Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Udānapāḷi
Udānapāḷi

5. Dutiyanānātitthiyasuttaṃ

Author: miuthi-မိုးထိ @ IAPT

မေ၊ သည်။ ဧတံ၊ ဤဒုတိယနာနာတိတ္ထိယသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။လ။
ဧဝံ ဝါဒိနော၊ ဤသို့ ဟောပြောလေ့ရှိကုန်သော။ ဧဝံဒိဋ္ဌိနော၊ ဤသို့သော အယူရှိကုန်သော။ ဧကေ သမဏဗြာဟ္မဏာ၊ အချို့သော သမဏ,ဗြာဟ္မဏတို့သည်။

အတ္တာ စ၊ အတ္တသည်လည်းကောင်း။ လောကော စ၊ သည် လည်းကောင်း။ သဿတော၊ မြဲ၏။ ဣဒမေဝ၊ ဤအယူသာ။ သစ္စံ၊ မှန်၏။ အညံ၊ အခြားသောအယူသည်။ မောဃ'န္တိ၊ အချည်းနှီးသာဟူ၍။

"အတ္တနှင့်လောက ကွဲပြားခြားနားချက်"

အတ္တာ စ လောကော စာတိ ရူပါဒီသု အညတရံ အတ္တာတိ စ လောကောတိ စ ဂဟေတွာ တံ သဿတံ နိစ္စန္တိ အညေပိ စ တထာ ဂါဟေန္တာ ဝေါဟရန္တိ-ဟူသည်နှင့်အညီ ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးသည် အတ္တလည်းဟုတ်၊ လောကလည်း ဟုတ်၏။အရမကွဲ အရတူ၏။(ဋ္ဌ၊ ၃၁၃။)

"အထ ဝါ ဒု-ဝိကပ်"

အတ္တ-သည် အဟင်္ကာရဝတ္ထု-ငါဟူသော မာန်မာနပြုခြင်း ဖြစ်စေခြင်း အကြောင်းတည်း။လောက-သည် မမင်္ကာရဝတ္ထု-ငါ့ဟာ, ငါ့ဥစ္စာဟု ပြုခြင်း ဖြစ်စေခြင်းအကြောင်းတည်း။အတ္တနှင့်လောက ကွဲပြား၏။မတူ။အတ္တာတိ ဝါ သယံ၊လောကောတိ ဝါ ပရောဟူသည်နှင့်အညီ အတ္တ-အရ မိမိ၊ လောကော-အရ သူတစ်ပါး။ဤသို့ကွဲပြား၏။

သန္တိ၊ ကုန်၏။ ဧဝံဝါဒိနော၊ ဤသို့ပြောဟောလေ့ရှိကုန်သော။ ဧဝံဒိဋ္ဌိနော၊ ဤသို့ အယူရှိကုန်သော။ ဧကေ သမဏဗြာဟ္မဏာ၊ အချို့သော သမဏ, ဗြာဟ္မဏ တို့သည်။ သန္တိ၊ ကုန်၏။

အတ္တာ စ၊ သည်လည်းကောင်း။ လောကော စ၊ သည်လည်းကောင်း။ အသဿတော၊ မမြဲ။ ဣဒမေဝ၊ ဤအယူသည်သာ။ သစ္ဏံ၊ မှန်၏။ အညံ၊ အခြားသောအယူသည်။ မောဃ'န္တိ၊ အချည်းနှီးသာ'ဟူ၍။

အတ္တာတိ ဝါ ပဉ္စသု ဥပါဒါနက္ခန္ဓေသု ဧကော ဓမ္မော၊ဣတရော လောကော-ဟူသည်နှင့်အညီ ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးကို အတ္တ-ဟုယူလျှင် လောကောအရ ကျန်ခန္ဓာလေးပါးအရကောက်။ဤသို့ အရမတူ။ကွဲပြား၏။

အတ္တာဟိ ဝါ သဝိညာဏကော ခန္ဓသန္တာနော၊ အဝိညာဏကော လောကော ဟူသည်နှင့်အညီ အတ္တအရ သဝိညာဏကခန္ဓာ အစဉ်။လောကော-အရ အဝိညာဏကခန္ဓာအစဉ်ကောက်။ဤသို့ကွဲပြား၏။

