အတ္ထတော၊ မိမိသည်။
ဥပ္ပါဒိတံ၊ ဖြစ်စေအပ်၏။
ဣတိ၊ ဤသိုံ့။ထည့်)
နေဝ ဒဟေထ-ဌပေထ၊ အစွဲအလမ်းမထားရာ။
ဝါ၊ သဘောမထားရာ။
ပရတော၊ သူတစ်ပါးသည်။
ဣဒံ သုခဒုက္ခံ၊ ဤချမ်းသာဆင်းရဲကို။
ဥပ္ပါဒိတန္တိ၊ ဖြစ်စေအပ်၏ဟူ၍လည်း။
ဣတိ၊ ဤသို့။ထည့်)
နေဝ ဒဟေထ-ဌပေထ၊ သဘောမထားရာ။
ဝါ၊ အစွဲအလမ်းမထားရာ။
တစ်နည်း-ဣဒံ သုခဒုက္ခံ၊ ဤချမ်းသာဆင်းရဲသည်။
အတ္တတောတိ၊ ငါကြောင့်ဖြစ်၏ဟူ၍လည်း။
နေဝဒဟေထ-ဌပေထ၊ အစွဲအလမ်းမထားရာ။
ပရတောတိ၊ သူ့ကြောင့်ဖြစ်၏ဟူ၍လည်း။
န ဒဟေထ-ဌပေထ၊ အစွဲအလမ်းမထားရာ။(ဤသို့တောပစ္စယယန္တပုဒ်ကို ကတွတ္ထ မကြိုက်လျှင် တောပစ္စည်း၏ ထုံးစံအတိုင်းဟေတွတ္ထယောဇနာရာ၏။)
ဂါထာ၏ဆိုလိုချက်။ ။ခန္ဓုပဓိမရှိသော် မည်သည့်အကြောင်းကြောင့်မျှ သုခဒုက္ခတို့ မတွေ့ထိနိုင်တော့ဘူးဟူလို။ငါချမ်းသာတယ် ငါဆင်းရဲတယ်လို့လည်းမယူဆနဲ့။ငါ၏ချမ်းသာပဲ ငါ၏ဆင်းရဲပဲလို့လဲ မအောက်မေ့နဲ့ ဒီချမ်းသာဆင်းရဲကိုသူဖြစ်စေတာ သူဖန်တီးတာ,ငါဖြစ်စေတာ ငါဖန်တီးတာလို့လဲ စွဲလမ်းမနေနဲ့။ဒီချမ်းသာ ဆင်းရဲတွေနှင့် တွေ့ရကြုံရတာဟာ သူ့ကြောင့် ငါ့ကြောင့်လို့လည်းမယူဆ မစွဲလမ်းပါလင့်။အဘယ့်ကြောင့်ဆိုသော်ဤ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဉ်ဆိုတဲ့ ခန္ဓာပဉ္စက၌ ငါဟူ၍လည်းကောင်း သူဟူ၍လည်းကောင်းရှုမြင်စရာ ထင်မှတ်စရာ လုံးဝမရှိ၊ငါ့ဟာ သူ့ဟာဟုလည်း ယူဆစရာ ရှုမှတ်ထင်မြင်စရာလုံးဝမရှိ။ရုပ်နာမ် ဓမ္မ သင်္ခါရသက်သက်မျှသာဖြစ်သော သဘောတရားတို့သည်အကြောင်း အားလျော်စွာဖြစ်ပြီး တပျက်တည်းပျက်နေကြသည့် တရားတို့သာဖြစ်သော ကြောင့်တည်း။
အဒုက္ခမသုခဝေဒနာသည် သန္တသဘာဝရှိသည်၏အဖြစ်ကြောင့် သုခ၌အသက်ဝင်၏။ထို့ကြောင့် သုခနှင့်ဒုက္ခနှစ်မျိုးကိုသာ ဤဂါထာ၌ဟောတော်မူအပ်သည်။
အညတိတ္ထိယတို့၏ ဆဲရေးခြင်း ခြိမ်းခြောက်ခြင်းကို မလိုလားလျှင် နိရုပဓိဖြစ်သည့် နိဗ္ဗာန်ရအောင် သင်ချစ်သားတို့ ကြိုးစားကြ။သူတစ်ပါး ဆဲရေးခြိမ်းခြောက်ချုပ်ချယ်တာကို အပြစ်တစ်ခုအနေနဲ့ မရှုကြလင့်-ဟု အနုပါဒိသေသနိဗ္ဗာန်တိုင်အောင် ညွှန်ကြားတော်မူသည်။