Issues
Select Version
元亨寺·CBETA
中文
miuthi-မိုးထိ
မြန်မာဘာသာ
Udānapāḷi
Udānapāḷi

10. Lokasuttaṃ

Author: miuthi-မိုးထိ @ IAPT

မေ၊ သည်။ ဧတံ၊ ဤလောကသုတ်ကို(ထည့်)။ ဧဝံ၊ ဤသို့။ သုတံ၊ အပ်ပါပြီ။ ဧကံ သမယံ၊ ၌။ ဘဂဝါ၊ သည်။ ဥရုဝေလာယံ၊ ဥရုဝေလတော၌။ နဇ္ဇာ နေရဉ္ဇရာယ၊ နေရဉ္ဇရာမြစ်၏။ တီရေ၊ ကမ်းနာ၌။ ဗောဓိရုက္ခမူလေ၊ ဗောဓိပင်ရင်း၌။ ဝိဟရတိ၊ ၏။
တေန ခေါ ပန သမယေန၊ ၌။ ဘဂဝါ၊ သည်။ သတ္တာဟံ၊ ၇-ရက်ပတ်လုံး။ ဧကပလ္လင်္ကေန၊ တင်ပလ္လင်ခွေတစ်မျိုးတည်းဖြင့်။ ဝိမုတ္တိ သုခပဋိသံဝေဒီ၊ ကိလေသာတို့မှလွတ်သော အရဟတ္တဖိုလ်ချမ်းသာကို ခံစားသည်ဖြစ်၍။ နိသိန္နော၊ သည်။ ဟောတိ၊ ၏။
အထခေါ၊ ၌။ ဘဂဝါ၊ သည်။ တဿ သတ္တာဟဿ၊ ထို ၇-ရက်ကို။ အစ္စယေန၊ လွန်ရာအခါ၌။ တမှာ သမာဓိမှာ၊ ထိုအရဟတ္တဖိုလ်သမာဓိမှ။ ဝုဋ္ဌဟိတွာ၊ ထ၍။ ဗုဒ္ဓစက္ခုနာ၊ ဣန္ဒြိယပရောပရိယတ္တဉာဏ်,အာသယာနု သယဉာဏ်-ဟူသော ဗုဒ္ဓစက္ခုဖြင့်။ လောကံ၊ သတ္တလောကကို။ ဝေါလောကေသိ၊ ကြည့်ရှုတော်မူပြီ။ ဘဂဝါ၊ သည်။
ဗုဒ္ဓစက္ခုနာ၊ ဖြင့်။ လောကံ၊ ကို။ ဝေါလောကေန္တော၊ ကြည့်ရှုသည်ရှိသော်။ ရာဂဇေဟိပိ၊ ရာဂကြောင့်လည်း ဖြစ်ကုန်သော။ မောဟဇေဟိပိ၊ အမှားကို အမှန်ထင် အမှန်ကိုတော့အမှားဟု မြင်တတ်သော မောဟကြောင့်မူလည်းဖြစ်ကုန်သော။ ဒေါသဇေဟိပိ၊ ဒေါသကြောင့် မူလည်း ဖြစ်ကုန်သော။ မောဟဇေဟိပိ၊ အမှားကိုအမှန်ထင် အမှန်ကိုတော့ အမှားဟုမြင်တတ်သော မောဟကြောင့်မူလည်းဖြစ်ကုန်သော။ အနေကေဟိ၊ ကုန်သော။ သန္တာပေဟိ၊ ပူပန်မှုအမျိုးမျိုးတို့ဖြင့်။ သန္တပ္ပမာနေ၊ ပူပန်ဆင်းရဲ၍ နေကြကုန်သော။ အနေကေဟိ၊ ကုန်သော။ ပရိဠာဟေဟိ၊ ပူလောင်မှုတို့ဖြင့်။ ပရိဍယှမာနေ၊ ပူလောင်၍နေကြကုန်သော။ သတ္တေ၊ သတ္တဝါတို့ကို။ အဒ္ဒသာ ခေါ၊ မြင်တော်မူသည်သာ။
အထ ခေါ၊ ၌။ ဘဂဝါ၊ သည်။ ဧတမတ္ထံ၊ ဤအကြောင်းအရာကို။ ဝိဒိတွာ၊ ၍။ တာယံ ဝေလာယံ၊ ၌။ ဣမံ ဥဒါနံ၊ ကို။ ဥဒါနေသိ၊ ပြီ။
"အယံ လောကေ သန္တာပဇာတော (လ) ဥပစ္စဂါ သဗ္ဗဘဝါနိ တာဒီ"တိ၊ တာဒီ-ဟူသော။ အယံလောကော၊ ဤသတ္တလောကကြီး တစ်ခုလုံးသည်။ သန္တာပဇာတော၊ ဖြစ်သော ကိုယ်ပင်ပန်း စိတ်ပင်ပန်းမှုဟူသော ဆင်းရဲခြင်းတို့ နှိပ်စက်ခြင်း ရှိသည်။

