问题
选择版本
miuthi-မိုးထိ
မြန်မာဘာသာ
Udānapāḷi
Udānapāḷi

8. Pāṭaligāmiyavaggo

作者: miuthi-မိုးထိ @ IAPT

မေ၊ သည်။ ဧတံ၊ ဤပဌမနိဗ္ဗာနပဋိသံယုတ္တသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။လ။
တေန ခေါ ပန သမယေန၊ ၌။ ဘဂဝါ၊ သည်။ ဘိက္ခူ၊ တို့ကို။ နိဗ္ဗာနပဋိသံယုတ္တာယ၊ နိဗ္ဗာန်နှင့်စပ်သော။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္ဒဿေတိ၊ နိဗ္ဗာန်၏ သဘောကို သိမြင်စေအပ်၏။ သမာဒပေတိ၊ နိဗ္ဗာန်၏သဘောသဘာဝကို ယူစေ၏။ သမုတ္တေဇေတိ၊ နိဗ္ဗာန်၏ သဘော၌ တက်ကြွအောင် ပြု၏။ သမ္ပဟံသေတိ၊ နိဗ္ဗာန်၏ဂုဏ်တို့ဖြင့် နှစ်သက်စေ၏။ သင်္ခါရ ခပ်သိမ်းတို့၏ ချုပ်ငြိမ်းခြင်းသည် နိဗ္ဗာန်၊ ဥပဓိလေးပါး လုံးကို စွန့်လွှတ်ခြင်းသည် နိဗ္ဗာန်၊ တဏှာ ကုန်ခန်းခြင်း, တပ်မက်မှုပျက် ပြယ်ခြင်းသည် နိဗ္ဗာန်၊ ဒုက္ခအားလုံးချုပ်ဆုံးခြင်းသည် နိဗ္ဗာန်-ဟု ပရိယာယ်အမျိုးမျိုးဖြင့် နိဗ္ဗာန်၏ သဘောကို ကောင်းစွာပြခြင်း သန္ဒဿန၊အရိယာ အရှင်မြတ်တို့၏ လမ်းစဉ်ဖြင့်သာ နိဗ္ဗာန်သို့ ရောက်နိုင်သည်။ထို့ကြောင့် နိဗ္ဗာန် ရောက်ကြောင်း အကျင့်နှင့်တကွ ရဟန်းတို့ကို နိဗ္ဗာန်သို့ ညွတ်စေ ကိုင်းရှိုင်းစေသော အားဖြင့်ကောင်းစွာ ယူစေခြင်း-ဟူသော သမ္ပာဒပန၊ နိဗ္ဗာန်မရမီစပ်ကြား ပမာဒတရား၌ အဆုံးမသတ်စေဘဲ သီလဝိသုဒ္ဓိစသော ဝိသုဒ္ဓိပဋိပဒါဖြင့် ကြိုးစား အားထုတ်ကြဟူသော သမုတ္တေဇနေ၊ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ မူးယစ်ခြင်းကို နှိပ်နင်းခြင်း,ကာမဂုဏ်တို့၌ ဆာလောင်ငတ်မွတ်ခြင်းကို ပယ်ဖျောက်ခြင်း,ကာမဂုဏ်၌ အသင်္ခတခေါ် နိဗ္ဗာန်ဟု နိဗ္ဗာန်၏ အာနိသင် တို့ကို ပြခြင်းဖြင့် ရဟန်းတို့၏ စိတ်ကို ရွှင်လန်းနှစ်သိမ့်စေခြင်း သမ္ပဟံသနအမှုတို့ကို ရဟန်းတို့အား ဖြစ်စေသည်၊ ဟူလို။
တေ ဘိက္ခူ၊ တို့သည်။ ဣဓ၊ ဤနိဗ္ဗာန်နှင့်စပ်သော တရားစကား၌။ အဋ္ဌိံ ကတွာ၊ လိုလိုလားလားရှိသည်ကို ပြု၍။ ဝါ၊ ဒေသနာ၌ လိုလိုလားလား ဖြစ်ကြကုန်၍။ မနသိ ကတွာ၊ တခြား၌ နှလုံးမသွင်းဘဲ ထိုဒေသနာကို မိမိစိတ်၌ တည်သည်ကို ပြု၍။ သဗ္ဗံ စေတသော၊ အလုံးစုံသော စိတ်ဖြင့်။ သမန္နာဟရိတွာ၊ ထိုဒေသနာကို အစအဆုံးဆင်ခြင်၍။ ဝါ၊ ဒေသက၏ စိတ်ကြောင့်ဖြစ်သော တရားတော်ကို မှန်ကန်အောင် အကြိမ်ကြိမ်အဖန်ဖန် မိမိ၏စိတ်အစဉ်သို့ ဆောင်၍။ ဩဟိတသောတာ၊ တရားသံလာရာသို့ လှည့်ကာ ချထားအပ်သောနား ရှိကုန်သည်ဖြစ်၍။ ဝါ၊ မပျံ့လွင့်အောင် ထားအပ်သောနား ရှိကုန်သည်ဖြစ်၍။ ဓမ္မံ၊ တရားတော်ကို။ သုဏန္တိ၊ နာကြကုန်၏။
အထခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ နိဗ္ဗာနသံယုတ္တကထာကို နာကြားရာ၌ ရိုသေလေးစားစွာ ပြုအပ်သည်၏အဖြစ်ဟူသော ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ မူပြီ။
အတ္ထိ ဘိက္ခဝေ တဒါယတနံ (လ) ဧသေဝန္တော ဒုက္ခဿ'တိ၊ ဒုက္ခဿဟူသော။ ဘိက္ခဝေ၊ တို့။ တဒါယတနံ-တံ ကာရဏံ၊ မဂ်ဖိုလ်တို့၏ အာရုံအကြောင်းဖြစ်သော ထိုနိဗ္ဗာန်သည်။ အတ္ထိ၊ ရှိ၏။ ယတ္ထ၊ အကြင်သင်္ခတဓာတ်တည်းဟူသော နိဗ္ဗာန်၌။ နေဝ ပထဝီ၊ ပထဝီဓာတ်လည်း မရှိ။ န အာပေါ၊ အာပေါဓာတ်လည်း မရှိ။ န တေဇော၊ တေဇောဓာတ်လည်း မရှိ။ န ဝါယော၊ ဝါယောဓာတ်လည်းမရှိ။ ယတ္ထ၊ အကြင်နိဗ္ဗာန်၌(လိုက်ခဲ့)။ န အာကာသာနဉ္စာယတနံ၊ အာကာသာနဉ္စာယတနဈာန်စိတ် စေတသိက်လည်း မရှိ။ န ဝိညာဏဉ္စာယတနံ၊ ပဌမာရုပ္ပဝိညာဏ်ဟူသော အာရုံနှင့်တကွ ကုသိုလ် ဝိပါက် ကြိယာ သုံးမျိုးသော ဝိညာဏဉ္စာယတန-ဈာန်စိတ် စေတသိက်လည်း မရှိ။ န အာကိဉ္စညာယတနံ၊ နတ္ထိဘောပညတ် အာရုံနှင့်တကွ ကုသိုလ် ဝိပါက် ကြိယာ သုံးမျိုးသော အာကိဉ္စညာယတန-ဈာန်စိတ် စေတသိက်လည်း မရှိ။ န နေဝသညာနာသညာယတနံ၊ တတိယာရုပ္ပဝိညာဏ်တည်းဟူသော အာရုံနှင့်တကွ ကုသိုလ် ဝိပါက် ကြိယာ သုံးမျိုးသော အလွန်တရာ သိမ်မွေ့သည့် နေဝသညာနာသညာ-ယတန ဈာန်စိတ် စေတသိက်လည်း မရှိ။ ယတ္ထ၊ အကြင်နိဗ္ဗာန်၌(လိုက်ခဲ့)။ န အယံ လောကော၊ ဣတ္ထတ္တဒိဋ္ဌိဓမ္မ ဣဓလောဓာ-ဟု ခေါ်ဆိုအပ်သော ခန္ဓာဒိလောကလည်း မရှိ။ န ပရလောကော၊ တတော အညတော ပရော အဘိသမ္ပရာယ-ဟု ခေါ်ဆိုအပ်သော ခန္ဓာဒိလောကလည်း မရှိ။ ယတ္တ၊ အကြင်နိဗ္ဗာန်၌(လိုက်ခဲ့)။ ဥဘော၊ နှစ်ပါးကုန်သော။ န စန္ဒိမသူရိယာ၊ နေလတို့လည်းမရှိ။ ယတ္ထ နေဝ ပထဝီ(လ)န ဝါယော။ ။ဤပါဠိဖြင့် က၊ဝါကျ တဒါယတန နိဗ္ဗာန်သည် အသင်္ခတရား ဖြစ်သည်။ထိုအသင်္ခတနိဗ္ဗာန်၌ ကက္ခဠ၊ ခက်မာခြင်းသဘောရှိသော ပထဝီဓာတ်,ပဂ္ဃရဏ=ယိုစီးခြင်း စိုထိုင်းခြင်း သဘောရှိသောအာပေါဓာတ်, ဥဏှပူလောင်ခြင်းလက္ခဏာရှိသော တေဇောဓာတ်, ဝိက္ခမ္ဘန=တွန်းကန် တောင့်တင်းခြင်း လက္ခဏာရှိသော ဝါယောဓာတ်, အဆိုပါသင်္ခတဖြစ်သော ဓာတ်ကြီးလေးပါး လုံးဝမရှိ နီတတ္ထအားဖြင့် တိုက်ရိုက်သိစေတော်မူသည်။ ဓာတ်ကြီးလေးပါးမရှိဟု ဆိုသဖြင့် ထိုဓာတ်ကြီးလေးပါးကို မှီတွယ်၍ နေကြရသော စက္ခုပသာဒ ရူပါရုံ, သောတပသာဒ သဒ္ဒါရုံစသည်နှင့် ဟဒယဝတ္ထု ဟူသော ဥပါဒါရုပ်များလည်း နိဗ္ဗာန်မှာ မရှိ-ဟူသော အဓိပ္ပါယ်ကို နေယျတ္ထသွယ်ဝိုက်သောအားဖြင့် သိစေတော်မူသည်။

ဘိက္ခဝေ၊ တို့။ တတြာပိ၊ မဂ်ဖိုလ်၏ အကြောင်း အာရုံဖြစ်သော ထိုနိဗ္ဗာန်၌လည်း။ နေဝဝဒါမိ၊ ငါဘုရား မဟော။ ဂတိံ၊ ဤဘဝမှ အခြားဘုံဘဝသို့ သွားရောက်ခြင်းကို။ န ဝဒါမိ၊ ငါဘုရား မဟော။ ဌိတိံ၊ တည်ရာဟူ၍လည်း။ န ဝဒါမိ၊ ငါ မဟော။ စုတိံ၊ ရွေ့လျောပျက်စီးခြင်း ကိုလည်း။ န ဥပပတ္ထိံ ဝဒါမိ၊ ဘုံဘဝ၌ကပ်ရောက်ခြင်းကိုလည်း။ န ဝဒါမိ၊ မဟော။ ဧတံ၊ ဤနိဗ္ဗာန်သည်။ အပ္ပတိဋ္ဌံ၊ အရူပသဘာဝ၏အဖြစ်,အကြောင်း ကင်းသည်၏ အဖြစ်ကြောင့် တစ်စုံတစ်ခုသော နေရာ၌ တည်ခြင်း မရှိ။ ဝါ၊ တည်လည်းမတည်။

တစ်နည်း-တစ်ရွာတစ်ကျေးမှရောက်လာခြင်း အာဂတိ၊တစ်ရွာတစ်ကျေးသို့ သွားရောက်ခြင်း ဂတိ နိဗ္ဗာန်၌ မရှိသောကြောင့် ထို က-ဝါကျပါ တဒါယတန နိဗ္ဗာန်ကို အာဂတိ-ဟူ၍လည်းကောင်း၊ ဂတိ-ဟူ၍လည်းကောင်း ငါဘုရား မဟော။မြေတောင် ကျောက်တောင်ကဲ့သို့ တည်ရာမဟုတ်သောကြောင့် နိဗ္ဗာန်ကို ဌိတိဟူ၍လည်း ငါ မဟော။ချုပ်ခြင်းသဘော မရှိသောကြောင့် နိဗ္ဗာန်ကို စုတိ-ဟူ၍လည်းကောင်း ငါ မဟော။ကံ စိတ် ဥတု အာဟာရ-ဟူသော အကြောင်းတရား၊ ဝါ၊ အဝိဇ္ဇာသင်္ခါရ တဏှာ ဥပါဒါန် ဘဝ-ဟူသော အကြောင်းတရား မရှိသောကြောင့် ဥပ္ပါဒ၊ ဖြစ်ခြင်းသဘော မရှိ၊ဖြစ်ခြင်းသဘော မရှိသောကြောင့် နိဗ္ဗာန်ကို ဥပပတ္တိ-ဟူ၍လည်း ငါဘုရား မဟော။

အပ္ပဝတ္တံ၊ ရုပ်နာမ်ခန္ဓာတို့၏ မပြတ်ဖြစ်ခြင်း သဘောနှင့် ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ဆက်ကာဆက်ကာ မပြတ်ဖြစ်ခြင်းသဘောလည်း မရှိ။ အနာရမ္မဏံ၊ အရူပသဘာဝ ဖြစ်သော်လည်း ဝေဒနာစသော စေတသိက်ကဲ့သို့ အာရုံကို မယူတတ်။ အပ္ပတိဋ္ဌန္တိ အာဒီဟိ ဝစနေဟိ၊ အပ္ပတိဋ္ဌံ စသော စကားတို့ဖြင့်။ ဝဏ္ဏိတံ၊ ချီးမွမ်းအပ်သော။ ယဒိဒံ နိဗ္ဗာနံ၊ အကြင်နိဗ္ဗာန်သည်။ အတ္ထိ၊ ၏။
ဧသော ဧဝ၊ ထိုနိဗ္ဗာန်သည်သာ။ ဒုက္ခဿ၊ အလုံးစုံသော ဝဋ်ဒုက္ခ၏။ အန္တော၊ အဆုံးတည်း။ ဧသေဝန္တော ဒုက္ခဿ။ ။ ဤဥဒါန်းပါဠိဖြင့် အပ္ပတိဋ္ဌံ အပ္ပဝတ္တံ အနာရမ္မဏံ-ဟု ချီးကျူးအပ်သော အဆိုပါ နိဗ္ဗာန်သည်သာ ဝဋ်ဒုက္ခ၏ အဆုံးဖြစ်သည်။အရာဝတ္ထုတစ်ခုခု၏ တည်ရာ၊ အကြောင်းအရာတစ်ခုခု၏ တည်ရာ၊သင်္ခါရဓမ္မတို့ကဲ့သို့ မပြတ်ဖြစ်သော ပဝတ္တ၊ဝေဒနာစေတသိက် စသည်တို့ကဲ့သို့ အာရုံကို ယူတတ်, အာရုံပြုတတ်သော သာရမ္မဏဆိုလျှင် ဝဋ်ဒုက္ခ၏အဆုံး ဘယ်နည်းနှင့်မျှမဟုတ်-ဟု သိစေတော်မူသည်။
ပဌမံ။ ။
မေ၊ သည်။ ဧတံ၊ ဤဒုတိယနိဗ္ဗာနပဋိသံယုတ္တသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။လ။
တေန ခေါ ပန သမယေန၊ ထိုအခါ၌။ ဘဂဝါ၊ သည်။ ဘိက္ခူ၊ တို့ကို။ နိဗ္ဗာနပဋိ သံယုတ္တာယ၊ နိဗ္ဗာန်နှင့်ဆက်စပ်သော။လ။ ဓမ္မံ၊ ဘုရားဟောဖော် နိဗ္ဗာန-ပဋိသံယုတ္တ တရားတော်ကို။ သုဏန္တိ၊ နားထောင်ကြကုန်၏။
အထ ခေါ၊ ထိုအခါ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ ပြဆိုအပ်သော ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ မူပြီ။
" ဒုဒ္ဒသံ အနတံ နာမ(လ) ပဿတော နတ္ထိ ကိဉ္စန'န္တိ၊ ကိဉ္စနံ'ဟူသော။ အနတံ နာမ၊ ညွတ်တတ်သည့် တဏှာမရှိရာ နိဗ္ဗာန်မည်သည်။ ဝါ၊ ကို။ ဒုဒ္ဒသံ၊ သိမြင်နိုင်ခဲ၏။ ဝါ၊ ခဲယဉ်းသဖြင့် သိမြင်အပ်၏။ ဝါ၊ လွယ်ကူစွာ သိမြင်ခြင်းငှာ မစွမ်းနိုင်။ ဟိ၊ ထိုစကားမှန်၏။ သစ္စံ၊ မဖောက်မပြန် အမြဲပင် မှန်ကန်သော နိဗ္ဗာန်ကို။ န သုဒဿနံ၊ လွယ်ကူသဖြင့် မသိမြင်အပ် မသိမြင်နိုင်။
တဏှာ၊ သည်။ ဝါ၊ ကို။ ပဋိဝိဒ္ဓါ၊ ဘာဝနာဘိမယ အသမ္မောဟအားဖြင့် ထိုးထွင်း၍ သိအပ်သည်။ ဟောတိ၊ ၏။ ဧဝဉ္စ၊ ဤသို့လျှင်။ ဇာနတော၊ မဂ်ပညာဖြင့် သစ္စာလေးရပ်ကို သိသော သူအား။ ဝါ၊ သန္တာန်၌။ ပဿတော၊ မဂ်ပညာဖြင့် သစ္စာလေးရပ်ကို မြင်သော သူအား။ ဝါ၊ မြင်သောသူ၏ သန္တာန်၌။ ကိဉ္စနံ၊ တဏှာတည်းဟူသော ကြောင့်ကြမှုသည်။ နတ္ထိ၊ မရှိတော့ပေ။
(တဏှာ တည်းဟူသော ကြောင့်ကြမှုမရှိလျှင် ကိလေသဝဋ်မရှိနိုင်။ကိလေသဝဋ်မရှိသောကြောင့် ကမ္မဝဋ်နှင့် ဝိပါကဝဋ်လည်း မရှိနိုင်။ထို့ကြောင့် ဝဋ်ခပ်သိမ်းချုပ်ငြိမ်းကာ ဒုက္ခအားလုံး ပြုတ်ပြုတ်ပြုန်းလေ၏။)ဒုတိယံ။ ။
မေ၊ သည်။ ဧတံ၊ ဤတတိယနိဗ္ဗာနပဋိသံယုတ္တသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။လ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ ခန္ဓာတို့၏ မပြတ်ဖြစ်ခြင်းဟူသော သံသရာစက်ရဟတ် လည်ခြင်း အကြောင်း အဝိဇ္ဇာ သင်္ခါရတို့ကို ဟောသကဲ့သို့ သံသရာစက်ရဟတ် ဖြတ်ခြင်း ရပ်ခြင်းအကြောင်းကို မဟောသဖြင့် ထိုအဟေတုကနိဗ္ဗာန်ကို ဘယ်ပုံဘယ်နည်းအားဖြင့် သစ္ဆိကဋ္ဌပရမတ္ထအားဖြင့် ရအပ်,သိအပ်ပါသနည်း-ဟူသော ရဟန်းတို့၏ အကြံအစည်ဟူသော ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ မူပြီ။
"အတ္ထိ, ဘိက္ခဝေ အဇာတံ အဘူတံ(လ) နိဿရဏံ ပညာယတီ"တိ၊ ပညာယတိ-ဟူသော။ ဘိက္ခဝေ၊ တို့။ အဇာတံ၊ ဝေဒနာစသည်တို့ကဲ့သို့ အကြောင်း ညီညွတ်မှ ဖြစ်ပေါ်လာသော တရားမျိုး မဟုတ်သော။ အဘူတံ၊ အကြောင်းမဲ့ အလိုအလျောက် ထင်ရှားသော တရားလည်း မဟုတ်သော။ အကတံ၊ တစ်စုံတစ်ခုသောအကြောင်းသည် ပြုအပ်,ဖြစ်စေအပ်သည် မဟုတ်သော။ အသင်္ခတံ၊ နိဗ္ဗာန်ဟူသော အသင်္ခတရားသည်။ အတ္ထိ၊ အထင်အရှားရှိ၏။
ဘိက္ခဝေ၊ တို့။ အဇာတံ၊ သော။ အဘူတံ၊ သော။ အကတံ၊ သော။ ဧတံ အသင်္ခတံ၊ နိဗ္ဗာန်တည်းဟူသော ဤအသင်္ခဓာတ်သည်။ နောစေ အဘဝိဿ၊ အကယ်၍ မဖြစ်ငြားအံ့။ ဣဓ၊ ဤသင်္ခါရလောက၌။ ဇာတဿ၊ အကြောင်းညီညွတ်မှ ဥပါဒ် ဌီဘင် အားဖြင့် ဖြစ်သော။ ဘူတဿ၊ အကြောင်းမဲ့ အလိုအလျောက် ထင်ရှားဖြစ်ပေါ်လာသော။ ကတဿ၊ အကြောင်းတစ်ခုသည် ပြုအပ် ဖြစ်စေအပ်သော။ သင်္ခတဿ၊ ရုပ်နာမ်ဟူသော သင်္ခတတရား၏။ နိဿရဏံ၊ ထွက်မြောက်ရာ ထွက်ပေါက်သည်။ ဝါ၊ ထွက်ပေါက်ကို။ န ပညာယေထ၊ မသိသာ မထင်ရှားရာ။ ဝါ၊ မသိအပ် မသိနိုင်ပါ။
ဘိက္ခဝေ၊ တို့။ ယသ္မာ စ ခေါ၊ အကြင်ကြောင့်။ အဇာတံ၊ သော။ အဘူတံ၊ သော။ အကတံ၊ သော။ အသင်္ခတံ၊ နိဗ္ဗာန်ဟူသော အသင်္ခတဓာတ်သည်။ အတ္ထိ၊ ၏။ တသ္မာ၊ ကြောင့်။ ဇာတဿ၊ သော။ ဘူတဿ၊ သော။ ကတဿ၊ သော။ သင်္ခတဿ၊ ရုပ်နာမ် ဟူသော သင်္ခတရား၏။ နိဿရဏံ၊ ထွက်မြောက်ရာ ထွက်ပေါက်သည်။ ဝါ၊ ကို။ ပညာယတိ၊ သိသာထင်ရှား၏။ ဝါ၊ သိအပ် သိနိုင်၏။
တတိယံ။ ။
မေ၊ သည်။ ဧတံ၊ ဤစတုတ္ထနိဗ္ဗာနပဋိသံယုတ္တသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။လ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ နိဗ္ဗာန်ရအောင် မည်သို့ ငါတို့ ကျင့်ရမည်နည်းဟူသော ရဟန်းတို့၏ အကြံအစည်တည်းဟူသော ဤအနက်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ မူပြီ။

"နိဿိတဿ စလိတံ (လ) ဧသေဝန္တော ဒုက္ခဿာ"တိ၊ ဒုက္ခဿဟူသော။ နိဿိတဿ၊ ရူပါရုံ သဒ္ဒါရုံစသော သင်္ခါရတရားတို့၏ တဏှာဒိဋ္ဌိတို့ဖြင့် မှီသောသူအား။ ဝါ၊ သူ၏သန္တာန်၌။ စလိတံ၊ ငါကောင် အနေငါ့ဟာအနေဖြင့် တုန်လှုပ်ခြင်း ဖြစ်၏။ အနိဿိတဿ၊ ရူပါရုံ သဒ္ဒါရုံစသော သင်္ခါရတို့ကို ငါဟူ၍လည်းကောင်း, ငါ့ဥစ္စာဟု၍လည်းကောင်း အထင်အမြင်လွဲကာ မမှီသောသူအား။ ဝါ၊ သူ၏သန္တာန်၌။ စလိတံ၊ ငါ ငါ့ဥစ္စာဟု ချွတ်ယွင်းသောအားဖြင့် အဆိုပါ တုန်လှုပ်မှုသည်။

နိဿိတဿ စလိတံ အနိဿိတဿ စလိတံ နတ္ထိ

လူသားတစ်ဦးတစ်ယောက်သည် နိုးသည်နှင့် တစ်ပြိုင်နက် အိပ်ခန်းရှိနာရီကို မြင်တယ်ဆိုပါတော့၊မြင်လျှင် ငါဝယ်ထားတဲ့နာရီ, ငါ့နာရီဟု တဏှာ စွဲအားဖြင့်စွဲလမ်းမည်။ထိုစွဲလမ်းခြင်းသည် ထိုသူ၏စိတ်အစဉ် တုန်လှုပ်ခြင်းပင်တည်း။

