တေန ခေါ ပန သမယေန၊ ထိုအခါ၌။
အညတရော၊ အမျိုးအမည်အားဖြင့်မထင်ရှားသော။
ဘိက္ခု၊ ရဟန္တာကိုယ်တော်သည်။
ဘဂဝတော၊ မြတ်စွာဘုရား၏ အဝိဒူရေ၊မနီးမဝေး၌။
ပလ္လင်္ကံ၊ ထက်ဝန်းကျင်ပေါင်နှစ်ဖက်ဖွဲ့ခွေ နေခြင်းကို။
အာဘုဇိတွာ၊ ခွေ၍။
ကာယံ၊ အထက်ပိုင်းကိုယ်ကို။
ဝါ၊ ကိုယ်အထက်ပိုင်းကို ဥဇုံ၊ဖြောင့်မတ်စွာ။
ပဏိဓာယ၊ ကျောရိုး တစ်ဆယ့်ရှစ်ချောင်းတို့ကို တစ်ချောင်းနှင့်တစ်ချောင်း အစွန်းချင်း ထိစပ်စေသောအားဖြင့် ထား၍။
(နိသိန္နော ဟောတိ၊ ၌ စပ်)။
ပုရာဏကမ္မဝိပါကဇံ၊ ရှေးကပြုအပ်ခဲ့သော ကံ၏ အကျိုး၏အဖြစ်ဖြင့်ဖြစ်သော။
ဝါ၊ ရှေးကပြုအပ်ခဲ့သော ကံ၏ အကျိုးပေါင်းများစွာတွင် တစ်စိတ်တစ်ဒေသဖြစ်သော(ပုရာဏေ ပုဗ္ဗေ+ကတံ ကမ္မံ ပုရာဏကမ္မံ၊တဿ ဝိပါကဘာဝေန+ဇာတံ=ပုရာဏကမ္မဝိပါကဇံ ဟု ဋ္ဌ-ပ-နည်းအရ ပြု။ပုရာဏ ကမ္မဝိပါကေ+ဧကဒေသဝိပါကဘာဝေန ဇာတံ=ပုရာဏ ကမ္ပဝိပါကဇံ-ဟု ဧကဝုစ်နိဒ္ဓါရဏသမာသ် ဇ-နှင့် တွဲစပ်။ဤကား ဋ္ဌ-ဒု နည်း)။
ဒုက္ခံ၊ ခဲယဉ်းသဖြင့် သည်းခံအပ်သော။(သဒ္ဒါနက်)
ဝါ၊ အခံရခက်သော။
(လောက ပြောရိုးဝေါဟာရ အနက်။
ပစုရဇနေဟိ ခမိတုံ အသက္ကုဏေယျံ၊ ဘုရား ရဟန္တာ ကမ္မဋ္ဌာနိက ယောဂီစသော လူနည်းစုတို့မှတစ်ပါး သာမန်လူများစုတို့ သည်းခံခြင်းငှာ မစွမ်းနိုင်သော သည်းခံဖို့ မလွယ်သော ဝေဒနာ-ဟု ဋ္ဌ-၌ အဓိပ္ပါယ်အနက် ဖွင့်ဆို၏)။
တိဗ္ဗံ၊ ထက်မြက်သော။
ဝါ၊ အားကြီးသော(ဝေဒနာရှင်အရှုံးပေး လက်မြှောက်ရလောက်အောင်ဝေဒနာက လွှမ်းမိုးအုပ်စိုးမင်းမူ ထားနိုင်သည်အထိ အားကောင်းသည်၊ အားကြီးသည်။ထို့ကြောင့် ဋ္ဌ-၌"တိဗ္ဗန္တိ တိခိဏံ ဟူသောနည်းမှတစ်ပါး အဘိဘဝိတွာ ပဝတ္တိယာ ဗဟလံ ဝါ-ဟု နောက်နည်း အဓိပ္ပါယ်နက် ဖွင့်ဆိုပြန်သည်)။
ခရံ၊ ကြမ်းတမ်းသော။
ကဋုကံ၊ လက်မခံနိုင်လောက်အောင် စပ်ပူ စပ်လောင် ဖြစ်သော။
(ကဋကန္တိ အသာတံ-ဟူသော ဋ္ဌနှင့် လျော်အောင် သွယ်ဝိုက်ကာ ပြန်ဆိုလိုက်သည်)။