သဿတော အတ္ထာ စ လောကော စ

ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးတည်း အတ္တလည်း ဟုတ်၊လောကလည်းဟုတ်၏-ဟု အရတူယူလျှင် အတ္တလောကတည်းဟူသော ခန္ဓာတစ်ပါးပါးသည် မြဲ၏။သဿတော နိစ္စဟု ယူရာရောက်၏။

ဥပမာ ရူပက္ခန္ဓာကိုပင် အတ္တဟူ၍လည်းကောင်း၊ လောကဟူ၍လည်းကောင်း ယူအံ့။ထိုရူပက္ခန္ဓာတည်းဟူသော အတ္တလောကသည် မြဲ၏ သဿတနိစ္စ-ဟု ယူသည်မည်၏။သဿတဒိဋ္ဌိတည်း။

အဟင်္ကာရဝတ္ထုကား အတ္တ,မမင်္ကာရဝတ္ထုကား လောက-ဟု အရကွဲပြားအံ့။ထိုကွဲပြားသော အတ္တနှင့်လောကကို မြဲ၏။သဿတ နိစ္စဟုလည်း ယူအံ့။သဿတဒိဋ္ဌိပင်တည်း။

အတ္တသည် မိမိ၊လောကသည် သူတစ်ပါး-ဟု အရကွဲပြား အံ့။ထိုအတ္တနှင့် လောကကိုမြဲ၏ သဿတ နိစ္စ-ဟုလည်း ယူငြားအံ့။သဿတဒိဋ္ဌိပင်။

ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးတည်း အတ္တ,ကျန်လေးပါးသည် လောက-ဟု အရလည်း ကွဲပြား၏။မြဲသည် သဿတ နိစ္စ-ဟုလည်း ယူအံ့။သဿတဒိဋ္ဌိပင်။

အတ္တာစ၊ သည်လည်းကောင်း။ လောကော စ၊ သည်လည်းကောင်း။ သဿတော စ၊ မြဲသည်လည်း ဟုတ်၏။ အသဿတော၊ မမြဲသည်လည်းဟုတ်၏။ တစ်နည်း-သဿတော စ အသဿတော စ၊ မြဲ မမြဲနှစ်မျိုးတည်း။လ။

ဥစ္ဆေဒဒိဋ္ဌိ (၇) ပါး အထက်ပါ အတ္တ လောကသည် မမြဲ အသဿတ အနိစ္စ-ဟု ယူသော် ဥစ္ဆေဒဒိဋ္ဌိတည်း။သတ္တပိ ဥစ္ဆေဒဝါဒါ ဒဿိတ-ဟု ဋ္ဌ-ဖွင့်၏။အောက်ပါ အတိုင်းတည်း။

သတ္တဝါသည် သေပြီးနောက် ထပ်မဖြစ် ၊ပြတ်၏-ဟု ယူသော ဥစ္ဆေဒဝါဒ-သည် ၇-မျိုး ရှိ၏။လူသေပြီး နောက်ထပ်မဖြစ်၊ပြတ်၏-ဟု တစ်ဝါဒ။လူ့ဘဝမှာ မပြတ်သေး၊နတ်ဘဝရောက်မှ ပြတ်၏-ဟူသော ဝါဒတစ်ပါး။နတ်ဘဝ၌ မပြတ်သေး၊ ဗြဟ္မာဘဝရောက်မှ ပြတ်၏-ဟူသော ဝါဒတစ်ပါး။ဗြာဟ္မာဘဝရောက်ရုံနဲ့ မပြတ်သေး၊အာကာသာနဉ္စာယတန ရောက်မှ ပြတ်၏-ဟူသော တစ်ဝါဒ။တိညာဏဉ္စာယတနဘုံရောက်မှ ပြတ်ဟ-ဟူသော တစ်ဝါဒ အာကိဉ္စညာဘုံရောက်မှ ပြတ်၏-ဟူသော တစ်ဝါဒ။နေဝသညာ နာသညာ ယတနဘုံ ရောက်မှ ပြတ်၏-ဟူသော တစ်ဝါဒ။ပေါင်း ဥစ္ဆေဒဝါဒ ၇-မျိုး။

