问题
选择版本
miuthi-မိုးထိ
မြန်မာဘာသာ
元亨寺·CBETA
中文
Udānapāḷi
Udānapāḷi

9. Jaṭilasuttaṃ

作者: miuthi-မိုးထိ @ IAPT

မေ၊ သည်။ ဧတံ၊ ဤဇဋိလသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။ ဘဂဝါ၊ သည်။ ဂယာယံ၊ ဂယာရွာအနီး၌။ ဝါ၊ ဂယာရွာအနီး၌ ‌ရေကန်ရေဆိပ်,မြစ်ရေဆိပ်၌။ ဂယာသီသေ၊ ဆင်ဦးခေါင်းနှင့်တူသော အထွတ်ရှိသောကြောင့် ဂယာသီသမြည်သောတောင်၌။ ဝါ၊ ယင်းတောင်ဝယ် သံဃာတစ်ထောင်ဆန့်သောဆင်ဦးကင်းနှင့်တူသော ကျောက်ဖျာ၌။ ဝိဟရတိ၊ ၏။

တေန ခေါ ပန သမယေန၊ ထိုအခါ၌။ သမ္ဗဟုလာ၊ များစွာကုန်သော။ ဇဋိလာ၊ ရသေ့တို့သည်။ သီတာသု၊ ချမ်းအေးကုန်သော။ ဟေမန္တိကာသု၊ ဆောင်းဥတုအပါအဝင် ဖြစ်ကုန်သော။ ရတ္တီသု၊ ညဉ့်တို့၌။ အန္တရဋ္ဌကေ၊ တပို့တွဲလဆုတ် ၁၁-ရက်မှ တပေါင်းလဆန်း ၄-ရက်အတွင်း ပေါင်းရှစ်ရက်ဖြစ်သော။ ဟိမပါတသမယေ၊ ဆီးနှင်းကျရာ အချိန်အခါ၌။ ဧဝံ ဒိဋ္ဌိကာ၊ ဤသို့အယူရှိကြသည်။ ဟုတွာ၊ ဖြစ်၍။ ဂယာယံ၊ ဂယာရွာ အနီး၌။ ဝါ၊ ဂယာရွာအနီးရှိ ‌ရေကန်ရေဆိပ် မြစ်ရေဆိပ်၌။ ဥမ္မုဇ္ဇန္တိပိ၊ ကိုယ်ကိုရေ့အထက်သို့ ပေါ်အောင် ဖော်လည်းဖော်ကြကုန်၏။ နိမုဇ္ဇန္တိပိ၊ ကိုယ်ကိုရေ့အောက်သို့ မြှုပ်အောင် မြှုပ်လည်းမြှုပ်ကြ,ငုပ်လည်းငုပ်ကြကုန်၏။ ဥမ္မုဇ္ဇနိမုဇ္ဇမ္ပိ၊ ရေပေါ်ဖော်ခြင်း ရေ့အောက် မြှုပ်ခြင်းငုပ်ခြင်းနှင့် နှစ်မျိုးလုံးကို-လည်း။ ကရောန္တိ၊ ပြုလုပ်ကြကုန်၏။ သြသိဉ္စန္တိပိ၊ လက်ဖြင့် ရေကို ယူ၍ခေါင်းပေါ်ကိုယ်ပေါ်သို့ သွန်းလောင်းလည်း သွန်းလောင်းကြ ကုန်၏။ အဂ္ဂမ္ပိ ဇုဟန္တိ၊ မီးကိုလည်းပူဇော်ကြကုန်၏။ ဝါ၊ မီးကိုလည်း လုပ်ကျွေးကြကုန်၏။

ဂယာယံ

ဂယာ-သည် ဂါမ-နှင့် တိတ္ထ နှစ်မျိုးဟော။ဂါမ-ဟောလျှင် သမီပတ္ထေဘုမ္မံ-နှင့်အညီ ဂယာရွာအနီး အရပ်ကိုယူ။တိတ္ထ-ကိုဟောလျှင် ဂယာရွာအနီးရှိရေကန်၏ရေဆိပ် မြစ်၏မြစ်ဆိပ်အရပ်ကိုယူ။ဂယာရွာ၏အနီးအရပ်,ရေဆိပ်ဆိုသော်လည်း ဆင်ဦးခေါင်းနှင့်တူသော အထွတ်ရှိသောတောင်၊ထိုတောင်၏ တစ်စိတ်တစ်ဒေသဖြစ်သော ဆင်ဦးကင်းနှင့်တူသော သံဃာတစ်ထောင်ဆံ့သော ကျောက်ဖျာထက်၌ ဘုရားရှင် သီတင်းသုံးတော်မူသည်ဟု ဆိုလိုသည်။