ဖဿပရေတော၊ ဒုက္ခအတွေ့အထိတို့သည် နှိပ်စက်အပ်သည်။ ဟုတွာ၊ ၍။ ရောဂံ၊ ဖဿကြောင့်ဖြစ်သော ဝေဒနာဟူသော ဆင်းရဲကို။ ဝါ၊ ခန္ဓာ ငါးပါးတည်းဟူသော ဆင်းရဲကို။ အတ္ထတော၊ ငါကောင်ဟူ၍၊ငါချမ်းသာသည် ငါဆင်းရဲသည်ဟူ၍။ ဝဒတိ၊ ဒိဋ္ဌိစွဲအားဖြင့် ပြောကြား၏။ လောကော၊ ရောဂါတည်းဟူသော ခန္ဓာငါးပါးကို ငါတည်းဟူသော အတ္တကောင်ဟု ပြောကြားသော သတ္တလောကသည်(ထည့်)။

ဓမ္မရသကိုပေါ်လွင်စေရန်အဋ္ဌကထာဆရာရှင်းပြချက်

"အယံ လောကော သန္တာပဇာတော"။ ။ လူနှင့်တကွသော သတ္တလောကကြီးတစ်ခုလုံးသည် အို,နာ,သေ, တည်းဟူသောဘေးတို့ဖြင့်လည်းကောင်း,ရောဂါနှိပ်စက်ခြင်း,ဆွေမျိုးပျက်စီးခြင်းတို့ဖြင့်လည်းကောင်း,လောဘ,ဒေါသတို့၏သောင်းကျန်းမှုတို့ဖြင့်လည်းကောင်း အကြီးအကျယ်ပူပန်မှု စိတ်ဆင်းရဲရခြင်း,ကိုယ်ဆင်းရဲရခြင်း ဒုက္ခပေါင်းစုံ တွေ့ကြုံရ၏။

"ဖဿပရေတော'။ ။အဆိုပါ သန္တာပဒုက္ခကြောင့်ပင် သတ္တလောက တစ်ခုလုံးကို တစ်ပါးမကများစွာသော ဒုက္ခအတွေ့ ဒုက္ခနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းတို့က ပြေးမလွတ်အောင်နှိပ်စက်ကြပြန်၏။တစ်နည်းအားဖြင့် သုခစသော ဝေဒနာဖြစ်ခြင်း၏ အကြောင်းဖြစ်သော ဖဿခြောက်ပါးတို့က လူ့လောကစသည်ကို နှိပ်စက်ပြန်၏။

ရောဂံ ဝဒတိအတ္ထဘော"။ ။ ဖဿပစ္စယာ ဝေဒနာ"ဟူသော ပဋိစ္စသမုပ္ပါဒ်အရ ဤ၌ "ရောဂါ"ဟူသည် ဝေဒနာဒုက္ခန္ခာတည်း။တစ်နည်း "ရောဂေါ ရောဂေါတိ ခန္ဓဿေတံ အဓိဝစနံ"ဟူသည်နှင့်အညီ 'ရောဂါ'ဟူသည် ခန္ဓာငါးပါးတည်း ထိုဝေဒနာဟူသောရောဂါ,ခန္ဓာငါးပါးဟူသော ရောဂါကို အမှန်မသိသည်ဖြစ်၍ စက္ခုဝိညာဉ်က မြင်သိသည်ကို ငါမြင်သည်၊ သောတဝိညာဉ်က ကြားခြင်းသိခြင်းကိုငါကြားသည်၊အကုသိုလ်ကံကြောင့် ရောဂါဝေဒနာခံစားရသည်ကို ငါနာသည်၊ငါဆင်းရဲသည်၊ကုသိုလ်ကံ၊ကောင်းကောင်းမွန်မွန်နေရထိုင်ရ စည်းစိမ်ခံစားရ သည်ကို ငါချမ်းသာသည်ဟု မဟုတ်မမှန်အတ္ထဒိဋ္ဌိ အနေအားဖြင့်ပြောဆို၏။စင်စစ် ငါချမ်းသာတာ ငါဆင်းရဲတာ မဟုတ်၊အကြောင်းအားလျော်စွာ သုခဝေဒနာ ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာ ဖြစ်ခြင်းသာ။