ဝေဒနံ၊ ဝေဒနာကို။
အဓိဝါသေန္တော၊ ဝေဒနာကို ဘေးသို့ဖယ်ရှားမပစ်ဘဲ မိမိအပေါ်မှာပင် နေစေသည်။(သဒ္ဒါနက်)
ဝါ၊ သည်းခံသည်(အဓိပ္ပါယ်နက်)။
သတော၊ ဝေဒနာကို ချုပ်ကိုင် နိုင်သော သတိ ရှိသည်။
ဝါ၊ ဝေဒနာ-ဟု နိုင်နင်းစွာ ရှုမှတ်သည်။
သမ္ဗဇာနော၊ ဝေဒနာကိုထိန်းထား ချုပ်ထား ချုပ်ကိုင်ထားနိုင်သည်အထိ ကောင်းစွာအပြားအားဖြင့် သိသည်။
ဟုတွာ၊ ဖြစ်၍(ဟုတွာ ထည့်စပ်။ကတ္တားပိုတို့ စပ်စေဖို့ရာ ပြဒ်မပါ ဟုတွာထည့်လေမင်း-နှင့်အညီ ဋ္ဌ-၌လည်း ဟုတွာ ထည့်ဖွင့်၏)။
အဝိဟညမာနော၊ မညည်းညူဘဲ။
နိသိန္နော၊ ထိုင်နေသည်။
ဟောတိ၊ ၏။
"သတော သမ္ပဇာနော"
ဝေဒနာပရီဂ္ဂါဟာနံ သတိသမ္ပဇညာနံ ဝသေန သတိမာ,သမ္ပဇာနန္တောစ။(ဋ္ဌ၊၁၄၈)။ဤ၌ သတောဟူသော ကိတ်ပုဒ်ကို သတိမာဟု အဿတ္ထိ တဒ္ဓိတ်ပုဒ်ဖြင့် ဖွင့်သောကြောင့် "သံဝဏ္ဏေတဗ္ဗ ကိတ်ပဒကို အဿတ္ထိတဒ္ဓိတဖွင့်ပြ၍ ကတ္တုသာဓနကြံစရာ"ဟူသည်နှင့်အညီ သရတီတိ သတော-ဟု ကတ္တုသာဓ်ပြု၊သတော-အရ ရှုမှတ်သူ၏ သတိသည်လည်း ဝေဒနာ၏အနိုင်ယူခြင်း ဗိုလကျခြင်းကိုလက်မခံဘဲ မိမိကသာ ဝေဒနာကို ထိန်းသိမ်းနိုင် အုပ်ချုပ်နိုင်သောသတိ ဖြစ်ရမည်။ထိုသတိဖြင့် "ဤငါ့သန္တာန်၌ ဖြစ်ပေါ်နေသော ဝေဒနာသည် ဟုတွာ အဘာဝဋ္ဌေန အနိစ္စာဟူသည်နှင့်အညီဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက် ပျောက်သွားလေသောကြောင့် အနိစ္စဟူ၍လည်းကောင်း,အနိဋ္ဌာအာရုံစသော အကြောင်းတစ်ခုခုကို စွဲ၍ဖြစ်သောကြောင့် ပဋိစ္စသမုပ္ပန္န-ဟူ၍လည်းကောင်း ဖြစ်ပြီးနောက် မလွဲမသွေပျက်စီးခြင်းသဘောရှိသောကြောင့် ကုန်ခန်းခြင်းသဘော,ပျက်ခြင်းသဘော ပျက်ပြယ်ခြင်းသဘော ချုပ်ပျောက်ခြင်း သဘောတရားပါတကား-ဟု သတိပြု ရှုမှတ်နိုင်စွမ်းရှိသော သတိ ဖြစ်ရမည်။ထိုသတိမျိုး ယောဂီမှာ ရှိရမည်။ဘုရားရဟန္တာတို့မှာ ထိုသတိဖြင့် ရှုမှတ်သတိပြုကြသည်။