နာရီကိုကြည့်ပြီး ငါမြင်တယ်ဟု ယူဆလျှင် ဒိဋ္ဌိစွဲအားဖြင့် တုန်လှုပ်ခြင်း တစ်မျိုးပင်။စင်စစ် မြင်တာ,မြင်ရတာဟာ ငါမဟုတ်၊စက္ခု ဝိညာဉ်က မြင်ခြင်းသာ။ငါ့နာရီ ငါဝယ်ထားတဲ့နာရီဟု မှတ်မိတာ ငါ နာရီကို မှတ်မိတယ်ဟု ယူဆလျှင်လည်း ဒိဋ္ဌိစွဲအားဖြင့် တုန်လှုပ်ခြင်း တစ်မျိုးပင်။မှတ်မိကာ မှတ်တာဟာ ငါမဟုတ်၊သညာက မှတ်မိခြင်းသာ ဖြစ်သည်။သညာက မှတ်မိတာကိုပင် ငါက မှတ်မိတယ်ဟုထင်ခြင်း ယူဆခြင်းတည်း။ချွတ်ချော်လွဲမှားသော ယူဆခြင်း ဖြစ်၍ ဒါလည်း စလိတ-တုန်လှုပ်ခြင်းတစ်မျိုးပင်။အကယ်၍ ဒိဋ္ဌေ ဒိဋ္ဌမတ္တံနှင့်အညီ မြင်လျှင် မြင်ရသော ရူပါရုံ၌ ရပ်ထားလျှင် တုန်လှုပ်သည် မဆိုနိုင်။အဆင်းသည် ပရမတ္ထအားဖြင့် တကယ်မရှိသော အရှိတရားတည်း။ထိုအရှိတရားကို အရှိတရား-အတိုင်း မြင်သိရုံဖြင့် တဏှာစွဲ ဒိဋ္ဌိစွဲ ဘာစွဲမျှမဖြစ်သည့်အတွက် တုန်လှုပ်သည် မဆိုအပ်။အရှိကို အရှိအတိုင်း သိမြင်ခြင်းဖြစ်၍ တုန်လှုပ်မှု မရှိပေ။မှန်၏၊သီလဝိသုဒ္ဓိစသော ဝိသုဒ္ဓိကျင့်စဉ်အတိုင်း ကျင့်၍ သမထဝိပဿနာ တို့ဖြင့် တဏှာစွဲ ဒိဋ္ဌိစွဲကို ပယ်ခွာကာ ထိုမြင်ရသောအဆင်း ဟူသော သင်္ခါရ,မျက်စိဟူသောသင်္ခါရ, မျက်စိနှင့်အဆင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောစိတ် စေတသိက်ဟူသော သင်္ခါရတို့ကို အနိစ္စစသည်ဖြင့် ရှုခဲ့သော် တုန်လှုပ်မှု ဘယ်နည်းနှင့်မျှ မရှိနိုင်ပေ။

အသတိ၊ မရှိလတ်သော်။ ပဿဒ္ဓိ၊ ကိလေသာတို့၏ ငြိမ်းကြောင်းဟူသော ကာယပဿဒ္ဓိ,စိတ္တပဿဒ္ဓိ နှစ်ပါးသည်။ ဟောတိ၊ ၏။ ပဿဒ္ဓိယာ၊ ရှေ့နှင့်နောက် ထူးထူးခြားခြားယှဉ်သော ပဿဒ္ဓိနှစ်ပါးသည်။ သတိ၊ ရှိလတ်သော်။ နတိ၊ နတိဟု ရအပ်သောအမည်ရှိသော တဏှာသည်။ န ဟောတိ၊ အရဟတ္တမဂ်ခဏ၌ မဖြစ်တော့(ပေါ်မလာ သည်၏အဖြစ်သို့ ရောက်ခြင်းကြောင့် မဖြစ်တော့ဟူလို)။ နတိယာ၊ သည်။ အသတိ၊ မရှိလတ်သော်။

စလိတေ အသတိ ပဿဒ္ဓိ။ ။ အရှိကို အရှိအတိုင်း သိ၍ တဏှာစွဲ ဒိဋ္ဌိစွဲဖြင့် တုန်လှုပ်မှုမရှိလျှင် ကိုယ်ရောစိတ်ပါ နှစ်ဖြာငြိမ်းအေး၏။မှန်၏၊ဝိပဿနာစိတ်နှင့်တကွ ဖြစ်ကုန်သော ကိုယ်နှင့်စိတ်တို့သည် ရှိကုန်၏။ထိုကိုယ်စိတ်နှစ်ပါးတို့၏ ဘေးအန္တရာယ်ကို ပြုတတ်သော ကိလေသာတွေ ချုပ်ငြိမ်းကုန်အံ့။ကိုယ်ငြိမ်း-ချမ်းခြင်း စိတ်၏ငြိမ်းချမ်းခြင်းနှစ်မျိုးလုံး မဖြစ်မရှိ၊ဖြစ်ကြသည်သာ။

ပဿဒ္ဓိယာ သတိ နတိ နဟောတိ

ရှေ့နှင့်နောက် အထူးစက်ဆပ်သော ပဿာဒ္ဓိဖြစ်လတ်သော် အပြစ်မဲ့သော သုခ၏တည်ရာ သမာဓိတိုးပွားခြင်း, ထိုသမာဓိကို ဝိပဿနာပညာဖြင့် ညီမျှအောင် ပြုပေးခြင်းကြောင့် သမထနှင့်ဝိပဿနာအတွဲ ညီမျှစွာ ဖြစ်ကာ မဂ်အဆင့်ဆင့်ဖြင့် ကိလေသာတို့ကို ကုန်စင်စေသဖြင့် ကာမ ရူပ အရူပတို့၌ ညွတ်တတ်ကြောင်း နတိဟုခေါ်အပ်သော တဏှာသည် အရဟတ္တမဂ်ခဏ၌ တစ်ခုမကျန် မျိုးပြုတ်လေ၏။ဤနတိခေါ် တဏှာမျိုးပြုတ်ခြင်းသည် သဥပါဒိ သေသနိဗ္ဗာန်တည်း။

နာတိယာ အသတိ အာဂတိ ဂတိ န ဟောတိ

အရဟတ္တမဂ်ဖြင့် တဏှာကို ပယ်ပြီးသောကြောင့် ဘဝသုံးပါးသို့ ရောက်ရှိရန် တွယ်တာနှစ်သက်ခြင်း နတိသည် ပရိယုဋ္ဌာန်အနေဖြင့် မဖြစ်ခဲ့သော် တခြားဘဝမှ ဤဘဝသို့ လာရောက်ခြင်း အာဂတိ,ဤဘဝမှ တခြားဘဝသို့ သွားရောက်ခြင်း ဂတိ မရှိနိုင် မဖြစ်နိုင်တော့ပေ။

အာဂတိ၊ ပဋိသန္ဓေ၏အစွမ်းအားဖြင့် ဤဘဝသို့ ရောက်လာခြင်း အဂတိသည်။ ဂတိ၊ စုတိ၏အစွမ်းအားဖြင့် ဤဘဝမှအခြား ဘဝသို့ သွားရောက်ခြင်းဂတိသည်။ န ဟောတိ၊ ဆက်ကာဆက်ကာ မဖြစ်တော့။ အာဂတိဂတိယာ၊ သည်။ အသတိ၊ မရှိလတ်သော်။

စုတူပပါတော၊ အကြိမ်ကြိမ်စုတေခြင်း အကြိမ်ကြိမ်ဘဝတစ်ခုခု၌ ကပ်ရောက်ရခြင်းသည်။ န ဟောတိ၊ မဖြစ်တော့ပေ။

အာဂတိ ဂတိယာ အသတိ စုတူပပါတော န ဟောတိ ပြဆိုခဲ့သည့်အတိုင်း အာဂတိ ဂတိနှစ်မျိုးလုံး မရှိခဲ့သော် အဖန်ဖန် စုတေသေရခြင်း, အဖန်ဖန်ဘဝတို့၌ ကပ်ရောက် ပဋိသန္ဓေနေရခြင်း မဖြစ်တော့ပေ။

စုတုပပါတေ အသတိ နေဝိဓ န ဟုရံ ဥဘယမန္တရေန

နတိ-ဟူသော တဏှာကိလေသဝဋ် မရှိလျှင် သင်္ခါရကမ္မဘဝခေါ် ကမ္မဝဋ်လည်း ပြတ်စဲတော့၏။ကမ္မဝဋ်ပြတ်လျှင် ပဋိသန္ဓေဝိပါက်ဝိညာဉ် ပဝတ္တိ ပဉ္စဝိညာဉ် ကဋတ္တာရုပ်ဟူသော ဝိပါကဝဋ်လည်း မဖြစ်နိုင်တော့ပေ။ယင်းသို့ ဝဋ်သုံးပါးချုပ်ငြိမ်းလျှင် သင်သည် ဤလူ့ဘုံ၌လည်း သင် မရှိ။အခြားသော နတ်ဘုံစသည်၌လည်း သင်မရှိ။ထိုဘုံနှစ်ပါးလုံး၌ သင် မရှိတော့ပေ။တစ်နည်း စက္ခုစသော အတွင်းအာယတနခြောက်ပါး၌လည်း သင် မရှိ။ရူပါရုံစသော အပြင်အာယတနတို့၌လည်း သင် မရှိ။ထိုနှစ်မျိုးကို ကြဉ်၍ စက္ခုဝိညာဉ်စသော ဝိညာဉ် ၆-မျိုး၌လည်း သင် မရှိတော့ပေ။ဤသို့ ဘဝထိုထိုတို့၌ သင် မရှိခြင်းသဘော၊အာယတနနှစ်မျိုးနှင့် ဝိညာဉ် ၆-ပါးတို့၌ သင် မရှိခြင်းသဘောသည်ပင် အနုပါဒိသေသနိဗ္ဗာန်တည်း။