သဿတော စ အသဿတော စ အတ္ထာ စ လောကော စ

အတ္တနှင့်လောကတို့သည် အချို့ မြဲ၏၊အချို့ကား မမြဲဟု ယူဆလျှင် ဧကစ္စအသဿတဒိဋ္ဌိတည်း။ဣမိနာ ဧကစ္စသဿတဝါဒေါ ဒဿိတော။ ဋ္ဌ။

နေဝ သဿတော နာသဿတော အတ္ထာ စ လောကော စ

အတ္တနှင့်လောကတို့သည် မြဲသည်ဟုလည်း မဆိုသင့်။မမြဲဘူးဟူ၍လည်း မပြောအပ်ဟု ယူဆအံ့၊ငါးရှဉ့်ဖမ်းရသည်နှင့် တူသောကြောင့် အမရာ ဝိက္ခေပဒိဋ္ဌိတည်း။ဣမိနာ အမရာဝိက္ခေပဝါဒေါ ဒဿိတော။ (ဋ္ဌ၊ ၃၁၃။)

အတ္တာစ၊ သည်လည်းကောင်း။ လောကော စ၊ သည်လည်းကောင်း။ နေဝ သဿတော၊ မြဲသည်လည်း မဟုတ်။ နာသဿတော၊ မမြဲသည်လည်းမဟုတ်။ တစ်နည်း-နေဝ သဿတော နာသဿတော၊ မြဲ မမြဲ မသေချာ တစ်ထစ်ချမဟုတ်။လ။

ဖန်ဆင်းရှင်ဝါဒလေးမျိုး

က။ သယံကတော အတ္ထာ စ လောကော စ

အဟင်္ကာရဝတ္ထု-ဟူသော အတ္တနှင့် မမင်္ကာရဝတ္ထုဟူသော လောကကိုဖြစ်စေ၊ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် တစ်ပါးပါးသော ခန္ဓာဟူသော အတ္တ၊ကျန် ခန္ဓာလေးပါးဟူသော လောကကို ဖြစ်စေ။မိမိကိုယ်တည်းဟူသော အတ္တ၊သူတစ်ပါးတည်းဟူသော လောကကိုဖြစ်စေ, သဝိညာဏကတည်းဟူသောသက်ရှိအတ္တ၊ အဝိညာဏကတည်းဟူသော သက်မဲ့လောကကို ဖြစ်စေ၊ငါတည်းဟူသော မိမိကိုယ်တိုင် ဖန်ဆင်းသည်(သယံ ကတောတိ အတ္တနာ ကတော၊ ဋ္ဌ)ဟု ယူဆလျှင် ဣဿရနိမ္မာနဝါဒ၊ ဝါ၊ ဝိသမဟေတုကဝါဒတည်း။

ခ။ ပရံကတော အတ္ထာ စ လောကော စ

အထက်ပါ အတ္တလောကလေးမျိုးကို မိမိမှတစ်ပါး ဗြဟ္မာ ထာဝရစသော အခြားသူတစ်ပါးက ဖန်ဆင်းသည်ဟု ယူဆလျှင် ဣဿရနိမ္မာနဝါဒ။ ဝါ၊ ဝိသမဟေတုကဝါဒပင်တည်း။(ပရံ ကတောတိ ပရေန ကတော။ ဋ္ဌ)

ဂ။ သယံကတော စ ပရံကတော စ အတ္ထာ စ လောကော စ

ဗြာဟ္မာထာဝရတို့ ဖန်းဆင်းသည်ဆိုသော်လည်း ၎င်းကိုချည့် ဖန်ဆင်းနိုင်သည်မဟုတ်။ထိုထိုသတ္တဝါတို့၏ ဓမ္မသဟကာရီကာရဏ, အဓမ္မသဟ ကာရီကာရဏကို ရရှိမှသာ ဖန်ဆင်းနိုင်သည်။ထို့ကြောင့် အထက်ပါ အတ္တလော ကလေးမျိုးကို ငါတည်းဟူသော မိမိက ဖန်ဆင်းသော သယံကတလည်း ဟုတ်၏။ဗြဟ္မာထာဝရစသော သူတစ်ပါးတို့က ဖန်ဆင်းသော ပရံကတလည်း ဟုတ်၏။ဧကစ္စဝါဒ တစ်မျိုးပင်တည်း။ဧကစ္စာနံ လဒ္ဓိ။ ဋ္ဌ။