သတောနည်းတူ သမ္ပဇာနေပုဒ်ဖြင့်လည်း ဝေဒနာကို ထိန်းနိုင်,သိမ်းနိုင် သိမ်းဆည်းနိုင်စွမ်းရှိသောအသိဉာဏ်ဖြင့် ခံစားနေရသောမိမိဝေဒနာ၏ သဘောသဘာဝကို ထိုးထွင်းသိမြင်သည်၏ အစွမ်းအားဖြင့် ကောင်းစွာ အပြားအားဖြင့် သိနေရမည်ဟု ဆိုလိုသည်။
ပုရေ၊ အရဟတ္တမဂ်ကိုရသည်မှ ရှေ့အဖို့၌။
ကတံ၊ ပြုအပ်ခဲ့သော။
ရဇံ၊ ကံပြုစဉ်က ရာဂရဇစသည်ဖြင့် ရောနှောသည်၏အဖြစ်ကြောင့် ရဇဟု ရအပ်သောအမည်ရှိသော ဒုက္ခဝေဒနာ၏ အကြောင်းဖြစ်သောကံကို။
ဓုနမာနဿ၊ ထိုကံ၏ အကျိုးကို ခံစားခြင်းဖြင့် ခါတွက်ဖျက်ဆီးနေသော။
သဗ္ဗကမ္မဇဟဿ။ ။ပဟာတဗ္ဗဖြစ်သော အကုသိုလ်ကံကိုသာပယ်သည် စွန့်သည်။သေဝိတဗ္ဗဖြစ်သော ကုသိုလ်ကံကို မပယ်စွန့်ပါ။ကုသိုလ်ကံသည်လည်း ပဋိသန္ဓေကျိုးကို မပေးနိုင်တော့သည်အတွက် ပယ်သည့်အထဲထည့်သွင်းဟောကြားခြင်း ဖြစ်သည်။ထို့ကြောင့် အရဟတ္တမဂ်ဉာဏ်ကို"ကမ္မက္ခယကရ"ဟူ၍ အမည်ပေးတော်မူသည်။
ဇနမာနဿ ပုရေ ကတံ ရဇံ။ ။'ရဇ'ဟူသော အမည်သည် ရာဂစသောကိလေသာတို့၏ အမည်သာ၊ကံ၏အမည် မဟုတ်။သို့သော် အရဟတ္တမဂ်မရခင် ရှေးကံပြုစဉ်အခါက ရာဂစသောရာဇနှင့် ရောနှောသည်၏ အဖြစ်ကြောင့်ဝါ၊အတူတကွ သဟဇာတဖြစ်ခဲ့ကြောင်း အကုသိုလ်ကံကိုပင် ရဇ-ဟု သုံးနှုန်းဟောကြားတော်မူ၏။ထိုရဇမည်သော အကုသိုလ်ကံ၏ အကျိုးကို ခံစားခြင်းဖြင့် ထိုရဟန္တာပုဂ္ဂိုလ်သည် ခါတွက်ဖျက်ဆီးသည်ဟု ဆိုရ၏။ထိုကြောင့် ဓုနမုနဿဟု ဟောတော်မူသည်။
'ရဇ'အမည်ရသော အကုသိုလ်သာမရှိသည် မဟုတ်၊'ရဇ'အမည်မရသော ကုသိုလ်ကံသည်လည်း ဘဝ၏အမြစ်ဖြစ်သော ကိလေသာကို ပယ်ပြီးဖြစ်သောကြောင့် 'လ'ပန်းသည် အသီးမသီးသလို အပြစ်ကင်းသော ကောင်းသောအမှုကို ပြုသော်လည်း ပြုပြုပင်၊ပဋိသန္ဓေအကျိုးမပေးနိုင် ပေးခြင်းငှာ မစွမ်းနိုင်တော့ပေ။ပြုလည်းပြုပြုပင်ဖြစ်သောကြောင့် အဋ္ဌကထာဆရာသည် ကိရိယမတ္တာဝ ဟောတိ ဟု မိန့်တော်မူသည်။