"ရောဂံ ဝဒတိ အတ္တနော"ဟုရှိခဲ့လျှင် မျက်စိနာခြင်း၊ သွားကိုက်ခြင်း၊ဗိုက်အောင့်ခြင်းစသော ဝေဒနာနှိပ်စက်သောအခါ နာတယ်နာတယ်၊အောင့်တယ်အောင့်တယ်၊ ကိုက်တယ် ခဲတယ်စသည်ဖြင့် ဝေဒနာနုပဿနာ မရှုမှတ်ခဲ့သော် သည်းမခံနိုင်ကြောင်း အမယ်လေး၊ ဆင်းရဲလိုက်တာ ဤဆင်းရဲဒုက္ခမျိုး ငါ့အား မဖြစ်ပါစေလင့် မဖြစ်စေသတည်း-ဟု ကိုယ့်ဒုက္ခမဟုတ်သော ပရမတ္ထသဘောအရ အကြောင်းအားလျော်စွာ ဖြစ်သော ဒုက္ခကိုပင် ငါ့ဒုက္ခ ငါ့ဆင်းရဲဟု အထင်လွဲကာ ပြောဆိုတတ်လေသည်။၊

ယေန ယေန၊ အကြင်အကြင်ရဒပ်ဝေဒနာသညာစသော အကြောင်းတရားကြောင့်။ မညတိ၊ ငါဟူ၍လည်းကောင်း,ငါမှ ငါဟူ၍လည်းကောင်း,ငါ့ဥစ္စာငါ့ဟာ ဟူ၍လည်းကောင်း မညနာ ၃-မျိုးတို့ဖြင့် အထင်မှား၏။ အထက်ပါ ပြဆိုအပ်ခဲ့သည့်အတိုင်း ဤရောဂါတည်းဟူသော ခန္ဓာငါးပါးကို "အတ္တ"ဟူ၍။ဝါ၊ငါကောင်ဟူ၍။သို့မဟုတ်ငါ၏ ဆင်းရဲဒုက္ခဟု ပြောဆိုနေသော သတ္တဝါအပေါင်းသည် လူသားဟူသရွေ့သည် ရုပ်ဝဒနာသညာ စသော အကြောင်းကြောင့် ခန္ဓာငါးပါးကိုပင် ငါမဟုတ်ပါဘဲလျက် ငါဟု ထင်သော အတ္တဒိဋ္ဌိမညနာ,ငါမှငါဟု ထောင်လွှားခြင်း မာနမညနာ,ငါ့ဟာ ငါ့ဥစ္စာ မဟုတ်ပါပဲလျက် ငါ့ဟာ ငါ့ဥစ္စာဟုထင်သော တဏှာမညနာ။ဤသုံးမျိုးတို့ဖြင့် အထင်လွဲ အမြင်လွဲ ထင်မှတ်မှား၏။မိမိကြံဆသော အခြင်းအရာ ထင်မြင်ချက်သုံးမျိုး၏ တည်ရာဖြစ်သော ခန္ဓာငါးပါးသည် ထင်မြင်သည်မှ တာခြားသာ။အနတ္တ အနတ္တိယ၊ ငါတည်းဟူသော အတ္တလည်းမဟုတ်,ငါတည်းဟူသော အတ္တပိုင်လည်း မဟုတ်ပါ။တစ်နည်းအားဖြင့် မညနာသုံးမျိုးဖြင့် ထင်မြင်စေကာမူ ထင်မြင်ကာမျှသာဖြစ်ခြင်းကြောင့် ထိုခန္ခာငါးပါးသည် ထင်သလို နိစ္စလည်း မဟုတ်၊သုခလည်း မဟုတ်၊သုဘလည်းမဟုတ်၊အတ္တလည်းမဟုတ်၊ထိုထိုထင်မြင်ချက်မှပြောင်းပြန် တစ်မျိုးတစ်ခြားဖြစ်သော အနိစ္စဒုက္ခအသုဘ အနတ္တသာတည်း။
တတော၊ ထိုသို့ မိမိထင်မှတ်အပ်သော အခြင်းအရာမှ။ တံ၊ ထိုရောဂါတည်း ဟူသော ခန္ဓာငါးပါးသည်။ အညထာ ဟောတိ၊ မိမိအထင်အမြင်မှ တစ်ပါး အနတ္တ,အနတ္တနိယသာ ဖြစ်၏။