စုတူပပါတေ၊ သည်။ အသတိ၊ မရှိလတ်သော်။ နေဝ ဣဓ၊ ဤဘဝ၌လည်း သင်မရှိတော့ပြီ။ န ဟုရံ၊ ဟိုဘက်ဘဝ၌လည်း သင် မရှိတော့။ န ဥဘယမန္တရေန၊ ဤလောက တခြားလောကနှစ်လောက နှစ်ဘဝလုံး၌ သင် မရှိတော့ပေ။ တစ်နည်း-နေဝ ဣဓ၊ ဤစက္ခုစသော အတွင်းအာယတနခြောက်ပါး၌ သင် မရှိတော့။ န ဟုရံ၊ အပြင်အာယတန ခြောက်ပါး၌လည်း သင်မရှိတော့။ န ဥဘယမန္တရေန၊ အတွင်းအာယတန အပြင်အာယတန နှစ်မျိုးကို ကြဉ်၍ စက္ခုဝိညာဉ်စသော ဝိညာဉ်ခြောက်ပါး၌လည်း သင်မရှိတော့ (နောက်နည်း အညေပါဒ)။ ဧသေဝ၊ ဤဘဝဟိုဘဝ။ ဝါ၊ အတွင်းအပြင်အာယတန ဝိညာဉ်ခြောက်ပါးတို့၌ သင်မရှိခြင်း သဘောသည်ပင်။ ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။ အန္တော၊ အဆုံးဖြစ်သော နိဗ္ဗာန်တည်း။
စတုတ္ထံ။ ။
မေ၊ သည်။ ဧတံ၊ ဤစုန္ဒသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။လ။ ဧကံ သမယံ၊ အခါတစ်ပါး၌။ ဘဂဝါ၊ သည်။ မလ္လေသု၊ မလ္လတိုင်းတို့၌။ စာရိကံ၊ ကို။ စရမာနော၊ ကြွချီတော်မူသည် ရှိသော်။ မဟတာ၊ များမြတ်သော။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ တကွ။ ယေန၊ ၌။ ပါဝါ၊ ပါဝါမြို့သည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုပါဝါမြို့သို့။ အဝသရိ၊ ပြီ။
ဘဂဝါ၊ သည်။ တတြ၊ ထိုမလ္လတိုင်း၌။ ပါဝါယံ၊ ပါဝါမြို့၌။ ကမ္မာရပုတ္တဿ၊ ရွှေပန်းထိန်သည်၏ သားဖြစ်သော။ စုန္ဒဿ၊ စုန္ဒ၏။ အမ္ဗဝနေ၊ သရက်ဥယျာဉ်၌။ ဝိဟရတိ၊ သီတင်းသုံးတော်မူ၏။
ဘဂဝါ၊ သည်။ မလ္လေသု၊ မလ္လတိုင်းတို့၌။ စာရိကံ၊ ကို။ စရမာနော၊ ကြွချီတော်မူသည်ရှိသော်။ မဟတာ၊ သော။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ တကွ။ ပါဝံ၊ ပါဝါမြို့သို့။ အနုပ္ပတ္တော ကိရ၊ အစဉ်အားဖြင့် ရောက်တော်မူလာသတဲ့။ ပါဝါယံ၊ ပါဝါမြို့၌။ မယှံ၊ ငါ၏။ အမ္ဗဝနေ၊ သရက်ဥယျာဉ်၌။ ဝိဟရတိ ကိရာ၊ သီတင်းသုံးတော် မူသကဲ့သို့။ ဣတိ၊ ဤသို့။
ကမ္မာရပုတ္တော၊ သော။ စုန္ဒော၊ စုန္ဒသည်။ အဿောသိခေါ၊ ကြားပြီ။ အထ ခေါ၊ ၌။ ကမ္မာရပုတ္တော၊ သော။ စုန္ဒော၊ သည်။ ယေန၊ ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။
ဥပသင်္ကမိ၊ သွားပြီ။ ဥပသင်္ကမိတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ၍။ ဧကမန္တံ၊ ၌။ နိသီဒိ၊ ထိုင်နေပြီ။
ဧကမန္တံ၊ ၌။ နိသိန္နံ ခေါ၊ ထိုင်နေသော။ စုန္ဒံ၊ စုန္ဒကို။ ကမ္မာရပုတ္တံ၊ သော။ ဘဂဝါ၊ သည်။ ဓမ္မိယာ၊ တရားနှင့်စပ်သော။ ကထာယ၊ စကားဖြင့်။ သန္ဒဿေသိ၊ သစ္စာလေးပါးတို့ကို သိမြင်စေပြီ။ သမာဒပေသိ၊ သရဏဂုံသီလတို့၌ တည်စေပြီ။ သမုတ္တေဇေသိ၊ မဂ်တရားကို လျင်စွာရနိုင်လောက်အောင်ကောင်းစွာ စိတ်ကို တက်ကြွ ထက်မြက်စေပြီ။ သမ္ပဟံသေသိ၊ ဝမ်းမြောက်စေကာ ကောင်းစွာ ရွှင်လန်းစေပြီ။
အထ ခေါ၊ ၌။ စုန္ဒေါ၊ သည်(အဝေါစ-၌စပ်)။ ကမ္မာရပုတ္တော၊ သော။ ဘဂဝတာ၊ သည်။ ဓမ္မိယာသော ကထာယ၊ ဖြင့်။ သန္ဒဿိတော၊ စေအပ်သည်ရှိသော်။ သမာဒပိတော၊ စေအပ်သည်ရှိသော်။ သမုတ္တေဇိတော၊ စေအပ်သည်ရှိသော်။ သမ္ပဟံသိတော၊ စေအပ်သည်ရှိသော်။ ဘဂဝန္တံ၊ ကို။
ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ သွာတနာယ၊ နက်ဖန် အလို့ငှာ။ မေ၊ တပည့်တော်၏။ ဘတ္တံ၊ ဆွမ်းကို။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ အတူတကွ။
အဓိဝါသေတု၊ လက်ခံတော်မူပါဘုရား'။ ဣတိ၊ ဤသို့။ ဧတံ၊ ဤဆွမ်းဘုဉ်းပေး ပင့်လျှောက်သော စကားကို။ အဝေါစ၊ လျှောက်ထားပြီ။ ဘဂဝါ၊ သည်။ တုဏှီဘာဝေန၊ ဆိတ်ဆိတ်နေတော်မူခြင်းဖြင့်။ အဓိဝါသေသိ၊ လက်ခံတော်မူပြီ။
အထ ခေါ၊ ၌။ စုန္ဒေါ၊ သည်။ ကမ္မာရပုတ္တော၊ သော။ ဘဂဝတော၊ ၏။ အဓိဝါသနံ၊ ဆွမ်းဘုဉ်းပေးရန် လက်ခံတော်မူခြင်းကို။ ဝိဒိတွာ၊ သိ၍။ အာသနာ၊ ထိုင်နေရာမှ။ ဥဋ္ဌာယ၊ ထ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရှိခိုး၍။ ပဒက္ခိဏံ ကတွာ၊ လက်ယာရစ်လှည့်လည်သည်ကို ပြု၍။ ပက္ကာမိ၊ ဖဲသွားပြီ။
အထ ခေါ၊ ၌။ စုန္ဒေါ၊ သည်။ ကမ္မာရပုတ္တော၊ သော။ တဿာ ရတ္တိယာ၊ ဆွမ်းစားပင့်သော ထိုညဉ့်ကို။ အစ္စယေန၊ လွန်ရာအခါ၌။ သကေ နိဝေသနေ၊ မိမိနေအိမ်၌။ ပဏီတံ၊ မွန်မြတ်သော။ ခါဒနီယံ စ၊ ခဲဖွယ်ကိုလည်းကောင်း။ ဘောဇနီယဉ္စ၊ ဘောဇဉ်ကိုလည်းကောင်း။ ပဟူတံ၊ များစွာသော။ သူကရမဒ္ဒဝံ စ၊ နူးညံ့ညက်ညော ပြေပြစ်သော အလိုအလျောက် ဖြစ်ပေါ်သော ဝက်သားကိုလည်းကောင်း။ ပဋိယာဒါ ပေတွာ၊ စီမံ၍။ ဘဂဝတော၊ အား။ ကာလံ၊ ဆွမ်းဘုဉ်းပေးရန် အချိန်အခါကို။ အာရောစာပေသိ၊ ရွှေနားတော်ကြား လျှောက်ထားပြီ။ ဤသူကရမဒ္ဒဝံ-ပုဒ်နှင့် စပ်၍ စဉ်းစားစရာများစွာရှိ၏။မဟာအဋ္ဌကထာ၌ သူကရမံသ-ကို ဟောလျှင် မဒ္ဒဝ-ပုဒ်ကို ပဓာနပုဒ်အနေဖြင့် သူကရမဒ္ဒဝ-မရှိတန်ရာ။အဘယ်ကြောင့်ဆိုသော် မဒ္ဒဝ-ပြဒ်ဖြင့် အသားဟောဟု တထစ်ချ မသိနိုင်ရာ။အသားဟောလည်း ဖြစ်တော့ဖြစ်နိုင်သည်။ကေစိဆရာမိန့်သလို ဝံသကဠီရ-လည်း ဖြစ်နိုင်သည်။အညေဆရာမိန့်သလို အဟိဆတ္တက-လည်း ဖြစ်နိုင်သည်။အကယ်၍ မုဒုံ ပစတိ-စသည်တို့ကဲ့သို့ ပုဒုပုဒ်ရင်းကို ဘာဝ တဒ္ဓိတ်ဆင့်ကာ ဏ-ပစ္စည်းကြံလျှင် နူးညံ့ခြင်းအနက် နူးနူးနပ်န်ပ အနက်ဟောရာ၏။နူးညံ့ နူးနပ်အနက်ဟော မဒ္ဒဝပုဒ်ကို အတည်ပြုခဲ့လျှင် ယင်း၏ရှေ့ရှိ သူကရပုဒ်သည်လည်း သူကရ-ဟု ဒီဃဖြင့် မရှိတန်ရာ။သုကရ-ဟု ရဿဖြင့်ရှိရာ၏။ရှိလျှင် သူကရမဒ္ဒဝ-မဟုတ်ဘဲ သုကရမဒ္ဒဝ-ပုဒ်ကိုသာ အတည်ပြုရပေမည်။ပြုခဲ့သော် သုကရ-ကောင်းစွာစီမံ (ချက်ပြုတ် ထားအပ်သော)ဝါ၊နူးနပ်အောင် နှပ်ထားသော မဒ္ဒဝ-နူးနပ်သော ကောင်းစွာကျက်သော အစာအာဟာရ-ဟု အဓိပ္ပါယ်ရသည်။ကောင်းစွာ စီမံထားသော အစာဟု ဆိုသဖြင့် ကေစိမိန့်သည့် ဝံသကဠီရ၊ မျှစ်၊ အညေမိန့်သည့် မှို၊ အပရေမိန့်သည့် ရသာယတန-တို့ဖြင့်နိုင်သည်သာ။ကေစိစသည်တို့မိန့်သော အစာအာဟာရမှတစ်ပါး အခြားသော အသီးအနှံ ပဲအမျိုးမျိုး ဥ-နှင့် အပင်အမျိုးမျိုး သားငါး အမျိုးမျိုးလည်း ဖြစ်နိုင်သည်။ဘာ့ကြောင့်နည်း- သုကရ၊ ကောင်းစွာ မကျက်ကျက်အောင်, မနပ် နပ်အောင် ပြုစီမံထားသော။မဒ္ဒဝ၊ နူးနပ်ကျက် နေသော အစာအာဟာရ။မနူးမနပ် ဇိမ်းဇတ်ဇတ် မကျက်တကျက် အစာအာဟာရ မဟုတ်ဟူသော အနက်အဓိပ္ပါယ်ကို သုကရ-ဟူသော ဝိသေသနသည် အထူးပြုအပ်သော မဒ္ဒဝ-ဝိသေသျပုဒ်က ဟောနိုင်သော ကြောင့်တည်း။
ဘန္တေ၊ ဘုရား။ ကာလော၊ အချိန်တန်ပါပြီ။ ဘတ္တံ၊ ဆွမ်းသည်။ နိဋ္ဌိတံ၊ အရံသင့် ပြီးစီးနေပါပြီ'။ ဣတိ၊ ဤသို့။ ထို့အပြင် အခြားနေရာ၌ ဗုဒ္ဓအားဖြစ်စေ ဗုဒ္ဓသာဝကတစ်ပါးပါးကိုဖြစ်စေ ဆွမ်းစားပင့်လျှောက်ရာဝယ် မည်သည့်အသား ဟင်းဟု အမည်ထူးတပ်၍ ပင့်ရိုး မရှိသောကြောင့် မဟာအဋ္ဌကထာ၏ သူကရမံသ-ဝက်သား မဟုတ်နိုင်ရာ။မည်သည့်ဟင်းဟု တစ်ထစ်ချ မသတ်မှတ်သောကြောင့် ကောင်းစွာနူးနူးနပ်နပ် ချက်ပြုတ်စီမံထားသော အသီးအနှံဟင်း ဖြစ်စေ အာလူးပဲစသော အခြားကြောင်လျှာ ခတက်ရွက်စသော အပွင့်နှင့်တကွ သားငါးဟင်းတို့ကို ယူလိုကလည်း သုကရမဒ္ဒဝ-ပုဒ်က မဟောမရှိ၊ ဟောမည်သာ။ဆိုလိုရင်းကား သူကရ-ဟု ရှေ့ကရှိလျှင် မဒ္ဒဝ-ကိုဝိသေသျအဖြစ် အသိအမှတ်ပြုကာ ဝက်သား မဟောတန်ရာ။မဒ္ဒဝ-ပုဒ်ကို ဝိသေသကြံလျှင်လည်း ရှေ့ပုဒ်သည် သူကရ-မဟုတ်၊သုကရ-သာ ဖြစ်သင့်သည်။ဖြစ်သင့်သည့်အတိုင်း သုကရမဒ္ဒဝ-ဟု ရှိလျှင် အသားရော အသီးအနှံရော အပွင့်ရော ဥရော မည်သည့်ဟင်းမဆို အကုန်ဖြစ်နိုင်သည်-ဟု ဆိုလိုသည်)
အထခေါ၊ ၌။ ဘဂဝါ၊ သည်။ ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။ နိဝါသေတွာ၊ ၍။ ပတ္တစီဝရံ၊ ကို။ အာဒါယ၊ ယူ၍။ သဒ္ဓိံ၊ အတူတကွ။ ဘိက္ခုသဃေန၊ နှင့်။ ယေန၊ နှင့်။ စုန္ဒဿ ကမ္မာရပုတ္တဿ၊ သော။ စုန္ဒဿ၊ ၏။ နိဝေသနံ၊ အိမ်သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။
ဥပသင်္ကမိတွာ၊ ၍။ ပညတ္တေ၊ သော။ အာသနေ၊ ၌။ နိသီဒိ၊ ပြီ။
နိသဇ္ဇ ခေါ၊ ၍။ ဘဂဝါ၊ သည်။ စုန္ဒံ ကမ္မာရပုတ္တံ၊ သော။
စုန္ဒံ၊ ကို။ စုန္ဒ၊ စုန္ဒ။ တေ၊ သင်သည်။ ယံ သုကရမဒ္ဒဝံ၊ အကြင်ကောင်းစွာ စီမံချက်ပြုတ်ထားအပ်သော နူးနူးနပ်နပ် ကျက်သော ဟင်းကို။ ပဋိယတ္တံ၊ စီမံထားအပ်ပြီ။ တေန၊ ထိုနူးနပ်စွာ ပြုစီမံထားသော ဟင်းဖြင့်။ မံ၊ ငါဘုရားကို။ ပရိဝိသ၊ လုပ်ကျွေးလော့။ အညံ၊ သုကရမဒ္ဒဝမှ တစ်ပါးသော။ ယံ ခါဒနီယံ ဘောဇနီယံ၊ အကြင်ခဲဖွယ်ဘောဇဉ်ကို။ ပဋိယတ္တံ၊ စီမံထားအပ်ပြီ။ တေန၊ ထိုခဲဖွယ်ဘောဇဉ်ဖြင့်။ ဘိက္ခုသံဃံ၊ ကို။ ပရိဝိသာ၊ လုပ်ကျွေးပြုစုလော့'။ ဣတိ၊ ဤသို့။ အာမန္တေသိ၊ အမိန့်ရှိ သိစေတော်မူပြီ။
ဧဝံ ဘန္တေ’ တိ ခေါ၊ ကောင်းပါပြီ အရှင်ဘုရားဟူ၍။ စုန္ဒေါ၊ သည်။ ကမ္မာရပုတ္တော၊ သော။ ဘဂဝတော၊ ၏။ ပဋိဿုတွာ၊ ရှေးရှုနားထောင်၍။ ဝါ၊ ဝန်ခံ၍။ ယံ သုကရမဒ္ဒဝံ၊ ကို။ ပဋိယတ္တံ၊ စီမံထားအပ်သည်။ အဟောသိ၊ ပြီ။ တေန၊ ဖြင့်။ ဘဂဝန္တံ၊ ကို။ ပရိဝိသိ၊ လုပ်ကျွေးပြီ။
အညံ၊ သော။ ယံ ခါဒနီယံ၊ အကြင်ခဲဖွယ်ကိုလည်းကောင်း။ ယံ ဘောဇနီယံ ဝါ၊ အကြင်ခဲဖွယ်ဘောဇဉ်ကို။ ပဋိယတ္တံ၊ သည်။ အဟောသိ၊ ပြီ။ တေန၊ ဖြင့်။ ဘိက္ခုသံဃံ၊ ကို။ ပရိဝိသိ၊ လုပ်ကျွေးပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ စုန္ဒံ၊ ကို။ ကမ္မာရပုတ္တံ၊ သော။
စုန္ဒ၊ စုန္ဒ။ တေ၊ သင်၏။ ယံ သုကရမဒ္ဒဝံ၊ သည်။ အဝသိဋ္ဌံ၊ ကြွင်းကျန်၏။ တံ၊ ထိုအကြွင်းကို။ သောဗ္ဘေ၊ ကျင်း၌။ နိခဏာဟိ၊ တူးမြှုပ်ပစ်လော့။
စုန္ဒ၊ စုန္ဒ။ သဒေဝကေ၊ နတ်ပြည်ငါးထပ်ရှိ နတ်တို့နှင့်တကွသော။ သမာရကေ၊ ဝသဝတ္တီရှိ မာရ်နတ်မင်းနှင့်တကွသော။ လောကေ၊ နတ်ပြည်ခြောက်ထပ်၌။ သဗြဟ္မကေ၊ ဗြဟ္မာနှစ်ဆယ်နှင့်တကွသော။ လောကေ၊ ဗြဟ္မာ့ဘုံ၌။ သဿမဏဗြဟ္မဏိယာ၊ သာသနာတော်၏ဆန့်ကျင်ဘက် သမဏဗြာဟ္မဏ,မကောင်းမှုတို့ကို ငြှိမ်းအပ်ပြီး အပပြုအပ်ပြီးသော သမဏဗြာဟ္မဏနှင့်တကွသော။ သဒေဝမနုဿာယ၊ သမ္ဗုတိနတ်ကြွင်းသောလူနှင့်တကွသော။ ပဇာယ၊ သတ္တလောက၌။ ယဿ၊ အကြင်သူအား။ ပရိဘုတ္တံ၊ သုံးဆောင်အပ်သော။ တံ၊ ထိုသုကရမဒ္ဒဝသည်။ သမ္မာပရိဏာမံ၊ ကောင်းစွာ အစာကြေခြင်းသို့။ ဂစ္ဆေယျ၊ ရောက်ရာ၏။ တထာဂတာ၊ ငါဘုရားကို။ အညတြ၊ ကြဉ်၍။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ သည်။ န ပဿာမိ၊ မြင်တော်မမူ။ ဣတိ၊ ဤသို့။ အာမန္တေသိ၊ ပြီ။
ဧဝံ ဘန္တေ'တိ ခေါ၊ ဟူ၍။ ကမ္မာရပုတ္တော၊ သော။ စုန္ဒော၊ သည်။ ဘဂဝတော၊ ၏။ ဝစနံ၊ ကို။ ပဋိဿုတွာ၊ ရှေးရှုနားထောင်၍။ ဝါ၊ ဝန်ခံ၍။ ယံ သုကရမဒ္ဒဝံ၊ သည်။ အဝသိဋ္ဌံ၊ သည်။ အဟောသိ၊ ပြီ။ တံ၊ ကို။ သောဗ္ဘေ၊ ၌။ နိခဏိတွာ၊ တူးမြှုပ်၍။ ယေန၊ ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။
ဥပသင်္ကမိတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ၍။ ဧကမန္တံ၊ ၌။ နိသီဒိ၊ ပြီ။
ဧကမန္တံ၊ ၌။ နိသိန္နံ ခေါ၊ သော။ ကမ္မာရပုတ္တံ၊ ကို။ ဘဂဝါ၊ သည်။ ဓမ္မိယာ၊ သော။ ကထာယ၊ ဖြင့်။ သန္ဒဿေတွာ၊ စေ၍။ သမာဒပေတွာ၊ စေ၍။ သမုတ္တေဇေတွာ၊ စေ၍။ သမ္ပဟံသေတွာ၊ စေ၍။ အာသနာ၊ ထိုင်နေတော် မူရာမှ။ ဥဋ္ဌာယ၊ ထ၍။ ပက္ကာမိ၊ ဖဲကြွတော်မူပြီ။
အထ ခေါ၊ ၌။ ဘဂဝတော၊ အား။ စုန္ဒဿ၊ ၏။ ကမ္မာရပုတ္တဿ၊ သော။ ဘတ္တံ၊ ဆွမ်းကို။ ဘုတ္တာဝိဿ၊ ဘုဉ်းပေးတော်မူပြီးသော။ ခရော၊ ကြမ်းတမ်းသော။ အာဗာဓေါ၊ နှိပ်စက်သောရောဂါသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်ပြီ။
ပဗာဠှာ၊ ပြင်းထန်သော။ မရဏန္တိကာ၊ သေဘေးနှင့် နီးကပ်သော။ လောဟိတပက္ခန္ဒိကာ ဝေဒနာ၊ သွေးသွန်သော ဝေဒနာတို့သည်။ ဝါ၊ သွေးဝမ်းသွားသောရောဂါဝေဒနာတို့သည်။ ဝတ္တန္တိ၊ ဖြစ်ကုန်ပြီ။
တတြ၊ ထိုသို့ ရောဂါဝေဒနာ စွဲကပ်ရာ၌။ ဘဂဝါ၊ သည်။ သုဒံ အဝိဟညမာနော၊ တကယ်ကို မညည်းညူဘဲ။ သတော၊ သတိရှိသည်ဖြစ်၍။လျက်။ သမ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့် သိမြင်တော်မူသည် ဖြစ်၍။ အဓိဝါသေသိ၊ ရောဂါဝေဒနာကို မိမိအပေါ်၌ နေစေပြီ။ ဝါ၊ သည်းခံတော်မူပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ အာမန္တေသိ၊ မိန့်မြွက်ကြားသိစေတော်မူပြီ။
အာနန္ဒ၊ န္ဒာ။ အာယာမ၊ လာ-သွားကြစို့။ ယေန၊ ၌။ ကုသိနာရာ၊ ကုသိနာရုံသည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိဿာ မ၊ ချဉ်းကပ်ကြစို့'။ ဣတိ၊ ဤသို့။
ဧဝံ ဘန္တေတိ ခေါ၊ ကောင်းပါပြီမြတ်စွာဘုရား'ဟူ၍။ အာယသ္မာ အာနန္ဒေါ၊ သည်။ ဘဂဝတော၊ ၏။ ဝစနံ၊ ကို။ ပစ္စဿောတိ၊ ရှေးရှုနားထောင်ပြီ။ ဝါ၊ ဝန်ခံပြီ။
ကမ္မာရပုတ္တဿ၊ သော။ စုန္ဒဿ၊ ၏။ ဘတ္တံ၊ ဆွမ်းကို။ ဘုဉ္ဇိတွာ၊ ဘုဉ်းပေးတော်မူခြင်းကြောင့်။ ဓီရော၊ သဗ္ဗညုတဉာဏ်တော်သခင် ဘုရားရှင်သည်။
ပဗာဠှံ၊ ပြင်းပြလှသော။ မာရဏန္တိကံ၊ သေလုနီးသော။ အာဗာဓံ၊ အခံရခက် နှိပ်စက်တတ်သော ရောဂါဝေဒနာကို။ သမ္မုသီ၊ ရရှိတော်မူပြီ။ ဣတိ၊ သို့။ မေ၊ အကျွန်ပ်အာနန္ဒာသည်။ သုတံ၊ သတင်းစကား ကြားအပ်ပြီ။
ဘုတ္တဿ၊ စုန္ဒ၏ဆွမ်းကို ဘုဉ်းပေးတော်မူပြီးသော။ သတ္ထုနော၊ မြတ်စွာဘုရားအား။ သုကရမဒ္ဒဝေန၊ ကြောင့်။ ဗျာဓိပဗာဠှော၊ ပြင်းစွာသော ရောဂါဝေဒနာသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်ပြီ။
ဘဂဝါ၊ သည်။ ဝိရိစ္စမာနော၊ သွေးဝမ်း သွားနေပါလျက်။ "ကုသိနာရံ နာဂရံ၊ သို့။ အဟံ၊ သည်။ ဂစ္ဆာမိ၊ သွားအံ့'ဟူ၍။ အဝေါစ၊ မိန့်တော်မူပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ မဂ္ဂါ၊ လမ်းမှ။ ဩက္ကမ္မ၊ ဖဲတော်မူ၍။ ယေန၊ အကြင်အရပ်၌။ အညတရံ ရုက္ခမူလံ၊ သစ်ပင် တစ်ပင်ရင်းသည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ချဉ်းကပ်ပြီ။
ဥပသင်္ကမိတွာ၊ ၍။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ "အာနန္ဒ၊ န္ဒာ။
ဣင်္ဃ၊ ငါဘုရားတိုက်တွန်းတော်မူ၏။ တွံ၊ သင်သည်။ မေ၊ ငါဘုရား၏။ သင်္ဃာဋိံ၊ နှစ်ထပ်သင်္ကန်းကြီးကို။ စတုဂ္ဂုဏံ၊ လေးထပ်လေးလွှာ။ ကတွာ၊ ပြု၍။ ပညပေဟိ၊ ခင်းလော့။ အာနန္ဒ၊ န္ဒာ။ အဟံ၊ ငါဘုရားသည်။
ကိလန္တော၊ ပင်ပန်းတော်မူသည်။ အသ္မိ၊ ဖြစ်၏။ နိသီဒိဿမိ"၊ ထိုင်အံ့။ ဣတိ၊ ဤသို့။ အာမန္တေသိ၊ ပြီ။
ဧဝံ ဘန္တေ'တိ ခေါ၊ ဟူ၍။ အာယသ္မာ အာနန္ဒေါ၊ သည်။ ဘဂဝတော၊ ၏။ ဝစနံ၊ ကို။ ပဋိသုတွာ၊ ဝန်ခံ၍။ သင်္ဃာဋိံ၊ နှစ်ထပ်သင်္ကန်းကို။ စတုဂ္ဂုဏံ၊ လေးလွှာလေးထပ်။ ကတွာ၊ ပြု၍။ ပညပေသိ၊ ခင်းပြီ။
ဘဂဝါ၊ သည်။ ပညတ္တေ၊ သော။ အာသနေ၊ နေရာ၌။ နိသီဒိ၊ ပြီ။
နိသဇ္ဇ ခေါ၊ ၍။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ အာနန္ဒ၊ န္ဒာ။
ဣင်္ဃ၊ ငါဘုရားတိုက်တွန်းတော်မူ၏။ တွံ၊ သင်သည်။ မေ၊ ငါဘုရားထံသို့။ ပါနီယံ၊ သောက်ရေကို။ အာဟရ၊ ဆောင်ယူခဲ့လော့။ အာနန္ဒ၊ အာနန္ဒာ။
အဟံ၊ သည်။ ပိပါသိတော၊ ရေမွတ်သိပ်သည်။ အသ္မိ၊ ၏။ ပိဝိဿာမိ၊ ရေသောက်အံ့။ ဣတိ၊ ဤသို့။ အာမန္တေသိ၊ ပြီ။
ဧဝံ၊ ဤသို့။ ဝုတ္တေ၊ သော်။ အာယသ္မာ အာနန္ဒေါ၊ သည်။ ဘဂဝန္တံ၊ ကို။ ဘန္တေ၊ ဘုရား။
ဣဒါနိ၊ ၌။ ပဉ္စမတ္တာနိ သကဋသတာနိ၊ လှည်းငါးရာတို့သည်။ အတိက္ကန္တာနိ၊ ဖြတ်သန်းသွားကြကုန်ပါပြီ။
စက္ကစ္ဆိန္နံ၊ လှည်းဘီးဖြတ်နင်းထားသော။ ပရိတ္တံ၊ အနည်းငယ်သော။ တံ ဥဒကံ၊ ထိုချောင်းရေသည်။ လုဠိတံ၊ ချောက်ချားသည်။ အာဝိလံ၊ နောက်ကျူသည်ဖြစ်၍။ သန္ဒတိ၊ စီး၏။
ဘန္တေ၊ကကုဓာ၊ ကကုဓာမည်သော။ အယံ နဒီ၊ ဤမြစ်သည်။ အစ္ဆောဒကာ၊ ကြည်လင်သောရေ ရှိ၏။ သာတောဒကာ၊ ချိုမြိန် ကောင်းမြတ်သောရေ ရှိ၏။ သီတောဒကာ၊ အေးမြသောရေရှိ၏။ သေတောဒကာ၊ နွံနည်မရှိ သန့်စင်၏။ သုပတိတ္ထိယာ၊ ကောင်းသောဆိပ်ကမ်းရှိ၏။ ရမဏီယာ၊ မွေ့လျော် ဖွယ်ကောင်း၏။ အဝိဒူရေ၊ မလှမ်းမကမ်း၌။ ဟောတိ၊ ဖြစ်၏။
ဧတ္ထ၊ ဤကကုဓာမြစ်၌။ ဘဂဝါ၊ သည်။ ပါနီယဉ္စ၊ သောက်တော်ရေကိုလည်း။ ပိဝိဿတိ၊ သောက်တော်မူရပါလိမ့်မည်။ ဂတ္တာနိ စ၊ ကိုယ်ခန္ဓာတော်တို့ကို လည်း။ သီတိကရိဿတိ၊ အေးချမ်းအောင် ပြုနိုင်ပါလိမ့်မည်'။ ဣတိ၊ ဤသို့။ ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်ထားပြီ။
ဒုတိယမ္ပိ ခေါ၊ နှစ်ကြိမ်မြောက်လည်း။(လ) တတိယမ္ပိခေါ၊ သုံးကြိမ်မြောက်လည်း။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ အာနန္ဒ၊ န္ဒာ။
ဣင်္ဃ၊ ၏။ တွံ၊ သည်။၊ မေ၊ ထံသို့။ ပါနီယံ၊ ကို။ အာဟရ၊ လော။ အာနန္ဒ၊ န္ဒာ။ အဟံ၊ သည်။
ပိပါသိတော၊ သည်။ ဝါ၊ သည်။ အသ္မိ၊ ၏။ ပိဝိဿာမိ၊ အံ့'ဟူ၍။ အာမန္တေသိ၊ ပြီ။ အာယသ္မာ အာနန္ဒေါ၊ သည်။
ဧဝံ ဘန္တေ'တိ ခေါ၊ ဟူ၍။ ဘဂဝတော၊ ၏။ ဝစနံ၊ ကို။ ပဋိဿုဏိတွာ၊ ရှေုးရှုနားထောင်၍။ ဝါ၊ ဝန်ခံ၍။ ပတ္တံ၊ ကို။ ဂဟေတွာ၊ ၍။ ယေန၊ ၌။ သာ နဒီ၊ ထိုမြစ်သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ချဉ်းကပ်ပြီ။
အထ ခေါ၊ ၌။ သာ နဒီ၊ ထိုကကုဓာမြစ်သည်။ စက္ကစ္ဆိန္နာ၊ လှည်းဘီး ဖြတ်ကူးထားသည်ဖြစ်၍။ ပရိတ္တာ၊ ရေနည်းသည်ဖြစ်၍။ လုဠိတာ၊ ချောက်ချားသည်ဖြစ်၍။ အာဝိလာ၊ နောက်ကျူသည်ဖြစ်၍။ သန္ဒမာနာ၊ စီးနေပါလျက်။ အာယသ္မန္တေ အာနန္ဒေ၊ သည်။ ဥပသင်္ကမန္တေ၊ ချဉ်းကပ်သည်ရှိသော်။ အစ္ဆာ၊ ကြည်လင်သည်ဖြစ်၍။ ဝိပ္ပသန္နာ၊ အထူးကြည်လင်သည်ဖြစ်၍။ အနာဝိလာ၊ နောက်ကျုခြင်း မရှိသည်ဖြစ်၍။ သန္ဒတိ၊ စီး၍နေ၏။
အထ ခေါ၊ ၌။ အာယသ္မတော အာနန္ဒဿ၊ ၏။
ဘော၊ များစွာသောင်းသောင်း နတ်လူဗြဟ္မအပေါင်းတို့။ တထာဂတဿ၊ ၏။ မဟိဒ္ဓိကတာ၊ ကြီးကျယ်သော တန်ခိုးရှိတော်မူသည်၏အဖြစ်သည်။ မဟာနုဘာဝတာ၊ ကြီးမားသော အာနုဘော်ရှိသည်၏ အဖြစ်သည်။ အစ္ဆရိယံ ဝတ၊ စွတကား။ ဘော၊ တို့။ တထာ ဂတဿ၊ ၏။ မဟိဒ္ဓိကတာ၊ သည်။ မဟာနုဘာဝတာ၊ သည်။ အဗ္ဘုတံ ဝတ၊ စွတကား။ ဟိ၊ လက်ဖျစ်ခတ်တီး အံ့ချီးရခြင်း၏ အကြောင်းကို သိစေပါဦးအံ့။
အယံ သာနဒီ၊ သည်။ စက္ကစ္ဆိန္နာ၊ ဖြစ်၍။ ပရိတ္တာ၊ နည်းသောရေရှိသည်ဖြစ်၍။ လုဠိတာ၊ ချောက်ချားသည်ဖြစ်၍။ အာဝိလာ၊ နောက်ကျုသည်ဖြစ်၍။ သန္ဒမာနာ၊ စီးဆင်းနေပါလျက်။ မယိ၊ အကျွန်ုပ်အာနန္ဒာသည်။ ဥပသင်္ကမန္တေ၊ သည်ရှိသော်။ အစ္ဆာ၊ ကြည်ကြည်လင်လင်။ ဝိပ္ပသန္နာ၊ အထူးတလည် ကြည်လင်သည်။ အနာဝိလာ၊ နောက်ကျခြင်းမရှိသည်။ ဟုတွာ၊ ဖြစ်၍။ သန္ဒတိ၊ စီးဆင်းနေ၏။ ဣတိ၊ ဤသို့။ ဧတံ၊ ဤအသိဉာဏ်သည်။ အဟောသိ၊ ဖြစ်ပြီ။
ပတ္တေန၊ ဖြင့်။ ပါနီယံ၊ ကို။ အာဒါယ၊ ယူ၍။ ယေန၊ ၌။ ဘဂဝါ၊ သည်။ ဥပသင်္ကမိ၊ ချဉ်းကပ်ပြီ။
ဥပသင်္ကမိတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ ဘန္တေ၊ ဘုရား။
တထာဂတဿ၊ ၏။ မဟဒ္ဓိကတာ၊ သည်။ မဟာနုဘာဝတာ၊ သည်။ အစ္ဆရိယံ၊ လက်ဖျစ်ခတ်တီး အံ့ချီးထိုက်ပါပေစွ။ ဘန္တေ၊ ဘုရား။ အဗ္ဘုတံ၊ မဖြစ်စဖူး ထူးထူးခြားခြား ဖြစ်ပါပေစွတကား။ ဟိ၊ ချီးကျူးရခြင်း၏ အကြောင်းကို သိစေပါဦးအံ့။
အယံ သာ နဒီ၊ သည်။ စက္ကစ္ဆိန္နာ၊ ဖြစ်၍။ ပရိတ္တာ၊ ဖြစ်၍။ လုဠိတာ၊ ဖြစ်၍။ အာဝိလာ၊ ဖြစ်၍။ သန္ဒမာနာ၊ ပါလျက်။ မယိ၊ သည်။ ဥပသင်္ကမန္တေ၊ သော်။ အစ္ဆာ၊ သည်။ ဝိပ္ပသန္နာ၊ သည်။ အနာဝိလာ၊ဟုတွာ၊ ၍။ သန္ဒတိ၊ စီးဆင်း၍နေ၏။
ဘဂဝါ၊ သည်။ ပါနီယံ၊ ကို။ ပိဝတု၊ သောက်တော်မူပါဘုရား။ သုဂတော၊ သည်။ ပါနီယံ၊ ကို။ ပိဝတု၊ ဘုရား'။ ဣတိ၊ ဤသို့။ ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်ထားပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ပါနီယံ၊ ကို။ အပါယိ၊ သောက်တော်မူပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ မဟတာသော ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ ယေန၊ အကြင်အရပ်၌။ ကကုဓာ နဒီ၊ ကကုဓာမြစ်သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ချဉ်းကပ်ပြီ။
ဥပသင်္ကမိတွာ၊ ၍။ ကကုဓာ နဒိံ၊ ကကုဓာမြစ်သို့။ အဇ္ဈောဂါဟေတွာ၊ သက်ဆင်း၍။ နှတွာ စ၊ ရေချိုးတော်မူ၍လည်းကောင်း။ ပိဝိတွာစ၊ ရေသောက်တော်မူ၍လည်းကောင်း။ ပစ္စုတ္တရိတွာ၊ တစ်ဖန်ပြန်တက်၍။ ယေန၊ ၌။ အမ္ဗဝနံ၊ သရက်တောသည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။
ဥပသင်္ကမိတွာ၊ ၍။ အာယသ္မန္တံ စုန္ဒကံ၊ အရှင်စုန္ဒကို။
စုန္ဒက၊ စုန္ဒ။ ဣင်္ဃ၊ ငါဘုရား တိုက်တွန်းစေခိုင်း၏။ တွံ၊ သင်စုန္ဒသည်။ မေ၊ ငါဘုရား၏။ သင်္ဃာဋိံ၊ နှစ်ထပ်သင်္ကန်းကြီးကို။ စတုဂ္ဂုဏံ၊ လေးလွှာလေးထပ်။ ကတွာ၊ ပြု၍။ ပညပေဟိ၊ ခင်းခိုင်းလော့။
