မေ၊ သည်။
ဧတံ၊ ဤဥပါတိဓာဝန္တိသုတ်ကို(ထည့်)။
ဧဝံ၊ ဤသို့။
သုတံ၊ အပ်ပါပြီ။
ဧကံ သမယံ၊ ၌။လ။
တေန ခေါ ပန သမယေန၊ ၌။
ဘဂဝါ၊ သည်။
ရတ္တန္ဓကာရတိမိသာယံ၊ မှောင်မဲသော လကွယ်နေ့ညဉ့်၌။
အဗ္ဘော-ကာသေ၊ လွင်တီးခေါင်၌။
တေလပ္ပဒီပေသု၊ ဆီမီးတို့သည်။
ဈာယမာနေသု၊ တောက်လောင် ကြကုန်စဉ်။
ဝါ၊ ထွန်းလင်းတောက်ပနေကြစဉ်။
နိသိန္နော၊ ထိုင်နေတော် မူသည်။
ဟောတိ၊ ၏။
တေန ခေါ ပန သမယေန၊ ၌။
သမ္ဗဟုလာ၊ ကုန်သော။
အဓိပါတကာ၊ ပိုးဖလံတို့သည်။
တေသု တေလပ္ပဒီပေသု၊ ထိုဆီမီးတို့၌။
အာပါတပရိပါတံ၊ ရှေးရှု ကျရောက် ရစ်ဝဲခြင်းကို။
ကတွာ၊ ပြုလုပ်ခြင်းကြောင့်။
ဝါ၊ ထပ်ချည်တလဲလဲ တရစ်ဝဲဝဲ ဝဲပျံကြကုန်၍။
အနယံ၊ ချမ်းသာလွတ်ကင်းဆင်းရဲခြင်းသို့။
ဝါ၊ မကြီးပွားခြင်း ဆင်းရဲခြင်းသို့။
အာပဇ္ဇန္တိ၊ ရောက်ကုန်၏။
အနယဗျသနံ၊ ကြီးပွားမှုကင်း ပျက်စီးခြင်းသို့။
ဝါ၊ အကျိုးမဲ့ပျက်စီးခြင်းသို့။
အာပ္ပဇ္ဇန္တိ၊ ရောက်ကုန်၏။
ဘဂဝါ၊ သည်။
သမ္ဗဟုလေ၊ ကုန်သော။
တေ အဓိပါတကေ၊ ထိုပိုးဖလံတို့ကို။
တေသု တေလပ္ပဒီပေသု၊ ထိုဆီမီးတို့၌။
အာပါတ-ပရိပါတံ၊ ကို။
ကတွာ၊ ကြောင့်။
အနယံ၊ ချမ်းသာကင်းခြင်း ဆင်းရဲခြင်းသို့။
ဝါ၊ ကြီးပွားခြင်းကင်း ဆင်းရဲခြင်းသို့။
အာပ္ပဇ္ဇန္တေ၊ ရောက်ကြသည်တို့ကို။
ဗျသနံ၊ ပျက်စီးခြင်းသို့။
အာပဇ္ဇန္တေ၊ ရောက်နေသည် တို့ကို။
အနယဗျသနံ၊ ကြီးပွားမှုကင်း ပျက်စီးခြင်းသို့။
ဝါ၊ အကျိုးမဲ့ပျက်စီးခြင်းသို့။
အာပဇ္ဇန္တေ၊ ရောက်နေကြသည် တို့ကို။
အဒ္ဒသာ ခေါ၊ မြင်တော်မူပြီ။
အထ ခေါ၊ ၌။
ဘဂဝါ၊ သည်။
ဧတမတ္ထံ၊ ပိုးဖလံတို့၏ ကြိုးစားအားထုတ်ခြင်း၏အစွမ်းအားဖြင့် အကျိုးမဲ့ပျက်စီးခြင်းသို့ ရောက်ခြင်း-ဟူသော ဤအနက်အဓိပ္ပါယ်ကို။
ဝိဒိတွာ၊ ၍။