ဘဝသတ္တော၊ ကြီးပွားမှု စီးပွားချမ်းသာ၌ တွယ်တာကပ်ငြိသော။ လောကေ၊ သတ္တလောကသည်။ တတော၊ ထိုစီးပွားချမ်းသာခြင်းဟူသော တိုးတက်ကြီးပွားမှုမှ(ထည့်)။ အညထာဘာဝီ၊ တစ်ပါးတစ်ခြားသာ ဖြစ်၏။ ဝါ၊ တစ်ပါးသော အဟိတ ဒုက္ခသာဖြစ်၏။ အညထာဘာဝီ၊ ငါ၏အတ္တသည်မြဲ၏၊ ချမ်းသာ၏-ဟူသော ထင်မြင်ချက်တစ်ပါး အနိစ္စဒုက္ခစသော အခြားတစ်မျိုးတစား ဖြစ်၏။ ဘဝသတ္တော၊ ကာမဘဝစသည်၌ ဘဝတဏှာဖြင့် ကပ်ငိုတွယ်တာသော သတ္တဝါသည်။ တမေဝ၊ အနိစ္စစသော သဘောရှိသောဘဝကိုပင်။ "အညတာဘာဝီ ဘဝသတ္တော၊ဘဝမေဝါဘိနန္ဒတိ" ထင်ရှားမရှိသော ကြီးပွားမှုဘဝ ဟိတသုခဟူသောဘဝ၌ တွယ်တာကပ်ငြိနေသော သတ္တဝါအပေါင်းသည် မိမိအယူအထင်အားဖြင့် နှစ်သက်စရာဟု စိတ်ကူးယဉ်နေသော်လည်း ထိုစိတ်ကူးယဉ်အိပ်မက်မှ တစ်ပါးတစ်ခြားဖြစ်သော အဟိတဒုက္ခသာတည်း။ယင်းသို့ စိတ်ကူးယဉ်အိပ်မက်ဖြစ်သော်လည်း ထိုစိတ်ကူးအိပ်မက်သဖွယ် ကြံစည်ထားသော တကယ်လည်း အထင်အရှားမရှိသော ကြီးပွားမှုဟူသော ဘဝကို နှစ်သက်တောင့်တ၍ နေ၏။တစ်နည်း ငါသည် နိစ္စ,ငါသည် သုခ,ငါသည်သုတဘ,ငါသည် အတ္တဟု စိတ်ကူးကာထင်မြင်ယူဆသော်လည်း အနိစ္စ ဒုက္ခသဘောရှိသော ဘဝကိုပင် နိစ္စသုခစသော အားဖြင့် မှားယွင်းသုံးသပ်ကာ တဏှာစွဲ ဒိဋ္ဌိစွဲအားဖြင့် နှစ်သက်တွယ်တာ၍နေ၏။ထိုခန္ဓာငါးပါး၌ ငြီးငွေ့ရမှန်း မသိ။
ဧဝံ သန္တေပိ၊ အထင်နှင့်အမြင်တခြားစီဖြစ်သော်လည်း(ထည့်)။ တမေဝ၊ ထင်ရှားမရှိသောထိုကြီးပွားချမ်းသာကိုပင်။ အဘိနန္ဒတိ ဧဝ-အဘိကင်္ခတိ ဧဝ၊ လိုလားတောင့်တ၍ နေသည်သာ။ အထဝါ၊ ရှေ့နည်းမှတစ်ပါး အခြားနည်းတစ်မျိုးကို ဆိုဦးအံ့။
အဘိနန္ဒတိ၊ မငြီးငွေ့(ထည့်)။ ယံ၊ အကြင်ကြီးပွားတိုးတက်ခြင်း-ဟူသော ဘဝ။ ဝါ၊ ကာမဘဝစသောဘဝကို။ အဘိနန္ဒတိ၊ နှစ်သက်သာယာ၏။ တံ၊ ထိုဘဝသည်။ ဘယံ၊ လွန်စွာ ကြောက်မက်ဖွယ်ကောင်းသည်၏ အဖြစ်ကြောင့် ဘေးသာတည်း။ "ယဂဘိနန္ဒတိ တံ ဘယံ" အကြင်ကြီးပွားခြင်း ဝုဍ္ဎအနက်ဟောဘဝ၊ဝါ၊ ကာမာဒိဘဝကို နှစ်သက်၏။ထိုနှစ်သက်အပ်သောဘဝသည် အနိစ္စ ဒုက္ခစသော ဖောက်ပြန်ခြင်းသဘောရှိသောကြောင့်လည်းကောင်း,ရောဂဗျသန ဘောဂဗျသနစသည်ကို လိုက်ပါတတ်သောကြောင့်လည်းကောင်း,ကာမဘဝ ရူပဘဝစသည်လည်း အကြောင်းဖြစ်သောကြောင့်လည်းကောင်း ကြောက်စရာကောင်း၏။ ကြောက်မက်ဖွယ်ဘေးသာဖြစ်၏။