စုန္ဒက၊ စုန္ဒ။ အဟံ၊ ငါဘုရားသည်။ ကိလန္တော၊ မိသည်။ အသ္မိ၊ ၏။ အဟံ၊ သည်။ နိပဇ္ဇိဿာမီ'တိ၊ လဲလျောင်းအံ့'။ ဣတိ၊ ဤသို့။ အာမန္တေသိ၊ အမိန့်ရှိ သိစေတော်မူပြီ။
ဧဝံ ဘန္တေ'တိ ခေါ၊ ကောင်းပါပြီ အရှင်ဘုရား'ဟူ၍။ ဘဂဝတော၊ ၏။ ဝစနံ၊ ကို။ အာယသ္မာ စုန္ဒကော၊ အရှင်စုန္ဒသည်။ ပဋိဿုဏိတွာ၊ ရှေးရှုနားထောင်၍။ ဝါ၊ ဝန်ခံ၍။ သင်္ဃာဋိံ၊ နှစ်ထပ်သင်္ကန်းကြီးကို။ စတုဂ္ဂုဏံ၊ လေးထပ် လေးလွှာ။ ကတွာ၊ ပြု၍။ ပညာပေသိ၊ ခင်းပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ပါဒေ၊ လက်ယာဘက်ခြေတော်၌။ ပါဒံ၊ လက်ဝဲဘက်ခြေတော်ကို။ အစ္စာဓာယ၊ စဉ်းငယ်လွန်အောင် ထား၍။ သတော၊ သတိရှိသည်ဖြစ်၍။ သမ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့် ဆင်ခြင်သိမြင်သည်ဖြစ်၍။ ဥဋ္ဌာနသညံ၊ ထအံ့ဟူသော အမှတ်သညာကို။ မနသိ ကရိတွာ၊ စိတ်၌ပြု၍။ ဒက္ခိဏေန ပဿေန၊ လက်ယာနံတောင်းဖြင့်။ ဝါ၊ လက်ယာနံဘေးဖြင့်။ သီဟသေယျံ၊ ခြ ‌ေင်္သ့မင်း၏အိပ်ခြင်းကဲ့သို့သော အိပ်ခြင်းကို။ ကပ္ပေသိ၊ ပြုပြီ။
အာယသ္မာ စုန္ဒကော၊ အရှင်စုန္ဒသည်။ တတ္ထေဝ၊ ထိုနေရာ၌ပင်လျှင်။ ဘဂဝတော၊ ၏။ ပုရတော၊ ရှေ့တော်၌။ နိသီဒိ၊ ပြီ။
ဗုဒ္ဓေါ၊ သည်။ ကကုဓံ နဒိကံ၊ ကကုဓာမြစ်သို့။
အစ္ဆောဒကံ၊ ကြည်လင်သောရေရှိသော။ သာတုဒကံ၊ ချိုမြိန်ကောင်းမြတ်သောရေ ရှိသော။ ဝိပ္ပသန္နံ၊ အထူးသဖြင့် ကြည်လင်သော။ ဂန္တွာ၊ ကြွသွားတော်မူ၍။ ဣဓ လောကေ၊ နတ်ဗြဟ္မာနှင့်တကွသော ဤလူ့လောက၌။ အပ္ပဋိမော၊ တူသူရှိတော်မမူသော။ တထာဂတော၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော။
သတ္ထာ၊ မြတ်စွာ-ဘုရားသည်။ ဩဂါဟိ၊ ကကုဓာမြစ်တွင်းသို့ သက်ဆင်း-တော်မူပြီ။ ဘိက္ခုသံဃဿ၊ ရဟန်းအပေါင်း၏။ မဇ္ဈေ၊ အလယ်၌။ ပုရက္ခတော၊ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ရှေ့သွား ဖြစ်တော်မူသော။
သတ္ထာ၊ သည်။ နှတွာ စ၊ ရေချိုးတော်မူလည်းကောင်း။ ပိဝိတွာ စ၊ သောက်တော်ရေကို သောက်တော်မူ၍လည်းကောင်း။ နဒီတော၊ ကကုဓာမြစ်မှ (ထည့်)။ ဥဒတာရိ၊ တက်တော်မူပြီ။
ဣဓ၊ ဤသာသနာတော်၌။ ဓမ္မေ၊ သီလစသော အဆုံးအမတို့ကို။ ပဝတ္တာ-ပဝတ္တေတာ၊ တီထွင် ဖြစ်စေတော်မူသော။ သတ္ထာ၊ ဆရာတစ်ဆူ ဖြစ်တော်မူသော။ ဘဂဝါ၊ ဘုန်းခြောက်ပါးနှင့်ပြည့်စုံတော်မူသော။
မဟေသီ၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ အမ္ဗဝနံ၊ ကကုဓာမြစ်အနီးရှိ သရက်ဥယျာဉ်သို့။ ဥပါဂမိ၊ ချဉ်းကပ်တော်မူပြီ။
စုန္ဒကံ နာမ ဘိက္ခုံ၊ စုန္ဒမည်သော ရဟန်းကို။ မေ၊ ငါဘုရား၏။ သင်္ဃာဋိံ၊ နှစ်ထပ်သင်္ကန်းကြီးကို။
စတုဂ္ဂုဏံ၊ လေးလွှာလေးထပ်။ ကတွာ၊ ပြု၍။ သန္ထရ၊ ခင်းပေလော့။ နိပဇ္ဇံ-နိပ္ပဇ္ဇိဿာမီတိ၊ လဲလျောင်းအံ့'ဟူ၍။ အာမန္တယိ၊ အမိန့်ရှိ သိစေတော်မူပြီ။
ဘာဝိတတ္တေန၊ သမာပတ် ရှစ်ပါးတို့ကို ပွားများအပ်ပြီးသော မြတ်ဘုရားသည်။ စောဒိတော၊ စေခိုင်းတိုက်တွန်း အပ်သော။ ဝါ၊ စေခိုင်းတိုက်တွန်းခံရသော။ သော စုန္ဒေါ၊ ထိုစုန္ဒရဟန်းသည်။
စတုဂ္ဂုဏံ၊ လေးလွှာလေးထပ်ကို။ ကတွာ၊ ပြု၍။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ သန္တရိ၊ ခင်းပြီ။
သတ္ထာ၊ သည်။ သုကိလန္တရူပေါ၊ လွန်စွာ ပင်ပန်းနွမ်းနယ်ခြင်းသဘော ရှိသည်ဖြစ်၍။ နိပဇ္ဇိ၊ လျောင်းတော်မူပြီ။
စုန္ဒေါပိ၊ စုန္ဒရဟန်းသည်။ တတ္ထ၊ ထိုနေရာ၌ပင်။ ပမုခေ-ပုရတော၊ ထိုဘုရားရှင်၏ ရှေ့တော်မှောက်၌။ နိသီဒီ၊ ထိုင်နေပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ အာမန္တေသိ၊ မိန့်မြွက်သိစေတော်မူပြီ။
အာဝုသော စုန္ဒ၊ ငါ့ရှင်စုန္ဒ။ ယဿတော၊ အကြင်သင်၏။ ပစ္ဆိမံ၊ နောက်ဆုံး ဖြစ်သော။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ဘုဉ္ဇိတွာ၊ ဘုဉ်းပေးတော်မူခြင်းကြောင့်။
တထာဂတော၊ သည်။ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်စံတော်မူ၏။ တဿ တေ၊ ထိုသင်၏။ အလာဘာ၊ ဒါနအကျိုးမရခြင်းတို့သည်။ ဟောန္တိ၊ ကုန်၏။ တစ်နည်း-တဿ တေ၊ သင်စုန္ဒ၏အဖို့။ အလာဘာ၊ ရအပ်ရနိုင်သော လာဘ်တို့ မဟုတ်ကုန်။ တဿ တေ၊ ထိုအသင် စုန္ဒသည်။ မနုဿတ္တံ၊ လူ့အဖြစ်ကို။ ဒုလ္လဒ္ဓံ၊ မကောင်းသဖြင့် ရအပ်၏။ တစ်နည်း-မနုဿတ္တံ၊ လူ့အဖြစ်သည်။ တဿ တေ၊ သင်စုန္ဒ အဖို့။ ဒုလ္လဒ္ဓံ၊ မကောင်းသဖြင့် ရအပ်သော ဘဝတည်း။
အာနန္ဒ၊ န္ဒာ။ ကမ္မာရပုတ္တဿ၊ သော။ စုန္ဒဿ၊ အား။ ကောစိ၊ တစ်စုံတစ်ယောက်သော သူသည်။ ဣတိ၊ ဤသို့။ ဝတွာ၊ ပြောပြ၍။ ဝိပ္ပဋိသာရံ၊ နောင်တ တစ်ဖန် ပူပန်မှုကို။ ဥပဒဟေယျ သိယာ၊ ဖြစ်စေကောင်း ဖြစ်စေရာ၏။ ဣတိ၊ ဤသို့။
အာနန္ဒ၊ အာနန္ဒာ။ တယာ၊ သည်။ အာဝုသော စုန္ဒ၊ ငါ့ရှင်စုန္ဒ။ ဒွေ၊ နှစ်မျိုးကုန်သော။ ဣမေ ပိဏ္ဍပါတာ၊ ဤဆွမ်းတို့သည်။
သမသမဖလာ၊ အလွန့်အလွန် တူမျှသော မုချအကျိုး ရှိကုန်၏။ သမသမဝိဘာဂါ၊ အလွန့်အလွန် တူမျှသော အနုသင်္ဂိကအကျိုး ရှိကုန်၏။ အညေဟိ ပိဏ္ဍပါတေဟိ၊ အခြားသော ဆွမ်းတို့ထက်။ မဟပ္ဖလတရာ စ၊ ပိုမိုကြီးကျယ်သော အကျိုးလည်း ရှိကုန်၏။ မဟာနိသံသတရာ စ၊ ပိုမိုကြီးကျယ်သော အာနိသင်လည်း ရှိကုန်၏။ ကတမေ ဒွေ၊ အဘယ်ဆွမ်းနှစ်မျိုးတို့နည်း။
ယဉ္စ ပိဏ္ဍပါတံ၊ အကြင်ဆွမ်းကိုလည်း။ ပရိဘုဉ္ဇိတွာ၊ ဘုဉ်းပေး၍။ တထာဂတော၊ သည်။ အနုတ္တရံ၊ အတုမဲ့ဖြစ်သော။ သမ္မာသမ္ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို။ အဘိသမ္ဗုဇ္ဈတိ၊ ရှေးရှုကောင်းစွာ သိရှိတော်မူ၏။ ယဉ္စ ပိဏ္ဍပါတံ၊ ကိုလည်း။ ပရိဘုဉ္ဇိတွာ၊ ၍။ တထာဂတော၊ သည်။ အနုပါဒိသေသာယ၊ ဥပါဒါန်ရုပ်အကြွင်း မရှိသော။ နိဗ္ဗာနဓါတုယာ၊ နိဗ္ဗာနဓာတ်ဖြင့်။ ပရိနိဗ္ဗာယတိ၊ ပရိနိဗ္ဗာန် ဝင်စံခိုကိန်း အေးငြိမ်းတော်မူ၏။
ဒွေ၊ နှစ်မျိုးကုန်သော။ ဣမေ ပိဏ္ဍာပါတာ၊ ဤဆွမ်းတို့သည်။ သမသမဖလာ၊ ကုန်၏။ သမသမဝိပါကာ၊ ကုန်၏။ အတိဝိယ၊ အလွန်လျှင်။ အညေဟိ ပိဏ္ဍပါတေဟိ၊ တို့ထက်။ မဟပ္ဖလတရာ စ၊ ကုန်၏။ မဟာနိသံသတရာ စ၊ ရှိကုန်၏။
ကမ္မာရပုတ္တေန၊ သော။ အာယသ္မတာ စုန္ဒေန၊ အရှင်စုန္ဒသည်။ အာယုသံ-ဝတ္တနိကံ၊ အသက်ရှည်ခြင်းကို ဖြစ်စေတတ်သော။ ကမ္မံ၊ ဆွမ်းဒါနကုသိုလ်-ကံကို။ ဥပစိတံ၊ ဆည်းပူးအပ်ပြီ။ ကမ္မာရပုတ္တေန၊ သော။ အာယသ္မတာ စုန္ဒေန၊ သည်။ ဝဏ္ဏသံဝတ္တနိကံ၊ အဆင်းကို ဖြစ်စေတတ်သည်။ ကမ္မံ၊ ကို။ ဥပစိတံ၊ အပ်ပြီ။ ကမ္မာရပုတ္တေန၊ သော။ အာယသ္မတော စုန္ဒေန၊ သည်။ သုခသံဝတ္တနိကံ၊ လူ့ချမ်းသာနတ်ချမ်းသာစသော ချမ်းသာအမျိုးမျိုးကို ဖြစ်စေတတ်သော။ ကမ္မံ၊ ကို။ ဥပစိတံ၊ အပ်ပြီ။ ကမ္မာရပုတ္တေန၊ သော။ အာယသ္မတော စုန္ဒေန၊ သည်။ ယသသံဝတ္တနိကံ၊ အခြံအရံ အကျော်အစောကို ဖြစ်စေတတ်သော။ ကမ္မံ၊ ကို။ ဥပစိတံ၊ အပ်ပြီ။ ကမ္မာရပုတ္တေန၊ သော။ အာယသ္မတာ စုန္ဒေန၊ သည်။ အာဓိပတေယျသံ ဝတ္တနိကံ၊ အကြီးအကဲ ခေါင်းဆောင်ဖြစ်စေ တတ်သော။ ဝါ၊ ဿြဇာအာဏာရှိစေ ဖြစ်စေတတ်သော။ ကမ္မံ၊ ကို။ ဥပစိတံ၊ အပ်ပြီ။ ဣတိ၊ ဤသို့။ ဧတံ၊ ဤတရားတော်ကို။ ဘဂဝတော၊ ၏။ သမ္မုခါ၊ ရှေ့တော်မှောက်၌။ ပဋိဂ္ဂဟိတံ၊ နာယူအပ်ပြီ။ အာဝုသော စုန္ဒ၊ ငါ့ရှင်စုန္ဒ။ တထာဂတော၊ သည်။ ယဿ တေ၊ အကြင်သင်စုန္ဒ၏။ ပစ္ဆိမံ ပိဏ္ဍပါတံ၊ နောက်ဆုံးဖြစ်သော ဆွမ်းကို။ ပရိဘုဉ္ဇိတွာ၊ ဘုဉ်းပေးတော်မူ၍။ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန် ဝင်စံခိုကိန်းအေးငြိမ်းတော်မူပြီ။ တဿ တေ၊ ထိုသင်စုန္ဒ၏။ လာဘာ၊ ဒါန အကျိုးကိုရခြင်းတို့သည်။ ဟောန္တိ၊ ကုန်၏။ တဿတေ၊ သည်။ မနုဿတ္တံ၊ လူ့အဖြစ်ကို။ သုလဒ္ဓံ၊ ကောင်းစွာလှလှ ရအပ်ပြီ။' ဣတိ၊ ဤသို့။ ဧဝံ၊ ဤသို့။ ဝတွာ၊ ပြောဟော၍။
ကမ္မာရပုတ္တဿ၊ သော။ စုန္ဒဿ၊ ၏။ ဝိပ္ပဋိသာရော၊ နှလုံးမသာယာခြင်းကို။ ပဋိဝိနော ဒေတဗ္ဗော၊ ပယ်ဖျောက်ပေးအပ်၏။ ဝါ၊ ပယ်ဖျောက်ပေးပါလေ။ အာနန္ဒာ၊ န္ဒာ။ စုန္ဒဿ ကမ္မာရပုတ္တဿ၊ ၏။ ဝိပ္ပဋိသာရော၊ ကို။ ဧဝံ၊ ဤသို့။ ပဋိဝိနောဒေတဗ္ဗော၊ ပယ်ဖျောက် ပေးအပ်၏။(ဤကား အဆုံးနား မှာရှိသော စုန္ဒဿာနန္ဒ-စသော နိဂမနဝါကျကို ပေးသောအနက်တည်း)။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ ဒါန၏ မဟပ္ဖလတာ'သီလစသောဂုဏ်တို့ကြောင့် မိမိ၏ အနုတ္တရဒက္ခိဏေယျဘာဝ,အနုပါဒိသေသနိဗ္ဗာန်'ဟူသော သုံးမျိုးအပြားရှိသော ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ မူပြီ။
ဒဒတော၊ ပေးကမ်းလှူဒါန်းသူ၏။ ပုညံ၊ ဒါနမယကုသိုလ်သည်။ ပဝဍ္ဎတိ၊ မဟပ္ဖလတရ, မဟာနိသံတရဖြစ်သည်အထိ တိုးပွား၏။ သံယမတော၊ ကိုယ်နှုတ်နှစ်ပါး စောင့်စည်းသောသူ၏။ ဝေရံ၊ ရန်သည်။ န စီယတိ၊ မတိုးပွား။ ကုသလော စ၊ ဉာဏ်ရှိသူသည်လည်း။ ပါပကံ၊ ကာမစ္ဆန္ဒစသော အကုသိုလ်ကို။ ဇဟတိ၊ ဝိက္ခမ္ဘန, သမုစ္ဆေဒပဟာန်ဖြင့် ပယ်ရှားနိုင်၏။ သ-သော၊ ထိုသူသည်။ ရာဂဒေါသမောဟက္ခယာ၊ ရာဂဒေါသမောဟကုန်ခန်းခြင်းကြောင့်။ နိဗ္ဗုတော၊ ကိလေသပရိနိဗ္ဗာန်, ခန္ဓပရိနိဗ္ဗာန် ဝင်စံခိုကိန်း အေးငြိမ်း၏။
(ဂါထာ၏ စိတ်ဝင်စားဖွယ် အကျယ်ကို ဋ္ဌ-ရှုလေ)။ ပဉ္စမံ။ ။
မေ၊ သည်။ ဧတံ၊ ဤပါဋလိဂါမိယသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။လ။ ဧကံ သမယံ၊ ၌။ ဘဂဝါ၊ သည်။ မဂဓေသု၊ မဂဓတိုင်း၌။ စာရိကံ၊ ကို။ စရမာနော၊ ရှိသော်။ မဟတာ၊ သော။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ အတူတကွ။ ယေန၊ အကြင်အရပ်၌။ ပါဋလိဂါမော၊ ပါဋလိရွာသည်။ အတ္ထိ၊ ၏။ တံ၊ ထိုပါဋလိရွာသို့။ အဝသရိ၊ ဆိုက်ရောက်ပြီ။ ဘဂဝါ၊ သည်။ မဂဓေသု၊ တို့၌။ စာရိကံ၊ ကို။ စရမာနော၊ သော်။ မဟတာသော ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ အတူတကွ။
ပါဋလိဂါမံ၊ သို့။ အနုပ္ပတ္တော ကိရာ'တိ၊ ဆိုက်ရောက်တော် မူလာသတဲ့'။ ဣတိ၊ ဤသို့။ ပါဋလိဂါမိယာ၊ ပါဋလိရွာသားဖြစ်ကုန်သော။ ဥပါသကာ၊ တို့သည်။ အဿောသုံ ခေါ၊ ကြားရကုန်သည်သာ။
အထခေါ၊ ၌။ ပါဋလိဂါမိယာ၊ ကုန်သော။ ဥပါသကာ၊ တို့သည်။ ယေန၊ ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိံသု၊ ကုန်ပြီ။
ဥပသင်္ကမိတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရှိခိုး၍။ ဧကမန္တံ၊ ၌။ နိသီဒိံသု၊ ကုန်ပြီ။
ဧကမန္တံ၊ ၌။ နိသိန္နာ ခေါ၊ ကုန်သော။ ပါဋလိဂါမိယာ၊ ကုန်သော။ ဥပါသကာ၊ တို့သည်။ ဘဂဝန္တံ၊ ကို။
ဘန္တေ၊ ဘုရား။ ဘဂဝါ၊ သည်။ နော၊ တပည့်တော်တို့၏။ အာဝသထာဂါရံ၊ ဧည့်သည်တို့ တည်းခိုရာဇရပ်ကို။ အဓိဝါသေတု၊ လက်ခံတော်မူပါ။ ဣတိ၊ ဤသို့။ ဧတံ၊ ဤစကားကို။ အဝေါစုံ၊ ကုန်ပြီ။
ဘဂဝါ၊ သည်။ တုဏှီဘာဝေန၊ မမြွက်သံချေ ဆိတ်ဆိတ်နေတော်မူသည့် အဖြစ်ဖြင့်။ အဓိဝါသေသိ၊ လက်ခံတော်မူပြီ။
အထ ခေါ၊ ၌။ ပါဋလိဂါမိယာ၊ ကုန်သော။ ဥပါသကာ၊ တို့သည်။ ဘဂဝတော၊ ၏။ အဓိဝါသနံ၊ လက်ခံတော်မူခြင်းကို။ ဝိဒိတွာ၊ သိ၍။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရှိခိုး၍။ ပဒက္ခိဏံ ကတွာ၊ အရိုအသေပြု၍။ ယေန၊ အကြင်အရပ်၌။ အာဝသထာဂါရံ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိံသု၊ ကုန်ပြီ။
ဥပသင်္ကမိတွာ၊ ၍။ သဗ္ဗသန္ထရိံ၊ အလုံးစုံအခင်းရှိသည်ကို။ ကတွာ၊ ပြု၍။ အာဝသထာဂါရံ၊ ကို။ သန္ထရိတွာ၊ ခင်း၍။ တစ်နည်း-အာဝသထာဂါရံ၊ ကို။ သဗ္ဗသန္ထရိံ၊ တစ်နေရာမကျန် အခင်းအလုံးစုံပြည့်အောင်။ သန္ထရိတွာ၊ ၍။ အာသနာနိ၊ နေရာတို့ကို။ ပညာပေတွာ၊ ခင်းစေ၍။ ဝါ၊ အခင်းခိုင်း၍။ ဥဒကမဏိကံ၊ စိမ်းလဲ့သော ရေပြည့်အိုးကို။ ပတိဋ္ဌာပေတွာ၊ တည်ထားစေ၍။ တေလပ္ပဒီပံ၊ ဆီမီးကို။ အာရောပေတွာ၊ စိုက်ထောင်၍။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိံသု၊ ကုန်ပြီ။
ဥပသင်္ကမိတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရှိခိုး၍။ ဧကမန္တံ၊ ၌။
ဌိတာ ခေါ၊ တည်ကုန်သော။ ပါဋလိဂါမိယာ၊ ကုန်သော။ ဥပါသကာ၊ တို့သည်။ ဘဂဝန္တံ၊ ကို။ ဘန္တေ၊ ဘုရား။
အာဝသထာဂါရံ၊ ကို။ သဗ္ဗသန္ထရိတ-သန္ထတံ၊ တစ်နေရာမလပ် အခင်းချင်းစပ်အောင် ခင်းထားအပ်ပါပြီ။
အာသနာနိ၊ နေရာတို့ကို။ ပညတ္တာနိ၊ ခင်းကျင်းထားအပ်ပါကုန်ပြီ။
ဥဒကမဏိကော၊ စိမ်းလဲ့သော ရေပြည့်အိုးကြီးကို။ ပတိဋ္ဌာပိတော၊ တည်ထားစေအပ်ပါပြီ။ တေလပ္ပဒီပေါ၊ ဆီမီးတိုင်ကို။ အာရောပိတော၊ စိုက်ထားအပ်ပါပြီ။
ဘန္တေ၊ ဘုရား။ ဒါနိ၊ ၌။ ယဿ၊ အကြင်ကြွတော်မူခြင်း၏။ ကာလံ၊ အချိန် တန်, မတန်ကို။ ဘဂဝါ၊ သည်။ မညတိ၊ သိတော်မူပါသည် ဘုရား။ ဣတိ၊ ဤသို့။ ဧတံ၊ ဤအခါကြား စကားကို။ အဝေါစုံ၊ ကုန်ပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ နိဝါသေတွာ၊ ၍။ ပတ္တစီဝရံ၊ ကို။ အာဒါယ၊ ယူ၍။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ အတူတကွ။ ယေန၊ အကြင်အရပ်၌။ အာဝသထာဂါရံ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။
ဥပသင်္ကမိတွာ၊ ပြီ။ ပါဒေ၊ ခြေတို့ကို။ ပက္ခာလေတွာ၊ ဆေးကြော၍။ အာဝသာထာဂါရံ၊ သို့။ ပဝိသိတွာ၊ ဝင်တော်မူ၍။ မဇ္ဈိမံ၊ အလယ်ဖြစ်သော။ ထမ္ဘံ၊ တိုင်ကို။ နိဿာယ၊ မှီတော်မူ၍။ ပုရတ္ထာဘိမုခေါ၊ အရှေ့အရပ်သို့ ရှေးရှု။ ဝါ၊ အရှေ့အရပ်သို့ မျက်နှာမူ၍။ နိသီဒိ၊ ထိုင်တော်မူပြီ။
ဘိက္ခုသင်္ဃောပိ၊ သည်လည်း။ ပါဒေ၊ တို့ကို။ ပက္ခာလေတွာ၊ ၍။ အာဝသထာဂါရံ၊ သို့။ ပဝိသိတွာ၊ ၍။ ပစ္ဆိမံ၊ အနောက်ဘက်ဖြစ်သော။ ဘိတ္တိံ၊ နံရံကို။ နိဿာယ၊ မှီ၍။ ပုတ္ထာဘိမုခေါ၊ ရှေးရှု။ ဝါ၊ မူ၍။ ဘဂဝန္တံယေဝ၊ ကိုသာ။ ပုရက္ခတွာ၊ ရှေ့သွားပြု၍။ နိသီဒိ၊ ထိုင်နေပြီ။
ပါဋလိဂါမိယာပိ ခေါ၊ ကုန်သော။ ဥပါသကာမိ၊ တို့သည်လည်း။ ပါဒေ၊ တို့ကို။ ပက္ခာလေတွာ၊ ၍။ အာဝသထာဂါရံ၊ သို့။ ပဝိသိတွာ၊ ၍။ ပုရတ္ထိမံ၊ အရှေ့အရပ်၌ဖြစ်သော။ ဘိတ္တိံ၊ နံရံကို။ နိဿာယ၊ ၍။ ပစ္ဆိမာဘိမုခါ၊ အနောက်အရပ်သို့ ရှေးရှု။ ဝါ၊ အနောက်အရပ်သို့ မျက်နှာမူကုန်၍။ နိသီဒိံသု၊ ကုန်ပြီ။ ဘဂဝန္တံယေဝ၊ ကိုသာလျှင်။ ပုရက္ခတွာ၊ ရှေ့သွားပြု၍။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ပါဋလိဂါမိယေ၊ ကုန်သော။ ဥပါသကေ၊ တို့ကို။ အာမန္တေသိ၊ အမိန့်ရှိ သိစေတော်မူပြီ။
ပဉ္စိမေ ဂဟပတယော အာဒီနဝါ (လ) ပဉ္စ အာနိသံသာ သီလဝတော သီလသမ္ပ-ဒါယာ'တိ၊ သီလသမ္ပဒါယ'ဟူ၍။ "ဂဟာပတယော၊ အိုးအိမ်တည်ထောင် အိမ်ရှင့်လူဝတ်ကြောင်အပေါင်းသို့။ သီလဝိပတ္တိယာ၊ ကိုယ်တိုင်စာရိတ္တပျက်ပြားခြင်းကြောင့်။ ဒုဿီလဿ၊ သီလမဲ့သူ၏။ အာဒီနဝါ၊ အပြစ်တို့သည်။
ဣမေ ပဉ္စ၊ ဤငါးပါးတို့သည်။ ကတမေ ပဉ္စ၊ အဘယ်ငါးပါးတို့နည်းဟုမူ။
ဂဟပတယော၊ တို့။ ဒုဿီလော၊ သီလမဲ့သော။ သီလဝိပန္နော၊ ကိုယ်ကျင့်စာရိတ္တချို့ယွင်းသူသည်။ ဣဓ၊ ဤလောက၌။ ပမာဒါဓိကရဏံ၊ ကုသိုလ်တရား၌ မေ့လျော့၍ ကာမဂုဏ်တို့၌ မူးယစ်ခြင်းတည်းဟူသောအကြောင်း ကြောင့်။ မဟတိံ၊ ကြီးကျယ်သော။ ဘောဂဇာနိံ၊ စည်းစိမ်ဥစ္စာဆုတ်ယုတ်-ခြင်းသို့။ နိဂစ္ဆတိ၊ ရောက်ရ၏။
အယံ၊ ဤသည်သာ။ သီလဝိပတ္တိယာ၊ ကိုယ်ကျင့်စာရိတ္တပျက်စီးခြင်းကြောင့်။ ဒုဿီလဿ၊ သီလမဲ့သူ၏။ ပဌမော၊ ရှေးဦးစွာ။ အာဒီနဝေါ၊ အပြစ်တည်း။
ဂဟပတယော၊ တို့။ ပုန စပရံ၊ နောက်ထပ်တစ်မျိုးကား။ ဒုဿီလဿ၊ သီလမဲ့သော။ သီလဝိပန္နဿ၊ သူ၏။ ပါပကော၊ ယုတ်မာသော။ ကိတ္တိသဒ္ဒေါ၊ ကျော်စောခြင်းသည်။ အဗ္ဘုဂ္ဂစ္ဆတိ၊ ထိုထိုအရပ်၌ ပျံ့နှံ့၏။
အယံ၊ ဤသည်ကား။ သီလဝိပတ္တိယာ၊ ကြောင့်။ ဒုဿီလဿ၊ ၏။ ဒုတိယော၊ နှစ်ခုမြောက်သော။ အာဒီနဝေါ၊ တည်း။
ဂဟပတော၊ တို့။ ပုန စပရံ၊ နောက်တစ်မျိုးလည်း။ ဒုဿီလော၊ မဲ့သော။ သီလဝိပန္နော၊ သူသည်။ ယဒိ ခတ္တိယပရိသံ၊ မင်းပရိတ်သတ်သို့ဖြစ်စေ။ ယဒိ ဗြာဟ္မဏပရိသံ၊ ဗြာဟ္မဏပရိသတ်သို့ ဖြစ်စေ။ ယဒိ ဂဟပတိပရိယံ၊ အိမ့်ရှင်သူကြွယ် ပရိတ်သတ်သို့ ဖြစ်စေ။ ယဒိ သမဏပရိသံ၊ ရဟန်းသံဃာပရိတ်သတ်သို့ ဖြစ်စေ။ ယညဒေဝ ပရိယံ-ယံ ယံ ဧဝ ပရိသံ၊ အကြင်အကြင်ပရိတ်သတ်သို့။ ဥပသင်္ကမတိ၊ ချဉ်းကပ်၏။ တံ တံ ပရိသံ၊ ထိုထို ပရိတ်သတ်သို့။ အဝိသာရဒေါ၊ မဝံ့မရဲသည်ဖြစ်၍။ မင်္ကုဘူတော၊ မျက်နှာမသာယာသည် ဖြစ်၍။ ဝါ၊ ရှက်ကိုးရှက်ကန်း မျက်နှာမလန်း သည်ဖြစ်၍။ ဥပသင်္ကမတိ၊ ချဉ်းကပ်ရ၏။
အယံ၊ ဤသည်ကား။ သီလဝိပတ္တိယာ၊ ခြင်းကြောင့်။ ဒုဿီလဿ၊ ၏။ တတိယော၊ သုံးခုမြောက်သော။ အာဒီနဝေါ၊ အပြစ်တည်း။
ဂဟပတယော၊ တို့။ ပုန စပရံ၊ နောက်ထပ်တစ်မျိုးလည်း။ ဒုဿီလော၊ သော။ သီလဝိပန္နော၊ သူသည်။ သမ္မူဠှော၊ တွေဝေ မိန်းမောသည်ဖြစ်၍။ ကာလံကရောတိ၊ သေ၏။
အယံ၊ ဤသည်ကား။ သီလဝိပတ္တိယာ၊ ခြင်းကြောင့်။ ဒုဿီလဿ၊ ၏။ စတာတ္ထော၊ လေးခုမြောက်သော။ အာဒီနဝေါ၊ အပြစ်တည်း။
ဂဟပတယော၊ တို့။ ပုန စပရံ၊ နောက်ထပ်တစ်မျိုးလည်း။ ဒုဿီလော၊ သော။ သီလဝိပန္နော၊ သူသည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်စီးခြင်းဟူသော။ မရဏာ၊ သေသည်မှ။ ပရံ၊ နောက်ကာလ၌။ အပါယံ၊ ချမ်းသာကင်းသော။ ဒုဂ္ဂတိံ၊ မကောင်းသူတို့၏ လားရာဖြစ်သော။ ဝိနိပါတံ၊ ဖရိုဖရဲကျရောက်ရာ ဖြစ်သော။ နိရယံ၊ ငရဲ၌။ ဝါ၊ သို့။ ဥပပဇ္ဇတိ၊ ဖြစ်၏။ ဝါ၊ ကပ်ရောက်၏။
အယံ၊ ဤသည်ကား။ သီလဝိပတ္တိယာ၊ ကြောင့်။ ဒုဿီလဿ၊ ၏။ ပဉ္စမော၊ ငါးခုမြောက်သော။ အာဒီနဝေါ၊ တည်း။
ဂဟပတယော၊ တို့။ သီလဝိပတ္တိယာ၊ ကြောင့်။ ဒုဿီလဿ၊ ၏။ အာဒီနဝါ၊ အပြစ်တို့သည်။ ဣမေ ပဉ္စ၊ ဤငါးပါးတို့တည်း။
ဂဟပတယော၊ တို့။ သီလသမ္မဒါယ၊ သီလနှင့် ပြည့်စုံခြင်းကြောင့်။ အာနိသံသာ၊ ရအပ်သော အကျိုးတို့လည်း။ ဣမေ ပဉ္စ၊ ဤငါးပါးတို့တည်း။
ကတမေ ပဉ္စ၊ အဘယ် ငါးပါးတို့နည်း။
ဂဟပတယော၊ တို့။ သီလဝါ၊ သီလရှိသော။ သီလသမ္ပန္နော၊ သီလနှင့်ပြည့်စုံသော သူသည်။ အပ္ပမာဒါဓိကရဏံ၊ ကုသိုလ်ရေးတို့၌ မမေ့, ငါးဖြားအာရုံကာမဂုဏ်တို့၌ မူးယစ်ခြင်း မရှိသည်၏ အဖြစ်ကြောင့်။ မဟန္တံ၊ များစွာသော။ ဘောဂက္ခန္ဓံ၊ စည်းစိမ် ချမ်းသာအစုအပုံကို။ အဓိဂစ္ဆတိ၊ ရ၏။
အယံ၊ ဤသည်ကား။ သီလသမ္ပဒါယ၊ သီလနှင့် ပြည့်စုံခြင်းကြောင့်။ သီလဝတော၊ သီလရှိသူ၏။ လဒ္ဓေါ၊ ရအပ်သော။ ပဌမော၊ ရှေးဦးစွာသော။ အာနိသံသော၊ အကျိုးအာနိသင်တည်း။
ပုန စပရံ၊ လည်း။ ဂဟပတယော၊ တို့။ သီလဝတော၊ သော။ သီလသမ္ပန္နဿ၊ ၏။ ကလျာဏော၊ ကောင်းသော။ ကိတ္တိသဒ္ဒေါ၊ ကျော်စောသတင်းသည်။ အဗ္ဘုဂ္ဂစ္ဆတိ၊ နေရာအနှံ့ပျံ့တက်၏။
အယံ၊ ကား။ သီလသမ္ပဒါယ၊ ကြောင့်။ သီလဝတော၊ ၏။ ဒုတိယော၊ သော။ အာနိသံသော၊ တည်း။
ပုန စပရံ၊ လည်း။ ဂဟပတယော၊ တို့။ သီလဝါ၊ သော။ သီလသမ္ပန္နော၊ သည်။ ယဒိ ခတ္တိယပရိသံ၊ မင်းပရိတ်သတ်ကို ဖြစ်စေ။ ဝါ၊ သို့ဖြစ်စေ။ ယဒိ ဗြာဟ္မဏပရိသံ၊ ဗြာဟ္မဏပရိတ်သတ်ကို ဖြစ်စေ။ ဝါ၊ သို့ဖြစ်စေ။ ဂဟပတိပရိသံ၊ အိမ်ရာတည်ထောင် လူဝတ်ကြောင် အိမ့်ရှင်ပရိသတ်ကိုဖြစ်စေ။ ဝါ၊ သို့ဖြစ်စေ။ ယဒိ သမဏပရိသံ၊ ရဟန်းသံဃာ ပရိတ်သတ်ကို ဖြစ်စေ။ ဝါ၊ သို့ဖြစ်စေ။ ယညဒေဝ ပရိသံ-ယံ ယံ ဧဝ ပရိသံ၊ အကြင် အကြင်ပရိတ်သတ်ကို။ ဝါ၊ အကြင် အကြင်ပရိတ်သတ်သို့။ ဥပသင်္ကမတိ၊ ချဉ်းကပ်၏။ တံ တံ၊ပရိသံ၊ ထိုထို ပရိတ်သတ်သို့။ ဝိသာရဒေါ၊ ရဲရဲဝံ့ဝံ့။ အမင်္ကုဘူတော၊ မျက်နှာမသာမယာမရှိ သာသာယာယာ။ ဥပသင်္ကမတိ၊ ချဉ်းကပ်၏။
အယံ၊ ကား။ သီလသမ္ပဒါယ၊ ကြောင့်။ သီလဝတော၊ ၏။ တတိယော၊ သော။ အာနိသံသော၊ တည်း။
ပုန စပရံ၊ လည်း။ ဂဟပတယော၊ တို့။ သီလဝါ၊ သော။ သီလသမ္ပန္နော၊ သည်။ အသမ္မူဠှော၊ တွေဝေခြင်းမရှိမူ၍။ ကာလံကရောတိ၊ ၏။
အယံ၊ ကား။ သီလဝတော၊ ၏။ သီလသမ္ပဒါ၊ ကြောင့်။ စတုတ္ထော၊ သော။ အာနိသံသော၊ တည်း။
ပုန စပရံ၊ လည်း။ ဂဟပတယော၊ တို့။ သီလဝါ၊ ရှိသော။ သီလသမ္ပန္နော၊ သည်။ ကာယဿ၊ ၏။ ဘေဒါ၊ ပျက်စီးခြင်းဟူသော။ ပရံ၊ ၌။ မရဏာ၊ မှ။ သုဂတိံ၊ ကောင်းသောသူတို့၏လားရာ လူ့ဘဝ၌။ ဝါ၊ သို့။ သဂ္ဂံ၊ ကောင်းသောအာရုံတို့၏စုဝေးရာ နတ်ပြည်ခြောက်ထပ်ဟူသော။ လောကေ၊ လောက၌။ ဥပပဇ္ဇတိ၊ ဖြစ်၏။ ဝါ၊ ကပ်ရောက်၏။
အယံ၊ ကား။ သီလသမ္ပဒါယ၊ ကြောင့်။ သီလဝတော၊ ၏။ ပဉ္စမော၊ သော။ အာနိသံသော၊ တည်း။ ဂဟပတယော၊ တို့။ သီလသမ္ပဒါယ၊ ကြောင့်။
သီလဝတော၊ ၏။ အာနိသံသာ၊ တို့သည်။ ဣမေ ခေါ ပဉ္စ၊ ဤငါးပါးတို့တည်း။

အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ပါဋလိဂါမိယေ၊ ကုန်သော။ ဥပါသကေ၊ တို့ကို။ ဗဟုဒေဝ ရတ္တိံ၊ များစွာသော။ ဝါ၊ ညဉ့်နက်သန်းခေါင် တိုင်အောင်။ ဓမ္မိယာ၊ သော။ ကထာယ၊ စကားဖြင့်။ သန္ဒဿေတွာ၊ စေ၍။ သမာဒပေတွာ၊ စေ၍။ သမုတေဇေတွာ၊ စေ၍။ သမ္ပဟံသေတွာ၊ စေ၍။ ဣတိ၊ ဤသို့။ ဥယျောဇေသိ၊ တိုက်တွန်းတော်မူပြီ။

ပကိဏ္ဏကဒေသနာလာ ကျောင်းတရား

ပါဋလိရပ်သူရွာသားတို့ကို ညဉ့်နက်သန်းခေါင်တိုင်အောင် ဓမ္မကထာ ဟောကြားတော်မူသည့်ပြင် အောက်ပါ ပကိဏ္ဏကကထာကိုလည်း ဟောတော်မူ၏။အာဝါသနံ နာမေတံ ဂဟပတယော မဟန္တံ ပုညံ။နေရာဘုံဗိမာန် လှူဒါန်းခြင်းသည် သာမန် ကုသိုလ်မဟုတ်၊ ကြီးကျယ်မြင့်မြတ်သော ကုသိုလ် ကောင်းမှုဖြစ်သည်။

"ဂဟပတယော၊ တို့။ ရတ္တိ၊ ညဉ့်။ အဘိက္ကန္တာ၊ ကျော်လွန်ပြီ။

တုမှာကံ အာဝါသော မယာ ပရိဘုတ္တော-သင် လိဆီဝီတို့၏ ဧည့်သည်တို့ အပန်းဖြေနားနေရာ အဆောက်အအုံတည်းဟူသော အာဝသထာဂါရကို ငါဘုရား သီတင်းသုံးနေထိုင်သောအားဖြင့် သုံးဆောင်အပ်ပြီ။ဘိက္ခုသံဃေနစ ပရိဘုတ္တော-ရဟန်းသံဃာတော်များလည်း နေထိုင်သောအားဖြင့် သုံးဆောင်အပ်ပြီ။မယာ စ ဘိက္ခုသံဃေန စ ပရိဘုတ္တေ ပန ဓမ္မရတနေနပိ ပရိဘုတ္တောယေဝ ဟောတိ။ငါဘုရားရော ရဟန်းသံဃာတွေရော နေထိုင်သုံးဆောင်အပ်ပြီးဖြစ်သောကြောင့် တရားရတနာသည်လည်း သုံးဆောင်အပ်သည်ဟု ဆိုနိုင်၏။ဧဝံ တီဟိ ရတနေဟိ ပရိဘုတ္တေ အပရိမေယျောစ ဝိပါကော-ဘုရား တရား သံဃာ ရတနာသုံးပါးလုံး သုံးဆောင်နေထိုင်သည့်အတွက် မရေမတွက်နိုင်သော အကျိုးတို့ကို ရရှိနိုင်သည်။

အပိစ အာဝါသ ဒါနသ္မိံ ဒိန္နေ သဗ္ဗဒါနံ ဒိန္နမေဝ ဟောတိ-တစ်နည်း အားဖြင့် နေရာဘုံဗိမာန် လှူအပ်သော် ဘာမဆို အလုံးစုံကို ပေးလှူသည် မည်၏။ဘူမဋ္ဌကပဏ္ဏသာလာယ ဝါ သာခါမဏ္ဍပဿ ဝါ သံဃံ ဥဒ္ဒိဿ ကတဿ အာနိသံသော ပရိစ္ဆိန္ဒိတုံ န သက္ကာ-ကြီးကျယ်ခမ်းနား ခိုင်ခန့်သော အဆောက်အအုံကို လှူမှမဟုတ်၊ မြေစိုက်သစ်ရွက်မိုးကျောင်း ဖြစ်စေ သစ်ခက်မဏ္ဍပ် ဖြစ်စေ သံဃာကို ရည်မှန်း၍ လှူဒါန်းဆောက်လုပ်လျှင် ဆောက်လုပ်ခြင်း၏ အကျိုးအာနိသင်ကို မည်ရွေ့မည်မျှဟု ပိုင်းခြားခြင်းငှာ မတတ်နိုင်။

ထို့အပြင် အာဝါသဒါနာနုဘာဝေန ဟိ ဘဝေ နိဗ္ဗတတမာနဿပိ သမ္ပီဠိတ-ဂဗ္ဘဝါသော နာမ န ဟောတိ၊ဒွါသဟတ္ထော ဿြဝရဏော ဝိယဿ မာတုကုစ္ဆိ အသမ္ဗဦဓောဝ ဟောတိ-နေရာဘုံဗိမာန်လှဓဒါန်းခြင်းကြောင့် ဘဝတစ်ခု၌ ဖြစ်ရသော လူ၏သော်မှလည်း အလွန်နေရကျပ်သည့် အမိဝမ်း၌ ကိန်းအောင်းရခြင်း မဖြစ်။၁၂-တောင် တိုက်ခန်းကဲ့သို့ အမိဝမ်းသည် မကျဉ်းမြောင်း မကျပ်တည်းပေဟု ပိဋကပါဠိတို့၌ တိုက်ရိုက်မပါသော အမိဝမ်းသည် မကျဉ်းမြောင်း မကျပ်တည်းပေဟု ပိဋကပါဠိတို့၌ တိုက်ရိုက်မပါသော ပကိဏ္ဏကဒေသနာကို ဟောတော်မူ၏။