အတ္တာ စ၊ ကိုလည်းကောင်း။ လောကော စ၊ ကိုလည်းကောင်း။ သယံကတော၊ မိမိသည် ပြုအပ်၏။လ။
အတ္တာ စ၊ ကိုလည်းကောင်း။ လောကော စ၊ ကိုလည်းကောင်း။ ပရံကတော၊ တန်ခိုးရှင် ဖန်ဆင်းရှင် ဗြဟ္မာစသော ဟူတစ်ပါးသည် ပြုအပ်၏။
အတ္တာ စ၊ ကိုလည်းကောင်း။ လောကော စ၊ ကိုလည်းကောင်း။ သယံကတော စ၊ မိမိပြုအပ်သည်လည်း ဟုတ်၏။ ပရံကတော စ၊ တန်ခိုးရှင်ဖန်ဆင်းရှင် ဗြာဟ္မာစသော သူတစ်ပါးတို့ ပြုအပ်သည်လည်း ဟုတ်၏။လ။
အတ္တာ စ၊ ကိုလည်းကောင်း။ ဝါ၊ သည်လည်းကောင်း။ လောကော စ၊ ကိုလည်းကောင်း။ ဝါ၊ သည်လည်းကောင်း။ အသယံကာရော၊ မိမိလည်း မပြုအပ်။ အပရံကာရော၊ သူတစ်ပါးလည်း မပြုအပ်။ အဓိစ္စသမုပ္ပန္နော၊ အကြောင်းမဲ့အလိုအလျောက်ဖြစ်၏။လ။
အတ္တာ စ၊ သည်လည်းကောင်း။ လောကော စ၊ သည်လည်းကောင်း။ သဿတံ၊ မြဲ၏။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲဒွန်တွဲလျက်တည်း။လ။
အတ္တာ စ၊ သည်လည်းကောင်း။ လောကော စ၊ သည်လည်းကောင်း။ အသဿတံ၊ မမြဲ။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲဒွန်တွဲလျက်တည်း။လ။

အတ္တာ စ၊ သည်လည်းကောင်း။ လောကော စ၊ သည်လည်းကောင်း။ သဿတံ၊ မြဲသည်လည်း ဟုတ်၏။ အသဿတဉ္စ၊ မမြဲသည်လည်း ဟုတ်၏။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲဒွန်တွဲလျက်။လ။

ဃ။ အသယံကာရော အပရံကာရော အတ္တာ စ လောကော စ

အထက်ပါ အတ္တနှင့်လောကလေးမျိုးကို မိမိကလည်း မဖန်တီး၊ဗြဟ္မာထာဝရဟူသော သူတစ်ပါးကလည်း မဖန်တီး။သက်ရှိသက်မဲ့စသော အတ္တလောကသည် သူ့ဘာသာ အလိုအလျောက်ဖြစ်သည်ဟု ယူဆလျှင် အဓိစ္စသမုပ္ပန္နဝါဒတည်း။ ဝါ၊ အဟေတုကဒိဋ္ဌိတည်း။