ယဿ-ယတော ဇရာမရဏာ ဒိတော၊ အကြင်အိုခြင်း,သေခြင်း,စသည်မှ။ ဘာယတိ၊ ကြောက်၏။ တံ၊ ထိုအိုခြင်း,သေခြင်းစသည်လည်း။ ဒုက္ခံ၊ ဒုက္ခ၏ တည်ရာ, ဒုက္ခဒုက္ခပင်ဖြစ်ကြောင်း ဆင်းရဲဒုက္ခပင်တည်း။ တစ်နည်း။ယဿ ဝိဘဝဿ၊ အကြင်ဘဝပြတ်ခြင်းမှ။ ဘာယတိ၊ ကြောက်၏။ သော ဝိဘဝေါ၊ ဘဝပြတ်ခြင်းမှ ကြောက်ခြင်းသည်။ ဒုက္ခံ၊ ဒုက္ခ၏ တည်ရာ,ဇာတိစသော ဒုက္ခကို မလွန်မြောက်ခြင်းကြောင့် ဆင်းရဲဒုက္ခသာတည်း။ ဝါ၊ ဒုက္ခသဘောရှိသည်သာတည်း။ တစ်နည်း-ယဿ အနိစ္ဏာဒိကဿ၊ အကြင်အနိစ္စစသည်မှ။ ဘာယတိ၊ ကြောက်၏။ တံ ဘယံ၊ ထိုကြောက်ခြင်းသည်။ ဒုက္ခံ၊ ဆင်းရဲဒုက္ခပင်တည်း။ ဝါ၊ ဒုက္ခကို ဆောင်ယူလာတတ်၏။

"ယဿ ဘာယတိ တံ ဒုက္ခံ"

အကြင် အိုခြင်းနာခြင်းသေခြင်းမှ ကြောက်၏။ထိုအိုခြင်း,နာခြင်း,သေခြင်းသည် ဒုက္ခ၏တည်ရာ, ဒုက္ခဒုက္ခပင်ဖြစ်သောကြောင့် ဆင်းရဲဒုက္ခဟုဆိုအပ်၏။တစ်နည်းအားဖြင့် အကြင် မမြဲခြင်းဆင်းရဲခြင်း မတင့်တယ်ခြင်း စိတ်တိုင်းကျ မဖြစ်ခြင်း အစိုးမရခြင်းမှကြောက်၏။ထိုကြောက်စရာ ဆင်းရဲခြင်း မမြဲခြင်းစသည်မှ လွတ်မြောက်ကြောင်း ထွက်ပေါက်ကို မသိသည်ဖြစ်၍ ဒုက္ခဟုပင်ဆိုအပ်၏။

ဘဝဝိပ္ပဟာနာယ၊ ကာမစသောဘဝကို ပယ်ခြင်းငှာ။ ဣဒံ ဗြဟ္မစရိယံ၊ ဤမဂ္ဂဗြဟ္မစရိယကို။ ဝုဿတိ၊ ကျင့်သုံးအပ်၏။ ("ဤပြဆိုအပ်သော မဂ္ဂဗြဟ္မစရိယသည်သာ သံသရာမှ ထွက်မြောက်ကြောင်း နိယျာနိကဓမ္မဖြစ်သည်။အညမဂ္ဂတို့သည် နိယျာ နိကဓမ္မမဟုတ်"ဟုသိစေလို၍ ယေဟိ ကေစိ စသည်ကို ဟောတော်မူသည်။)

"ဘဝဝိပ္ပဟာနာယ ခေါ ပနိဒံ ဗြဟ္မစရိယံ ဝုဿတိ"