တုမှေ၊ တို့သည်။ ယဿ၊ အကြင်သွားခြင်း၏။ ကာလံ၊ အချိန်တန်, မတန်ကို။ မညထ"၊ သိကြကုန်လော့။ အထ ခေါ၊ ၌။ ပါဋလိဂါမိယော၊ ကုန်သော။ ဥပါသကာ၊ တို့သည်။ ဘဂဝတော၊ ၏။ ဘာသိတံ၊ ဟောတော် မူအပ်သော တရားတော်ကို။ အဘိနန္ဒိတွာ၊ လွန်စွာ နှစ်သက်သည်ဖြစ်၍။ အနုမောဒိတွာ၊ ဝမ်းမြောက်သည်ဖြစ်၍။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ၍။ ပဒက္ခိဏံ ကတွာ၊ အရိုအသေပြု၍။ ပက္ကမိံသု၊ ဖဲသွားကြကုန်ပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ အစိရပက္ကန္တေသု၊ ဖဲသွားကြ၍ မကြာမြင့်မီ။ ပါဋလိဂါမိယေသု၊ ကုန်သော။ ဥပါသကေသု၊ တို့သည်။ သုညာဂါရံ၊ ဆိတ်ငြိမ်ရာ အဆောင်သို့။ ပါဝိသိ၊ ဝင်တော်မူပြီ။ (သုညာဂါရ-ဆိုသော်လည်း သီးခြားအဆောက်အအုံမဟုတ်၊တည်းခိုဆောင် အာဝသထာဂါရအတွင်း၌ ဘုရားရှင် အနားယူသော အနေဖြင့် သီတင်းသုံးရန် ကန့်လန့်ကာ ကာရံ၍ ခုတင်ခင်းကျင်း ပြင်ဆင်ထားသော အခန်းတည်း)။
တေန ခေါ ပန သမယေန၊ ၌။ မဂဓမဟာမတ္တာ၊ မဂဓမင်း၏ အမတ်ကြီးများဖြစ်ကြကုန်သော။ ဝါ၊ မဂဓတိုင်း၏ အမတ်ကြီးများ ဖြစ်ကုကုန်သော။ သုနိဓဝဿကာရာ၊ သုနိဓနှင့် ဝဿကာရအမတ်ကြီးတို့သည်။ ပါဋလိဂါမေ၊ ၌။ ဝဇ္ဇီနံ၊ ဝဇ္ဇီမင်းတို့ကို။ ပဋိဗာဟာယ၊ ပိတ်ပင်တားမြစ်ခြင်းငှာ။ နဂရံ၊ ကို။ မာပေန္တိ၊ ဖန်တီးကြကုန်၏။
တေန ခေါ ပန သမယေန၊ ၌။ သမ္ဗဟုလာ၊ ကုန်သော။ ဒေဝတာယော၊ တို့သည်။ သဟဿသဟဿေဝ၊ တစ်ထောင်စီ တစ်ထောင်စီသာလျှင်။ ဟုတွာ၊ ဖြစ်ကြ၍။ ပါဋလိဂါမေ၊ ၌။ ဝတ္ထူနိ၊ အိမ်နေရာမြေတို့ကို။ ပရိဂ္ဂဏှန္တိ၊ သိမ်းပိုက်ကြကုန်၏။
ယသ္မိံ ပဒေသေ၊ အကြင်အရပ်၌။ မဟေသက္ခာ၊ တန်ခိုးကြီးကုန်သော။ ဒေဝတာ၊ တို့သည်။ ဝတ္ထူနိ၊ မြေတို့ကို။ ပရိဂ္ဂဏှန္တိ၊ ကုန်၏။ မဟေသက္ခာနံ၊ ကုန်သော။ တတ္ထ၊ ထိုတန်ခိုးကြီးနတ်တို့ သိမ်းပိုက်ထားသော အိမ်နေရာမြေတို့၌။ မဟေသက္ခာနံ၊ ကုန်သော။ ရညံ၊ မင်းတို့၏ လည်းကောင်း။ ရာဇမဟာမတ္တာနံ၊ မင်းအမတ်ကြီးတို့၏လည်းကောင်း။ စိတ္တာနိ၊ တို့သည်။ နမန္တိ၊ ညွတ်ကုန်၏။ နိဝေသနာနိ၊ နေအိမ်တို့ကို။ မာပေတုံ၊ ဖန်တီးတည်ဆောက်ခြင်းငှာ။
ယသ္မိံ ပဒေသေ၊ ၌။ မဇ္ဈိမာ ဒေဝတာ၊ အလတ်တန်းစားနတ်တို့သည်။ ဝတ္ထူနိ၊ မြေတို့ကို။ ပရိဂ္ဂဏှန္တိ၊ ကုန်၏။ မဇ္ဈိမာနံ၊ အလတ်တန်းစားဖြစ်ကုန်သော။ တတ္ထ၊ ၌။ ရညံ၊ မင်းတို့၏လည်းကောင်း။ ရာဇမဟာမတ္တာနံ၊ တို့၏လည်းကောင်း။ စိတ္တာနိ၊ တို့သည်။ နမန္တိ၊ ကုန်၏။ နိဝေသနာနိ၊ တို့ကို။ မာပေတုံ၊ ငှာ။
ယသ္မိံ ပဒေသေ၊ ၌။ နီစာ ဒေဝတာ၊ အဆင့်နိမ့်သော နတ်တို့သည်။ ဝတ္ထူနိ၊ တို့ကို။ ပရိဂ္ဂဏှန္တိ၊ ကုန်၏။ နီစာနံ၊ အဆင့်နိမ့်ကုန်သော။ တတ္ထ၊ ၌။ ရညံ၊ တို့၏လည်းကောင်း။ ရာဇမဟာမတ္တာနံ၊ တို့၏လည်းကောင်း။ စိတ္တာနိ၊ တို့သည်။ နမန္တိ၊ ကုန်၏။ နိဝေသနာနိ၊ တို့ကို။ မာပေတုံ၊ ငှာ။
တာ ဒေဝတာယော၊ တို့သည်။ သဟဿသဟဿေဝ၊ တစ်ထောင်စီ တစ်ထောင်စီသာလျှင်။ ဟုတွာ၊ ဖြစ်၍။ ပါဋလိဂါမေ၊ ၌။ ဝတ္ထူနိ၊ တို့ကို။ ပရိဂ္ဂဏှန္တိယော၊ ကြသည်တို့ကိုလည်းကောင်း။ အတိက္ကန္တမာနုသကေန၊ လူတို့၏ ဥစ္စာဖြစ်သော ပကတိမျက်စိထက် သာလွန်သော။ ဒိဗ္ဗေန စက္ခုနာ၊ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်။ အဒ္ဒသာ ခေါ၊ မြင်တော်မူသည်သာ။
ယသ္မိံ ပဒေသေ၊ ၌။ မဟေသက္ခာ၊ ကုန်သော။ ဒေဝတာ၊ တို့သည်။ ဝတ္ထူနိ၊ တို့ကို။ ပရဂ္ဂိဏှန္တိ၊ ကုန်၏။ တတ္ထ၊ ၌။ မဟေသက္ခာနံ၊ တန်ခိုးကြီးနတ်တို့ဟုပြောကြားအပ်ကုန်သော။ ရညံ၊ တို့၏လည်းကောင်း။ ရာဇမဟာမတ္တာနံ၊ တို့၏လည်းကောင်း။ နိဝေသနာနိ၊ တို့ကို။ မာပေတုံ၊ ငှာ။ စိတ္တာနိ၊ တို့သည်။
နမန္တိ၊ ညွတ်ကြသည်တို့ကို လည်းကောင်း။(လ) ရညံ၊ တို့၏လည်းကောင်း။ ရာဇမဟာမတ္တာနံ၊ တို့၏လည်းကောင်း။ နိဝေသနာနိ၊ တို့ကို။ မာပေတုံ၊ ငှာ။ နမန္တိ၊ ညွတ်ကြသည်တို့ကို လည်းကောင်း။ ဝိသုဒ္ဓေန၊ အထူးသဖြင့် စင်ကြယ်သော။
အထ ခေါ၊ ထိုအခါ၌။ ဘဂဝါ၊ သည်။ တဿာ ရတ္တိယာ၊ ထိုညဉ့်နက်၏။ ပစ္စူသသမယေ၊ မိုးသောက်အချိန်အခါ၌။ ပစ္စုဋ္ဌာယ၊ ရှေးရှုထ၍။ အာယသ္မန္တံ အာနန္ဒံ၊ ကို။ အာမန္တေတိ၊ မေးတော်မူ၏။
အာနန္ဒ၊ န္ဒာ။ ကေ၊ အဘယ်သူတို့သည်။ ပါဋလိဂါမေ၊ ၌။ နဂရံ၊ မြို့သစ်ကို။ မာပေန္တိ နု ခေါ၊ ဖန်တီးကြကုန်သနည်း။ ဣတိ၊ ဤသို့။
ဘန္တေ၊ ဘုရား။ မဂဓမဟာမတ္တာ၊ မဂဓမင်း၏ အမတ်ကြီးများ ဖြစ်ကြကုန်သော။ ဝါ၊ မဂဓတိုင်း၏အမတ်ကြီးများဖြစ်ကြကုန်သော။ သုနိဓဝဿကာရာ၊ သုနိဓနှင့်ဝဿကာရတို့သည်။ ဝဇ္ဇီနံ၊ တို့ကို။ ပဋိဗာဟာယ၊ ငှာ။ နဂရံ၊ မြို့သစ်ကို။ မာပေန္တိ၊ ဖန်တီးကြကုန်၏။ ဣတိ၊ ဤသို့ လျှောက်ထား၏။
အာနန္ဒ၊ ချစ်သားအာနန္ဒာ။ တာဝတိံသေဟိ ဒေဝေဟိ၊ တာဝတိံသာနတ်တို့နှင့်။ သဒ္ဓိံ၊ အတူတကွ။ မန္တေတွာ၊ တိုင်ပင်၍။ မာပေန္တိ သေယျထာပိ၊ ဖန်တီးကုန်သကဲ့သို့။
အာနန္ဒာ၊ န္ဒာ။ ဧဝမေဝံ ခေါ၊ ဤအတူသာလျှင်။ သုနိဓဝဿကာရာ၊ တို့သည်။ မဂဓမဟာမတ္တာ၊ ကုန်သော။ ပါဋလိဂါမေ၊ မြေ၌။ ဝဇ္ဇီနံ၊ တို့ကို။ ပဋိဗာဟာယ၊ ငှာ။ နဂရံ၊ ကို။ မာပေန္တိ၊ ကုန်၏။
အာနန္ဒ၊ ချစ်သားအာနန္ဒာ။ အဟံ၊ ငါဘုရားသည်။ ဣဓ၊ ဤပါဋလိရွာမြေ၌။ သမ္ဗဟုလာ၊ ကုန်သော။ ဒေဝတာယော၊ တို့သည်။ သဟဿသဟဿေဝ၊ တစ်ထောင်စီတစ်ထောင်စီသာလျှင်။ ဟုတွာ၊ ၍။ ပါဋလိဂါမေ၊ ၌။ ဝတ္ထူနိ၊ တို့ကို။ ပရိဂ္ဂဏှန္တိယော၊ သိမ်းပိုက်နေကြသည် တို့ကိုလည်းကောင်း။
ယသ္မိံ ပဒေသေ၊ ၌။ မဟေသက္ခာ၊ ကုန်သော။ ဒေဝတာ၊ တို့သည်။ ဝတ္ထူနိ၊ တို့ကို။ ပရိဂ္ဂဏှန္တိ၊ ကုန်၏။ မဟေသက္ခာ၊ ကုန်သော။ တတ္ထ၊ ၌။ ရညံ၊ တို့၏လည်းကောင်း။ ရာဇမဟာမတ္တာနံ၊ တို့၏လည်းကောင်း။ စိတ္တာနိ၊ တို့သည်။ နမန္တိ၊ တို့ကိုလည်းကောင်း။(လ) နိဝေသနာနိ၊ တို့ကို။ မာပေတုံ၊ ဖန်တီးခြင်းငှာ။
စိတ္တာနိ၊ စိတ်တို့သည်။ နမန္တိ၊ ညွတ်ကိုင်းသည်တို့ကိုလည်းကောင်း။ ဝိသုဒ္ဓေန၊ သော။ အတိက္ကန္တမာနု-သကေန၊ သော။ ဒိဗ္ဗေန၊ သော။ စက္ခုနာ၊ ဖြင့်။ အဒ္ဒသံ၊ မြင်ပြီ။
အာနန္ဒ၊ န္ဒာ။ ယာဝတာ၊ အကြင်မျှ လောက်သော အပိုင်းအခြားသည်။ အရိယံ အာယတနံ၊ အရိယာ။ ဝါ၊ အာရီယန်လူမျိုးတို့နေရာသည်။ အတ္ထိ၊ ၏။ တာဝတာ၊ ထိုအပိုင်းအခြားသည်။ ဝဏိပ္ပထော၊ ကုန်သည်ရပ်ကွက်တည်း။ ဣဒံ ပါဋလိပုတ္တံ၊ ဤပါဋလိပုတ်သည်။ ပုဋဘေဒနံ၊ ကုန်ထုတ်ဖြည်ရာဖြစ်သော။ အဂ္ဂနဂရံ၊ မြို့တော်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
အာနန္ဒ၊ ချစ်သားအာနန္ဒာ။ ပါဋလိပုတ္တဿ၊ ပါဋလိပုတ်မြို့တော်၏။ အဂ္ဂိတော ဝါ၊ မီးဘေးလည်းကောင်း။ ဥဒကတော ဝါ၊ ရေဘေးလည်းကောင်း။ မိထုဘေဒတော ဝါ၊ အချင်းချင်းကွဲပြားသော ဘေးလည်းကောင်း။ ဣတိ၊ ဤသို့။ တယော၊ သုံးမျိုးကုန်သော။ အန္တရာယာ၊ ဘေးရန်အန္တရာယ်တို့သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ ဣတိ၊ ဤသို့ အာနန္ဒာအား ဘုရားရှင်မိန့်ကြားတော်မူပြီ။
အထ ခေါ၊ ၌။ သုနိဓဝဿကာရာ၊ တို့သည်။ မဂဓမဟာမတ္တာ၊ ကုန်သော။ ယေန၊ ၌။ ဘဂဝါ၊ သည်။ တေနု၊ သို့။ ဥပသင်္ကမိံသု၊ ချဉ်းကပ်ကုန်ပြီ။
ဥပသင်္ကမိတွာ၊ ၍။ ဘဂဝတာ၊ နှင့်။ သဒ္ဓိံ၊ ကွ။ သမ္မောဒိံသု၊ ကောင်းစွာ ဝမ်းမြောက်ကြကုန်ပြီ။
သမ္မောဒနီယံ၊ ဝမ်းမြောက်ဖွယ်ကောင်းသော။ ကထံ၊ စကားကို။ သာရာဏိယံ၊ မကြာမကြာသတိရထိုက်သော။ ဝီတိသာရေတွာ၊ ပြီးဆုံးစေ၍။ ဧကမန္တံ၊ ၌။ အဋ္ဌံသု၊ တည်နေကုန်ပြီ။
ဧကမန္တံ၊ ၌။ ဌိတာ ခေါ၊ တည်ကုန်သော။ သုနိဓဝဿကာရာ၊ သုနိဓနှင့်ဝဿကာရတို့သည်။ မဂဓမဟာမတ္တာ၊ ကြသော။ ဘဂဝန္တံ၊ ကို။
ဘဝံ ဂေါတမော၊ အရှင်ဂေါတမသည်။ အဇ္ဇတနာယ၊ ယနေ့ဖြစ်သော ဆွမ်းအလို့ငှာ။ နော၊ တပည့်တော်တို့၏။ ဘတ္တံ၊ ဆွမ်းကို။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ အဓိဝါသေတု၊ လက်ခံတော်မူပါ'။ ဣတိ၊ ဤသို့။ ဧတံ၊ ကို။ အဝေါစုံ၊ ကြကုန်ပြီ။
ဘဂဝါ၊ သည်။ တုဏှီဘာဝေန၊ ဆိတ်ဆိတ်နေတော်မူသည်၏အဖြစ်ဖြင့်။ အဓိဝါသေသိ၊ လက်ခံတော်မူပြီ။(အဇ္ဇတန ပုဒ်နှင့် စပ်၍ နက်နဲပြည့်စုံစွာ ဆုံးဖြတ်ထားသည်ကို သိလိုက ဝိသုဒ္ဓါရုံ သုတ်နက်ဋီကာ သမီပေဇ္ဇတ္တနီ-သုတ် ရှုလေ)။
အထ ခေါ၊ ၌။ သုနိဓဝဿကာရာ၊ တို့သည်။ မဂဓမဟာမတ္တာ၊ ကုန်သော။ ဘဂဝတော၊ ၏။ အဓိဝါသနံ၊ ခြင်းကို။ ဝိဒိတွာ၊ ၍။ ယေန၊ ၌။ သကော အာဝသထော၊ ကိုယ်ပိုင်အိမ်သည်။ အတ္ထိ၊ ၏။ တေန၊ ထိုမိမိအိမ်ရှိရာ အရပ်သို့။ ဥပသင်္ကမိံသု၊ ကုန်ပြီ။
ဥပသင်္ကမိတွာ၊ ၍။ သကေ အာဝသထေ၊ ၌။ ပဏီတံ၊ မွန်မြတ်သော။ ခါဒနီယံ ဘောဇနီယံ၊ ခဲဖွယ်ဘောဇဉ်ကို။ ပဋိယာဒါပေတွာ၊ စီမံ၍။ ဘဂဝတော၊ အား။ ဣတိ၊ ဤသို့။ ကာလံ၊ ဆွမ်းဘုဉ်းပေးရန် အချိန်အခါကို။ အာရောစေသုံ၊ လျှောက်ထားကြကုန်ပြီ။
ဘောဂေါတမ၊ မ။ ကာလော၊ ဆွမ်းဘုဉ်းပေးရန် အချိန်တန်ပါပြီ။ ဘတ္တံ၊ ဆွမ်းသည်။ နိဋ္ဌိတံ၊ လိုလေသေးမရှိ အပြီးအစီးသို့ ရောက်ပါပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ပုဗ္ဗဏှသမယံ၊ နံနက်အခါ၌။ နိဝါသေတွာ၊ ၍။ ပတ္တစီဝရံ၊ ကို။ အာဒါယ၊ ယူ၍။ သဒ္ဓိံ၊ ကွ။ ဘိက္ခုသင်္ဃေန၊ နှင့်။ ယေန၊ အကြင်အရပ်၌။ သုနိဓဝဿကာရာနံ၊ တို့၏။ မဂဓမဟာမတ္တာနံ၊ ကုန်သော။ အာဝသထော၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။
ဥပသင်္ကမိတွာ၊ ၍။ ပညတ္တေ၊ အပ်သော။ အာသနေ၊ ၌။ နိသီဒိ၊ ပြီ။
အထ ခေါ၊ ၌။ သုနိဓဝဿကာရာ၊ တို့သည်။ မဂဓမဟာမတ္တာ၊ ကုန်သော။ ဗုဒ္ဓပ္ပမုခံ၊ ဘုရားအမှူးရှိသော။ ဘိက္ခုသဃံ၊ ကို။ ပဏီတေန၊ သော။ ခါဒနီယေန ဘောဇနီယေန၊ ခဲဖွယ်ဘောဇဉ်ဖြင့်။ သဟတ္ထာ၊ ကိုယ်ပိုင်လက်ဖြင့်။(သဟတ္ထာ=သဟတ္ထ+နာ။နာအာသုတ်၌ ဝိနာဓိကာရဖြင့် နာကို အာပြု)။ သန္တပ္ပေသုံ၊ ရောင့်ရဲစေကြကုန်ပြီ။ သမ္ပဝါရေသုံ၊ ပြည့်စုံပြီဟု တားမြစ်စေကြကုန်ပြီ။
အထ ခေါ၊ ၌။ သုနိဓဝဿကာရာ၊ တို့သည်။ မဂဓမဟာမတ္တာ၊ ကုန်သော။ ဘဂဝန္တံ၊ ကို။ ဘုတ္တာဝိံ၊ ဆွမ်းဘုဉ်းပေးပြီးသော။ ဩနီတပတ္တပါဏိံ၊ အသီးသီးတခြားစီဖြစ်သော။ ဝါ၊ ဆေးကြောသုတ်သင်အပ်ပြီးသော သပိတ်လက်တော်ရှိသော။ ပဒက္ခိဏံ ကတွာ၊ အရိုအသေပြု၍(ထည့်)။ အညတရံ၊ အမှတ်မထား တစ်ပါးပါးသော။ နီစံ၊ နိမ့်သော။ အာသနံ၊ နေရာကို။ ဂဟေတွာ၊ ယူ၍။ ဧကမန္တံ၊ ၌။ နိသီဒိံသု၊ ကုန်ပြီ။
ဧကမန္တံ၊ ၌။ နိသိန္နေ၊ ကုန်သော။ သုနိဓဝဿကာရေ၊ တို့ကို။ မဂဓမဟာမတ္တေ၊ ကုန်သော။ ဘဂဝါ၊ သည်။ ဣမာဟိ ဂါထာဟိ၊ ဤဂါထာတို့ဖြင့်။ အနုမောဒိ၊ ဝမ်းမြောက်စေတော်မူပြီ။
"ယသ္မိံ ပဒေသေ ကပ္ပေတိ(လ) သဒါ ဘဒြာနိ ပဿတီ"တိ၊ ပဿတိ ဟူသော။ ယသ္မိံ ပဒေသေ၊ အကြင်အရပ်၌။ ကပ္ပေတိ၊ ပြု၏။ ဝါသံ၊ နေခြင်းကို။ ပဏ္ဍိတဇာတိယော၊ ပညာရှိ အမျိုးကောင်းသားသည်။ ဧတ္ထ၊ ဤပညာရှိအမျိုးကောင်းသား ရှိနေသော အရပ်၌။ ဩနီတပတ္တပါဏိ။ ။ဩနိတ္တ+ ပတ္တပါဏိ၊ ဩနိတ္တာ+ပတ္တ ပါဏယော ယဿာတိ ဩနိတ္တ ပတ္တပါဏိ၊ဘဂဝါ- အရကောက်၊ ဩနိတ္တ=အဝပုဗ္ဗ နိဇဓာတ်၊ ဓာတွန်ခြေ၊ တ-ဒွိတ္တပြု။ အဝပုဗ္ဗော နိဇော=နာနာကူတေ ဝိနာကူတေ (သောဓနေ) ဓာတ်နက်။ပတ္တနှင့် ပါဏိ ဒွန်တွဲ။ဩနိတ္တာ၊ဆေးကြောအပ်ပြီးသော အသီးသီးတခြားစီ လက်နှင့်သပိတ်ရှိတော်မူသော မြတ်စွာဘုရား။ အဝပုဗ္ဗ နိဓာတ်ဖြင့် ပြီးသော "ဩနိတပတ္တပါဏိ" မဟုတ်ဟူလို ဝိသုဒ္ဓါရုံ သုတ်နက်ဋီကာ၊ ဘုဇာဒီနမန္တောသုတ်-ရှု။
သီလဝန္တေ၊ သီလရှိကုန်သော။ သညတေ၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို စောင့်စည်းကုန်သော။ ဗြဟ္မစာရယော၊ မြတ်သောအကျင့်ကို ကျင့်သုံးကြသော ပုဂ္ဂိုလ်တို့ကို။ ဘောဇေတွာ၊ ဆွမ်းဆက်ကပ်၍(အာဒိသေ ၌ စပ်)။
တတ္ထ၊ ထိုအရပ်၌။ ယာ ဒေဝတာ၊ အကြင်နတ်တို့သည်။ အာသုံ၊ ရှိကုန်ပြီ။ တာသံ၊ ထိုနတ်တို့အား။ ဒက္ခိဏကံ၊ အကုသိုလ်အဖို့ကို။ အာဒိသေ-အာဒိသေယျ၊ အမျှပေးဝေရာ၏။
ပူဇိတာ၊ အပူဇော်ခံရကုန်သော။ တာ၊ ထိုနတ်တို့သည်။ နံ၊ ထိုပူဇော်သူကို။ ပူဇယန္တိ၊ တုံ့ပြန်ပူဇော်ကြကုန်၏။ မာနိတာ၊ အချိန်အခါအားလျော်စွာ ပူဇော်သမှု ပြုခြင်းဖြင့် မြတ်တိုးခြင်းခံရကုန်သော။ တာ၊ ထိုနတ်တို့သည်။ နံ၊ ထိုမြတ်နိုးသူကို။ မာနယန္တိ၊ တုံ့ပြန်မြတ်နိုးကြကုန်၏။
မာတာ၊ အမိသည်။ ဩရသံ၊ မိမိရင်သွေးဖြစ်သော။ ပုတ္တံ၊ ကို။ အနုကမ္ပတိ ယထာ၊ သနားစောင့်ရှောက်သကဲ့သို့။ တတော၊ ထိူပူဇော်မြတ်နိုးခြင်း-ဟူသော အကြောင်းကြောင့်။ နံ၊ ပူဇော်မြတ်နိုးသူကို။ အနုကမ္ပန္တိ၊ သနားစောင့်ရှောက်ကြကုန်၏။
ဒေဝတာနုကမ္ပိတော၊ နတ်တို့၏ စောင့်ရှောက်ခြင်းခံရသော။ ပေါသော၊ ပုဂ္ဂိုလ်သည်။ သဒါ၊ အခါခပ်သိမ်း။ ဘဒြာနိ၊ ကောင်းသောအာရုံတို့ကို။ ပဿတိ၊ တွေ့မြင်ရ၏။ ဘဒြာနိ၊ ကောင်းသော အာရုံတို့ကို။ ပဿတိ၊ တွေ့မြင်ရ၏။ အဘဒြာနိ၊ မကောင်းသော အနဋ္ဌ အရာဝတ္ထုတို့ကို။ န ပဿတိ၊ မတွေ့မမြင်ရပေ(ထည့်)။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ သုနိဓဝဿကာရာနံ၊ တို့အား။ မဂဓမဟာမတ္တာနံ၊ ကုန်သော။ ဣမာဟိ ဂါထာဟိ၊ ဤပြဆိုအပ်ခဲ့သော ဂါထာတို့ဖြင့်။ အနုမောဒိတွာ၊ ကောင်းချီးနုမော် သာဓုခေါ်စေတော်မူ၍။ ဥဋ္ဌာယ၊ ထ၍။ ပက္ကာမိ၊ ဖဲကြွတော်မူပြီ။
တေန ခေါ ပန သမယေန၊ ၌။ သုနိဓဝဿကာရာ၊ တို့သည်။ မဂဓမဟာမတ္တာ၊ ကုန်သော။ ဘဂဝန္တံ၊ ကို။ ပိဋ္ဌိတော ပိဋ္ဌိတော၊ နောက်မှ နောက်မှ။ အနုဗန္ဓာ၊ တကောက်ကောက်လိုက်ကုန်သည်။ ဟောန္တိ၊ ကုန်၏။
"ယေန ဒွါရေန၊ အကြင်တံခါးဖြင့်။ သာမဏော ဂေါတမော၊ သည်။ အဇ္ဇ၊ ယနေ့။ နိက္ခမိဿတိ၊ ထွက်တော်မူလတ္တံ့။ တံ၊ ထိုဘုရားရှင်ထွက်တော်မူရာ တံခါးသည်။ ဂေါတမဒွါ နာမ၊ ဂေါတမတံခါးမည်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ယေန တိတ္ထေန၊ အကြင် ရေဆိပ်ဖြင့်။ ဂင်္ဂံ နဒိံ၊ ဂင်္ဂါမြစ်ကို။ တရိဿတိ၊ ကူးလတ္တံ့။ တံ၊ ထိုရေဆိပ်သည်။ ဂေါတမတိတ္ထံ နာမ၊ ဂေါတမရေဆိပ်မည်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့ ကြံစည်၍။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ယေန ဒွါရေန၊ ဖြင့်။ နိက္ခမိ၊ ထွက်တော်မူပြီ။ တံ၊ သည်။ ဂေါတမဒွါရံ နာမ၊ မည်သည်။ အဟောသိ၊ ပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ယေန၊ ၌။ ဂင်္ဂါနဒီ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။
တေန ခေါ ပန သမယေန၊ ၌။ ဂင်္ဂါ နဒီ၊ သည်။ ကာကပေယျာ၊ ကမ်းပါး၌တည်၍ ကျီးရေသောက်နိုင်လောက်အောင်။ သမတိတ္တိယာ၊ ကမ်းပါးနှင့် အညီအမျှ။ ဥဒကဿ၊ ရေဖြင့်(ထည့်)။ပြည့်သည်။ ဟောတိ၊ ၏။ တစ်နည်း-သမတိတ္တိကာ၊ ကမ်းပါးနှင့် အညီအမျှ ရေရှိသည်ဖြစ်၍။ ကာကပေယျာ၊ ကမ်း၌ ရပ်နား၍ ရေသောက်နိုင် လောက်အောင်။ ဥဒကာယ၊ ဖြင့်။ ပူရာ၊ ပြည့်သည်။ ဟောတိ၊ ၏။
အပ္ပေကစ္စေ၊ အချို့အနည်းငယ်ကုန်သော။ မနုဿာ၊ တို့သည်။ နာဝံ၊ လှေကို။ ပရိယေသန္တိ၊ ရှာကြကုန်၏။ အပ္ပေကစ္စေ၊ တို့သည်။ ဥဠုမ္ပံ၊ သစ်ဖောင်ကို။ ပရိယေသန္တိ၊ ကုန်၏။ အပါရာ၊ ဤမှာဖက်ကမ်းမှ။ ပါရံ၊ တစ်ဖက်ကမ်းသို့။ ဂန္တုကာမာ၊ သွားရောက်လိုကြကုန်သော။ အပ္ပေကစ္စေ၊ တို့သည်။ ကုလ္လံ၊ ဝါးဖောင်ကို။ ဗန္ဓန္တိ၊ ဖွဲ့‌နှောင်ကြကုန်၏။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ဗလဝါ၊ အားရှိသော။ ပုရိသော၊ သည်။ သမိဉ္ဇိတံ၊ ကွေးထားသော။ ဗာဟံ၊ လက်ရုံးလက်မောင်းကို။ ပသာရေယျ သေယျာထာပိ ဝါ၊ ဆန့်တန်းဘိသကဲ့သို့လည်းကောင်း။ ပသာရိတံ၊ ဆန့်တန်းထားသော။ ဗာဟံ၊ ကို။ သမိဉ္ဇေယျ သေယျထာပိဝါ၊ ကွေးလိုက်ဘိသကဲ့သို့ လည်းကောင်း။ ဧဝမေဝံ၊ ဤအတူ။ ဂင်္ဂါယ နဒိယာ၊ ဂင်္ဂါမြစ်၏။ ဩရိမတီရေ၊ ဤမှာတစ်ဖက်ကမ်း၌။ အန္တရရဟိတော၊ ကွယ်ပျောက်တော်မူသည်ဖြစ်၍။ ပါရိမတီရေ၊ တစ်ဖက်ကမ်း၌။ ဘိက္ခုသံဃေန၊ နှင့်။ သဒ္ဓိံ၊ ကွ။ ပစ္စုဋ္ဌာသိ၊ ရှေးရှုတည်တော်မူပြီ။
ဘဂဝါ၊ သည်။ အပါရာပရံ၊ ဤဖက်ကမ်းမှ ဟို တစ်ဖက်ကမ်းသို့။ ဂန္တုကာမေ၊ ကူးသွားခြင်းငှာ အလိုရှိကုန်သော။ အပ္ပေကစ္စေ၊ ကုန်သော။ တေ မနုဿေ၊ ထိုလူတို့ကို။ နာဝံ၊ လှေကို။ ပရိယေသန္တေ၊ ရှာကြံနေကြသည်တို့ကိုလည်းကောင်း။ အပ္ပေကစ္စေ၊ ကုန်သော။ တေ မနုဿေ၊ တို့ကို။ ဥဠုမ္ပံ၊ သစ်သားဖောင်ကို။ ပရိယေသန္တေ၊ ရှာကြံနေကြသည်တို့ကိုလည်းကောင်း။ အပ္ပေကစ္စေ၊ ကုန်သော။ တေ မနုဿေ၊ သူတို့ကို။ ကုလ္လံ၊ ဝါးဖောင်ကို။ ပရိယေသန္တေ၊ ရှာကြံနေကြသည်တို့ကိုလည်းကောင်း။ အဒ္ဒသာ ခေါ၊ မြင်တော်မူပြီ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ များစွာသော လူတို့၏ ဂင်္ဂါမြစ်ကိုသော်လည်း ကူးသွားခြင်းငှာ မစွမ်းနိုင်သည်၏အဖြစ်,မိမိနှင့်ရဟန်းအပေါင်း၏ အလွန်နက် အလွန်ကျယ်သော သံသရာ ပင်လယ်ကို ကူး၍ ရပ်တည်နိုင်သည်၏အဖြစ်တည်းဟူသော ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ ပြီ။
"ယေ တရန္တိ အဏ္ဏဝံ သရံ(လ) တိဏ္ဏာ မေဓောဝိနော ဇနာ"တိ၊ ဇနာဟူသော။ ယေ၊ အကြင်သူတို့သည်။ အဏ္ဏဝံ၊ နက်လည်းနက် ကျယ်လည်းကျယ်သော။ အဏ္ဏဝံ၊ သံသရာတည်းဟူသော သမုဒ္ဒရာကိုလည်းကောင်း။ သရံ၊ တဏှာတည်းဟူသော မြစ်ကိုလည်းကောင်း။
သေတုံ၊ အရိယာမဂ်တံတားကို။ ကတွာ၊ ပြုလုပ်၍။ ပလ္လလာနိ၊ ကိလေသာညွန်ပျောင်းတို့ကို။ ဝိသဇ္ဇ၊ စွန့်၍။ ဝါ၊ မကပ်ငြိမသုံးသပ်မူ၍။
တရန္တိ၊ ကူးသွားကြကုန်၏။ ဇနော၊ လူအပေါင်းသည်။ အပ္ပမတကံ၊ အနည်းငယ်မျှသော။ ဥဒကံ၊ ရေကို။ တရိတုကာမော၊ ကူးသွားလိုသည်ဖြစ်၍။ ကုလ္လံ၊ ဝါးဖောင်ကို။ ပဗန္ဓတိ၊ စိတ်ပင်ပန်းစွာ-ဖွဲ့နှောင်ရ၏။
မေဓာဝိနော၊ အရိယာမဂ်ပညာရှိကုန်သော။ ဇနာ၊ ဗုဒ္ဓ ဗုဒ္ဓသာဝကတို့သည်။ တိဏ္ဏာ၊ ဖေါင်မပါဘဲ သံသရာ တစ်ဖက်ကမ်းသို့ ကူးသွားတော်မူကြကုန်ပြီ။ တစ်နည်း- တိဏ္ဏာ၊ နိဗ္ဗာန်နန်းတော် သံသရာတစ်ဖက်ကမ်း၌ တည်ရှိတော်မူကြကုန်ပြီ။
ဆဋ္ဌံ။ ။
မေ၊ သည်။ ဧတံ၊ ဤဒွိဓာပထသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။လ။ ဧကံ သမယံ၊ ၌။ ဘဂဝါ၊ သည်။ ပစ္ဆာသမဏေန၊ နောက်လိုက်နောက်ပါဖြစ်သော။ အာယသ္မတာ နာဂသမာလေန၊ အရှင်နာဂသမာလနှင့်။ ကောသလေသု၊ ကောသလတိုင်းတို့၌။ အဒ္ဓါနမဂ္ဂပဋိပန္နော၊ ခရီးရှည်ကြွသွားတော်မူသည်။ ဟောတိ၊ ၏။
အာယသ္မာ နာဂသမာလော၊ သည်။ အန္တရာမဂ္ဂေ၊ လမ်းခရီးအကြား၌။ ဒွိဓါပထံ၊ လမ်းနှစ်ခွကို။ အဒ္ဒသာ ခေါ၊ မြင်ပြီ။
ဒိသွာန၊ မြင်ပြီ။ ဘဂဝန္တံ၊ ကို။
"ဘဂဝါ၊ ဘုန်းတော်ကြီးတော်မူသော။ ဘန္တေ၊ ရှင်တော်မြတ်ဘုရား။ အယံ၊ ဤလမ်းသည်။ ပန္ထော၊ သွားရမည့်လမ်းပါ ဘုရား။
ဣမိနာ၊ ဤလမ်းဖြင့်။ ဂစ္ဆာမာ"တိ၊ သွားပါကုန်အံ့။ ဣတိ၊ ဤသို့။
ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်ထားပြီ။ ဧဝံ၊ ဤသို့။ ဝုတ္တေ၊ အရှင်နာဂသမာလထေရ်က လျှောက်ထားအပ်သော်။ ဘဂဝါ၊ သည်။ အာယသ္မန္တံ နာဂသမာလံ၊ ကို။
"နာဂသမာလ၊ နာဂသမာလ။ အယံ၊ ဤသည်။ ပန္ထော၊ လမ်းတည်း။
ဣမိနာ၊ ငါဘုရား မိန့်အပ်သော လမ်းဖြင့်။ ဂစ္ဆာမာ၊ သွားကြကုန်အံ့။ ဣတိ၊ ဤသို့။ ဧတံ၊ ဤအမိန့်စကားကို။ အဝေါစ၊ မိန့်တော်မူပြီ။
ဒုတိယမ္ပိ ခေါ၊ နှစ်ကြိမ်မြောက်လည်း။(လ) တတိယမ္ပိခေါ၊ သုံးကြိမ်မြောက်လည်း။ အာယသ္မာ နာဂသမာလော၊ သည်။
"ဘဂဝါ၊ ဘုန်းတော်ကြီးတော်မူသော။လ။ ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်ထားပြီ။
တတိယမ္ပိ ခေါ၊ သုံးကြိမ်မြောက်လည်း။ အာယသ္မန္တံ နာဂသမာလံ၊ ကို။
"နာဂသမာလ၊ နာဂသမာလ။ ဧတံ၊ ဤစကားကို။ အဝေါစ၊ မိန့်တော်မူပြီ။
အထ ခေါ၊ ၌။ အာယသ္မာ နာဂသမာလော၊ သည်။ ဘဂဝတော၊ ၏။ ပတ္တစီဝရံ၊ ကို။ တတ္ထေဝ ဆမာယံ၊ ထိုမြေကြီးပေါ်၌ပင်။ နိက္ခိပိတွာ၊ ပစ်ထား၍။ ပက္ကာမိ၊ ဖဲသွားပြီ။
ဘန္တေ၊ ရား။ ဣဒံ၊ ဤသည်ကား။ ဘဂဝတော၊ ၏။ ပတ္တစီဝရံ၊ သပိတ်နှင့် သင်္ကန်းပါ ဘုရား။ ဣတိ၊ ဤသို့။ ဝတွာ၊ လျှောက်ထား၍။
အထ ခေါ၊ ၌။ အာယသ္မတော နာဂသမာလဿ၊ သည်။ တေန ပန္ထေန၊ ထိုလမ်းခရီးဖြင့်။ ဂစ္ဆန္တဿ၊ သွားစဉ်။ အန္တရာမဂ္ဂေ၊ ခရီးလမ်း-အကြား၌။ စောရာ၊ ခိုသားဓားပြတို့သည်။ နိက္ခမိတွာ၊ ထွက်၍။ ဟတ္ထေဟိ စ၊ လက်တို့ဖြင့်လည်းကောင်း။ ပါဒေဟိ စ၊ ခြေတို့ဖြင့်လည်းကောင်း။ အာကောဋေသုံ၊ ထိုးကြိတ်ကန်ကျောက်ကြကုန်ပြီ။ ပတ္တဉ္စ၊ ကိုလည်း။ ဘိန္ဒိံသု၊ ကုန်ပြီ။ သင်္ဃာဋိံ စ၊ နှစ်ထပ် သင်္ကန်းကြီးကိုလည်း။ ဝိပ္ဖာလေသုံ၊ ဆုတ်ဖြဲပစ်ကြကုန်ပြီ။
အထ ခေါ၊ ၌။ အာယသ္မာ နာဂသမာလော၊ သည်။ ဘိန္နေန၊ ကွဲသော။ ပတ္တေန၊ သပိတ်ဖြင့်။ ဝိပ္ဖာလိတာယ သင်္ဃာဋိယာ၊ စုတ်ပြဲနေသော နှစ်ထပ် သင်္ကန်းကြီးဖြင့်။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။
ဥပသင်္ကမိတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရှိခိုး၍။ ဧကမန္တံ၊ ၌။ နိသီဒိ၊ ထိုင်နေပြီ။
ဧကမန္တံ၊ ၌။ နိသိန္နော ခေါ၊ ထိုင်နေသော။ အာယသ္မာ နာဂသမာလော၊ သည်။ ဘဂဝန္တံ၊ ကို။ ဧတံ၊ ဤစကားကို။ အဝေါစ၊ ပြီ။
"ဘန္တေ၊ ဘုရား။ ဣဓ၊ ၌။ မယှံ၊ သည်။ တေနပန္ထေန၊ ဖြင့်။ ဂစ္ဆန္တဿ၊ သွားစဉ်။ အန္တရာမဂ္ဂေ၊ ၌။ စောရာ၊ တို့သည်။ နိက္ခမိတွာ၊ ကြ၍။ ဟတ္ထေဟိ စ၊ တို့ဖြင့်လည်းကောင်း။ ပါဒေဟိ စ၊ ခြေတို့ဖြင့်လည်းကောင်း။ အာကောဋေသုံ၊ ကြကုန်ပြီ။ ပတ္တဉ္စ၊ ကိုလည်း။ ဘိန္ဒိံသု၊ ကုန်ပြီ။ သင်္ဃာဋိံ စ၊ ကိုလည်း။ ဝိပ္ဖာလေသုံ၊ ဆုတ်ဖြဲ-ပစ်ကုန်ပြီ။ ဣတိ၊ ဤသို့။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ နာဂသမာလထေရ်၏ ငါဘုရား၏စကားကို မနာယူဘဲ ဘေးမကင်းသော လမ်းဖြင့် သွားခြင်း, ငါဘုရား၏ဘေးကင်းသော လမ်းဖြင့် သွားခြင်းဟူသော ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ မူပြီ။
"သဒ္ဓိံ စရမေကတော ဝသံ (လ) ကောဉ္ဇော ခီရပကောဝ နိန္နဂ"န္တိ၊ နိန္နဂံဟူသော။ အညဇနေန၊ အကျိုးစီးပွားကို ခွဲခြား၍မသိတတ်သော လူမိုက်နှင့်။ သဒ္ဓိံ စရံ-စရန္တော၊ အတူတကွသွားသော်လည်းကောင်း။ ဧကတောပသံ-ဝသန္တော၊ ထိုလူမိုက်နှင့် တပေါင်းတည်းနေသော်လည်းကောင်း။ မိဿော၊ ထိုလူမိုက်နှင့် ခရီးအတူသွားသောအားဖြင့် ရောနှောသည်။ သမာနော၊ ဖြစ်သော်လည်းကောင်း။ ဝေဒဂူ၊ ဝေဒဟုတိုအပ်သော မဂ်ဉာဏ်ဖြင့် သစ္စာလေးပါးကို သိမြင်ရရှိသော။ ဝါ၊ ရရှိသိမြင်အပ်သည်၏အဖြစ်ကြောင့်(ဟေတုမန္တဝိသေသန)။ ဝိဒွါ၊ ပညာရှိသည်။ ဇာနန္တော၊ သိမြင်သည်ဖြစ်၍။ ပါပကံ၊ မိမိအား ဒုက္ခပေးမည့် မကောင်းမှုကို။ ဝါ၊ မကောင်းသောပုဂ္ဂိုလ်ကို။ ပဇဟတိ၊ ပယ်စွန့်၏။ ကော ဝိယ၊ အဘယ်သူကဲ့သို့နည်း။ ခီရပကော၊ ရေရောသော နို့ရည်ကို သောက်သော။ ကောဉ္ဇော၊ ကြိုးကြာငှက်သည်။ နိန္နဂံ၊ ရေကို။ မဇဟတိ ဣဝ၊ ပယ်စွန့်သကဲ့သို့တည်း။
သတ္တမံ။ ။
မေ၊ သည်။ ဧတံ၊ ဤဝိသာခသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။ ဘဂဝါ၊ သည်။ သာဝတ္ထိယံ၊ ၌။ ပုဗ္ဗာရာမေ၊ ပုဗ္ဗာရုံ၌။ မိဂါရမာတုပါသာဒေ၊ မိဂါရမာတာ မည်သော ဝိသာခါ၏ ပြသာဒ်၌။ ဝိဟရတိ၊ ၏။
တေန ခေါ ပန သမယေန၊ ၌။ ဝိသာခါယ၊ ဝိသာခါယ၏။ မိဂါရမာတုယာ၊ မိဂါရမာတာမည်သော။ ပိယာ၊ ချစ်စရာကောင်းသော။ ဝါ၊ ချစ်ခြင်းကို ဖြစ်စေတတ်သော။ မနာပါ၊ စိတ်နှလုံးကို ပွားတိုးစေတတ်သော။ နတ္တာ၊ မြေးပျိုမသည်။ ကာလင်္ကတာ-ကာလ ကတာ၊ သေသည်။ ဟောတိ၊ ၏။
အထ ခေါ၊ ၌။ ဝိသာခါ၊ သည်။ မိဂါရမာတာ၊ သော။ အလ္လဝတ္ထာ၊ စိုသောအဝတ် ရှိသည်ဖြစ်၍။ အလ္လကေသာ၊ စိုသောဆံပင် ရှိသည်ဖြစ်၍။ ဒိဝါ၊ နေ့၌။ ဒိဝသဿ၊ နေ့ထက်။ ဝါ၊ နေမွန်းတည့်အချိန်၌။ ယေန၊ ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။
ဥပသင်္ကမိတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရှိခိုး၍။ ဧကမန္တံ၊ ၌။ နိသီဒိ၊ ပြီ။
ဧကမန္တံ၊ ၌။ နိသိန္နံ ခေါ၊ ထိုင်နေသော။ ဝိသာခံ၊ ဝိသာခါကို။ မိဂါရမာတရံ၊ သော။ ဘဂဝါ၊ သည်။
ဟန္ဒ၊ ယခု။ ကုတော၊ အဘယ်အရပ်မှ။ တွံ၊ ခါသည်။ ဝိသာခေ၊ ဝိသာခါ။ အာဂစ္ဆသိ၊ လာသနည်း။ အလ္လဝတ္ထာ၊ ဖြစ်၍။ အလ္လကေသာ၊ ဖြစ်၍။ ဣဓ၊ ငါဘုရားရှိရာ အရပ်သို့။ ဥပသင်္ကန္တာ နု၊ ကပ်ရောက်ဘိသနည်း။ ဒိဝါ ဒိဝဿ၊ နေမွန်းတည့်ချိန်ကြီး၌။ ဣတိ၊ ဤသို့မေးတော်မူပြီ။
ဘန္တေ၊ ဘုရား။ မေ၊ တပည့်တော်မ၏။ ပိယာ၊ သော။ မနာပါ၊ သော။ နတ္တာ၊ သည်။ ကာလင်္ကတာ၊ ကွယ်လွန်သွားပါပြီ။
တေန၊ ထိုသို့ မြေးမပျိုလေး ကွယ်လွန်သွားသည်၏ အဖြစ်ကြောင့်။ အဟံ၊ သည်။ အလ္လဝတ္ထာ၊ ဖြစ်၍။ အလ္လကေသာ၊ ဖြစ်၍။ ဒိဝါဒိဿေ၊ ၌။ ဣဓ၊ ဤရှင်တော်ဘုရားထံသို့။ ဥပသင်္ကန္တာ၊ ချဉ်းကပ်ပါသည် ဘုရား။ ဣတိ၊ ဤသို့ ရှင်တော်ဘုရားအား လျှောက်ထားပြီ။
ဝိသာခေ၊ ဝိသာခါ။ တွံ၊ သည်။ သာဝတ္ထိယာ၊ ၌။ ယာဝတိကာ၊ အကြင်မျှလောက် အတိုင်းအရှည်ရှိကုန်သော။ မနုဿာ၊ တို့သည်။ သန္တိ၊ ကုန်၏။ တာဝတိကာ၊ သာဝတ္ထိရှိ ထိုလူအရေအတွက်နှင့်အမျှ။ ပုတ္တေစ၊ သားသမီးတို့ကိုလည်းကောင်း။ နတ္တာရော စ၊ မြေးတို့ကို လည်းကောင်း။
ဣစ္ဆေယျာသိ၊ အလိုရှိသလော။ ဣတိ၊ ဤသို့ မေးတော်မူ၏။ ဘဂဝါ၊ ဘုရား။ အဟံ၊ သည်။ သာဝတ္ထိယံ၊ ၌။ ယာဝတိကာ၊ ကုန်သော။ မနုဿာ၊ တို့သည်။ သန္တိ၊ ကုန်၏။ တာဝတိကေ၊ ကုန်သော။ ပုတ္တေ စ၊ တို့ကိုလည်းကောင်း။ နတ္တာရော စ၊ တို့ကိုလည်းကောင်း။ ဣစ္ဆေယျံ၊ လိုချင်ပါ၏။ ဣတိ၊ ဤသို့ လျှောက်ထားပြီ။
ဝိသာခေ၊ ဝိသာခါ။ သာဝတ္ထိယံ၊ ၌။ ကီဝ ဗဟုကာ၊ မည်မျှများပြားကုန်သော။ မနုဿာ၊ တို့သည်။ ဒေဝသိကံ၊ နေ့စဉ် နေ့တိုင်း။ ကာလံ ကရောန္တိ၊ သေကျေပျက်စီးကြကုန်သနည်း။ ဣတိ၊ ဤသို့ ဝိသာခါအား ဘုရားရှင် မေးတော်မူ၏။
ဘန္တေ၊ ဘုရား။ သာဝတ္ထိယံ၊ ၌။ ဒေဝသိကံ၊ နေ့စဉ်နေ့တိုင်း။ မနုဿာ၊ တို့သည်။ ဒသ ပိ၊ ဆယ်ယောက်တို့လည်း။ ကာလံ ကရောန္တိ၊ သေကြေပျက်စီးကြကုန်၏။
ဘန္တေ၊ ရား။ နဝပိ၊ ကိုးယောက်တို့လည်း။ ဘန္တေ၊ ရား။ အဋ္ဌပိ၊ ရှစ်ယောက်တို့လည်း။လ။ ဘန္တေ၊ ရား။ ဒွေပိ၊ နှစ်ယောက်တို့သည်။ ကာလံ ကရောန္တိ၊ ကုန်၏။ ဘန္တေ၊ ဘုရား။ သာဝတ္ထိယာ၊ ၌။ ဒေဝသိကံ၊ နေ့စဉ်နေ့တိုင်း။ မနုဿော၊ သည်။
ဧကော ပိ၊ အနည်းဆုံး တစ်ယောက် လည်း။ ကာလံ၊ကရောတိ၊ ပါသည်ဘုရား။ ဘန္တေ၊ ဘုရား။
သာဝတ္ထိ၊ သည်။ ကာလံ ကရောန္တေဟိ၊ သေကြေပျက်စီးနေကြသော။ မနုဿေဟိ၊ လူတို့နှင့်။ အဝိဝိတ္တာ၊ ပြတ်သည်ဟု မရှိပါဘုရား။ ဣတိ၊ ဤသို့ ဝိသာခါက ဘုရားရှင်အားလျှောက်ထားပြီ။
ဝိသာခေ၊ ဝိသာခါ ဧဝံ သတိ၊ သော်။ တွံ၊ သင်သည်။ ကဒါစိ ကရဟစိ၊ မည်သည့်အချိန်အခါမှ။ အနလ္လဝတ္ထာ ဝါ၊ မျက်ရည်မကျသဖြင့် ခြောက်သွေ့သောအဝတ်ရှိသည်လည်းကောင်း။ အနလ္လကေသာဝါ၊ မငိုကြွေးရသဖြင့် ခြောက်သွေ့သောဆံပင် ရှိသည်လည်းကောင်း။ အပိ၊ စင်စစ်အားဖြင့်။ ဘဝေယျာသိ နု၊ ဖြစ်နိုင်ပါမည်လော။ ဝိသာခေ၊ ဝိသာခါ။ တံ၊ ထိုအမေးကို။ ကိံ မညသိ၊ အသို့မှတ်ထင်သနည်း။ ဝါ၊ မည်သို့သဘောပေါက်နားလည်သနည်း။ ဣတိ၊ ဤသို့ မိန့်တော်မူ၏။
ဘန္တေ၊ ဘုရား။ ဧတံ၊ ဤတစ်ရက်တလေမျှ ခြောက်သွေ့သောအဝတ်ဆံပင် ရှိဖို့ဖြစ်ဖို့သည်။ နော ဟိ၊ မသင့်ပါ။
ဘန္တေ၊ ဘုရား။ မေ၊ ၏။ တာဝ ဗဟုကေဟိ၊ ထိုမျှလောက် များပြားကုန်သော။ ပုတ္တေဟိစ၊ တို့ဖြင့်လည်းကောင်း။ နတ္တာရေဟိ စ၊ တို့ဖြင့် လည်းကောင်း။ အလံ၊ တန်ပြီ။ ဣတိ၊ ဤသို့ လျှောက်ထားလေပြီ။
ဝိသာခေ၊ ဝိသာခါ။ ယေသံ၊ အကြင်သူတို့၏။ ပိယာနိ၊ ချစ်စရာသား,သမီး, မြေး , မြစ်စသော အရာဝတ္ထုတို့သည်။ သတံ၊ တစ်ရာဖြစ်အံ့။ တေသံ၊ ထိုသူတို့၏။ ဒုက္ခာနိ၊ ဒုက္ခတို့သည်လည်း။ သတံ၊ တစ်ရာပင်တည်း။လ။ နဝုတိ၊ ကိုးဆယ် ဖြစ်အံ့။လ။
အသီတိ၊ ရှစ်ဆယ်ဖြစ်အံ့။လ။
သတ္တတိ၊ ခုနစ်ဆယ်ဖြစ်အံ့။ သဋ္ဌိ၊ ခြောက်ဆယ်ဖြစ်အံ့။လ။
ပညာသံ၊ ငါးဆယ်ဖြစ်အံ့။လ။
စတ္တာရီသံ၊ လေးဆယ်ဖြစ်အံ့။လ။ တိံသံ၊ သုံးဆယ်ဖြစ်အံ့။လ။ ဝီသတိ၊ နှစ်ဆယ်ဖြစ်အံ့။လ။ ဒသ၊ ဆယ်ခုတောင်ဖြစ်အံ့။လ။ ယေသံ၊ တို့၏။ ပိယ၊ သည်။ ဧကံ၊ တစ်ခုတည်း ဖြစ်အံ့။ တေသံ၊ ထိုသူတို့၏။
ဒုက္ခံ၊ ဆင်းရဲဒုက္ခလည်း။ နတ္ထိ၊ လုံးဝမရှိ။ တေ၊ ထိုချစ်မြတ်နိုးစရာ တစ်ခုတစ်လေမျှ မရှိသူတို့သည်။ ဝိရဇာ၊ ကိလေသာမြူကင်းကုန်သည်ဖြစ်၍။ အနုပါယာသာ၊ ပြင်းပြသော ပူပန်ခြင်း မရှိကုန်။ ဣတိ၊ ဤသို့။ အယံ၊ ငါဘုရားသည်။ ဝဒါမိ၊ ဟောတော်မူ၏။ ဣတိ၊ ဤသို့မေး ဖြေ၏။
အထခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ စိုးရိမ်ငိုကြွေးရခြင်း စေတသိကဒုက္ခ ကာယိကဒုက္ခသည် ပိယဝတ္ထုလျှင် အကြောင်းရှိ၏။ပိယဝတ္ထုရှိသော် ဒုက္ခ၊မရှိလျှင် ဒုက္ခမရောက်ဟူသော ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ ပြီ။
ယေ ကေစိ သောကာ ပရိဒေဝိတာဝါ(လ) ပိယ နံ ကယိရာထ ကုဟိဉ္စ လောကေ"တိ၊ လောကေ ဟူသော။ ယေ ကေစိ၊ အကြင်အချို့ကုန်သော။ သောကာ ဝါ၊ စိတ္တသန္တာပ လက္ခဏာရှိသော စိုးရိမ်မှုတို့ကိုလည်းကောင်း။ ပရိဒေဝိတာ ဝါ၊ သောကုဒ္ဒေဟက သမုဋ္ဌာပိတဝစီဝိပ္ပလ္လပ လက္ခဏာရှိသော ငိုကြွေးခြင်းတို့ကိုလည်းကောင်း။
ဒုက္ခာ ဝါ၊ ဒေါမနဿ ဥပါယာသစသော ဆင်းရဲတို့ကို လည်းကောင်း။ လောကသ္မိံ၊ ၌။ အနေကရူပါ၊ အထူးထူးအပြားပြားတို့ကို။ ဒိဿန္တိ၊ တွေ့မြင်အပ်ကုန်၏။
ဧတေ၊ ထိုအလုံးစုံတို့သည်။ ပိယံ၊ ချစ်မြတ်နိုးအပ်သော သတ္တဝါသင်္ခါရကို။ ပဋိစ္စ၊ စွဲ၍။ ပဘဝန္တိ၊ ဖြစ်ကုန်၏။
ဧတေ၊ ထိုအလုံးစုံသော ဒုက္ခတို့သည်။ ပိယေ၊ ချစ်မြတ်နိုးစရာ သတ္တဝါ သင်္ခါရသည်။ အသန္တေ၊ မရှိလတ်သော်။ န ဘဝန္တိ၊ မဖြစ်ကုန်။
တသ္မာ၊ ထို့ကြောင့်။ ယေသံ၊ အကြင်သူတို့၏။ ပိယံ၊ ချစ်မြတ်နိုးစရာ သတ္တဝါသင်္ခါရသည်။ ကုဟိဉ္စိ လောကေ၊ မည်သည့် လောကမှာမှ။ နတ္ထိ၊ မရှိ။ တေ၊ ထိုသူတို့သည်။ သုခိနော၊ ကိုယ်ရောစိတ်ပါ နှစ်ဖြာချမ်းသာခြင်းရှိကုန်၏။ ဝီတသောကာ၊ ကင်းသော ပူဆွေးခြင်း ရှိကုန်၏။ ဝါ၊ စိုးရိမ်ပူဆွေးခြင်း ကင်းကုန်၏။
တသ္မာ၊ ကြောင့်။ အသောကံ၊ စိုးရိမ်ပူဆွေးခြင်း မရှိသည်ကို။ ဝိရဇံ၊ ကိလေသာမြူ ကင်းသည်ကို။ ပတ္တယမာနော၊ လိုလားတောင့်တသောသူသည်။ ကုဟိဉ္စိ လောကေ၊ တစ်စုံတစ်ခု မည်သည့်လောက၌ မဆို။ ပိယံ၊ ချစ်မြတ်နိုးစရာ သတ္တဝါ သင်္ခါရကို။
ပိယံ၊ ချစ်မြတ်နိုးစရာ သတ္တဝါ သင်္ခါရကို။ န ကယိရာထ၊ မပြုလုပ်ရာ။ ဝါ၊ မပြုပါလင့်။
အဋ္ဌမံ။ ။
မေ၊ သည်။ ဧတံ၊ ဤပဌမဒဗ္ဗသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။ ဘဂဝါ၊ သည်။ ရာဇဂဟေ၊ ၌။ ကလန္ဒကနိဝါပေ၊ ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သော။ ဝေဠုဝနေ၊ ဝေဠုဝန်ကျောင်းတော်၌။ ဝိဟရတိ၊ ၏။
အထ ခေါ၊ ၌။ အာယသ္မာ ဒဗ္ဗော၊ အရှင်ဒဗ္ဗသည်။ မလ္လပုတ္တော၊ မလ္လမင်း၏ သားဖြစ်သော။ ယေန၊ ၌။ ဘဂဝါ၊ သည်။ အတ္ထိ၊ ၏။ တေန၊ သို့။ ဥပသင်္ကမိ၊ ပြီ။
ဥပသင်္ကမိတွာ၊ ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရှိခိုး၍။ ဧကမန္တံ၊ ၌။ နိသီဒိ၊ ထိုင်နေပြီ။
ဧကမန္တံ၊ ၌။ နိသိန္နော ခေါ၊ ထိုင်နေသော။ မလ္လပုတ္တော၊ မလ္လမင်း၏ သားဖြစ်သော။ အာယသ္မာ ဒဗ္ဗော၊ သည်။ ဘဂဝန္တံ၊ ကို။
"သုဂတ၊ မြတ်စွာ ဘုရား။ ဒါနိ၊ ယခုအချိန်၌။ မေ၊ တပည့်တော်၏။ ပရိနိဗ္ဗာနကာလော"၊ ပရိနိဗ္ဗာန်စံရာ အချိန်အခါပါတည်း။ ဣတိ၊ ဤသို့။ ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်ထားပြီ။
ဒဗ္ဗ၊ ဒဗ္ဗ။ တွံ၊ သင်သည်။ ဒါနိ၊ ယခုအခါ။ ယဿ၊ အကြင်ပရိနိဗ္ဗာန်ပြုခြင်း၏။ ကာလံ၊ အချိန်တန် မတန်ကို။ မညသိ၊ ၏။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။

