"လောကေ၊ လောကသည်။
သဿတော၊ မြဲ၏။
ဣဒမေဝ၊ ဤမြဲသည်ဟူသောအယူသာ။
သစ္စံ၊ မှန်၏။
အညံ၊ ဤအယူမှ အခြားတစ်ပါးသောအယူသည်။
မောယ"န္တိ၊ အချည်းနှီးသာဟူ၍။
ဧဝံဝါဒိနော၊ ဤသို့ ဟောပြောလေ့ရှိကုန်သော။
ဧဝံဒိဋ္ဌိနော၊ ဤသို့အယူ ရှိကုန်သော။
ဧကေ သမဏဗြာဟ္မဏာ၊ အချို့သော သမဏဗြာဟ္မဏ တို့သည်။
သန္တိ၊ ကုန်၏။
"အန္တဂ္ဂါဟိကဒိဋ္ဌိ ၁၀-ပါး"
၁။ သဿတော လောကော, လုဇ္ဇတိ ပလုဇ္ဇတိ ပလုဇ္ဇတီတိ လောကေဟူသည်နှင့်အညီ ခန္ဓာငါးပါးသည် လောကမည်၏။ထိုခန္ဓာငါးပါးတည်းဟူသော လောကသည် အဆက်မပြတ်ဖြစ်နေ ရှိနေသောကြောင့် မြဲသည်ဟု အချို့ယူဆ၏။ထိုသို့ ယူဆခြင်းသည် သဿတဒိဋ္ဌိ-တည်း။
၂။ အသဿတော လောကေ-ခန္ဓာတည်းဟူသော လောကသည် အဆက်မပြတ်ဖြစ်ခြင်း မရှိဟု အချို့က ယူဆ၏။ထိုအယူဝါဒသည် ဥစ္ဆေဒ ဒိဋ္ဌိတည်း။
၃။ အန္တဝါလောကေ သမာပတ်ဝင်စားသော သမာပတ္တိသမာပန္န ပုဂ္ဂိုလ်သည် သမာပတ်အတွင်း၌ တွေ့မြင်အပ်သော သေးငယ်သော ကသိုဏ်းဝန်းကို အကြောင်းပြု၍ ရုပ်နာမ်ဟူသော လောကသည် အဆုံးအပိုင်းအခြားရှိ၏။သေးငယ်သည့်အတွက် ပိုင်းခြားလို့ရသောကြောင့် အန္တဝါ-ဟု အချို့က ယူဆသည်။ထိုအယူဝါဒသည် သဿတဥစ္ဆေ နှစ်မျိုးလုံး ဖြစ်နိုင်သည်။
၄။ အနန္တဝါ လောကေ- သမာပတ်ဝင်စားစဉ် တွေ့မြင်အပ်သော ကသိုဏ်းဝန်းသည် အလွန်တရာကြီးကျယ်အံ့။ထိုကို အကြောင်းပြု၍ ရုပ်နာမ်လောကသည် အဆုံးအပိုင်းအခြားမရှိ၊ ပိုင်းခြား၍မရ။ဤသို့ယူ၏။ ထိုအယူဝ်ဒသည် သဿတဥစ္ဆေဒ နှစ်မျိုးလုံး ဖြစ်နိုင်သည်။
"လောကေ၊ သည်။
အသဿတော၊ မမြဲ။
ဣဒမေဝ၊ သည်သာ။
သစ္စံ၊ ၏။
အညံ၊ သည်။
မောဃ"န္တိ၊ ဟူ၍။
ဧဝံဝါဒိနော၊ ကုန်သော။
ဧဝံဒိဋ္ဌိနော၊ ကုန်သော။
ဧကေ ပနသမဏဗြာဟ္မဏာ၊ တို့သည်။
သန္တိ၊ ကုန်၏။
"လောကေ၊ သည်။
အန္တဝါ၊ အဆုံးအပိုင်းအခြားရှိ၏။လ။
၆။ အညံ ဇီဝ, အညံ သရီရံ-ဇီဝအသက်က တခြား သရီရကိုယ်က တခြားဟု အချို့ယူဆ၏။ထိုဝါဒသည် သရီရ၊ ကိုယ်ပျက်သော်လည်း ဇီဝအသက် မပျက်သောကြောင့် သဿတဒိဋ္ဌိ ဖြစ်သည်။
"လောကေ၊ သည်။
အန္တဝါ၊ အဆုံးအပိုင်းအခြားမရှိ။လ။
ဇီဝံ၊ အသက်လိပ်ပြာဝိညာဉ်ကောင်သည်။
တံ၊ ထိုခန္ဓာကိုယ်သရီရပင်။
သရီရံ၊ ခန္ဓာကိုယ်သရီရသည်။
တံ၊ ထိုအသက်လိပ်ပြာဝိညာဉ်ကောင်ပင်။လ။
ဇီဝံ၊ သည်။
အညံ၊ ခန္ဓာကိုယ် သရီရမှ အခြားတစ်ပါးတည်း။လ။
"တထာဂတော၊ သတ္တဝါသည်။
မရဏာ၊ သေသည်မှ။
ပရံ၊ နောက်ကာလ၌။
ဟောတိ၊ ဖြစ်၏။
တထာဂတော၊ သည်။
မရဏာ၊ မှ။
ပရံ၊ နောက်ကာလ၌။
န ဟောတိ၊ မဖြစ်။လ။
တထာဂတော၊ သည်။
မရဏာ၊ မှ။
ပရံ၊ နောက်ကာလ၌။
ဟောတိ စ၊ ဖြစ်သည်လည်း ရှိ၏။
န စ ဟောတိ၊ မဖြစ်သည်လည်း ရှိ၏။လ။
တထာဂတော၊ သည်။
မရဏာ၊ မှ။
ပရံ၊ နောက်ကာလ၌။
နေဝ ဟောတိ၊ မဖြစ်သည်သာ။
န န ဟောတိ၊ မဖြစ်သည်လည်း မဟုတ်။
ဣဒမေဝ၊ ဤ လုံးဝမဖြစ်, မဖြစ်ဘူးလည်း မဟုတ်-ဟူသော အယူသည်သာ။
သစ္စံ၊ ၏။
အညံ၊ သည်။
မောဃ"န္တိ၊ အချည်းနှီးသာဟူ၍။
ဧဝံဝါဒိနော၊ ကုန်သော။
ဧဝံဒိဋ္ဌိနော၊ ကုန်သော။
ဧကေ သမဏဗြာဟ္မဏာ၊ တို့သည်။
သန္တိ၊ ကုန်၏။