ကာမဘဝ ရူပဘဝ အရူပဘဝဟူသော ဘဝဖြစ်ကြောင်း တဏှာသမုဒယကို အကြွင်းမရှိ ပယ်ရှားရန်အလို့ငှာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလပတ်လုံး ပါရမီဆယ်ပါး စရိယတရားတို့ကို ဖြည့်ဆည်းပူးသဖြင့် ဗောဓိမဏိုင်ဝယ် မာရ်မင်း၏ ထိပ်ထက်ကို နင်း၍ ရရှိအပ်သော သီလသမာဓိ ပညာာသိက္ခာ သုံးရပ်ဖြင့် ရေတွက်အပ်သော အင်္ဂါ ၈-ပါးရှိသော မွန်မြတ်သောအကျင့်မြတ် ဗြဟ္မစရိယကို ငါဘုရား ကျင့်ကြံပွားများအပ်ပြီဟု ဥဒါန်းကျုးရင့်တော်မူပြီ။ ဥပဓိံ ဟိ ပဋိစ္စ ဒုက္ခမိဒံ သမ္ဘောတိ စသည်ဖြင့် ဆက်လက် ဥဒါန်းကျူးရင့်သေးသည်။ထိုဥဒါန်းစကား အဓိပ္ပါယ်တို့ကား လွယ်၏။ထို့ကြောင့် ရှင်းမပြတော့ပြီ။