အထခေါ၊ ၌။ မလ္လပုတ္တော၊ သော။ အာယသ္မာ ဒဗ္ဗော၊ သည်။ အာသနာ၊ နေရာမှ။ ဥဋ္ဌာယ၊ ထ၍။ ဘဂဝန္တံ၊ ကို။ အဘိဝါဒေတွာ၊ ရှိခိုး၍။ ပဒက္ခိဏံ ကတွာ၊ အရိုအသေပြု၍။ ဝေဟာသံ-ဝေဟာသေ၊ ကောင်းကင်သို့။ အဗ္ဘုဂ္ဂန္တွာ၊ ပျံတက်၍။ အန္တလိက္ခေ၊ အကြားအပေါက်ဖြင့် ကြည့်ရှုအပ်သော။ အာကာသေ၊ ရေးခြစ်မထင် ထက်ကောင်းကင်၌။ ပထဝိံ နိမ္မိနိတွာ၊ မြေဖန်ဆင်း၍(ထည့်)။ ပလ္လင်္ကေန၊ ထက်ဝယ်ပလ္လင်ဖြင့်။ နိသီဒိတွာ၊ ထိုင်နေ၍။ တေဇောဓါတုံ၊ တေဇော ကသိုဏ်းလျှင်အာရုံရှိသော စတုတ္ထဇ္ဈာန်သမာပတ်ကို။ သမာပဇ္ဇိတွာ၊ ဝင်စား၍။ ဝုဋ္ဌဟိတွာ၊ ထိုသမာပတ်မှ ထ၍။ ပရိနိဗ္ဗာယိ၊ ရာဂစသော တစ်ဆယ့်တစ်မီးငြိမ်းလေပြီ။