တာယံ ဝေလာယံ၊ ၌။
ဣမံ ဥဒါနံ၊ ကို။
ဥဒါနေသိ၊ ပြီ။
ဥပါတိဓာဝန္တိ န သာရမေန္တိ (လ) ဒိဋ္ဌေ သုတေ ဣတိဟေကေ နိဝိဋ္ဌာ'တိ၊ နိဝိဋ္ဌာ'ဟူသော။
သာရံ၊ သီလ သမာဓိ ပညာ ဝိမုတ္တိစသော အနှစ်သာရသို့။
ဝါ၊ ကို။
န ဧန္တိ၊ သစ္စာလေးပါးကို သိခြင်း၏ အစွမ်းအားဖြင့် မရောက်မရကုန်။
ဥပါတိဓာဝန္တိ၊ အနှစ်သာရသို့ ကပ်ရောက်သယောင် ဖြစ်ပြီးကာမှ ဥပါဒါနက္ခန္ဓာငါးပါးကို နိစ္စ သုခ သုဘ အတ္တ- ဟု မှားသောအားဖြင့် နှလုံးသွင်းယူဆကာ လွန်၍ပြေးသွားကုန်၏။
တထာ ဂဏှန္တာ၊ ထိုသို့ ယူဆကြကာ (ထည့်)။
နဝံ နဝံ၊ အသစ်အသစ်ဖြစ်သော။
ဗန္ဓနံ၊ တဏှာဒိဋ္ဌိဟူသော အနှောင့်အဖွဲ့ကို။
ဗြူဟယန္တိ၊ တိုးပွားစေကုန်၏။
ဧဝံ ဗဒ္ဓတ္တာ၊ ဤသို့ တဏှာဒိဋ္ဌိတို့သည် နှောင်ဖွဲ့အပ်သည်၏အဖြစ်ကြောင့်(ထည့်)။
ဧကေ၊ အချို့သောသမဏဗြာဟ္မဏတို့သည်။
ပတန္တိ၊ ကျရောက်ကြကုန်၏။
ကိမိဝ၊ အဘယ်သို့နည်းဟူမူကား။
အဓိပါတကာ၊ ပိုးဖလံတို့သည်။
ပဇ္ဇောတံ၊ တထိန်ထိန်တောက်လောင်နေသော မီးထဲသို့။
ပတန္တိဣဝ၊ ကျရောက်ကုန်သကဲ့သို့တည်း။
ဒိဋ္ဌေ၊ စက္ခုဝိညာဉ်ဖြင့် တွေ့မြင်အပ်သော အဆင်းရူပါရုံ၌။
ဝါ၊ ဒိဋ္ဌိအမြင်ဖြင့် တွေ့မြင်အပ်သော ပုဂ္ဂိုလ်သတ္တဝါ ငါ သူတစ်ပါး ယောကျာ်းမိန်းမဟူသော အလွဲအာရုံ။
သုတေ၊ တစ်ဆင့်စကား တစ်ဆင့်ကြား, ကြားသိကာမျှဖြင့် ကြားသိအပ်သော အကြောင်းအရာ၌။
ဣတိဟ၊ ဤသို့ ပြောပြသော အကြောင်းအရာသည်။
ဧကန္တတော၊ စင်စစ်အားဖြင့်။
ဧဝံ၊ ဤပြောတိုင်း ဟုတ်မှန်၏'ဟု။
နိဝိဋ္ဌာ၊ သဿတော လောကော စသည်ဖြင့် မှားသော အားဖြင့် နှလုံးသွင်းကြကုန်သည်ဖြစ်၍။
ဘူတတ္တယအင်္ဂါရကာသုံ ယေဝ၊ တစ်ဆယ့်တစ်သီးသော ရာဂစသောမီး တို့ဖြင့် ထိန်ထိန်ညီးသော ဘုံ ၃-ပါးတည်းဟူသော မီးကျီးတွင်းသို့ (ထည့်)။
နဝမံ။ ။