကြီးငယ်တို့သည်။
အာဘတော၊ အဆင့်ဆင့်ဆောင်အပ်ခဲ့ပေပြီ။
ဧဝံ၊ ဤသို့။
တာဝ၊ ရှေးဦးစွာ။
အာစရိယပရမ္ပရာယ၊ ဆရာအဆင့်ဆင့် ဆရာအဆက်ဆက်။
ယာဝဇ္ဇကာလာ၊ ယနေ့အချိန်တိုင်အောင်။
အာဘတော၊ ဆောင်အပ်ခဲ့ပေပြီ။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗော၊ သိအပ်ပြီ။
ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသောစကားအစဉ်ဖြင့်။
''ကေနာယံ ဒေသိတော ကတ္တ။ ပ။ဝစနံ ကေန စာဘတော''တိ၊ ''ကေနာယံ ဒေသိတော ကတ္တ။ ပ။ဝစနံ ကေန စာဘတော''ဟူ၍။
ဝါ၊ ဟူသော။
အဟံ ဂါထာ၊ ဤဂါထာသည်။
ဝါ၊ ကို။
တုတ္တတ္တာ၊ ဆိုအပ်ပြီးသော အနက်သည်။
ဟောတိ၊ ၏