ဣမိနာ၊ ဤရေပေါ် ဖေါ်ခြင်း,မြှုပ်ခြင်း,ငုပ်ခြင်းစသော အကျင့်ဖြင့်။ သုဒ္ဓီတိ၊ ကိလေသာအညစ်အကြေးမှ စင်ကြယ်၏-ဟု။
ဘဂဝါ၊ သည်။ သမ္ဗဟုလေ၊ ကုန်သော။ တေ ဇဋိလေ၊ တိုကို။ သီတာသု၊ ချမ်းလှအေးလှကုန်သော။ ဟေမန္တိကာသု၊ ကုန်သော။ ရတ္တီသု၊ တို့တွင်။ အန္တရဋ္ဌကေ၊ ဖြစ်သော။ ဟိမပါတသမယေ၊ ၌။ ဧဝံဒိဋ္ဌိကာ၊ ဤသို့အယူရှိကြသည်။ ဟုတွာ၊ ဖြစ်၍။ ဂယာယံ၊ ၌။ ဥမ္မုဇ္ဇန္တေပိ၊ သည်တို့ကိုလည်းကောင်း။ နိမုဇ္ဇန္တေပိ၊ သည်တို့ကိုလည်းကောင်း။ ဥမ္မုဇ္ဇနိမုဇ္ဇံ၊ ကို။ ကရော‌န္တေပိ၊ သည်တို့ကို လည်းကောင်း။ သြသိဉ္စန္တေပိ၊ သည်တို့ကိုလည်းကောင်း။ အဂ္ဂိံ ဇုဟန္တေပိ၊ သည်တို့ကိုလည်းကောင်း။ အဒ္ဒသာခေါ၊ မြင်တော်မူပြီ။(ခေါ-အနက်မဲ့) ဝါ၊ မြင်တော်မူသည်သာ(အဝဓာရဏတ္တ)။ ("မြင်တော်မူသည်သာ"အနက်သည်ပင် ခပ်သိမ်းဝါကျဟူသမျှ၌ ဧဝအကျိုး ရှိစနိုး ထည့်ရိုး ဧဝပေ"ဟူသည်နှင့်အညီ'ခေါ'၏။အနက်မဟုတ်။အဒ္ဒသပုဒ်၏ အနက်ဟုဆိုနိုင်၏။ ထို့ကြောင့် အဒ္ဒသာ၊မြင်တော်မူသည်သာ အနက်ပေးလည်း 'ခေါ'သည် အနက်မဲ့ပင်)။
"ဣမိနာ၊ ဖြင့်။ သုဒ္ဓီတိ၊ မကောင်းမှု အညစ်အကြေးမှ စင်ကြယ်၏ဟု။
အထခေါ၊ ထိုအခါ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ ဤအနက်အဓိပ္ပါယ်ကို။ ဝိဒိတွာ၊ သိတော်မူ၍။ တာယံ ဝေလာယံ၊ ၌။"န ဥဒကေန သုစိ ဟောတိ(လ)သော သုစိ သော စ ဗြာဟ္မဏော"တိ၊သော စ ဗြာဟ္မဏော'ဟူသော။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ ပြီ။
ဥဒကေန၊ ရေ၌ ဖေါ်ခြင်း ငုပ်ခြင်းဖြင့်။ ဝါ၊ ရေပေါ်ဖေါ်ခြင်း ရေအောက်မြှုပ်(ငုပ်)ခြင်းဖြင့်။(ဥဒကဥမ္မနနိမုဇ္ဇနနေ ဟု ဆိုလိုလျက်နောက်ပုဒ်ကြေ) သတ္တဿ၊ ပုဂ္ဂိုလ်သတ္တဝါ၏။ သုစိ၊ စင်ကြယ်ခြင်းသည်။ န ဟောတိ၊ မဖြစ်။ တစ်နည်း-ဥဒကေန၊ ပေါ်ခြင်း မြှုပ်ခြင်းကို ပြီးစေသောရေဖြင့်။ သုစိ၊ မကောင်းမှုအညစ်အကြေးမှ စင်ကြယ်သော ပုဂ္ဂိုလ်သတ္တဝါမည်သည်။ န ဟောတိ၊ မဖြစ်နိုင်။ ဝါ၊ မရှိ။ ကသ္မာ၊ အဘယ်ကြောင့်နည်း။ ယသ္မာ၊ အကြင်ကြောင့်။ ဧတ္တ၊ ဤရေ၌။ ဝါ၊ ဤဂယာရေဆိပ်၌။ ဗဟုဇနော၊ များစွာသော လူအပေါင်းသည်။ နှာယတိ၊ ရေချိုး၏။ တဿ၊ ထိုလူအပေါင်း၏။ သုစိ၊ မကောင်းမှုအညစ်အကြေးမှ စင်ကြယ်ခြင်းသည်။ န တောတိ၊ မဖြစ်။ တသ္မာ၊ ထို့ကြောင့်တည်း။ (အသုဒ္ဓိမဂ္ဂမှတစ်ပါး သုဒ္ဓိမဂ္ဂကို ပြလို၍ ယမှိ သစ္စဉ္စ ဓမ္မော စ-စသည်မိန့်)
ယမှိ၊ အကြင်ပုဂ္ဂိုလ်၌။ သစ္စဉ္စ၊ ဝစီသစ္စာ ဝိရတိသစ္စာကိုလည်းကောင်း။ ဝါ၊ ဉာဏသစ္စာ ပရမတ္တသစ္စာကိုလည်းကောင်း။ ဓမ္မောစ၊ မဂ်တရား ဖိုလတရားကိုလည်းကောင်း။ ဥပလဗ္ဘတိ၊ ရအပ်၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ သုစိ၊ တကယ်စင်စစ် စင်ကြယ်သူတည်း။ သော၊ ထိုပုဂ္ဂိုလ်သည်။ ဗြာဟ္မဏော စ၊ မကောင်းမှုတို့ကို မျှောပြီးသော ရဟန္တာအရှင် ဝိသုဒ္ဓိဗြာဟ္မဏ ပရမတ္ထဗြာဟ္မဏလည်း ဟုတ်၏။
အယမ္ပိ ဥဒါနော ဘဂဝတာ ဝုတ္တော။ဣတိ မေ သုတံ။ပေးမြဲ။နဝမံ။ ။