ယော၊ အကြင်သူသည်(ထည့်)။
ယဒါ၊ အကြင်အခါ၌။
သကေသု၊ မိမိဥစ္စာဖြစ်ကုန်သော။
ဓမ္မေသု၊ ဥပါဒါနနက္ခန္ဓာငါးပါးတို့၌။
ပါရဂူ၊ ပရိညာဘိသမယပြည့်စုံသည်၏အစွမ်းဖြင့် သံသရာတစ်ဖက်ကမ်းသို့ ရောက်တော်မူပြီ။
တစ်နည်း-သကေတု ဓမ္မေသု၊ ကိုယ်ပိုင်ဥစ္စာ ဖြစ်ကုန်သော သီလ,သမာဓိ,ပညာ,ဝိမုတ္တိ,ဝိမုတ္တိဉာဏဒဿန တရားငါးပါးတို့၌။
ပါရဂူ၊ ငါးပါးလုံးပြည့်စုံခြင်းကြောင့် သံသရာ တစ်ဖက်ကမ်းသို့ရောက်ပြီ။
တစ်နည်း။ သကေသု ဓမ္မေသု၊ မိမိပိုင်သီလစသော ငါးမျိုးတို့၌။
ပါရဂူ၊ သောတာပတ္တိမဂ်,သကဒါဂါမိ-မဂ်ရခိုက် သီလပါရဂူ,အနာဂါမိမမဂ်ရခိုက် သမာဓိပါရဂူ,အရဟတ္တမဂ်ရခိုက် ပညာပါရဂူ ဝိမုတ္တိပါရဂူ ဝိမုတ္တိ-ဉာဏုဿန ပါရဂူသည်။
ဟောတိ၊ ၏။
တဒါ၊ ထိုအခါ၌။
ဗြာဟ္မဏော၊ မကောင်းမှုတို့ကို မျှောပြီးသော ဝိသုဒ္ဓိဗြာဟ္မဏ မည်သည်။
ဟောတိ၊ ၏။
ပါရဂူ
ဥပါဒါနက္ခန္ဓာငါးပါးတည်းဟူသော ဒုက္ခသစ္စာ၌ ပရိညာဘိသမယ ပြည့်စုံသည်၏အစွမ်းဖြင့် တဖက်ကမ်းရောက်လျှင် ကျန်သမုဒယသစ္စာ၌ ပဟာနဘိသမယ,နိရောဓသစ္စာ၌ သစ္ဆိကိရိယာဘိသမယ,မဂ္ဂသစ္စာ၌ ဘာဝနာဘိသမယပြည့်စုံသည်၏ အစွမ်းအားဖြင့် သံသရာတစ်ဖက်ကမ်းသို့ရောက်တော့သည်သာ။