သာမဏ ဝါ၊ ပဗ္ဗဇ္ဇုဂပမနသမဏမူလည်း ဖြစ်ကုန်သော။ ဗြာဟ္မဏာ ဝါ၊ ဇာတိဗြဟ္မဏလည်း ဖြစ်ကုန်သော။ ယေ ကေစိ၊ အကြင်အချို့သော သူတို့သည်။ ဘဝေန၊ ကာမဘဝ,ရူပဘဝ တစ်ခုခုဖြင့်။ ဘဝဿ၊ ဘဝအားလုံးမှ။ ဝိပ္ပမောက္တိံ၊ လွတ်မြောက်ခြင်းကို။ အာဟံသု၊ ပြောဆိုကုန်ပြီ။ သဗ္ဗေ တေ၊ ထိုသို့ပြောဆိုကြသော။ သမဏဗြာဟ္မဏ၊ အားလုံးတို့သည်။ ဘဝသ္မာ၊ အလုံးစုံသော ဘဝမှ။ အဝိပ္ပမုတ္တာ၊ မလွတ်မြောက်ကုန်။ ဣတိ၊ ဤသို့။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ မိန့်ဆို၏။
သမဏာ ဝါ၊ ကုန်သော။ ဗြာဟ္မဏာ ဝါ၊ ကုန်သော။ ယေ ဝါ ကေစိ၊ အကြင်အချို့သော သူတို့သည်လည်း။ ဝိဘဝေန၊ ဘဝပြတ်ခြင်းဟူသော ဥစ္ဆေဒဘဝဖြင့်။ ဘဝဿ၊ အလုံးစုံသောဘဝမှ။ နိဿရဏံ၊ သံသရာမှထွက်မြောက်ခြင်းကို။ အာဟံသု၊ ပြောဆိုကြကုန်ပြီ။ သဗ္ဗေ တေ၊ ထိုသို့ ပြောဆိုသော။ သမဏ ဗြာဟ္မဏ၊ အားလုံးတို့သည်။ "ဘဝသ္မာ၊ ဘဝအားလုံးမှ။ အနိဿဋာ"၊ မထွက်မြောက်ကုန်။ ဣတိ၊ ဤသို့။ အဟံ၊ ငါဘုရားသည်။ ဝဒါမိ၊ မိန့်ဆို၏။
ဟိ၊ မှန်၏။ ဥပဓိံ၊ ခန္ဓုပဓိစသည်ကို။ ပဋိစ္စ၊ အမှီပြု၍။ ဝါ၊ အကြောင်းပြု၍။ ဣဒံ ဒုက္ခံ၊ ဤဆင်းရဲဒုက္ခသည်။ သမ္ဘောတိ၊ ဖြစ်ပေါ်၏။ သဗ္ဗုပါဒါနက္ခယာ၊ ဥပါဒါန် လေးပါးလုံး ကုန်ဆုံးခြင်းကြောင့်။ ဒုက္ခဿ၊ ဆင်းရဲဒုက္ခ၏။ သမ္ဘဝေါ၊ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိတော့ပေ။ ဣမံ လောကံ၊ ဤသတ္တလောကကြီးကို။ အတ္တနော ဗုဒ္ဓစက္ခုနာ၊ မိမိ၏ ဗုဒ္ဓစက္ခုဖြင့်(ထည့်)။ ပဿ၊ မျက်ဝါးထင်ထင် တွေ့မြင်အောင် ကြည့်ရှုလော။(မြတ်စွာဘုရား မိမိကိုယ်ကို မိမိ တိုက်တွန်းစကား ပြောဆိုခြင်းဖြစ်သည်)။
အဝိဇ္ဇာယ၊ သစ္စာလေးပါးကို မသိအောင် ဖုံးကွယ်တတ်သော အဝိဇ္ဇာမောဟသည်။ ပရေတာ-အဘိဘူတာ၊ လွှမ်းမိုးအပ်သော။ ဘူတာ၊ ကံ ကိလေသာတို့ကြောင့်ဖြစ်ကုန်သော။ ဘူတရတာ၊ အမေရယ် အဖေရယ် သားရယ် သမီးရယ် ဇနီးရယ် ဟူသော အမှတ်သညာဖြင့် အခြားသောသတ္တဝါတို့၌ တဏှာဖြင်ံ့ နှစ်သက်ပျော်မွေ့နေကြကုန်သော သတ္တဝါတို့သည်။ တစ်နည်း၊ဘဝရတာ၊ ထင်ရှားရှိသော ခန္ဓာငါးပါး၌ ပုဂ္ဂိုလ်သတ္တဝါ ယောကျာ်း မိန်းမဟု ကြံစည်စိတ်ကူးခြင်း၏အစွမ်း နိစ္စသုခ သုဘအတ္တဟု ယူဆခြင်း၏အစွမ်း အတ္တအတ္တနိယဟု အထင်အမြင်လွဲခြင်း၏ အစွမ်းသတ္တိဖြင့် မွေ့လျော်ကြကုန်သော။ ဘဝါ- ဘဝတော၊ ဘဝမှ။ ဝါ၊ သံသရာမှ။ အပရိမုတ္တာ၊ တဏှာစွဲ ဒိဋ္ဌိစွဲအားဖြင့် မလွတ်မြောက်ကုန်။