မလ္လပုတ္တော။လ။ ပရိနိဗ္ဗာယိ။ ။ ဤပါဠိ၌ ဥဋ္ဌာယ အဘိဝါဒေတွာ ပဒက္ခိဏံ အဗ္ဘုဂ္ဂန္တွာ နိသီဒိတွာ သမာပဇ္ဇိတွာ ဝုဋ္ဌာယ-ဟူသော တွာပစ္စယန္တ ကြိယာဝိသေသနများစွာဖြင့် ပရိနိဗ္ဗာယိ-ပုဒ်ကို အထူးပြု၏။ပါဠိ၌ ပါရှိသော တွာပစ္စယန္တပုဒ်တို့အပြင် ပရိကမ္မံ ကတွာ, သမာပတ္တိံ သမာပဇ္ဇိတွာ , ဝုဋ္ဌာယ (သရီရံ) အာဝဇ္ဇိတွာ ပုနသမာပတ္တိံ သမာပဇ္ဇိတွာ အဓိဋ္ဌတွာ-ဟူသော တွာပစ္စယန္တပုဒ် ထပ်မံ ဖြည့်စွက်ကာ အဋ္ဌကထာဖွင့်တော်မူ၏။ထို့ကြောင့် ထိုပါဠိအဋွဌကထာလာ တွာပစ္စယန္တပုဒ်တို့ အလို

"အရှင်ဒဗ္ဗသည် ဘုရားရှင်ကို ရှိခိုး၍ အရိုအသေပြုကာ ဘုရားရှေ့၌ ထိုင်နေစဉ် ဘုရားရှင်ကိုယ်တော်မြတ်က အရှင်ဒဗ္ဗအား တန်ခိုးပြာဋိဟာပြရန် တိုက်တွန်းတော်မူသောကြောင့် တစ်ဖန် ဘုရားရှင်ကို ရှိခိုးကာ ကောင်းကင်သို့ တက်ပြီးလျှင် ကောင်းကင်၌ မြေကြီးဖန်ဆင်း၍ တင်ပလ္လင်ခွေကာ ထိုင်နေစဉ် တေဇောကသိဏသမာပတ်မဝင်စားမီ ပရိကံပြု၏။ထို့နောက် တေဇောကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထဈာန်ကို ဝင်စား၏။ထို့နောက် သရိရဈာပန တေဇောကသိုဏ်းကို အဓိဋ္ဌာန်တော်မူကာ ပရိနိဗ္ဗာန်ပြုတော်မူပြီ"ဟူသော ဤအဓိပ္ပါယ်သည် ဤအဖြေဖြစ်ပေါ်လာသည်။

အထ ခေါ၊ ၌။ အာယသ္မတော ဒဗ္ဗဿ၊ ၏။(သရီရဿ ၌ စပ်)။ မလ္လပုတ္တဿ၊ သော။ ဝေဟာသံ၊ သို့။ အဗ္ဘုဂ္ဂန္တွာ၊ ပျံတက်၍။ အာကာသေ၊ ၌။ ပထဝိံ၊ ကို။ အန္တလိက္ခေ၊ သော။ ပလ္လင်္ကေန၊ ဖြင့်။ နိသီဒိတွာ၊ ၍။ တေဇောဓါတုံ၊ ကို။ သမာပဇ္ဇိတွာ၊ ဝင်စား၍။ ဝုဋ္ဌဟိတွာ၊ ထိုသမာပတ်မှထ၍။ နိဗ္ဗုတဿ၊ ရာဂစသောမီးတို့ အပြီးငြိမ်းအေးပြီး ဖြစ်သော။ သရီရဿ၊ ဥတုဇရုပ်ကလာပ်ကို။ ဈာယမာနဿ-ဇာလိယမာနဿ၊ မီးလျှံတောက်စေအပ်စဉ်။ ဍယှမာနဿ၊ ရှို့မြှိုက်အပ်စဉ်။ တစ်နည်း-သရီရဿ၊ ဥတုဇရုပ်ကလာပ်သည်။ ဈာယမာနဿ၊ အလျှံပြောင်ပြောင် တောက်လောင်စဉ်။ ဒယှမာနဿ၊ လောင်မြိုက်စဉ်။ ဆာရိကာ၊ ပြာသည်။ နေဝ ပညာယိတ္ထ၊ မထင်ရှား။ ဝါ၊ မမြင်ရပြီ။ မသိ၊ မီးသွေးသည်။ န ပညာယတ္တိ၊ မထင်ရှား မမြင်ရပြီ။
သပ္ပိဿဝါ၊ ထောပတ်သည် လည်းကောင်း။ တေလဿ ဝါ၊ ဆီသည်လည်းကောင်း။ ဈာယမာနဿ၊ လောင်ကျွမ်းစဉ်။ ဒယှမာနဿ၊ ရှို့မြှိုက်စဉ်။ ဆာရိကာ၊ ပြာသည်။ နေဝ ပညာယတိ သေယျထာပိ၊ မထင်ရှားသကဲ့သို့။ မသိ၊ မီးသွေးသည်။ န ပညာယတိ သေယျထာပိ၊ မထင်ရှား သကဲ့သို့။
ဧဝမေဝံ၊ ဤအတူ။ မလ္လပုတ္တဿ၊ သော။ အာယသ္မတော ဒဗ္ဗဿ၊ ၏။ ဝေဟာသံ၊ ကောင်းကင်သို့။ အဗ္ဘုဂ္ဂန္တွာ၊ ပျံတက်၍။ အန္တလိက္ခေ၊ သော။ အာကာသေ၊ ၌။ ပထဝိံ၊ ကို။ နိမ္ပိနိတွာ၊ ၍။(ထည့်)။ ပလ္လင်္ကေန၊ ဖြင့်။ နိသီဒိတွာ၊ ၍။ တေဇောဓာတုံ၊ ကို။ သမာပဇ္ဇိတွာ၊ ၍။ ဝုဋ္ဌဟိတွာ၊ ၍။ ပရိနိဗ္ဗုတဿ၊ သော။ သရီရဿ၊ သည်။ ဝါ၊ ကို။ ဈာယမာနဿ၊ လောင်ကျွမ်းစဉ်။ ဒယှမာနဿ၊ ရှို့မြှိုက်စဉ်။ ဆာရိကာ၊ သည်။ နေဝ ပညာယတ္တိ၊ မထင်ရှား။ မသိ၊ သည်။ န ပညာယိတ္တ၊ မထင်ရှား။ ဣတိ၊ ဤကား အရှင်ဒဗ္ဗ၏ အနုပါဒိသေသန်ိဗ္ဗာန်ဝင်စံပုံတည်း။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ အရှင်ဒဗ္ဗ၏ အနုပါဒိသေသပရိ နိဗ္ဗာန်ဝင်စံပုံ အခြင်းအရာဟူသော ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ ပြီ။
"အဘေဒိကာယော နိရောဓိသညာ (လ) ဝိညာကံ အတ္ထမာဂမာ"တိ၊ မာဂမာဟူသော။ ဒဗ္ဗဿ၊ အရှင်ဒဗ္ဗမထေရ်၏။ ကာယော၊ ရူပကာယတစ်ကိုယ်လုံးသည်။ အဘေဒိ၊ ပျက်စီးပြီ( အကြွင်းအကျန် မရှိ လောင်မြိုက် ကွယ်ပျောက် သွားပြီဟူလို)။ သညာ၊ ရူပသညာ သဒ္ဒသညာစသော သညာအားလုံးသည်။ နိရောဓိ၊ တစ်ဖန် ပဋိသန္ဓေမနေသော ချုပ်ခြင်းဖြင့် ချုပ်ပျောက်ပြီ။ သဗ္ဗဝေဒနာ၊ ဝိပါကဝေဒနာ ကြိယာဝေဒနာတည်းဟူသော အလုံးစုံသော ဝေဒနာတို့သည်။ သီတိဘဝိံသု၊ ဝေဒနာဟူသော ပူပန်မှုကင်းကာ အေးငြိမ်းကြကုန်ပြီ။ သဗ္ဗ သင်္ခါရ၊ ဝိပါက်ကြိယာအားဖြင့် ပြားသော ဖဿစသော သင်္ခါရက္ခန္ဓာတရားတို့သည်။ ဝူပသမိံသု၊ ချုပ်ပျောက်ခြင်းကြောင့် အထူးအားဖြင့် ငြိမ်းအေးကုန်ပြီ။ သဗ္ဗဝိညာဏံ၊ ကြိယာဝိပါက်အားဖြင့်ပြားသော အလုံးစုံသော ဝိညာဉ်သည်။ အတ္ထံ၊ ချုပ်ပျောက်ပျက်စီးပြတ်စဲခြင်းသို့။ အဂမာ-အဂစ္ဆိ၊ ရောက်ပြီ။(ခန္ဓာ ငါးပါးအကုန် ချုပ်ငြိမ်းသွားပြီ ဟူလို)။
နဝမံ။ ။
မေ၊ သည်။ ဧတံ၊ ဤဒုတိယဒဗ္ဗသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။ ဘဂဝါ၊ သည်။ သာဝတ္ထိယံံ၊ သာဝတ္ထိမြို့၌။ အနာထပိဏ္ဍိကဿ၊ ၏။ အာရာမေ၊ အရံအခြံဖြစ်သော။ ဇေတဝနေ၊ ဇေတဝန်ကျောင်း၌။ ဝိဟရတိ၊ ၏။
ဘဂဝါ၊ သည်။ ဘိက္ခူ၊ တို့ကို။ ဝါ၊ ဘိက္ခုတို့ဟူ၍။ အာမန္တေသိ ခေါ၊ ခေါ်တော်မူသည်သာ။ တတြ ခေါအနက်။ ။ တတြ နိပါတ်ကား "ဘဂဝါ ဘိက္ခူ အာမန္တေသိ"ဟူသော ဆိုအပ်လတ္တံံ့ စကားကို ထွန်းပြရုံသာ။သီးခြားအနက်မရှိ၊ နိပါတ်မျှ။ခေါ-ကား အဝဓာရဏတ္တ။ယင်းခေါ-နိပါတ်ဖြင့် ဘုရားရှင်၏ ရဟန်းတို့ကို ခေါ်တော်မူရာ၌ ထိုခေါ်တော်မူခိုက်ဝယ် သက်ရှိသက်မဲ့အသံတွေ ဆူညံ နေခြင်းကြောင့် မကြားရခြင်း။တစ်စုံတစ်ခုသော အကြောင်းကြောင့် ခေါ-မဖြစ်ခြင်း မကြားရခြင်း-ဟူသော အန္တရာယ် လုံးဝမဖြစ်-ဟု သိစေသည်။တစ်နည်း- တတြ၊ တသ္မိံ၊ ထိုအနာထပိဏ်၏ အာရာမ်ခြံ၌။ဘဂဝါ၊ သည်။ ဘိက္ခူ၊ တို့ကို။အာမန္တေသိ၊ ခေါ်တော်မူပြီ=ဟု ပေးလေ။တတြ-ဖြင့် အရာမ် ခြံကိုစွဲ။ခေါကား ဝစနာလင်္ကာရအနက်မဲ့။ ဋ္ဌ။
"ဘိက္ခဝေါ"တိ၊ ရဟန်းတို့ဟူ၍။
တေ ဘိက္ခူ၊ ထိုအခေါ်ခံရသော ရဟန်းတို့၏။ ဘဂဝတော၊ ၏။ ဝစနံ၊ ခေါ်တော်မူအပ်သောစကားကို။ "ဘဒန္တေ"တိ၊ အရှင်ဘုရားဟူ၍။ ဝါ၊ ဘဒန္တေ'ဟူ၍။ ပစ္စဿောသုံ၊ ရှေုးရှုနာကြကုန်ပြီ။
ဘဂဝါ၊ သည်။ ဧတံ၊ ဤ ဒုတိယဒဗ္ဗသုတ်ကို။ အဝေါစ၊ ဟောတော်မူပြီ။
ဘိက္ခဝေ၊ တို့။ မလ္လပုတ္တဿ၊ သော။ ဒဗ္ဗဿ၊ ၏။ ဝေဟာသ၊ ကောင်းကင်သို့။ အဗ္ဘုဂ္ဂန္တွာ၊ ပျံတက်၍။ အန္တလိက္ခေ၊ သော။ အာကာသေ၊ ထက်ကောင်းကင် ၌။ ပထဝိံ၊ မြေကြီးကို။ နိမ္မိနိတွာ၊ ဖန်ဆင်း၍။ ပလ္လင်္ကေန၊ ထက်ဝယ်ဖွဲ့ခွေခြင်းဖြင့်။ နိသီဒိတွာ၊ ထိုင်နေ၍။ တေဇောဓာတုံ၊ တေဇောကသိုဏ်းကို။ သမာပဇ္ဇိတွာ၊ ဝင်စား၍။ ဝုဋ္ဌဟိတွာ၊ ထိုသမာပတ်မှထ၍။ ပရိနိဗ္ဗုတဿ၊ အပူခပ်သိမ်း ကင်းငြိမ်းပြီးသော။ သရီရဿ၊ ဥတုဇရုပ်ကလာပ်က်ို။ ဈာယမာနဿ၊ အလျှံတပြောင်ပြောင် တောက်လောင်အောင် ပြုအပ်စဉ်။ ဒယှမာနဿ၊ ရှို့မြှိုက်အပ်စဉ်။ ဆာရိကာ၊ ပြာသည်။ နေဝ ပညာယိတ္တ၊ မထင်ရှား။ ဝါ၊ မမြင်ရ။

မသိ၊ မီးသွေးသည်လည်း။ န ပညာယတ္တိ၊ မထင်ရှား။ ဝါ၊ မမြင်ရ။ သပ္ပိဿဝါ၊ ထောပတ်ကိုလည်းကောင်း။ ဝါ၊ သည်လည်းကောင်း။ တေလဿဝါ၊ ဆီကိုလည်းကောင်း။ ဝါ၊ သည်လည်းကောင်း။ ဈာယမာနဿ-ဇာလိယမာနဿ၊ အလျှံပြောင်ပြောင်တောက်လောင်နေစဉ်။ ဒယှမာနဿ၊ ရှို့မြှိုက်အပ်စဉ်။ ဝါ၊ အလျှံရဲရဲ မီးကြီးစွဲနေစဉ်။ ဆာရိကာ၊ ပြာသည်။ နေဝပညာယတိ သေယျထာပိနာမ၊ မထင်ရှားမမြင်ရသကဲ့သို့။ မသိ၊ မီးသွေးသည်။ နပညာယတိ သေယျထာပိနာမ၊ မထင်ရှားမမြင်ရသကဲ့သို့။

ဈာယမာနဿ အနက်ပေး

ဈာယမာနဿာတိ ဇာလိယမာနဿ၊ ဒယှမာနဿာတိ တဿေဝ ဝေစနံနှင့်အညီ ပေးသည်။" အဂ္ဂိနာ ကုဋိံ ဈာပေတိ"၌ ကုဋိံဟူသော ကာရီတ်ကံကို ထောက်လျှင် "ဈာယမာနဿ"သည် သကာရိကမဟုတ်သော အကမ္မက သုဒ္ဓကတ္တုရုပ်သာ ဖြစ်သင့်သည်။ယင်းသို့ဖြစ်သော် "ဈာယမာနဿ" ပုဒ်ကို "သရီရဿ၊ သည်။ဈာယမာနဿ၊ လောင်ကျွမ်းသည်ရှိသော်"ဟု သာပေးရမည်ကဲ့သို့ ဖြစ်၏။သို့သော် အထက်ပါ ဇာလိယမာနဿ, ဒယှမာနဿာတိ တဿေဝ ဝေဝစနံ-ဟု ဖွင့်ဆိုသောကြောင့်နှစ်ပုဒ်လုံးကို ကမ္မရုပ် အနေဖြင့် အနက်ယောဇနာလိုက်သည်။အထ ဝါ ဈာယမာနဿာတိ ဇာလာပဝတ္တိက္ခဏံ သန္ဓာယ ဝုတ္တံ။ ဒယှမာနဿာတိ ဝီတစ္စိတင်္ဂါရက္ခဏံ-ဟူသော ဋ္ဌ-ဒုဝိကပ်အလို သရီရဿ၊ သည်။ဈာယမာနဿ၊ အလျှံပြောင်ပြောင် တောက်လောင်နေစဉ်။ဒယှမာနဿ၊ အလျှံရဲရဲ မီးကြီးစွဲကာ လောင်မြှိုက်နေစဉ်-ဟု ကတ္တုရုပ်ချည်းပေးရမည်ကဲ့သို့ ရှိ၏။အဋ္ဌကထာ နှစ်ဝိကပ်လုံးကြိုက်ကြိုက် တစ်ဝိကပ်သာကြိုက်ကြိုက် တစ်ခုခု စိတ်ကြိုက်ပေးလေ။ ။

ဘိက္ခဝေ၊ တို့။ ဧဝမေဝံ ခေါ၊ ဤအတူသာလျှင်။လ။ ဆာရိကာ၊ ပြာသည်။ နေဝ ပညာယိတ္တ၊ မထင်ရှား။ ဝါ၊ မမြင်ရ။ မသိ၊ မီးသွေးသည်လည်း။ န ပညာယိတ္တ၊ မထင်ရှား။ ဝါ၊ မမြင်ရ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ မလ္လမင်း၏သား အရှင်ဒဗ္ဗ၏ ပရိနိဗ္ဗာန်စံပုံ အခြင်းအရာဟူသော ဤအနက် အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ ပြီ။
အယောဃန ဟတဿေဝ (လ) အပတ္တံ အစလံ သုခ"န္တိ၊ သုခံဟူသော။ အယောဃနဟတဿ၊ တစ်ခဲနက်သောသံတူဖြင့် ရိုက်ခတ်အပ်သော။ ဇာလတော၊ အလျှံထိန်ညီးနေသော။ ဇတဝေဒဿ၊ မီးသည်။ အနုပုဗ္ဗံ၊ အစဉ်အတိုင်း။ ဝါ၊ တဖြည်းဖြည်း။ ဥပသန္တဿ၊ ငြိမ်းအေးချုပ်ပျောက်သွားသည်ရှိသော်။ တစ်နည်း-အယောဃနဟတဿ၊ တစ်ခဲနက်သောသံတူဖြင့် ရိုက်ခတ်အပ်သည်ဖြစ်၍။ ဥပ္ပန္နဿ၊ ဖြစ်ပေါ်သော။ သဒ္ဒဿ၊ ထုနှက်ရိုက်ခတ်သံသည်။ အနုက္ကမံ၊ အစဉ်အတိုင်း။ ဝါ၊ တဖြည်းဖြည်း။ ဥပန္တဿ၊ ချုပ်ငြိမ်းပျောက်သွားသည်ရှိသော်။ တဿ၊ ထိုမီး၏။ ဝါ၊ အသံ၏။ ဂတိ၊ ဖြစ်ရာ အရပ်ကို။ န ဉာယတေ ယထာ၊ မသိအပ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ သမ္မာဝိမုတ္တာနံ၊ မှန်ကန်သော အရိယာမဂ်လမ်းစဉ်ဖြင့် ဥပါဒါန် အာသဝေါတို့မှ လွတ်မြောက်တော်မူကြကုန်သော။ ကာမဗန္ဓော-ဃတာရိနံ၊ ကာမအနှောင်အဖွဲ့ဟူသော ဿြဃလေးပါးကို ကူးမြောက်တော် မူပြီးကုန်သော။ အစလံ၊ ကိလေသာ မုန်တိုင်းတို့ မတိုက်ခတ်အပ်သည်ဖြစ်၍ တုန်လှုပ်ခြင်းမရှိသော။ သုခံ၊ အနုပါဒိသေသ တည်းဟူသော နိဗ္ဗာန်ချမ်းသာကို။ ဝါ၊ သို့။ ပတ္တာနံ၊ ရရောက်တော်မူကြသော ရဟန္တာအရှင်မြတ်တို့၏။ ပညာပေတုံ၊ ခေါ်ဝေါ် ပညတ်ခြင်းငှာ။ ဂတိ၊ လားရောက်ရာသည်။ နတ္ထိ၊ ဘယ်လိုပင် ရှာဖွေရှာဖွေ မရှိရိုးအမှန်ပါပေ။
တဿုဒ္ဓါန နှင့် ဥဒါနေ ဝဂ္ဂါနမုဒ္ဒါန နှစ်မျိုးလုံး ခေါင်းစဉ်မာတိကာကြည့်ကာ သိနိုင်၏။လွယ်ပြီ။