အတ္တာ စ၊ သည်လည်းကောင်း။ လောကော စ၊ သည်လည်းကောင်း။ နေဝ သဿတံ၊ မြဲသည်လည်း မဟုတ်။ နာသဿတံ၊ မမြဲသည်လည်း မဟုတ်။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲ ဒွန်တွဲလျက်တည်း။လ။
အတ္တာ စ၊ ကိုလည်းကောင်း။ လောကော စ၊ ကို လည်းကောင်း။ သယံကတံ၊ မိမိသည် ပြုအပ်၏။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲဒွန်တွဲလျက်တည်း။လ။
အတ္တာ စ၊ ကိုလည်းကောင်း။ လောကော စ၊ ကိုလည်းကောင်း။ ပရံကတံ၊ တန်ခိုးရှင် ဖန်ဆင်းရှင် ဗြဟ္မာစသော သူတစ်ပါးသည် ပြုအပ်၏။ သုခဒုက္ခံ၊ ချမ်းသာဆင်းရဲ ဒွန်တွဲလျက်။လ။
အတ္တာ စ၊ ကိုလည်းကောင်း။ လောကော စ၊ ကိုလည်းကောင်း။ သယံကတဉ္စ၊ မိမိ ပြုအပ်သည်လည်း ဟုတ်၏။ ပရံကတဉ္စ၊ တန်ခိုးရှင် ဖန်ဆင်းရှင် ဗြာဟ္မာစသော သူတစ်ပါးသည် ပြုအပ်သည်လည်း ဟုတ်၏။ သုခဒုက္ခံ၊ တည်း။
ဧဝံ ဝါဒိနော၊ ကုန်သော။ ဧဝံ ဒိဋ္ဌိနော၊ ကုန်သော။ ဧကေ၊ အချို့ကုန်သော။ သမဏဗြာဟ္မဏာ၊ သမဏ, ဗြာဟ္မဏတို့သည်။ သန္တိ၊ ကုန်၏။
အတ္တာ စ၊ ကိုလည်းကောင်း။ ဝါ၊ သည်လည်းကောင်း။ လောကော စ၊ ကိုလည်းကောင်း။ ဝါ၊ သည်လည်းကောင်း။ အသယံကာရံ၊ မိမိလည်း မပြုအပ်။ အပရံကာရံ၊ သူတစ်ပါးလည်း မပြုအပ်။ အဓိစ္စသမုပ္ပန္နံ၊ အကြောင်းမဲ့ အလိုအလျောက်ဖြစ်၏။ ဣဒမေဝ၊ ဤအယူသာ။ သစ္စံ၊ ၏။ အညံ၊ သည်။ မောဃ'န္တိ၊ ဟူ၍။
တေ၊ ထိုသမဏဗြာဟ္မဏတို့သည်။ ဘဏ္ဍနဇာတာ၊ ဖြစ်သော ငြင်းခုံခြင်း ရှိကြကုန်သည်ဖြစ်၍။လ။ အညမညံ၊ အချင်းချင်း။ မုခသတ္တီဟိ၊ နှုတ်လှံတို့ဖြင့်။ ဝိတုဒန္တာ၊ ထိုးနှက်ကြကုန်လျက်။ ဝိဟရန္တိ၊ နေကြကုန်၏။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ သဘာဝဓမ္မကို မသိမြင်ကြသောတိတ္ထိတို့၏ မှားသောနှလုံသွင်းခြင်း ဆန့်ကျင်ဘက် ပြောဆိုခြင်းသို့ ရောက်သော ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ မူပြီ။
ဧကေ၊ အချို့ကုန်သော။ သမဏဗြာဟ္မဏာ၊ သမဏ, ဗြာဟ္မဏ တို့သည်။ ဣမေသု၊ ဤသဿတော အတ္တာ စ လောကော စ-စသော အနှစ်မရှိသော မိစ္ဆာအယူ,မိစ္ဆာအယူ၏ မှီရာတည်ရာတို့၌။ ဝါ၊ အနိစ္စ ဒုက္ခ ဝိပရိဏာမဓမ္မဖြစ်သော ဥပါဒါနက္ခန္ဓာငါးပါးတို့၌။ သဇ္ဇန္တိ ကိရ၊ တဏှာစွဲ ဒိဋ္ဌိစွဲ၏အစွမ်းအားဖြင့် ကပ်ငြိတွယ်တာကြကုန်သတဲ့။
အာသဇ္ဇမာနာ၊ ကပ်ငြိတွယ်တာကုန်လျက်။ တေ၊ ထို ဒိဋ္ဌိဂတိကသမဏ-ဗြာဟ္မဏ တို့သည်။ ဩဂဓံ၊ ဩဂဓမည်သော နိဗ္ဗာန်တစ်ဖက်ကမ်းတည်းဟူသော။ ဝါ၊ ဩဂဓတည်းဟူသော နိဗ္ဗာန်ရောက်ကြောင်း အရိယာမဂ်ဟူသော။ တံ၊ ထိုဌာနသို့။ အပ္ပတွာဝ၊ မရောက်တော့ဘဲသာလျှင်။ အန္တရာဝ၊ ဩဃလေးပါးတို့၏ အလယ်၌သာလျှင်။ ဝါ၊ သံသရာဝဲဩဃ၏အလယ်၌သာလျှင်။ ဝီသီဒန္တိ၊ နစ်မြုပ်ကြကုန်၏။
ပဉ္စမံ။ ။