ကေစိ၊ အချို့ကုန်သော။ ယေ ဘဝါ၊ ကာမဘဝ သညီဘဝ အသညီဘဝ စသည်အားဖြင့် ပြောသော အကြင် ဘဝတို့သည်။ သဗ္ဗဓိ၊ အထက်အောက် ဖီလာဟူသော အလုံးစုံသော အရပ်၌။ သဗ္ဗတ္ထတာယ၊ လူ့ဘုံ နတ်ဘုံ အပါယ်ဘုံတည်းဟူသော အလုံးစုံ၏ အဖြစ်အားဖြင့်။ ဟောန္တိ၊ ရှိကြကုန်၏။ သဗ္ဗေ တေ ဘဝါ၊ ထိုအလုံးစုံသော ခန္ဓာဟူသော ဘဝတို့သည်။ အနိစ္စာ၊ ဟုတွာ အဘာဝကြောင့်မမြဲကုန်။ ဒုက္ခာ၊ ဖြစ်ခြင်း ပျက်ခြင်းသည် နှိပ်စက် အပ်သောကြောင့် ဆင်းရဲကုန်၏။ ဝိပရိဏာမဓမ္မာ၊ အိုခြင်း သေခြင်းတို့ဖြင့် ဖောက်ပြန်ခြင်း သဘောရှိကုန်၏။ ဣတိ-အနတ္တာ၊ မိမိအလိုအတိုင်း မဖြစ်ခြင်း အနတ္ထတို့သာတည်း။ (ဤအနက်တ္တာပုဒ်ကို ဣတိသဒ္ဒေါ အာဒိအတ္ထော ပကာရတ္ထော ဝါဟူသော ဋ္ဌနှင့်အညီ ထည့်ပေးသည်)။
ဧဝံ၊ လက္ခဏာသုံးပါးကို ထိုးထွင်း၍ သိသော အခြင်းရာအားဖြင့်။ ဧတံ၊ ခန္ဓာငါးပါးတည်းဟူသော ဘဝကို။ သမ္မပ္ပညာယ၊ ကောင်းမွန်သင့်မြတ်သော ဝိပဿနာပညာ မဂ်ပညာဖြင့်။ ယထာဘူတံ၊ ဟုတ်တိုင်းမှန်စွာ။ ပဿတော၊ ထိုးထွင်း၍ သိသော ပုဂ္ဂိုလ်၏။
တဏှာ၊ ဘဝတို့၌ နိစ္စသုခသုဘအတ္တဟု တွယ်တာသော တဏှာသည်။ ပဟီယတိ-နိရုဇ္ဈတိ၊ အကြွင်းမဲ့ချုပ်၏။ ဝိဘဝံ၊ ဘဝပြတ်စဲခြင်းကို။ နာဘိနန္ဒတိ၊ မတောင့်တတော့ပေ(နပတ္ထေတိ ဋ္ဌ)။
တဏှာနံ၊ ၁၀၈-ပါးသောတဏှာ။ ဝါ၊ အဝတ္ထအားဖြင့် များသောအပြားရှိသော တဏှာတို့ကို။ သဗ္ဗသော-သဗ္ဗပ္ပကာရေန၊ အလုံးစုံ အကြွင်းမရှိသောအားဖြင့်။ ခယာ-ပဟာနာ၊ ပယ်ခြင်းကြောင့်(တဏှာနံ ခယာ-ဟု တဏှာကိုသာ တိုက်ရိုက်ဟောသော်လည်း ‌တဒေကဋ္ဌ ဖြစ်သော အဝိဇ္ဇာစသည်ကိုလည်း ပယ်၏ မှတ်၊ဋ္ဌ)။
ယောအသေသဝိရာဂနိရောဓော၊ အရဟတ္တမဂ်ဖြင့် အကြွင်းအကျန်မရှိ အကြင်ချုပ်ခြင်းသည်။ အတ္ထိ၊ ၏။ တံ၊ ထိုအရဟတ္တမဂ်ဖြင့် တဏှာ၏ အကြွင်းမရှိ ချုပ်ခြင်းသည်။ နိဗ္ဗာနံ၊ နိဗ္ဗာန်တည်း။ ဝါ၊ ဒုက္ခခပ်သိမ်းအေးငြိမ်းခြင်းပင်တည်း။(ယော အသေသဝိရာဂ နိရောဓေါနှင်ံ့ နိဗ္ဗာနံသည် ဝါကျတည်း။ဝါကျဖြစ်ခြင်းကြောင့် "သမာသ၌တရှေ့လိုက်ရ ဝါကျနောက်လိုက်မြဲ"ဟူသည်နှင့်အညီ ရှေ့ဝါကျ၌ "ယော" ဟု ပုံလိန်ဖြင့် အနိယတ်မရှိသော်လည်း နောက်ဝါကျရှိ "နိဗ္ဗာနံ"ကို ငဲ့၍ 'တံ"ဟု နိယတ်ရှိရသည်။ဤစည်းကမ်းအတိုင်း ဋ္ဌ-၌ ဖွင့်၏)။
နိဗ္ဗုတဿ၊ ကိလေသပရိနိဗ္ဗာန်အားဖြင့် ငြိမ်းအေးပြီးသော။ ဘိက္ခု‌နော၊ ကိလေသာတို့ဖျက်ဆီးပြီးသော။ တဿ၊ ထိုရဟန္တာပုဂ္ဂိုလ်၏။
အနုပါဒါ၊ ဥပါဒါန်မရှိခြင်းကြောင့်။ ဝါ၊ ကိလေသာဘိသင်္ခါရမာရ်တို့၏ အဖမ်းမခံရခြင်းကြောင့်။ ပုနဗ္ဘဝေါ၊ နောက်ထပ် ပဋိသန္ဓေ နေခြင်း၏ အစွမ်းဖြင့် ဖြစ်ခြင်းသည်။ န ဟောတိ၊ မဖြစ်တော့။ တေန၊ ထိုရဟန္တာပုဂ္ဂိုလ်သည်။
မာရော၊ ဒေ,ကိ,ခန်,မစ်,ဘိမာရ်စစ်"ဟူသော ငါးပါးသော မာရ်ကို။ အဘိဘူတော၊ လွှမ်းမိုးကာ အနိုင်ယူအပ်ပြီ။ ဝိဇိတသင်္ဂါမော၊ အောင်အပ်ပြီးသော စစ်မြေပြင်ရှိ၏။ သော၊ သည်။
တာဒီ၊ ဣဋ္ဌနိဋ္ဌ ထိုနှစ်ဝ၌ တစ်သဘောတည်း ရှုမြင်နိုင်သော တာဒိဂုဏ်နှင့် ပြည့်စုံသည် ဖြစ်၍။ သဗ္ဗဘဝါနိ၊ ဘဝမှန်သမျှတို့ကို။ ဥပစ္စဂါ၊ လွန်မြောက်ပြီ။
ဒသမံ။ ။